← Chapters

အခန်း (၁၃၇)

Vol. 14 Ch. 137

အခန်း (၁၃၇)

Vol. 14 Ch. 137

သူမရဲ့ အတိတ်ဘဝတုန်းက ထျန်းနန်နယ်ဆိုတာ ကမ္ဘာလှည့်ခရီးသည်များ လည်ပတ်ရာနေရာတစ်ခုဖြစ်ခဲ့ပြီး လူများစွာက တစ်နှစ်ပတ်လုံး ရက်ကန်းထည်တွေရက်လုပ်နေသလိုမျိုး ရှုပ်ထွေးနေတတ်လေ့ရှိတယ်။

သူမ တက္ကသိုလ်ဒုတိယနှစ်မှာတုန်းက သူမနှင့် အခန်းဖော်တွေနှင့် ထျန်းနန်သို့ ကိုယ်တိုင်လမ်းညွှန် ခရီးစဉ်တစ်ခု သွားခဲ့တယ်။ ထိုအချိန်တုန်းက သူမတို့တွေ ဝေးလံခေါင်သီတဲ့အရပ်မှာရှိတဲ့ မင်းမျိုးမင်းနွယ်တစ်ယောက်ရဲ့အိမ်ကိုလည်း သွားရောက်လည်ပတ်ခဲ့တယ်။

ထိုစံအိမ်တော်ကြီးကို နောက်ဆုံးပိုင်ဆိုင်ခဲ့တဲ့ ပိုင်ရှင်မှာ အလွန်ဆိုးရွားတဲ့အရာတွေကို လုပ်ကိုင်ခဲ့တဲ့ လူဆိုးလူမိုက်ဖြစ်ခဲ့တယ်လို့ ဆိုကြတယ်။ သူကို ဖမ်းမမိခင်တုန်းက သူ့အိမ်မှ ရွှေသေတ္တာပေါင်း ၃၀၀ ကို မြေအောက်ဥမင်လိုဏ်ခေါင်းတစ်ခုတူးဖော်ပြီး ဝှက်ထားခဲ့တယ်လို့ ကြားသိခဲ့ရတယ်။

ထိုဆိုးသွန်းတဲ့ဓားပြကို ဖမ်းဆီးခံပြီးနောက်မှာ အိမ်ကြီးလည်း စွန့်ပစ်ခံရပြီးနောက် ရွှေသေတ္တာ ၃၀၀ ကို ဝှက်ထားတဲ့နေရာကလည်း ပိုပြီး နက်နဲလာခဲ့တယ်။

ဒီဇာတ်လမ်းကို သိတဲ့လူတော်တော်များများက ဆယ်စုနှစ်အနည်းငယ်အတွင်း ရတနာတွေ လိုက်ရှာလာခဲ့ကြပြီး နေရာအနည်းငယ်ကိုလည်း ရှာဖွေတွေ့ရှိခဲ့ကြတယ်လို့ ပြောကြတယ်။ သို့ပေမယ့် အတွင်းထဲမှာ ဘာမှမရှိခဲ့ဘူး။ ရွှေတွေက ပျောက်ကွယ်သွားခဲ့တာလား ဒါမှမဟုတ် ရတနာအစစ်တွေထားတဲ့နေရာကို ရှာမတွေ့တာလားဆိုတာကိုတော့ ဘယ်သူမှမသိခဲ့ကြဘူး။

ထိုအချိန်တုန်းက ကျန်းကျန်းနှင့် သူမရဲ့ အခန်းဖော်တွေက အဖြေများစွာကို စိတ်ဝင်တစား မှန်းဆခဲ့ကြသော်လည်း အခုအချိန်မှာတော့ သူမက အမှန်တရားကိုသိသွားခဲ့ပြီ။

ရွှေတွေကို သိမ်းယူသွားခဲ့တဲ့ သူက သူမကိုယ်တိုင် ဖြစ်နေခဲ့တယ်လေ။ အကြောင်းကတော့ သူမ ဒီညမှာ ထျန်းနန် ရွှေတွေရှိတဲ့ စံအိမ်ကြီးသို့ သွားနေတဲ့အတွက်ကြောင့်ပဲ။

ဒီစူးစမ်းလေ့လာရေး ခရီးစဉ်အတွက် ကျန်းကျန်းက အစောပိုင်းမှာကတည်းက ကြိုတင်ပြင်ဆင်မှုတွေ အများကြီး ပြုလုပ်ခဲ့ပြီး တော်ဝင်မြို့တော်မှာရှိတဲ့ စတိုးဆိုင်တွေဆီကနေ ဓာတ်မီးတွေ၊ ဘက်ထရီတွေနှင့် အခြားလိုအပ်အပ်တဲ့ပစ္စည်းတွေကို ဝယ်ယူခဲ့တယ်။ သူမက အရေးပေါ်အသုံးပြုနိုင်ရန်အတွက် တုတ်အနည်းငယ်ကိုလည်း ပြုလုပ်ခဲ့ပြီး နေရာလွတ်ထဲမှာ ထားရှိခဲ့တယ်။

သူမ ပြင်ဆင်ထားသမျှကို စစ်ဆေးပြီးနောက် သူမရဲ့မိသားစုက ခန်ပေါ်မှ မီးကို ပိတ်မဲ့အချိန်ကို စောင့်ဆိုင်းခဲ့ပြီး အချိန်ကျလာတာနဲ့ နေရာလွတ်ထဲသို့ လျှပ်တစ်ပြက်အတွင်း ဝင်ရောက်ပျောက်ကွယ်သွားခဲ့တယ်။

ပေရှားနှင့် ထျမ်းနန်မှာ တစ်ခုက တရုတ်နိုင်ငံ အရှေ့မြောက်ဘက်မှာတည်ရှိပြီး ကျန်တစ်ခုကတော့ အနောက်တောင်ဘက်မှာ တည်ရှိတယ်။

ကျန်းကျန်းတစ်ယောက် နေရာတစ်ကြိမ် ကူးပြောင်းပြီးတဲ့အကြိမ်တိုင်း သူမရဲ့စိတ်ထဲမှာ အသိစိတ်ဖြန့်နိုင်တဲ့ နေရာအသစ်တစ်ခုကို ပြန်လည်ခံစားမိခဲ့တယ်။ ဒီလိုနဲ့ ထျန်းနန်ကို နာရီဝက်ကျော်ကြာပြီးနောက် ရောက်ရှိလာခဲ့တယ်။

ရွှေတွေရှိတဲ့ စံအိမ်ကြီးက ထျန်းနန်ရဲ့အလယ်ဗဟိုမှ ကျယ်ပြန့်တဲ့ တောင်တန်းတွေဆီမှာ တည်ရှိတယ်။ ချင်မင်းဆက်နှောင်းပိုင်းနှင့် တရုတ်သမ္မတနိုင်ငံအကူးအပြောင်းအတွင်းမှာ ဒီနေရာက ဓားပြတွေ စုဝေးရာနေရာဖြစ်ခဲ့ဖူးတယ်။

ကျန်းကျန်းက ဒီနေရာသို့ ခရီးထွက်လာခဲ့ပြီးနောက် သူမရဲ့ အသိစိတ်ထဲမှာ ထျန်းနန်နယ်အတွင်းမှ တစ်လက်မတိုင်းစီကို အလွယ်တကူ မြင်တွေ့နိုင်တာကြောင့် စံအိမ်တော်နေရာကို ရှာတွေ့ရန် အလွန်လွယ်ကူခဲ့တယ်။

ဒီနေရာက အလွန်အုံ့မှိုင်းနေခဲ့ပြီး ဆိုးဆိုးရွားရွားယိုယွင်းပျက်စီးနေခဲ့တယ်။ နယ်ခံတွေက ဒီနေရာကို လာခဲလွန်းတယ်။ ကျန်းကျန်းတစ်ယောက် ခြံဝင်းထဲမှာ ပေါ်လာပြီးနောက် မှောင်မဲနေတဲ့ အိမ်ကြီးအတွင်းမှာ ဓာတ်မီးအလင်းရောင်ထိုးထားတာတောင်မှ တုန်လှုပ်ခြောက်ခြားသွားရတယ်။

သူမက ဒီလိုနေရာမျိုးကို ပထမဆုံးရောက်ဖူးတဲ့အချိန်က ညဘက်လည်း ဖြစ်နေတာကြောင့် ကျန်းကျန်း အနည်းငယ် ကြောက်လန့်သွားရပြီး ဒီနေရာက သရဲတစ္ဆေရှိနေနိုင်တယ်လို့ တွေးတောမိသွားတယ်။

ဟိုးအရင်တုန်းက သူမက သရဲတစ္ဆေကိုပဲဖြစ်ဖြစ်၊ နတ်ဘုရားကိုပဲဖြစ်ဖြစ် မယုံကြည်ခဲ့ပေမဲ့လည်း သူမ ရုတ်တရက် အချိန်ကို ဖြတ်သန်းကျော်လွှားလာနိုင်ခဲ့ပြီး အခုလိုမျိုး အံ့ဖွယ်စွမ်းရည်တွေကို သယ်ဆောင်လာသေးတယ်။ ဒီတော့ သရဲတစ္ဆေတွေလို တစ်ခုခု ရုတ်တရက်ပေါ်လာရင်တောင် သာမန်ပဲလို့ ပြောနိုင်တယ်။

ကျန်းကျန်းတစ်ယောက် တွေးလေလေ ပိုပြီးထိတ်လန့်လာရလေလေ ဖြစ်ခဲ့ရပြီး ရွှေရှာဖို့ကို မေ့သွားခဲ့ကာ နန်းတော်ဟောင်းတစ်ဝိုက်ကို အလျင်အမြန် စစ်ဆေးကြည့်လိုက်တယ်။

သရဲတစ္ဆေအရိပ်အယောင်မျိုး မရှိနေတာကို တွေ့လိုက်ရမှ သူမ စိတ်သက်သာရာရသွားတယ်။ ကျန်းကျန်း သူမရဲ့ ပါးတွေကို အသာပွတ်သပ်လိုက်ပြီး ရေဘူးကို ထုတ်ယူလိုက်ကာ ပျားရည်နှစ်ကျိုက်သောက်လိုက်တယ်။ ပြီးနောက်မှသာ ရွှေတွေဝှက်ထားတဲ့ နေရာကို ရှာဖွေရန် သူမရဲ့ စွမ်းအင်ကို စုစည်းလိုက်လေတယ်။

အိမ်တော်ကြီးဟောင်းမှာ ဧရိယာကျယ်ဝန်းပေမဲ့လည်း ကျန်းကျန်းရဲ့ အသိစိတ်ထဲမှာတော့ အလွန်သေးငယ်တဲ့ အစိတ်အပိုင်းအဖြစ်သာ ရှိတယ်။

မကြာလိုက်ခင်အချိန်အတွင်း အိမ်ကြီးနှင့် သုံးကီလိုမီတာအကွာမှာရှိတဲ့ မြေအောက်ရှိ သေတ္တာ ၃၀၀ ကို သူမ တွေ့ရှိခဲ့တယ်။ကျန်းကျန်းရဲ့ အသိစိတ်ထဲမှာ ပေါ်လာတဲ့ ရုပ်ပုံအရ မှန်ကန်တဲ့လမ်းကြောင်းမှ အိမ်အောက်လမ်းမှ သွားရမဲ့ လမ်းကြောင်းဖြစ်လေတယ်။

သို့ပေမယ့် ဒါက သာမန်လူတွေအတွက် လမ်းကြောင်းသာဖြစ်ပြီး ကျန်းကျန်းအတွက်တော့ အဲလောက်ထိ ဒုက္ခရောက်နေစရာမလိုအပ်ဘူး။

သူမက ရွှေသေတ္တာသုံးရာရှိနေတဲ့ အပေါ်ယံမြေပြင်ပေါ်မှာ တိုက်ရိုက်ပေါ်လာခဲ့ပြီး မြေပြင်ပေါ်မှာထိုင်ကာ သူမရဲ့ညာဘက်လက်နဲ့ ကစားလိုစွာ ပုတ်ပေးလိုက်တယ်။ ထို့နောက်မှာ မြေပြင်က ဆိုးသွမ်းတဲ့ ကလေးတစ်ယောက်လို တုန်ခါလာခဲ့လေတယ်။

ကျန်းကျန်းက ထရပ်ပြီး ခြေထောက်နှင့် ဆောင့်နင်းလိုက်တော့ မြေပြင်က ချက်ချင်း တိတ်ဆိတ်သွားခဲ့ပြီး ဖြည်းညှင်းစွာနှင့် အက်ကွဲကြောင်းတစ်ခုအဖြစ် ဖွင့်လာခဲ့တယ်။

ရွှေသေတ္တာသုံးရာက မြေပြင်ပေါ်သို့ မြင့်တက်လာတာကို မြင်လိုက်ရပြီးတဲ့နောက်မှာ ကျန်းကျန်းရဲ့ ပါးစပ်က မပိတ်ဆို့နိုင်လောက်တဲ့အထိ ဝမ်းသာပျော်ရွှင်သွားရတယ်။

ကျန်းကျန်းတစ်ယောက် လက်ကို ပွတ်သပ်ကာ ရွှေသတ္တာတွေကို သူမရဲ့နရာလွတ်ထဲသို့ ထိုးထည့်လိုက်ပြီးနေရာမှ မထွက်ခွာခင်မှာ မြေမျက်နှာပြင်ကို မူလအခြေအနေသို့ ပြန်ရောက်သွားစေခဲ့တယ်။

ပေရှားကို ပြန်ရောက်တော့ ကျန်းကျန်းတစ်ယောက်အိမ်ထဲသို့တောင် ပြန်မဝင်တော့ဘဲ နေရာလွတ်ထဲသို့ တိုက်ရိုက်ဝင်လာခဲ့တယ်။

သေတ္တာသုံးရာက သပ်သပ်ရပ်ရပ် စီတန်းလျှက်ရှိနေပြီး ကျန်းကျန်းက သူမရဲ့လက်ကို ဝှေ့ယမ်းလိုက်တာနှင့် ထိုသေတ္တာတွေအားလုံးက တစ်ပြိုင်နက်တည်း ပွင့်လာခဲ့တယ်။ တစ်ချိန်တည်းမှာပင် ထူထဲတဲ့ ရွှေတုံးတွေဆီမှ ရွှေရောင်အလင်းတန်းများ တောက်ပြောင်စွာ ထွက်ပေါ်လာခဲ့လေတယ်။

ကျန်းကျန်းတစ်ယောက် မရေမတွက်နိုင်တဲ့ ရွှေတုံးရွှေခဲတွေကို ကြည့်ရင်း ပျော်ရွှင်လွန်းလို့ မေ့လဲလုမတတ် ဖြစ်နေခဲ့ရပြီ။

ရွှေသေတ္တာသုံးရာကို တူးဖော်နိုင်ပြီးနောက် ကျန်းကျန်းတစ်ယောက် သူမရဲ့ အိပ်မက်ထဲမှာတောင် ပျော်ရွှင်နေခဲ့တယ်။ နောက်နေ့မနက် အိပ်ယာမှနိုးလာပြီး တံခါးကိုဖွင့်လိုက်ချိန်မှာ မဒမ်လီကတောင် သူမရဲ့အမူအရာကို သတိထားမိပြီး မေးလာတယ်။

“အိုး၊ မင်းဘာလို့ အရမ်းပျော်နေတာလဲ၊ ရွှေတွေ ကောက်ရတယ်လို့များ အိပ်မက်မက်နေတာလား”

ကျန်းကျန်းတစ်ယောက် သူမရဲ့အစာအိမ်ထဲမှာ ပြည့်နေတဲ့ ပျော်ရွှင်မှုကို ဘယ်သူ့ကိုမှ မမျှဝေနိုင်ဘဲ ဗိုက်ထဲမှာဘဲ ထည့်ထားရတာကြောင့် သက်သောင့်သက်သာမရှိဖြစ်လာရတယ်။ ဒါကြောင့် သူမက အမှန်တရားတစ်ဝက်လောက်နှင့်သာ ခေါင်းညိတ်ပြီးပြောပေးနိုင်ခဲ့တယ်။

“ဟုတ်တယ်.. သမီး ရွှေသေတ္တာသုံးရာကို ကောက်ရတယ်ဆိုပြီး အိပ်မက်မက်ခဲ့တယ်၊ အဲဒီသတ္တာတွေကို ကောက်ယူပြီး သိမ်းနေသေးပေမယ့် သိမ်းလို့မပြီးခင် အိပ်ရာက နိုးလာတာပဲ”

မဒမ်လီက ခန်ပေါ်မှာထိုင်ကာ ရယ်မောရင်း ပြောလာတယ်။

“မင်းကတော့ တကယ်ကို အိပ်မက်မက်ရဲတာဘဲ၊ မင်းမှာ ရွှေသေတ္တာသုံးရာတောင် ရှိသေးတယ်၊ မင်း အဲလောက်ရွှေအများကြီးကို ကုန်အောင်ရောသုံးနိုင်မှာလား”

ကျန်းကျန်းက ရေတစ်ခွက် လောင်းထည့်လိုက်ပြီး တစ်ဝက်ကိုသောက်ကာ တစ်ဝက်ကို ပါးစပ်ဆေးလိုက်တယ်။

“ကြည့်လိုက်ရုံနှင့် အဖွားက ဆင်းရဲမွဲတေမှုကြောင့် စိတ်ကူးကို ကန့်သတ်ခံထားရတယ်ဆိုတာ မြင်နိုင်တယ်.. တကယ်တော့ ဒီရွှေသေတ္တာသုံးရာလောက်ဆိုရင် သုံးချင်သလိုသုံးနေလို့ရပြီလေ.. ဒါတွေကို ရှေးဟောင်း လက်ရေးလှတွေ နဲ့ ပန်းချီကားတွေ ဝယ်ဖို့ သုံးမယ်၊ မြို့တော်ထဲမှာ ခြံတွေ အိမ်တွေဝယ်၊ အတန်းလိုက်ကြီးဝယ်မယ်.. “

မဒမ်လီက ခေါင်းကိုခါရမ်းလိုက်ပြီး ရယ်မောချင်စွာနှင့် ပြောလာတယ်။

“ဒါတွေအားလုံးက တန်ဖိုးမရှိသလို အသုံးမဝင်တဲ့အရာတွေပဲလေ.. မင်း အနေနဲ့ အိပ်မက်ပဲမက်နိုင်တယ်”

ကျန်းကျန်းက ပြုံးလိုက်ပြီး မနက်စာစားဖု့အတွက် မျက်နှာသစ်ဖို့ ထွက်သွားခဲ့တယ်။ အခုမှ မျက်နှာသစ်ပြီး ပြန်ဝင်လာတဲ့ လီမင်ပေက ကျန်းကျန်းကို လှမ်းဆွဲလိုက်ပြီး ပြောလာတယ်။

“နောက်တစ်ခါ အဲလိုမျိုး အိမ်မက်လှလှလေးမက်ရင် ငါ့ကို ခေါ်ဖို့ သတိရနော်.. အဲလိုဆိုရင် ငါလည်း ရွှေကောက်ရတဲ့အကြောင်း အိပ်မက်မက်နိုင်တယ် !”

ကျန်းကျန်းတစ်ယောက် သူမပါးစပ်ထဲရှိ သွားတိုက်ဆေးကို မျိုချလုနီးပါးဖြစ်ပြီး လီမင်ပေကို မျက်စောင်းထိုးလိက်တယ်။

“ဒါဆို စတုတ္ထအစ်ကိုလည်း ဇနီးတစ်ယောက်နဲ့ လက်ထပ်ဖို့ကို အိပ်မက်ပဲမက်နေလိုက်တော့”

လီမင်ပေကကတော့ ချက်ချင်းပဲ ခေါင်းညိတ်လာပြီး သူ့မျက်နှာပေါ်မှာ တုံးအတဲ့ အပြုံးတစ်ခု ပေါ်လာခဲ့တယ်။

——

နွေဦးမှ ဆောင်းဦးပေါက်အထိ ကျောင်းဝန်းအတွင်းမှာ အလုပ်သမား၊ တောင်သူလယ်သမားများနှင့် စစ်သားများက အပြည့်ရှိနေခဲ့တယ်။

နိုင်ငံတစ်ဝှမ်းမှကျောင်းသားများသည်လည်း အန်းပေ စိုက်ပျိုးရေးကောလိပ်သို့ပညာသင်ကြားရန်စေလွှတ်ခံထားရတယ်။ တချို့ကျောင်းသားတွေက လီမင်တုန်ထက်တောင် အသက်ပိုကြီးလေတယ်။

လီမင်တုန်ရဲ့ သင်ကြားမှုက စာရွက်ပေါ်မှာ စကားပြောရုံသာ မဟုတ်ခဲ့ဘူး။ သူ တက္ကသိုလ်တက်တုန်းကလည်း လယ်ကွင်းထဲကို မကြာခဏ ဆင်းပြီး အလုပ်လုပ်ခဲ့ရတယ်။ အန်းပေကိုရောက်တဲ့အခါမှာလည်း သူက တစ်နှစ်ပတ်လုံး အလုပ်ကြိုးစားခဲ့တယ်။

လီမင်တုန်က သီအိုရီနှင့် လက်တွေ့ပေါင်းစပ်ပြီး ကောင်းမွန်စွာ သင်ကြားပေးခဲ့ရုံသာမက မေးခွန်းများစွာကိုလည်း ပြန်လည်ဖြေပေးခဲ့တယ်။ လယ်ယာစိုက်ပျိုးရာမှာ အရင်တုန်းက ကျောင်းသားတွေ ကြုံတွေ့ရတဲ့ အခက်အခဲတွေကိုလည်း နားလည်သဘောပေါက်တဲ့အထိ ရှင်းပြပေးခဲ့တယ်။

ဒီနေရာမှာ သူတို့တွေက အသုံးဝင်တဲ့အရာတွေကို လေ့လာနိုင်ခဲ့ပြီး သူတို့တွေ အရင်တုန်းက ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကိုလည်း သိရှိနားလည်နိုင်ခဲ့ကြတယ်။

ဒီလိုတွေကြောင့် ကျောင်းသားတွေက လီမင်တုန်ကို အလွန်လေးစားခဲ့ကြပြီး ဘယ်သူကမှ သူ့ရဲ့နောက်ကွယ်မှာ မကောင်းကြောင်း မပြောခဲ့ကြဘူး။

သို့ပေမဲ့လည်း ဒါက လယ်ယာလုပ်သားပြုပြင်ပြောင်းလဲရေးမှ ပြန် ထွက်လာခဲ့တဲ့ ပထမအတန်းပြီးမြောက်ချိန်ဖြစ်တာကြောင့် လီမင်တုန်က နွေရာသီအားလပ်ရက်မှာ အိမ်ကိုပြန်ဖို့ မဝံ့မရဲဖြစ်ခဲ့တယ်။

ဆောင်းဦးရာသီအတွင်း ကျောင်းတွေပြန်စတင်ပြီးနောက် အခြေအနေက ဟိုးအရင်တုန်းကလို အေးချမ်းသာယာလာခဲ့ပြီး လုပ်ဖော်ကိုင်ဖက်များစွာကလည်း သူတို့ရဲ့ မိသားစုဝင်တွေကို ခေါ်လာကြတာကို မြင်လိုက်ရချိန်မှာတော့ လီမင်တုန်ကတစ်ယောက် နှလုံးသားထဲကနေ အနည်းငယ် စိတ်လှုပ်ရှားသွားရတယ်။

ဒါကြောင့် သူက ကျောင်းကို သတင်းပို့ခဲ့တယ်။ ကျောင်းကလည်း စိုက်ပျိုးရေး တက္ကသိုလ်မှ ဘွဲ့ရလာခဲ့တဲ့ တစ်ဦးတည်းသော ဆရာ လီမင်တုန်ကို အလွန်အလေးထားဆဲဖြစ်ပြီး သူ့ကို အိပ်ခန်းနှစ်ခန်းပါ မိသားစုအိမ်သို့ ချက်ချင်း ပြောင်းရွှေ့ပေးခဲ့လေတယ်။

လီမင်တုန်က ချက်ချင်းပဲ သူ့ရဲ့မိသားစုဆီသို့ စာတစ်စောင် အလျှင်အမြန် ရေးသားခဲ့ကာ ကွေ့ဟွား၊ အသားမုန့်လုံးနဲ့ ပဲမုန့်လုံးတို့ကို အန်းပေသို့လာပြီး မိသားစုအတူပေါင်းစည်းဖို့ မေးမြန်းခဲ့လေတယ်။

All Chapters