← Chapters

အခန်း (၁၂၆)

Vol. 13 Ch. 126

အခန်း (၁၂၆)

Vol. 13 Ch. 126

မဒမ်လီက အခန်းထဲမှ ထိုလှုပ်ရှားမှုအသံတွေကိုကြားတော့ ခန်ပေါ်မှ အလျှင်အမြန်ဆင်းကာ ရေရွတ်လိုက်တယ်။

“ကျန်းကျန်းက ဝမ်သယ်ဖူရဲ့အငယ်ဆုံးသားနဲ့ ရန်ဖြစ်ခဲ့တာလား?”

ဝမ်စုဖန်းကလည်း စိတ်ရှုပ်ထွေးပြီးနောက်ကနေ အလျင်အမြန်လိုက်သွားခဲ့တယ်။

သို့ပေမယ့် မဒမ်လီထွက်လာချိန်မှာတော့ ဝမ်သယ်ဖူက လူဆိုးအဖြစ်နာမည်ကြီးတဲ့ သူ့ရဲ့ သားအကြီးဆုံးကို ခေါ်ဆောင်လာတာကို မြင်လိုက်ရလေတယ်။ သို့ပေမဲ့ ထိုလူဆိုးကောင်သားဖြစ်သူက အတိတ်တုန်းက အလွန်စိတ်ကြီးဝင်တဲ့ပုံစံနဲ့ လုံးဝကွဲပြားနေခဲ့တယ်။ သူက အလွန်ကြောက်လန့်နေပုံရပြီး ကျန်းသယ်ဖူရဲ့ နောက်မှာ ငိုယိုပြီးပုန်းနေခဲ့တယ်။

မဒမ်လီက ထိုမျိုးမစစ်က နောက်တစ်ကြိမ်ရန်ဖြစ်ချင်နေတာကိုမြင်တော့ လှောင်ရယ်လိုက်ပြီး သူမရဲ့ခါးမှ ဆေးတံကိုထုတ်ယူလိုက်တယ်။

“ဘာလဲ? နင်က နောက်တစ်ခါ ရန်ဖြစ်ချင်နေတာလား?”

ကျန်းသယ်ဖူ ငယ်ရွယ်စဉ်တုန်းက မဒမ်လီရဲ့ အိမ်မှ အစားအစာတွေ လာရောက်ခိုးယူလေ့ရှိပြီး မဒမ်လီက သူ့ကို ဆေးတံနဲ့ ရိုက်နှက်လွှတ့်လေ့ရှိတယ်။ ဒါကြောင့် မဒမ်လီရဲ့ လှုပ်ရှာမှုတွေကို မြင်လိုက်ရချိန်မှာ သတိလက်လွတ်နဲ့ အနောက်ကို ခြေနှစ်လှမ်းလောက် ဆုတ်လိုက်မိတယ်။

သူ့ရဲ့နောက်ကျောက ကျန်းယွင်ဟုန်နဲ့ တိုက်မိမှသာ စိတ်အာရုံ ပြန်ရလာခဲ့ပြီး အော်ဟစ်လာတယ်။

“အဖွားကြီးလီ.. ခင်ဗျား ကျုပ်ကို ခြောက်လှန့်နေစရာမလိုဘူး .. ခင်ဗျားကို ခင်ဗျား လေးဆယ်ကျော်အရွယ်လို့ ထင်နေသေးတာလား? ကျုပ်ပြောလိုက်မယ်.. ခင်ဗျား အခု ကျုပ်ကို ရိုက်နိုင်တော့မှာမဟုတ်ဘူး!”

သူကခြံထဲမှာ ရှိနေတဲ့ အမျိုးသမီးတွေကိုကြည့်ပြီး လှောင်ရယ်လိုက်တယ်။

“လီမူဝူက အခုအလုပ်ကို ထွက်သွားပြီး ခင်ဗျားတို့ရဲ့ခွေးသားလေး လေးယောက်လုံးကလည်း အိမ်ကနေ ထွက်သွားကြပြီ.. နောက်ပြီး ခင်ဗျားတို့အိမ်က ခွေးရိုင်းကလည်း တောင်ပေါ်ကို ထွက်သွားကြတယ်.. ကျုပ်ကြည့်လိုက်ပါဦးမယ်.. ခင်ဗျားတို့ ခြံထဲမှာရှိနေတဲ့ အမျိုးသမီးတွေက ဘာတွေများ လုပ်နိုင်စွမ်းရှိဦးမလဲဆိုတာ “

ဇလုံထဲမှာ သွေးထုတ်ထားတဲ့ ရစ်ငှက်နှစ်ကောင်ကို မြင်တော့ ကျန်းသယ်ဖူရဲ့ မျက်နှာက လောဘဇောတက်တဲ့ အရိပ်အယာင်တွေ ပေါ်ထွက်လာခဲ့တယ်။

“ကျုပ်ရဲ့သားက ဒီနေ့ ခင်ဗျားတို့ရဲ့ ရိုင်းစိုင်းတဲ့ သမီးကြောင့် ရှေ့သွားတွေ ကျိုးသွားခဲ့တယ်.. ခင်ဗျားတို့ ကျုပ်သားရဲ့ဆေးဖိုးဝါးခအဖြစ် ငါးယွမ်ပေးရမယ်.. နောက်ပြီး ရစ်ငှက်နှစ်ကောင်နှင့်ငါးတစ်ကောင်ကိုလည်း ကျုပ်သားအတွက် အားပြန်ဖြည့်ဖို့ ပေးလိုက်ရမယ်”

သူက ပြောနေရင်းနှင့် ရစ်ငှက်နှစ်ကောင်ရှိနေခဲ့တဲ့ အနားကို တိုးကပ်သွားခဲ့ပြီး ရစ်ငှက်ဆီကို လက်လှမ်းပြီးယူခဲ့တယ်။ ထိုအခိုက်မှာ ကွေ့ဟွားက မီးဖိုချောင်ဓား လွှဲရမ်းပြီး ကျန်းသယ်ဖူရဲ့ လက်ကောက်ဝတ်ဆီကို ခုတ်ဖြတ်လိုက်လေတယ်။

ကျန်းသယ်ဖူက ကြောက်လန့်တကြားနှင့် လက်ကို အလျှင်အမြန် ပြန်ရုတ်လိုက်ပြီး သူရဲ့လက်ကိုဆုပ်ကိုင်ကာ ကွေ့ဟွားဆီကို ကြောက်ရွံ့ထိတ်လန့်တဲ့မျက်နှာနဲ့ အော်ဟစ်လာခဲ့တယ်။

“မင်း ရူးနေပြီလား? မင်း ငါ့ကို တကယ် ခုတ်ဖြတ်လိုက်မလို့လား!”

ကွေ့ဟွား လှောင်ရယ်လိုက်တယ်။

“ရှင် ကျွန်မဆီကယူရဲရင် ကျွန်မကလည်း နင့်ကို ခုတ်ဖြတ်ရဲတယ်.. ကျွန်မ ရှင့်ကို ပြောလိုက်မယ်.. ကွေ့ဟွားဆိုတဲ့ ကျွန်မက ဘယ်တော့မှမကြောက်လန့်ခဲ့ဘူး.. ကျွန်မက ကျွန်မရဲ့အဖေမရှိတာနဲ့ ဘာလို့ ကြောက်ရမှာလဲ.. ကျွန်မက ကျွန်မရဲ့ အဖေထက်တောင် ပိုပြီး စိတ်မြန်လက်မြန်ရှိတယ်.. မယုံရင် နောက်တစ်ခေါက် လာပြီး စမ်းကြည့်လိုက်လေ”

ကျန်းသယ်ဖူက ကွေ့ဟွားရဲ့လက်ထဲမှ မီးဖိုချောင်ဓားကို မြင်တော့ တံတွေးကို မျိုချလိုက်ပြီး တိတ်တဆိတ်နှင် နောက်ဘက်သို့ ခြေလှမ်းနှစ်လှမ်းစာလောက် လှမ်းခဲ့တယ်။

“မင်းက ပိုက်ဆံအများကြီး လျော်ချင်နေတာလား”

ကွေ့ဟွားက မီးဖိုချောင်ဓားဖြင့် ထရပ်လာခဲ့ပြီး စကားကို တစ်ခွန်းချင်းပြောလိုက်တယ်။

“လျော်ကြေးမရှိဘူး”

ကျန်းသယ်ဖူက တစ်ခုခုပြောချင်ခဲ့ပေမဲ့ရုတ်တရက်ပဲ အနက်ရောင်ခွေးတစ်ကောင်က တံခါးဝဆီကနေ အရှိန်နှင့်ပြေးဝင်လာခဲ့ပြီး ကျန်းသယ်ဖူဆီသို့ ကြမ်းတမ်းစွာ မာန်ဖီ ပြီး ဟောင်လာခဲ့တယ်။

လီမင်ကျုံးက လီမူဝူရဲ့ မိသားစုမှ အလွန်အမင်း အစွမ်းထက်တဲ့ခွေးအဖြစ် လူသိများတဲ့ခွေးတစ်ကောင်ပဲ။ သူက ရိုင်းစိုင်းတဲ့တောဝက်ကိုတောင်သတ်ပစ်နိုင်တယ်လို့ ပြောကြတယ်။

ကျန်းသယ်ဖူတစ်ယောက် လီမင်ကျုံး ပြန်လာတာကိုမြင်တော့ သူရဲ့ခြေထောက်တွေက ချက်ချင်းပဲ အားနည်းသွားခဲ့ရပြီး သူ့ရဲ့သားကို ဆွဲခေါ်ကာ ပြန်ထွက်ပြေးသွားတော့တယ်။

သူတို့နှစ်ယောက်လုံးက ဖိနပ်တွေကိုတောင် ကျွတ်ကျန်ရစ်ခဲ့တာကြောင့် လီမင်ကျုံးက လှောင်ပြောင်လိုစွာ ဟောင်လာခဲ့တယ်။

မိသားစုတစ်ခုလုံးမျက်နှာပေါ်မှ ဒေါသတရားတွေကိုမြင်လိုက်ရတော့ ကျန်းကျန်းတစ်ယောက် သူတို့ရဲ့အနားသို့ အလျှင်အမြန်သွားပြီး ဖြစ်ပျက်ခဲ့သမျှတွေကို အလျင်အမြန်ပြောပြခဲ့တယ်။

မဒမ်လီ: “ငါက အခုလေးတင် ဒီကိစ္စက ငါတို့မိသားစုရဲ့ ကျန်းကျန်းနဲ့ မဆိုင်ဘူးလို့ ပြောခဲ့တာ”

မဒမ်လီ ကျန်းကျန်းရဲ့မျက်နှာကို ထိပြီး ပြောလိုက်တယ်။

“ညစာစားဖို့အတွက်စောလွန်းသေးတယ်.. အပြင်ကို ထွက်ပြီး ခဏလောက် သွားကစားနေလိုက်ဦး.. လူတွေနဲ့ ရန်မဖြစ်နဲ့တော့”

ကျန်းကျန်း ပြန်တုန့်ပြန်ခဲ့ပြီး ဘယ်သူမှ မရှိတဲ့ နေရာကို ရှာကာနေရာလွတ်ထဲသို့ ဝင်လာခဲ့တယ်။

ထို့နောက် သူမ ထပ်မံ သိမ်းဆည်းလာခဲ့တဲ့ မုန်မိသားစုရဲ့ အဆောက်အဦးဆီသို့ လျှောက်လာခဲ့တယ်။ အိမ်ထဲကိုရောက်တော့ သူတို့ ချန်ထားခဲ့တဲ့ သေတ္တာတွေကိုဖွင့်ပြီး အတွင်းမှာရှိနေတဲ့ ရှေးဟောင်းပစ္စည်းတွေကိုတစ်ခုချင်းထုတ်ယူကာ စာကြည့်ခန်းထဲမှ ရှေ့ဟောင်းပစ္စည်းအစဥ်နေရာမှာ ပြန်ထားလိုက်တယ်။

ကျန်းကျန်းအနေနဲ့ရှေးဟောင်းပစ္စည်းတွေကို စုဆောင်းခြင်းနှင့်အကဲဖြတ်ခြင်းအကြောင်းတွေကို တီဗွီအစီအစဉ်တွေမှာသာ ကြည့်ရှုခဲ့ဖူးတယ်။ ကျွမ်းကျင်သူတွေက ရှေးဟောင်းပစ္စည်းအစစ်နှင့်အတု ခွဲခြားပြသတဲ့အချိန်တိုင်းမှာ သူမက အလွန် စိတ်လှုပ်ရှားလေ့ရှိတယ်။ ထိုပစ္စည်းတွေက သူမရဲ့ ကိုယ်ပိုင်ပစ္စည်းတွေလိုမျိုးပဲ။

အခုတော့ သူမရဲ့လက်ထဲမှာ ရှိနေတဲ့ ပစ္စည်းတွေက ထိုပစ္စည်းတွေထက် အများကြီး ပိုသာနေခဲ့တယ်။ ကျန်းကျန်း ရှေ့ဟောင်းပစ္စည်းတွေနဲ့ ကြွေအိုးတွေကို နူးညံ့တဲ့ အဝတ်နဲ့ သုတ်လိုက်တယ်။

ကျန်းကျန်း ထိုပစ္စည်းတွေအားလုံးကို နေရာချပြီး သပ်ရပ်အောင် စီစဥ်ဖို့ အချိန် လေးရက်၊ ငါးရက်လောက်ရုန်းကန်ခဲ့ရတယ်။ မုန်မိသားစုရဲ့ မူလစာကြည့်တိုက်က စတုရန်းမီတာ ခြောက်ဆယ်လောက်ကျယ်ဝန်းပြီး ရှေးဟောင်းပစ္စည်းထားဖို့အတွက် စင်တွေက တစ်ဒါဇင်လောက်ရှိတယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ နိုင်ငံသားအဖြစ် မွေးလာခဲ့တဲ့ ကျန်းကျန်းကတော့ ဒီလိုရှေးဟောင်းကြွေအိုးမျိုးကို တစ်လုံးလောက်ရှိရင်တောင် ဧည့်ခန်းထဲမှာ ကြွားဝါတဲ့ ပုံတွေကိုသာ မြင်တွေ့ဖူးခဲ့တယ်။

ဒါ့အပြင် သူမက ရှေးဟောင်းပစ္စည်းတွေအကြောင်းကို များစွာမသိထားတာကြောင့် တစ်နေ့လောက် အပြင်ကိုထွက်ပြီး ထိုအကြောင်းတွေကို ရှာဖွေကြည့်ဖို့ တွေးတောခဲ့တယ်။ဒါကြောင့် သူမ နေရာပြောင်းရွှေ့တာကို အဆက်မပြတ်လုပ်ဖို့ ကြိုးစားခဲ့တယ်။ တစ်နေ့နေ့မှာ တော်ဝင်မြို့တော်အထိ ရောက်အောင် ကူးပြောင်းနိုင်တာလဲ ဖြစ်နိုင်တာပဲလေ။

ကျန်းကျန်းက ထိုအကြောင်းတွေကို တွေးတောရုံသာဖြစ်ပေမဲ့ အခွင့်အရေးက အလွန်အမင်းမြန်မြန်ဆန်ဆန်ရောက်လာလိမ့်မယ်လို့မမျှော်လင့်ထားခဲ့ဘူး။

မဒမ်လီနှင့် ဝမ်စုဖန်းတို့က လီမင်တုန်အတွက် အလွန်ထူထပ်ထဲတဲ့ စောင်ကိုရရှိဖို့ ငါးရက်လောက်ကြာအောင် ပြုလုပ်ခဲ့ကြတယ်။ အပေါ်ယံမှ စောင်အလွှာသက်သက်က လေးပေါင်လောက်ရှိပြီး ဂွမ်းစောင်ကို နှစ်လွှာထပ်ထားကာ တစ်ဖက်မှဝက်ဝံမြက်နှင့်ဖုံးအုပ်ထားတာကြောင့် တခြားလူတွေက ထိကိုင်ကြည့်ဖို့ စိတ်ဝင်စားကြတော့မှာမဟုတ်ဘူး။

ကျန်းကျန်း မဒမ်လီရဲ့ စိတ်ကူးအကြံအစည်ကြောင့် အံ့သြသွားရပြီး သူမရဲ့တီထွင်ဖန်တီးမှုအပေါ် အလွန်လေးစားမိသွားရတယ်။

ဝက်ဝံမြက်ဆိုတာက တရုတ်ပြည်အရှေ့မြောက်ပိုင်းရဲ့ ရတနာတွေဖြစ်တဲ့ ဂျင်ဆင်းနှင့် မြွေပါကတိုးတို့နှင့်အတူ ရတနာသုံးပါးအဖြစ် နာမည်ကြီးတယ်။

သို့ပေမယ့် ဒါက ပထမနှစ်ခုနှင့်တော့ အတော်လေးကွဲပြားခြားနားနေလိမ့်မယ်။ ဒါက ဆောင်းရာသီအတွင်းမှာ ဆင်းရဲသားတွေ ရှင်သန်နိုင်ဖို့အတွက် ရတနာပဲ။

ဒီခေတ်ကာလအတွင်းမှာ စောင်ဝယ်ဖို့အတွက် ပိုက်ဆံမရှိတဲ့ လူတွေအများကြီးရှိတယ်။ ဝက်ဝံမြက်ပင်တွေက ဆောင်းဦးရာသီအတွင်းမှာ ခြောက်သွေ့သွားလေ့ရှိပြီး သူတို့ကိုသာ ဝါဂွမ်းအဖြစ် သုံးစွဲမယ်ဆိုရင် နွေးထွေးနိုင်တာကြောင့် ဝါဂွမ်းအဖြစ် အစားထိုး အသုံးပြုနိုင်တယ်။ တကယ်လို့ မင်းမှာသာ ချည်ဖိနပ်ဝယ်ဖို့အတွက် ပိုက်ဆံမရှိဘူးဆိုရင် ဝက်ဝံမြက်နဲ့ ဖိနပ်ယက်လုပ်ပြီး စီးမယ်ဆိုရင် ခြေထောက်အေးနေတော့မှာ မဟုတ်ဘူး။

အခုအချိန်က နွေရာသီပဲ ရှိနေသေးတာကြောင့် ဝက်ဝံမြက်တွေက စိမ်းလန်းနေတုန်းပဲ။ ကျန်းကျန်းက သတိရှိရှိနဲ့ မြက်ပင်တွေကို ခြောက်သွေ့စေပြီး ကောက်ရိုးအဆင့်သို့ ပြောင်းလဲသွားစေကာ ကောက်ရိုးစောင်ယက်လုပ်ဖို့ အသိစိတ်နဲ့ ထိန်းချုပ်ပေးခဲ့တယ်။

ကျန်းကျန်းက မဒမ်လီဆီကို လက်မထောင်ပြလာတယ်။

“အဖွားရဲ့ဦးနှောက်က တကယ်ကောင်းတာပဲ.. ဒီလိုဆိုရင် ဘယ်သူပဲကြည့်ကြည့် မြက်နဲ့လုပ်ထားတဲ့ စောင်လို့ပဲ ထင်ကြတော့မှာ”

လီမူဝူနဲ့ ဝမ်စုဖန်းကတို့က တစ်ဖက်နူးညံ့တဲ့ ကောက်ရိုးစောင်ကို ယူလာခဲ့ချိန်မှာ လီမင်တုန်က သူတို့ရဲ့ဆွေမျိုးတွေဆီကို သွားပြီး ယူလာခဲ့တယ်လို့သာ ထင်မှတ်ခဲ့တယ်။

စောင်ချုပ်လုပ်ဖို့ကိစ္စကို ပြီးစီးသွားတဲ့အချိန်မှာတော့ လီမင်တုန် ကျောင်းကို ပြန်သွားရဖို့အတွက် အချိန်နှစ်ရက်သာ ကျန်တော့တယ်။

မဒမ်လီက နေ့ရက်တွေကို တွက်ချက်ရင်း စိတ်ပူပန်စွာနဲ့ သူမရဲ့ရင်ဘတ်ကို လက်နဲ့ပုတ်လိုက်မိတယ်။ သူမက အန်းပေကို တစ်ခါမှမရောက်ဖူးခဲ့တာကြောင့် ပိုပြီး စိတ်ပူနေခဲ့တယ်။

ဒါကြောင့် လီမင်တုန်ဆီမှာ အန်းပေအကြောင်းကို မေးမြန်းစုံစမ်းခဲ့ပြီး လက်ရှိအချိန်မှာ အန်းပေက တည်ငြိမ်နေဆဲဖြစ်ကြောင်းကို ကြားတော့ ပေါင်ကို လက်နဲ့ ရိုက်ရင်း ပြောခဲ့တယ်။

“ငါနဲ့မင်းရဲ့ မိဘတွေက မင်းကို အန်းပေအထိ လိုက်ပို့ပေးမယ်.. ကွေ့ဟွားက အသားမုန့်လုံးနဲ့ ပဲမုန့်လုံးကိုကြည့်ရင်း အိမ်မှာကျန်ခဲ့ .. ငါတို့ ပြန်ရောက်လာတဲ့အချိန် မင်းကို အကျိုးအကြောင်း ပြန်ပြောပေးမယ်..

ဒုတိယကလေး .. မင်း ထောက်ခံစာတစ်စောင် သွားဖွင့်ချည်.. ပြီးရင် ရထားလက်မှတ်ပါ တစ်ခါတည်း ရထားလက်မှတ် ဖြတ်လာခဲ့”

လီမူဝူက သူ့အမေရဲ့စကားကိုနားအထောင်ဆုံးလူဖြစ်ပြီး မဒမ်လီရဲ့စကားကို ကြားတော့ ချက်ချင်းနားထောင်ပြီး ခန်ပေါ်မှထလိုက်ကာ သူရဲ့ ဖိနပ်ကိုစီးပြီး အပြင်သို့ ထွက်သွားခဲ့တယ်။

“အဖေ.. မလုပ်နဲ့! အဖွားက အသက်ကြီးနေပြီ အဖေနဲ့အမေကလည်း အလုပ်တွေရှိတယ်.. ဘာလို့ ကျွန်တော့်နောက်ကနေ လိုက်နေမှာလဲ”

လီမူဝူက ပြန်လှည့်မကြည့်ပဲ ပြောခဲ့တယ်။

“မင်းရဲ့ အဖွား ပြောတာကို နားထောင်”

“

အဖွား .. အဖွားက ဒီလို ခရီးဝေးတွေကို သွားလာနေဖို့အတွက် ငယ်ရွယ်သေးတယ်လို့ တွေးနေတာလား”

လီမင်တုန်က မဒမ်လီကို အကူအညီမဲ့စွာကြည့်လိုက်တယ်။

“အဖွားရဲ့ ခြေထောက်တိုတိုလေးတွေနဲ့ အဆင်မပြေနိုင်လောက်ဘူးနော်”

“ဘာဖြစ်လို့အဆင်မပြေရမှာလဲ.. ငါတောင်ပေါ်ကိုတောင် တက်လိုက်ဆင်းလိုက် သွားနိုင်သေးတယ် “

မဒမ်လီက သူမရဲ့ မေးစေ့ကို ပင့်မ,လိုက်ပြီး လီမင်တုန်ကို ကြည့်လိုက်တယ်။

“နောက်ပြီး ငါက အဲလောက်ထိ အသက်မကြီးသေးဘူး.. ငါက အခုမှ ခြောက်ဆယ်ကျော်ရုံပဲရှိသေးတာ.. ငါတို့ ဇာတိက ဖုန်းရွှေကောင်းပြီး အသက်ရာကျော်အောင်နေရတယ်”

ဒါကြောင့် အကူအညီမဲ့နေတဲ့ လီမင်တုန်တစ်ယောက် နောက်တစ်ကြိမ် ရထားပေါ်ကိုတက်တဲ့အချိန်မှာ တောင်ကုန်းလို ဖြစ်နေတဲ့စောင်ကို သယ်ဆောင်သွားရုံတင်မကဘဲ သူ့ရဲ့ အဖွားနဲ့ မိဘတွေကိုပါ သူနှင့်အတူခေါ်ဆောင်သွားခဲ့တော့တယ်။

လီမင်တုန်ရဲ့ မျက်ရည်တွေမထွက်ဘဲ ငိုချင်နေတာနှင့် နှိုင်းယှဉ်ရင် ကျန်းကျန်းကတော့ ရူးလောက်မတတ် ပျော်နေခဲ့တယ်။ အခု သူမ အိမ်ကိုမပြန်ပဲ သွားလာနိုင်ပြီလေ။

All Chapters