← Chapters

အခန်း (၁၄၀)

Vol. 14 Ch. 140

အခန်း (၁၄၀)

Vol. 14 Ch. 140

ဝမ်စုဖန်းက စကား ပြောချင်နေသေးတာကိုမြင်တော့ ကျန်းကျန်းက ချက်ချင်း ဆက်ပြောလိုက်တယ်။

“အမေ၊ သမီးအကြောင်းကို မစဉ်းစားနဲ့ဦး.. သမီးအတွက်က စောနေသေးတယ်၊ သမီးရဲ့ စတုတ္ထအစ်ကိုအကြောင်းကို ဘာလို့ မတွေးတာလဲ၊ သူက နောက်တစ်နှစ်ဆို အထက်တန်း ဘွဲ့ရတော့မှာလေ.. သူ့ကို သမီးရဲ့တတိယမြောက်အစ်ကိုလို မဖြစ်စေနဲ့၊ တတိယအစ်ကိုဆို အိမ်က လက်တွဲဖော်အကြောင်းကို မပြောခင် နှစ်အတော်ကြာအောင် အလုပ်လုပ်နေရတာ”

ကျန်းကျန်းတို့ ညီအကိုမောင်နှမတွေ အားလုံးက လီမင်ပေက လွန်ခဲ့တဲ့ နှစ်နှစ်သုံးနှစ်လောက်ကတည်းက ယွီဝမ်ရှို့ကို ကြိုက်နှစ်သက်ခဲ့ကြောင်းသိထားခဲ့ကြပြီး ဒါက မြင်မြင်ချင်း ချစ်ကြိုက်မိတဲ့ အလွန်ရိုမန်တစ်ဆန်တဲ့ အချစ်တစ်ခုဖြစ်ခဲ့တယ်။

ယွီဝမ်ရှို့ကို မကြာခဏမြင်တွေ့နိုင်စေရန် လီမင်ပေက ရေအားလျှပ်စစ်စက်ရုံသို့ ချောင်းပေါက်လုမတတ်သွားရောက်ခဲ့ပြီး ရေအားလျှပ်စစ်စက်ရုံသို့ ဝင်ခွင့်ရရှိရန်အတွက်တောင် စာကြိုးစားခဲ့သေးတယ်။

ဒါပေမယ့် ဒီအကြောင်းတွေကို သူက အိမ်မှာ ပြောမပြခဲ့ဘဲ သူ့ရဲ့အစ်ကိုတွေနှင့် ညီမတို့ကလည်း တစ်ယောက်မှ ထုတ်ဖော်ခဲ့ခြင်း မရှိခဲ့ကြဘူး။

ကျန်းကျန်းရဲ့စကားတွေက သူ့ဘက်ကို လှည့်လာတာကိုမြင်တော့ လီမင်ပေရဲ့မျက်နှာက အနည်းငယ်ချိုမြိန်ပြီး စိုးရိမ်တဲ့ပုံမျိုးနဲ့ ပြောလာတယ်။

“အိုး၊ စိတ်မပူနဲ့၊ ကျွန်တော်က တတိယအစ်ကိုလိုမျိုးမဖြစ်ဘူး၊ ကျွန်တော်က တုံးအပြီး ကိုယ်ကြိုက်တဲ့လူရှိတာတောင် ဘာမှ မပြောတဲ့လူမဟုတ်ဘူး”

လီမင်နန်က ရယ်ချင်စွာပြောလာတယ်။

“မင်းက သူမကို ပြောရဲသလို ပြောနေတာပဲ”

စကားတခွန်းတည်းနဲ့ လီမင်ပေတ်ယောက် တိတ်ဆိတ်သွားရတယ်။

မဒမ်လီက လီမင်ပေကို ခဏလောက်ကြည့်ပြီး ရယ်မောလေတယ်။ သူမရရဲ့ ရယ်သံကြောင့် လီမင်ပေရဲ့ ဆံပင်တွေထောင်သွားရတယ်။

သူက ခန္ဓာကိုယ်ပေါ်မှ ကြက်သီးတွေကို ပွတ်သတ်လိုက်ပြီး ပြောလာတယ်။

“ကျွန်တော် အထက်တန်းကျောင်းပြီးသွားရင် အဖွားတို့ကို ပြောပြမယ်.. ကျွန်တော်အတွက် စိတ်မပူစေရဘူး”

ထိုအချိန်ကျမှသာ မဒမ်လီက စိတ်ကျေနပ်စွာ ခေါင်းညိတ်လာတယ်

“ကောင်းပြီ၊ မင်းကိုယ်တိုင် မှတ်ထားလိုက်”

သူမရဲ့မြေးလေးယောက်လုံးက ကြီးပြင်းလာကြပြီ။ လီမင်တုန်အတွက်ကတော့ ပြောနေစရာ မလိုတော့ဘူး။ လီမင်ရှီက ဘာသတင်းမှ မကြားရဘဲ တစ်နှစ်နဲ့ နှစ်နှစ်ကြာအောင် စစ်တပ်ထဲမှာရှိနေခဲ့တယ်။ ဒါပေမယ့် ခြောက်လတစ်ကြိမ် သူ့အိမ်ကို ရက်ရောလွန်းတဲ့ ထောက်ပံ့ကြေး တွေပို့ပေးလာတတ်တယ်။

မဒမ်လီတစ်ယောက် ငွေထုတ်စာလွှာနဲ့ အတူ ပါလာတဲ့ ပမာဏကို ပထမဆုံးအကြိမ်ကြားခဲ့ရတုန်းက သူမ အလွန် အံ့ဩသွားခဲ့ပြီး သူမဖတ်တာမှားနေတယ်လို့ထင်ခဲ့ပေမယ့် တွက်ချက်ပြီးနောက် လီမင်ရှီရဲ့ လစဉ်လစာက ၉၈ ယွမ်ဖြစ်ပြီး ရေအားလျှပ်စစ်စက်ရုံရှိ အဋ္ဌမအဆင့် ဝန်ထမ်းကို အမီလိုက်နိုင်ကြောင်း တွေ့လိုက်ရတယ်။

လီမင်ရှီရဲ့အိမ်ထောင်ရေးကတော့ အခုအချိန်မှာ သူမစိုးရိမ်နိုင်တဲ့ ကိစ္စမဟုတ်တဲ့အတွက်ကြောင့် လီမင်နန်နဲ့ လီမင်ပေတို့အတွက်သာ ကြိုးစားနိုင်တယ် ။

မဒမ်လီက သူမရဲ့အိမ်ကို ချိန်ဆကာ လီမူဝူ နှင့် သူ့ရဲ့ဇနီးတို့ကိုခေါ်ပြီး ဆွေးနွေးခဲ့တယ်။

“ငါတို့မိသားစု အိမ်နည်းနည်းလောက်ထပ်ဆောက်သင့်လား၊ တွေးကြည့်ရင် မင်တုန်အတွက်လည်း သူ ပြောင်းရွှေ့သွားပြီးကတည်းက ဘယ်အချိန်ပြန်ပြောင်းလာမလဲဆိုတာ မသိနိုင်ဘူး၊ ဒါပေမယ့် အနောက်ဘက်အခန်းက သူတို့ကိုပေးထားတာဖြစ်လို့ ပြန်ရွှေ့ခိုင်းမနေနဲ့တော့..

မင်နန်နဲ့ မင်ပေတို့က မကြာခင် လက်ထပ်တော့မယ်.. သူတို့ အတွက် နေစရာစဥ်းစားဖို့ အချိန်ကျပြီ.. လက်ထပ်ပြီးရင် ဒီမှာပဲ ဆက်နေဖို့ မဖြစ်နိုင်ဘူး”

ဒါကိုကြားတော့ ဝမ်စုဖန်းက လီမူဝူလက်ကို လှည့်ကြည့်လိုက်တယ်။ လီမူဝူက နည်းနည်းတော့ မဆုံးဖြတ်နိုင်ဖြစ်နေတယ်။

“အမေ၊ အိမ်ဆောက်ဖို့ဆိုရင် ပိုက်ဆံအများကြီးလိုနိုင်တယ်၊ မင်နန်နဲ့ မင်ပေတို့ လက်ထပ်ပြီးရင် ခန်းဝင်ပစ္စည်းလည်း ပေးရဦးမယ်.. ကျွန်တော်တို့မိသားစုက ဘယ်လိုလုပ်ပြီး အဲလောက် ပိုက်ဆံအများကြီးရနိုင်မှာလဲ”

မဒမ်လီက ခြေထောက်ကို တင်ပွင်ခွေပြီး ထိုင်လိုက်တယ်။ ထို့နောက် ခါးမှာရှိနေတဲ့ ဆေးတံကိုထိလိုက်တယ်။

“ဒီနှစ်တွေအတွင်း အိမ်မှာ စားသောက်ဖို့အတွက် အစားအစာနှင့်ဟင်းသီးဟင်းရွက်တွေအတွက်က ပိုက်ဆံသုံးစရာမလိုအပ်ခဲ့ဘူး.. မင်းရဲ့ လစဉ်လစာကို စုဆောင်းထားတာ အတော်လေးများနေပြီ.. ဒါ့အပြင် မင်းရဲ့ အစ်ကိုကြီးနဲ့ ညီလေးဆီက ငါ့ဆီကို အခြေခံသုံးစွဲဖို့ဆိုပြီး ပို့ပေးနေတဲ့ ပိုက်ဆံတွေလည်း ရှိသေးတယ်”

ဝမ်စုဖန်းက သူမရဲ့လက်ကို အမြန်ဝှေ့ယမ်းလိုက်ျယ်။

“အစ်ကိုကြီးနဲ့ စတုတ္ထမောင်လေးပေးခဲ့တဲ့ ပိုက်ဆံက အမေ့အတွက်အငြိမ်းစားယူဖို့ ပေးကြတာလေ.. အဲဒါတွေကို ဘယ်လိုလုပ်ပြီး သုံးနိုင်မလဲ၊ အဲဒါက မကောင်းပါဘူး”

“ငါ့ရဲ့လက်ထဲမှာ ပိုက်ဆံမရှိရင် မင်းတို့ကိုငါ့ကို ကျွေးမွေးစောင့်ရှောက်တာ မလုပ်တော့ဘူးလား.. ငါ နေမကောင်းရင်ရော ဆေးကုဖို့ ပိုက်ဆံမပေးတော့ဘူးလား”

မဒမ်လီက ဝမ်စုဖန်းနှင့်လီမူဝူကို ကြည့်ရင်း သူတို့နှစ်ယောက်လုံး ခေါင်းခါယမ်းနေတာကိုတွေ့တော့ ရယ်မောလိုက်တယ်။

“အဲဒါကို ပြောနေတာမဟုတ်ဘူးလား ၊ ကောင်းပြီ.. ဒီငွေတွေကို အရင်သုံးမယ် ဘာပဲဖြစ်ဖြစ် မူဝူရဲ့လစာက ငါ့လက်ထဲမှာပဲရှိသေးတယ်.. ငါက အိမ်ရဲ့တာဝန်ရှိတဲ့လူပဲ ငါပြောတဲ့အတိုင်းလုပ်ကြ”

မဒမ်လီက ဆုံးဖြတ်ချက်ချလိုက်ပြီးဖြစ်လို့ ကောက်နှံစတိုးဆိုင်မှ ဆောင်းဦးကောက်နှံတွေကို ရောင်းချပြီးတဲ့အချိန်မှာ အိမ်တစ်လုံးဆောက်ရန် မိသားစုက ညှိနှိုင်းဆုံးဖြတ်ခဲ့ကြတယ်။ ရက်အနည်းငယ်အတွင်းမှာ သူတို့က အပြင်ကိုထွက်ပြီး မြေကွက်တစ်ကွက် လျှောက်ထားလိမ့်မယ်။

ရက်အနည်းငယ်ကြာပြီးနောက် ဝိုင်ချက်စက်ရုံမှ ပြောင်းနှံနှင့် ဂျုံတွေကို ဝယ်ဖို့အတွက် ကောက်နှံစတိုးဆိုင်သို့ ရောက်လာခဲ့ပြီး လီမူဝူက အလျင်စလိုနှင့် သတင်းစကားအကြောင်းပို ပြောခဲ့တယ်။

ဝိုင်ချက်စက်ရုံမှ အဝယ်တာဝန်ခံ လောင်ဝမ်က စက်ရုံအတွင်းမှ မိန်းကလေးတော်တော်များများနှင့်ပတ်သက်တဲ့အကြောင်းကို ပြောပြီးတဲ့နောက် နောက်မှာတော့ သူက နောက်ဆုံးတော့ ပြောလာတယ်။

“မုန်လို့ခေါ်တဲ့ လူတစ်ယောက်လည်း ရှိတယ်.. သူက ဝိုင်ချက်လုပ်တဲ့ဘက်ကလူပဲ၊ သူ့ရဲ့အကြီးဆုံး သမီး မိန်းကလေးက မင်းရဲ့ တတိယကလေးထက် သုံးနှစ်ပဲ ငယ်တယ်၊ သူမက အခု ရေအားလျှပ်စစ်စက်ရုံရဲ့ ဆေးရုံမှာ သူနာပြုအဖြစ် လုပ်နေတယ်လေ”

လီမူဝူက အချိန်အကြာကြီးစောင့်ဆိုင်းခဲ့ပြီး နောက်ဆုံးမှာ ထိုစောင့်ဆိုင်းနေတဲ့ စကားကို ကြားခဲ့ရပြီး ချက်ချင်း စိတ်လှုပ်ရှားစွာနှင့် လက်ခုပ်တီးလိုက်တယ်။

“ သူနာပြုကတစ်ယောက်ဆိုတော့ ကောင်းသားပဲ.. ခင်ဗျား အဆင်ပြေရင် မိတ်ဆက်ပေးလို့ရမလား”

လောင်ဝမ်က ပြုံးပြီး ပြောလာတယ်။

“ကောင်းပြီ၊ မင်းအတွက် သတင်းစကားပြောပေးမယ်.. တကယ်လို့ မာစတာမုန်သာ ဆန္ဒရှိရင် ကလေးနှစ်ယောက်ကို တစ်ယောက်နဲ့တစ်ယောက် တွေ့ဖို့ ခေါ်သွားလို့ရတယ်”

မုန်ရှောင်ရှီက လှပပြီး အတော်လေး သွက်သွက်လက်လက်ရှိတယ်။ သူမက ဆေးရုံမှာ တာဝန်ကျနေတာ တစ်နှစ်ခွဲလောက်ပဲ ရှိသေးပေမယ့် လူတော်တော်များများက သူအမျိုးသားကို လူတွေနဲ့ မိတ်ဆက်ပေးခဲ့ကြတယ်။

မုန်ရှောင်ရှီက လွန်ခဲ့တဲ့ နှစ်ရက်က မိသားစုတစ်စုကို သွားကြည့်ခဲ့ပေမဲ့လည်း သူမ အိမ်ထဲသို့ ဝင်သွားလိုက်တာနှင့် ကလေးတစ်ဒါဇင်ကျော်လောက်ကို တွေ့လိုက်ရပြီး ကြောက်လန့်သွားရကာ ခဏအကြာမှာပဲ သူမရဲ့အမေနှင့် အိမ်ကို ပြန်လိုက်သွားခဲ့တယ်။

ညနေဘက် ညစာစားချိန်မှာ မာစတာမုန်က ပြောလာတယ်။

“ကောက်နှံတွေ ဝယ်လာတဲ့ လူအိုကြီးက ပြောခဲ့တယ်.. ကောင်နှံစတိုးဆိုင်က လီလို့ခေါ်တဲ့လူမှာ ငါတို့ ရှောင်ရှီအရွယ်လောက် ရှိတဲ့ တတိယကလေး ရှိတယ်တဲ့.. သူတို့က ရှောင်ရှီနဲ့ တွေ့ကြည့်ချင်တယ်လို့ ပြောတယ်”

“သူ့ရဲ့ တတိယသားက ဘာလုပ်နေတာတဲ့လဲ”

အမေမုန်က ဟင်းပွဲတွေကို စားပွဲပေါ်တင်ပြီး ကလေးတွေဆီကို ဝေပေးကာ ခေါင်းမမော့ဘဲ မေးလိုက်တယ်။

မာစတာမုန်က ဝိုင်တစ်ခွက်လောင်းထည့်ပြီး တစ်ငုံသောက်လိုက်တယ်။

“သူက ငါတို့ရဲ့ ရေအားလျှပ်စစ်စက်ရုံကပဲ.. အထက်တန်းကျောင်းပြီးထားတဲ့သူဖြစ်လို့ ဝင်ခွင့်လက်ခံခဲ့တာ.. သူ့နာမည်က လီမင်နမ်တဲ့ ငါတို့ရှောင်ရှီထက် သုံးနှစ်ကြီးတယ်”

မုန်ရှောင်ရှီတစ်ယောက် ဂျုံယာဂုကို ငုံ့သောက်နေခဲ့ပြီး ထိုစကားကို ကြားလိုက်ရတော့ စိတ်အနည်းငယ်လွတ်သွားတာကြောင့် လက်ကိုအပူလောင်သွားရတယ်။

“သူ့နာမည်ကို ကြားရရုံနဲ့ မင်းဘာလို့ အပူလောင်နေရတာလဲ၊ သူ့ကို သိထားတာလား”

အမေလီက မုန်ရှောင်ရှီကိုပြန်ကြည့်ချိန်မှာ သူမရဲ့မျက်နှာက အနည်းငယ်နီနေတာကို တွေ့လိုက်ရတာကြောင့် မနေနိုင်ဘဲ မေးလိုက်မိတယ်။

မုန့်ရှောင်ရှီက သူမရဲ့လက်တွေကို လက်သုတ်ပဝါဖြင့် ခြောက်အောင်သုတ်လိုက်ပြီးနောက်ခွေးခြေခုံပေါ်မှာထိုင်ကာ ခေါင်းကို ဖွဖွညိတ်ပြလာတယ်။

“ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းလောက်က ဓာတ်အားပေးစက်ရုံက ဆရာကြီးတစ်ယောက် ဆေးရုံတင်ထားရတော့ လီမင်နန်က သူ့ကို အချိန်အတော်ကြာတဲ့အထိ ပြုစုစောင့်ရှောက်ပေးခဲ့တယ်”

အမေမုန်က သဘောပေါက်သွားခဲ့တယ်။

“အဲဒီတုန်းက တွေ့ခဲ့ကြတာလား.. မင်းပြောတာကို ဘာလို့ မကြားရတာလဲ”

“ဘာကိုပြောရမှာလဲ?”

မုန်ရှောင်ရှီက သူမရဲ့အောက်နှုတ်ခမ်းကို ကိုက်ရင်း ပြန်ပြောခဲ့တယ်။

“သူ့က ထပ်ပြီးတောင် ရောက်မလာခဲ့ဘူး.. ဆရာကြီး ဆေးရုံက ဆင်းပြီးကတည်းက သူ့ကို နောက်တစ်ခေါက်ပြန်မတွေ့ရတော့ဘူး”

“ကြည့်ရတာ စကားပြောရတာကို ရှက်ရွံ့တတ်တဲ့ ကောင်လေးတစ်ယောက်ဖြစ်မယ်”

အမေမုန်က ပွင့်ပွင့်လင်းလင်း ရယ်မောခဲ့တယ်။

“မဟုတ်ရင် စပါးစတိုးဆိုင်မှာ လူတွေ အများကြီးရှိနေတာကို သူက ရေအားလျှပ်စစ် စက်ရုံကို ဘာလို့ လာမေးရမှာလဲ.. ပြီးတော့ ငါတို့ ဝိုင်စက်ရုံက လူတွေကို အထူးတလည်မေးခဲ့သေးတယ်”

မာစတာလီက သူ့ရဲ့ခေါင်းကို အသာပုတ်ရင်း ရုတ်တရက် သဘောပေါက်စွာပြောလာတယ်။

“ လောင်ဝမ်က အဲဒီလီမျိုးရိုးကို သူ မိန်းကလေးတွေအများကြီးအကြောင်းကို ပြောခဲ့ပေမဲ့ ဘာမှမတုံ့ပြန်ခဲ့ဘူး ၊ ငါတို့ ရှောင်ရှီရဲ့နာမည်ကိုကြားမှ ချက်ချင်း သဘောတူခဲ့တယ်လို့ပြောခဲ့တာ အံ့သြစရာ မရှိဘူးပဲ..

သူက ရှောင်ရှီနဲ့ တစ်ယောက်ကို တစ်ယောက်ကြည့်ဖို့ ချက်ချင်း သဘောတူပြီး ရှောင်ရှီကို လာကြည့်ဖို့ ပြောခဲ့တယ်တဲ့”

အမေမုန်က ယာဂုသောက်နေရင်းနဲ့ လီမင်နန်ရဲ့အကြောင်းကို ရှောင်ရှီဆီမှာ မေးမြန်းခဲ့တယ်။ မုန်ရှောင်ရှီကလည်း သူမ သိသမျှအရာအားလုံးကို ပြောပြခဲ့တယ်။ လီမင်နန်က အလွန်ချောမောပြီး သန့်ရှင်းသပ်ရပ်တဲ့ ကလေးဖြစ်ကြောင်း ကြားရပြီးနောက်မှာအမေမုန်က အတော်လေး သဘောကျနေခဲ့တယ်။

သူ့ရဲ့သမီးက တစ်ယောက်ယောက်ကို အလွန်ကြိုက်နေတာကို တွေ့တော့ မာစတာမုန်ကလည်း မနှောင့်နှေးစေတော့ဘဲ နောက်ရက်မှာပဲ သတင်းစကား ပြန်ပြောခဲ့ပြီး တနင်္ဂနွေနေ့မှာ နှစ်ဖက်တွေ့ဆုံဖို့ လီမိသားစုအိမ်ကို သွားဖို့ ချိန်းလိုက်လေတယ်။

သားလေးယောက် ကြီးပြင်းလာပြီးနောက် ဒါပထမဆုံးအကြိမ်အဖြစ် ကောင်မလေးတစ်ယောက်နဲ့ ကြင်ဖက်တွေ့ဖို့ နှစ်ဖက်မိသားစု တွေ့ဆုံခဲ့တာဖြစ်တဲ့အတွက် ဝမ်စုဖန်းက အလွန် စိတ်လှုပ်ရှားနေခဲ့တယ်။

သူမက အလွန်စိတ်လှုပ်ရှားနေခဲ့တာကြောင့် အိမ်အတွင်း၊အပြင်ကို အဝတ်စုတ်နဲ့ ပြောင်လက်အောင် လိုက်သုတ်ပြီး သကြားလုံးတောင့်တွေ၊ လိမ္မော်သီး ဒါမှမဟုတ် တစ်ခုခုသွားဝယ်ဖို့ မကြာခဏ ထွက်နေခဲ့တယ်။ သူမက လီမင်နန်ထက်တောင် ပိုပြီးစိတ်လှုပ်ရှားနေပုံပဲ။

All Chapters