အခန်း (၁၃၈)
Vol. 14 Ch. 138
လီမင်တုန်ဆီမှ စာကိုလက်ခံရရှိပြီးနောက် မိသားစုက နောက်တစ်ဖန် အလုပ်များကြပြန်တယ်။
အန်းပေက ပေရှားထက် ပိုပြီးအေးတယ်။ ဒါကြောင့် မဒမ်လီနှင့် ဝမ်စုဖန်းတို့က ကွေ့ဟွားတို့ သားအမိတွေအတွက် ဂွမ်းကပ် အင်္ကျီနှင့် ဘောင်းဘီထဲမှ ဝါဂွမ်းအဟောင်းတွေကိုဖယ်ရှားကာ နောက်ထပ် ဝါဂွမ်းအသစ်တွေကို ထူထဲအောင် ထပ်ထည့်ကြတယ်။ ပြီးနောက် စောင်တွေမှာလည်း ဝါဂွမ်းတွေ ထပ်ပြီး ထည့်ကြပြန်တယ်။
ဝမ်စုဖန်းက လက်မြန်ခြေမြန်ရှိပြီး ဆောင်းတွင်းသုံးပစ္စည်းတွေအားလုံးကို ဆယ်ရက်အတွင်း ပြင်ဆင်နိုင်ခဲ့တယ်။
ကျန်းကျန်းကလည်း တောရိုင်းထဲမှ တောကောင်တွေကို အများကြီးပြန်သယ်လာပေးခဲ့တယ်။
ကွေ့ဟွားက အချဉ်ဖောက်သင့်တာကို အချဥ်ဖောက်ပြီး ကင်သင့်တာကိုကင်၊ ကြော်သင့်တာကို ကြော်ကာ အားလုံးကို ဗူးတွေမှာထည့်ပြီး ထုပ်ပိုးထားခဲ့တယ်။ လူတိုင်းက လီမင်တုန်ကို ကောင်းမွန်တဲ့ဘဝမှာ နေထိုင်နိုင်စေဖို့ အားမာန်အပြည့်နှင့် ကြိုးစားပေးနေခဲ့ကြတယ်။
စာထဲမှာ ရေးထားတဲ့အတိုင်းဆိုရင် ကျောင်းမှာ စားသောက်နိုင်တဲ့ ကန်တင်းရှိတယ်လို့ ပြောထားပေမယ့် လီ မိသားစုကတော့ ကောင်းကောင်းစားသောက်နိုင်မှာမဟုတ်ဘူးလို့ ယုံကြည်ကြတယ်။
ကွေ့ဟွားကလည်း လီမင်တုန်ရဲ့ ခန္ဓာကိုယ်ကို ကောင်းမွန်စွာ ဂရုစိုက်ချင်ခဲ့တယ်။ ကျောင်းက ကျွေးတဲ့အစားအစာက သူကိုယ်တိုင်ပြုလုပ်တဲ့ အစားအစာတွေလောက် မကောင်းဘူးလို့ သူမ ခံစားမိခဲ့တယ်။
ဒီလိုနဲ့ မိသားစုက စုစုပေါင်း ပြောင်းဖူးမှုန့်ခြောက်အိတ်၊ ဆန်မှုန့်တစ်အိတ်၊ ဂျုံဖြူတစ်ဝက်နဲ့ ဆန်တစ်ဝက်စီ ထည့်ပေးဖို့ ခင်းကျင်းထားခဲ့တယ်။ ဂျုံဖြူနဲ့ ဆန်အိတ်တွေက မဒမ်လီက တွန့်တိုပြီး မပေးချင်တာကြောင့် မဟုတ်ဘဲ ကွေ့ဟွားက သူမရောက်ကာစမှာ အရမ်းပေါ်လွင်သွားမှာကို စိုးရိမ်နေခဲ့တာကြောင့်ပဲ။
တစ်စုံတစ်ယောက်က သူမရဲ့ ဝက်မြီးကို ဖမ်းဆုတ်မိသွားမယ်ဆိုရင် လီမင်တုန်အတွက် ဒုက္ခရောက်စေမှာဖြစ်တာကြောင့် သူမက အစေ့အဆံအကြမ်းတွေကိုသာ ပိုမိုယူသွားချင်ခဲ့တယ်။
လီမင်တုန်က ပထမဆုံး အလုပ်ရရှိပြီးချိန်မှာ ရရှိတဲ့ပိုက်ဆံတွေအားလုံးကို သူ့အိမ်ဆီသို့ ပြန်ပို့ပေးခဲ့တယ်။
ထို့နောက် အလုပ်သမားအဖြစ် စခန်းသွင်းခံရချိန်မှာတော့ လစာမရှိခဲ့ဘူး။အခု ကျောင်းပြန်တက်ခဲ့ရပြီဖြစ်ပေမဲ့ သူ့ရဲ့ လစာက ရရှိဦးမှာမဟုတ်ဘူး။
မဒမ်လီက လီမင်တုန်ရဲ့ ၀င်ငွေနှင့်ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းသိထားကာ သူရဲ့လက်ထဲမှာ ငွေကြေးတွေ မစုဆောင်းထားကြောင်းကို သိတယ်။
ဒါကြောင့် ကွေ့ဟွား ထွက်ခွာခါနီးမှာ မဒမ်လီက သူမကို လက်ကိုင်ပုဝါတစ်ထုပ်ပေးလိုက်တယ်။
“ဒါက မင်တုန် ဒီနှစ်တွေတစ်လျှောက် ရလာတဲ့ငွေနဲ့ လက်မှတ်တွေပဲ၊ နောက်ပိုင်းမှာ မင်းတို့ကိုယ်တိုင်ခွဲပြီး နေထိုင်ရမှာဆိုတော့ မလွယ်ကူဘူး၊ မင်းက ဂရုတစိုက်စုဆောင်းပြီး တစ်ချို့ကို ခွဲဝေသုံးစွဲရမယ်တယ်၊ ဒါပေမယ့် ကောင်းကောင်းမွန်မွန်လည်း စားသောက်နေထိုင်ရမယ်.. ဆာလောင်မွတ်သိပ်နေရတာမျိုး မဖြစ်ပါစေနဲ့”
ကွေ့ဟွားက ဒါကိုကြားတော့ အလျှင်အမြန်ပြန်တွန်းထုတ်ခဲ့တယ်။
“ကျွန်မ ဒီနှစ်တွေမှာ အိမ်ကနေ စားစရာသောက်စရာတွေအတွက် ပိုက်ဆံအများကြီးကုန်ကျခဲ့တယ်.. နောက်ပြီး စားစရာတွေအတွက်တောင် ပြန်မဆပ်နိုင်ခဲ့ဘူး.. ကျွန်မ ဒါတွေကို မယူနိုင်ပါဘူး”
“မင်း ငါ့စကားကို နားထောင်”
မဒမ်လီက ကွေ့ဟွားရဲ့လက်ထဲကို ပိုပ်ဆံထုပ် အတင်းအကျပ်ထည့်ပေးလိုက်တယ်။
“မင်းအိမ်မှာနေရင် ငါမင်းကို ပိုက်ဆံပေးမှာမဟုတ်ဘူး၊ ဒါပေမယ့် အပြင်ကို ထွက်ရင်တော့ မင်းတို့ ပိုက်ဆံမရှိဘဲ နေနိုင်မှာမဟုတ်ဘူး..
ငါ မင်းကို ဘက်လိုက်နေတာမဟုတ်ဘူး? အနာဂတ်မှာ မင်ရှီနဲ့မင်နန်တို့ ထွက်ခွာသွားမယ်ဆိုရင်လည်း ငါ သူတို့ကို အတူတူလုပ်ပေးမှာပဲ.. မင်းက အိမ်မှာဘဲ အမြဲနေနေခဲ့တာဆိုတော့ နားမလည်ဘူး၊ အပြင်မှာနေထိုင်ရတာက မလွယ်ဘူး၊ ဒီတော့ အဖွားရဲ့စကားကိုနားထောင်ပြီး မြန်မြန်ယူလိုက်။”
ကွေ့ဟွားက ဒီတစ်ခါတော့ စကားကို နားထောင်ပြီး ထိုလက်ကိုင်ပုဝါထုပ်ကို အိတ်ကပ်ထဲထည့်လိုက်တော့ မဒမ်လီက စိတ်ကျေနပ်စွာ ပြုံးလိုက်တယ်။
“မင်းတို့နှစ်ယောက် အိမ်ထောင်ကျတာ နှစ်အတော်ကြာနေပြီ၊ မင်းတို့တွေ အေးအေးဆေးဆေးနဲ့ ရက်အကြာကြီး တစ်ခါမှ မနေခဲ့ဖူးဘူး.. ဒီတစ်ခါတော့ မင်းတို့နှစ်ယောက် အဆင်ပြေသွားပြီ၊ အခုကစပြီး မင်းတို့ နေ့တိုင်း အတူတူနေလို့ရတယ်၊ နှစ်သစ်ကိုရောက်ရင် ငါ နောက်ထပ်မြေးလေးတစ်ယောက်ကို ထိန်းနိုင်လိမ့်မယ်”
ကျန်းကျန်း ဘေးနားမှာ နားထောင်နေရင်း သူမရဲ့ မျက်နှာမှာ အနက်ရောင်မျဉ်းကြောင်းတွေဖြစ်လာရတယ်။
“အဖွား တကယ်လို့ ယောက်မသာ မထွက်သေးဘူးဆိုရင် ကလေးမွေးဖို့ က ဖြစ်လာတော့မှာမဟုတ်ဘူးနော်”
**
လီမင်တုန်က အကျပ်အတည်းအချိန်ကာလမှ လွတ်မြောက်ခဲ့ပြီးနောက် အိပ်ခန်းနှစ်ခန်းပါတဲ့ အိမ်ခန်းတစ်ခုကို ရရှိခဲ့တယ်။ တစ်နှစ်ကြာအောင် ချည်နှောင်ခြင်းခံထားရတဲ့ လီမိသားစုရဲ့ နှလုံးသားက နောက်ဆုံးတော့ ဗိုက်ထဲကို ပြန်လည်ပြုတ်ကျသွားခဲ့ပြီ။
ကွေ့ဟွား အန်းပေကို သွားရောက်နေထိုင်ခဲ့ဖို့အတွက် မဒမ်လီနှင့်ဝမ်စုဖန်းတို့က လိုအပ်လောက်မဲ့ ပစ္စည်းတွေအများကြီးကို ထုပ်ပိုးခဲ့ကြတယ်။
ဒါကြောင့် လီမူဝူက ကွေ့ဟွား ရထားပေါ်သို့ တက်နိုင်ရန် ကူညီပေးခဲ့ပြီး အပြန်လမ်းမှာ စာတိုက်သို့သွားခဲ့ ကာ လီမင်တုန်ဆီကို ဖုန်းဆက်ပြီး ရထားချိန်ကိုပြောရင်း ရထားဘူတာမှာ လာကြိုဖို့ ပြောခဲ့တယ်။
လီမင်တုန်ရဲ့ကိစ္စ ပြေလည်သွားခဲ့ပြီး နောက်ဆုံးမှာတော့ မဒမ်လီတစ်ယောက်အလွန် ပျော်ရွှင်နေခဲ့တယ်။ တစ်နေ့တာလုံး သူမရဲ့မျက်နှာပေါ်မှာ အပြုံးတစ်ခုရှိနေခဲ့ပြီး ဝမ်စုဖန်းကို ဟင်းကောင်း နှစ်မျိုး ချက်ပြုတ်ရန် အထူးတောင်းဆိုခဲ့သေးတယ်။
စားသောက်နေချိန်မှာ မဒမ်လီက ဝိုင်ခွက်ကို ကောက်ယူလိုက်ရင်း ခေါင်းငုံ့ပြီးစားသောက်နေတဲ့ လီမင်နန်ကို ကြည့်လိုက်မိတယ်။ ရုတ်တရက်ပဲ လီမင်နန်က သိပ်ပြီးငယ်တော့တာမဟုတ်ဘူးလို့ ခံစားမိသွားကာ သူ့အတွက် ကြင်ဖက် ရှာပေးဖို့ပါ တွေးတောလာခဲ့တယ်။
မဒမ်လီက နောက်တစ်ခါ စိတ်ပူလာခဲ့ပြန်ကာ ဝိုင်ကိုတောင် မသောက်ချင်တော့ဘဲ ဝိုင်ခွက်ကို စားပွဲပေါ်သို့ချလိုက်တယ်။
ထို့နောက် လီမင်နန်ကို ကြည့်ကာ အဓိပ္ပါယ်တချို့နဲ့ မေးလိုက်တယ်။
“မင်နန်၊ မင်း အတန်းထွက်ခဲ့တာ နှစ်နှစ်ရှိပြီ မလား”
လီမင်နန်က ထမင်းပန်းကန်ထဲသို့ တိုဟူးတစ်ဇွန်းကို ထည့်လိုက်ပြီး ပါးစပ်အပြည့် သွပ်နေရင်း ပြန်ဖြေလာတယ်။
“ဟုတ်တယ်၊ ကျွန်တော် စက်ရုံထဲကိုဝင်တာ နှစ်နှစ်လောက်ရှိပြီလေ”
မဒမ်လီက သူ့ရဲ့ စိတ်ထဲမှာ ဘာမှမရှိတာကိုမြင်တော့ ရုတ်တရက် ဒေါသထွက်လာရတယ်။
“ဒါဆို မင်း တစ်စုံတစ်ယောက်ကို ဘာလို့ အိမ်ကို ခေါ်မလာသေးတာလဲ”
“...”
လီမင်နန်တစ်ယောက် ရုတ်တရတ် ထိုစကားကို ကြားလိုက်ရတာကြောင့် သေလောက်အောင် ထိတ်လန့်သွားရပြီး ချောင်းတဟွတ်ဟွတ်ဆိုးကာ သီးတော့တယ်။
ကျန်းကျန်းက ရေတစ်ခွက်ကို ကမ်းပေးလိုက်တော့ လီမင်နန်က ရေသုံးငုံလောက် ဆက်တိုက် သောက်လိုက်ပြီးမှ ချောင်းဆိုးရင်းထွက်လာရတဲ့ မျက်ရည်တွေကို သုတ်လိုက်တယ်။ ထို့နောက် မဒမ်လီဆီကို နစ်နာမှုအပြည့်နှင့် စိုက်ကြည့်လိုက်တယ်။
“အဖွား နောက်တစ်ခါအကြောင်းအရာကို ဒီလောက်ထိ မြန်အောင် မပြောင်းပါနဲ့လား.. နောက်တစ်ခါ ဒီလို ထိတ်လန့်စရာစကားမျိုးကို တခြားအချိန်တွေမှာ ပြောတာပိုကောင်းလိမ့်မယ်နော်.. ကျွန်တော် သီးပြီး သေတော့မလို့”
မစ္စလီက ဒေါသတကြီး ရယ်မောလိုက်မိရင်း တည့်တည့်မတ်မတ် ထိုင်ကာ သူ့ရဲ့ရှေ့မှ ထမင်းပန်းကန်နှင့် တူတွေကို ဘေးသို့ ပို့လိုက်တယ်။
“ပြော.. မင်းရဲ့စိတ်ထဲမှာ မိန်းကလေးတစ်ယောက်ယောက် ရှိလား၊ မပြောရင် ထမင်းဆက်စားဖို့ မတွေးနဲ့”
လီမင်နန်က သခွားသီးစိမ်းကို ကောက်ယူလိုက်ပြီး ဟင်းအနှစ်ထဲမှာ နှစ်ပြီး တစ်ကိုက် ကိုက်လိုက်တယ်။
“အဖွား ဘာပြောချင်လို့လဲ”
“ဘာပြောစရာရှိသေးလို့လဲ?”
မဒန်လီက သူကို ဒေါသတကြီးနဲ့ တစ်ချက်ကြည့်လိုက်ပြီး ပြန်ပြောလာတယ်။
“တကယ်လို့ မင်းသဘောကျကြိုက်နှစ်သက်နေတဲ့သူတစ်ယောက်ယောက်ရှိနေရင်လည်း ကောင်းတာပေါ့.. ငါတို့တွေ မင်းအတွက် အဲဒီမိန်းကလေးက မင်းနှင့် လက်ထပ်ချင်လားဆိုတာ ကြည့်ပေးပြီး အဆင်ပြေရင် ကြိုတင် စီစဥ်လို့ရတယ်..
မင်းအနေနဲ့ သင့်တော်တဲ့သူကို ရှာမတွေ့ဘူးဆိုရင်လည်း ဘယ်မိန်းကလေးက လုံ့လဝီရိယရှိလဲဆိုတာလိုက်ရှာပြီး မင်းအတွက် ကြည့်ပေးမယ်”
“တကယ်လား?”
လီမင်နန်ရဲ့ မျက်လုံးတွေက တောက်ပလာခဲ့ပြီး သခွားသီးကိုတောင် မစားချင်လောက်အောင် စိတ်လှုပ်ရှားသွားပုံရတယ်။ သူက မဒမ်လီဆီကို တဖြတ်ဖြတ်လက်နေတဲ့ မျက်လုံးတွေနဲ့ ကြည့်လာတယ်။
“ဒါဆို အဖွား ကျွန်တော့်အတွက် တစ်ယောက်ကို သွားတွေ့ဖို့ ကူညီပေးနိုင်မလား?”
မဒမ်လီက သူ့ရဲ့အသွင်အပြင်ကိုမြင်တော့ အနည်းငယ်စိုးရိမ်သွားခဲ့တယ်။
“မင်း လွန်ခဲ့တဲ့ နှစ်နှစ်လောက်မှာ သင့်တော်တဲ့တစ်ယောက်ကိုမှ မတွေ့ခဲ့ရဘူးလား.. စက်ရုံတစ်ခုတည်းမှာ မိန်းကလေးတွေ အများကြီးရှိနေတာကို.. မင်းဘာလို့ သင့်တော်တဲ့ တစ်ယောက်လောက်ကိုတောင် ဘာလို့ မတွေ့ခဲ့ရတာလဲ”
လီနင်နန်ရဲ့မျက်နှာက အနည်းငယ်နီရဲလာခဲ့ပြီး ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကုတ်ရင်း ပြောလာတယ်။
“တကယ်တော့ သဘောကျတဲ့သူတော့ရှိပေမဲ့ ကျွန်တော်က သူနဲ့ မရင်းနှီးတော့ စကားပြောရမှာ ရှက်နေလို့.. အဖွား အဲဒီမိသားစုကို သိလား ကြည့်ပေးလို့ရမလား၊ ပြီးရင် အချင်းချင်း တွေ့လို့ရမလားလို့”
မဒမ်လီကတော့ သူမရဲ့မြေးကြောင့် အကူအညီမဲ့နေခဲ့တယ်။ သူမက လီမင်နန်ဆီကို တူနှင့် ပန်းကန်လုံးကို ပြန်ပေးလိုက်တယ်။
“မင်းမှာ ဒီအကြံရှိနေရင်လည်း ဘာလို့ အစောကြီးကတည်းက မပြောခဲ့တာလဲ၊ ဒါက အချိန်ဖြုန်းနေတာမဟုတ်ဘူးလား”
လီမင်နန်က သူ့ရဲ့နှာခေါင်းကို ထိလိုက်ကာ အနည်းငယ်ရှက်ရွံ့စွာ ပြောလိုက်တယ်။
“ကျွန်တော်က ပြောရမှာကို ရှက်နေလို့ပဲ မဟုတ်ဘူးလား”
မဒမ်လီ လှောင်ရယ်လိုက်တယ်။
“ မင်းက ပုံမှန်ဆိုရင် အတော်လေး အရည်အချင်းရှိပုံရတယ်၊ ဒါပေမယ့် အရေးကြီးတဲ့အခိုက်အတန့်ကျတေား သံကြိုးက ပြုတ်ကျနေတာပဲ.. ငါ့ကိုပြော.. ဘယ်မိန်းကလေးလဲ၊ မင်းအတွက် လိုက်ရှာပေးမယ်”
လီမင်နန် ပြုံးပြီးပြောလိုက်တယ်။
“ ကျွန်တော့်ထက် သုံးနှစ်ငယ်တဲ့ ရေအားလျှပ်စစ်စက်ရုံရဲ့ဆေးရုံက သူနာပြုဆရာမ မုန်ရှီရှီပါ.. သူ့အဖေနာမည်က မုန်ကျစ်ယွမ်၊ ရေအားလျှပ်စစ်စက်ရုံထဲက ဝိုင်ထုတ်လုပ်ရေးဘက်မှာ အလုပ်လုပ်တယ်”
သူ့ဘေးမှာရှိနေတဲ့ ကျန်းကျန်းက ပြုံးလိုက်ပြီး လီမင်နန်ကို ပုခုံးနှင့် တိုက်ကာ မျက်လုံးမှိတ်ပြလိုက်တယ်။
“တတိယအစ်ကို၊ အစ်ကိုက အသေအချာ မေးမြန်းစုံစမ်းထားပြီးပြီပဲ”
မဒမ်လီက ဝိုင်တစ်ငုံသောက်လိုက်ပြီး လီမူဝူကိုလှမ်းကြည့်ကာ ပြောလိုက်တယ်။
“ဝိုင်ထုတ်လုပ်ရေးဘက်ကဆိုတော့ ဝိုင်ချက်ဖို့အတွက် မင်းတို့ရဲ့ ကောက်နှံဆိုင်ကနေ ကောက်နှံတွေ လာဝယ်တာရှိလိမ့်မယ်.. နောက်တစ်ခါ သူတို့ဘက်က လူတွေရောက်လာရင် မင်း အဲဒီဘက်က အခြေအနေတွေကို စစ်ဆေးကြည့်လိုက်ဦး”