← Chapters

ကောင်းကင်နတ်အရှင်ယွင်

Vol. 132 Ch. 1701

ကောင်းကင်နတ်အရှင်ယွင်

Vol. 132 Ch. 1701

ဤတိုက်ပွဲ၏ အရေးကြီးဆုံး အပိုင်းက ချင်မူ လော ၊ ရွှင်ပျော်ပျော်ကျေးရွာလော ‌ပြောရခက်သည်။ မည်သည့်နေရာ ရှုံးနိမ့်သည်ဖြစ်စေ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာနှင့် ကမ္ဘာဦးဘုံ ကျရှုံးရပေလိမ့်မည်။

ကောင်းကင်နတ်အရှင်ယွင် ရွှင်ပျော်ပျော်ကျေးရွာဆီသို့ ဆင်းသက်လာသည့်အချိန်တွင် ကောင်းကင်နတ်အရှင်ယွဲ့၊ နတ်ဘုရင်လန်ဝူ၊ ကောင်းကင်နတ်အရှင်ရုံ၊ ထိုက်ရှီနှင့် လန်ယွီကျန်းတို့ကလည်း သူတို့၏ ပြိုင်ဘက်များကို အသီးသီး ကြိုဆိုရင်ဆိုင်လိုက်ကြသည်။

ရှေးဟောင်းနတ်ဘုရားဘုရင်က ရွှမ်တုစစ်တပ်အား ဦးဆောင်လျက် ရွှင်ပျော်ပျော်ကျေးရွာကို ထိုးခွင်းကာ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို တိုက်ခိုက်ရန် ကြိုးစားနေသည်။ ကောင်းကင်နတ်အရှင်ယွဲ့နှင့် နတ်ဘုရင်လန်ဝူက ကောင်းကင်ထက်သို့ ပျံတက်၍ သူ့အား တားကြသည်။

ကောင်းကင်နတ်အရှင်ရုံကလည်း ကမ္ဘာဦးဘုံယိုတုထဲသို့ ဝင်ရောက်လာသည့် ကောင်းကင်နတ်အရှင်ရှုအား ရင်ဆိုင်တိုက်ခိုက်၏။ ထိုက်ရှီမှာမူ ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးကို တားဆီးရသည်နှင့်ပင် နေသားကျနေပြီ ဖြစ်သည်။ သူတို့သုံးယောက်က အထွတ်အမြတ်ရတနာများကို အသီးသီး ထုတ်ဖော်ထားရင်း တစ်ယောက်ကိုတစ်ယောက် နားချရန် တရားဟောနေကြသည်။

လန်ယွီတျန်းကတော့ သခင်ယွမ်မုကို ကြည့်နေသည်။

ကောင်းကင်နတ်အရှင်ယွင်က ကောင်းကင်နတ်ဧကရာဇ်ဟောင်ဆီသို့ လျှောက်သွား၏။

ကောင်းကင်နတ်အရှင်များနှင့် တာအိုသိုင်းပညာရှင်များ ကောင်းကင်ပေါ်၌ တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာကြသည်။ သူတို့အောက်တွင်တော့ နတ်ဘုရားမိစ္ဆာလှိုင်းကြီးက ရွှင်ပျော်ပျော်ကျေးရွာ၏ အရက်မျက်နှာသုံးခုမှ ပြန်ကားထွက်လာကြ၏။ စစ်မြေပြင်သည် ထိုက်ဧကရာဇ်ကောင်းကင်ဘုံအထိ ပျံ့နှံ့လာပြီး ထိုက်ဧကရာဇ်ကောင်းကင်ဘုံတွင် စစ်ပွဲမီးတောက်များ တဟုန်းဟုန်း တောက်လောင်နေတော့၏။

ဤတစ်ကြိမ်တွင် ကောင်းကင်နတ်ဘုံ၏ တိုက်စစ်က အလွန်တရာ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသည်။ ခွန်အားအပြည့်အဝ ထုတ်သုံးလာသောကြောင့် သစ်ခုတ်သမားအနေဖြင့် အခြေအနေတစ်ရပ်လုံးကို ထိန်းချုပ်ကွပ်ကဲနေရသည်။ ယန်ယွင်ရှီ၊ ကွမ်းချာနှင့် ဟန်ထန်းတို့က တစ်ဖက်ကို နေရာယူထားပြီး ခိုင်ဧကရာဇ်တိရီယွဲ့ကိုယ်တိုင် ချီတက်တိုက်ခိုက်နေ‌၏။ သို့သော် ကောင်းကင်ဆရာသခင်များ တာဝန်ယူထားကြသည့်တိုင် စစ်ပွဲမီးတောက်များက ရွှင်ပျော်ပျော်ကျေးရွာအထိ ပျံ့နှံ့လာသေးသည်။

ကောင်းကင်နတ်အရှင်ယွင်က ဤအရာအားလုံးကို လျစ်လျူရှုထားပြီး ကောင်းကင်နတ်ဧကရာဇ်ဟောင်အား သွားတွေ့ချေပြီ။

ကောင်းကင်နတ်ဧကရာဇ်ဟောင်သည် ယခုအခိုက်အတန့်တွင် ယောက်ျားတစ်ယောက် ဖြစ်နေ၏။ သခင်လေးနှစ်မှာ ချင်မူ လင်းကွမ်ခန်းမသခင်၏ ရှေးဟောင်းနတ်ဘုရားကိုယ်ပွား ရှစ်ယောက်အား သတ်ဖြတ်ခဲ့သည်ကို အံ့အားသင့်သွားသောကြောင့် တစ်ခဏ ထွက်လာ၍ စပ်စုခြင်းသာ ဖြစ်သည်။ သို့သော် ရွှင်ပျော်ပျော်ကျေးရွာ၏ မဟာတိုက်ပွဲကြီးကို စိတ်မဝင်စားသောကြောင့် ခန္ဓာကိုယ်အား ကောင်းကင်နတ်ဧကရာဇ်ဟောင်ထံ ပြန်ပေးခဲ့၏။

“ယွင်၊ မင်းက ငါ့ကြောင့် ရှုံးနိမ့်သွားခဲ့ရတဲ့ ပြိုင်ဘက်တစ်ယောက်ပါပဲ”

ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ အကြည့်က ကောင်းကင်နတ်အရှင်ယွင်၏ မျက်နှာပေါ်သို့ ကျရောက်လာပြီးနောက် အကြည့်လွှဲကာ ရွှင်ပျော်ပျော်ကျေးရွာ၏ အမြင့်ဆုံးကောင်းကင်ဘုံ ဖြစ်သည့် ထိုက်ချင်းကောင်းကင်ဘုံဆီ ကြည့်လိုက်သည်။ “သိပ်ကို ကောင်းမွန်တဲ့ အကြံအစည်ပါလား” ကောင်းကင်နတ်ဧကရာဇ်ဟောင်က အေးဆေးစွာ ပြောသည်။

“လင်းကွမ်ခန်းမသခင်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းအကုန်လုံးက ရှေးဟောင်းနတ်ဘုရားတွေအဖြစ် အသွင်ပြောင်းထားပြီးပြီ… သူက ကိုယ်ပွားတွေ စေလွှတ်ပြီး ရွှင်ပျော်ပျော်ကျေးရွာ၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၊ ကောင်းကင်ယင်ကမ္ဘာ၊ ဗုဒ္ဓကမ္ဘာလောကနဲ့ သားရဲကမ္ဘာက ခေါင်းဆောင်တွေကို သတ်နိုင်တယ်… ဒါက သူ့ကို တိုက်ခိုက်ပြီး ကယ်တင်ဖို့ပဲ… ကောင်းကင်နတ်အရှင်မူမှာ အားနည်းချက်တစ်ခု ရှိတယ်… မိသားစုနဲ့ မိတ်ဆွေတွေကို သိပ်အရေးထားလွန်းတာ… ဒီအားနည်းချက်ကို ငါ မြင်ခဲ့တာကြာပြီ… အားနည်းချက်ရှိတဲ့သူ တစ်ယောက်အနေနဲ့ ဘယ်တော့မှ ပြိုင်ဘက်ကင်းမှာ မဟုတ်ဘူး”

သူက ပြုံးလိုက်သည်။ “လင်းကွမ်ခန်းမသခင် ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ခေါင်းဆောင်တွေကို သတ်နိုင်သည်ဖြစ်စေ မသတ်နိုင်သည်ဖြစ်စေ ငါ့ရဲ့ ဗျူဟာက အောင်မြင်ပြီးနေပြီ…. ကောင်းကင်နတ်အရှင်မူကို ထာဝရငြိမ်းချမ်းရေးအင်ပါယာကနေ ထွက်သွားအောင် လုပ်ပြီး သူတို့ကို သွားကယ်တင်စေဖို့ပဲ… သူ ရွှင်ပျော်ပျော်ကျေးရွာမှာ မရှိသရွေ့ ရွှင်ပျော်ပျော်ကျေးရွာက ငါနဲ့ ငါ့စစ်တပ်ကို တားဆီးနိုင်မှာ မဟုတ်ဘူး… ဒီစစ်ပွဲက ရွှင်ပျော်ပျော်ကျေးရွာကို ငြိမ်းချမ်းစေလိမ့်မယ်”

ကောင်းကင်နတ်အရှင်ယွင်က မှင်သေသေ ပြောသည်။ “ကောင်းကင်နတ်ဧကရာဇ်ဟောင်၊ မင်းက ငါ ဒီမှာ ရှိနေသေးတာကို မေ့နေတဲ့ပုံပဲ”

“မင်းမှာလည်း အားနည်းချက် ရှိတယ် ကောင်းကင်နတ်အရှင်ယွင်”

ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ အနောက်တွင် ထိုက်ချူက ဖြည်းဖြည်းချင်း လျှောက်လာသည်။ ထိုက်ချူ၏ အမူအရာမှာ တည်ငြိမ်အေးဆေးနေ၏။ “နောင်တော်ယွင်၊ မင်းရဲ့ အားနည်းချက်က ရက်စက်ပြီး သည်းခံတတ်တာပဲ… ရက်စက်တာက တခြားသူတွေရဲ့ သစ္စာရှိမှုကို ရယူနိုင်ဖို့ ခက်စေတယ်… သည်းခံတာကတော့ အရှုံးပေးလိုက်တာပဲ… ငါ မင်းရဲ့ အားနည်းချက်ကို ချနင်းပြီး နဂါးဟန်ခေတ်မှာ မင်းကို အနိုင်ယူခဲ့တယ်… မင်းဟာ ကောင်းကင်နတ်အရှင်ဟွေ့၊ လန်ရွှမ်၊ ရှေးဟောင်းနတ်ဘုရားဘုရင်၊ ကောင်းကင်နတ်အရှင်ကုန်း၊ နတ်အရှင်မချန်းနဲ့ အခြားသူတွေရဲ့ အကူအညီတွေကို မရခဲ့ဘူး… ငါကတော့ သူတို့နဲ့ တည့်အောင် ပေါင်းတတ်ပြီး ရည်မှန်းချက် တူတဲ့ အသိုက်အဝန်းတစ်ခု ဘယ်လို ဖန်တီးရမလဲ သိခဲ့တယ်… မင်းဟာ မင်းရဲ့ ရည်မှန်းချက်ကို ရယူနိုင်ဖို့ သည်းခံပြီး အလျှော့ပေးထားတတ်တယ် … အဲဒါကြောင့်ပဲ မင်း ကြိုးစားတည်ထောင်ခဲ့ရတဲ့ ကောင်းကင်မဟာမိတ်ကို ငါ ဖြည်းဖြည်းချင်း သဲ့ယူပြီး အာဏာကို အရယူလို့ မင်းကို နှင်ထုတ်နိုင်ခဲ့တာပဲ”

ကောင်းကင်နတ်ဧကရာဇ်ဟောင်က ရယ်မောလိုက်သည်။ “နားလည်သွားပြီလား”

ကောင်းကင်နတ်အရှင်ယွင်က ပြုံးလျက် ခေါင်းခါရမ်းလိုက်သည်။ “ဘယ်တုန်းကမှ နားမလည်ခဲ့ဘူး”

ကောင်းကင်နတ်ဧကရာဇ်ဟောင်က ခပ်ဟဟ ရယ်လိုက်၏။ “နန်းစွန့်ဧကရာဇ်၊ နောင်တော်ယွင်က ခင်ဗျားအပိုင်ပါပဲ… ကျေးဇူးပြုပြီး ကျုပ်အတွက် လမ်းရှင်းပေးပါ… ခိုင်ဧကရာဇ်ချင်ယဲ့ရဲ့ နန်းဆောင်ဆီ သွားကြည့်ပြီး ထိုင်ချင်နေပြီ”

ထိုက်ချူ ရှေ့သို့ တက်လာသည်။ သူ၏အနောက်တွင် တာအိုသစ်ပင်၏ သစ်ကားများက ယိမ်းနွဲ့သွား၏။

ကောင်းကင်နတ်အရှင်ယွင်က သူနှင့် ကောင်းကင်နတ်ဧကရာဇ်ဟောင်ကို လမ်းပိတ်ထားဆဲဖြစ်သည်။ ကောင်းကင်နတ်ဧကရာဇ်ဟောင်က မျက်မှောင်ကြုတ်ကာ ရယ်လိုက်၏။ “နောင်တော်ယွင်၊ ငါနဲ့ နန်းစွန့်ဧကရာဇ်ကို တစ်ပြိုင်နက်တည်း တားဆီးဖို့ ကြံစည်နေတာလား”

ထိုအခိုက်အတန့်တွင် ထိုက်ချူက ရုတ်တရက် ရပ်တန့်လိုက်ပြီး သူ၏ ကိုယ်ပိုင်အရိပ်နှင့် ကောင်းကင်နတ်အရှင်ယွင်၏ အရိပ်အား ကြည့်လိုက်မိလေသည်။

ရှေးဟောင်းနတ်ဘုရားဘုရင်နှင့် မရေမတွက်နိုင်သော နေလုံးများက ရွှင်ပျော်ပျော်ကျေးရွာအပေါ်မှ ဖြတ်ပျံသွားသည်။ ကောင်းကင်ပေါ်တွင် နေလုံးများစွာ ရှိနေသည့်အတွက် နေရောင်က ခြစ်ခြစ်တောက် ပူလောင်နေ၏။ ကောင်းကင်နတ်မြစ်ပင်လျှင် ပွက်ပွက်ဆူနေသည်။

ကောင်းကင်၌ နေလုံးများစွာ ရှိနေသောကြောင့် ဤအခိုက်အတန့်တွင် မည်သည့်အရိပ်မှ ထင်မနေကြပေ။ သို့သော် ထိုက်ချူသည် သူနှင့် ကောင်းကင်နတ်အရှင်ယွင်တို့၌ အရိပ်များ ရှိနေပြီး ထိုအရိပ်တို့က ဆက်နွယ်နေကြသည်ကို တွေ့လိုက်ရ၏။

ထိုက်ချူ၏ မျက်လုံးထောင့်များ တွ့န်သွားသည်။ သူက ဓားကို ဆွဲထုတ်ရန် လက်လှမ်းလိုက်သည့်အချိန်တွင် မွေရာပါမူလချီတို့ ပေါက်ကွဲထွက်သွားသည်။

ထိုအခိုက်အတန့်တွင် အရိပ်ထဲမှ ဓားရောင်တစ်ချက် တောက်ပလင်းလက်လာပြီး ထိုက်ချူ၏ ပေါင်ခွကြားသို့ ဓားမြောက်တက်လာသည်။

ဇွက်….

ထိုက်ချူမှာ နှစ်ခြမ်း ပိုင်းဖြတ်ခံလိုက်ရ၏။

ရှန့်ကျွင်း ထွက်ပေါ်လာပြီး ထိုက်ချူ့ခန္ဓာကိုယ်ကို ပိုင်းဖြတ်လိုက်ချေပြီ။ ထို့နောက် ဓားရောင်များ အဆက်မပြတ် ရွာကျလာပြီး ထိုက်ချူ၏ ခန္ဓာကိုယ်အား အစိတ်စိတ်အမွှာမွှာ ခုတ်ထစ်လိုက်သည်။

ယခင်က ထိုက်ချူ၏ ခန္ဓာကိုယ်သည် ရှေးဟောင်းနတ်ဘုရား ကောင်းကင်နတ်ဧကရာဇ်၏ ခန္ဓာကိုယ်ဖြစ်ခဲ့ပြီး အသန်မာဆုံးရုပ်ခန္ဓာဟု လူသိများကြသည်။ သို့သော် ယခုတွင်တော့ ရှန့်ကျွင်း၏ ဓားရောင်ဖြင့် အပိုင်းပိုင်ခုတ်ထစ်ခံလိုက်ရလေပြီ။

ရှန့်ကျွင်း ခုတ်ပိုင်းလိုက်သည့်အရာမှာ ထိုက်ချူ၏ ရုပ်ခန္ဓာတစ်ခုတည်းသာ မဟုတ်ဘဲ မူလဝိညာဉ်ပါ ပါသည်။

သတ်ဖြတ်ခြင်းဖြင့် တာအိုရရှိထားသော ပုဂ္ဂိုလ်တစ်ယောက်အနေဖြင့် ရှန့်ကျွင်း၏ ပထမဦးဆုံး တိုက်ကွက်မှာ ပြိုင်ဘက်ကင်းသော အသေသတ်ဓားချက်ပင် ဖြစ်၏။ တာအို ရထားသော ထိုက်ချူကဲ့သို့ ပုဂ္ဂိုလ်တစ်ဦးပင်လျှင် မခုခံနိုင်ချေ။

ရှန့်ကျွင်း၏ ပုံရိပ်က လေထဲရှိ ပြုတ်ကျလာနေသော အသားအပိုင်းအစများထဲမှ ထွက်ပေါ်လာပြီး ထိုက်ချူ၏ မူလချီမဟာခြုံလွှမ်းကောင်းကင်ဘုံမှ တာအိုသစ်ပင်ရှိရာသို့ တိုက်ရိုက်ဦးတည်သွားသည်။ ဤအခိုက်အတန့်တွင် သူ၏အသတ်အဖြတ်စိတ်ဆန္ဒက ရွှင်ပျော်ပျော်ကျေးရွာ စစ်မြေပြင်ရှိ ကုဋေချီသော နတ်ဘုရားမိစ္ဆာများထပ်ပင် ကျော်လွန်နေပြီး အလွန်တရာ ကြောက်စရာကောင်းလွန်း၏။

ထိုက်ချူ၏ တာအိုသစ်ပင်အပေါ်တွင် တာအိုပန်းပွင့်များ လှည့်ပတ်လာပြီး မွေးရာပါမူလချီတို့ ပေါက်ကွဲထွက်လာသည်။ အဆုံးမရှိသော တာအိုအင်အားတို့က ရှန့်ကျွင်းနှင့် တိုက်ရိုက်တွေ့ဆုံသွားသည်။

တစ်ချိန်တည်းမှာပင် အပိုင်းပိုင်း ခုတ်ထစ်ခံလိုက်ရသော ထိုက်ချူ၏ ရုပ်ခန္ဓာနှင့် မူလဝိညာဉ်တို့မှာ ရုတ်တရက် ပျောက်ကွယ်သွားသည်။ ၎င်းတို့က မွေးရာပါမူလချီ ဖြစ်လာကာ ရုပ်ခန္ဓာနှင့် မူလဝိညာဉ်အား ဖွဲ့တည်ပေးလိုက်သည်။

ရွှမ်း…

ဓားရောင်က အံ့ဩမှင်သက်ဖွယ်ကောင်းစွာနှင့် တာအိုပန်းပွင့်များကို ပိုင်းဖြတ်ကာ တာအိုသစ်ပင်ကို ခုတ်ချလိုက်သည်။ ရှန့်ကျွင်းက ခွန်အားအလုံးစုံ ထုတ်သုံး၍ ခုတ်ချလိုက်ရာ တာအိုသစ်ပင်၏ ပင်စည်၊ အမြစ်တို့မှာ မူလချီနှင့်အတူ နှစ်ခြမ်းကွဲသွားတော့၏။

“သိပ်ကောင်းတယ်”

ထိုက်ချူ၏ အသံက သူ့အနောက်မှ ထွက်ပေါ်လာသည်။ “လူသတ်သမားတစ်ယောက်အနေနဲ့ မင်းက သိပ်ကို အံ့သြဖို့ကောင်းတယ်… ဒါပေမဲ့ သတ်ဖြတ်ခြင်းတာအိုမှာပဲ နစ်မျောနေပြီး မွေးရာပါ မဟာတာအိုငါးခုအပေါ် သိမြင်နားလည်မှု မရှိဘူး…. မဟာတာအိုငါးခုရဲ့ ထိုက်ချူမဟာတာအိုက မွေးရာပါချီနဲ့ အသိစိတ်အလျဉ်ဆိုပြီး ခွဲခြားထားတယ်… ရုပ်ခန္ဓာပဲဖြစ်ဖြစ်၊ မူလဝိညာဉ်ပဲဖြစ်ဖြစ်၊ မူလချီမဟာခြုံလွှမ်းကောင်းကင်ဘုံပဲဖြစ်ဖြစ်၊ တာအိုသစ်ပင်၊ တာအိုသစ်သီးနဲ့ တာအိုပန်းပွင့်တွေပဲဖြစ်ဖြစ် အကုန်လုံးက မွေးရာပါမူလချီတွေပဲ”

ရှန့်ကျွင်း လှည့်ကြည့်လာသည်။

ထိုက်ချူက သူ့အရှေ့တွင် ရပ်နေပြီး သူ၏အနောက်တွင်တော့ ထိုက်ချူတာအိုသစ်ပင်က ရုတ်တရက် လွင့်ပြယ်ပျောက်ကွယ်၍ မွေးရာပါမူလချီအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် မွေးရာပါမူလချီတို့က ပြန်လည်စုစည်းပြီး တာအိုသစ်ပင်တစ်ပင်အဖြစ် ပြောင်းလဲသွားပြန်၏။ တာအိုပန်းပွင့်ကလည်း တာအိုသစ်ပင်အပေါ်တွင် ပွင့်လန်းနေသည်။

နှစ်ခြမ်း ကွဲသွားခဲ့သော မူလချီမဟာခြုံလွှမ်းကောင်းကင်ဘုံကလည်း မူလချီအဖြစ် ပြောင်းလဲပြီးနောက် ထပ်မံပေါ်လာပြန်၏။

ထိုက်ချူ၏ ဦးခေါင်းအနောက်တွင် ကောင်းကင်နန်းဆောင်များက မဟာကောင်းကင်နတ်ဘုံကို ဖွဲ့တည်လိုက်သည်။ ပလ္လင်ခန်းမ ၇၂ ခုက ၎င်းအား ဝန်းရံထားပြီး သူက ရှန့်ကျွင်းအား ကြည့်လိုက်၏။ “မင်းက ကောင်းကင်နတ်အရှင်မူ မဟုတ်ဘူးပဲလေ…” သူက မှင်သေသေ ပြော၏။ “ကောင်းကင်နတ်အရှင်မူက ငါ့ကို အကောက်ကြံပြီး ငါ့မဟာတာအိုကို ထိခိုက်အောင် လုပ်နိုင်ခဲ့တဲ့အပြင် ပြင်းထန်လှတဲ့ တာအိုဒဏ်ရာတွေကိုလည်း ရစေနိုင်ခဲ့တယ်… မင်းကတော့ ထိုက်ချူတာအိုနဲ့ မူလချီအကြောင်း ဘာဆို ဘာမှမသိဘူး… သတ်ဖို့ပဲ သိတဲ့ ယန္တရားတစ်ခုပဲ… ရှန့်ကျွင်း၊ မင်း ငါ့ကို ဘာမှမလုပ်နိုင်ပါဘူး”

ရှန့်ကျွင်း လက်ကိုချ၍ အသက်အဖြတ်စိတ်ဆန္ဒတို့ကို ပြန်လည်ရုတ်သိမ်းလိုက်သည်။ သူ၏အကြည့်က ထိုက်ချူ၏ ရုပ်ခန္ဓာအပေါ် ကျရောက်သွား၏။

ထိုက်ချူ၏ နှလုံးသားမှာ တင်းကြပ်သွားတော့သည်။ ရှန့်ကျွင်း ကြည့်နေသည့်နေရာမှာ သူ အရှေ့နတ်မင်းချင်းလုံ၏ ဝိညာဉ်အတွက် တိုက်ခိုက်နေခဲ့တုန်းက ချင်မူ ထားခဲ့သော တာအိုဒဏ်ရာ ရှိသည့်နေရာ မဟုတ်လော။

“ထိုက်ချူတာအို… မွေးရာပါချီ... ဟုတ်တယ်… ငါ အရင်က တစ်ခါမှ မသတ်ခဲ့ဖူးဘူး”

ရှန့်ကျွင်းက ခြောက်ကပ်ကပ် ပြောသည်။ “သတ်ဖို့ ကြိုးစားကြည့်တာပေါ့”

ထိုက်ချူ၏ သူငယ်အိမ်များ ကျုံ့ဝင်သွားပြီး အပြည့်အဝ အာရုံစိုက်လိုက်ရသည်။

ရှန့်ကျွင်း နောက်တစ်ကြိမ် တိုက်ခိုက်လာပါက ချင်မူထားခဲ့သည့် တာအိုဒဏ်ရာအား သေချာပေါက် ပစ်မှတ်ထားပေလိမ့်မည်။

‘ဒီလူသတ်သမား ပုန်းမနေနိုင်တော့တာ ကံကောင်းတာပဲ… တိုက်ရိုက် ရင်ဆိုင်တိုက်ခိုက်ရတဲ့နေရာမှာ သူက ငါ့အောက် နိမ့်ကျတယ်’ ထိုက်ချူက စိတ်ထဲမှ တွေးနေ၏။

ကောင်းကင်နတ်ဧကရာဇ်ဟောင်က မျက်မှောင်ကြုတ်လိုက်ပြီး ထိုက်ချူဆီ တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် အကြည့်ရုတ်လိုက်၏။ “နောင်တော်ယွင်၊ ကြည့်ရတာ မင်းမှာ လှည့်ကွက်တချို့ ရှိနေတဲ့ပုံပဲ… ကံမကောင်းစွာနဲ့ မင်းက အမြင်ဆုံးအဆင့်အချင်းချင်း၊ အလယ်အလတ်အချင်းချင်း၊ အဆင့်နိမ့်အချင်းချင်း တိုက်ခိုက်စေတဲ့ ဗျူဟာကို သုံးနေတာပဲ… ငါနဲ့ ရင်ဆိုင်တိုက်ခိုက်ရရင် မင်း‌ သေချာပေါက် ရှုံးလိမ့်မယ်”

ကောင်းကင်နတ်အရှင်ယွင်က ပြုံးလျက် တုံ့ပြန်သည်။ “တကယ်တော့ ငါက ညီတော်ဟောင်ကို ကူညီပေးနေတာပါ… ညီတော်ဟောင် မင်းက မူလချီမဟာခြုံလွှမ်းကောင်းကင်ဘုံကို ကျင့်ကြံခဲ့ပြီးပြီ… ထိုက်ချူကလည်း မူလချီမဟာခြုံလွှမ်းကောင်းကင်ဘုံကို ကျင့်ကြံထားပြီးပြီ… ငါကတော့ မဟာဧကရာဇ်ရဲ့ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံကို လက်ခံရရှိခဲ့တယ်… မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံနဲ့ မူလချီမဟာခြုံလွှမ်းကောင်းကင်ဘုံ ပေါင်းစည်းသွားတဲ့အခါကျရင် ထိုက်ချူရဲ့ ပြီးပြည့်စုံတဲ့ တာအို ဖြစ်လာလိမ့်မယ်…”

သူက ညာလက်ဖြင့် ဓားမန္တန်တစ်ခု ဖွဲ့တည်လိုက်ပြီး ထိုက်ချူဧကရာဇ်ဓားကို အသာအယာ ပွတ်လိုက်သည်။ သူ၏မျက်ခုံးနှစ်ဖက်ကြားရှိ ထိုက်ချူမူလကျောက်တုံးမှ ခပ်ဖြော့ဖြော့ အလင်းတန်းများ ထွက်ပေါ်လာပြီး သူက ပြုံးလျက် ဆက်ပြော၏။ “မူလချီမဟာခြုံလွှမ်းကောင်းကင်ဘုံနဲ့ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံကို ပေါင်းစည်းလိုက်ရင် ငါတို့ တစ်ခါတည်းနဲ့ ထိုက်ချူတာအိုကို အောင်မြင်နိုင်လိမ့်မယ်.. ထိုက်ချူတာအိုက ထိုက်ယီပြီးရင် ဒုတိယပဲ… ဒီစကြ၀ဠာမှာ ငါတို့ ပြိုင်ဘက်ကင်း ဖြစ်သွားလိမ့်မယ်… ဒါက ရှေးဟောင်းနတ်ဘုရားထိုက်ချူ ငါနဲ့ အမြဲတိုက်ခိုက်နေရတဲ့ အကြောင်းအရင်းပဲ.. သူ ထိုက်ချူတာအိုကို အောင်မြင်နိုင်တာနဲ့ မင်းကို ဖယ်ရှားပြီး တရားမဝင်သားအနေနဲ့ပဲ ဆက်ထားလို့ ရတယ်လေ… ညီတော်ဟောင်၊ မင်းမှာလည်း မူလချီမဟာခြုံလွှမ်းကောင်းကင်ဘုံ ရှိတယ်မဟုတ်လား”

ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ မျက်လုံးများ တောက်ပသွားသည်။ “င့ါရင်ထဲ ထိသွားအောင် လုပ်နိုင်ခဲ့တာပဲ နောင်တော်ယွင်၊ နန်းစွန့်ဧကရာဇ်က မြေခွေးအိုကြီး ဖြစ်နေတုန်းပါလား… သူ အောင်မြင်သွားခဲ့ရင် သေချာပေါက် ငါ့ကို ပြဿနာဖြစ်စေလိမ့်မယ်”

သူ၏ မူလချီမဟာခြုံလွှမ်းကောင်းကင်ဘုံက မြောလွင့်လာပြီး သူက ပြုံးလျက် ပြောသည်။ “ငါ ထိုက်ချူတာအိုကို အောင်မြင်ပြီးသွားရင် နောင်တော်ယွင်ကို သေချာပေါက် ချီးကျူးဂုဏ်ပြုပါမယ်”

“အပြောကတော့ လွယ်တာပေါ့ကွာ” ကောင်းကင်နတ်အရှင်ယွင်က အားရပါးရ ပြုံးလိုက်၏။

ဝုန်း…

သူတို့၏ မဟာခြုံလွှမ်းကောင်းကင်ဘုံများ ဝင်တိုက်သွားကြသည်။

မဟာခြုံလွှမ်းကောင်းကင်ဘုံများ တွေ့ဆုံကြသည့်အချိန်တွင် ရွှေရောင်လေ၊ ကျောက်စိမ်းသစ်ဆေး၊ သစ်ခြောက်နှင့် တောက်လောင်နေသော မီးတောက်သို့ တွေ့ဆုံသွားသည့်အလားပင်။ ထိတွေ့မိသည်နှင့် ချက်ချင်း ရောယှက်သွားကြ၏။

တစ်ချိန်တည်းမှာပင် ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ ဦးခေါင်းအနောက်ရှိ ကောင်းကင်နတ်ဘုံက ယိမ်းယိုင်သွားသည်။ ကောင်းကင်နန်းဆောင် ၃၆ ဆောင်၏ ပလ္လင်ခန်းမ ၇၃ ခုတို့က မားမားမတ်မတ် တည်ရှိနေကြ၏။ ထိုမျှသာမက ထွန်းလင်းထောက်ပနေသည့် ခရမ်းရောင်တိမ်တိုက်နန်းဆောင်တစ်ခုလည်း ရှိလေသည်။

ခရမ်းရောင်တိမ်တိုက်ခန်းမှာ တခြားသူများ ကျင့်ကြံထားသော နတ်ကောင်းကင်ခန်းမထက် ပို၍ထွန်းလင်းတောက်ပနေ၏။ ၎င်းက ကောင်းကင်နတ်ကရာဇ်ဟောင်ထံသို့ သခင်လေးလေး ကျစ်ရှောင်ပေးထားသော ပုံရိပ်ယောင်တစ်ခု ဖြစ်သည်။‌ ၎င်းထဲတွင် အလွန်တရာ အားကောင်းသည့် စွမ်းအားတို့ ကိန်းဝပ်နေသည်။

သူ၏မှော်စွမ်းအင်က ကောင်းကင်နတ်အရှင်ယွင်ထက် များစွာ ပို၍အားကောင်းသည်။

ကောင်းကင်နတ်ဧကရာဇ်ဟောင်က အင်္ကျီလက်စများကို လှုပ်ခါလိုက်ရာ ခန်းမများစွာက ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ထဲမှ ပျံထွက်လာကြ၏။ ၎င်းတို့က ကောင်းကင်နတ်အရှင်ယွင်၏ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံနှင့် ၎င်း၏ စွမ်းအားကို ဖိနှိပ်ထားလိုက်ကြသည်။

သူသည် ဤတိုက်ပွဲကို သေချာပေါက် နိုင်လိမ့်မည်။

ကောင်းကင်နတ်ဧကရာဇ်ဟောင်က စတင်တိုက်ခိုက်လာသူ ဖြစ်သည်။ သူ၏တိုက်ကွက်များနှင့် ကောင်းကင်နတ်သိုင်းများက ကြီးမားကျယ်ပြန့်၍ စွမ်းအားကြီးပြီး ခွန်အားမှ ရရှိထား‌သော တာအိုကို ထုတ်ဖော်ပြသနေ၏။ သူ့အနေဖြင့် ကောင်းကင်နတ်အရှင်ယွင်နှင့် တိုက်ခိုက်စရာ မလိုအပ်ပေ။ သူ၏ မှော်စွမ်းအင်က စွမ်းအားကြီးလွန်းသောကြောင့် ကောင်းကင်နတ်အရှင်ယွင်ကို သူ၏စွမ်းအားဖြင့် အပြည့်အဝ ချေမှုန်းနိုင်လေသည်။

အခြားတစ်ဖက်ရှိ ကောင်းကင်နတ်အရှင်ယွင်ကတော့ သတိထားနေသည်။ သူက ကောင်းကင်နတ်သိုင်းများကို အသုံးပြုနိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားနေ၏။ တစ်ချိန်တည်းမှာပင် သူ၏ လက်ထဲရှိ ထိုက်ချူဧကရာဇ်ဓား၏ စွမ်းအားကိုလည်း အဆုံးအစွန်အထိ မြှင့်တင်ထားသည်။

သူ၏တိုက်ကွက်များက ပိုမိုပြောင်းလဲနေသော်လည်း ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ တိုက်ကွက်များကြောင့် နောက်ဆုတ်နေရသေး၏။

ထိုမျှသာမက မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံမှာလည်း မူလချီမဟာခြုံလွှမ်းကောင်းကင်ဘုံ၏ ဖိနှိပ်ခြင်း ခံထားရသည်။ ကောင်းကင်နတ်ဧကရာဇ်ဟောင်သည် သူ၏ကျင့်ကြံခြင်းအခြေခံ အဆက်မပြတ် တိုးတက်လာနေသည်ကို ခံစားနေရသောကြောင့် ပျော်ရွှင်ဝမ်းမြောက်နေတော့၏။

သူကား ဤတိုက်ပွဲကို အနိုင်ရ‌ပေတော့မည်။

ခွမ်း…

ကောင်းကင်နတ်အရှင်ယွင် ဓားကို ရှေ့သို့ထိုးစိုက်လိုက်သည်။ ခိုင်ဧကရာဇ်၏ ဓားလမ်းစဉ် ကောင်းကင်ဘုံ ၃၃ ဘုံက သူ၏လက်ထဲတွင်ဖြစ်ပြီး ၎င်း၏ သိမ်မွေ့နက်နဲမှုက ခိုင်ဧကရာဇ်ချင်ယဲ့အောက် နိမ့်ကျမနေပေ။ ထိုက်ချူဧကရာဇ်ဓား၏ စွမ်းအားကိုပါ ပေါင်းထည့်လိုက်သည့်အခါတွင်တော့ ဓားကွက်စွမ်းအားမှာ အဆပေါင်းများစွာ တိုးတက်သွားတော့သည်။

ကောင်းကင်နတ်ဧကရာဇ်ဟောင်က တဟားဟား ရယ်မောလျက် ဓားလမ်းစဉ် ကောင်းကင်ဘုံ ၃၃ ဘုံကို လက်သီးတစ်ချက်တည်းဖြင့် ထိုးချေလိုက်၏။ သူ၏လက်ချောင်းနှစ်ချောင်းက ထိုက်ချူဧကရာဇ်ဓားထိပ်ကို ညှပ်ကိုင်လိုက်သည်။

ကောင်းကင်နတ်အရှင်ယွင်က အားကုန် ရှေ့သို့ ထိုးစိုက်လိုက်သော်လည်း ထိုက်ချူဧကရာဇ်ဓားမှာ လုံးဝမလှုပ်ရှားပေ။ ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ လက်ချောင်းနှစ်ချောင်းသည်လည်း အလားတူပင်။ သူက ပြုံးလျက် ပြော၏။ “နောင်တော်ယွင်၊ ကိုယ့်လမ်းကိုယ် သွားဖို့ အချိန်ကျပြီ”

သူက လက်ထဲရှိ ထိုက်ချူဧကရာဇ်ဓားဖြင့် တွန်းထုတ်လိုက်သည်။ ဓားရိုးက ကောင်းကင်နတ်အရှင်ယွင်၏ ရင်ဘတ်သို့ ဒုတ်ခနဲ ထိုးစိုက်သွား၏။ ၎င်းက နံရိုးတစ်ချို့ကို ကြိုးကြေစေ၍ ကောင်းကင်နတ်အရှင်ယွင်၏ ရင်ဘတ်ထဲသို့ ထိုးစိုက်သွားတော့သည်။

ဤအခိုက်အတန့်တွင် ကောင်းကင်နတ်အရှင်ယွင်က ပြုံးလိုက်၏။ သူ၏မျက်ခုံးနှစ်ဖက်ကြားရှိ ထိုက်ချူမူလကျောက်တုံးက အဆပေါင်းများစွာ ပို၍ထွန်းလင်းတောက်ပလာသည်။ ပြင်းထန်လှသော အသိစိတ်အလျဥ်တစ်ခုက ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ မျက်ခုံးနှစ်ဖက်ကြားသို့ ဝင်ရောက်သွားတော့၏။

ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာ တခဏ စိတ်ရှုပ်ထွေးသွားသော်လည်း ပြန်လည်သက်သာလာပြီး ခပ်ဟဟ ရယ်လိုက်သည်။ သို့သော် သူ စိတ်ရှုပ်ထွေးနေစဥ်အတွင်း ကောင်းကင်လက်အရှင်ယွင်သည် အကောင်းဆုံး ကြိုးစား၍ သူ၏ကောင်းကင်နတ်သိုင်းအား အသက်သွင်းလိုက်၏။ ၎င်းက အသိစိတ်အလျဉ်နယ်ပယ်ပင်။

အသိစိတ်အလျဉ်နယ်ပယ်က ပေါက်ကွဲထွက်လာပြီး အရာအားလုံးကို အစိုင်အခဲဖြစ်သွားစေ၍ ကောင်းကင်နတ်အရှင်ယွင်အား အချိန်အနည်းငယ် ရသွားစေသည်။

“အနီရောင်ကြိုးထုံး”

သူက ရင်ဘတ်ထဲတွင် ဓားစိုက်ဝင်‌နေလျက် တန်းလန်းဖြင့် သူ၏လက်များက ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ မျက်ခုံးနှစ်ဖက်ခြားသို့ ချိပ်တံဆိပ်တစ်ခု အလျင်အမြန် ပို့လွှတ်လိုက်သည်။

ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာ အငိုက်မိသွားသည်။ အနီရောင်ကြိုးထုံး သူ၏မျက်ခုံးနှစ်ဖက်ကြားသို့ ရောက်တော့မည့်အချိန်တွင် သူ၏ပုံပန်းသွင်ပြင်နှင့် ခန္ဓာကိုယ်မှာ အလျင်အမြန် ပြောင်းလဲလာသည်။ ယောက်ျားခန္ဓာကိုယ်မှ အမျိုးသမီးခန္ဓာကိုယ် ဖြစ်သွားပြီး ကောင်းကင်နတ်ဧကရာဇ်ဟောင်အဖြစ်မှ သခင်လေးနှစ်အဖြစ် ပြောင်းလဲသွားတော့၏။

“ဆရာက ငါ့ကို ရှင်းလင်းဖို့အတွက် ဒီကောင်းကင်နတ်သိုင်းကို ဖန်တီးခဲ့တာ”

သခင်လေးနှစ်က ဒေါသများဖြင့် စူးစူးရှရှ အော်ဟစ်လိုက်သည်။ ကောင်းကင်နတ်အရှင်ယွင် အနီရောင်ကြိုးထုံးကောင်းကင်နတ်သိုင်း သူမ၏နဖူးဆီသို့ မရောက်ခင်မှာပင် သူမ၏ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ စွမ်းအားကြောင့် ဖျက်ဆီးခံလိုက်ရ၏။

ကောင်းကင်နတ်အရှင်ယွင်၏ အသွေးအသားတို့ဖြင့် ဖွဲ့တည်ထားသော လက်မှာ အရိုးများသာ ကျန်တော့သည်။

သခင်လေးနှစ် တခဏ ကြောင်သွား၏။ “အနီရောင်ကြိုးထုံး မဟုတ်ဘူးလား”

သူမသည် အနီရောင်ကြိုးထုံးကို အလွန်တရာ ကြောက်ရွံ့၏။ ၎င်းမှာ သူမကို သတ်ဖြတ်ရန်အတွက် မီလော့နန်းတော်အရှင်သခင် အထူးတလည် ဖန်တီးထားသော ကောင်းကင်နတ်သိုင်းဟု ထင်မှတ်ထားသည်။ ကောင်းကင်နတ်အရှင်ယွင် ၎င်းကို အသုံးပြုသည်အား မြင်လိုက်သည့်အခါ ဒေါသထွက်လာပြီး ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ ခန္ဓာကိုယ်အပေါ် ထိန်းချုပ်လိုက်ခြင်း ဖြစ်သည်။ သူမကိုယ်တိုင် ကောင်းကင်နတ်အရှင်ယွင်ကို သတ်ဖြတ်လိုခဲ့သည်။

သို့သော် အနီရောင်ကြိုးထုံးက ဟန်ဆောင်မှုသာ ဖြစ်သည်။ သူမကို မထိနိုင်ခင်မှာပင် သူမ၏အရှိန်အဝါကြောင့် ပျက်စီးသွား၏။

ကောင်းကင်နတ်အရှင်ယွင်၏ အရိုးစုများ ဖြစ်နေသော လက်သည် သူမအရှေ့သို့ ရောက်လာချေပြီ။ အနီရောင်ကြိုးထုံးအောက်တွင် ပုန်းကွယ်နေသည့် ကောင်းကင်နတ်သိုင်းက ရုတ်တရက် ပေါက်ကွဲထွက်လာ၏။

“မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်း”

ဤကောင်းကင်နတ်သိုင်းတွင် မည်သည့်စွမ်းအားမှ မရှိပေ။ ၎င်းက သခင်လေးနှစ်၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားသည်။ သခင်လေးနှစ်မှာ အနည်းငယ် ကြောင်သွားသော်လည်း ထိုက်ချူဧကရာဇ်ဓားကို လက်ဖြင့် တောက်ချလိုက်သည်။

ကောင်းကင်နတ်အရှင်ယွင်မှာ အနောက်သို့ လွင့်ထွက်သွားပြီး တာအိုသစ်ပင်တွင် ဒုတ်ခနဲ ပြေးစိုက်သွား၏။

သခင်လေးနှစ်က သူမ၏ ခန္ဓာကိုယ်ကို စမ်းကြည့်လိုက်သော်လည်း မည်သည့်ထူးဆန်းသည့်အရာကိုမှ မတွေ့ရပေ။

ကောင်းကင်နတ်အရှင်ယွင်က ဓားသွားကို ကိုင်လျက် ထိုက်ချူဧကရာဇ်ဓားအား ဆွဲထုတ်လိုက်ပြီးနောက် မြေပေါ် ဘုန်းခနဲ လဲကျသွား၏။

“ကျုပ်က တုပသင်ယူတဲ့နေရာမှာ ထူးချွန်တယ်…. အနီရောင်ကြိုးထုံးက နက်နဲလွန်းတဲ့အတွက် မသင်နိုင်ခဲ့ဘူး…. ပုံစံကိုပဲ တုပနိုင်ခဲ့တယ်… ဒါပေမဲ့ ခက်ခဲတဲ့ စွမ်းရည် အတော်များများကိုတော့ ကျုပ် သင်ယူနိုင်ပါတယ်”

ကောင်းကင်နတ်အရှင်ယွင်က ထိုက်ချူဧကရာဇ်ဓားကို ကိုင်လျက် ဖြည်းဖြည်းချင်း ထရပ်လာသည်။ သူက သခင်လေးနှစ်ကို မော့ကြည့်ကာ ပြုံးလိုက်၏။ “သခင်လေးနှစ်၊ ကောင်းကင်နတ်အရှင်မူက နောက်ဆုံးခရီး ပို့ခိုင်းလိုက်ပါတယ်”

“နင်နဲ့အတူလား” သခင်လေးနှစ်က နှာခေါင်းရှုံ့လိုက်သည်။

“ကျုပ်နဲ့ပေါ့”

ကောင်းကင်နတ်အရှင်ယွင်က ခါးမတ်၍ သူ၏ရင်ဘတ်ထဲသို့ လက်နှိုက်လိုက်သည်။ သူက နှလုံးသားထဲသို့ စိုက်ဝင်နေသော နံရိုးအချို့ကို ဆွဲနှုတ်ကာ မြေကြီးပေါ် ပစ်ချလိုက်၏။ ထို့နောက် တည်ငြိမ်အေးဆေးစွာ ပြောသည်။ “မူလချီမဟာခြုံလွှမ်းကောင်းကင်ဘုံနဲ့ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံတို့နဲ့ ပေါင်းစည်းထားတဲ့ ထိုက်ချုမဟာခြုံလွှမ်းကောင်းကင်ဘုံနဲ့…”

သူက အင်္ကျီလက်စကို ခါလိုက်ရာ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံထဲတွင် ဖိနှိပ်ခံထားရသည့် ဘိုးဘေးခန်းမများက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာတော့သည်။

“အဆုံးသတ်မြို့ပျက်တာအိုကို ချိုးဖောက်တဲ့ အန္တိမဟင်းလင်းပြင်”

ကောင်းကင်နတ်အရှင်ယွင်က ခြေထောက်ကို အားပြင်းစွာ ဆောင့်ချလိုက်သည်။ မဟာခြုံလွှမ်းကောင်းကင်ဘုံနှစ်ခုက ပျံသန်း၍ အန္တိဟင်းလင်းပြင်ထဲ ဝင်ရောက်ပျောက်ကွယ်သွားသည်။ မရဏလေအေးက ပြင်းထန်စွာ တိုက်ခတ်၍ သခင်လေးနှစ်၏ ပတ်ပတ်လည်ရှိ လေပူတို့ဖြင့် ၀င်တိုက်သွားတော့သည်။

All Chapters