အခန်း (၁၃၉)
Vol. 14 Ch. 139
လီမူဝူ တစ်ခုခု လွဲချော်သွားမှာကို စိုးရိမ်တဲ့အတွက် မဒမ်လီက သူ့ကို ပြောရမဲ့စကားတွေကိုတစ်ကြောင်းချင်း သင်ပေးခဲ့တယ်။
“သူတို့ဘက်က လူတွေရောက်လာရင် မင်းဘက်က ငါတို့မိသားစုရဲ့ မင်နန်ရဲ့ အခြေအနေကို အရင်ဆုံးပြောပြရမယ်.. ပြီးရင် အဲဒီဘက်မှာ အသက်အရွယ်တူတဲ့ မိန်းကလေးတွေ ရှိလားလို့ မေးလိုက်..
ဟိုဘက်က မုန်မိသားစုအကြောင်းကို ထည့်ပြောလာရင် သူတို့မိသားစုက ဒီကိစ္စအပေါ် ဘယ်လိုမျိုးစဥ်းစားမလဲလို့ မေးရမယ်..
သူတို့မိသားစုဘက်က စိတ်ကွက်တာမျိုးမရှိဘဲ လက်ခံနိုင်တယ်ဆိုရင် ငါတို့ဘက်က သဘောထားကြီးမှုနှင့် ရိုးသားမှုကို ပြသဖို့အတွက် ခမည်းခမက်ဘက်ကို သွားကြည့်ရမယ်.. ဒါဆိုရင် အနာဂတ်မှာ အဆင်ပြေတဲ့ မိသားစုဘဝရှိလာလိမ့်မယ်”
လီမူဝူက ခေါင်းညိတ်လိုက်တယ်။
“ကောင်းပါပြီ၊ ကျွန်တော်တို့ဆီမှာ အခုလေးတင် ဂျုံတွေ အများကြီး ရဆာက်လာတာဆိုတော့ ဝိုင်ချက်စက်ရုံဘက်က လူတွေရောက်လာရင် က မေးလိုက်မယ်”
လီမူဝူက လီမင်နန်ကို ကြည့်ပြီး စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်တယ်။
“မင်နန်က အမြင်ကောင်းသားပဲ.. ဝိုင်ထုတ်လုပ်ရေးဘက်က ခမည်းခမက်ရှိမယ်ဆိုရင် အနာဂတ်မှာ ဝိုင်ဝယ်ဖို့ ပိုအဆင်ပြေသွားလိမ့်မယ်”
ဝမ်စုဖန်းက သူ့ကို ချက်ချင်းပဲ မျက်လုံးလှန်ပြလိုက်တယ်။
“အဲဒါက အဓိက မဟုတ်ဘူးနော်၊ ရှင် ဝိုင်ဝယ်ချင်တဲ့အကြောင်းကိုပဲ ပြောမနေနဲ့.. အဓိကက ကြင်ဖက်အကြောင်းကို မေးရမှာ”
“သိပါတယ် ငါသိတယ်”
လီမူဝူက ခေါင်းကို အထပ်ထပ်အခါခါညိတ်ပြလိုက်တယ်။
“ငါတို့အလုပ်က လောင်လီက ဝိုင်စက်ရုံဘက်နဲ့ ရင်းနှီးတယ်.. မနက်ဖြန် သူ့ကို အရင်ဆုံးမေးထားလိုက်မယ်”
လီမင်နန်ကတော့ သူရဲ့မျှော်လင့်ချက်များက လျင်မြန်စွာ တိုးတက်လာနေတာကိုကြားတော့ အကြောင်းပြချက်တစ်ခုခုကြောင့် ရုတ်တရက် ပျော်ရွှင်သွားရတယ်။ သူက ခေါင်းငုံ့ပြီး စားစရာအနည်းငယ်ကို ယူစားနေရင်းက မဒမ်လီကို ရုတ်တရက်ကြည့်လိုက်ပြီး လှမ်းပြောလိုက်ပြန်တယ်။
“အဖွား .. မြန်မြန်လေး တစ်ယောက်ယောက်ကို ရှာပေးပါဦး.. ကျွန်တော့် မင်္ဂလာဆောင်မှာ သုံးဖို့ ဘီဒိုပေါ်မှာ ပန်းချီကားလိုချင်တယ်.. ကျွန်တော့်မရီးရဲ့ အမေဆွဲတဲ့ ပန်းချီကားတွေကို ကြိုက်တယ်.. ပန်းတွေ၊ မြက်ပင်တွေ တစ်ခုခု ဆေးခြယ်ဖို့ ရှာပေးပါလား”
ကျန်းကျန်း သူ့ရဲ့စကားကိုကြားတော့ ရယ်မောလိုက်တယ်။
“တတိယအစ်ကို.. အစ်ကို ဘာလို့ ဒုတိယအစ်ကိုနဲ့တူနေရတာလဲ၊ အစ်ကိုတို့က ယောက်မရဲ့အမေရေးဆွဲပေးတဲ့ ပန်းချီကို မြင်ပြီးတော့ တခြားပိုကောင်းတာမရှိတော့သလို ထင်နေကြတယ်”
လီမင်နန်: “ငါတို့မိသားစုရဲ့ ဘီဒိုတွေထဲမှာ အကြီးဆုံးအစ်ကိုနဲ့ မရီးတို့ရဲ့ ဘီဒိုက အလှဆုံးပဲ.. မင်းကြည့်လိုက်လေ.. ဒါတွေကို မြင်လိုက်ရတာနဲ့ လူတွေကို ပျော်စရာကောင်းသလို ခံစားရစေတယ်.. ငါလည်း လက်ထပ်ပြီးရင် အဲလိုအရာကို လိုချင်တယ်”
မဒမ်လီက မင်နန်ကိုကြည့်ကာ ထိတ်လန့်သွားသလိုမျိုး ပြောလိုက်တယ်။
“မင်း တခြားလူရဲ့သမီးကို လက်ထပ်ချင်တာလား ဒါမှမဟုတ် ဘီဒိုလိုချင်နေတာလား”
လီမင်နန်က ပြုံးပြီးပြောလာတယ်။
“ဒီနှစ်ခုလုံးထဲက ဘာမှ ကျန်ခဲ့လို့ မရဘူး.. နောက်ပြီး လက်ထပ်ပြီးရင် တစ်အိမ်လုံးကို လှပအောင် လုပ်ရမယ်”
ဒါက ဘာမှ မမှားသလိုပဲ။ မဒမ်လီက ဝမ်စုဖန်းဘက်ကိုကြည့်ပြီး မေးလိုက်တယ်။
“ပြီးခဲ့တဲ့လတုန်းက ကွေ့ဟွားရဲ့အမေဆီကို လျှို့ဝှက်ပြီးအစားအသောက်တွေ သွားပို့ပေးတုန်းက ဘာဖြစ်သွားသေးလဲ.. မင်းတို့ ပြသနာတွေ တွေ့ခဲ့ရသေးလား”
ဝမ်စုဖန်းက သူမရဲ့ခေါင်းကိုခါရမ်းပြီးပြန်ပြောလိုက်တယ်။
“သူမရဲ့မိသားစုက တောထဲမှာနေထိုင်နေကြတာလေ.. လမ်းကလည်း တော်တော်ကြမ်းတယ်၊ ဝေးလည်းတော်တော် ဝေးတယ်၊ အဲဒီနေရာမှာ သူတို့ ပြဿနာတွေသိပ်မရှိခဲ့ဘူး၊
ဖန်းအစောင့်အရှောက်တွေအကုန်လုံးက အရာရှိတွေရဲ့အိမ်ကိုပဲသွားကြတာ သူတို့ကိုရှာဖို့အတွက် ဘယ်သူမှ တောထဲကိုမသွားကြဘူး
ကွေ့ဟွားရဲ့အဖေက အရမ်းရိုးသားပြီး ဒီနှစ်တွေဘာမှ ထွေထွေထူးထူးမလုပ်ခဲ့ဘူး၊ ကွေ့ဟွားရဲ့အမေက လုပ်ကိုင်နိုင်စွမ်းမြင့်မားပြီး စီမံရေးရုံးမှာ နာမည်ကြီးတယ်..
စီမံခန့်ခွဲမှုရုံးက ဝေဖန်တိုက်ခိုက်တဲ့အကြောင်းကို သိပ်မကြိုက်ဘူးလို့ ပြောခဲ့တာကို ကြားရတယ်၊ တကယ်တော့ သူတို့ရဲ့အိမ်က အသစ်မွမ်းမံပြီး အခန်းနှစ်ခန်း ထပ်ဆောက်ဖို့လုပ်နေတယ်တဲ့ ကွေ့ဟွားရဲ့မောင်လေးကို လက်ထပ်ပေးချင်နေပြီလို့ ကြားတယ်”
မဒမ်လီက ခေါင်းညိတ်လိုက်တယ်။
“အဲလိုဆိုမှတော့ ငါတို့မိသားစုက လဲလှယ်ထားတဲ့ စောင်အဟောင်းတွေကို သူတို့ဆီကို ပို့ပေးလိုက်လို့ရတယ်.. အထဲမှာ ဂွမ်းသားတွေက နှစ်နှစ်လောက်ပဲ ခြုံထားရသေးတာဆိုတော့ နွေးနေသေးတယ်၊
စောင်တွေက အဟောင်းပုံစံတွေဆိုတော့ သိပ်ပြီး မပေါ်လွင်တော့ဘူး.. မင်းမသိလို့.. သူတို့မိသားစုက အတော်လေး ဆိုးဆိုးရွားရွားဘဝမှာ နေနေခဲ့ရတာ.. ဒါကြောင့်လည်း သူတို့ကိုဘယ်သူကမှ ပြသနာမရှာတာပဲ..
တကယ်လို့ သူတို့သာ နည်းနည်းလောက် ပိုပြီး သိသာထင်ရှားအောင် မေလိုက်မိရင် ချက်ချင်း ပြသနာအရှာခံရလိမ့်မယ်”
“ကောင်းတာပေါ့”
ဝမ်စုဖန်းက ပြန်ပြောလိုက်တယ်။
“ကွေ့ဟွားရဲ့အမေကလည်း ဒီလိုပဲ ပြောခဲ့တယ်.. သူတို့က တောင်ပေါ်မှာ သစ်တွေနဲ့ပြည့်နေပေမဲ့ သူတို့က အိမ်မဆောက်ရဲကြဘူး၊ ဒီနှစ်မှ စီမံခန့်ခွဲရေးရုံးက လူတွေက မမြင်နိုင်ကြတော့လို့ သူတို့ကို ကူညီပြီး ရှင်းလင်းပေးခဲ့ကြတာတဲ့”
မဒမ်လီက ဝိုင်ခွက်ထဲမှ နောက်ဆုံးဝိုင်ကို မော့သောက်လိုက်တယ်။
“မနက်ဖြန် မင်း အဲဒီကိုထပ်သွားကြည့်လိုက်ပါဦး၊ ကွေ့ဟွားက အန်းပေကို သွားပြီဆိုတဲ့အကြောင်း သူတို့ကို ပြောပြပြီး ဆောင်းရာသီမှာ အလုပ်မရှိတဲ့အချိန် ငါတို့ အိမ်က ဘီဒိုမှာ ပန်းချီဆွဲဖို့ လာချင်လားလို့ မေးလိုက်ပါ”
ဝမ်စုဖန်းရဲ့မျက်နှာက အနည်းငယ်လောက် မသေချာဖြစ်နေခဲ့တယ်။
“ပြီးခဲ့တဲ့ တစ်ခေါက်က အသားမုန့်လုံး နဲ့ ပဲမုန့်လုံးတို့ တွေ့ ဖို့ အိမ်ကို လာခိုင်းခဲ့ပေမယ့် မလာချင်ခဲ့ဘူး ၊ သူတို့မိသားစုရဲ့ နောက်ခံအခြေအနေက ထိတွေ့ဆက်ဆံဖို့မကောင်ဘူးလို့ ပြောခဲ့တယ်..
သူမက ကျွန်မတို့ မိသားစုကို ဒုက္ခပေးမိမှာကိုကြောက်နေတာ.. ဘီဒိုကို ဆေးခြယ်ဖို့လည်း မလာချင်လောက်ဘူးလို့ ထင်ပါတယ်..
တကယ်လို့ သူမ လာမယ်ဆိုရင် ကျွန်မတို့မိသားစုကို ဒုက္ခဖြစ်စေမိမှာကို စိုးရိမ်လိမ့်မယ် တကယ်လို့ သူမ မလာဘူးဆိုရင်လည်း ကျွန်မတို့ မိသားစုကို မျက်နှာသာမပေးဘူးဆိုပြီး အထင်ခံရမှာကို စိုးရိမ်နေရလောက်တယ်..ဒါဆို ရှက်ရွံ့နေရလိမ့်မယ် ..
ကျွန်မတို့ ဒီကိစ္စကိုမေ့လိုက်တာပိုကောင်းလောက်မယ်ထင်တယ်.. ပန်းပွင့်လေးတွေပဲ ဆွဲတာလည်း မဆိုးပါဘူး.. အမေဘဲ မင်နန်အတွက် စီစဥ်ပေးလိုက်တော့လေ”
မဒမ်လီက ခေါင်းညိတ်ပြီး ပြန်ပြောလာတယ်။
“မင်းပြောတာမှန်တယ် ငါ ဒီကိစ္စနဲ့ ပတ်သက်ပြီး နည်းနည်းလောက်ရှုပ်ထွေးသွားတာ.. ငါတို့တွေ ကွေ့ဟွားရဲ့အမေကို ငါတို့ကိစ္စကြောင့် စိတ်မချမ်းသာအောင် လုပ်လို့မရဘူး၊ ဒီတော့ မနက်ဖြန်ကျရင် မင်း သူ့ဆီကို စောင်ပဲသွားပေးလိုက်.. စကားလေးဘာလေးပဲပြောလာခဲ့.. တခြားဘာကိစ္စကိုမှ မပြောနဲ့”
ဝမ်စုဖန်းက ခေါင်းညိတ်လိုက်ပြီး လီမင်နန်ကလည်း ဘီဒိုကိုပန်းချီဆွဲပေးမဲ့ကိစ္စက တခြားသူတွေကို ဒုက္ခရောက်စေတယ်ဆိုတဲ့စကားကို ကြားတော့ ထပ်ပြီး မပြောဘဲ ရပ်တန့်လိုက်တယ်။
ကျန်းကျန်းက လီမင်နန်က တစ်နှစ်ပတ်လုံး ထိုပန်းချီဆွဲထားတဲ့ဘီဒိုအကြောင်းကိုတွေးနေခဲ့တယ် ဆိုတာကို သိတဲ့အတွက် သူမက သူ့ရဲ့ အနားကို တိုးကပ်လိုက်ပြီး တီးတိုးပြောလိုက်တယ်။
“စိတ်မပူနဲ့၊ နောက်ကျရင် ညီမလေး အစ်ကို့အတွက် ပန်းချီကောင်းကောင်းလေး ယူလာပေးမယ်၊ ပြီးရင် မှန်ဝယ်ပြီး တပ်လိုက်ရုံပဲ”
လီမင်နန် ပြုံးလိုက်ပြီး သူမရဲ့ဝက်မြီးလိုဆံပင်လေးကို အသာဆွဲလိုက်တယ်။
“အကြီးဆုံးညီမလေး .. မင်းရဲ့အသက်က ဘယ်လောက်ရှိနေပြီမို့လို့လဲ.. မင်းက ပန်းချီကားကိုတောင် ဆွဲချင်နေလိုက်သေးတယ်”
လီမင်ပင်က ထမင်းတစ်ပန်းကန်ကုန်ပြီး နောက်တစ်ပန်းကန်ထပ်ထည့်လိုက်တယ်။
“ကျွန်တော် ကျွန်တော့်ရဲ့ အတန်းဖော်တွေဆီကနေ ကြားခဲ့တယ်.. အခုခေတ်မှာ လူတွေက ဘယ်သူကမှ ပန်းချီတွေမဆွဲရဲတော့ဘူးတဲ့.. သူတို့က ပန်းချီဆွဲတတ်ရင် အရင်းရှင်တွေထဲကလို့ မှတ်ယူသွားပြီးသူတို့ရဲ့ ဘဝတွပြောင်းလဲသွားမှာကို စိုးရိမ်နေကြတယ်..
နောက်ပြီး ကျွန်တော့်ရဲ့အတန်းဖော်တွေထဲက တချို့တောင် ဆိုင်းဘုတ်ကြီးတွေကိုင်ပြီး အပြင်ဘက်ကို ထွက်နေကြတာ.. နောက်ပြီး တချို့တွေကို ပြစ်တင်ဝေဖန်တဲ့အထဲမှာလည်း ပါဝင်နေကြတယ်တဲ့”
ဝမ်စုဖန်းက ထိုစကားတွေကိုကြားတော့ ထိတ်လန့်သွားခဲ့တယ်။
“ဘီဒိုပေါ်မှာ ပန်းချီဆွဲရုံလေးနဲ့ ဘာများ ဖြစ်နိုင်မှာမို့လို့လဲ? ဒါဆို အိမ်မှာရှိတဲ့ ဘီဒိုပေါ်က ပန်းချီကားတွေက စိတ်မချရတော့ဘူး မလား”
“အဆင်ပြေပါတယ်.. အိမ်တိုင်းလိုလိုမှာ ဘီဒိုတွေမှာ ပန်းချီတွေရှိနေကြတာပဲလေ.. အများစုကပန်းတွေ၊ ငှက်တွေရဲ့ ပန်းချီကားတွေပဲ.. တကယ်လို့ ပန်းချီကားတွေကို ဖြုတ်ချရမယ်ဆိုရင် အပေါ်မှန်ကို ရိုက်ခွဲရလိမ့်မယ်..ဘယ်သူမှ အဲဒါကို သည်းမခံနိုင်လောက်ဘူး”
လီမင်ပေက ဆက်ပြောလာတယ်။
“ဒါ့အပြင်.. ကျွန်တော်တို့ အားလုံးလည်းသိနေတာပဲ.. ဘယ်သူကမှ တခြားလူတွေရဲ့အိမ်ကိုမှ ဒုက္ခပေးဖို့ ဝင်မွှေလို့မရဘူး”
ဝမ်စုဖန်းက နှုတ်ခမ်းဆူပြီးပြောလာတယ်။
“အခြားသူတွေရဲ့ မိသားစုက အဆင်ပေတယ်၊ ဒါပေမယ့် ကျန်းတာ့ဖူရဲ့ မိသားစုက စိတ်ဓာတ်ကောင်းတာမဟုတ်ဘူး၊ ကံကောင်းလို့ပေါ့.. မနှစ်တုန်းက ကျန်းသယ်ဖူက ရေအားလျှပ်စစ် စက်ရုံကိုသွားပြီး အရက်ခိုးတဲ့အတွက် ဆိုရှယ်လစ်လမ်းစဥ်ကို ချိုးဖောက်မှုအတွက် ဖမ်းဆီးခံထားရတယ်.. မဟုတ်ရင် ကျန်းကျန်းက တစ်နေကုန် ထွက်လိုက်ဝင်လိုက်လုပာနေတတ်တာနဲ့ သူက ကလေးကို ဖမ်းခေါ်ပြီး သွားရောင်းစားလိုက်မှာကို စိုးရိမ်နေရမှာ”
ကျန်းကျန်းတစ်ယောက် ပါးစပ်ထဲမှ ထမင်းတစ်လုတ်ကို ထွေးထုတ်လုနီးပါးဖြစ်သွားရပြီး မျက်နှာပေါ်မှာ အမည်းရောင်အစင်းကြောင်းတွေနှင့် ဝမ်စုဖန်းဆီကို လှမ်းကြည့်လိုက်မိတယ်။
“အမေ၊ သမီးရဲ့အသက်က ဘယ်လောက်ရှိနေပြီလဲဆိုတာ မေ့သွားပြီလား.. ရိုးရိုးသားသားပြောရရင် သမီးတို့ တိုက်ခိုက်ရင် ဘယ်သူနိုင်မယ်၊ ရှုံးမယ် ဆိုတာကိုမသိဘူး၊ နောက်ပြီး သူ သမီးကို မသယ်နိုင်တော့ဘူး၊ သမီးကတော့ သူ့ကိုပစ်ထုတ်လိုက်နိုင်တယ်နော်”
ဝမ်စုဖန်းက ဒီလိုစကားမျိုးကို နားထောင်ရတာ မကြိုက်ဘူး။
“မင်းက တစ်ရက်ထက်တစ်ရက် ပိုပြီး ကြီးလာပြီ.. ဒီလိုစကားမျိုး နေရာတိုင်းမှာ ပြောနေလို့မရဘူး.. တခြားလူတွေသာ မင်းက သန်မာတယ်လို့ကြားရင် ဘယ်သူကများ မင်းကို အနာဂတ်မှာ ဇနီးတစ်ယောက်အဖြစ် လက်ထပ်ချင်တော့မှာလဲ.. ယောကျ်ားကို သတ်နိုင်တယ်ဆိုပြီး ဝေးဝေးရှောင်ကြလိမ့်မယ်”
ကျန်းကျန်း ကူကယ်ရာမဲ့သွားရတယ်။
“အမေ စိတ်မပူပါနဲ့.. သမီးက နှစ်ဆယ့်ငါးနှစ်ကိုမရောက်မချင်း လက်မထပ်ဘူး.. နောက်ပြီး သမီးက အဲလိုလူမျိုးတွေကိုလည်း မကြိုက်ဘူးနော်.. အမေ့ရဲ့သမီးက အရမ်းလှပြီး ချစ်စရာကောင်းတာ.. တော်ရုံလူက သမီးနဲ့ လိုက်ဖက်မှာမဟုတ်ဘူး ဟုတ်တယ်မလား”