← Chapters

အခန်း (၁၂၅)

Vol. 13 Ch. 125

အခန်း (၁၂၅)

Vol. 13 Ch. 125

ကျန်းကျန်း မီတာရာဂဏန်းအနည်းငယ်လောက် ပြေးလာပြီးနောက်မှာ ဘေးပတ်လည်ကို စစ်ဆေးပြီး ဘယ်သူမှ မရှိတာကိုမြင်တော့မှ ရပ်တန့်လိုက်ကာ လက်ထဲမှ ပစ္စည်းတွေကို အောက်သို့ချလိုက်တယ်။ သူမတို့ရဲ့ အိမ်ဘေးမှာနေကြတဲ့ အိမ်နီးချင်းတွေက နှစ်ပေါင်းများစွာ ယှဥ်တွဲပြီးနေထိုင်ခဲ့ကြတာကြောင့် ကျန်းကျန်းကို မှတ်မိနိုင်ခဲ့ကြတယ်။ မတိုင်ခင်တုန်းက လူနှစ်ယောက်ကတော့ အလွန်လေးနက်ပြီး စိတ်အားထက်သန်လွန်းတယ်။

သူမ တောရိုင်းဟင်းသီးဟင်းရွက်ခြင်းထဲမှ စစ်တပ်သုံး ရေဘူးကိုထုတ်ယူလိုက်တယ်။ သို့ပေမယ့် ကျန်းကျန်း ရေဘူးကို အဖုံးဖွင့်ပြီး နှစ်ငုံလောက်သောက်လိုက်ချိန်မှာပဲ ရုတ်တရက် အားတစ်ခုက ကျန်းကျန်းကို တွန်းတိုက်သွားကာ မြေပြင်ကို ဒူးထောက်ကျလုမတတ်ဖြစ်သွားခဲ့တယ်။

ကျန်းကျန်း ခေါင်းမော့ပြီးကြည့်လိုက်တော့ ကျန်းမိသားစုရဲ့ အကြီးဆုံးသား ကျန်းယွင်ဟုန်ကို တွေ့လိုက်ရတယ်။ သူက အလွန်ဂုဏ်မောက်တဲ့မျက်နှာနဲ့ ရစ်ငှက်တွေကို ကောက်ယူထားခဲ့တယ်။ ဒါက ကွေ့ဟွား ပြောတတ်တဲ့ “မျက်နှာကိုလျက်တဲ့ခွေး”ပဲ။

သူ့ရဲ့ အနိုင်ကျင့်လိုတဲ့အကြည့်ကိုကြည့်ပြီး ကျန်းကျန်း နှာမှုတ်လိုက်တယ်။ ထို့နောက်မှာ သူ့ရဲ့ ခြေထောက်အောက်မှ ပေါင်းပင်က ရုတ်တရက် ရှည်လျားလာခဲ့ပြီး ကျန်းယွင်ဟုန်တစ်ယောက် မမျှော်လင့်ထားချိန်မှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့တယ်။

ကျန်းကျန်း ငါးခြင်းတောင်းကို သူမရဲ့ နောက်ကျောမှာ သယ်ပြီး ထွက်သွားဖို့ လုပ်တဲ့အချိန်မှာ ကျန်းယွင်ဟုန်က မကျမနပ်ဟန်နဲ့ ပြန်ထလာဖို့ လုပ်နေတာကိုမြင်တော့ ကျန်းကျန်းက သူမရဲ့ ခြေထောက်ကို ဆန့်ထုတ်ပြီး သူ့ရဲ့ ကိုယ်ပေါ်ကို တက်နင်းလိုက်တယ်။

ကျန်းယွင်ဟုန်က အသက်ဆယ့်လေးနှစ်၊ ဆယ့်ငါးနှစ်လောက်ရှိနေပေမဲ့ အရပ်သာရှည်လာခဲ့ပြီး လူကောင်က ထွားမလာခဲ့ဘူး။ သို့ပေမယ့် စိတ်ဓာတ်က သူ့အဖေထက်တောင် ပိုပြီးဆိုးရွားတယ်။

သူက တခြားလူတွေရဲ့ ကလေးတွေဆီကနေ သကြားလုံးတွေနှင့်ဘီစကွတ်တွေကို လုစားရုံတင်မကဘဲ တရုတ်နှစ်သစ်ကူးကာလအတွင်းမှာ ရရှိခဲ့တဲ့ နှစ်သစ်ကူးမုန့်ဖိုးတွေကိုလည်း လုယက်တတ်တယ်။

သူက လုယက်ပြီးသွားရင်လည်း ဒီအတိုင်းပြန်မလွှတ်ဘဲ ရိုက်နှက်တတ်သေးကာ လူကြီးတွေကို ပြန်မပြောဖို့ ခြိမ်းခြောက်တတ်လေ့ရှိတယ်။ ဒါကြောင့် အနီးအနားရှိလူတွေက သူ့ကို အဖေအတိုင်း လူဆိုးဖြစ်ကြောင်း ပြောဆိုခဲ့ကြတယ်။

ကျန်းကျန်းအနေနဲ့ ဒီလောက်ထိ အရွယ်ရောက်လာပြီးတဲ့နောက်မှာ ပထမဆုံးအကြိမ်အဖြစ် လုယက်ခံခဲ့ရတာပဲ။ သူမက သူမရဲ့ခန္ဓာကိုယ်ပေါ်မှာ စိုစွတ်သွားတဲ့ ရေတွေကိုကြည့်ရင်း ရုတ်တရက်ဒေါသထွက်လာခဲ့တယ်။ ဒါကြောင့် ကျန်းယွင်ဟုန်ရဲ့ခန္ဓာကိုယ်ပေါ်ကို ခြေထောက်တစ်ချောင်းနှင့် နင်းရင်း သူ့ရဲ့ခေါင်းကို ပုတ်လိုက်တယ်။

“အရမ်းကို လုပ်နိုင်စွမ်းရှိနေတယ်ပေါ့လေ? ဒီလိုနေ့လည်ခင်းမှာတောင် အပြင်ကို ထွက်ပြီး လုရဲနေတယ်ပေါ့? နင့်မှာ မှာစွမ်းရည်ရှိရင် တောင်ပေါ်ကိုသွားပြီး ကိုယ်တိုင်လိုက်ဖမ်းပါလား.. တစ်နေ့လုံး တခြားလူတွေရလာတဲ့ပစ္စည်းတွေကို လိုက်လုနေတာ ရှက်ရကောင်းမှန်း မသိဘူးလား?”

ကျမ်းယွင်ဟုန်တစ်ယောက် သူ့ရဲ့ နောက်ကျောပေါ်ကို ကျောက်တုံးကြီးတစ်တုံးနှင့် အဖိခံထားရသလို ခံစားနေရတယ်။ သူ ဘယ်လောက်ဘဲ ထဖို့ ကြိုးစားပါစေ ထလို့ မရနိုင်ခဲ့ဘူး။

သူ့အနေနဲ့ အစွမ်းသတ္တိရှိသမျှနှင့် ထဖို့ ကြိုးစားခဲ့ပေမဲ့ သူ့ရဲ့ အပေါ်ပိုင်း ခန္ဓာကိုယ်ကသာ မြေကြီးထဲသို့ တစ်ဆယ်စင်တီမီတာလောက် နစ်ဝင်သွားခဲ့ပြီး သူ့ရဲ့ ကိုယ်က အလွန်အမင်း လေးလံနေခဲ့တယ်။

ကျန်းယွင်ဟုန်က ဒီအနီးအနားမှ ကလေးတွေထဲမှာ သူကသာ အားအကောင်းဆုံးကလေးအဖြစ် မှတ်ယူထားခဲ့တာ။ ကျန်းကျန်းက သံပြားတွေစားပြီး ကြီးပြင်းလာတာဖြစ်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ဘူး။

ကျန်းယွင်ဟုန်တစ်ယောက် အနည်းငယ်ကြောက်လန့်နေခဲ့ပေမဲ့ တစ်ဖက်မှ မိန်းကလေးက ခြောက်နှစ်၊ ခုနှစ်နှစ်လောက်သာ ရှိသေးတဲ့အကြောင်း ပြန်တွေးလိုက်ချိန်မှာ တောင်းပန်စကားတွေက ပြောမထွက်နိုင်တော့ဘူး။ သူ့အနေနဲ့ တစ်ဖက်လူက အားနည်းနိုင်တဲ့ အဓိကနေရာကို ဖိမိထားတာကြောင့်သာ မထနိုင်တာဖြစ်လိမ့်မယ်လို့တွေးနေခဲ့တယ်။ ဒါကြောင့် သူက ကျန်းကျန်းရဲ့ ခြေမျက်စိနားကို ဆုတ်ကိုင်ပြီး ဆွဲချဖို့လုပ်လိုက်တယ်။

ကျန်းကျန်း လှောင်ရယ်လိုက်ပြီး ကျန်းယွင်ဟုန်ရဲ့ခြေထောက်ကို အားပြင်းပြင်းနဲ့ တက်နင်းလိုက်တယ်။ ထိုနောက် တစ်ဖက်လူက နာကျင်မှုကြောင့် ပြန်လွှတ်လိုက်တဲ့ခြေထောက်ကို လေထဲမှာ ခဏလောက်ရပ်ပြီး ကျန်းယွင်ဟုန်ရဲ့ လက်ပေါ်ကို အားအပြည့်နဲ့ နင်းချေလိုက်တယ်။

ကျန်းယွင်ဟုန်တစ်ယောက် အလွန်အမင်း နာကျင်ကာ တုန်ယင်နေခဲ့ပြီး သွေးတွေပါ အန်ထုတ်တော့မလိုပဲ။ သူက သူ့လက်ကိုဆွဲထုတ်လိုက်ပြီး သူ့ရဲ့လက်က လုံးဝမလှုပ်ရှားနိုင်တော့ဘူးလို့ ခံစားခဲ့ရတယ်။ ဒီအချိန်မှာတော့ သူက အလွန်ကြောက်လန့်တုန်လှုပ်နေပြီဖြစ်ကာ အော်ဟစ်လာတယ်။

“ငါ့ကို မြန်မြန်လွှတ်ပေး. မဟုတ်ရင် ငါ ငါ့အဖေနဲ့ သွားတိုင်လိုက်မှာ!”

“သွားလေ.. သွားပြီး နင့်အဖေကို ငါတို့အိမ်ကို လာခိုင်းလိုက်..ငါ့အဖေက ပိုတော်လား နင့်အဖေက ပိုတော်မလား ကြည့်ကြတာပေါ့”

ကျန်းကျန်း လမ်းဘေးမှ ဘုစပတ်ပင်ကိုကြည့်ပြီး အနီးအနားကိုကြည့်ကာ ဘယ်သူမှ မရှိတာကို တွေ့တော့ ထိုအပင်ဆီမှ ကလေးလက်မောင်းအရွယ်လောက်ရှိတဲ့ သစ်ကိုင်းကို သူမရဲ့လက်ထဲသို့ရောက်လာစေဖို့ ထိန်းချုပ်လိုက်တယ်။

ကျန်းကျန်း ထိုသစ်ကိုင်းမှ မလိုအပ်တဲ့ အရွက်တွေနဲ့ အကိုင်းခွဲလေးတွေကို ဖယ်ထုတ်လိုက်ပြီး ဖြောင့်တန်းတဲ့ သစ်ကိုင်းကိုသာ လက်မှာချန်ထားခဲ့တယ်။

ထို့နောက် ကျန်းယွင်ဟုန်ရဲ့ခါးကို ဖိနင်းထားတဲ့ ခြေထောက်ကို ဖယ်လိုက်ပြီး ခါးကိုကိုင်းကာ သူ့ရဲ့ တင်ပါးကို နှစ်ချက် ရိုက်နှက်လိုက်တယ်။

“အခု နင် ဘာပစ္စည်းတွေကို ဘယ်ကနေ ခိုးယူထားတာလဲ ပြော”

ကျန်းယွင်ဟုန်တစ်ယောက် သူ့ရဲ့တင်ပါးပေါ်မှာ ပူလောင်ပြီး နာကျင်တဲ့ တစ်လက်မပိုပိုဒဏ်ရာကို ရုတ်တရက် ခံစားလိုက်ရတာကြောင့် အော်ဟစ်လိုက်မိတယ်။

ကျန်းကျန်းက နောက်တစ်ကြိမ် လှောင်ရယ်လိုက်ပြနရတယ်။

“အမှန်အတိုင်းပြောရင် မရိုက်ဘဲလွှတ်ပေးလိုက်မယ်”

ကျန်းယွင်ဟုန် ချက်ချင်းပဲ ကြောက်လန့်နေတာကိုဖိနှိပ်ပြီး တုန်ယင်နေတဲ့ အသံနဲ့ ပြောလာတယ်။

“ငါ ဘာကိုမှ မခိုးဘူး”

“ရိုးရိုးသားသားမပြောဘူးလား”

ကျန်းကျန်း သူမရဲ့လက်ထဲမှ တုတ်ကို လွှဲရမ်းလိုက်တယ်။

“ငါ နင့်ကိုပြောမယ်.. ငါက လိမ်ညာပြီးပြောတဲ့လူကို မကြိုက်ဆုံးပဲ.. နင် ငါ့ကိုလိမ်မယ်ဆိုရင် ငါ နင့်ခြေထောက်ကို ရိုက်ချိုးလိုက်မယ်.. နင်ရိုးသားရင်တော့ လွယ်လွယ်ပြီးသွားလိမ့်မယ်”

ကျန်းကျန်းက ကျန်းယွင်ဟုန်ရဲ့ရှေ့မှာ တုတ်ကို လွှဲရမ်းရင်း အပြုံးနဲ့ဆက်ပြောလိုက်တယ်။

“ငါပြောပြမယ်.. ငါကလေးဘဝတုန်းက ငါးနှစ်အရွယ်လောက်မှာ တောင်တန်းပေါ်ကို တက်ရင်းတောရိုင်းဘက်အထိ ရောက်သွားဖူးတယ်.. အဲဒီတုန်းက တောဝက်တစ်ကောင်နဲ့ ရင်ဆိုင်တွေ့ခဲ့ရပြီး ငါ့ရဲ့တုတ်နဲ့ သူ့ကို သေအောင်ရိုက်နှက်ခဲ့တယ်.. ဒီတော့ နင်က နင့်ရဲ့အသားအရည်ကို တောဝက်ထက်ပိုပြီး ထူတယ်လို့ထင်လား”

ကျန်းယွင်ဟုန်ကတော့ အလွန်ကြောက်လန့်လာခဲ့ပြီး ကျန်းကျန်းရဲ့လက်ထဲမှတုတ်ကိုကြည့်ရင်း တုန်ယင်စွာနဲ့ ဘောင်းဘီထဲသို့ ဆီးစွန့်လိုက်မိတော့တယ်။

ကျန်းကျန်းရဲ့နှာခေါင်းက အလွန်အနံ့ခံကောင်းလွန်းပြီး ထိုအနံ့ကိုရချိန်မှာ ရွံ့ရှာစွာနဲ့ နှာခေါင်းကိုပိတ်ရင်း သူ့အပေါ်သို့ နင်းထားတဲ့ခြေထောက်ကို ချက်ချင်းပြန်ရုတ်ရင်း အနောက်ကို ခြေနှစ်လှမ်းလောက် ဆုတ်မိသွားခဲ့တယ်။

“ရှက်စရာကောင်းလိုက်တာ.. ဆယ်ကျော်သက်အရွယ်ရောက်နေတာတောင် ဘောင်းဘီထဲမှာ ဆီးသွားနေတုန်းပဲလား”

ကျန်းယွင်ဟုန် အလွန်ရှက်သွားခဲ့ပြီး မြေပြင်ပေါ်မှ လူးလဲထလာကာ အရှေ့နဲ့အနောက်ကို လက်နဲ့ ကာရင်း ဘယ်လိုနေရမလဲ မသိဖြစ်နေခဲ့တယ်။

ကျန်းကျန်းက ညနေဘက်မှာ ရစ်ဟင်းစွပ်ပြုတ်နဲ့ အမဲသားဘန်းမုန့်ကိုစားဖို့ စိတ်လောနေခဲ့တယ်။ ဒါကြောင့် အခုလို သတ္တိကြောင်လွန်းတဲ့လူကို မြင်လိုက်ရချိန်မှာ သူမအနေနဲ့ သူနှင့်အချိန်ဖြုန်းလိုစိတ်မရှိတော့တာကြောင့် သူ့ကို တုတ်နဲ့ ညွှန်ရင်း ပြောလိုက်တယ်။

“နောက်တစ်ခါ နင် တစ်ယောက်ယောက်ဆီကနေ လုတယ်ဆိုတဲ့အကြောင်း ငါ ကြားရကြည့်.. နင့်ကို သေအောင်ဖြတ်ပစ်မယ်”

ကျန်းကျန်း လက်ထဲမှ တုတ်ချောင်းကိုလမ်းဘေးသို့ပစ်ချလိုက်တယ်။ ထို့နောက် ရစ်ငှက်နဲ့ ငါးတွေအပါအဝင် အသီးအရွက်ခြင်းတွေကို သယ်ဆောင်ပြီး သီချင်းညည်းရင်း ထွက်သွားခဲ့တယ်။

ကျန်းယွင်ဟုန်ကတော့ ကျန်းကျန်း ထွက်သွားတဲ့နောက်ကျောကို အလွန်မလိုလားစွာစိုက်ကြည့်ပြီးကျန်နေခဲ့တယ်။ ထို့နောက်လမ်းဘေးမှာ ကျန်ရစ်ခဲ့တဲ့ တုတ်ကိုမြင်တော့ သူ့ရဲ့မျက်လုံးတွေက ရက်စက်ကြမ်းကြုတ်မှုတွေ ဖြတ်ပြေးသွားခဲ့တယ်။

သူက ထိုတုတ်ကို ကောက်ယူခဲ့ပြီး ကျန်းကျန်းရဲ့ နောက်မှ ပြေးလိုက်သွားခဲ့ကာ တစ်မီတာအကွာလောက်ကိုရောက်တော့ ကျန်းကျန်းရဲ့ နောက်ကနေ ခေါင်းနေရာကို လွှဲပြီး ရိုက်လိုက်တော့တယ်။

ကျန်းကျန်းက အချိန်တိုင်းမှာ သူမရဲ့ဘေးပတ်ဝန်းကျင်ကို အသိစိတ်ဖြန့်ကျက်ထားတတ်ပြီး အရာအားလုံးကိုစောင့်ကြည့်နေခဲ့တာဖြစ်လို့ ကျန်းယွင်ဟုန်ရဲ့ ခိုးကြောင်ခိုးဝှက်လှုပ်ရှားမှုတွေကိုတွေ့မြင်ခဲ့ပြီးဖြစ်တယ်။

ဒါကြောင့် ကျန်းယွင်ဟုန်က သူ့ရဲ့ အားတွေကို အလုံးစုံထည့်သွင်းပြီး သူမကို ရိုက်နှက်လာချိန်မှာ သူမကဘေးဘက်ဆီသို့ ညင်သာစွာ တစ်လှမ်းဆုတ်ကာ ရှောင်ဖယ်လိုက်တယ်။

ထို့နောက် ကျန်းယွင်ဟုန်ရဲ့ အာရုံတွေ ပြန်မလည်လာသေးခင်မှာ သူ့ကို အားပြင်းပြင်းနဲ့ ကန်ထုတ်လိုက်ပြီး မြေကြီးပေါ်သို့ မှောက်လျက်သား လဲကျသွားစေလိုက်တယ်။

“အဟွတ် အဟွတ်.. “

ကျန်းယွင်ဟုန် ချောင်းဆိုးရင်းနဲ့ တံတွေ့ထွေးလိုက်တော့ သူ့ရဲ့ရှေ့သွားတစ်ချောင်းကိုပါ ထွေးထုတ်လိုက်မိတယ်။ သူက ထိုသွားကိုမြင်တော့ ချက်ချင်းပဲ အော်ငိုတော့တယ်။

“အူးဝါး....”

ကျန်းကျန်း ကျန်းယွင်ဟုန်ကိုရိုက်နှက်ပြီးနောက် အိမ်သို့ လမ်းတစ်လျှောက်လုံး ပြေးသွားခဲ့တယ်။

သူမ အိမ်ကိုပြန်ရောက်ချိန်မှာ ကွေ့ဟွားက အနောက်ဘက်မှာ အမဲသားတွေကို တုံးထစ်နေခဲ့ပြီ။ ကျန်းကျန်း သူဆီအနားသို့သွားပြီး ရစ်ငှက်နဲ့ ငါးတွေကို ထုတ်ပေးလိုက်တယ်။

“ယောက်မ.. ဒါကို ညစာအတွက်စွပ်ပြုတ်လုပ်ရအောင်.. မဟုတ်ရင် အသားက စားဖို့အတွက် လုံလောက်မှာမဟုတ်ဘူး နောက်ပြီး စွပ်ပြုတ်နဲ့ဆိုတော့ နင်နေမှာမဟုတ်တော့ဘူး “

ကွေ့ဟွားက ရယ်မောလိုက်ပြီးကျန်းကျန်းကို ကြည့်ရင်း ပြောလိုက်တယ်။

“မင်းအရင်တုန်းက ကန်စွန်းဥဖုတ်တွေစားခဲ့တယ်မလား.. အဲတုန်းကတော့ မနင်ဘဲ စားနိုင်တယ်လေ”

ကျန်းကျန်း ပြုံးလိုက်ပြီး သူမရဲ့ဘေးနားမှ ပန်းကန်လုံးထဲကနေဆေးကြောထားတဲ့ သခွားသီးကို လှမ်းယူပြီး တစ်ကိုက်ကိုက်လိုက်တယ်။

“ကန်စွန်းဥဆိုတာက ကင်စားရင် အရသာအရှိဆုံးပဲ.. မီးဖိုထဲမှာ ဖုတ်လိုက်မယ်ဆိုရင် အရသာတစ်ဝက်လောက် ပျက်စီးသွားလိမ့်မယ်.. ကင်စားမှ အကောင်းဆုံးစားရတာ.. ပြောနေရင်းနဲ့ သွားရည်တောင်ကျချင်လာပြီ”

ကွေ့ဟွားက ကျန်းကျန်းရဲ့ လောဘကြီးတဲ့ကြောင်လေးလို အမူအရာကိုကြည့်ရင်း ရယ်မောလိုက်တယ်။

“မင်းကတော့ အစားအသောက်ကို တကယ်ကြိုက်တာပဲ.. ဆောင်းဦးရာသီကျရင် မင်းအတွက် ကန်စွန်းဥတွေချန်ထားပေးမယ်.. အခုတော့ အမဲသားဘန်းမုန့်ကိုပဲ စားဖို့ အာရုံစိုက်သင့်တယ်”

ကွေ့ဟွားက ရယ်မောနေရင်းနဲ့ ရစ်ငှက်တွေကို စစ်ဆေးကြည့်လိုက်တယ်။ ရစ်ငှက်ရဲ့ အတွင်းပိုင်းကို လက်ချောင်းတစ်ချောင်းနဲ့ စမ်းကြည့်လိုက်တော့ ပူနွေးနေတုန်းပဲဖြစ်တာကြောင့် သူမက အိုးထဲကို အရင်ထည့်ထားခဲ့တယ်။

ထို့နောက် ရေနွေးတစ်အိုးတည်ကာ မီးဖိုချောင်သုံးဓားနဲ့ အိုးတွေကိုယူပြီး ရစ်ငှက်ကိုသတ်ဖို့ အပြင်ဘက်သို့ ထွက်လာခဲ့တယ်။ ရစ်ငှက်ကိုသတ်ပြီးသွားရင် ရေနွေးနဲ့လောင်းပြီး အမွေးအတောင်တွေကိုဖယ်ရှားရမယ်။

ကွေ့ဟွားတစ်ယောက် ရစ်ငှက်တွေကိုသတ်ပြီး သွေးထုတ်နေချိန်မှာပဲ ကျန်းသယ်ဖူက သူ့ရဲ့သားဖြစ်တဲ့ ကျန်းယွင်ဟုန်ကိုခေါ်ကာ ခြံဘက်သွား ပြေးဝင်လာခဲ့တော့တယ်။

သူက ခြံထဲကိုရောက်ရောက်ချင်းပဲ အော်ဟစ်ပြီးပြောလာခဲ့တယ်။

“လီမူဝူဘယ်မှာလဲ! ထွက်လာခဲ့စမ်း! ဒီမှာ မင်းရဲ့သမီးက ငါ့သားကို ရိုက်သွားတာကို လာကြည့်လိုက်ဦး.. မင်းဒီနေ့ ငါတို့မိသားစုကို လျော်ကြေးပေးမှဖြစ်မယ်!”

All Chapters