← Chapters

ဘက်မှား၍ ရပ်တည်ခြင်းလား

Vol. 132 Ch. 1702

ဘက်မှား၍ ရပ်တည်ခြင်းလား

Vol. 132 Ch. 1702

မရဏလေပူနှင့် မရဏလေအေးတို့ ပြင်းပြင်းထန်ထန် ထိတိုက်သွားသည့်အခါ သခင်လေးနှစ် မျက်နှာထားပြောင်းလဲသွားသည်။ သူမက ချက်ချင်း နောက်ဆုတ်၍ ကောင်းကင်နတ်ဧကရာဇ်ဟောင်အား ခန္ဓာကိုယ်အပေါ် ထိန်းချုပ်ခွင့်ပေးရန် ပြင်လိုက်သည်။

ကောင်းကင်နတ်ဧကရာဇ်ဟောင်တွင် တာအိုခန္ဓာကိုယ်နှစ်ခု ရှိသည်။ သခင်လေးနှစ်သည် ထိုခန္ဓာကိုယ်ထဲမှ တစ်ခုကိုသာ ဝင်ပူးထားခြင်း ဖြစ်၏။ အမှန်အားဖြင့် သခင်လေးသုံးနှင့် သခင်လေးလေးတို့သည် သူမ ကောင်းကင်နတ်ဧကရာဇ်ဟောင်ထံမှ ခွဲထွက်လာလျှင် သူမ၏ ခန္ဓာကိုယ်အစစ်အမှန်ကို လွှတ်ပေးမည် စိုးသောကြောင့် သူမအား ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ ခန္ဓာကိုယ်ထဲတွင် တစ်ဖက်လှည့်ဖြင့် ပိတ်လှောင်ထားခြင်းပင်။

သို့ထိတိုင် သခင်လေးနှစ်ကား ကောင်းကင်နတ်ဧကရာဇ်ထက် သန်မာအားကောင်းသေးသည်။ သူမသည် မကြာခဏ ပေါ်လာတတ်ပြီး ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ မူလဝိညာဉ်နှင့် အသိစိတ်အလျဉ်ကို မကြာခဏ တွန်းထုတ်တတ်သည်။ ကောင်းကင်နတ်ဧကရာဇ်ဟောင်ကိုလည်း ခန္ဓာကိုယ်ကို အချိန်မရွေး ပြန်လည်ထိန်းချုပ်ခွင့် ပေးနိုင်၏။

ကောင်းကင်နတ်အရှင်ယွင် ပြောသည့်အတိုင်း အန္တိဟင်းလင်းပြင်နှင့် သူမ၏ အဆုံးသတ်မြို့ပျက်တာအိုတို့က တစ်ခုကို တစ်ခု ဆန့်ကျင်နေကြသည်။ ထို့ကြောင့် ကောင်းကင်နတ်ဧကရာဇ်ဟောင်အား ကောင်းကင်နတ်အရှင်ယွင်နှင့် ရင်ဆိုင်တိုက်ခိုက်စေခြင်းက အကောင်းဆုံးရွေးချယ်မှု ဖြစ်လိမ့်မည်။

ကောင်းကင်နတ်ဧကရာဇ်ဟောင် ထွက်လာသည်နှင့် မူလချီမဟာခြုံလွှမ်းကောင်းကင်ဘုံကို ပြန်လည်ရယူနိုင်ပေလိမ့်မည်။ ထိုအချိန်တွင် မူလချီမဟာခြုံလွှမ်းကောင်းကင်ဘုံက မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံနှင့် ပေါင်းစည်းသွားမည်။ ကောင်းကင်နတ်အရှင်ယွင်အနေဖြင့် ကောင်းကင်နတ်ဧကရာဇ်ဟောင်နှင့် သေချာပေါက် ယှဉ်ပြိုင်နိုင်လိမ့်မည် မဟုတ်ပေ။

သို့သော်….

ဤတစ်ကြိမ်တွင် ပြဿနာ ရှိနေ၏။

သခင်လေးနှစ် ကောင်းကင်နတ်ဧကရာဇ်ဟောင်နှင့် နေရာပြောင်းရန် ကြိုးစားလိုက်သည့်အချိန်တွင် သူမခန္ဓာကိုယ်ထဲတွင် ပုန်းခိုနေသည့် မပြောင်းလဲသော ကောင်းကင်နတ်သိုင်းစွမ်းအားက ပေါ်ထွက်လာပြီး ကောင်းကင်နတ်ဧကရာဇ်ဟောင်အဖြစ် မပြောင်းနိုင်အောင် တားဆီးထားလေသည်။

သူမ မည်မျှပင်ကြိုးစားပါစေ မပြောင်းနိုင်ပေ။

သခင်လေးနှစ်မှာ အံ့အားသင့်သွားပြီး ကောင်းကင်နတ်အရှင်ယွင်အား ကြည့်လိုက်သည်။ သူမက ဇဝေဇဝါ မေးလိုက်လေသည်။ “နင်က အခုလေးတင် အသက်စွန့် တိုက်ခိုက်ပြီး အနီရောင်ကြိုးထုံးနဲ့ ငါ့ကိုမျှားခေါ်ခဲ့တယ်… အဲဒီနောက်မှာ မပြောင်းလဲသော ကောင်းကင်နတ်သိုင်းနဲ့ ကောင်းကင်နတ်ဧကရာဇ်ဟောင်ကို ချိပ်ပိတ်လိုက်တယ်… အဲဒါတွေက ဒီအခိုက်အတန့်အတွက်လား”

ကောင်းကင်နတ်အရှင်ယွင်က ပြုံးလျက် ထိုက်ချူဧကရာဇ်ဓားအား လွှဲရမ်းလိုက်၏။ “ဒါက ကျုပ်ရဲ့ ဗျူဟာ‌ပဲလေ”

မူလချီမဟာခြုံလွှမ်းကောင်းကင်ဘုံနှင့် မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံတို့က ဆက်လက် ပေါင်းစည်းနေသည်။ ပေါင်းစည်းနေသည့်နှုန်း မြင့်မားလာသည်နှင့်အမျှ ယွင်၏ ကျင့်စဉ်စွမ်းအင်နှင့် ကျင့်ကြံခြင်းအခြေခံတို့က အဆပေါင်းများစွာ တိုးတက်သွား၏။ သူ၏လက်ထဲရှိ ထိုက်ချူဧကရာဇ်ဓားစွမ်းအားမှာလည်း တိုးတက်လာသည်။

မဟာခြုံလွှမ်းကောင်းကင်ဘုံနှစို ပေါင်းစည်းသွားပြီး ထိုက်ချူမဟာခြုံလွှမ်းကောင်းကင်ဘုံဖြစ်လာသည်နှင့် သူသည် ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ ကျင့်ကြံခြင်းအခြေခံကို သိမ်းပိုက်ကာ ထိုက်ချူတာအို ရယူ၍ တစ်လောကလုံးတွင် အသန်မာဆုံးပုဂ္ဂိုလ် ဖြစ်လာပေလိမ့်မည်။

စောစောက ယွင်အနေဖြင့် သခင်လေးနှစ်ကို အနိုင်ယူနိုင်ရန် အခွင့်အရေးမရှိခဲ့သော်လည်း ယခုတွင်တော့ တစ်ဆယ်ရာခိုင်နှုန်းအထိ တိုးလာခဲ့လေပြီ။

မဟာခြုံလွှမ်းကောင်းကင်ဘုံနှစ်ခု အပြည့်အဝ ပေါင်းစည်းသွားပါက အနိုင်ရနိုင်အခြေ ခုနစ်ဆယ်ရာခိုင်နှုန်းအထိ တိုးတက်လာမည် ဖြစ်သည်။

အနိုင်နှင့် အရှုံးက အတွက်အချက်များအပေါ် မူတည်နေသည်။

ကောင်းကင်နတ်ဧကရာဇ်ဟောင်ကား အလွန်တရာ ကြောက်စရာကောင်းသော ရန်သူတစ်ဦး ဖြစ်သည်။ သို့သော် သူသည် အတိတ်တုန်းက ကောင်းကင်နတ်အရှင်ယွင်ကို တစ်ကြိမ် အနိုင်ယူခဲ့ဖူးသဖြင့် အောင်နိုင်သူတစ်ဦး၏ စိတ်ဓာတ်အခြေအနေကို ပိုင်ဆိုင်ထား၏။ ထို့အပြင် သူ၏ကျင့်ကြံခြင်းအခြေခံမှာလည်း ကောင်းကင်နတ်အရှင်ယွင်ထက် များစွာမြင့်မားနေသောကြောင့် အထင်သေးနေလေသည်။

ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ တိုက်ကွက်များက မှားယွင်းခြင်း မရှိပေ။ ရန်သူကို အထင်သေးခဲ့မိခြင်းကသာ အမှားတစ်ခု ဖြစ်လေသည်။ သူသည် ကောင်းကင်နတ်အရှင်ယွင်ကို အထင်သေးခဲ့သောကြောင့် ကောင်းကင်နတ်အရှင်ယွင်က သခင်လေးနှစ်၏ အားနည်းချက်ဖြစ်သည့် အနီရောင်ကြိုးထုံးဖြင့် သူမကို မျှားခေါ်နိုင်ခဲ့သည်။ ထို့နောက် မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်းဖြင့် ကောင်းကင်နတ်ဧကရာဇ်ဟောင်ကို ချိပ်ပိတ်နိုင်ခဲ့၏။

ကောင်းကင်နတ်ဧကရာဇ်ဟောင် ထွက်မလာနိုင်သောကြောင့် ကောင်းကင်နတ်အရှင်ယွင်သည် မူလချီမဟာခြုံလွှမ်းကောင်းကင်ဘုံကို သိမ်းပိုက်ပြီး ထိုက်ချူမဟာခြုံလွှမ်းကောင်းကင်ဘုံကို ကျင့်ကြံနိုင်မည့် အခွင့်အရေး ရသွားသည်။ အနိုင်ရ‌နိုင်ခြေ ရာခိုင်နှုန်းက မမြင့်မားသော်လည်း သခင်လေးနှစ်ကို အနိုင်ယူနိုင်သည့် အခွင့်အရေးလည်း ရသွား၏။

သခင်လေးနှစ်က ကောင်းကင်နတ်ဧကရာဇ်ဟောင်ကို ခေါ်ထုတ်ရန် မကြိုးစားတော့ပေ။ “ဒါက လူလိမ်တစ်ယောက်ရဲ့ စွမ်းအားပေါ့လေ… နင့်ရဲ့အကြံအစည်က သိပ်ကို ထူးချွန်ပါတယ်… အန္တိမဟင်းလင်းပြင်နဲ့ အဆုံးသတ်မြို့ပျက်တာအိုတို့က တကယ်ကို မကိုက်ညီဘူး… နင်က ငါ့ကို အန္တိမဟင်းလင်းပြင်ထဲ ဆွဲခေါ်လာနိုင်ခဲ့တဲ့အတွက် အန္တိမဟင်းလင်းပြင်ကို သုံးပြီး ငါ့ကို ဖျက်ဆီးနိုင်တယ်… ကံမကောင်းစွာနဲ့ နင်က ငါ့သရုပ်မှန်ကို မေ့နေတာပဲ…”

သူမ၏ မျက်နှာအမူအရာက တည်ငြိမ်အေးဆေးနေပြီး သူမက ပေါ့ပေါ့ပါးပါး ပြောသည်။ “ငါက မီလော့နန်းတော်ရဲ့ သခင်လေးနှစ်… သခင်လေးတွေအားလုံးက ဆရာ့ဆီက ကျင့်စဉ်တွေ ကောင်းကင်နတ်သိုင်းတွေ သင်ကြားပြီး နယ်ပယ်တစ်ခုချင်းမှာ အထွတ်အထိပ်အခြေအနေကို ရောက်နေကြတဲ့သူတွေ…. မီလော့နန်းတော်ရဲ့ ကျင့်စဉ်တွေ၊ ကောင်းကင်နတ်သိုင်းတွေနဲ့ ယှဉ်လိုက်တဲ့အခါမှာ နင်တို့ရဲ့ ကောင်းကင်နတ်အရှင်တွေနဲ့ တာအိုသိုင်းပညာရှင်တွေဆိုတာ ကမ္ဘာဦးခေတ်က လူရိုင်းတွေအဆင့်သာသာပဲ ရှိတော့တယ်”

ကောင်းကင်နတ်အရှင်ယွင်ဆီသို့ လျှောက်လာနေစဉ် သူမ၏မျက်နှာ၌ အရာအားလုံးကို ဖျက်ဆီးချင်သော စိတ်ဆန္ဒတို့ဖြင့် ပြည့်နှက်နေသည်။ “သနားဖို့ ကောင်းလိုက်တာ…. ငါ့ကို အသေခံသတ်ဖို့ ရည်ရွယ်ချက်နဲ့ ရောက်လာခဲ့တာမလား… ဒီအကြံကို အချိန်အကြာကြီး တွေးခဲ့တာ ဖြစ်မယ်… နင့်မှာ အနိုင်ရနိုင်ခြေ ရှိတယ် ထင်နေမှာပဲ… အချိန်ဆွဲနိုင်တယ်လို့ ထင်နေမှာပေါ့နော်… မဟာခြုံလွှမ်းကောင်းကင်ဘုံနှစ်ခုကို ပေါင်းစည်းပြီး တာအိုရသွားတဲ့အခါက ငါ့ကို သတ်နိုင်မယ့် အခွင့်အရေး ရှိတယ်လို့လေ”

သူမ၏ခန္ဓာကိုယ်ပေါ်ရှိ အရှိန်အဝါတို့က ရုတ်တရက် ပြောင်းလဲသွားသည်။ ကမ္ဘာဦးဖရိုဖရဲချီစွမ်းအင်တို့က သူမခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာ၏။ ယခင်က သူမခန္ဓာကိုယ်ထဲရှိ လေအေးနှင့် လေပူတို့သည် သူမကျင့်ကြံခြင်းအခြေခံကို အရည်ပျော် ပျောက်ကွယ်သွားနေစေခဲ့၏။ ယခု ကမ္ဘာဦးဖရိုဖရဲချီစွမ်းအင် ထွက်ပေါ်လာသည့်အခါတွင်တော့ ဖြစ်စဉ် နှေးကွေးလာသည့် အရိပ်အယောင်များကိုပင် တွေ့မြင်လာရသည်။

ကောင်းကင်နတ်အရှင်ယွင်၏ သူငယ်အိမ်များ ကျုံ့၀င်သွား၏။

“သနားဖို့ကောင်းလိုက်တာ… ငါ ဆရာ့အတွေးအခေါ်တွေကို သဘောမတူပေမယ့် သူ့တာအိုကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေကတော့ တကယ်ကို ဆန်းကြယ်လေးနက်တာ လက်ခံတယ်…. ဒါကြောင့် ငါ အသေအချာ လေ့လာသင်ယူခဲ့ပြီး သိမြင်နားလည်မှုတွေ အများကြီး ရခဲ့တယ်”

သခင်လေးနှစ်က ကောင်းကင်နတ်အရှင်ယွင်၏ မျက်နှာအမူအရာကို ကြည့်ကာ တခစ်ခစ် ရယ်လိုက်သောကြောင့် သူ၏ ယုံကြည်ချက်နှင့် ခံယူချက်တို့ကို ယိမ်းယိုင်သွားစေသည်။ သူမက အေးအေးလူလူ ဆက်ပြော၏။ “နင် အစက အနိုင်ယူနိုင်ချေရှိတယ်လို့ ထင်ထားခဲ့ပေမယ့် အခုတော့ ဘာအခွင့်အရေးမှ မရှိမှန်း သိသွားပြီမလား…. သိပ်ကို သနားဖို့ကောင်းတဲ့ လူပါလားနော်…. နင့်အသက်ကို စတေးပြီး ငါ့ကို သေအောင် သတ်ရင်တောင် ငါ့ရဲ့ ကိုယ်ပွားတွေထဲက တစ်ယောက်ကို သတ်မိတာပဲ ဖြစ်မှာ… ငါ့ရဲ့ မူလခန္ဓာကိုယ်အပေါ် ဘာသက်ရောက်မှုမှ မရှိဘူး…. နင်ဟာ နင့်တစ်ဘဝလုံး စုဆောင်းထားတဲ့ ဉာဏ်ပညာတွေကို ထုတ်သုံးပြီး တာအိုအတွက် အဆင့်တက်ချင်ခဲ့တယ်… ငါ့ကို သတ်ဖို့ အရာအားလုံး ထုတ်သုံးခဲ့ပေမယ့် တကယ်တော့ သိပ်ကို ရယ်စရာကောင်းတာပဲ… ဒီလောက် သနားဖို့ ကောင်းတဲ့ဘဝကို ငါ အဆုံးသတ်ပေးပါမယ်”

သူမက ရဲတင်းစွာ တိုက်ခိုက်လာတော့သည်။

“တာအိုအစ်ကိုတော်ထိုက်ကျိ၊ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့က ထိုက်ငါးပါး ဖြစ်နေတုန်းပဲလေ…. ဘာလို့အချင်းချင်း ပြန်သတ်နေရမှာလဲ…’’

ချိမင်ပြည်သူများ၊ ရွှင်ပျော်ပျော်ကျေးရွာမှ လူများသည် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာသို့ ရွှေ့ပြောင်းပြီး‌ချေပြီ။ ‌ကောင်းကင်ဘုံ ၃၃ ဘုံတွင် ဗလာကျင်းနေပြီး နတ်ဘုရားမြို့အလွတ်များသာ ကျန်ရစ်တော့သည်။ အမျိုးမျိုးသော နတ်ဘုရားမြို့များ၏ စစ်တပ်တို့ကလည်း အောက်ရှိ ကောင်းကင်ဘုံသို့ ပြေး၀င်၍ ကောင်းကင်နတ်ဘုံနှင့် သွေးသံတရဲရဲ တိုက်ခိုက်နေကြသည်။

ဤအချိန်တွင် ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးသည် ရုပ်ခန္ဓာအား တစ်ခုတည်း ပေါင်းစည်းထားပြီး ဧရာမရှေးဟောင်းနတ်ဘုရားကြီးအသွင်ဖြင့် ကောင်းကင်နှင့် မြေပြင်အကြား၌ ရပ်နေသည်။ နေ၊ လနှင့် ကြယ်တာရာများက သူတို့၏ ဦးခေါင်းအထက်တွင် ပျံဝဲနေကြပြီး ထိုက်ကျိသဲခုံသည် ဧရာမကောင်းကင်လက်နက်ကြီးပမာ ပြုမူလျက် အဆုံးမရှိသော စွမ်းအားတို့အား တရိပ်ရိပ် ဖြန့်ကျက်နေသည်။

မြေကြီးသည် ထယ်ထိုးထားသကဲ့သို့ ကျွမ်းထိုးမှောက်ခုံ လှန်နေပြီး တောင်တန်းများသည်လည်း တဝေါဝေါ ပြိုကျနေကာ သဲမှုန်၊ သစ်သားမှုန်များအဖြစ် ပြောင်းလဲလျက် ထိုက်ကျဲသဲခုံအား အားဖြည့်ပေးနေသည်။

ထိုက်ကျိရှေးဟောင်းနတ်ဘုရား၏ ရန်သူမှာ သဲထဲတွင် လူးနေသော ဖက်တီးပေါက်စမှတစ်ပါး အခြားမဟုတ်ပေ။ ဖက်တီးပေါက်စသည် သဲမှုန်များအကြား လျင်မြန်သော အရှိန်ဖြင့် ပတ်ပြေးနေကာ တစ်ချက်တစ်ချက် ထိုက်ကျိရှေးဟောင်းနတ်ဘုရားဆီ ပြေးဝင်တိုက်ခိုက်တတ်၏။ ထိုအခါမျိုးတွင် သူ၏ အရေပြားနှင့် အသားတို့ ပေါက်ထွက်သွားတတ်၏။ တစ်ချက်တစ်ချက်တွင် သူ့အနောက်ရှိ ကြေးမုံဆီမှ အလင်းရောင်တို့ တောက်ပလာပြီး သူ့အား ထွင်းဖောက်မြင်နေရသော အသွင်သဏ္ဍာန်အဖြစ် ပြောင်းလဲစေကာ ရှေးဟောင်းနတ်ဘုရားထိုက်ကျိ၏ တိုက်ကွက်ကို ရှောင်ရှားစေတတ်သည်။

ထိုကိရှေးဟောင်းနတ်ဘုရားနှစ်ပါးမှာ သူ့အား မည်သို့မျှ မလုပ်နိုင်ပေ။

“တာအိုညီတော်နဲ့ ညီမတော် ငါတို့ စိတ်တစ်ခုတည်းပါပဲ” ဖက်တီးပုတ်လေးက သူတို့အား တိုက်ခိုက်လိုက်သည်။

ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးမှာ ဒေါသသူပုန်ထနေကြပြီး ကျင့်စဉ်စွမ်းအင်တို့အား စုစည်းလိုက်ကြသည်။ ထိုက်ကျိသဲခုံက ရုတ်တရက် တစ်ခုအပေါ် တစ်ခု ထပ်နေသည့် ထိုက်ကျိစက်ဝန်းအသွင် ရှိသော ကောင်းကင်ဘုံ ၂၈ ဘုံအဖြစ် ပြောင်းလဲသွား၏။ သူတို့က မြွေအမြှီးများအား ဖြန့်ကျက်ဆန့်ထုတ်လိုက်ကြသည်။

“ထိုက်ရှီ၊ ခင်ဗျားက သိပ်ကို မျက်နှာပြောင်တိုက်တာပဲ… ကျုပ်တို့က မျိုးနွယ်တူတွေလို့ ပြောခဲ့ပေမယ့် ရက်စက်ကောက်ကျစ်တဲ့ တိုက်ကွက်တွေ အကုန်ထုတ်သုံးပြီး ကျုပ်တို့ကို တိုက်ခိုက်တယ်…. ခင်ဗျားက လက်ရှိအခြေအနေကို မမြင်နိုင်၊ နားမလည်နိုင်သေးဘူးပဲ… ထားလိုက်ပါဝောာ့.. ဒီနေ့ ကျုပ်တို့ ခင်ဗျားကို အသေခံတိုက်ခိုက်မယ်…. ကျုပ်တို့ရဲ့ ထိုက်ကျိစက်၀န်းထဲ ဝင်လာရဲသလား”

ထိုက်ရှီကရပ်လျက် ကောင်းကင်ဘုံ ၂၈ ဘုံဖြင့် ထိုက်ကျိစက်၀န်းကို အကဲခတ်ကြည့်လိုက်သည်။ သူက ပြုံးလျက် ဖြေလိုက်သည်။ “တာအိုညီတော်နဲ့ညီမတော်၊ မင်းတို့က တာအိုကျင့်စဉ်စနစ်လမ်းစဉ်ကို လျှောက်လှမ်းနေကြတာလား… ရေသောက်ပြီးရင် ရေတွင်း တူးထားပေးတဲ့သူကို မမေ့ရဘူး… မင်းတို့က ခိုင်ဧကရာဇ်ကြောင့် အကျိုးအမြတ်တွေ ရခဲ့ပေမယ့် အခု သူ့ရဲ့ ရွှင်ပျော်ပျော်ကျေးရွာကို လာသတ်ပေါ့လေ…. မင်းတို့က ဒီနေရာအထိ ရောက်ဖို့ မထိုက်တန်ဘူး”

ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးက ကောင်းကင်နတ်အရှင်ထိုက်ယန်နှင့် ကောင်းကင်နတ်အရှင်ထိုက်ယင်တို့အဖြစ် ကွဲထွက် ပြောင်းလဲသွားသည်။ ကောင်းကင်နတ်အရှင်ထိုက်ယန်၏ မျက်နှာက အရှက်ရမှုကြောင့် နီရဲနေ၏။ ကောင်းကင်နတ်အရှင်ထိုက်ယင်က နှာခေါင်းရှုံ့ကာ ခွန်းတုံ့ပြန်သည်။ “အဲ့ဒါတွေ ပြောနေလို့ ဘာမှ အသုံးမဝင်ဘူး… ရှင် ဝင်လာရဲသလား”

ထိုက်ရှီက သူ၏ခြေတိုလေးများဖြင့် ကောင်းကင်ဘုံ ၂၈ ဘုံထဲသို့ ၀င်ရောက်သွားသည်။ သူက ပြုံးလျက် ပြော၏။ “ဘာလို့ ၀င်မလာရဲရမှာလဲ… မင်းတို့နှစ်‌ယောက် သေမျိုးလောကရဲ့ တာအိုလမ်းစဉ်ကို လျှောက်လှမ်းတဲ့နေရာမှာ ဘယ်လောက်အစွမ်းထက်နေပြီလဲ သိချင်မိတယ်…”

ထိုအချိန်တွင် ကောင်းကင်ယင်ကမ္ဘာ၏ အကာအရံ ပြိုကျသွားသည်။ ဧရာမဘိုးဘေးနန်းတော် နဂါးသွဲ့စင်မြင့်ကြီးတစ်ခုက ကောင်းကင်ယင်ကမ္ဘာ၏ အကာအရံကို ဖောက်ထွက်၍ ကောင်းကင်ယင်ကမ္ဘာ၏ ပင်လယ်မျက်နှာပြင်ထက်တွင် ပေါ်လာသည်။ ကောင်းကင်နတ်ဘုံ၏ စစ်တပ်ကြီးက စင်မြင့်ပေါ်မှ ဆင်းသက်လာ၍ ကောင်းကင်ယင်ကမ္ဘာထဲသို့ ကျူးကျော်၀င်ရောက်နေကြ၏။

ကောင်းကင်ယင်ကမ္ဘာဆိုသည်မှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပိုင်နက် ဖြစ်သည်။ ဤနေရာတွင် နေထိုင်နေကြသည့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြည်သူပြည်သားများစွာ ရှိလေသည်။ သူတို့သည် ကောင်းကင်ယင်ကမ္ဘာတွင်သာ ရှိနိုင်သည့် ထူးခြားသော လူနေမှုအသိုက်အ၀န်းလေးတစ်ခုကို ဖန်တီးခဲ့ပြီး ကောင်းကင်ယင်ကမ္ဘာ၏ ကျင့်စဉ်များ၊ လမ်းစဉ်များနှင့် ကောင်းကင်နတ်သိုင်းများကို လေ့လာသင်ယူကြ၏။

မဟာစစ်ပွဲကြီးစတင်ကတည်းက လူများ၏ ဘ၀မှာ ဒုက္ခဆင်းရဲ ရောက်နေကြပြီး ကောင်းကင်ဘုံတစ်ခုပြီးတစ်ခု ဖျက်ဆီးခံနေရသည် မဟုတ်လော။ ထို့ကြောင့် မရေမတွက်နိုင်သော ဝိညာဉ်များမှာ အနက်ရောင်သဲမှုန်များအဖြစ် ပြောင်းလဲ၍ ကောင်းကင်ယင်ကမ္ဘာဆီသို့ လွင့်မျောလာခဲ့သောကြောင့် ကောင်းကင်ယင်ကမ္ဘာမှာ ပိုပို၍ ကြီးမားလာခဲ့သည်။ ယခုတွင် ကောင်းကင်ယင်ကမ္ဘာသည် ကမ္ဘာဦးဘုံတွင် အကြီးမားဆုံးကောင်းကင်ဘုံတစ်ခု ဖြစ်နေချေပြီ။

ကောင်းကင်ယင်ပင်လယ်သည်လည်း အဆပေါင်းများစွာ ကျယ်ပြန့်လာခဲ့သည်။ သို့သော် ဘိုးဘေးနန်းတော် နဂါးသွဲ့ရေကန်က ဆင်းသက်လာပြီး ကောင်းကင်ယင်ပင်လယ်အား မြောက်တက်မလာနိုင်အောင် ဖိနှိပ်ထားလိုက်၏။

ကောင်းကင်နတ်ဘုံ၏ မရေမတွက်နိုင်သော နတ်ဘုရားမိစ္ဆာများက ပင်လယ်ရေပြင်ကို နင်းလျက် ကောင်းကင်ယင်ကမ္ဘာမြေထုဆီသို့ ဦးတည်သွားတော့သည်။

ဤသို့ကျူးကျော်လာမှုက ကောင်းကင်နတ်ဘုံ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပိုင်နက်အသွင်းသို့ ပထမဦးဆုံးခြေချမှုဟုပင် ပြော၍ ရနိုင်၏။

ကောင်းကင်ယင်နတ်ဘုရားမက လက်ကို ဆန့်တန်း၍ ပင်လယ်ပြင်အား ဆုပ်ကိုင်ကာ ပြင်းထန်စွာ လှုပ်ခါလိုက်သည်။ ပင်လယ်မျက်နှာပြင်မှာ ချက်ချင်းပင် ပြင်းထန်စွာ တုန်ခါသွားပြီး ရှေ့ဆုံးမှ ပြေးဝင်လာနေကြသည့် ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားမိစ္ဆာများမှာ ပင်လယ်ပြင်၏ ဝါးမြိုခြင်းခံလိုက်ရတော့သည်။

သို့သော် ဘိုးဘေးနန်းတော် နဂါးသွဲ့ရေကန်၏ စွမ်းအားမှာ ကြီးမားလွန်းပေသည်။ နဂါးသွဲ့စင်မြင့်ပေါ်ရှိ ကောင်းကင်နတ်ဘုံတပ်မှူးများက တန်ခိုးရှင်များစွာအား ဦးဆောင်၍ နဂါးသွဲ့ပင်လယ်ကို အသက်သွင်းက တုန်ခါနေသော ပင်လယ်မျက်နှာပြင်အပေါ် ချက်ချင်း ဖိနှိပ်လိုက်ကြ၏။ ကောင်းကင်ယင်နတ်ဘုရားမ ပင်လယ်ကို နောက်တစ်ကြိမ် လှုပ်ခါရန် ကြိုးစားပါက လုပ်နိုင်တော့မည်မဟုတ်ပေ။

“ငါ့ကောင်းကင်နတ်သိုင်းတွေကို လူသတ်တဲ့ လက်နက်တွေအဖြစ် မပြောင်းလဲချင်ဘူး….”

ချင်မူသည် သူမအား ဧကရာဇ်ပလ္လင်အဆင့်ကျင့်စဉ်များ လေ့လာရန် တောင်းဆိုခဲ့ဖူးလေသည်။ ထိုစဉ်အခါက ယခုလိုအခြေအနေအား တစ်နေ့မဟုတ် တစ်နေ့ မုချ ရင်ဆိုင်ရမည် ဖြစ်သဖြင့် စိတ်ပိုင်းဖြတ်ထားရန် ပြောခဲ့ဖူးသည်။ သူ့စကားအား အမှတ်ရလိုက်၍ ကောင်းကင်ယင်နတ်ဘုရားမ၏ ခန္ဓာကိုယ်မှာ တုန်ရီလာတော့သည်။

ယခုတွင် သူမ ဆုံးဖြတ်ချက် ချရပေတော့မည်။

သူမက ကောင်းကင်ယင်ကမ္ဘာရှိ နတ်ဘုရားမြို့များကို ပြန်လှည့်ကြည့်လိုက်သည်။ ထိုနတ်ဘုရားမြို့များတွင် နတ်ဘုရားမိစ္ဆာအနည်းငယ်သာ ရှိသော်လည်း သူတို့၏ အနောက်တွင်တော့ ကောင်းကင်ယင်ကမ္ဘာ၏ သက်ရှိသတ္တဝါတို့ နေထိုင်နေကြသည်။

သူတို့ထဲတွင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြည်သူပြည်သားများ ပါဝင်သော်လည်း သူမကိုယ်တိုင် ဉာဏ်အလင်းပွင့်စေ၍ ဝိညာဉ်တို့ ဖန်တီးပေးထားသော သက်ရှိများလည်း ရှိသည်။

သူမသည် သူတို့၏ မိခင်၊ ကောင်းကင်မိခင်ပင် ဖြစ်၏။

ကောင်းကင်ယင်နတ်ဘုရားမသည် တစ်ဖက်သို့ ပြန်လှည့်သွားသည့်အခါ သူမ၏မျက်နှာတွင် မျက်ရည်များ စီးကျနေသည်။ သူမ၏ လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများ ပေါက်ကွဲထွက်လာပြီး သူမနှင့် ကောင်းကင်ယင်ကမ္ဘာကို တိုက်ခိုက်ရန် ပြေးဝင်လာနေကြသော ကောင်းကင်နတ်ဘုံ နတ်ဘုရားမိစ္ဆာများ၏ ပါးစပ်၊ မျက်လုံး၊ နှာခေါင်းနှင့် နားတို့မှ အနက်ရောင်ဝိညာဉ်သဲမှုန်များ စီးကျလာပြီး သူတို့၏မူလဝိညာဉ်များ အက်ကွဲသွားတော့သည်။ သူတို့သည် အနက်ရောင်ဝိညာဉ်သဲမှုန်များအဖြစ် ပြောင်းလဲ၍ ကောင်းကင်ယင်ကမ္ဘာရှိ ကောင်းကင်နှင့် မြေကြီးဖြင့် ရောနှောသွားတော့၏။

ဤသည်က ပလိပ်ရောဂါအလား အလျင်အမြန်ပျံ့သွားသည်။ ပင်လယ်မျက်နှာပြင်တစ်လျှောက် ပျံ့နှံ့၍ ဘိုးဘေးနန်းတော် နဂါးသွဲ့စင်မြင့်ထံ ဦးတည်သွား၏။ နတ်ဘုရားမိစ္ဆာများမှာ ကောင်းကင်ယင်ကမ္ဘာ တာအိုသိုင်းပညာတို့၏ ကြောက်စရာကောင်းသော စွမ်းအားကို ခုခံနိုင်စွမ်း မရှိကြပေ။

နတ်ဘုရားမိစ္ဆာများမှာ လျင်မြန်စွာ အခွံသက်သက်သာ ကျန်တော့သည်။ ဝိညာဉ်မရှိတော့သည့် အလောင်းများက ကောင်းကင်ယင်ကမ္ဘာပင်လယ်ထဲသို့ နစ်မြုပ်သွားကြတော့၏။

ကောင်းကင်ယင်နတ်ဘုရားမ၏ နှလုံးသားထဲတွင် နာကျင်မှုတို့ ဝေဆာနေသည်။ နူးညံ့သိမ်မွေ့သော သူမနှလုံးသားသည် ခံနိုင်ရည်မရှိပေ။ သူမမှာ ကောင်းယင်ကမ္ဘာ၏ ရှေးဟောင်းနတ်ဘုရား ဖြစ်သော်လည်း ပြန်လည်မွေးဖွားလာပြီးကတည်းက တစ်ယောက်တည်းကိုသာ သတ်ဖြတ်ခဲ့ဖူး၏။ ထိုသူက ကောင်းကင်ယင်သားတော် ဖြစ်သည်။

တခြားသက်ရှိများကို သတ်ဖြတ်လိုစိတ် မရှိခဲ့သော်လည်း ယခုတွင်တော့ လှုပ်ရှားရုံမှတစ်ပါး ရွေးချယ်စရာ မရှိခဲ့ပေ။

ကောင်းကင်နတ်ဘုံတွင် နတ်ဘုရားမိစ္ဆာ များပြားလွန်းသည်။ ကောင်းကင်ယင်ကမ္ဘာတွင် နတ်ဘုရားမိစ္ဆာ များများစားစား မရှိချေ။ သူမအနေဖြင့် သူတို့ကို ခုခံနိုင်လိမ့်မည်မဟုတ်။ သူမ၏ ပြည်သူပြည်သားများ ဘေးကင်းရန် မဖြစ်မနေ သတ်ဖြတ်ရလိမ့်မည်။

ဘိုးဘေးနန်းတော် နဂါးသွဲ့စင်မြင့်က ထွန်းလင်းတောက်ပလာသည်။ နဂါးသွဲ့စင်မြင့်ကို ထိန်းချုပ်နေသော တပ်မှူးက စင်မြင့်အား အသက်သွင်းလျက် ကောင်းကင်ယင်နတ်ဘုရားမ၏ ကောင်းကင်နတ်သိုင်းကို ခုခံကာကွယ်လိုက်သည်။ ကောင်းကင်ယင်နတ်ဘုရားမ၏ ကောင်းကင်နတ်သိုင်းစွမ်းအားမှာ ဘိုးဘေးနန်းတော်၏ နဂါးသွဲ့ပင်လယ်‌ဆီသို့ မရောက်ခင်မှာပင် ဖြိုခွဲခံလိုက်ရချေပြီ။

“ကောင်းကင်ယင်နတ်ဘုရားမ၊ ခင်ဗျားရဲ့ တာအိုက တကယ်ကို အကန့်အသက်မဲ့ပါတယ်”

ဘိုးဘေးနန်းတော် နဂါးသွဲ့ပင်လယ်ထက်တွင် ကောင်းကင်နတ်ဘုံစစ်တပ်က ၀င်္ကပါတစ်ခု ခင်းကျင်းလိုက်သည်။ ကောင်းကင်နတ်ဘုံ၏ နယ်စားမင်းများဖြစ်သော လီကုန်း၊ ယွီကုန်း၊ တကုန်းနှင့် စောကုန်းက ရှေ့သို့ တက်လာကြပြီး လီကုန်းက ချီးကျူးလေသည်။ “အရှင်မင်းကြီး ကျုပ်တို့ကို ကောင်းကင်ယင်ကမ္ဘာဆီ သွားဖို့ အမိန့်ပေးခဲ့တုန်းက ကောင်းကင်ယင်နတ်ဘုရားမကို ရှင်းလင်းချင်ရင် အကျအရှုံးတွေအများကြီးခံစားရမှာ စိုးရိမ်ခဲ့မိတယ်…. ကံကောင်းစွာနဲ့ ဒီတကြိမ် ကျုပ်တို့ ကောင်းကင်ယင်နတ်ဘုရားမနဲ့ အသေအကြေ တိုက်ခိုက်စရာ မလိုတော့ဘူး”

သူ့စကားဆုံးသည်နှင့် ကျယ်လောင်လှသော အသံကြီးတစ်သံ ထွက်ပေါ်လာသည်။ ရှေးဟောင်းနတ်ဘုရားတစ်ပါးက ဘိုးဘေးနန်းတော် နဂါးသွဲ့ပင်လယ်ဆီသို့ ဆင်းသက်လိုက်သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ မည်းမှောင်နေ၏။ သူက ဖြည်းဖြည်းချင်း ထရပ်၍ ပင်လယ်တစ်ဖက်ကမ်းရှိ ကောင်းကင်ယင်နတ်ဘုရားမဆီသို့ ကြည့်လိုက်သည်။ သူ၏အသံက တုန်ခါထွက်ပေါ်လာသောကြောာင့် ပင်လယ်ပြင်တစ်ခုလုံး လှိုင်းထသွား၏။ “လင်းကွမ်ခန်းမသခင်၊ ကောင်းကင်ယင်နတ်ဘုရားမကို နှုတ်ဆက်ပါတယ်… ကျုပ်ကိုအပြစ်မတင်ပါနဲ့… တစ်ယောက်ယောက်ကို အပြစ်တင်ချင်တယ်ဆိုရင် မှားတဲ့ဘက်မှာ ရပ်မိတဲ့ နတ်ဘုရားမကိုယ်တိုင်ကိုပဲ အပြစ်တင်လိုက်ပါ…”

ရွှမ်း…

လေထုခွင်းခံလိုက်ရသည့် ထူးဆန်းသော အသံတစ်သံ ထွက်ပေါ်လာသည်။ လူရိပ်တစ်ခုက နဂါးသွဲ့စင်မြင့်ကို ဖြတ်သန်းသွား၏။ မည်းနက်နေသော ရှေးဟောင်းနတ်ဘုရားနှင့် လူရိပ်မှာ အစအနပင် မကျန်အောင် ပျောက်ကွယ်သွားတော့သည်။

ဝုန်း…

ကောင်းကင်ယင်ကမ္ဘာမှာ ပြင်းထန်စွာ တုန်ခါသွားသည်။ အားလုံး အလောတကြီး လှမ်းကြည့်လိုက်ရာ ကောင်းကင်ယင်ကမ္ဘာ၏ ကောင်းကင်အထက်တွင် အပေါက်ကြီးတစ်ပေါက် ပေါက်နေသည်ကို တွေ့လိုက်ရ၏။ လင်းကွမ်ခန်းမသခင်ဟု ခေါ် သည့် ရှေးဟောင်းနတ်ဘုရားမှာ အပိုင်းပိုင်း ပြတ်ထွက်၍ ကောင်းကင်ပေါ်မှ ပြုတ်ကျလာနေသည်။ သူ၏အလောင်းက ပင်လယ်ပြင်ပေါ်သို့ ဝုန်းခနဲ ကျလာသဖြင့် လှိုင်းများ ရိုက်ခတ်သွားတော့သည်။

All Chapters