← Chapters

အခန်း (၁၃၂)

Vol. 14 Ch. 132

အခန်း (၁၃၂)

Vol. 14 Ch. 132

စစ်သားတွေ စားသောက်ပြီးတဲ့နောက်မှာ နေ့လည်နှစ်နာရီလောက်ရှိသွားပြီဖြစ်ကာ လီမင်ရှီတို့ လူစုကလည်း ပြန်ရောက်လာခဲ့ကြပြီ။

ဝမ်စုဖန်းက အပြင်ဘက်မှ လှုပ်ရှားမှုကိုကြားပြီး အမြန်ထွက်လာခဲ့တယ်။

“မင်ရှီ၊ မြန်မြန်လာ၊ စစ်သားရဲဘော်တွေ ဒီကိုရောက်နေတယ်”

လီမင်ရှီ ခဏလောက် ထိတ်လန့်သွားခဲ့ပြီး အိမ်ထဲသို့ ပြေးဝင်လာခဲ့တယ်။ သူက အရှေ့ဘက်အိမ်သို့ ခြေလှမ်းအနည်းငယ်လောက်နှင့် ပြေးဝင်လာပြီးနောက် အိမ်ထဲမှာ မတ်တပ်ရပ်နေတဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)ရဲ့ တပ်သားနှစ်ဦးကို တွေ့လိုက်ရတာကြောင့် ချက်ချင်းပဲ ဖြောင့်တန်းစွာမတ်တပ်ရပ်ပြီး စစ်ရေးပုံစံအတိုင်းအလေးပြုလိုက်တယ်။

PLA စစ်သားနှစ်ယောက်ကလည်း စစ်ရေးအလေးပြုခြင်းနှင့် ပြန်လည်အလေးပြုလာခဲ့ပြီး လီမင်ရှီနှင့် လက်ဆွဲနှုတ်ဆက်ခဲ့တယ်။

“မင်္ဂလာပါ ရဲဘော် လီမင်ရှီ၊ ငါတို့တွေ ဒီတစ်ခေါက် မင်းကို အရေးတကြီးပြောစရာတစ်ခုရှိလို့ ရောက်လာခဲ့တာ”

ဒါကိုမြင်တော့ မဒမ်လီက သူမရဲ့မိသားစုဝင်တွေကို အိမ်ခန်းထဲမှ အမြန်ခေါ်ထုတ်သွားခဲ့ပြီး တံခါးကို ညင်သာစွာ ပြန်ပိတ်ပေးလိုက်တယ်။ ဝမ်စုဖန်းက လည်ပင်းကို ပြန်လှည့်ကြည့်နေသေးတာကိုမြင်တော့ သူမကိုပါ တိတ်တဆိတ် ဆွဲထုတ်လိုက်လေတယ်။

ဝမ်စုဖန်းက မဒမ်လီရဲ့ အင်္ကျီလက်ကို ဆုပ်ကိုင်ရင်းတီးတိုးမေးခဲ့တယ်။

“အမေ၊ သူတို့တွေ ဒီမှာ ဘာအတွက်ရောက်လာတာလို့ ထင်လဲ .. မင်ရှီက ဘွဲ့ရသေးတာမဟုတ်ဘူးလေ”

မဒမ်လီက ဆေးတံကို တစ်ဖွာ ရှူရှိုက်လိုက်ပြီး ခဏလောက်တိတ်ဆိတ်သွားပြီးနောက် ပြန်ပြောလာတယ်။

“အခုက အကယ်ဒမီက ပိတ်ထားတာဆိုတော့ သူ့ကို စစ်တပ်ထဲမှာ ခန့်အပ်ခေါ်ဖို့အတွက် ရောက်လာတာဖြစ်လောက်မယ်.. သူတို့ပြောတဲ့စကားတွေက လျှို့ဝှက်ချက်တွေဖြစ်နေမှာဆိုတော့ မသိချင်နဲ့”

မဒမ်လီက ထပ်ခါတလဲလဲ ခေါင်းညိတ်ပြခဲ့တယ်။

“အမေပြောတာကို ကျွန်မ နားလည်ပါတယ်၊ စကားအများကြီးမပြောတော့ပါဘူး”

လီမင် နှင့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ရဲဘော်တို့က နာရီဝက်ကျော်ကြာအောင် စကားပြောဆိုခဲ့ကြပြီးမှ တံခါးကိုပြန်ဖွင့်လာခဲ့ကြတယ်။

ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ တစ်ယောက်က မဒမ်လီနှင့် လီမူဝူတို့ ဇနီးမောင်နှံတို့ဆီကိုပြောလာတယ်။

“အခု နိုင်ငံတော်က ပြုလုပ်နေတဲ့သုတေသန မစ်ရှင်တစ်ခုမှာ စစ်တက္ကသိုလ်ကနေ ဘွဲ့ရထားတဲ့ ကျောင်းသားတွေ လိုအပ်နေပါတယ်..

ရဲဘော် လီမင်ရှီက ဘွဲ့မရသေးဘူးဆိုပေမဲ့ သူကျောင်းတက်နေတဲ့ ကာလအတွင်းမှာ ထူးချွန်တဲ့အရည်အချင်းတွေကို ဖော်ပြခဲ့ပြီး အထက်က အသိအမှတ်ပြုခံထားခဲ့ရတဲ့သူဖြစ်လို့ ရဲဘော်လီမင်ရှီကို အထူးတပ်သားအဖြစ် ခန့်အပ်ပေးထားခဲ့ပြီး ဒီတစ်ကြိမ် တပ်သားသစ်စုဆောင်းမှုထဲမှာ သူ့ရဲ့နာမည်လည်း ပါဝင်ခဲ့တယ်”

မဒမ်လီနှင့် ဝမ်စုဖန်းတို့ရဲ့ မျက်နှာတွေက အပျော်တွေနှင့်ပြည့်သွားရပြီး တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ခေါင်းကိုတဆတ်ဆတ်ညိတ်လိုက်ကြတယ်။

ဝမ်စုဖန်းတစ်ယောက် မျက်နှာပေါ်မှာ အပြုံးတွေပြည့်နှက်နေပြီး လီမင်ရှီကိုလှမ်းကြည့်ရင်း ရယ်မောပြီးပြောလာတယ်။

“ဒါက အရမ်းကောင်းတဲ့ကိစ္စပဲ.. ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ရဲ့ ရဲဘော်တို့၊ ရှင်တို့ မသိလို့.. ကျွန်မတို့မိသားစုရဲ့ မင်ရှီက လွန်ခဲ့တဲ့တစ်လလုံး အိမ်မှာနေပြီး ဝိဥာဥ်ပျောက်ဆုံးသလိုဖြစ်နေတာ.. ဟုတ်တယ်၊ သူက စစ်တပ်ထဲကို ပြန်ဝင်ခွင့်ရဖို့အတွက်ပဲ ဆန္ဒရှိနေတာလေ”

လီမင်ရှီက ဝမ်စုဖန်းရဲ့ ပျော်ရွှင်နေတဲ့အမူအရာကိုကြည့်ပြီး စကားပြောဖို့ကို တွန့်ဆုတ်နေခဲ့တယ်။ သို့ပေမယ့် မဒမ်လီက သူ့ရဲ့အမူအရာကိုမြင်တွေ့ပြီး မေးလာခဲ့တယ်။

“ဘာဖြစ်လို့လဲ?”

လီမင်ရှီက အလွန်ရှုပ်ထွေးတဲ့အမူအရာနှင့် သူ့ရဲ့မိသားစုကိုကြည့်ကာ ပြောလာခဲ့တယ်။

“အဖွား ကျွန်တော် ဒီတစ်ခေါက်ထွက်သွားပြီးရင် နှစ်အတော်ကြာအောင် ပြန်မလာနိုင်တော့ဘူး”

ထိုစကားလုံးတွေ ထွက်ပေါ်လာတယ်ဆိုရင်ဘဲ သူတို့မိသားစုရဲ့မျက်နှာပေါ်မှာရှိနေတဲ့ အပြုံးတွေက ချက်ချင်းပဲ အေးခဲသွားကြတယ်။ ဝမ်စုဖန်းက ထပ်ပြီးတောင့်မခံနိုင်တော့ဘဲ မျက်နှာကို တစ်ဖက်သို့ လှည့်ကာ မျက်ရည်တွေကို ဖယ်ရှားလိုက်တယ်။ မဒမ်လီကတော့ သူမရဲ့ခါးထဲမှ ဆေးတံကို ထုတ်ယူလိုက်ပြီး မီးညှီကာ နှစ်ဖွာလောက်ရှိုက်လိုက်တယ်။ အခန်းက ရုတ်တရက် တိတ်ဆိတ်သွားခဲ့လေတယ်။

ဝမ်စုဖန်းက မိနစ်အနည်းငယ်ကြာအောင် ငိုနေခဲ့ပြီး နောက်ဆုံးမှာတော့ သူမရဲ့ စိတ်ခံစားချက်တွေကို ထိန်းချုပ်နိုင်သွားခဲ့တယ်။ သူမက ခေါင်းကို လှည့်ကာ သူမရဲ့ မျက်နှာပေါ်မှ မျက်ရည်တွေကို လက်နှင့် ခပ်ကြမ်းကြမ်း သုတ်လိုက်တယ်။

ထို့နောက် ချောင်းအနည်းငယ် ဟန့်လိုက်ပြီး ပြောလာတယ်။

“မင်ရှီ၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ ရဲဘော်တွေနဲ့ လိုက်သွားပါ”

“အမေ...”

လီမင်ရှီက ဝမ်စုဖန်းရဲ့ ငိုထားတာကြောင့် နီရဲနေတဲ့ မျက်လုံးတွေကိုကြည့်ပြီး သူ့ရဲ့မျက်လုံးတွေကလည်း အနည်းငယ်စိုစွတ်လာခဲ့တယ်။

“မင်ရှီ၊ မင်းရဲ့စိတ်နှလုံးက စစ်တပ်ထဲမှာပဲ ရှိနေတယ်ဆိုတာကို အမေတယ်၊ မင်းကျောင်းတက်နေတာ နှစ်အတော်ကြာနေပြီ၊ မင်း ဘာတွေသင်ယူနေခဲ့လဲဆိုတာကို အမေမသိခဲ့ဘူး၊

ဒါပေမယ့် မင်းသာအိမ်မှာနေပြီး စက်ရုံထဲမှာပဲအလုပ်ဝင်ခဲ့မယ်ဆိုရင် လွန်ခဲ့တဲ့နှစ်တွေတုန်းက မင်းသင်ယူထားခဲ့တဲ့အရာတွေက အချည်းနှီးဖြစ်သွားလိမ့်မယ်၊

တိုင်းပြည်က အခု မင်းကိုလိုအပ်နေတယ်ဆိုရင် မင်းရဲ့အရည်အချင်းတွေကို ကောင်းကောင်းအသုံးချရမယ်.. အိမ်မှာက မင်းရဲ့ ညီလေးနှစ်ယောက်ရှိနေသေးတယ်၊ ဒါကြောင့် စိတ်မပူပါနဲ့”

ဝမ်စုဖန်းဆိုတာက လူတိုင်းရဲ့ နှလုံးသားထဲမှာ ရိုးသားပြီး စကားနည်းလွန်းတဲ့သူပဲ။ သူတို့ရဲ့အိမ်မှာ သူမရဲ့ ယောက္ခမက အုပ်ချုပ်ပြီး သူမရဲ့ချွေးမကတော့ အလွန်လုပ်ကိုင်နိုင်စွမ်းမြင့်မားတယ်။ ဒါကြောင့် သူမက အိမ်မှကိစ္စတွေကို ဆုံးဖြတ်ချက်ချခဲတယ်။

သူမက ကိစ္စကြီးတွေရှိနေမယ်ဆိုရင်သူမရဲ့ယောက္ခမဖြစ်သူကို မေးလေ့ရှိတယ်။ ဒါကြောင့် ဒီနေ့မှာ သူမက ပထမဆုံး ဆုံးဖြတ်ပြီးသဘောတူလာလိမ့်မယ်လို့ ဘယ်သူကမှ မထင်ထားခဲ့ဘူး။ ဝမ်စုဖန်းက လီမင်ရှီကို စိတ်ချမ်းသာစေချင်ခဲ့တာပဲ။

မဒမ်လီက အသက်တစ်ချက်ရှူရှိုက်ရင်း ပြောလိုက်တယ်။

“မင်ရှီ၊ မင်းရဲ့အမေက မင်းကို မနာကျင်စေချင်ဘူး.. အဖွားကလည်း မင်းသင်ယူထားခဲ့ရတဲ့ အသိပညာတွေကို အိမ်မှာပဲနေထိုင်ရင်း မဖြုန်းတီးစေချင်ဘူး”

သူမက ဆေးတံကို ခေါက်လိုက်ပြီး ဆက်ပြောလိုက်တယ်။

“သွားလိုက်.. မင်းလည်း မင်းရဲ့ဦးလေးနှင့် အတူတူပဲ မဟုတ်ဘူးလား.. မင်း စစ်တပ်ထဲ ရောက်သွားရင် ငါတို့ အိမ်ကနေ အဖွဲ့အစည်းရဲ့ အစီအစဉ်တွေကို နားထောင်လိုက်မယ်”

လီမင်ရှီက ခေါင်းညိတ်ပြီး PLA တပ်ဖွဲ့ဝင်နှစ်ယောက်ကို ပြန်ကြည့်လိုက်တယ်။ ထို့နောက် သူတို့ထဲက တစ်ယောက်က ချက်ချင်း ထရပ်လိုက်ပြီး ပြောလာတယ်။

“အန်တီ၊ မရီး၊ ဒါဆို ကျွန်တော်တို့ မင်ရှီကို ခေါ်သွားလိုက်ပါ့မယ်.. သူက အထူးတလည်နိုင်တဲ့နေရာကို သွားရမှာဆိုတော့ အိမ်ကို စာပြန်မရေးနိုင်လောက်ဘူး.. ဒါပေမယ့် စိတ်မပူပါနဲ့ .. အဲဒီနေရာက အရမ်းလုံခြုံပါတယ်၊ အန္တရာယ်လည်း မရှိဘူး”

မဒမ်လီနှင့် ဝမ်စုဖန်းတို့က ခေါင်းကို တဆတ်ဆတ်ညိတ်ပြလိုက်ကြတယ်။

လီမင်ရှီမှာ ထုပ်ပိုးစရာ ဘာမှ မရှိဘူး။ သူက အဝတ်အစား အနည်းငယ်နှင့် ရေဘူးကိုသာ ယူဆောင်သွားခဲ့တယ်။ ကျန်တဲ့ပစ္စည်းတွေက စစ်တပ်ထဲကိုရောက်ရင် ထောက်ပံ့ပေးလိမ့်မယ်။

လီမင်ရှီက ခရီးဆောင်အိတ်ကို ကောက်ယူလိုက်ပြီး သူ့ရဲ့ မိသားစုကို ပြန်ကြည့်လိုက်တယ်။ စစ်တပ်ထဲမှာ ချွေးတွေ၊သွေးတွေထွက်ခဲ့ပေမဲ့လည်း သူ ဘယ်တုန်းကမှ မျက်ရည်မကျဖူးခဲ့ဘူး။

ဝမ်စုဖန်းက ချက်ချင်းပဲ ခေါင်းကိုလှည့်လိုက်ပြီး လီမင်ရှီ ခြံထဲမှ ထွက်ခွာသွားတာကို မြင်တွေ့လိုက်ရတော့ မျက်ရည်တွေကိုမထိန်းနိုင်တော့ဘဲ ကျဆင်းလာတော့တယ်။

တကယ်တမ်းမှာ စစ်တပ်က လီမင်ရှီအတွက် အသင့်တော်ဆုံးနေရာဖြစ်ကြောင်းကို လူတိုင်းသိထားခဲ့ကြတယ်။ ဒါပေမဲ့လည်း နှစ်ပေါင်းများစွာကြာအောင် အိမ်ကိုပြန်မလာနိုင်တော့ဘူးဆိုတာကို တွေးမိတော့ သူတို့ကို အနည်းငယ် စိတ်မသက်မသာဖြစ်စေခဲ့တယ်။

လီမိသားစုထဲမှာ ရက်ပေါင်းများစွာ ထိုင်းမှိုင်းတဲ့လေထုနဲ့ ပြည့်နေခဲ့တယ်။ လီမင်နန်တစ်ယောက် ရေအားလျှပ်စစ်စက်ရုံသို့ အောင်မြင်စွာဝင်ခွင့်ရသွားခဲ့တဲ့အချိန်အထိပဲ။ ဒီသတင်းကောင်းကိုရရှိချိန်မှာတော့ မိသားစုတစ်စုလုံးရဲ့မျက်နှာတွေပေါ်မှာ အပြုံးတွေနှင့် ဝေဆာနေခဲ့ကြတယ်။

လီမင်ပေကတော့ ကျောင်းမှာ ဘယ်လိုပုံစံတွေဖြစ်နေပြီလဲဆိုတာကို မသိပေမယ့် သူက အတန်းထဲမှ ဆရာရဲ့စကားကို နားထောင်နေတုန်းပဲ။

ဒါပေမယ့် အတန်းတက်တဲ့ ကျောင်းသားတွေကတော့ သိပ်မရှိတော့ဘူး။ တစ်ခါတရံမှာ ကျောင်းသားတွေက အုပ်စုဖွဲ့ပြီး သုံးလေးငါးယောက်လောက်နဲ့ ထွက်သွားကြလေ့ရှိတယ်။ ကျန်းကျန်းရဲ့ မူလတန်းကျောင်းမှ စာသင်ခန်းတွေကတော့ အကုန်လုံးပိတ်သွားခဲ့ပြီ။

ကျန်းကျန်းက အတန်းတွေ ရပ်ဆိုင်းတာကို လုံးဝ ဂရုမစိုက်ခဲ့ဘူး။ သူမအနေနဲ့ မူလတန်းတတိယတန်းမှာ ရှိသမျှ ဖတ်စာအုပ်ကို လှန်လှောကြည့်ရုံနဲ့ အလွတ်ရနိုင်တယ်လေ။ စာသင်ဖို့ တစ်နှစ်လောက် ကျောင်းကိုသွားနေတာက သူမအတွက်တော့ အချိန်ဖြုန်းနေရုံသက်သက်ပဲ။

လီမိသားစုမှ ယောကျာ်းလေးတွေက အိမ်မှာမရှိတော့ဘဲ လီမူဝူကလည်း အလုပ်ကိုသွားနေခဲ့တယ်။ ဒါကြောင့် တစ်လခွဲကျော်ကြာအောင် မလှုပ်ရှားခဲ့တဲ့ ကျန်းသယ်ဖူက ရက်ပေါင်းများစွာစောင့်ဆိုင်းပြီးတဲ့နောက်မှာ နောက်ဆုံးတော့ လီမိသားစုရဲ့အိမ်တံခါးဝကို ရောက်ရှိလာခဲ့တယ်။

သူက လီမင်ကျုံး ထျန်းဟူကိုခေါ်ကာ ပြေးလွှားနေခဲ့တဲ့အချိန်ကို အခွင့်ကောင်းယူခဲ့ပြီး သူ့ရဲ့ ညီအစ်ကိုတချို့ကိုပါ ခေါ်ဆောင်လာခဲ့တယ်။

ကျန်းကျန်းက ခြံဝင်းထဲမှာရပ်ကာ ကျန်းသယ်ဖူကိုကြည့်ရင်း လှောင်ရယ်လိုက်တယ်။ သူမအနေနဲ့ကျန်းသယ်ဖူက သူမတို့ ခြံအနီးမှာ လွန်ခဲ့တဲ့ နှစ်ရက်ကတည်းက ခိုးကြောင်ခိုးဝှက်နဲ့ လှည့်ပတ်ကြည့်နေတာကို မြင်တွေ့ထားခဲ့တယ်။

ဒါကြောင့်ဘဲ မြွေကို တွင်းထဲမှထွက်လာစေပြီး အညစ်အကြေးတွေကို တတ်နိုင်သမျှ အမြန်ဆုံး ဖယ်ရှားပစ်ရန်အတွက် လီမင်ကျုံးတို့ကို အပြင်သို့ ထွက်သွားခိုင်းခဲ့တာဖြစ်လေတယ်။

ကျန်းသယ်ဖူက သူ့ရဲ့အရှေ့မှ ဝဝကစ်ကစ် ကလေးမလေးကိုကြည့်ရင်း လှောင်ပြောင်လိုစွာ ပြုံးလိုက်တယ်။

“ မင်းတို့မိသားစုက လီမင်ကျုံး အပြင်ကိုထွက်သွားပြီဆိုတာ ငါမသိဘူးလို့ မထင်နဲ့.. အခု မင်းတို့ရဲ့အိမ်မှာ မိန်းကလေးတွေပဲရှိတာ..

ဒါပေမယ့် ငါတို့က အိမ်နီးနားချင်းတွေပဲလေ.. ငါလည်း မင်းတို့တွေကို ငိုယိုသွားအောင် မလုပ်ချင်ပါဘူး.. ဒီတော့ ငါ နောက်ဆုံးတစ်ကြိမ်တုန်းကပြောခဲ့တဲ့ စကားတစ်ခွန်းကိုပဲပြန်ပြောလိုက်မယ်..

ငါ့ကိုဆယ်ယွမ်ပေး.. ပြီးရင် မင်းတို့မိသားစုပြောင်းနှံတွေက နှစ်အိတ်ပေး၊ ပြီးရင် ငါတို့ မိသားစုနှစ်ခုကြားက မကျေလည်မှုတွေကို ဖြေလျော့လိုက်ကြတာပေါ့”

မဒမ်လီနှင့် တခြားလူတွေ အပြင်သို့ ထွက်လာချိန်မှာ ထိုစကားတွေကို ကြားလိုက်ရတယ် ။ သူမတို့ရဲ့ခြံတထဲကို အမျိုးသား ခုနှစ်ယောက်၊ ရှစ်ယောက်လောက် ဝင်လာတာကိုမြင်လိုက်ရတော့ မဒမ်လီရဲ့နှလုံးသားက နှစ်မြှပ်သွားရပြီး သူမတို့မိသားစုက ဒီတစ်ကြိမ်တော့ ဒုက္ခရောက်တော့မယ်လို့ ခံစားလိုက်မိလေတယ်။

All Chapters