← Chapters

ဒီတစ်ကြိမ်တော့ ငါက အားအကောင်းဆုံး အခြေအနေမှာ ရှိမနေဘူး

Vol. 20 Ch. 288

ဒီတစ်ကြိမ်တော့ ငါက အားအကောင်းဆုံး အခြေအနေမှာ ရှိမနေဘူး

Vol. 20 Ch. 288

အခန်း (၂၈၈)  :  ဒီတစ်ကြိမ်တော့ ငါက အားအကောင်းဆုံး အခြေအနေမှာ ရှိမနေဘူး

ဒီတစ်ကြိမ်တော့ သတိလက်လွတ် မနေတော့ဘူး …

ချီရှောက်ရွမ်၏ မျက်လုံး သုံးလုံးမှ ခရမ်းရောင်အလင်းတန်း ထွက်ပေါ်လာသည်။ သူတို့က ရှန်ထျန်းဆီ ဦးတည်နေကြ၏။ ရှန်ထျန်း၏ တောက်ပလွန်းသည့် ရုပ်ရည်က သူ့အား မျက်စိကျိန်းမတတ် ဖြစ်သွားစေသည်။

အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ရဲ့ ရုပ်ရည်က ငါ့ကို အနေခက်စေတာပဲ …

ဒါပေမဲ့ ရုပ်ချောတာက နေရာတိုင်းမှာ သုံးစားမရဘူးကွ … စွမ်းအားကသာ ဘုရင်ပဲ .. ငါ မင်းကို မရှုံးစေရဘူး

ချီရှောက်ရွမ်က တိုက်ပွဲအတွက် အဆင့်သင့်ဖြစ်နေလေပြီ။ သူက စွမ်းအားကို နဂါးနက်ချပ်ဝတ်နှင့် ကောင်းကင်ပုဆိန်လှံရှည်ဆီ ထည့်သွင်းလိုက်ပြီး ရှန်ထျန်းဆီ ဖြည်းဖြည်းချင်း ချည်းကပ်လာသည်။

ဤတစ်ကြိမ် သူက သတိကြီးကြီးထားထားသည်။ သူက ယခင်လိုမျိုး သတိလက်လွတ် မနေတော့ပေ။

သူ့မှာ ရွှေအမြုတေအကြီးကြီး၊ အံ့ဖွယ်သက်တန့်အလင်းတန်းနဲ့ ဒီထူးထူးဆန်းဆန်း ကျောက်စိမ်းနွယ်ပင်ပဲ ရှိတာမလား …

ငါသာ သတိပိုထားရင် မင်းရဲ့ လှည့်ကွက်အသေးလေးတွေလောက်နဲ့ ငါ့ကို ဘာမှမလုပ်နိုင်ပါဘူးကွာ

ထိုစဉ် ချီရှောက်ရွမ်နှင့် ရှန်ထျန်းတို့က ဆယ်ပေမျှသာ ကွာဝေးတော့သည်။

ကောင်းကင်၌ မိုးကြိုးများ တလက်လက် ဖြစ်လာကာ လေထုပင် စိုစွတ်လာသလိုလို ဖြစ်၏။

အကယ်၍ အားနည်းသည့် ကျင့်ကြံသူတစ်ဦးဦးသာ သူတို့ကြားရှိနေလျှင် သူတော့ ဖိအားကြောင့် ချက်ချင်း ပျောက်ကွယ်သွားလိမ့်မည်။

“ လာခဲ့စမ်းပါ ”

ချီရှောက်ရွမ်က ကောင်းကင်ပုဆိန်လှံရှည်ဖြင့် ရှန်ထျန်းအား ချိန်ရွယ်လိုက်သည်။ သူ့ခရမ်းကောင်းကင်မျက်လုံးက အလင်းတန်း တောက်ပလာပြီး ၃၆၀ ဒီဂရီပတ်လည်ကို စစ်ဆေးကြည့်လိုက်သည်။ မည်သည့်ထောင့်တစ်နေရာမှ မချန်ထားပေ။ သူက အင်မတန် သတိကြီးကြီးထားထား၏။

စင်မြင့်အထက်ရှိ ဖန်သားပြင်က တဖန် ပြန်လည်အသက်ဝင်လာပြန်သည်။

“ စပြီ .. ခရမ်းစံအိမ် သူတော်စင်နဲ့ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်တို့ကြားက တိုက်ပွဲ ပြန်စပြီ ”

“ လက်တွေ့က အသိပညာထက် ပိုအရေးပါတယ်လေ။ ခရမ်းစံအိမ် သူတော်စင်က စိတ်လက်မာန်ပါ ဖြစ်လွန်းနေတယ်။ အဲကြောင့် ပုံရိပ်ရဲ့ ချောင်းမြောင်းလုပ်ကြံမှုကို ခံလိုက်ရတာပဲ။ ဒီတစ်ခါတော့ ခရမ်းစံအိမ် သူတော်စင်ရဲ့ ခရမ်းကောင်းကင်မျက်လုံးက တစ်ချိန်လုံး သတိကပ်ထားမှာဆိုတော့ အရင်တစ်ခါလို အမှားမျိုး လုပ်မှာ မဟုတ်တော့ဘူး။ အခုတစ်ခါတော့ ပြိုင်ပွဲကောင်းလေး ကြည့်ရတော့မယ် ”

“ ဝိညာဉ်ကျောက်တုံး ၁၀၀ လောင်းကြစို့ … ဒီတစ်ခါ ခရမ်းစံအိမ် သူတော်စင်က အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ရဲ့ ပုံရိပ်ကို သေချာပေါက် အနိုင်ယူလိမ့်မယ်။ ပြီးတော့ သူက အရှေ့ပိုင်းလွင်ပြင်ရဲ့ အားအကောင်းဆုံး ပါရမီရှင်ပဲလေ ”

“ မဖြစ်နိုင်တာ … အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ရဲ့ ဂုဏ်သတင်းကလည်း ခရမ်းစံအိမ် သူတော်စင်ထက် မနိမ့်ဘူးကွ။ သူတို့နှစ်ယောက်က လက်ရည်တူပဲ ”

“ ငါ ကျီရှုကျင်း ပြောလိုက်မယ်  … စီနီယာအစ်ကိုသာ အမှားမလုပ်သရွေ့ သူက အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကို သေချာပေါက် အနိုင်ပိုင်းပစ်မှာပဲ ”

“ ငါ ဖန်ချန်းကလည်း ရယ်လိုက်ဦးမယ်။ တကယ်လို့ ငါတို့သူတောစင်သာ အားကုန်ထုတ်သုံးရင် မင်းတို့ ချီရှောက်ရွမ်ကို လက်တစ်ဖက်တည်းနဲ့ အနိုင်ယူပစ်နိုင်တယ်ကွ ”

“ တကယ်လို့ ငါတို့ ခရမ်းစံအိမ် သူတော်စင်နဲ့ အံ့ဖွယ်မိုးကောင်းကင် သူတော်စင် အစစ်ကြားက ပြိုင်ပွဲအကြောင်း ပြောနေမယ်ဆိုရင်တော့ ဘယ်သူနိုင်မလဲ မပြောတတ်ဘူး။ ဒါပေမဲ့ အခုက အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ရဲ့ ပုံရိပ်ပဲလေ။ စွမ်းအားက တူပေမဲ့ ပုံရိပ်ရဲ့ တိုက်ပွဲဉာဏ်ပညာက ခရမ်းစံအိမ် သူတော်စင်ထက်တော့ နိမ့်မှာပဲ ”

“ ဒါပေမဲ့ အရင်တစ်ခေါက်က အဲဒီဦးနှောက်မပါတဲ့ ပုံရိပ်က ခရမ်းစံအိမ် သူတော်စင်ကို အနိုင်ယူပစ်ခဲ့တာလည်း မေ့မပစ်ကြနဲ့ဦးလေ ”

“ မင်း လွန်လွန်းသွားပြီ။ ဦးနှောက်မပါတဲ့ ပုံရိပ်က အနိုင်ရသွားတဲ့အကြောင်း ခဏတိုင်း ထုတ်ပြောနေမှာလား ”

“ ဟုတ်တယ်လေ။ မင်းက တခြားသူရဲ့ အမှားကို အမြဲလိုက်ထောက်နေကြ … မင်းက ခရမ်းစံအိမ် သူတော်စင်ကို ဦးနှောက်မပါဘူးလို့ ပြောလိုက်သလို ဖြစ်နေပြီ ”

“ ဟေး ဖန်သားပြင်ပေါ်ကနေ ရန်မဖြစ်ကြနဲ့ ”

“+၁”

“+၂”

…….....

ဖန်သားပြင်ပေါ်မှ မှတ်ချက်များကို ကြည့်ရင်း ချီရှောက်ရွှမ်၏ နဖူးပေါ်မှ သွေးကြောများက ထောင်တက်လာသည်။

ဒါကို ထပ်ပြောနေကြပြန်ပြီ … ငါက ပုံရိပ်ရဲ့ လှည့်စားမှုကို တစ်ခါပဲ ခံလိုက်ရတာပါကွာ … မင်းတို့တွေက ဘာလို့ ဆက်တိုက် ပြောနေရတာတုန်း

မှတ်ချက်တွေက အမည်မဲ့ဆိုတော့ ငါ သူတို့ကို မသိဘူးလို့များ ထင်နေတာလား ….

တကယ်လည်း သူ တတ်နိုင်တာတော့ ဘာမှသိပ်မရှိပါဘူး …

စစ်နတ်ဘုရား မျှော်နန်းဆောင်က ခရမ်းစံအိမ် အထွတ်အမြတ်မြေတွင် တည်ရှိနေခြင်း မဟုတ်ပေ။ ချီရှောက်ရွမ်က ထိုမှတ်ချက်ဝင်ပေးသူများ၏ အကြောင်းကို စစ်ဆေးပိုင်ခွင့်လည်း မရှိချေ။

သေစမ်း … အဲဒါ ဟိုမိစ္ဆာပုံရိပ်ရဲ့ အမှားပဲ

ချီရှောက်ရွမ်က မျက်လုံးသုံးလုံးဖြင့် ရှန်ထျန်းအား စိုက်ကြည့်လိုက်သည်။ သူ့စိတ်ထဲ ဒေါသထွက်လာသော်လည်း ယခင်ကလိုမျိုး ကမူးရှုးထိုး ပြေးမဝင်ပေ။ သူသာ အကျိုးအကြောင်း မဆင်မခြင်ဘဲ တိုက်လိုက်ပါက ထိုပုံရိပ်ထံ နောက်တစ်ခါ ထပ်ရှုံးသွားနိုင်ကြောင်း သိပေသည်။ ထိုအခါ သူ့ဂုဏ်သတင်းလည်း ပျက်စီးသွားပေမည်။

ဦးနှောက်မပါသည့် ပုံရိပ်၏ လှည့်စားမှုကို နှစ်ခါခံရမည်ဆိုလျှင် အမှန်တကယ် ရှက်ဖို့ ကောင်းလှသည်။

ရန်သူ မလှုပ်ရှားမချင်း ငါ အကွက်မရွေ့သေးဘူး … မင်းရဲ့ ဟာကွက်ကို ရှာရမယ်

ချီရှောက်ရွမ်က ကာကွယ်မှုအပြည့်အဝဖြင့် ရှန်ထျန်း၏ ပုံရိပ်ဆီ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာသည်။ သူ့အပြုအမူတိုင်းက အင်မတန် သတိကပ်ထား၏။ ရှန်ထျန်းက မြူခိုးပညာရပ်ကို ထုတ်မသုံးသလို အံ့ဖွယ်ဝါးမျိုနွယ်ပင်ကိုလည်း ထုတ်မသုံးလာချေ။ သူက ချီရှောက်ရွမ်အား တစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏ ခမ်းနားတင့်တယ်ဖွယ် တောင်ပံများကို ဖြည်းဖြည်းချင်း ဖြန့်ကျက်လိုက်သည်။

တောင်ပံများက ရွှေရောင်ဖြစ်ကာ ငှက်မွေးများက အလင်းတန်းအသွင်ဆောင်နေသည်။ ကြည့်ရသည်မှာ ကမ္ဘာမြေသို့ စစ်နတ်ဘုရား ဆင်းသက်လာသည်နှင့်  တူသည်။ သူက ခမ်းနားကြီးကျယ်ကာ တောက်ပခံ့ညားလှသည်။

အရှေ့ပိုင်းလွင်ပြင်၏ အားအကောင်းဆုံး ပါရမီရှင်ဖြစ်သော ချီရှောက်ရွမ်ပင် ရှန်ထျန်းကို ကြည့်ကာ သိမ်ငယ်မှုကို ခံစားလာရသည်။

မင်းက သူ့ထက် အရပ်ရှည်တော့ ဘာဖြစ်လဲ … သူက ပျံနိုင်တယ်လေ

“လူတွေ ငါ့ကို ငုံ့ကြည့်တာ မုန်းတယ်။ ထွက်သွားစမ်း ”

ချီရှောက်ရွမ်က သရော်ပြောလိုက်သည်။ သူ့တတိယမျက်လုံးမှ ခရမ်းရောင်အလင်းတန်းက ပိုမို တောက်ပလာသည်။ မျက်စိစူးမတတ် ခရမ်းအလင်းတန်း ရုတ်ချည်း ထွက်ပေါ်လာလေ၏။

ဤသည်မှာ ခရမ်စံအိမ် တော်ဝင်ကျမ်း၏ ခရမ်းကောင်းကင်မျက်လုံးမှ ဖျက်စီးခြင်း ခရမ်းရောင်အလင်းတန်း ဖြစ်၏။

အမြင့်ဆုံးအဆင့်အထိ ကျင့်ကြံပြီးပါက အရာအားလုံးကို ဖျက်စီးသုတ်သင်ပစ်နိုင်သည်ဟု ဆိုကြသည်။

ဤသည်က အပိုလား တကယ်လား တစ်ယောက်မှ မသိပေ။

မည်သို့ပင်ဆိုစေကာမူ ဖျက်စီးခြင်း ခရမ်းအလင်းတန်း၏ စွမ်းအားသည် ပုံမှန်စွမ်းအားလိုမျိုး မဟုတ်ပေ။ ထိုအလင်းတန်း လေထုခွင်းသွားသည်နှင့် အာကာပြင်ပင် တွန့်လိမ်သွား၏။ အရှိန်ကလည်း အံ့မခန်းလိလိ ဖြစ်သည်။ ကြည့်ရသည်မှာ ထိုအလင်းတန်း ရှန်ထျန်းဆီ ရောက်သည့်အချိန် ချီရှောက်ရွမ်၏ မျက်လုံးက ပိုမို တောက်ပလာပုံရသည်။

ဤတိုက်ခိုက်မှုက ကနဦးဝိညာဉ်အဆင့်နီးပါး ဖြစ်၏။ ထိပ်သီး ကနဦးဝိညာဉ်အဆင့် ကျင့်ကြံသူပင် ထိုသို့ ရုတ်ချည်းတိုက်ခိုက်မှုမျိုးနှင့် ရင်ဆိုင်ရလျှင် ထိမိပေမည်။ ထိုအလင်းတန်း၏ အင်အားကြောင့် ထိမှန်မိသည်နှင့် ချက်ချင်း သေဆုံးသွားနိုင်သည်။

ဒါက ခရမ်းစံအိမ် သူတော်စင်ရဲ့ တကယ့်လျို့ဝှက်တိုက်ကွက်လား …

ဖန်ချန်းနှင့် ကျန်းယွင်ရှီးတို့ တိုက်ခိုက်မှုအောက်တွင်ပင် ချီရှောက်ရွမ်က ထိုတိုက်ကွက်ကို ထုတ်မသုံးခဲ့ပေ။ သို့သော်လည်း ယခု ရှန်ထျန်း၏ ပုံရိပ်နှင့် ရင်ဆိုင်သည့်အခါ တန်းထုတ်သုံးနေသည်။

ကြည့်ရသည်မှာ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က သူ့အား ဖိအားများများ ဖြစ်စေပုံရ၏။

ဝုန်း …

ဖျက်စီးခြင်း ခရမ်းအလင်းတန်းက ရှန်ထျန်းနောက်မှ နံရံကို မဖောက်သွားခင် ပုံရိပ်၏ မျက်ခုံးစပ်ကြားကို ထိုးဖောက်သွားသည်။ စင်မြင့်တစ်ခုလုံး အပြင်းအထန် တုန်ခါသွားလေ၏။

အံ့ဖွယ်မိုးကောင်းကင် သူတော်စင် အသတ်ခံလိုက်ရပြီလား …

အားလုံးက အတွေးနက်နေသော ရှန်ထျန်း၏ ပုံရိပ်ကို စိုက်ကြည့်လိုက်ကြသည်။ ထိုစဉ် သူတို့အားလုံးက ယုံကြည်ဖို့ ခက်ခဲနေကြသည်။

ဤသည်မှာ အံ့ဖွယ်မိုးကောင်းကင် သူတော်စင် ဖြစ်၏။

သို့သော်လည်း တစ်ယောက်ယောက်က တစ်ခုခု မှားယွင်းနေကြောင်း ခံစားရပြီး သိပ်မကြာခင် ရှန်ထျန်း၏ ပုံရိပ်မှာ ဖြည်းဖြည်းချင်း လွှင့်ပျယ်သွားတော့သည်။

ဤသည်မှာ စွမ်းအားပျောက်ဆုံးသွား၍ လွှင့်ပျယ်သွားခြင်းမျိုး မဟုတ်ဘဲ လမ်းကြောင်း၌ ကျန်ရှိနေခဲ့သော ပုံရိပ်တစ်ခုသာ ဖြစ်နေသည်။

မှန်ပေသည်။ ခရမ်းစံအိမ် သူတော်စင်၏ အလင်းတန်းက ရှန်ထျန်း၏ ပုံရိပ်ကို မထိုးဖောက်နိုင်ခဲ့ပေ။ ထိုအရာက  ရှန်ထျန်း၏ ပုံရိပ် ချန်ထားခဲ့သော ပုံရိပ်ပွားတစ်ခုမျှကိုသာ ထိုးဖောက်သွားခဲ့ခြင်း ဖြစ်၏။

သူ့အမြန်နှုန်းက အလွန်မြန်ဆန်လွန်းပေသည်။ သူက ခရမ်းစံအိမ် သူတော်စင်၏ ဖျက်စီးခြင်း အလင်းတန်း ရောက်မလာခင် ဆတ်ခနဲ ရှောင်ရှားပြီးသား ဖြစ်၏။ သူက ထိုအလင်းတန်းကြောင့် လုံးဝ ထိခိုက်မှု မရှိပေ။

“မြန်လိုက်တာ ”

ချီရှောက်ရွမ်၏ မျက်လုံးသုံးလုံးလည်း ပြူးကျယ်သွားသည်။ သူ့ခရမ်းကောင်းကင် မျက်လုံးပင် ရှန်ထျန်း၏ အမြန်နှုန်းအား လိုက်မီရုံလေးမျှ ဖြစ်သည်။ ပွဲကြည့်ပရိတ်သတ်များက ရှန်ထျန်းကို သေချာမမြင်ကြတော့ပေ။ သူတို့မြင်တွေ့ရသည်က ဟိုဟိုဒီဒီ ချန်ထားခဲ့သည့် ပုံရိပ်ပွားမျှသာ ဖြစ်သည်။

ဝုန်း …

ချီရှောက်ရွမ်က ကောင်းကင်ပုဆိန်လှံရှည်ကို မြှောက်လိုက်သည်။

ကောင်းကင်ပုဆိန်လှံရှည်ပေါ်တွင် နေလုံးအသေးစားကဲ့သို့ မီးတောက်များ ထွက်ပေါ်လာသည်။ ဓားက ပုဆိန်လှံရှည်ဆီ လျှပ်စီးလို အလျှင်ဖြင့် ရောက်ရှိလာသည်။ အကယ်၍ ချီရှောက်ရွမ်သာ အချိန်မီ မတားလိုက်နိုင်ပါက ထိုဓားချက်က သူ့ခေါင်းအား နှစ်ပိုင်း ပြတ်သွားစေနိုင်သည်။

“ မင်းရဲ့ အမြန်နှုန်းက အတော်လေး မြန်တယ်လို့တော့ ဝန်ခံရမှာပဲ။ မင်းက ဒါလေးနဲ့ ငါ့ကို အနိုင်မပိုင်းနိုင်တာတော့ နှမြောစရာပဲ … အဝေးကြီးလိုနေသေးတယ် ”

ချီရှောက်ရွမ်က ကောင်းကင်ပုဆိန်လှံရှည်ကို ဝေ့မယမ်းခင် သရော်လိုက်သေး၏။

သို့သော်လည်း သူ့ကောင်းကင်ပုဆိန်လှံရှည် လေထဲ ဝေ့ယမ်းလိုက်သည့် အခိုက်အတန့် ရှန်ထျန်းက နောက်ဆုတ်လိုက်ပြီး နောက်တစ်နေရာမှ အားပြင်းပြင်း တိုက်ခိုက်လိုက်ပြန်သည်။

ချွမ် …

ဝုန်း …

ချွမ် …

ဝုန်း …

ချီရှောက်ရွမ်၏ မျက်နှာက ခက်ထန်လာသည်။

ရှန်ထျန်း၏ အမြန်နှုန်းက အလွန်မြန်ဆန်လာသဖြင့် သူ့အနေနှင့် လိုက်မမီပေ။

ရှန်ထျန်း၏ ပထမတိုက်ခိုက်မှုအပြီးတွင် ချီရှောက်ရွမ်ထံ အားပြင်းပြင်း တိုက်ခိုက်မှုများ ဆက်တိုက် ကျရောက်လာသည်။

တိုက်ခိုက်မှုတိုင်းက အရှိန်ပြင်းပြင်းဖြင့် ဖြစ်၏။ ချီရှောက်ရွမ်က ခုခံရုံသာ တတ်နိုင်ပြီး ပြန်တိုက်ဖို့ အခွင့်အရေး မရပေ။

သူ့ကောင်းကင်ပုဆိန်လှံရှည်က လေးလံသော လက်နက်တစ်ခု ဖြစ်သည့်အတွက် အနေတော်အကွာအဝေး တိုက်ခိုက်မှုများအတွက် အကောင်းဆုံး ဖြစ်၏။ အနီးကပ်တိုက်ခိုက်မှုများအတွက် သိပ်မကောင်းလှချေ။

ထိုစဉ် သူက တိုက်ကွက်များနှင့် လက်ဟန်များကို ထုတ်သုံးဖို့ အခွင့်အရေးပင် မရှိချေ။

“ ဒီလို အားပြင်းပြင်း တိုက်ခိုက်မှုမျိုး … ဒါက အရမ်းအံ့ဩဖို့ ကောင်းပေမဲ့ စွမ်းအားလည်း အတော်ကုန်မှာ ”

ချီရှောက်ရွမ်က သရော်ပြုံးလိုက်ပြီးနောက် ရှန်ထျန်း၏ တိုက်ခိုက်မှုကို တားဆီးလိုက်သည်  “ မင်း ဒီလိုမျိုး ဘယ်လောက်ကြာကြာထိန်းထားနိုင်မလဲ ကြည့်ရသေးတာပေါ့ ”

ပုံရိပ်က ချီရှောက်ရွမ်ကို ပြန်မဖြေပေ။ သူက ဓားဖြင့် တရစပ်တိုက်ခိုက်နေဆဲသာ ဖြစ်၏။

အဆုံးသတ်၌ သူ့အနေနှင့် ဓားက အားမပြင်းကြောင်း ခံစားမိသည့်အလား ခရမ်းမိုးကောင်းကင်တူကို ထုတ်ကာ ချီရှောက်ရွမ်အား ရိုက်နှက်ဖို့ ပြင်လိုက်သည်။

ရွှေရောင်အလင်းတန်းများနှင့် မိုးကြိုးများက စင်မြင့်အထက်တွင် ရောနှောဖြစ်တည်လာသည်။ ထိုအခိုက်အတန့် ချီရှောက်ရွမ်က ရှန်ထျန်း၏ ရက်ရက်စက်စက် တိုက်ခိုက်မှုကြောင့် နောက်ဆုတ်နေရသည်။

သူ့ချပ်ဝတ်အနားရှိ ခရမ်းရောင် အငွေ့အသက်များက သိသိသာသာ မည်းမှောင်လာသည်။ ထိုစဉ် ဖန်သားပြင်ကလည်း မှတ်ချက် အသစ်အသစ်တွေ အလျှင်အမြန် ပေါ်လာသည်။

“စစ်နတ်ဘုရား မျှော်နန်းဆောင်က သူ့ကို ဒုတိယအခွင့်အရေး ပေးတာကို ခရမ်းစံအိမ် သူတော်စင်က မလုပ်နိုင်သေးဘူးပဲ ”

“အရင်တစ်ခါ အကြောင်းပြချက်က  ဦးနှောက်မပါတဲ့ ပုံရိပ်က လှည့်စားသွားလို့ဆို ဒါပေမဲ့ ဒီတစ်ခါလည်း ဖိနှိပ်ခံနေရတုန်းပါပဲလား ”

“ ကြည့်ရတာ ခရမ်းစံအိမ် သူတော်စင်က အံ့ဖွယ်မိုးကောင်းကင် သူတော်စင်အတွက် ပြိုင်ဖက် မဟုတ်ဘူးပဲ။ ငါ မအံ့ဩတော့ပါဘူး။ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ရဲ့ တိုက်ရည်ခိုက်ရည်က အရမ်းအားကောင်းလွန်းနေတာကိုး ”

“ ခရမ်းစံအိမ် အထွတ်အမြတ်မြေရဲ့ ကျီရှုကျင်း ဘယ်မှာလဲ။ မင်းတို့သူတော်စင်က ရှုံးနေပြီ။ မင်း ဘာမှမပြောတော့ဘူးလား ”

“ ငါ့ကို မေးပေးတာ ကျေးဇူးပဲ … ငါက စစ်နတ်ဘုရား မျှော်နန်းဆောင်မှာ တိုက်ပွဲကို ကြည့်နေတုန်းပဲ။ မင်းတို့အားလုံး တုံးနေတာလား။ အစ်ကိုကြီးရှောက်ရွမ်က … အခြေအနေကို အရင်လေ့လာချင်နေလို့ ဘာမှမလုပ်သေးတာကွ။ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က အားကောင်းလွန်းပေမဲ့ နောက်ဆုံးကန့်သတ်ချက်ကို ရောက်နေပြီ။ ကြာကြာ ထိန်းမထားနိုင်တော့ပါဘူးကွာ။ စီနီယာအစ်ကိုရှောက်ရွမ် ပြန်တိုက်လိုက်တာနဲ့ သူတော့ ရှုံးနိမ့်မှာ အသေအချာပဲ  ”

………....

ချီရှောက်ရွမ်က ဖန်သားပြင်ကို အာရုံမစိုက်နိုင်သေးပေ။ သူက ရှန်ထျန်းကိုသာ အပြည့်အဝ အာရုံစိုက်ထားလေ၏။

ဟားဟား …

ချီရှောက်ရွမ်က ရှန်ထျန်း၏ အမြန်နှုန်းမှာ သူ မျှော်မှန်းထားသည်ထက် ပိုမြန်ဆန်ကြောင်း ဝန်ခံပေသည်။ ဤသို့သော တိုက်ခိုက်မှု အမြန်နှုန်းမျိုးက သူတို့အဆင့်ကို ကျော်လွန်နေလေပြီ။

မည်သို့ပင်ဆိုစေကာမူ တိုက်ခိုက်ရည်က ပိုမြန်ခြင်း၊ ပိုကြမ်းခြင်းတို့သာ မကပေ။ တခြားသော ရှုထောင့်များလည်း အရေးပါသေး၏။

ရှန်ထျန်း၏ တိုက်ခိုက်မှုအောက်တွင် ချီရှောက်ရွမ်က ဖိနှိပ်ခံနေရသော်လည်း ရှန်ထျန်း၏ စွမ်းအားလည်း များစွာ ကုန်ဆုံးနေသည်။ ပြောရမည်ဆိုလျှင် ဤတိုက်ပွဲ၌ ချီရှောက်ရွမ်က ရှန်ထျန်း ရှိသလောက် တစ်ဝက်ပင် မထုတ်သုံးထားရသေးပေ။

သူသာ လက်ရှိခုခံရေးအနေအထားကို ဆက်လက် ထိန်းထားပြီး ရှန်ထျန်းကို အားကုန်အောင် လုပ်နိုင်ပါက နောက်ဆုံးတွင် အနိုင်ရသူမှာ သေချာပေါက် ချီရှောက်ရွမ်သာ ဖြစ်လိမ့်မည်။

မင်းက ဦးနှောက်မပါတဲ့ ပုံရိပ်ပါပဲကွာ … ဒီလို အသိဉာဏ်လောက်နဲ့ ငါ့ကို လာယှဉ်ရဲသေးတယ်ပေါ့ … ဟာသပဲ

ချီရှောက်ရွမ်က အသက်ပြင်းပြင်းရှုလိုက်သည်။ သူက ရှန်ထျန်း၏ တိုက်ခိုက်မှုအားလုံးကို ခုခံဖို့ရာသာ အာရုံစိုက်ထားလိုက်သည်။

တူရိုက်ချက် ဆယ်ချက် …

အချက် နှစ်ဆယ်

အချက် သုံးဆယ် …

အချက် လေးဆယ် … မဟုတ်သေးဘူး … ဒီတိုက်ပွဲက မျှော်မှန်းထားသလို ဖြစ်မလာဘူး

ချီရှောက်ရွမ်က နောက်ဆုတ်နေရင်း လက်များပင် တုန်ယင်လာသည်။ သူက စင်မြင့်အစွန်းအဖျားသို့ ရောက်လုနီးပါး ဖြစ်နေလေပြီ။

သူ့မျက်နာမှာ မညွှန်းဆိုတတ်လောက်အောင် မည်းမှောင်လာတော့သည်။ ပြိုင်ပွဲတိုက်နေစဉ် သူက မှားယွင်းတွက်ချက်မိခဲ့ကြောင်း သတိပြုမိလိုက်သည်။

သူက လေးသမား ကျူးယီ၊ အရိပ်လုပ်ကြံသတ်ဖြတ်သူ ယင်လုနှင့် ယခင်တခါ ရှန်ထျန်း၏ ပုံရိပ်နှင့် ရင်ဆိုင်စဉ်အခါက စွမ်းအားအမြောက်အများ သုံးခဲ့ရကြောင်း မေ့လျော့သွားလေသည်။ အံ့ဖွယ်ဝါးမျိုနွယ်ပင်၏ ထုံထိုင်းစေတတ်သည့် အဆိပ်ပင် အနည်းငယ် ကျန်ရှိနေသေး၏။

စစ်နတ်ဘုရား မျှော်နန်းဆောင်၏ ကာကွယ်ရေးစွမ်းအားကြောင့် ချီရှောက်ရွမ်က ပထမတစ်ကြိမ်အပြီးတွင် တကယ် မသေဆုံးသွားခဲ့သော်လည်း လက်ရှိအခြေအနေနှင့် ပြန်လည်ကောင်းမွန်လာနှုန်းမှာ နောက်ကိစ္စတစ်ခု ဖြစ်၏။

ရလဒ်အနေနှင့် ချီရှောက်ရွမ်၏ စွမ်းအားအဆင့်မှာ ရှန်ထျန်း၏ ပုံရိပ်နှင့် ဒုတိယအကြိမ် တိုက်နေစဉ် နဂိုစွမ်းအား၏ တစ်ဝက်မျှသာ ကျန်ရှိတော့သည်။

ရှန်ထျန်း၏ အပြင်းအထန် တိုက်ခိုက်မှုများကြား ချီရှောက်ရွမ်က ပြန်လည်အားဖြည့်ဖို့ အချိန်ပင် မရချေ။

အကယ်၍ တိုက်ပွဲသာ ဤပုံစံအတိုင်း ဆက်ဖြစ်နေပါက ရှန်ထျန်း၏ ပုံရိပ်က စွမ်းအားအမြောက်အမြား ကုန်ဆုံးနေသော်လည်း ချီရှောက်ရွမ်၏ ခုခံနှုန်းက အရင်ဆုံး ကျဆင်းသွားပေလောက်သည်။

ပို၍ အရေးကြီးသည်က ချီရှောက်ရွမ်၏ စိတ်အခြေအနေက ဖိအားပြည့် တိုက်ပွဲအတွင်း အဆုံးအစွန်သို့ ရောက်ရှိနေလေပြီ။ ချီရှောက်ရွမ်က ထိုအချက်ကို သတိထားမိသွားသည်နှင့် မျှော်လင့်ချက် ကုန်လုနီးပါး ဖြစ်သွားခဲ့သည်။

ထိုစဉ် ရှန်ထျန်း၏ တိုက်ခိုက်မှုများက ဆက်လက် ကျရောက်နေဆဲသာ ဖြစ်၏။

All Chapters