← Chapters

အခန်း (၁၃၄)

Vol. 14 Ch. 134

အခန်း (၁၃၄)

Vol. 14 Ch. 134

နောက်နေ့မနက်မှာတော့ ဝမ်မင် အိပ်ရာထပြီး သူ့အတွက်သူ မနက်စာ ချက်ပြင်ဆင်နေချိန်မှာ ကျန်းကျန်းက နေ့စဥ်ထုတ် သတင်းစာကိုကိုင်ကာ အပြုံးလေးနှင့်ဝင်လာခဲ့တယ်။

“ရှစ်ဖူ.. နိုးပြီလား၊ ဘယ်လိုနေသေးလဲ”

“အရမ်းကောင်းတယ်”

ဝမင်မင်က ခေါက်ဆွဲပန်းကန်ကို လက်တစ်ဖက်က ကိုင်ကာ နောက်တစ်ဖက်က အသီးအရွက်ချဉ်တွေထည့်ထားတဲ့ပန်းကန်ကို ကိုင်ပြီး မေးလာတယ်။

“မနက်စာစားပြီးပြီလား.. မစားရသေးရင် အတူတူစားရအောင်လေ”

“သမီး စားပြီးခဲ့ပြီ”

ကျန်းကျန်း အလျှင်အမြန် ပြန်ပြောလိုက်တယ်။

“အခုက ရာသီဥတု ပိုပြီးအေးလာပြီဆိုတော့ ရှစ်ဖူ အပူပေးမီးဖိုမှာ မီးဖိုပြီး နေသင့်တယ်နော်...”

ကျန်းကျန်း ဧည့်ခန်းထဲမှ လှပပြီးလက်ရာမြောက်တဲ့ မီးလင်းဖိုကို ညွှန်ပြလိုက်တယ် ။

“သမီး ပတ်ပြီးကြည့်ပြီးပြီး အထပ်တိုင်းစီက မီးဖိုတွေက အခန်း တစ်ခန်းချင်းစီရဲ့ အပူပေးစနစ်နဲ့ ချိတ်ဆက်ထားတာလေ.. မနေ့ညတုန်းက သမီးရဲ့အဖေက ထင်းတွေအများကြီး ယူလာပြီး ရှစ်ဖူအတွက် အပြင်ဘက်မှာရှိတဲ့ တဲမှာ ထားပေးထားတယ်.. ရှစ်ဖူလိုချင်တဲ့အချိန်တိုင်း ယူသုံးလို့ရတယ်”

ဝမ်မင်က ထိုစကားတွေကိုကြားတော့ အားတုံ့အားနာခံစားနေရတယ်။

“မင်းတို့နှစ်ယောက်ကို ထပ်ပြီး ဒုက္ခပေးမိပြန်ပြီ၊ ငါမင်းတို့ကို ဘယ်လိုပြန်ပေးဆပ်ရမလဲဆိုတာတောင် မသိတော့ဘူး”

ကျန်းကျန်းက ပြုံးပြီး ခေါင်းခါကာ ပြောလိုက်တယ်။

“ တခြားသူတွေဆီက ကျေးဇူးပြန်ဆပ်တာကို မျှော်ကိုးပြီး ကူညီပေးတာမျိုး မလုပ်ရဘူးတဲ့.. အဖွားက သမီးကို သင်ပေးထားတယ်”

ကျန်းကျန်းက ဝမ်မင်ကို ကြည့်ရင်း စကားတွေကို အလျင်စလိုလွှဲလိုက်တယ် ။

“စကားမစပ် ရှစ်ဖူ.. သမီးအဖေက ပြောတယ်.. နောက်ထပ် ပုန်းဖို့နေရာအရေးတကြီးလိုအပ်နေတဲ့ လူသုံး၊လေးယောက်ရှိသေးတယ်တဲ့.. သူတို့ ဒီမှာ လာနေမယ်ဆိုရင် ရှစ်ဖူ စိတ်မရှိဘူးမလား”

ဝမ်မင်က အလျှင်အမြန် ပြောလာတယ်။

“ဒါက မင်းတို့ပိုင်တဲ့နေရာပဲလေ.. ငါ့ကို ဒီမှာနေခွင့်ပေးထားတာကိုပဲ အရမ်းကျေးဇူးတင်နေပါပြီ၊ လူတွေ ထပ်လာမှာကို သေချာပေါက် ဂရုမစိုက်ဘူးပေါ့.. နောက်ပြီး ပြောစရာတောင်မလိုဘူး၊ စကားပြောဖို့ တစ်ယောက်ယောက်ရှိနေရင် ပိုပြီးအသက်ဝင်နေမှာပဲ. ပျင်းရိမနေရတော့ဘူး “

ကျန်းကျန်းက တစ်ဖက်လူရဲ့ ပျော်ရွှင်ပီတိဖြစ်ဟန်အမူအရာကိုကြည့်ကာ ရှက်ရွံ့စွာနဲ့ ခေါင်းကို ကုတ်လာခဲ့တယ်။

“သမီးရဲ့အဖေက အခြေအနေအကြောင်းကို သိရဖို့လောက်ပဲ တိတ်တိတ်လေးမေးခိုင်းသေးတာ.. ဒါပေမယ့် တဖက်ကလူတွေက သမီးတို့ရဲ့အကြောင်းကို မသိတဲ့သူတွေတော့ သမီးတို့နဲ့မလိုက်ရဲမှာကို စိတ်ပူသေးတယ်တဲ့..

အဲဒါ ရှစ်ဖူက တစ်နိုင်ငံလုံးကသိတဲ့ နာမည်ကြီး စာပေပညာရှင်ဆိုတော့ သမီးတို့ကို ကူညီပေးနိုင်မလား၊ မှတ်စုနည်းနည်းလောက်ရေးပြီး အဲဒီလူတွေကို ရှစ်ဖူက ဖိတ်တဲ့အကြောင်း ပြောပေးလေ”

ဝမ်မင်က ခဏလောက်စဉ်းစားပြီးမှ ကျန်းကျန်းရဲ့ ရဲ့စိုးရိမ်မှုတွေကို နားလည်သဘောပေါက်သွားခဲ့တယ်။ တကယ်လို့ သူသာ သေဖို့ မဆုံးဖြတ်ထားဘူးဆိုပြီး သူလည်း ကျန်းကျန်းကို လွယ်လွယ်နဲ့ယုံခဲ့မှာမဟုတ်ဘူး။

အဆုံးမှာ စစ်ပွဲတွေရဲ့အစောပိုင်းနှစ်တွေမှာ ကလေးတွေကလည်း လူတွေကိုသတ်တဲ့လက်နက်တစ်ခုဖြစ်လာနိုင်တယ်လေ။

ဒီအိမ်ထဲမှာ လအနည်းငယ်ကြာအောင်နေပြီးတဲ့နောက်မှာ ဝမ်မင်က ကျန်းကျန်းနဲ့ ပြောဆိုဆက်ဆံရင်း သူတို့တွေက သူ့ကိုကူညီချင်ရုံသက်သက်သာဖြစ်ပြီး တခြားရည်ရွယ်ချက်တွေမရှိဘူးဆိုတာကို သေချာလာခဲ့တယ်။ ဒါကြောင့် သူက ကျန်းကျန်းကို ကူညီပြီး မှတ်စုတွေ ရေးပေးခဲ့တယ်။

ထိုနေ့မှာပဲ ကျန်းကျန်းက နောက်ထပ်လူလေးယောက်ကို ဖန်းအစောင့်အရှောက်တွေ လက်ထဲကနေ ကယ်ထုတ်လာခဲ့ပြီး လူသူကင်းမဲ့တဲ့ တောင်ပေါ်ကို ထွက်ပြေးဖို့ခေါ်ယူခဲ့တယ်။

ကျန်းကျန်းက လူတစ်ယောက်လောက် မြင့်တဲ့ ပေါင်းပင်တွေကို တွန်းဖယ်လိုက်ပြီး သူတို့လေးယောက်ကို အကွေ့အကောက်တွေ အများကြီးရှိနေတဲ့ လျိုမြောင်တွေကို ဖြတ်သန်းကာ ခိုလှုံရာနေရာဆီသို့ ရောက်အောင်ဦးဆောင်ခဲ့တယ်။

လူလေးယောက်က မနီးမဝေးမှ လှပတဲ့ အနောက်တိုင်းပုံစံ အဆောက်အဦးတစ်ခုကို မြင်တွေ့လိုက်ရပြီး သူတို့ရဲ့ ခြေထောက်အောက်မှ မြက်ပင်တွေကလည်း အဝါရောင်ပြောင်းသွားပြီး ခြောက်သွေ့နေတာကြောင့် လမ်းလျှောက်တဲ့အချိန်မှာ အသံတွေထွက်လာခဲ့တယ်။

ပန်းသီးပင်နှစ်ပင်က အနောက်တိုင်းပုံစံ အဆောက်အအုံရဲ့ဘေးတစ်ဖက်တစ်ချက်စီမှ ပေါက်ရောက်နေခဲ့ပြီး အကိုင်းအခက်တွေမှာလည်း လေးလံတဲ့ ပန်းသီးတွေနှင့်ပြည့်နေတယ်။

ခြံဝင်းထဲမှာတော့ ကြက်မအနည်းငယ်က ခေါင်းငုံ့ပြီး အစာတွေရှာဖွေစားနေခဲ့ကြကာ ငှက်သုံး၊လေး၊ငါးကောင်လောက်က မလှမ်းမကမ်းမှာ တွန်ကြူးနေခဲ့ကြပြီး သာယာအေးချမ်းတဲ့ မြင်ကွင်းတစ်ခုကိုဖြစ်စေခဲ့တယ်။

လူလေးယောက်ရဲ့ တစ်နေ့တာလုံး တင်းမာနေခဲ့ကြတဲ့ နှလုံးသားက နောက်ဆုံးမှာဆော့ ပြေလျော့သွားခဲ့ပြီ။ သူတို့တွေ တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြတော့ လူတိုင်းရဲ့မျက်နှာပေါ်မှ စိတ်သက်သာရာရမှုကို တွေ့လိုက်ကြတယ်။

အနောက်တိုင်းပုံစံ အဆောက်အအုံရဲ့ တံခါးက တွန်းဖွင့်ခံလိုက်ရပြီးနောက် ဒုတိယထပ်ရဲ့ စာကြည့်ခန်းထဲမှာရှိနေတဲ့ ဝမ်မင်က အသံတွေကိုကြားတော့ အိမ်ထဲမှ ထွက်လာခဲ့တယ်။ သူက တစ်ဖက်လူတွေကိုမြင်တော့ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ အံ့အားသင့်စွာနှင့် လူတိုင်းရဲ့နာမည်ကို အော်ခေါ်လိုက်မိတယ်။

ကျန်းကျန်း ပြန်ခေါ်လာတဲ့ လူလေးယောက်မှာ တစ်ယောက်က နာမည်ကြီး ပန်းချီဆရာ စုဝေ့ရန်ပဲ။ သူ့ရဲ့ဂန္တဝင်ပန်းချီကားတွေကို နောက်ပိုင်းမျိုးဆက်တွေဆီမှာ ဒေါ်လာသန်းရာနဲ့ချီပြီး ရောင်းလေ့ရှိတယ်။ ကျန်းကျန်းကတော့ သူ့ကို နိုင်ငံတော်ရဲ့ရတနာလို့ သေချာပေါက်ခံစားမိတယ်။

နောက်တစ်ယောက်ကတော့ ပီကင်းအော်ပရာပညာရှင် ရှဲ့ရှူးရန်ပဲ။ ရှဲ့ရှူးရန်ရဲ့အဖေက တရုတ်ပြည်သူ့သမ္မတနိုင်ငံအဖြစ် အပြောင်းအလဲကာလအတွင်းမှာ နာမည်အကြီးဆုံးသူဖြစ်ခဲ့ပြီး ရှူးရန်က သူ့ရဲ့အငယ်ဆုံးသားဖြစ်ဖြစ်ကာ အလွန်အမင်းထူးချွန်ရုံသာမကဘဲ အဖေဖြစ်သူရဲ့အမွေအစစ်အမှန်ကိုပါ ရရှိထားခဲ့တယ်။

သူက ငယ်ရွယ်စဉ်အချိန်ကတည်းက နိုင်ငံအတွင်းမှ နာမည်အကြီးဆုံးအော်ပရာသရုပ်ဆောင်လေးယောက်ထဲမှ တစ်ဦးဖြစ်လာခဲ့တယ်။

နောက်တစ်ယောက်မှာရှေးဟောင်းသုတေသနပညာရှင်ဖြစ်ပြီး တစ်ချိန်တည်းမှာ များစွာသော ကဗျာစာပေများကို ရေးသားခဲ့တဲ့ပညာရှင်ဖြစ်နေခဲ့ကာ နောက်ပိုင်းမှာ သူ့ရဲ့ကဗျာစုဆောင်းမှုများစွာက ကမ္ဘာတစ်ဝန်းလုံးကို ပျံ့နှံ့ခဲ့ပြီး ဂန္တဝင်တစ်ယောက်ဖြစ်လာခဲ့တယ်။

နောက်ဆုံးတစ်ယောက်ကတော့ ခွမ်းချီအော်ပရာကို ကောင်းစွာ ကျွမ်းကျင်တဲ့ ပီကင်းအော်ပရာ ပညာရှင် ယန်ပေါင်ကျူးဆိုတဲ့ အမျိုးသမီးပဲ။ သူမက ရှဲ့ရှူးရန်ရဲ့ အဖေဆီမှာ အလုပ်သင်တပည့်ဖြစ်ပြီး ရှဲ့ရှူးရန်က သူမကို ရှစ်ကျဲလို့ ခေါ်ဆိုခဲ့တယ်။

သူတို့အားလုံး အလွန်အမင်း စိတ်ဓာတ်ကျနေခဲ့ကာ ကိုယ့်ကိုယ်ကိုယ် အဆုံးသတ်ဖို့အတွက် သေတမ်းစာ ရေးသားဖို့ လုပ်ရတော့မလားလို့တောင် တွေးတောမိနေစဉ်မှာ ကျန်းကျန်းဆီမှ မှတ်စုစာတစ်စောင်ကို တွေ့ရှိခဲ့ကြတယ်။

တကယ်လို့ ကိုယ်တိုင်ရေးမှတ်စုနှင့် အကျွမ်းတဝင်ရှိလွန်းတဲ့ လက်မှတ်ကိုသာ မမြင်ခဲ့ဘူးဆိုရင် သူတို့တစ်ခါမှ မမြင်ဖူးခဲ့တဲ့ ကလေးတစ်ယောက်နှင့် ဘယ်တော့မှ လိုက်လာလိမ့်မှာ မဟုတ်ဘူး။

သူတို့ လေးယောက် ဆိုဖာပေါ်မှာ ထိုင်လိုက်ကြပြီး ပင်ပန်းနွမ်းနယ်နေတဲ့ ခန္ဓာကိုယ်တွေက တင်းထားတဲ့စိတ်ပြေလျော့သွားချိန်မှာ တစ်ကိုယ်လုံးမှ နာကျင်မှုတွေကို ခံစားလာရတယ်။

သူတို့ထက် အချိန်စောပြီး ရောက်ရှိထားခဲ့တဲ့ ဝမ်မင်က သူ့ရဲ့ အတွေ့အကြုံတွေနဲ့ ချက်ချင်းပြောလာခဲ့တယ် ။

“မင်းတို့တွေ ရေနွေးနွေးနဲ့ သွားချိုးလိုက်ကြလေ.. ပြီးသွားရင် ညစာ ကောင်းကောင်းလေးစားပြီး စောစောအနားယူပြီး အိပ်လိုက်ကြ”

ရေချိုးခန်းထဲမှာရှိတဲ့ ရေတွေက ရေနွေးတွေပဲ။ ကျန်းကျန်း နေရာလွတ်ထဲမှာရှိနေတုန်းက သူမက ရေပူစမ်းရေကို ဖန်တီးအသုံးပြုပြီး ရေချိုးဖို့ ပြင်ဆင်ထားခဲ့တယ်။

သူမက အိမ်ကြီးကို ဒီနေရာသို့ ရွှေ့လိုက်တဲ့အချိန်မှာလည်း ရေချိုးခန်းနဲ့ဆက်သွယ်ထားတဲ့ရေပိုက်နှင့် တိုက်ရိုက်ချိတ်ဆက်ထားတဲ့ ရေပူစမ်းကိုပါ ပြောင်းရွှေ့လာခဲ့တယ်။

မီးဖိုချောင်ရှိ စားသောက်သုံးစွဲရန်အတွက် အသုံးပြုရတဲ့ရေကိုတော့ ဒီနေရာမှ တောင်ကျစမ်းရေနဲ့ အသုံးပြုထားပြီး ထိုရေက သန့်ရှင်းမှုအပြည့်ရှိရုံတင်မကဘဲ ကျန်းမာရေးနှင့်လည်း ညီညွတ်တယ်။

ဒါ့အပြင် သောက်သုံးမယ်ဆိုရင် လန်းဆန်းပြီး ချိုမြိန်မှုကိုပါ ခံစားရနိုင်လိမ့်မယ်။

အနောက်တိုင်းပုံစံအဆောက်အဦးရဲ့ ဒုတိယနှင့် တတိယထပ်တွေမှာ အိပ်ခန်းတွေ အများကြီးရှိတယ်။ စုဝေ့ရန် နှင့် တခြားသော ယောကျ်ားသားတွေက ဒုတိယထပ်မှ အခန်းတွေမှာ အခြေချနေထိုင်ဖို့ ရွေးချယ်ခဲ့ကြပြီး ယန်ပေါင်ကျူးကတော့ တတိယထပ်မှအခန်းတစ်ခန်းမှာ နေထိုင်ခဲ့တယ်။

ကျန်းကျန်း အနောက်တိုင်းပုံစံ အဆောက်အအုံရဲ့ အရံကောက်နှံတွေသိမ်းဆည်းထားတဲ့ ဂိုထောင်ကို စစ်ဆေးကြည့်လိုက်တယ်။ ဒီစံအိမ်ကြီးရဲ့ မူလပိုင်ရှင်က ဒေသခံ အာဏာရှင်အဖြစ် ရှိနေခဲ့တာက ကံကောင်းတာပဲ။

ထိုအရံကောက်နှံတွေသိမ်းဆည်းထားတဲ့ ဂိုထောင်ထဲမှာ ဆန်အိတ်များစွာနှင့် ဂျုံအိတ်တွေများစွာ စုပုံထားခဲ့တာကြောင့် ဒီလူနည်းစုအတွက် ဆောင်းရာသီအတွင်းမှာ စားသောက် လုံလောက်လိမ့်မယ်။

ဒီနေရာမှာ နေသားကျနေပြီးသားဖြစ်တဲ့ ဝမ်မင်က သူတို့ကို ဂရုစိုက်ပေးနေခဲ့တာကြောင့် ကျန်းကျန်း သူတို့ကို စိတ်ချလက်ချနဲ့ ချန်ထားခဲ့လိုက်တယ်။

သူမအနေနဲ့ လက်ရှိနေ့ရက်တွေမှာ တော်ဝင်မြို့တော် ၊ ထျန်ကျင်း မြို့တော်နှင့် ချုံချင်းမြို့တော်တို့မှာ နေ့စဉ်နှင့်အမျှ အလုပ်များနေပြီး ပစ္စည်းအများအပြားကို ဝယ်ယူကာ သိမ်းဆည်းစုဆောင်းနေခဲ့တယ်။

တစ်ခါတရံမှာ ဖန်းအစောင့်အရှောက်တွေ လုယူသွားတဲ့ တန်ဖိုးကြီးပစ္စည်းများကို မြင်တဲ့အချိန်တွေမှာ သူမက ထိုပစ္စည်းတွေ အားလုံးကို တိတ်တဆိတ် ပြန်ယူခဲ့ပြီး နေရာလွတ်ထဲမှ် သိမ်းထားလိုက်ကာ နောက်ပိုင်းမှာ နိုင်ငံတော်ကို ပြန်လည်လွှဲပြောင်းပေးဖို့ အဆင်သင့် ရှိနေခဲ့တယ်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ အရေးအခင်းကာလက နှစ်နှစ်တာကုန်လွန်သွားခဲ့ပြီဖြစ်ကာ နွေဦးပန်းတွေက နောက်တစ်ဖန် ဖူးပွင့်လာခဲ့ကြပြီ။

ကျန်းကျန်း မတိုင်ခင်က ပြောထားခဲ့တဲ့အတိုင်း လီမင်တုန်တစ်ယောက် စိုက်ပျိုးရေးကောလိပ်ကျောင်းအတွင်းမှာ နှစ်တစ်ဝက်ကျော်လောက် အလုပ်လုပ်ခဲ့ရပြီးတဲ့နောက် ယခင်စိုက်ပျိုးရေးကောလိပ်ကို အန်းပေ စိုက်ပျိုးရေးကျောင်းလို့ နာမည်ပြောင်းခဲ့ပြီး လီမင်တုန်သည်လည်း ထိုအန်းပေစိုက်ပျိုးရေးကျောင်းရဲ့ နဂိုနေရာမှာပဲ အလုပ်ပြန်လည် ခန့်အပ်ခံခဲ့ရတယ်။

ထို့နောက် နေရာအသီးသီးမှ စေလွှတ်ထားတဲ့ အလုပ်သမား၊ တောင်သူလယ်သမားတွေနှင့် စစ်သားတွေကို မြေဆီလွှာနှင့် ဓာတ်မြေသြဇာတွေအကြောင်းကို သင်ကြားပေးရန် ပြန်လည်စီစဉ်ပေးခံခဲ့ရတယ်။

ဒါ့အပြင် လီမင်တုန်က တစ်ယောက်တည်း နေထိုင်နိုင်တဲ့အိပ်ဆောင်ကိုလည်း တစ်ဖန်ပြန်လည် ရရှိခဲ့တယ်။

သူက သူ ကျောင်းဆရာတစ်ယောက်အဖြစ် ဆက်လက်လုပ်ကိုင်ရပြီဖြစ်ကြောင်း လူတိုင်းသိရှိစေဖို့အတွက် သူ့ရဲ့မိသားစုထံသို့ စာတစ်စောင် အလျှင်အမြန်ရေးသားခဲ့တယ်။

လီမင်နန်တစ်ယောက် အလုပ်မှ ပြန်လာစဥ်မှာ ထိုစာကိုရရှိခဲ့ပြီး မိသားစုတစ်ခုလုံးကို ခပ်မြန်မြန်ဖတ်ပြခဲ့တယ်။

လီမင်ပေက မဒမ်လီကို ထိတ်လန့်တကြားပုံစံနှင့်ကြည့်လာတယ်။

“အဖွား! အဖွားက အစွမ်းထက်လွန်းတာပဲ! ဒီလိုအခြေအနေဖြစ်လာမှာကို အတိအကျ ခန့်မှန်းနိုင်ခဲ့တယ်”

မဒမ်လီက သူမရဲ့မြေးဖြစ်သူကို ဂုဏ်မောက်တဲ့ အကြည့်ဖြင့် ကြည့်ရင်း ပြန်ပြောခဲ့လေတယ်။

“ဒီလိုသာ မဟုတ်ရင် ငါက မင်းရဲ့အဖွားဖြစ်နိုင်ပါ့မလား”

**

All Chapters