← Chapters

အခန်း (၁၂၇)

Vol. 13 Ch. 127

အခန်း (၁၂၇)

Vol. 13 Ch. 127

မဒမ်လီက အိမ်ကနေ မထွက်ခွာမီမှာသူမအိမ်မှာ မရှိတဲ့အချိန် ကျန်းသယ်ဖူက ဘယ်သူမှမရှိဘူးဆိုပြီး ကွေ့ဟွားကိုလာပြီး အနိုင်ကျင့်မှာကိုစိတ်ပူနေခဲ့တယ်။ ဒါကြောင့် သူမက လီမင်ရှီတို့ ညီအစ်ကိုသုံးယောက်ကို အရှေ့ဘက်ခန်းသို့ ခေါ်ခဲ့ပြီး ပြောခဲ့တယ်။

“မင်းတို့တွေ ဒီရက်အတွင်း အပြင်ကိုထွက်ခွင့်မပြုဘူး.. အိမ်မှာပဲ နေရမယ်.. ကြားလား”

လီမင်ရှီ အလျှင်အမြန်ပြတ်ပြောခဲ့တယ်။

“စိတ်မပူပါနဲ့.. ကျန်းသယ်ဖူက လူဆယ်ယောက်လောက်ခေါ်လာခဲ့ရင်တောင် ကျွန်တော့်ရဲ့ပြိုင်ဘက်မဟုတ်ဘူး.. တစ်ယောက်တည်းလာမှာဆိုရင်ရင်တော့ ပြောနေစရာတောင် မလိုဘူး”

ဒုတိယမြေးဖြစ်သူရဲ့ ရင်ဘတ်ပေါ်ရှိကြွက်သားတွေနှင့် တောင့်တင်းသန်မာတဲ့ လက်မောင်းတွေကို ကြည့်ရင်း မဒမ်လီက စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်တယ်။ သူမက မြေးဖြစ်သူကို အားပေးဖို့ကိုလည်း မမေ့ခဲ့ဘူး။

“ကောင်းပြီ.. သူသာ ငါတို့အိမ်ကို လာရဲရင် အားပြင်းပြင်းနဲ့သာ ရိုက်လိုက်”

ထို့နောက် သူမရဲ့ ခေါင်းကိုလှည့်လိုက်ချိန်မှာ ကျန်းကျန်းကို မြင်လိုက်ရတာကြောင့် ကျန်းကျန်းကို ဘေးနားသို့ ဆွဲခေါ်ပြီး အနည်းငယ် ထူးဆန်းတဲ့အမူအရာနဲ့ တီုးတိုးပြောလိုက်တယ်။

“ကောင်းပြီ.. ကျန်းကျန်း.. ရန်ဖြစ်တဲ့အချိန် မင်းရဲ့ အစ်ကိုတွေကိုပဲ တိုက်ခိုက်ခိုင်းလိုက်နော်.. မင်းက မင်းအစ်ကိုတွေရဲ့နောက်မှာ ပုန်းနေလိုက်.. တကယ်လို့ မင်းသာ ဝင်တိုက်လိုက်ရင် တစ်စုံတစ်ယောက်ကို သတ်မိသွားမှာကြောက်ရတယ်.. အဲဒါဆိုရင် ကိစ္စကြီးဖြစ်သွားလိမ့်ပြီး ပြသနာတွေဖြစ်လာလိမ့်မယ်”

ကျန်းကျန်းရဲ့ မျက်နှာပေါ်မှာ အနက်ရောင်လိုင်းတွေနှင့် ပြည့်လာခဲ့ရတယ်။

“အဖွား သမီး ကိုယ့်အရှိန်ကိုကိုယ်ထိန်းနိုင်ပါတယ်.. သမီးက အကြမ်းဖက်သမား မဟုတ်ဘူး.. နောက်ပြီး ကျန်းယွင်ဟုန်ရဲ့သွားကလည်း သူ့ဘာသာသူ ကျွတ်သွားတာ.. သမီးကြောင့်မဟုတ်ဘူး သမီးက အဲလောက်မြင့်တဲ့နေရာကို ရောက်အောင် ထိုးနိုင်ပါ့မလား”

ကျန်းကျန်းက မဒမ်လီကို ကြည့်ပြီးပြောလာတော့ မဒမ်လီက ရယ်မောလိုက်ပြီး သူမရဲ့ ခေါင်းလေးကိုပုတ်လိုက်တယ်။ သူမအနေနဲ့ မြေးမဖြစ်သူက တဖြည်းဖြည်းနဲ့ တိတ်ဆိတ်သိမ်မွေ့နဲ့ အမျိုးသမီးဆိုတဲ့အလားအလာနဲ့ ပိုပိုပြီး ဝေးကွာလာသလို ခံစားနေရတယ်။

မဒမ်လီက လူတိုင်းကို အကျိုးအကြောင်းမှာကြားပြီးတဲ့နောက်မှာ တစ်စုံတစ်ခုကိုမှတ်မိသွားပုံရပြီး ဘေးပတ်ပတ်လည်သို့ လှည့်ပတ်သွားပြီး လီမင်ကျုံးနဲ့ ထျန်းဟူတို့ကို လှမ်းခေါ်လိုက်တယ်။ ခြံထဲမှာ နေဆာလှုံနေကြတဲ့ ထျန်းဟူနဲ့ လီမင်ကျုံးတို့ အလျှင်အမြန် ပြေးလာတာကို တွေ့တို့ သူတို့ကိုပါ ထပ်ပြီး မှာကြားလိုက်တယ်။

“မင်းတို့နှစ်ကောင် ဒီရက်ပိုင်း အိမ်မှာနေပြီး အိမ်ကို ကောင်းကောင်း စောင့်ရှောက်ရမယ်နော်.. ကြားလား.. ဒီရက်ပိုင်း အပြင်ကိုထွက်ပြီး ဆော့ကစားနေဖို့ ခွင့်မပြုဘူး.. ခြံထဲမှာနေပြီး ပြသနာရှာတဲ့လူတွေလာရင် ကိုက်လွှတ်လိုက်”

လီမင်ကျုံးကချက်ချင်းပဲ ဟောက်သံတစ်ချက်ထုတ်ကာ သူ့ရဲ့ အမြီးကို တဖြတ်ဖြတ် ခါရမ်းပြလာတယ်။ ထျန်းဟူက သူ့ရဲ့ ခေါင်းကို လီမင်ကျုံးဘက်သို့ စောင်းငဲ့ကြည့်လာပြီး မဒမ်လီကို ပြန်ကြည့်ကာ သူ့ရဲ့လျှာကို ထုတ်ပြလာခဲ့တယ်။

မဒမ်လီက ထျန်းဟူကိုကြည့်ပြီးစိုးရိမ်ပူပန်မှုကိုခံစားခဲ့ရတယ်။

“ဟုန်ကျုံး .. မင်း ထျန်းဟူကို ပိုပြီး သင်ပြပေးသင့်တယ်.. သူက အခု အရူးနဲ့ ပိုပြီးတူနေပြီ”

လီမင်ပေက ရယ်မောလိုက်ပြီး မဒမ်လီကို တွန်းထုတ်လိုက်တယ်။

“ဒီ တာ့ရှာဇီက အရင်တုန်းကလောက် မတုံးတော့ပါဘူး...အဖွား အရင်သွားလိုက်တော့ မဟုတ်ရင် ရထားမမှီဘဲနေလိမ့်မယ်”

မဒမ်လီက သူ့ကိုစိုက်ကြည့်လိုက်ပြီး အိမ်မှကောင်လေးသုံးယောက်ကို ပြောလိုက်တယ်။

“အားလုံး အိမ်မှာနေခဲ့ကြတော့”

သူမက သူမရဲ့မြေးလေးသုံးယောက်က ခေါင်းညိတ်ပြီး လိမ်လိမ်မာမာရှိနေတာကိုမြင်တော့ စိတ်ချစွာနဲ့ ထွက်သွားခဲ့တယ်။

ဒါပေမယ့် မဒမ်လီ မမျှော်လင့်ခဲ့တာကတော့ သူမရဲ့ မြေးယောကျ်ားလေးသုံးယောက်က သူမရဲ့စကားကို နာခံမှုရှိစွာနှင့် ကျန်ရစ်နေခဲ့ကြပေမဲ့ သူမရဲ့ မြေးမလေးဖြစ်တဲ့ ကျန်းကျန်းကတော့ ခြေဖျားကိုထောက်ပြီး ခေါင်းမျှော်ပြီး စောင့်ကြည့်နေခဲ့လိမ့်မယ်ဆိုတာကိုပဲ။

ကျန်းကျန်းက လီမူဝူမောင်းနှင်တဲ့ လှည်းက တဖြည်းဖြည်း ဝေးကွာသွားပြီး နောက်ဆုံး ပျောက်ကွယ်သွားတာကိုမြင်တာနဲ့ ချက်ချင်းပဲ အထဲကိုပြန်ပြေးဝင်သွားခဲ့တယ်

သူမက ကွေ့ဟွားရဲ့လက်မောင်းကို ချိတ်ဆွဲရင်းနှင့် အလိုလိုက်ခံထားရတဲ့ ကလေးတစ်ယောက်လိုမျိုး ပြောလိုက်တယ်။

“ယောက်မ.. ညီမလေး ဒီနေ့ အပြင်ထွက်ပြီး ကစားမလို့.. နေ့လည်စာစားဖို့ ပြန်မလာတော့ဘူးနော်”

ကွေ့ဟွားက သူမရဲ့ ခေါင်းကိုပွတ်ပေးရင်း ရယ်ချင်စွာနဲ့ ပြောလိုက်တယ်။

“မင်းက အဖွားအိမ်မှာရှိတုန်းကတော့ သူမကိုမပြောရဲဘူး.. အခု အဖွားက ထွပ်သွားရုံပဲရှိသေးတယ် မင်းက ပျော်ပျော်ကြီး ထွက်သွားဖို့ လုပ်နေပြီ”

ကျန်းကျန်း ရယ်မောလိုက်တယ်။

“ညီမ သူငယ်ချင်းတွေနှင့် အတူ ရေအားလျှပ်စစ်စက်ရုံဘက်ကို ကစားဖို့ပြောထားတယ်.. အဲဒါကြောင့် သွားလိုက်လာလိုက် မလုပ်ချင်တော့လို့”

ရေအားလျှပ်စစ်စက်ရုံကိုသွားမယ်ဆိုရင် ပြန်လာနေဖို့အတွက် အမှန်တကယ် အဆင်မပြေဖြစ်နိုင်တယ်။ ဒီအကြောင်းကို စဉ်းစားလိုက်ပြီး ကွေ့ဟွားက အိမ်ထဲသို့ ပြန်ဝင်သွားခဲ့ကာ ပိုက်ဆံနှစ်ဆင့်နှင့် အသားနှစ်လျန်စာ လက်မှတ်ကိုပါ ထုတ်ယူလာခဲ့ပြီး ကျန်းကျန်းရဲ့ လက်ထဲကို ထည့်ပေးလာတယ်။

“နေ့လည်စာစားဖို့ မလာနိုင်ဘူးဆိုရင် မင်းဘာသာမင်း တစ်ခုခုဝယ်စားလိုက်.. ဗိုက်အဆာခံပြီးမနေနဲ့နော်”

ကျန်းကျန်းက ထိုပိုက်ဆံတွေကို ကွေ့ဟွားဘက်ကို အလျင်အမြန်ပြန်တွန်းပေးလိုက်တယ်။

“ ညီမလေးဆီမှာ နှစ်သစ်ကူးတုန်းက အဖွားပေးခဲ့တဲ့ မုန့်ဖိုးတွေကို မသုံးရသေးဘူး.. အစားအသောက်လက်မှတ်တွေလည်း ကျန်သေးတယ်.. ယောက်မဆီက မယူတော့ဘူး”

ထိုနောက် သူမက အသားမုန့်လုံးရဲ့ပါးလေးကို နမ်းလိုက်တယ်။

“ငါ ပြန်လာတဲ့အချိန်မင်းအတွက် ဘီစကစ်တွေ ဝယ်လာခဲ့မယ်”

အသားမုန့်လုံးရဲ့ မျက်လုံးတွေက ချက်ချင်းပဲ တောက်ပသွားခဲ့ပြီး ခေါင်းညိတ်ကာကျန်းကျန်းကို နှုတ်ဆက်လာတယ်။

“သတိထားပြီးသွားပါ အန်တီလေး”

ကျန်းကျန်း ပြုံးလိုက်ပြီး သူမရဲ့ ရေဘူးထဲကို ရေထည့်လိုက်တယ်။ထို့နောက် ခဏအတွင်းမှာ အရိပ်အယောင်မမြင်ရလောက်အောင် ပြေးထွက်သွားခဲ့တောင်တယ်။

လီမင်ပေက တဲခါးပေါက်မှာ ထိုင်ရင်းနဲ့ ညီမဖြစ်သူ ပြေးထွက်သွားတာကို ကြည့်ရင်း သက်ပြင်းချလိုက်တယ်။ လီမင်နန်က သူ့ရဲ့ပုံစံကြောင့် ရယ်မောလိုက်ပြီး ဘေးနားမှာ ဝင်ထိုင်လိုက်ကာ သူ့ရဲ့ ပုခုံးကို တွန်းတိုက်လိုက်တယ်။

“ဘာလဲ ကျစ်ဆံမြီးနဲ့ ကောင်မလေးကို သတိရနေတာလား”

လီမင်ပေက အနည်းငယ်ရှက်ရွံ့သွားခဲ့ပြီး အနေရခက်စွာနဲ့ ပြောလိုက်တယ်။

“ အခုက မိန်းကလေးတွေအားလုံး ကျစ်ဆံမြီးကျစ်ကြတာပဲမဟုတ်ဘူးလား”

“ဒါက အကုန်လုံးတော့မမှန်ဘူး “

လီမင်ရှီက လီမင်ကျုံးရဲ့ဘေးမှာ ထိုင်ချလာပြီး သူ့ရဲ့ ခေါင်းကိုပွတ်သတ်လိုက်တယ်။

“အခုဆိုရင် ပင်းချန်မှာရှိတဲ့ အမျိုးသမီးကျောင်းသူတွေက ဆံပင်ကို တိုတိုညှပ်ထားကြပြီး.. အတော်လေး သတ္တိရှိကြတယ်”

လီမင်ပေက ချက်ချင်းပဲယွီဝမ်ရှို့ရဲ့ ဆံပင်ညှပ်ထားတဲ့ပုံစံကို တွေးတောလိုက်မိတယ်။ ထိုကဲ့သို့ညှပ်ရင်လည်း ကြည့်ကောင်းလောက်မှာပဲလို့ တွေးလိုက်မိတော့ တုံးအအ ပြုံးလိုက်မိပြန်တယ်။

လီမင်နန်တစ်ယောက် သူ့ကို တိုက်ရိုက်မကြည့်နိုင်တော့ဘဲ သူ့ရဲ့ မျက်လုံးတွေကိုသာ လက်နဲ့ဖုံးအုပ်လိုက်နိုင်တယ်။ သူက လီမင်ပေရဲ့ ပုခုံးကို အသာပုတ်ပြီး ထရပ်လိုက်တယ်။

“ငါ ရေအားလျှပ်စစ်စက်ရုံကို အလုပ်လျှောက်လွှာတင်ဖို့ သွားတဲ့အချိန် မင်းကို လိုက်ခွင့်ပေးမယ်.. မင်း အဲဒီကောင်မလေးနဲ့ တွေ့တာလည်း ဖြစ်နိုင်တာပဲ”

လီမင်ပေက ရယ်မောနေရင်းနဲ့ ရုတ်တရက်မျက်မှောင်ကြုတ်လိုက်တယ်။

“ရေအားလျှပ်စစ်စက်ရုံနံပါတ်တစ်ရဲ့ အထက်တန်းကျောင်းက ဘာလို့ ဝင်ခွင့်စာ မပေးလာသေးတာလဲ မသိဘူး.. ကျွန်တော် စာမေးပွဲကျနေတာတော့ မဟုတ်လောက်ပါဘူးနော်”

လီမင်ပေ မတ်တပ်ရပ်လိုက်ပြီးလီမင်ရှီနဲ့ လီမင်နန်တို့ဆီကို အပြစ်ရှိသလို ကြည့်လာပြီး စမ်းသပ်လိုစွာ မေးလိုက်တယ်။

“ကျွန်တော် ကျောင်းကို သွားကြည့်လို့ရမလား”

လီမင်ရှီက ပြုံးလိုက်ပြီး ခေါင်းကိုခါရမ်းရင်း သူ့ရဲ့အိတ်ကတ်ထဲမှ ပိုက်ဆံတချို့လောက်ထုတ်ယူပြီး ညီဖြစ်သူဆီကို လှမ်းပေးလိုက်တယ်။

“သွားသွား .. အိမ်မှာ ပြသနာရှာမနေနဲ့”

လီမင်ပေက ရုတ်တရက် ထရပ်ပြီး ချက်ချင်း ပြေးထွက်သွားခဲ့တယ်။ လီမင်နန်က မကြည့်နိုင်စွာနဲ့ ခေါင်းခါရင်း အိမ်ထဲမှ အိုးတစ်လုံးကို သွားထုတ်လာခဲ့ပြီး ခြံထဲမှ တည်သီးသွားခူးဖို့ လုပ်ခဲ့တယ်။ သို့ပေမယ့် သူ ခြံထဲသို့ပြန်ထွက်လာချိန်မှာပဲ လီမင်ပေက ပြန်ပြေးလာတာကို တွေ့လိုက်ရလေတယ်။

“ဘာလဲ? မသွားတော့ဘူးလား?”

“မဟုတ်ဘူး.. ကျွန်တော်အဝတ်အစားတွေ လဲသွားလိုက်မလို့.. ကျွန်တော် အင်္ကျီမှာ အပေါက်တွေရှိနေတယ်”

လီမင်ပေက ပြောရင်းနဲ့ အိမ်ထဲသို့ပြေးဝင်သွားခဲ့ပြီး သေတ္တာတွေထဲကို လိုက်လံရှာဖွေကာ လီမင်ရှီရဲ့ စစ်ယူနီဖောင် ရှပ်အင်္ကျီဟောင်းကို ထုတ်ယူလိုက်ပြီး ဝတ်ဆင်လိုက်တယ်။ ထို့နောက် မှန်ကိုကြည့်ကာ ကိုယ့်ကိုယ်အတော်လေးချောမောတယ်လိုး ခံစားနေခဲ့ရပြီး ပျော်ရွှင်စွာပြုံးလိုက်လေတယ်။

လီမင်နန်က တည်သီးကို ကိုက်ဝါးရင်း ပြောလိုက်တယ်။

“စက်ရုံထဲမှာ ဆောင်းဦးရာသီအတွက် အလုပ်သမားခေါ်ဆိုမှု ကပ်ထားသေးလားဆိုတာကိုပါ ကြည့်ခဲ့ဦး.. ရှိရင် ငါ စက်ရုံအလုပ်သမားအဖြစ် စာရင်းသွင်းမလို့”

လီမင်ရှီရဲ့မျက်နှာပေါ်မှ အပြုံးခပ်ဖျော့ဖျော့တို့က ချက်ချင်းပဲ ပျောက်ကွယ်သွားခဲ့ရတယ်။ သူက လီမင်ပေရဲ့ ခန္ဓာကိုယ်ပေါ်မှ စစ်ယူနီဖောင်းအင်္ကျီကိုကြည့်ပြီး ခါးသက်တဲ့လေသံနဲ့ပြောလာတယ်။

“မင်းတို့တွေ အခြေအနေကို သိရလို့ အလုပ်လျှောက်လွှာတင်တော့မယ်ဆိုရင် ငါလည်း အလုပ်လျှောက်လွှာ ဝင်တင်ချင်တယ်”

ကျန်းကျန်းရဲ့ အကြောင်းကို ပြောရရင်တော့ သူမက ဘယ်သူမှ မရှိတဲ့ နေရာဆီကို ပြေးသွားပြီးနောက် နေရာလွတ်ထဲသို့ ဝင်သွားခဲ့တယ်။ ထို့နောက် အကြိမ်အနည်းငယ်လောက် နေရာကူးပြောင်းခဲ့ပြီး နောက်ဆုံးတော့ တော်ဝင်မြို့တော်ဆီသို့ ရောက်လာခဲ့တယ်။

ကျန်းကျန်းအနေနဲ့ သူမရဲ့အတိတ်ဘရတုန်းက တော်ဝင်မြို့တော်ဆီသို့ နှစ်ကြိမ်သာ သွားရောက်ခဲ့ဖူးတယ်။ ဒါကြောင့် သူမအနေနဲ့ မြို့နှင့်အကျွမ်းတဝင်ရှိသလို ခံစားရသလို တစ်နည်းနည်းအားဖြင့်လည်း အကျွမ်းအဝင်မရှိသလို ခံစားရတယ်။

နောက်ပိုင်းမျိုးဆက်တွေရဲ့ အထပ်မြင့် အဆောက်အအုံတွေနှင့်မတူဘဲ လက်ရှိမှာ အဆောက်အအုံဟောင်းတွေကိုလည်း ထိန်းသိမ်းထားဆဲပဲ။

အင်ပါယာမြို့တော်က အင်ပါယာမြို့တော်ပဲဖြစ်ပြီး နေရာတိုင်းမှာ လူတွေ စည်ကားစွာရှိနေတယ်။ ကျန်းကျန်း နေရာတိုင်းမှ ကျောင်းသားတွေနှင့် ဖန်းအစောင့်အရှောက်တပ်တွေကိုကြည့်ရင်း အလွယ်တကူ မဖော်လှစ်ပြနိုင်တာကြောင့် လူစည်ကားတဲ့နေရာကို ရှောင်ဖို့ အချိန်ကြာမြင့်စွာရှာဖွေခဲ့ရတယ် ။ နောက်ဆုံးမှာမှ ရေကန်တစ်ခုက လူရှင်းနေတာကိုတွေ့ခဲ့ရပြီး ထိုအနားမှာ တိတ်တဆိတ်ပေါ်လာခဲ့တယ်။

ဒီရေကန်က ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာ ရှိတဲ့ပုံရတယ်။ ကျန်းကျန်းက ဒီနေရာမှာ အချိန်ကြာမြင့်စွာနေဖို့ မတွေးထားဘူး။ သူမက ချက်ချင်းပဲ ထွက်သွားဖို့ပြင်ခဲ့တယ်။ သို့ပေမယ့် ထိုအချိန်မှာပဲ ရေကန်ဘေးမှ ခုံတန်းမှာ ထိုင်နေတဲ့ အဖိုးအိုတစ်ယောက်ကို တွေ့လိုက်ရလေတယ်။

ကျန်းကျန်း သိချင်စွာနဲ့ အနားကို တိုးကပ်ကြည့်လိုက်တော့ ထိုအဖိုးအိုရဲ့ခေါင်းက ကွဲနေတာကို တွေ့လိုက်ရတယ်။ သူ့ရဲ့ရှပ်အင်္ကျီအဖြူကလည်း သွေးတွေနဲ့ စွန်းထင်းနေခဲ့လေတယ်။ အတော်လေး စိတ်ဆင်းရဲနေခဲ့တဲ့ပုံပဲ။

All Chapters