← Chapters

အခန်း (၁၃၃)

Vol. 14 Ch. 133

အခန်း (၁၃၃)

Vol. 14 Ch. 133

ကျန်းကျန်းက ညာလက်ထဲမှာတုတ်တစ်ချောင်းကို ကိုင်ထားပြီး ဘယ်ဘက်လက်ဆီသို့ တုတ်နဲ့ အသာအယာရိုက်ပြနေရင်း အပြုံးတစ်ခုနှင့် ကျန်းသယ်ဖူကို လှမ်းပြောလိုက်တယ်။

“ယိုး.. လူမိုက်ကြေးကတစ်လတည်းနဲ့ ထပ်ပြီး မြင့်တက်သွားပြန်ပြီလား.. ဦးလေးရဲ့မျက်နှာက တကယ်ကိုလျှာနဲ့လျက်တဲ့တဲ့ခွေးလို အရေထူတာကိုး.. ဒါနဲ့ ဦးလေးတို့ မသိသေးတာတစ်ခုရှိသေးတယ်..”

ကျန်းကျန်းက ချိုမြိန်တဲ့အပြုံးလေးနဲ့ ဆက်ပြောလိုက်တယ်။

“ နောက်ကိုလှည့်ကြည့်လိုက်”

လူတစ်စု နောက်ကို အလျှင်အမြန် လှည့်ကြည့်လိုက်တော့ လီမင်ကျုံးက အလွန်ကြမ်းကြုတ်တဲ့မျက်နှာနဲ့ တံခါးနားမှာ ရပ်နေတာကို တွေ့လိုက်ရလေတယ်။ သူ့ရဲ့ဘေးနားမှာ အရွယ်အစားတူညီတဲ့ ထျန်းဟူလည်း ရှိနေပြီး သူက အနည်းငယ် တုံးအမိုက်မဲပုံရပေမဲ့ သူ့ရဲ့ ပါးစပ်ကိုဖွင့်ဟကာ ချွန်ထက်တဲ့ သွားတွေကို ဖော်လှစ်ပြသလာချိန်မှာတော့ ဘယ်သူကမှ သူ့ကို လျစ်လျူမရှုရဲ့ကြတော့ဘူး။

သူတို့တွေ အံ့အားသင့်နေချိန်မှာ ကွေ့ဟွားက ပဲမုန့်လုံးကို ဝမ်စုဖန်းရဲ့လက်ထဲသို့ ထည့်ပေးခဲ့ပြီး အသားဘန်းမုန့်ရဲ့လက်ကို ဆွဲကာ အိမ်ထဲသို့ ဝင်သွားခဲ့တယ်။ ထို့နောက် အိမ်ထဲမှာရှိနေတဲ့ ဝက်သတ်ဓားကို ထုတ်ယူပြီး ပြန်ထွက်လာခဲ့တယ်။

လီမိသားစုရဲ့ မျိုးဆက်သုံးဆက်လုံးက အလွန်လေးနက်နေကြပြီး ဝံပုလွေခွေးနှစ်ကောင်ကလည်း သူတို့ကို ဒေါသတကြီး စိုက်ကြည့်နေတာကိုတွေ့လိုက်ရတော့ ကျန်းသယ်ဖူတစ်ယောက် ခဏတာလောက် အသက်ရှူရပ်သွားသလို ခံစားလိုက်ရတယ်။

သူက တံတွေး မျိုချလိုက်ပြီး သူ့ရဲ့အသံကလည်း အနည်းငယ် တုန်လှုပ်နေခဲ့တယ်။

“ကောင်းပြီ.. ငါတို့က နှစ်ပေါင်းများစွာ အိမ်နီးချင်းတွေ ဖြစ်လာခဲ့ကြတာ၊ ငါ မင်းတို့နဲ့ တစ်ယောက်မျက်နှာကိုတစ်ယောက်မကြည့်နိုင်တာမျိုး မဖြစ်သွားချင်ဘူး.. ဒီတော့ မင်းတို့ ငါ့ကို ငါးယွမ်နဲ့ ပြောင်းနှံတစ်ထုပ်ပဲ ပေးလိုက်.. အဲဒါကို ရပြီးတာနဲ့ ငါချက်ချင်း ထွက်သွားပေးမယ်”

မဒမ်လီက အထင်အမြင်သေးစွာ ပြုံးလိုက်တယ်။

“ ကျန်းသယ်ဖူ..ကျန်းသယ်ဖူ.. မင်းကိုကြည့်လိုက်ဦး.. မင်းရဲ့အသက်က အခု လေးဆယ်ကျော်နေပြီ.. ဒီလိုမျိုး အရှုပ်အထွေးတွေလုပ်ပြီးသူများဆီကနေ လိုက်တောင်းနေရတာကို ခုချိန်ထိ မရှက်သေးဘူးလား..

မင်းသာ နည်းနည်းလောက် အလုပ်ကြိုးစားပြီး သစ်တွေ ဆွဲခဲ့မယ်ဆိုရင် တစ်လကို ယွမ် လေးဆယ်၊ ငါးဆယ်လောက်တောင်ရနိုင်တယ်

အခုလိုမျိုး တစ်နေ့လုံး လူတွေကို လှည့်စားတာထက် ပိုမကောင်းဘူးလား”

ကျန်းသယ်ဖူက ငယ်စဉ်ကတည်းက ပျင်းရိတဲ့လူပဲ။ ဒီလိုစကားမျိုးကိုသာ နားထောင်နိုင်မယ်ဆိုရင် သူ့ရဲ့မိသားစုက လူဆိုးတွေ ဖြစ်လာမှာ မဟုတ်ဘူး။

သူက သူ့ရဲ့လက်ထဲမှ တုတ်ကိုလှုပ်ရမ်းကာ ရှေ့သို့ ခြေတစ်လှမ်းတိုးလာတယ်။

“အဖွားကြီးလီ.. ကျုပ်က ခင်ဗျားရဲ့စကားတွေနားထောင်ဖို့ ဒီကိုရောက်လာတာမဟုတ်ဘူး၊ အချိန်တွေ ဆွဲမနေစမ်းနဲ့.. ကျုပ်တို့အားလုံး နေ့ခင်းဘက်အလုပ်သွားကြရမှာ ၊ဘယ်သူကမှ အားလပ်နေတာမဟုတ်ဘူး.. ဒါပေမယ့် ခင်ဗျားက အဲဒီကရမဲ့ ပိုက်ဆံတွေကိုလည်း ပေးချင်တယ်ဆိုရင်တော့ ကျုပ်တို့က မငြင်းဘူးနော်”

သူ့ရဲ့စကားဆုံးတာနဲ့ ကြက်သားနှပ်က အသိုက်ထဲမှ ထွက်လာပြီး အနီးသို့ တစ်လှမ်းချင်း လျှောက်လာခဲ့တယ်။ အိမ်ထောင်စုတိုင်းနီးပါးမှာ ကြက်တွေမွေးထားတာဖြစ်လို့ ဘယ်သူကမှ သူ့ကို ဂရုမစိုက်ကြဘူး။

ကြက်သားနှပ်က ကျန်းသယ်ဖူရဲ့ဘေးသို့ တရွေ့ရွေ့တိုးသွားခဲ့ပြီး သူ့ရဲ့အနားကိုရောက်တော့ တောက်ပံတွေကို အရှန်အဟုန်နဲ့ ခတ်ပြီး ခုန်လိုက်ကာ ကျန်းသယ်ဖူရဲ့ လက်ကို အားအပြည့်နှင့် ကြမ်းတမ်းစွာ ထိုးဆိတ်ခဲ့တော့တယ်။ သူ့ရဲ့နှုတ်သီးက အလွန်ချွန်မြတာကြောင့် သွေးတွေက ချက်ချင်း စီးကျလာလေတယ်။

ကျန်းကျန်း ဒါကိုမြင်တော့ ပြုံးပြီး ပြောလိုက်တယ်။

“ကြက်သားနှပ်.. နင်က အရမ်းဝနေတာကိုး.. မဟုတ်ရင် ဒီထက် အမြင့်ကို ခုန်နိုင်လောက်မှာ”

ကြက်သားနှပ်က သူ့ရဲ့ခေါင်းကို မြှောက်ကာ တစ်ချက်အော်လိုက်ပြီး ကျန်းသယ်ဖူဆီကို နောက်တစ်ကြိမ် အရူးအမူး ထိုးဆွပြန်တယ်။ ကျန်းသယ်ဖူက ကြက်သားနှပ်ကို လက်ထဲမှ တုတ်နဲ့ ရိုက်နှက်ဖို့ ဟန်ပြင်လိုက်တယ်။ ထိုအချိန်မှာ လီမင်ကျုံးနှင့် ထျန်းဟူတို့က အပြေးဝင်လာကြပြီး ကျန်းသယ်ဖူရဲ့ လက်ထဲမှ ထူထဲတဲ့တုတ်က သူတို့တွေ တစ်ကိုက်ကိုက်လိုက်ရုံနဲ့ အစိတ်စိတ်ကွဲကြေသွားခဲ့တယ်။

အချိန်ခဏအတွင်းမှာ ကြက်တစ်ကောင် ၊ ခွေးနှစ်ကောင်နှင့် ကျန်းသယ်ဖူ ဦးဆောင်လာတဲ့ လူတွေက ရောထွေးနေခဲ့ကြတယ်။ ကျန်းသယ်ဖူရဲ့ ညီဖြစ်တဲ့ ကျန်းသယ်ဟိုင်က ရုန်းရင်းဆန်ခတ်ဖြစ်နေမှုကို အခွင့်ကောင်းယူပြီး ကျန်းကျန်းဆီသို့ ပြေးလာကာ သူမရဲ့လည်ပင်းကို ဆုတ်ကိုင်ဖို့ လုပ်ခဲ့တယ်။

သို့ပေမယ့် ကျန်းကျန်းက သူ့ရဲ့ ဗိုက်ထဲမှာ အားပြင်းပြင်းနှင့် ထိုးနှက်လိုက်လေတယ်။ ကျန်းသယ်ဟိုင်တစ်ယောက် သူ့ဗိုက်ကိုလက်နဲ့ဖိကာ ခါးကို ကိုင်းညွတ်လိုက်မိပြီး နာကျင်လွန်းတာကြောင့်သူ့ရဲ့မျက်နှာက အရောင်ပြောင်းသွားခဲ့တယ်။

မဒမ်လီကလည်း ဒီအခွင့်အရေးကိုယူကာ သူမရဲ့ခါးမှ ဆေးတံကို ထုတ်ကာ ကျန်းသယ်ဟိုင်ရဲ့ခေါင်းကို နှစ်ချက်ရိုက်လိုက်ပြီး သွေးတွေထွက်လာစေခဲ့တယ်။

သူတို့တွေက အရှိန်အဟုန်ပြင်းစွာ ဝင်လာခဲ့ကြပေမဲ့ မိနစ်ပိုင်းအတွင်းမှာပဲ သွေးတွေနဲ့ စိုချွဲသွားရတယ်။ ကျန်းသယ်ဟိုင်က သူ့ရဲ့အစ်ကိုကြီးနှစ်ယောက်နဲ့ အကြီးဆုံးတူလေးတို့ရဲ့ ခြေထောက်တွေက အကိုက်ခံရပြီး သွေးတွေ ထွက်နေပြီဆိုတာကို တွေ့လိုက်ရတယ်။ သူက ပိုလို့တောင် ကြောက်ရွံ့သွားခဲ့ပြီး တံခါးဝကို ထွက်ပြေးတော့တယ်။

ကျန်းမိသားစုဟောင်းမှလူတွေက မူရင်းဗီဇကတည်းက လူယုတ်မာတွေဖြစ်ပြီး တစ်ယောက်ချင်းစီတိုင်းက တခြားလူထက် ပိုမိုဆိုးသွန်းကာ ဆင်းရဲဒုက္ခခံရမှာကို ကြောက်ကြတယ်။ ဒါကြောင့် ကျန်းသယ်ဟိုင် ထွက်ပြေးသွားတာကိုမြင်လိုက်ကြပြီးနောက် လူတိုင်းက နောက်ကနေ အမြန်လိုက်သွားခဲ့ကြပြီး မျက်စိတစ်မှိတ်အတွင်း ကျန်းသယ်ဖူကို တစ်ယောက်တည်း နောက်မှာချန်ထားခဲ့ကြတယ်။

ကျန်းသယ်ဖူက ထိတ်လန့်သွားရပြီး အနောက်သို့ ခြေလှမ်းနှစ်လှမ်းလောက်ဆုတ်လိုက်မိပေမဲ့ ဒီအတိုင်း ထွက်ပြေးရမယ်ဆိုရင် အလွန်ရှက်စရာကောင်းလိမ့်မယ်လို့ ခံစားလိုက်ရတယ်။ သို့ပေမယ့် သူ့အနေနဲ့ အရှေ့ကိုဆက်တိုးဖို့အတွက် တကယ်ကိုသတ္တိမရှိတော့ဘူး။

လီမိသားစုဟောင်းက ရှုပ်ထွေးဖို့အတွက် လုံးဝ မလွယ်ကူလှဘူး။ သူတို့တွေ မွေးမြူထားတဲ့ တိရစ္ဆာန်တွေတောင်မှ တခြားတိရိစ္ဆာတွေထက် သာလွန်နေခဲ့တယ်။

သူ့ရဲ့ ခြေထောက်မှ ဒဏ်ရာတွေကို ခံစားနေရတာကြောင့် ကျန်းသယ်ဖူ ထပ်မံပြီး အချိန်မဆွဲရဲတော့ပဲ အုံ့မှိုင်းစွာ အော်ဟစ်လိုက်တယ်။

“မင်းတို့တွေ ငါ့ကို စောင့်နေလိုက်ကြ!”

ထို့နောက်မှာ နောက်ကိုလှည့်ပြီး ပြေးသွားတော့တယ်။ သို့ပေမယ့် ခြေလှမ်းအနည်းငယ်လောက်တောင် မပြေးရသေးခင်မှာ တံခါးခုံးကို ခလုပ်တိုက်မိပြီး မြင်းကြီးတစ်ကောင်လိုမျိုး ဘိုင်းခနဲမြည်အောင် လဲကျသွားခဲ့ကာ ရွံ့အလူးလူးနှင့် ဖြစ်သွားရလေတယ်။

ခြံဝင်းထဲမှ ကြည်လင်တဲ့ ရယ်မောသံလေးတစ်ခုထွက်လာခဲ့ပြီး ကျန်းကျန်းက သူမရဲ့ ဗိုက်ကိုလက်နဲ့ဖိရင်း ရယ်မောနေခဲ့တယ်။ ကွေ့ဟွားကတော့ ခြံထဲမှ ရေဇလုံထဲကို ရေနှစ်ခွက်လောင်းထည့်လိုက်ပြီး အသံကျယ်ကျယ်နဲ့ပြောခဲ့တယ်။

“ဟုန်ကျုံး ၊ ထျန်းဟူ ဒီကိုလာခဲ့ကြ.. မင်းတို့ပါးစပ်ကို ဆေးရမယ်.. မင်းတို့က ညစ်ပတ်တဲ့ အမှိုက်တွေကို ကိုက်မိထားကြတာ.. အဲဒါတွက ရွံစရာကောင်းတယ်”

လီမင်ကျုံးက သူသဘောတူကြောင်း ပြောချင်တဲ့အတိုင်း ချက်ချင်းပဲ နှစ်ကြိမ်လောက်ဟောင်လာတယ်။ ကျန်းသယ်ဖူ လဲကျနေရာမှ ပြန်ထလာချိန်မှာ ခွေးဟောင်သံကိုကြားလိုက်ရတာကြောင့် သူ့ရဲ့ ခြေထောက်တွေက ပျော့ခွေသွားရပြီး အချိန်မဆိုင်းဘဲ ထွက်ပြေးသွားလေတော့တယ်။

ကျန်းကျန်းက လီမင်ကျုံးရဲ့ ခေါင်းကို ပွတ်သပ်ပြီး ချီးကျူးလိုက်တယ်။

“မင်းတ ဒီနေ့ အလုပ်ကောင်းကောင်း လုပ်ခဲ့တာပဲ.. နောက်ပြီး ထျန်းဟူကလည်း အတော်လေးဥာဏ်ကောင်းလာပြီ.. ငါ ဒီနေ့ တောင်ပေါ်ကိုသွားပြီး ယုန်သွားဖမ်းလိုက်မယ်.. ပြီးရင် နင်တို့နှစ်ယောက်အတွက် စတူးချက်ပေးမယ်”

လီမင်ကျုံးက ချက်ချင်းဆိုသလို ဟောင်လာခဲ့တယ်။ မဒမ်လီနှင့် ကွေ့ဟွားတို့ရဲ့နားထဲမှာ ခွေးဟောင်သံကိုသာ ကြားလိုက်ရပေမယ့် ကျန်းကျန်းရဲ့နားထဲမှာတော့ :

“ဘာလို့ ယုန်လဲ.. ယုန်က ငါ့ရဲ့သွားကြားထဲမှာ ကပ်ဖို့ မလုံလောက်ဘူး၊ တောဝက်တစ်ကောင်လောက် သွားဆွဲရအောင်လေ”

ကျန်းကျန်း သူ့ရဲ့ ခေါင်းကို ပုတ်လိုက်ပြီး အဘွားလီနှင့် တခြားလူတွေ အခန်းထဲသို့ ဝင်သွားတဲ့အထိစောင့်ပြီးမှ ပြန်ပြောလိုက်တယ်။

“အခုက အပြင်ဘက်မှာ အရမ်းရှုပ်ထွေးနေပြီ၊ တောဝက်ကြီးကို ပြန်ဆွဲရမယ်ဆိုရင် ပေါ်လွင်လွန်းနေလိမ့်မယ်.. မင်း ခဏလောက် သည်းခံနေလိုက်ဦး”

လီမင်ကျုံးက စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းငုံ့လိုက်ပြီးနောက် ကျန်းကျန်းရဲ့ လက်ကို ခေါင်းနဲ့တိုးဝှေ့ပြီး စျေးဆစ်ဖို့ ကြိုးစားပြန်တယ်။

“ဒါဆို ငါ စတူးချက်ထားတာကို နှစ်ကောင် စားချင်တယ်!”

ကျန်းကျန်း ပြုံးလိုက်တယ်။

“ကိစ္စမရှိဘူး”

ဆုလာဘ်အနေနဲ့ စားစရာတစ်ခုခုရှိလိမ့်မယ်ဆိုတဲ့ စကားတွေကို ကြားတော့ ကြက်သားနှပ်ကလည်း ချက်ချင်းပြေးထွက်လာပြီး သူ့ရဲ့အင်အားကို ပြသဖို့ရန်အတွက် သူ့ရဲ့ အတောင်ပံတွေကို ဖြန့်ကားလာခဲ့တယ်။

ကျန်းကျန်း သူ့ရဲ့ခေါင်းကို အသာ ဖိလိုက်တယ်။ ကြက်သားနှပ်က ခဏလောက် သည်းခံနေခဲ့ပေမဲ့ ချက်ချင်းဆိုသလိုပဲ မြေပြင်ပေါ်မှာ သူ့အတွက် စားစရာတွေအများကြီးရှိတာကို တွေ့လိုက်ရတော့ အလျှင်အမြန် ရုန်းထွက်လိုက်တော့တယ်။

သူ့ရဲ့ရှေ့မှာ နှံကောင်တစ်ဒါဇင်လောက်ရှိနေပြီဖြစ်လို့ သူက အလွန်ပျော်ရွှင်နေခဲ့ပြီး သူ့ရဲ့ ခြေထောက်နဲ့ဖိရင်း ပျော်ရွှင်စွာ စားသောက်တော့တယ်။

ရာသီဥတုက တနေ့ထက်တနေ့ ပိုပြီးအေးလာပြီဖြစ်ပေမဲ့ လီမိသားစုရဲ့အိမ်မှ ဆန်အိုးနှင့် ဂျုံအိုးတွေကတော့ပုံမှန်အတိုင်းပြည့်နေခဲ့တယ်။

မြေအောက်ခန်း နှစ်ခုမှာလည်း ဂေါ်ဖီ၊ အာလူး နှင့် မုန်လာဥတွေ ပြည့်နေသေးပြီး အိမ်ခေါင်မိုးမှာတော့ အခြောက်ခံထားတဲ့ပဲစေ့တွေနဲ့ ပြည့်နေတယ်။

ကျန်းကျန်းက တော်ဝင်မြို့တော်ရဲ့အစွန်အဖျားမှ တောင်တန်းတစ်ခုကိုရှာဖွေတွေ့ရှိခဲ့တယ်။ အနီးအနားပတ်ဝန်းကျင်မှာ ရွာတွေ မရှိတာကြောင့် ဒီနေရာက အလွန်အမင်း ငြိမ်သက် အေးချမ်းနေပုံရတယ်။

ကျန်းကျန်း သူမရဲ့ အသိစိတ်နဲ့ လှည့်ပတ်ကြည့်လိုက်တော့ တောင်ရဲ့အလယ်လောက်မှာ တောင်တန်းတွေနဲ့ကာရံထားတဲ့ လျိုမြောင်တစ်ခုရှိနေတာကိုပါ ရှာတွေ့ခဲ့တယ်။ ဒါက သိပ်ပြီးမကြီးမားပေမဲ့လည်း အတော်လေးပြန့်ပြူးနေခဲ့တယ်။

ကျန်းကျန်း ထိုနေရာကို သူမရဲ့နေရာလွတ်နှင့်ဆင်တူအောင် ပြုပြင်ပေးခဲ့ပြီး ဝင်ထွက်နိုင်ရန်အတွက် တောင်ခြေရင်းနားမှာ အလွန်အမင်းကျဉ်းမြောင်းပြီး ရှာရခက်တဲ့လမ်းတစ်ခုကို ချန်ထားခဲ့တယ်။

အရာအားလုံးကို ဖြေရှင်းပြီးသွားတော့ ကျန်းကျန်းက သစ်ပင်သုံးပင်ကို ခုတ်လှဲလိုက်ပြီး သူမရဲ့လက်ကို မြှောက်လိုက်ချိန်မှာ ချက်ချင်းပဲကြီးမားတဲ့ ထင်းပုံကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့တယ်။

ထို့နောက် သူမက ဝမ်မင် ညဘက်မှာနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတာကို အခွင့်ကောင်းယူပြီး အိမ်ကြီးကို တိတ်တဆိတ် ရွှေ့ပေးလိုက်တယ်။ အိမ်က ခဏလောက် လှုပ်ရှားသွားခဲ့တာကြောင့် ဝမ်မင်လည်း အိပ်ပျော်နေရာမှ လန့်နိုးလာခဲ့ကာ ကြောင်တက်တက်နှင့် ထရပ်ပြီး အပြင်ကို လှမ်းကြည့်လာတယ်။

ရင်းနီးနေတဲ့ ကြယ်စုံလင်တဲ့ ကောင်းကင်ယံဖြစ်ပြီး မှောင်မည်းတဲ့ တောင်တန်းတွေကြားမှာပဲရှိနေသေးတယ်။ ဒါကြောင့် ဝမ်မင်က သမ်းဝေပြီး ဆက်အိပ်ဖို့ အိပ်ရာထဲသို ပြန်ဝင်သွားခဲ့တယ်။

All Chapters