← Chapters

အခန်း (၁၂၈)

Vol. 13 Ch. 128

အခန်း (၁၂၈)

Vol. 13 Ch. 128

အဘိုးအိုရဲ့မျက်လုံးတွေက ဝမ်းနည်းပူဆွေးမှုတွေ၊ စိတ်ပျက်အားငယ်မှုတွေနှင့်ပြည့်နှက်နေခဲ့တယ်။ သူက သူ့ရဲ့အရှေ့မှ ရေကန်ကိုကြည့်ရင်း တစ်ခုခုကိုစဉ်းစားနေပုံရတယ်။ ထိုအခိုက်မှာတော့ ရုတ်တရက် နူးညံ့ပျော့ပျောင်းပြီး ချိုသာတဲ့ စကားသံတစ်ခုက သူ့ရဲ့ဘေးနားကနေ ပေါ်ထွက်လာခဲ့တယ်။

“အဘိုး.. ရေနည်းနည်းလောက် သောက်ချင်လား”

အဘိုးအိုက သူ့ရဲ့ ရှေ့ကိုရောက်လာတဲ့ စစ်တပ်သုံးရေဘူးကို ကြည့်လိုက်တယ်။ ထို့နောက် သူ့ရဲ့ခေါင်းကို အနည်းငယ် ဝကစ်တဲ့ လက်လေးဆီကနေ ဘယ်အချိန်တုန်းကမှန်း မသိရပါပဲ သူ့ရဲ့ ဘေးနားမှာ လာထိုင်နေပြီဖြစ်တဲ့ ကလေးငယ်လေးဘက်ကို လှည့်ကြည့်လိုက်တယ်။

ထိုကလေးမလေးရဲ့ အပြစ်ကင်းစင်တဲ့ မျက်ဝန်းတွေကိုမြင်တော့ အဘိုးအိုရဲ့ဝမ်းနည်းမှုတွေနဲ့ ပြည့်နေတဲ့ နှလုံးက နွေးထွေးတဲ့ အရိပ်အယာင်တွေ ပြန်လည်ရောက်ရှိလာခဲ့တယ်။ သူက သူ့ရဲ့ပါးစပ်ထောင့်တွေကိုကော့လိုက်ပြီး အရုပ်ဆိုးတဲ့အပြုံးတစ်ခုကို ထုတ်ဖော်ပြသခဲ့တယ်။

“မသောက်တော့ပါဘူး.. အဘိုးက နေမကောင်းဖြစ်နေတာ.. မင်းရဲ့ ရေဘူးကို ညစ်ပတ်သွားစေလိမ့်မယ်”

ကျန်းကျန်း သူ့ကိုနှစ်ကြိမ်လောက် ဖြောင်းဖြခဲ့ပေမဲ့ လူအိုကြီးက ရေကိုမသောက်သုံးလိုကြောင်း ခေါင်းမာစွာနဲ့ အခိုင်အမာပြောနေခဲ့တယ်။ ဒါကြောင့်ကျန်းကျန်း ထရပ်ပြီး အဝေးကို ထွက်ပြေးသွားခဲ့တယ်။

အဖိုးအိုက ကျန်းကျန်းရဲ့နောက်ကျောကိုကြည့်ရင်း သူမက သူ့ကို ဒေါသထွက်သွားတဲ့အတွက် ထွက်ပြေးသွားတာလို့ ထင်လိုက်မိတယ်။

သူရဲ့ရှေ့မှ နေရောင်ခြည်တွေ ဖြာကျနေမှုကြောင့် အလင်းရောင်ဖြာကာ တောက်ပလင်းလက်နေတဲ့ရေကန်ကို ကြည့်ရင်း အဘိုးကြီးက နောက်ဆုံးတော့ ဆုံးဖြတ်ချက်ချလိုက်လေတယ်။ သူကထရပ်လိုက်ပြီး ရေကန်ထဲဆီသို့ တစ်လှမ်းချင်းလှမ်းသွားခဲ့တယ်။

ကျန်းကျန်း သစ်သီးရိုင်းတွေနှင့်အတူပြန်လာခဲ့တဲ့အချိန်မှာ လူအိုကြီးက ရေထဲကို ဆင်းပြီးနေပြီ။ ကျန်းကျန်း အလွန် တုန်လှုပ်သွားရပြီး ချက်ချင်းပဲ ထိုအဖိုးကြီးရဲ့နောက်သို့ နေရာကူးပြောင်းလိုက်တယ်။

သူမက အဘိုးအိုရဲ့လက်ကို လှမ်းဆွဲကာ ပါးစပ်ကလည်း စိတ်လှုပ်ရှားစွာ ပြောလိုက်တယ်။

“အဘိုး.. ဒီနေရာက ရေက အရမ်းအေးတယ်.. သမီးနဲ့အတူလာပြီး အသီးတွေအတူစားပါလား”

အဘိုးအိုရဲ့ခန္ဓာကိုယ်က အေးခဲသွားရပြီး သူ့ရဲ့ခေါင်းကို ဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်တယ်။ ထို့နောက်မှာ သူ့ရဲ့ လက်ကို ဆုတ်ကိုင်ထားတဲ့ ကလေးမလေးကို တွေ့လိုက်ရလေတယ်။ သူမက ကြောက်လန့်ပြီး လက်တွေတောင်မှ တုန်ယင်နေပေမဲ့ သူ့ကို လွှတ်ပေးလိုက်ဖို့ကို ငြင်းဆန်နေခဲ့တယ်။

အဘိုးအိုက မကြားရသလောက်နီးပါးအသံနဲ့ သက်ပြင်းချလိုက်ပြီး ကျန်းကျန်းရဲ့လက်ကိုဆွဲကာ ကမ်းစပ်ဆီသို့ ပြန်လည်ခေါ်ဆောင်သွားခဲ့တယ်။

ကျန်းကျန်းနဲ့ အဘိုးအိုက ခုံတန်းမှာ ပြန်ထိုင်လိုက်ကြတယ်။ ကျန်းကျန်းက အသီးတွေကို ထုတ်ပိုးထားတဲ့အဝတ်အိတ်ကို သူမရဲ့ ပေါင်ပေါ်မှာ တင်လိုက်တယ်။

“အဘိုး .. အဘိုးက ချိုတဲ့ အသီးတွေကို ကြိုက်လား”

လူအိုကြီးက လှုပ်ရှားမလာဘူးဆိုတာကို မြင်တော့ ကျန်းကျန်းက အသီးတစ်လုံးရွေးပြီး သူ့ရဲ့ လက်ထဲကို သွားထည့်ပေးလိုက်တယ်။ သူမလည်း တစ်လုံးကောက်ယူလိုက်ပြီး တစ်ကိုက်ကိုက်ကာ ဗလုံးဗထွေးနဲ့ ပြောလိုက်တယ်။

“အဘိုး.. သမီးနာမည်က ကျန်းကျန်းလို့ခေါ်တယ်.. အဘိုးရဲ့နာမည်ရော ဘယ်လိုခေါ်လဲ”

ကျန်းကျန်းကို ကြည့်ရင်း အဘိုးအိုရဲ့မျက်လုံးတွေက အနည်းငယ် နွေးထွေးလာခဲ့တယ်။ သူက အနည်းငယ်အက်ကွဲတဲ့ အသံနှင့်ပြောလာတယ်။

“အဖိုးနာမည်က ဝမ်မင်လို့ခေါ်တယ်”

“ဖူး!”

ကျန်းကျန်းတစ်ယောက် ပါးစပ်ထဲကိုကိုက်ဝါးထားတဲ့ အသီးကို မမြိုချနိုင်လိုက်ပဲ ပြန်လည် မှုတ်ထုတ်လိုက်မိတယ်။

ပြောရရင် ကျန်းကျန်းအနေနဲ့ ဒီအဖိုးအိုကြီးက ဘယ်သူလဲဆိုတာကို သိသွားခဲ့ပြီ။ ထိုသူက ခေတ်သစ်ကာလမှာ တရုတ်နိုင်ငံအတွင်း နာမည်ကြီးတဲ့ စာပေ ယဥ်ကျေးမှု ပညာရှင်တွေထဲက တစ်ယောက်ဖြစ်လေတယ်။

သူက အရေးအခင်းကာလအတွင်းမှာ ရေကန်ထဲကို ခုန်ချခြင်းဖြင့် ကိုယ့်ကိုယ်ကိုသတ်သေသွားခဲ့တာကတော့ အလွန်ပဲ နှမျောစရာကောင်းလွန်းတယ်။ ဒီလိုသာမဟုတ်ခဲ့ရင် သူက တရုတ်နိုင်ငံအတွင်းမှ ပထမဦးဆုံးနိုဘယ်ဆုကို ရရှိပိုင်ဆိုင်နိုင်မဲ့လူဖြစ်လာလိမ့်မယ်။

ကျန်းကျန်း အလွန် စိတ်ပျော်ရွှင်နေခဲ့ပြီး သူမရဲ့မျက်နှာကလည်း တွေးကြည့်လေလေ စိတ်လှုပ်ရှားမှာကြောင့် နီရဲလာခဲ့လေလေပဲ။

အဆုံးမှာတော့ လက်ထဲမှ အသီးကို ဆက်မစားနိုင်တော့ဘဲ ပစ်ချလိုက်ကာ သူမရဲ့ လက်တွေကို အဝတ်အစားပေါ်မှာ သုတ်လိုက်ပြီး အဖိုးအိုရဲ့လက်ကို ဆုတ်ကိုင်ပြီး လေးနက်စွာပြောလိုက်တယ်။

“အဘိုး.. သမီး အဘိုးရဲ့ လက်ရာစာအုပ်တွေကို အမြဲတမ်း ကြိုက်ခဲ့တာ!”

ဒီအခိုက်အတန့်မှာ ဝမ်မင်က ရေကန်ကို စိုက်ကြည့်ရင်း ခါးသီးစွာ ပြုံးလိုက်တယ်။

“

ငါမသေခင် ငါ့ရဲ့စာတွေကိုကြိုက်တဲ့လူတွေကို တွေ့ရလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး “

သူက ကျန်းကျန်းရဲ့လက်ကို အသာလှုပ်ခါရင်း ကြင်နာနွေးထွေးစွာ ပြုံးလိုက်တယ်။

“အဘိုးပြောတာကိုနားထောင်.. အသီးစားပြီးတာနဲ့ အိမ်ကို မြန်မြန်ပြန်သွားတော့.. အခုက အပြင်ဘက်မှာ မငြိမ်မသက်တွေဖြစ်နေတယ်.. မင်း ပြေးလွှားဆော့ကစားနေလို့ မရဘူး”

ကျန်းကျန်းက သစ်သီးတွေကို စားဖို့အတွက် အာရုံမရှိတော့ဘူး။ သူမက လက်ရှိအခြေအနေမှာ ဒီလူအိုကြီးကို ဘယ်လို ကယ်တင်ရမလဲဆိုတာကို ချက်ချင်းစဉ်းစားခဲ့တယ်။

တကယ်လို့ သူမသာ ဒီအဘိုးကြီးကို ဒီနေရာမှာ ချန်ထားခဲ့မယ်ဆိုရင် ထိုသူက သမိုင်းစာအုပ်ထဲမှာ ရေးသားထားခဲ့သလိုမျိုး ဒီရေကန်ထဲကို ခုန်ဆင်းပြီး သူ့ရဲ့ကိုယ်ပိုင်ဘဝကိုအဆုံးသတ်လိုက်လိမ့်မယ်။

ဒါပေမယ့် သူ့ကိုသာ ခေါ်ထုတ်သွားပြီးလျှို့ဝှက်တဲ့နေရာကို ခေါ်သွားခဲ့မယ်ဆိုရင် သူ့အနေနဲ့ အချိန်တချို့လောက် ထပ်နေဖို့ စိတ်ချရလောက်မယ်။

ကျန်းကျန်း အနည်းငယ် တုံ့ဆိုင်းနေခဲ့တယ်။ သူမက အဘိုးအိုကိုကြည့်လိုက်ပြီး တုံ့ဆိုင်းစွာ ပြောလိုက်တယ်။

“အဘိုး.. တကယ်လို့ အဘိုး ဒီနေရာကနေ အဘိုးရဲ့ ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေ ဘယ်သူမှမရှိတဲ့နေရာကို ထွက်သွားနိုင်မယ်ဆိုရင် အဘိုး သမီးနဲ့ လိုက်ခဲ့ချင်လား”

အဘိုးအိုက ခါးသီးတဲ့အပြုံးနဲ့ သူ့ရဲ့ သွေ့ခြောက်နေတဲ့လက်ကို ဆန့်ထုတ်ကာ ကျန်းကျန်းရဲ့ နူးညံ့တဲ့ ဆံပင်ကိုပွတ်သပ်လိုက်တယ်။

“ ငတုံးမလေး.. အဘိုးမင်းနဲ့ မလိုက်နိုင်ဘူး.. အဘိုး မင်းရဲ့မိသားစုကို နာကျင်စေလိမ့်မယ်”

“အဲလိုဖြစ်မှာ မဟုတ်ဘူး”

ကျန်းကျန်း အဘိုးအိုကို အလေးအနက်စိုက်ကြည့်လိုက်တယ်။ သူမရဲ့ ဖောင်းကားတဲ့ မျက်နှာလေးမှာ လေးနက်မှုတွေနဲ့ ပြည့်နေခဲ့လေတယ်။

“သမီး အဘိုးဘယ်သူလဲဆိုတာသိတယ်.. အဘိုးရဲ့စာတွေကိုလည်း သမီးဖတ်ခဲ့ဖူးတယ်.. နောက်ပြီး အခု အဘိုး ဒီနေရာမှာ ဘာကြောင့်ထိုင်နေတာလဲဆိုတာကိုလည်း သမီးသိတယ်.. ဒီတော့ သမီးနဲ့ လိုက်ခဲ့လိုက်”

ကျန်းကျန်း သူမရဲ့လက်ကိုဆန့်ထုတ်ပြီး အဘိုးကြီးရဲ့ မျက်နှာမှ မျက်မှန်ကို ဆွဲချွတ်လိုက်တယ်။ ထို့နောက် သူမရဲ့ ကျောပိုးအိတ်မှာချိတ်ဆွဲလိုက်တယ်။ ပြီးနောက်မှာ အိတ်ထဲကို အချိန်ကြာမြင့်စွာ ရှာပြီး နောက်ဆုံးတော့ ပိုးပုဝါလေးတစ်ထည်ကို ရှာတွေ့လိုက်တယ်။

“အဘိုး.. သမီး အဘိုးရဲ့ မျက်လုံးတွေကို ကာထားလိုက်မယ်”

ဝမ်မင်က ကလေးငယ်လေးက ဆော့ကစားချင်နေတာပဲလို့သာ တွေးခဲ့တယ်။ သူ ခေါင်းမခါခင်မှာပဲ ကျန်းကျန်းက သူ့ရဲ့မျက်လုံးတွေကို စည်းနှောင်လိုက်တယ်။ ထို့နောက် သူမရဲ့ နူးညံ့တဲ့လက်လေးတွေနဲ့သူ့ကို ဆွဲခေါ်လိုက်တယ်။

“အဘိုး သမီး နောက်က လိုက်ခဲ့နော်”

ဝမ်မင်က ကြောက်လန့်မနေခဲ့ဘူး။ သူ့အနေနဲ့ အခုချိန်မှာ သေခြင်းတရားကိုမကြောက်တဲ့လူဖြစ်နေပြီ။

သူစိုးရိမ်တာက ဒီကြင်နာတတ်တဲ့ ကလေးငယ်ရဲ့ မိသားစုကို သူ့အတွက်ကြောင်း အန္တရာယ်ဖြစ်သွားစေမှာကိုပဲ။ ဒါပေမယ့် ကျန်းကျန်းရဲ့ လေးနက်လွန်းတဲ့ စကားကိုကြားတေား ငြင်းဆိုတဲ့စကားတွေမပြောနိုင်တော့ဘူး။ သူက သက်ပြင်းတစ်ချက်ချလိုက်ပြီးစိတ်ထဲကနေပဲ ပြောနေခဲ့တယ်။

“ သူမနဲ့ ခဏလောက် ကစားပေးနေတယ်လို့ပဲ တွေးလိုက်ကြတာပေါ့”

ကျန်းကျန်းက ဘယ်သူ တစ်ဦးတစ်ယောက်မှ မရှိတဲ့ နေရာဆီသို့ ဝမ်ဖင်ကို ဆွဲခေါ်လာခဲ့တယ်။ မူလတုန်းက သူမအနေနဲ့ ပိုပြီးသံသယကင်းစေရန်အတွက် အဝေးကို သွားချင်ခဲ့သေးတယ်။

ဒါပေမယ့် ဝမ်မင်ရဲ့ ခြေထောက်တွေက အနည်းငယ် တုန်ယင်လာပြီး လမ်း ဆက်မလျှောက်နိုင်လောက်တဲ့အထိ ပင်ပန်းလာတာကိုမြင်တော့ ကျန်းကျန်း ထပ်ပြီး အပင်ပန်းမခံခိုင်းချင်တော့ဘူး။

သူမက အလျှင်အမြန် ရပ်တန့်လိုက်ပြီး နေရာလွတ်လမ်းကြောင်းဖွင့်ကာ သူမ တစ်ခါမှ မရောက်ဖူးသေးတဲ့ အနောက်ဘက် လမ်းကြောင်းဆီကို ဝင်လာခဲ့တယ်။ ဒီနေရာက အသစ်သာဖြစ်ပြီး သူမတစ်ခါမှ မလာဖူးသေးဘူး။

ကျန်းကျန်းရဲ့ သေးငယ်တဲ့ လက်လေးကိုဝှေ့ရမ်းလိုက်တော့ အနက်ရောင်မြေပြင်က မြက်ပင်တွေနှင့် ဖုံးအုပ်သွားခဲ့ပြီး သစ်ပင်တွေကလည်း မြေပြင်ပေါ်မှ မြင့်တက်လာခဲ့တယ်။ ကျန်းကျန်းက အဖိုးအိုကို မြက်ပြင်တွေမှာ ထိုင်ဖို့ ကူညီပေးလိုက်တယ်။

“အဘိုး.. ဒီမှာ ခဏလောက်ထိုင်ပြီး နားနေလိုက်ပါဦး.. ဒါပေမယ့် မျက်လုံးကိုဖုံးထားတဲ့ ပိုးပုဝါကို ဖြုတ်ကြည့်ခွင့်မရှိဘူးနော်”

“အိုကေ.. မင်းက ပုန်းချင်နေတာလား.. အဖိုးကို နံပါတ်ဘယ်လောက်ထိ ရေတွက်စေချင်တာလဲ”

ဝမ်မင်က နွေးထွေးတဲ့အသံဖြင့် ပြောလာပြီး သူရဲ့ပါးစပ်ထောင့်ကလည်းကွေးညွတ်နေခဲ့တယ်။

“တစ်ထောင်ထိ ရေတွက်ရမယ် “

ကျန်းကျန်းက ဆိုးသွန်းလိုစွာ ရယ်မောလိုက်ပြီး သူမရဲ့ ခြေထောက်ကိုမြှောက်ပြီး လျင်မြန်စွာထွက်ပြေးခဲ့တယ်။

အဘိုးကြီးဝမ်ရဲ့ မျက်လုံးတွေက ပိုးပဝါနဲ့ပတ်ထားတာကြောင့် ဘာမှမမြင်နိုင်ဘူး။ သူ့ရဲ့မျက်နှာဆီသို့ တိုက်ခတ်လာတဲ့ လေပြေတွေကနေတဆင့် မွှေးပျံ့တဲ့ပန်းတို့ရဲ့ ရနံ့တွေကို အနံ့ခံနိုင်ခဲ့တယ်။ ထိုအခိုက်မှာ ရုတ်တရက်ကြည်လင်တဲ့ ငှက်လေးတွေရဲ့ကြည်လင်တဲ့အသံတွေကလည်း သူ့ရဲ့နားမှ ကြားနိုင်ခဲ့ပြီး အသံတွေက တဖြည်းဖြည်းဝေးကွာရင်း ပျောက်ကွယ်သွားခဲ့တယ်။

သူ့ရဲ့ စိတ်ထဲမှာ ဒီမြင်ကွင်းက ဘယ်လိုရှိနေလောက်မလဲဆိုတာကို စတင်ပြီး စိတ်ကူးကြည့်လာမိကာ သူ့ရဲ့ တောင်းတင်းနေတဲ့ ခန္ဓာကိုယ်က လည်း သဘာဝနဲ့အသံတွေအတူ စိတ်အေးလက်အေးရှိလာခဲ့တယ်။

နိုင်ငံခြားဆန်ဆန်တည်ဆောက်ထားတဲ့ အနောက်တိုင်း အဆောက်အအုံငါးလုံးထဲမှ ရှေးဟောင်းပစ္စည်းတွေက ဟိုးအရင်ကတည်းက ကျန်းကျန်းဆီမှာ ရွှေ့ပြောင်းခံထားရပြီး အမျိုးတူရာတွေကို အတူတကွစုရုံးခံထားရပြီးပြီ။

လက်ရှိမှာ ကျန်းကျန်းက စာအုပ်တွေကိုသာ အများကြီးစုစည်းထားတဲ့ နိုင်ငံခြားပုံစံ အဆောက်အအုံကို အရှေ့ဘက်မှ အနောက်ဘက်သို့ပြောင်းရွှေ့ခဲ့တယ်။

ပြီးနောက် နိုင်ငံခြားပုံစံအဆောက်အအုံရဲ့ ပတ်လည်ကို လှည့်လည်သွားလာပြီးနောက် ပန်းခြံတစ်ခုက ချက်ချင်းပဲ ကြီးထွားလာခဲ့တယ်။ လှပတဲ့ ကျူးလစ်ပန်းတွေနှင့် ပြည့်နေပြီး ပန်းသီးပင်ပုလေးနှစ်ပင်က အဆောက်အအုံရဲ့ တစ်ဖက်တစ်ချက်စီမှာ ပေါက်ရောက်နေခဲ့ကြကာ ပန်းသီးတွေ အများကြီးနှင့် ဖုံးအုပ်ထားခဲ့တယ်။

ပန်းသီးတစ်ခုတည်းက မလုံလောက်ဘူး။ အဟာရပြည့်ဝစေရန်အတွက် အစားအသောက်တွေကလည်း လိုအပ်သေးတယ်။ ကျန်းကျန်း အနောက်ဘက်သို့ပတ်သွားလိုက်ပြီးအစိမ်းရောင်အသီးအရွက်တွေနဲ့ အစေ့အဆံအမျိုးအစားအနည်းငယ်လောက်ကို စိုက်ပျိုးလိုက်တယ်။

ကျန်းကျန်းက ဒီအားနည်းပြီး ဖျားနာနေတဲ့လူတစ်ယောက်က ဒီလို အသက် 70 အရွယ်မှာ ပင်ပန်းတဲ့အလုပ်တွေကို မလုပ်နိုင်လောက်တော့ဘူးလို့ ခံစားရတယ်။ ကံကောင်းထောက်မစွာနဲ့ အနောက်တိုင်းပုံစံ အဆောက်အအုံရဲ့ဂိုထောင်အခန်းက ကျယ်ဝန်းပြီး အစားအသောက်တွေ အများကြီးကိုသိမ်းဆည်းထားနိုင်တယ်။

ကျန်းကျန်း အလွန် အလုပ်ရှုပ်ပြီးနောက် ဝမ်မင်ရဲ့ ရှေ့ကို ပြန်ပြေးသွားလိုက်တယ်။ သို့ပေမယ့် သူမ အရှေ့ဘက်ကိုရောက်ချိန်မှာ ဝမ်မင်က မြေကြီးပေါ်မှာ လှဲရင်း အိပ်ပျော်နေပြီဆိုတာကို တွေ့လိုက်ရတယ်။

သို့ပေမယ့်လည်း အိပ်ပျော်နေတဲ့အချိန်မှာတောင် သူ့ရဲ့ မျက်ခုံးတွေက တွန့်ချိုးနေခဲ့ပြီး အိပ်မက်ဆိုးတစ်ခု မက်နေပုံရတယ်။

**

All Chapters