← Chapters

အခန်း (၁၃၁)

Vol. 14 Ch. 131

အခန်း (၁၃၁)

Vol. 14 Ch. 131

ကျန်းကျန်း သီချင်းလေးညည်းရင်း အိမ်ကိုပြန်လာခဲ့တယ်။ သူမပြန်ရောက်ချိန်မှာ ညစာက အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး ကွေ့ဟွားက သူမကို ကူကယ်ရာမဲ့စွာ ကြည့်ပြီး အပြုံးနဲ့ပြောလာတယ်။

“မင်းကတော့ ကစားရတာကို တကယ်ကြိုက်တာပဲ.. မင်းရဲ့ စတုတ္တအစ်ကိုတောင် ပြန်ရောက်လာတာကြာပြီ၊ မင်းက အခုမှပဲ အိမ်ကိုပြန်လာတော့တယ်”

လီမင်ပေက သခွားသီးတစ်ပိုင်းကို ယူလာကာ ကျန်းကျန်းဆီကို ပေးလိုက်တယ်။

“မင်း ဘယ်ကိုရောက်နေတာလဲ၊ ငါ ဒီနေ့ ရေအားလျှပ်စစ်စက်ရုံမှာ မင်းကိုမတွေ့ခဲ့ဘူး”

ကျန်းကျန်း ဝေဝေဝါးဝါးနဲ့ ပြန်ပြောလိုက်တယ်။

“ညီမလေးမှာ ရေအားလျှပ်စစ်စက်ရုံထဲမှာ ဆွေမျိုးတွေရှိတဲ့ အတန်းဖော်တစ်ယောက်ရှိတယ်လေ၊ ဒီနေ့ သူ့အိမ်မှာ ညီမလေးတို့အိမ်စာတွေ ပြန်သုံးသပ်နေတာ”

လီမင်ပေက သူမကို ထိတ်လန့်စွာ ကြည့်လာတယ်။

“မင်းက မူလတန်းကျောင်းသားပဲရှိနေသေးတာကို အိမ်စာတွေကို ပြန်သုံးသပ်နေပြီလား! မင်းက မင်းအစ်ကိုကို သေတဲ့အထိ ကြောက်အောင်လုပ်နေတာပဲ”

ကျန်းကျန်းက လီမင်ပေကို ဒေါသတကြီး မျက်စောင်းထိုးကာ လက်ဆေးရင်း ပြန်မေးလိုက်တယ်။

“စတုတ္ထအစ်ကိုက ဘာလို့ ရေအားလျှပ်စစ်စက်ရုံကို သွားတာလဲ”

“အထက်တန်းကျောင်းဝင်ခွင့်ရလဒ်အကြောင်းကို သွားမေးတာလေ.. ဒီနှစ်မှာ ရေအားလျှပ်စစ်စက်ရုံက ဝင်ခွင့်အတွက်သတိပေးချက် မထုတ်ထားဘူး၊ ဂိတ်ပေါက်မှာပဲ အကြောင်းကြားစာကပ်ထားတာ..

ကံကောင်းလို့ ငါသွားကြည့်ခဲ့လို့သာပေါ့.. ဒါမှမဟုတ်ရင် ကျောင်းစတက်တာကို လွတ်သွားလိမ့်မယ်”

လီမင်ပေက သူ့လက်ထဲမှ သခွားသီးအညှာကို တံခါးပေါက်နားမှ အမှိုက်ပုံးထဲသို့ လှမ်းပစ်လိုက်တယ်။ ထို့နောက် အလွန်ပျော်ရွှင်စွာနဲ့ ပြောလာခဲ့တယ်။

“ငါ ရေအားလျှပ်စစ်စက်ရုံရဲ့ အမှတ် (၁) အထက်တန်းကျောင်းမှာ တက်ခွင့်ရတယ်.. နောက်ပြီး ငါ မင်းရဲ့အစ်မဝမ်ရှို့ရဲ့နာမည်ကိုလည်း မြင်ခဲ့ရတယ်.. ငါတို့က အတန်းအတူတူပဲ”

ကျန်းကျန်း လီမင်ပေရဲ့ ပီတိဖြာနေတဲ့မျက်နှာကို ကြည့်ပြီး မနေနိုင်ဘဲ ရယ်မောလိုက်မိတယ်။

“ဒါဆို စတုတ္ထအစ်ကိုကို ဂုဏ်ပြုပါတယ် .. ဒါပေမယ့် နောက်ပိုင်းကျရင် အစ်ကို ကျောင်းတက်ဖို့ အရမ်းအဝေးကြီးကိုသွားနေရတော့မှာပဲ”

“ဘာကို ကြောက်နေရမှာလဲ၊ မနက်ကို နည်းနည်းလောက် စောစောထွက်ဖို့ပဲလိုတာ၊ ဒါ့အပြင် ငါက လမ်းကို အမြန်လျှောက်နိုင်တယ်လေ၊ တစ်နာရီအတွင်း ရောက်နိုင်လိမ့်မယ်”

လီမင်ပေက ကျန်းကျန်းရဲ့ ခြေထောက်တိုတိုလေးတွေကို ကြည့်ပြီး နှုတ်ခမ်းကို အသာတွန့်ပြီး ခေါင်းခါရမ်းလိုက်တယ်။

“မင်းရဲ့ ခြေထောက်တွေကတော့ အရမ်း တိုလွန်းတာကိုး.. မင်းဆိုရင်တော့ လမ်းအကြာကြီး လျှောက်ရမှာပေါ့”

ကျန်းကျန်းက သခွားသီးကို ယူပြီးတဲ့နောက်မှာ တစ်ကိုက်ပဲ ကိုက်ရသေးတယ်။ သူ့အစ်ကိုရဲ့ ထိုစကားကိုကြားတော့ သူမက ဒေါသထွက်စွာနဲ့ သခွားသီးကို လီမင်ပေဆီသို့ ပစ်ပေါက်လိုက်လေတယ်။ လီမင်ပေက သခွားသီးကို အလျင်စလို ဖမ်းလိုက်ပြီး :

“ဟေး ဟေး မင်းက အရမ်းဆိုးနေတာပဲ၊ အရှုံးသမားကလေးတစ်ယောက်က ဘယ်လိုလုပ်ပြီးသခွားသီးနှင့် လူကို ရိုက်နိုင်ရတာလဲ”

မိသားစုထဲမှာ လူအနည်းငယ်သာရှိတဲ့အတွက် ကွေ့ဟွားက ဟင်းပွဲတွေပိုရိုးရိုးရှင်းရှင်းပဲပြုလုပ်ထားခဲ့တယ်။ ညစာစားပွဲမှာတော့ မိသားစုတွေက ရေအားလျှပ်စစ်စက်ရုံရဲ့ ဝန်ထမ်းခေါ်ယူခန့်မှုအကြောင်းကို ပြောခဲ့ကြတယ်။

အခုအချိန်မှာ ခေါ်ဆိုမှုကို တခြားနေရာတွေအထိ ပျံ့နှံ့သွားအောင်စောင့်နေပြီး စက်တင်ဘာလ အစောပိုင်းလောက်မှာ စာရင်းသွင်းလျှောက်ထားနိုင်လိမ့်မယ်လို့ ခန့်မှန်းထားတယ်။ ထိုသတင်းကြောင့် မိသားစုက အလွန်စိတ်လှုပ်ရှားနေကြပြီး လီမင်ရှီတောင်မှ ဝင်ရောက်လျှောက်ထားရန်ပတွက် လီမင်နန်နဲ့ ဆွေးနွေးဖို့ စဉ်းစားနေပုံရတယ်။

မိသားစုအတွင်းမှာ လူငယ်တွေသာကျန်ရစ်ခဲ့ပေမဲ့ ကျန်းသယ်ဖူတို့ မိသားစုက အတော်လေး တည်ငြိမ်နေခဲ့ကာ အဘွားလီ မိသားစုသို့ ပြန်လာတဲ့အချိန်အထိ ပြသနာရှာရဲခြင်း မရှိခဲ့ဘူး။

ကျန်းကျန်းကတော့ နေရာလွတ်ထဲမှာ စာအုပ်တွေ များသထက်များလာတာကိုကြည့်ရင်း အဖွားဖြစ်သူပြန်လာတာကိုမြင်တော့ အနည်းငယ် စိတ်ညစ်သွားရတယ်။

“အဖွား.. အဖွားပြန်လာတာ စောလွန်းတယ်”

မဒမ်လီက သူမကို ဒေါသတကြီးကြည့်ပြီးပြောလာတယ်။

“မင်းက အိမ်ကိုမပြန်ချင်ဘဲ တောရိုင်းထဲကိုပဲ သွားချင်နေတာလား”

ကျန်းကျန်း တခစ်ခစ်ရယ်မောလိုက်တယ်။

“ဒါက သဘာဝကိုချစ်တာလို့ ခေါ်တယ်”

ကွေ့ဟွားက မဒမ်လီနှင့် တခြားလူတွေကို မျက်နှာဆေးကြောဖို့ ကူညီပေးခဲ့ပြီး အန်းပေမှာရှိတဲ့ အခြေအနေတွေကို မေးမြန်းလိုက်တယ်။

မဒမ်လီ: “ ဆိုင်းဘုတ်တွေ ပိုစတာတချို့ထောင်ထားတာကလွဲရင် သူတို့ပြောတဲ့ မကောင်းမှုဆိုတာတွေကို ငါ နားမလည်ပါဘူး၊ တခြားသူတွေကတော့ ကြည့်ရတာ ပုံမှန်နှင့် ကွာခြားမှုမရှိဘူး

မင်တုန်နေတဲ့နေရာကတော့ အတော်လေးကောင်းတယ်.. အခန်းက တစ်ယောက်ခန်းပဲ၊ နောက်ပြီးကျောင်းကကန်တင်းမှာ ကျွေးတဲ့ စားစရာကလည်း မဆိုးဘူး”

ကွေ့ဟွား သက်သာရာရစွာသက်ပြင်းချလိုက်မိတယ်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ စာသင်နှစ်စတင်တဲ့ ရက်ကိုရောက်ရှိလာခဲ့ပြီ။ လီမင်ပေက မနက်စောစောထကာ ခေါင်းလျှော်ခဲ့ပြီး သူ့ရဲ့အဝတ်အစားတွေကိုလည်း ပြန့်ပြူးသွားအောင် တိုက်ခဲ့တယ်။ ပြီးသွားတော့ သူ့ရဲ့ဖိနပ်ကို ဆက်ပြီး တိုက်ချွတ်လိုက်တယ်။ ပြီးနောက် သစ်လွင်စွာ ဝတ်စားရင်း ပန်ကိတ်နှစ်ခုကိုဆွဲယူကာ ပြေးထွက်သွားခဲ့လေတယ်။

မဒမ်လီက လီမင်ပေရဲ့နောက်ကျောကိုကြည့်ကာ အနည်းငယ်စိတ်ရှုပ်ထွေးသွားပြီး ပြောလာတယ်။

“ဒီလောက်နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် ကျောင်းတက်ရဖို့ကို အရမ်းတက်ကြွနေတာကိုမြင်ဖူးတာပဲ.. နောက်ပြီး ကောင်းကောင်းဝတ်စားဆင်ယင်ရမှာကိုလည်း သိလာပြီ.. သူ ကျောင်းသွားတက်တယ်ဆိုတဲ့အကြောင်းကိုသာ မသိထားရင် ငါကတော့ သူကြင်ဖက်သွားတွေ့တာလို့တောင် ထင်မိတော့မှာပဲ”

လီမင်ရှီ နှင့် တခြားညီအစ်ကိုတွေက ချက်ချင်းပဲ စိတ်ပါလက်ပါရယ်မောလာကြပြီး မဒမ်လီက သူတို့ကို ကြည့်ကာ စိတ်ရှုပ်ထွေးစွာ မေးလိုက်တယ်။

“မင်းတိို့ ဘာကိုပျော်ရွှင်နေကြတာလဲ?”

လီမင်နန်က ပြုံးလိုက်ပြီး ခေါင်းခါရမ်းပြီး ပြောလိုက်တယ်။

“အဖွား .. ကြည့်နေလိုက်.. အနာဂတ်မှာ မင်ပေ့ကို ကျွန်တော်တို့မိသားစုထဲက အသန့်ရှင်းဆုံးလူအဖြစ် သတ်မှတ်ရတော့မှာ.. သူက အခုကစပြီး တစ်နေ့ကို ခေါင်းတစ်ခါလောက်လျှော်နေလောက်မယ်ထင်တယ်”

မဒမ်လီက လီမင်ပေ အသုံးပြုခဲ့တဲ့ရေတွေကို ခြံထဲသို့ လောင်းချလိုက်တယ်။

“သူက အရေးမပါတဲ့နေရာတွေမှာ တော်တော်လေးလည်း လုံ့လစိုက်ထုတ်နေတာပဲ.. နောက်ပြီး ဆံပင်ကို နေ့တိုင်းလျှော်နေရင် ဆပ်ပြာလည်း အများကြီးကုန်လိမ့်မယ်”

လီမင်ပေက ကျောင်းသွားတက်နေပြီဖြစ်ပြီး ရေအားလျှပ်စစ်စက်ရုံကလည်း အလုပ်သမားတွေကို စတင်ခေါ်ဆိုခဲ့ပြီ။ ဒါကြောင့် လီမူဝူက ဘီမင်ရှီနဲ့ လီမင်နန်တို့ကို အလုပ်လျှောက်ဖို့ ခေါ်သွားပေးခဲ့တယ်။

ကျန်းကျန်းကတော့ ဒီနေ့မှာ ရှားရှားပါးပါး အပြင်ကိုမထွက်သွားဘဲ ခြံထဲမှာ တစ်ယောက်တည်း ထိုင်ပြီး ဆံပင်တွေကို လျှော်နေခဲ့တယ်။

မကြာခင်မှာပဲ စစ်ယူနီဖောင်းဝတ်ထားတဲ့ အမျိုးသားနှစ်ယောက်က သူတို့ရဲ့ အိမ်တံခါးကို လာခေါက်ပြီး ယဉ်ယဉ်ကျေးကျေး မေးလာတယ်။

“မင်္ဂလာပါ ကလေးမလေး၊ ရဲဘော်လီမင်ရှီက ဒီမှာနေတာလား”

ကျန်းကျန်းက သူမရဲ့လက်ထဲမှ ဆံပင်ကို ဇလုံထဲသို့ အမြန်ထည့်ကာ ဆေးကြောလိုက်ပြီး မတ်တပ်ထရပ်ကာ သူတို့ကို အိမ်ထဲသို့ ဝင်လာရန် ဖိတ်ခေါ်လိုက်တယ်။

“ဒီမှာနေတာဟုတ်ပါတယ်.. ကျေးဇူးပြုပြီး ဝင်ပါဦး”

ထို့နောက် သူမက အသံကိုမြှင့်ပြီး အော်ပြောလိုက်တယ်။

“အဖွား! အမေ! စပ်တပ်က ရဲဘော်တွေ ရောက်လာတယ်”

စစ်တပ်မှလူတွေ ရောက်လာပြီဆိုတဲ့စကားကို ကြားတော့ မဒမ်လီနှင့် ဝမ်စုဖန်းက စိတ်လှုပ်ရှားစွာနဲ့ ထွက်လာခဲ့ကြတယ်။

“ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်ရဲ့ ရဲဘော်တွေပဲ.. အခန်းထဲကို အမြန်ဝင်ပြီး ထိုင်ကြပါဦး”

စစ်တပ်မှ အိမ်ကိုပြန်ရောက်ပြီးကတည်းက လီမင်ရှီရဲ့ စိတ်ဝိညာဉ်က ပျောက်ဆုံးနေသလိုဖြစ်နေခဲ့တယ်။ သူတို့မိသားစုတစ်ခုလုံးက သိနေခဲ့ကြတယ်။ လီမင်ရှီတို့လိုလူတွေက စစ်သင်တန်းကျောင်းမှ ထွက်ခွာလာခဲ့ပြီဖြစ်ပေမဲ့ သူတို့ရဲ့နှလုံးသားကတော့ စစ်တပ်ထဲမှာ ကျန်ရှိနေတုန်းပဲ။

ဒါပေမယ့် ဒီလိုကိစ္စမျိုးအတွက် ဘယ်သူကမှ ဘာတစ်ခုမှလုပ်မပေးနိုင်ဘူးလေ။ သူတို့တွေက နှစ်သိမ့်စကားတောင် မပြောရဲဘဲ လီမင်ရှီကိုယ်တိုင် စိတ်အဆင်ပြေလာမှာကို တိတ်တဆိတ် စောင့်နေရုံသာ လုပ်နိုင်ခဲ့တယ်။

ဝမ်စုဖန်းကတော့ စိတ်မငြိမ်နိုင်ဆုံးလူဖြစ်နေခဲ့တယ်။ သူမက သကြားရည်နှစ်ခွက်ယူလာပြီးနောက် ထပ်ပြီးစောင့်မနေနိုင်တော့ဘဲ မေးမြန်းခဲ့မိတယ်။

“ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်ရဲ့ ရဲဘော်တွေ၊ ကျွန်မတို့ရဲ့မင်ရှီကို စစ်တပ်ဆီကိုပြန်ခေါ်ဖို့ လာခဲ့ကြတာများလား”

“ဟုတ်ပါတယ်”

သူတို့ထဲက တစ်ယောက်က ခေါင်းညိတ်ပြီးနောက် အပြုံးနဲ့ပြောလာတယ်။

“ရဲဘော်လီမင်ရှီ အိမ်မှာ ရှိလားမရှိဘူးလား မသိဘူး”

ဝမ်စုဖန်းက စိတ်လှုပ်ရှားစွာနဲ့ သူမပေါင်ကို ရိုက်လိုက်ပြီးပြောခဲ့တယ်။

“သူက မနက်အစောကြီးကပဲ ရေအားလျှပ်စစ် စက်ရုံမှာ အလုပ်သွားလျှောက်မယ်ဆိုပြီး ထွက်သွားခဲ့တယ်.. သူက ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်က သူ့ကို မလိုချင်တော့ဘူးလို့ ထင်နေခဲ့တာ.. ရဲဘော်တွေ ရောက်လာမယ်ဆိုတာ သူမသိဘူးလေ”

ဝမ်စုဖန်းရဲ့ စိတ်အားထက်သန်လွန်းတဲ့ မျက်နှာကို မြင်လိုက်ရတော့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ စစ်သားတွေက အလျင်အမြန်ပဲ ညင်သာစွာပြောခဲ့တယ်။

“ကိစ္စမရှိပါဘူး၊ ကျွန်တော်တို့နှစ်ယောက်က ဒီတစ်ခေါက် သူ့ကို လာခေါ်ဖို့အတွက်ပဲ ရောက်လာကြတာလေ.. ကျွန်တော်တို့ သူ့ကို ဒီမှာစောင့်နေလို့ရပါတယ်”

ဝမ်စုဖန်းက ချက်ချင်းပဲ အလွန်ပျော်ရွှင်သွားခဲ့ပြီး ခွေးခြေမှ မတ်တပ်ထရပ်ကာ ဘာလုပ်ရမှန်းမသိလောက်အောင် စိတ်လှုပ်ရှားနေရင်း ပြောခဲ့တယ်။

“အမေ၊ဒါဆို ကျွန်မ ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ရဲ့ ရဲဘော်တွေ ထမင်းပွဲသွားပြင်လိုက်မယ်၊ အမေက ဒီရဲဘော်တွေနဲ့ အဖော်ပြုပြီး စကားပြောပေးပါဦး”

စစ်သားနှစ်ယောက်က အမြန်ထရပ်ပြီး တားမြစ်လာကြတယ်။

“မလုပ်ပါနဲ့ .. ကျွန်တော်တို့ စားလို့အမရဘူး.. ကျွန်တော်တို့မှာ အပြင်ကပြည်သူတွေဆီက စားသောက်လို့မရဘူးဆိုတဲ့ စည်းကမ်းရှိတယ်”

“ဘာကိုကြောက်နေတာလဲ၊ ဒါက အပြင်လူတွေရဲ့အိမ်မဟုတ်ဘူးလေ”

ဝမ်စုဖန်းက ပျော်ရွှင်စွာပြုံးပြီး ပြောလာတယ်။

“ဒါ့အပြင် ဒီကအစားအသောက်တွေက အစားကောင်းအသောက်ကောင်းတွမဟုတ်ပါဘူး.. ဒါတွေအားလုံးက တောင်တွေပေါ်ကနေ ရခဲ့တဲ့ အစားအစာတွေပဲ.. ပိုက်ဆံလည်း မကုန်ဘူး”

မဒမ်လီကလည်း ခေါင်းညိတ်ပြီး ပြောလိုက်တယ်။

“မင်ရှီ ပြန်လာတဲ့အချိန်ကိုရောက်ရင် ညနေစောင်းနေလောက်ပြီ.. ရဲဘော်တို့က ဗိုက်ဆာဆာနဲ့ စောင့်နေကြမလို့လား”

ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ စစ်သားနှစ်ယောက်က ခေါင်းငုံ့ပြီး ခဏတာလောကာ ဆွေးနွေးခဲ့ကြပြီးမှ ခေါင်းညိတ်ကာ ပြောလာတယ်။

“ဒါဆို ကျေးဇူးပြုပြီး မရီးကိုပဲ ဒုက္ခပေးရတော့မှာပဲ.. ဒါပေမယ့် ကျွန်တော်တို့ ပိုက်ဆံ နဲ့ အစားအသောက် လက်မှတ် ပေးပါ့မယ်”

ဝမ်စုဖန်းက ထပ်မံငြင်းဆန်ခါနီးမှာ မဒမ်လီက တားမြစ်လိုက်တယ်။ သူမက ဂျပန်ဆန့်ကျင်ရေးခေတ်ကို ကျော်ဖြတ်ခဲ့ဖူးသူဖြစ်တာကြောင့် “သာမန်ပြည်သူများထံမှ အပ်တိုတစ်ချောင်းတောင် မယူရဘူး” ဆိုတဲ့ ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ စစ်သားရဲဘော်တွေရဲ့ ဆောင်ပုဒ်ကို သိထားခဲ့တယ်။

“မင်တုန်ရဲ့အမေ.. ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ရဲ့ ရဲဘောတွေအတွက် မင်းတောင်ပေါ်ကနေ ခူးဆွတ်ထားတဲ့ အသီးအရွက်ချဥ်တစ်အိုးထုတ်ယူခဲ့၊ ပြီးရင် တောရိုင်းသစ်သီးတွေနဲ့လုပ်ထားတဲ့ ပန်ကိတ်တွေနှင့် ယာဂုတစ်အိုး ထုတ်ယူခဲ့လိုက်ပါ”

မဒမ်လီက ဝမ်စုဖန်းကို စကားပြောပြီးနောက် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှစစ်သားတွေဘက်ကို ပြန်လှည့်ပြီး မေးလိုက်တယ်။

“ဒါကို အစားအသောက်လက်မှတ်နှစ်စောင်ပေးပေါ့.. ဒီလိုဆိုရင် အဆင်ပြေတယ်လို့ ထင်လား”

အရာအားလုံးက အစေ့အဆန်ကြမ်းတွေနှင့် တောရိုင်းဟင်းသီးဟင်းရွက်များသာဖြစ်ကြောင်း ကြားလိုက်ရတော့ စစ်သားနှစ်ယောက်က ခေါင်းကို အထပ်ထပ်အခါခါ ညိတ်ပြခဲ့ကြတယ်။

မဒမ်လီက ထပြီး သခွားသီးနှင့်၊ တည်သီးတွေ နဲ့ တောရိုင်းအသီးအနှံတွေတစ်အိုးလောက်ကို ဆေးကြောပြီး ယူလာခဲ့ပြန်တယ်။

“ဒါတွေအားလုံးက အိမ်မှာ စိုက်ပျိုးထားတဲ့ အသီးအနှံတွေနဲ့၊ တောင်ပေါ်ကနေ ခူးဆွတ်ထားတာတွေပါ.. စမ်းပြီး စားကြည့်ကြပါဦး”

သူတို့တွေ တွန့်ဆုတ်နေကြဦးမှာကို စိတ်ပူတာကြောင့် မဒမ်လီက ထည့်ပေါင်းပြီးပြောလိုက်တယ်။

“ဒါက အစားအသောက်လက်မှတ်ထဲမှာ ပါတယ်နော်”

All Chapters