ကမ္ဘာမြေထက်က ငရဲ
Vol. 132 Ch. 1704
ကိုယ်ပွားများ ထပ်မံပျောက်ကွယ်သွားသည်ကို အာရုံခံမိသည်နှင့် ရှေးဟောင်းနတ်ဘုရား ဘုန်းကြီး၏ မျက်လုံးထောင့်စွန်းများ တွန့်သွားသည်။ သူက နှစ်ခြိုက်စွာ ကျိန်းနေသော တထာဂတကျန်းခုံးကို ကျော်ဖြတ်ကာ ဗုဒ္ဓဘုံ၏ ကောင်းကင်ဘုံအထပ် ၂၀ ထဲသို့ ဝင်ရောက်သွားတော့၏။
တစ်ချိန်တည်းမှာပင် ချင်မူ မဟာမိုးခြိမ်းသံကျောင်းတော်သို့ တန်းတန်းမတ်မတ် ပြေးနေသည်။ ‘အစ်ကိုကြီးဝေစွေ့ဖုန်းက ယွီလင်နန်းစောင့်တပ်ဖွဲ့ကို ဦးဆောင်နေတာဆိုတော့ ကောင်းကင်နတ်အရှင်တစ်ပါးကို ရင်ဆိုင်တိုက်ခိုက်နိုင်တယ်…. သူ့ကိုယ်သူ ခဏတဖြုတ်တော့ ကာကွယ်ထားနိုင်တယ်…’ သူက စိတ်ထဲမှ တွေးနေ၏။ ‘ရွှမ်းဝူဧကရာဇ်နှစ်ပါးက သူတို့ရဲ့ ဘိုးဘေးနယ်မြေတွေနဲ့အတူ လာတာ … ဘိုးဘေးနယ်မြေတွေက သိပ်ကို စွမ်းအားကြီးတယ်… လင်းကွမ်ခန်းမသခင်ရဲ့ ကိုယ်ပွားနှစ်ယောက်ကို အချိန်တစ်ခုအထိ ထိန်းထားနိုင်တယ်… ငါ အချိန်ဆွဲနေလို့ မဖြစ်ဘူး… ဒီနေရာမှာ လင်းကွမ်ခန်းမသခင်ရဲ့ ရှေးဟောင်းနတ်ဘုရားကိုယ်ပွားသုံးယောက်ကို ရှာဖို့ အချိန်မရှိတော့ သူတို့ကို တစ်ခဏတော့ ထိန်းထားခိုင်းလိုက်မယ်’
ဗုဒ္ဓဘုံ၏ ကောင်းကင်ဘုံအထပ်နှစ်ဆယ်ကား အတိုင်းထက်အလွန် ကျယ်ပြောလွန်းသည်။
ကောင်းကင်ဘုံအထပ်နှစ်ဆယ်က ဗုဒ္ဓအဆင့်တို့အား ကိုယ်စားပြုသည်။ ဗြဟ္မဗုဒ္ဓသည် ထိုးထွင်းသိမြင်နိုင်သော အနန္တဉာဏ်တော်နှင့် စိတ်၏ သဘောကို သိမှတ်နားလည်လာခဲ့ပြီးနောက် တထာဂတတစ်ပါး ဖြစ်လာခဲ့သည်။ ဗုဒ္ဓဘုံ၏ အောက်ဆုံးအထပ်ဖြစ်သော ယမမင်းဘုံ၊ ထိုမှတစ်ဆင့် သာဂရနဂါးမင်းဘုံ... တစ်ဆင့်ပြီးတစ်ဆင့် တက်ကာ အမြင့်ဆုံး ဗြဟ္မဘုံအထိ ကျင့်ကြံနိုင်ခဲ့ကြ၏။ သူ၏ ဗုဒ္ဓစိတ်အခြေအနေသည် တိုးတက်လာခဲ့သလို ကျင့်ကြံခြင်းအခြေခံမှာလည်း မြင့်မားလာခဲ့လေသည်။
ကောင်းကင်နတ်မင်းလီရုံလန်တဖြစ်လဲ သိကြားဗုဒ္ဓသည်လည်း ဗြဟ္မအဆင့်ပြီးလျှင် ဒုတိယဖြစ်သော သိကြားဘုံအထိ တက်လှမ်းနိုင်ခဲ့၏။
ဗြဟ္မအဆင့်သို့ တက်ရန်မှာ မလွယ်လှပေ။ သိကြားဗုဒ္ဓလီရုံလန်သည် ဧကရာဇ်ပလ္လင်အဆင့်အထိ ကျင့်ကြံနိုင်ခဲ့သော်လည်း ဗြဟ္မအဆင့်သို့ မကျင့်ကြံရသေးပေ။ အလွန်တရာ ဝေးကွာနေသေး၏။
စိတ်အခြေအနေ၏ တိုးတက်မှုကလည်း အောင်မြင်ရန် အခက်ခဲဆုံးဖြစ်လေသည်။
ရှေးဟောင်းနတ်ဘုရားဘုန်းကြီးက ဗုဒ္ဓဘုံ၏ ကောင်းကင်ဘုံအထပ်တို့အား ဖြတ်သန်းလာပြီး သိကြားဘုံသို့ ရောက်လာသည်။ ရုတ်တရက် သူ၏နှလုံးသားမှာ အေးခဲသွားသည်။ ချက်ချင်း ခေါင်းမော့ကြည့်လိုက်သည့်အခါ ဧရာမဦးခေါင်းကြီးတစ်လုံးသည် ဗုဒ္ဓဘုံ၏ ကောင်းကင်ဘုံ ၂၀ ဘုံမြောက်၌ နိုးထလာသည်ကို တွေ့လိုက်ရ၏။ ဘဝပြန်ဝင်စားခြင်းအလင်းရောင်တို့က ထိုသူ၏ ဦးခေါင်းအနောက်တွင် လှည့်ပတ်သွားပြီး ဗုဒ္ဓဘုံ၏ ၂၀ ဘုံမြောက် ကောင်းကင်ဘုံတစ်ထပ်လုံးအား လွှမ်းခြုံသွားသည်။
ထိုခန္ဓာကိုယ်ကြီးက ၂၀ ဘုံမြောက် ဗုဒ္ဓဘုံထက်ပင် ကြီးမားနေသည့်အပြင် မြင်းမိုရ်တောင်ထက်ပင် မြင့်မား၏။ ဦးခေါင်းတစ်ခုတည်းက ကောင်းကင်ဘုံများထက် ကြီးမားနေလေသည်။
“သခင်လေးခုနစ်”
ရှေးဟောင်းနတ်ဘုရားဘုန်းကြီးမှာ ရင်ဒိန်းခနဲ ခုန်သွားပြီး စိတ်ကို တည်ငြိမ်စေလိုက်သည်။ သူက တာအိုသိုင်းပညာရှင်တစ်ဦးပင်လျှင် သတိမထားမိနိုင်သည်အထိ သေသပ်ပိရိသော ကိုယ်ပွားအဖြစ် ပြောင်းလဲလိုက်တော့၏။
'ငါ့မှာ ကိုယ်ပွားတွေ များလွန်းတယ်…. နေရာအမျိုးမျိုးဆီ ရောက်ပြီးနေပြီ… ပြန်ခေါ်ပြီး သခင်လေးခုနစ်နဲ့ တိုက်ခိုက်ဖို့ ငါရုပ်ခန္ဓာကို ပြန်လည်ဖွဲ့စည်းရအောင်လည်း မဖြစ်နိုင်တော့ဘူး…. လမ်းတစ်လမ်းပဲ ရှိတော့တယ်… သခင်လေးခုနစ် တခဏလေး အချိန်ဆွဲခံလိုက်ရတာနဲ့ သူ နှေးသွားမှာပဲ’
ဤ ရှေးဟောင်းနတ်ဘုရားကိုယ်ပွားအနေဖြင့် ထွက်မပြေးနိုင်သည့်အပြင် အနေနှင့်အမြန် အဖမ်းခံရမည်ကို သူ သေချာသိထားသည်။ သို့သော် ဤနေရာတွင် ချင်မူ တခဏလေး နောက်ကျသွားပါက ကွင်းဆက်သက်ရောက်မှုကြီး ဖြစ်ပေါ်လာပေလိမ့်မည်။
ထိုအခါ သူ၏ အခြားကိုယ်ပွားတစ်ယောက်သည် တာအိုဂိုဏ်းသို့ ဝင်ရောက်၍ တာအိုဘိုးဘေးကြီးအား သတ်ဖြတ်နိုင်ပေမည်။
ချင်မူ တာအိုဂိုဏ်းသို့ ရောက်သည့်အချိန်တွင် သူ၏ ကျန်ရှိသည့်ကိုယ်ပွားများက ဝေစွေ့ဖုန်းနှင် မြောက်နတ်မင်းရွှမ်းဝူကို သတ်ဖြတ်ပြီး ဖြစ်လိမ့်မည်။ မြေကမ္ဘာကောင်းမှုနန်းတော် ကုန်းစွန်းယန်၊ ဧကရာဇ်ယန်ဖုန်းနှင့် အခြားသူများလည်း မုချ သေရလိမ့်မည်။။
ဤသို့ ဖြစ်ပွားရန် ခြေတစ်လှမ်းသာ နှေးကွေးသွားရန် လိုအပ်သည်။
ချင်မူ စက္ကန့်ပိုင်းမျှ အချိန်ဖြုန်းလိုက်သည်နှင့် ခန့်မှန်း၍ မရနိုင်သော အကျိုးဆက်များကို ဖြစ်ပေါ်လာစေနိုင်၏။
ရုတ်တရက် ချင်မူ့ပုံရိပ်က ပျောက်ကွယ်သွားသည်။
ရှေးဟောင်းနတ်ဘုရားဘုန်းကြီးမှာ ကြောင်အသွား၏။ “သခင်လေးခုနစ် လက်လျှော့သွားတာလား… ဗြဟ္မဗုဒ္ဓရဲ့ အသက်ကို စတေးပြီး တာအိုဂိုဏ်းနဲ့ တခြားနေရာက ငါ့ရဲ့ ကိုယ်ပွားတွေကို သတ်မလိုလား… ဟီးဟီး…. သခင်လေးခုနစ်က သိပ်ကိုတုံး အတာပါလား… သူ ငါ့ကို ဒီနေရာမှာ မရှာနိုင်သလို တခြားနေရာမှာလည်း ငါ့ရဲ့ ကိုယ်ပွားတွေကို ရှာနိုင်မှာ မဟုတ်ဘူး… တစ်ကြိမ်ကို ခြေတစ်လှမ်းစီ နောက်ကျနေမှာပဲ”
သူက စိတ်အေးသွားသောကြောင့် ဗြဟ္မဘုံသို့ အေးအေးလူလူ ဆက်လျှောက်သွားသည်။
ရှေးဟောင်းနတ်ဘုရားဘုန်းကြီးသည် ဗြဟ္မဗုဒ္ဓအား တွေ့သည့်အခါ ဂါ၀ရပြုနှုတ်ဆက်လိုက်၏။ “ဗြဟ္မဗုဒ္ဓကို လင်းကွမ်ခန်းမသခင်မှ ရိုသေဂါ၀ရပြုပါတယ်ခင်ဗျာ…” သူက ထို့နောက် ထရပ်ကာ ဗြဟ္မဗုဒ္ဓ၏ အသက်အား တစ်ချက်တည်းဖြင့် နှုတ်ယူလိုက်ချေပြီ။
ရှေးဟောင်းနတ်ဘုရားဘုန်းကြီးက ဗြဟ္မဗုဒ္ဓကို သတ်ဖြတ်၍ ဝိညာဉ်ပါ တစ်ခါတည်း ဖျက်ဆီးလိုက်သည်။ အနက်ရောင်ဝိညာဉ်သဲမှုန်များပင်လျှင် မရှိတော့ပေ။ ဘုန်းကြီးသည် သဘောကျစွာ ရယ်နေတော့၏။
“ဗြဟ္မဗုဒ္ဓရဲ့ စွမ်းဆောင်ရည်တွေကလည်း သိပ်မစွမ်းပါဘူးလေ… ဟီးဟီး သခင်လေးခုနစ်က တော်တော်တုံးတာပဲ… သူ ဒီမှာ ငါ့ကိုယ်ပွားကို မရှာနိုင်ဘူးဆိုတော့ တခြားနေရာတွေမှာလည်း ရှာနိုင်မှာမဟုတ်ဘူး… တဖြည်းဖြည်းနဲ့ တစ်လှမ်းချင်း နောက်ကျလာလိမ့်မယ်”
သူ စိတ်အေးသွားပြီး ခေါင်းမော့ကြည့်လိုက်သည်။ ဗြဟ္မာဘုံကို တွေ့လိုက်ရ၏။
ရှေးဟောင်းနတ်ဘုရားဘုန်းကြီးသည် ဗြဟ္မဗုဒ္ဓကို ရှာတွေ့ပြီး တစ်ချက်တည်းဖြင့် သတ်ဖြတ်ကာ ဝိညာဉ်ကို ဖရိုဖရဲ ပြန့်ကြဲသွားစေသည်။ သူက ပြုံးလျက် ရေရွတ်နေသည်။ “ဗြဟ္မဗုဒ္ဓရဲ့ စွမ်းရည်က သိပ်မစွမ်းပါဘူးလေ.. ဟီးဟီး သခင်လေးခုနစ်က..”
မကြာမီ ရှေးဟောင်းနတ်ဘုရားဘုန်းကြီးက ဗြဟ္မာဘုံအား မော့ကြည့်ကာ ဝင်ရောက်သွားလေသည်။
“မြတ်စွာဘုရား၊ ဒီနေရာမှာ အပြင်က ဘုန်းကြီးတစ်ပါး ရောက်နေပါတယ်”
ဗြဟ္မဗုဒ္ဓသည် ဗြဟ္မဘုံ၏ ယိုတုတွင် ထိုင်နေ၏။ ဗုဒ္ဓတစ်ပါး၏ လျှောက်တင်သံအား ကြားလျှင် ဗြဟ္မဗုဒ္ဓက အပြင်သို့ ကြွလာကာ ဗုဒ္ဓတချို့နှင့်အတူ သိကြားဘုံသို့ ရောက်လာသည်။ ထိုနေရာတွင် ကြမ်းတမ်းခက်ထန်သော အမူအရာဖြင့် ဘုန်းကြီးတစ်ပါးသည် ပြုံးလျက် မလှုပ်မယှက်ထို င်နေသည်ကို တွေ့လိုက်ရလေသည်။
ဗြဟ္မဗုဒ္ဓက သူ့ကို အသေအချာ စစ်ဆေးကြည့်ပြီးနောက် မိန့်တော်မူသည်။ “ငါ့ရှင်တို့ ဒီပုဂ္ဂိုလ်က ကောင်းကင်နတ်အရှင်မူရဲ့ ဘဝပြန်ဝင်စားခြင်းကောင်းကင်နတ်သိုင်းနဲ့ အိပ်မက်ကမ္ဘာရဲ့ သက်ရောက်ခြင်း ခံထားရတာပဲ… အိပ်မက်ကမ္ဘာထဲမှာ အကြိမ်ကြိမ် ပြန်ဝင်စားနေရတယ် ….သူ့ရဲ့ကျင့်ကြံခြင်းအခြေခံက မြင့်မားလွန်းတဲ့အတွက် ကောင်းကင်နတ်အရှင်မူဟာ ကောင်းကင်နတ်သိုင်းတစ်ခုတည်းနဲ့ မသတ်နိုင်ခဲ့ဘူး… ဒါကြောင့် ချုပ်နှောင်ထားခဲ့တာ”
သူက ခေါင်းမော့၍ အဝေးသို့ လှမ်းကြည့်လိုက်သည်။ “ကောင်းကင်နတ်အရှင်မူက ခွန်အားကို ချွေတာနေတာပဲ…ဒီဘုန်းကြီးကို သတ်ဖို့ သူ့ရဲ့ အပြင်းထန်ဆုံး ကောင်းကင်နတ်သိုင်းကို မသုံးနိုင်ခဲ့ဘူး… နောက်ကျနေလို့လား မှော်စွမ်းအင်မလုံလောက်လို့ များလား… ဒါမှမဟုတ် နှစ်ခုလုံးကြောင့်လား”
သူက စိုးရိမ်ပူပန်နေသော ဗုဒ္ဓများအား တောင်အောက်သို့ ဆင်းစေသည်။ “ဒီဘုန်းကြီးက ငါတို့ရဲ့ ဗုဒ္ဓဂိုဏ်းက မဟုတ်ဘူး…. ကောင်းကင်နတ်ဘုံ ဒါမှမဟုတ် ဘိုးဘေးနန်းတော်က ဘုန်းကြီးတစ်ပါး ဖြစ်လိမ့်မယ်… ဒီနေရာအထိ လာနိုင်ခဲ့တာဆိုတော့ ကောင်းကင်နတ်ဘုံရဲ့ အင်အားဟာ ယိုတုတင်မဟုတ်ဘူး… ဒီနေရာအထိ ကျူးကျော်လာနိုင်ခဲ့ပြီ ငါ့ရှင်တို့… လူပြည့်ဟာ ငရဲ ဖြစ်နေပြီ ဆိုတော့ မင်းတို့အားလုံး တောင်အောက် ဆင်းရမယ်… လူ့ပြည်ရဲ့ ငရဲ ပျောက်ကွယ်မသွားသရွေ့ ပြန်မလာကြပါနဲ့”
ဗုဒ္ဓအားလုံးက ရိုသေလေးစားစွာ ဦးညွှတ်ဂါဝရပြုလိုက်ကြသည်။ ဗုဒ္ဓတစ်ပါးသည် သူ၏ ဦးခေါင်းအနောက်ရှိ ဗုဒ္ဓအလင်းရောင်ကို ငြိမ်းသေစေလိုက်ရင်း မေးတော်မူ၏။ “ဗြဟ္မဗုဒ္ဓတစ်ပါးတည်း ယိုတုမိစ္ဆာနတ်ဘုရားတွေကို ရင်ဆိုင်နိုင်ပါ့မလား”
ဗြဟ္မဗုဒ္ဓက မိန့်တော်မူသည်။ “ကောင်းကင်နတ်အရှင်တစ်ပါး ကိုယ်တိုင် ရောက်မလာသရွေ့ ငါ့အသက်ကို ကယ်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်…. စိတ်ပူစရာ မလိုပါဘူး… မြန်မြန် သွားကြတော့”
ဗုဒ္ဓအားလုံး တောင်အောက် ဆင်း၍ ဗုဒ္ဓဘုံမှ ထွက်ခွာလာကြသည်။ မဟာမိုးခြိမ်းသံကျောင်းတော်သို့ ရောက်လျှင် သူတို့က အော်ဟစ်လိုက်ကြ၏။ “နောင်တော်ကျန်းခုံး၊ ထပါဦး”
မဟာမိုးခြိမ်းသံကျောင်းတော်တွင် ကျိန်းနေသော မိစ္ဆာမျောက်ဝံ နိုးထလာသည်။ ဗုဒ္ဓအားလုံး တိုက်တွန်းကြသည်။ “လူ့ပြည်ဟာ ငရဲဖြစ်တဲ့အထိ ဖျက်ဆီးခံရတော့မယ်…. ကိုယ်တော်တို့တွေအနေနဲ့ နှလုံးသားထဲက ကရုဏာတရား ဖယ်ရှားလို့ မိစ္ဆာတွေကို ရှင်းလင်းရတော့မယ်… နောင်တော်ရော လိုက်မှာလား”
မိစ္ဆာမျောက်ဝံက ပြောသည်။ “အတူသွားမယ်”
သူက ဗုဒ္ဓအလင်းရောင်တို့ ထာဝရထွန်းလင်းတောက်ပနေသည့် ဗြဟ္မဘုံသို့ လှမ်းကြည့်လိုက်၏။ ဗြဟ္မဗုဒ္ဓ၏ ဆံနွယ်များက တဖျတ်ဖျတ်လွင့်နေပြီး သူ၏ တည်ကြည်သော မျက်နှာ၌ စိုးရိမ်ပူပန်မှုတို့ ခပ်ရေးရေး ပေါ်လာသည်။
ဗုဒ္ဓအားလုံးက သူ့ကို ပွေ့ဖက်နှုတ်ဆက်ပြီးနောက် ထွက်ခွာသွားကြသည်။
ဗုဒ္ဓဘုံ၏ ကောင်းကင်ဘုံအထပ် ၂၀ နှင့် မဟာမိုးခြိမ်းသံကျောင်းတော်တို့တွင် ချက်ချင်းဆိုသလို ဗလာကျင်းသွားကြချေပြီ။ ကျောင်းတော်များ၊ ခေါင်းလောင်းများနှင့် သိကြားဘုံတွင် ပြုံးလျက် ရပ်နေသော ရှေးဟောင်းနတ်ဘုရားဘုန်းကြီးသာ ကျန်ရစ်ခဲ့သည်။
ခေါင်းလောင်းက ကျယ်လောင်စွာ မြည်ဟီးသွား၏။
ဗုဒ္ဓဘုံ၏ အမြင့်ဆုံးအထပ်၊ ဗြဟ္မဘုံတွင် ယိုတုဟု ခေါ်သော နေရာတစ်နေရာ ရှိသည်။ ဤနေရာက ချင်မူက မြေအောက်ဘုံအရှင်သခင်ငယ်လေးအဖြစ် ပြောင်းလဲသွားခဲ့စဉ်က ဗုဒ္ဓအိုကြီးကို သတ်၍ သူကိုယ်တိုင် ဗုဒ္ဓဘုံ၏ မြေအောက်ဘုံအရှင်သခင် ဖြစ်လာမည်ဟု ကြိမ်းဝါးခဲ့သော နေရာလည်းဖြစ်သည်။
ဗုဒ္ဓဘုံတွင် အစက ယိုတု မရှိခဲ့ပေ။ မွေးဖွားခြင်း၊ အိုခြင်း၊ နာခြင်းနှင့် သေဆုံးခြင်းတို့လည်း မရှိခဲ့ချေ။ သို့သော် ချင်မူသည် ပြဿနာ အတော်ရှာခဲ့ပြီး ဗုဒ္ဓဘုံတွင် သူလျှိုအဖြစ် ရောက်နေသည့် ကောင်းကင်နတ်ဘုံ၏ အင်အားစုများကို ရှင်းလင်းနိုင်ရန် ဗုဒ္ဓအိုကြီးအား ကူညီပေးခဲ့သည်။ ထို့ကြောင့် ယိုတုမှာ ဤနေရာတွင် ရှိလာခဲ့သောကြောင့် ယိုတု၏ မိစ္ဆာနတ်ဘုရားများ ဤနေရာသို့ တိုက်ရိုက်ရောက်လာနိုင်၏။
ထိုအခိုက်အတန့်တွင် ဗြဟ္မဗုဒ္ဓက ယိုတုတွင် ထိုင်နေတော်မူသည်။ မရေမတွက်နိုင်သော မိစ္ဆာနတ်ဘုရားများက ဒီရေလှိုင်းများကဲ့သို့ ပြေးဝင်လာကြပြီး ဗြဟ္မဗုဒ္ဓအား ခုန်အုပ်လိုက်ကြချေပြီ။
ယိုတု၏ မိစ္ဆာနတ်ဘုရားများသည် သက်ရှိသတ္တဝါအားလုံး၏ ကောက်ကျစ်ယုတ်မာသော အတွေးအညစ်အညမ်းများမှ မွေးဖွားလာကြခြင်း ဖြစ်သည်။ မိစ္ဆာချီမှာလည်း ချီစွမ်းအင်အားလုံးတွင် အညစ်ညမ်းဆုံး ဖြစ်၏။ မူလယိုတုနှင့် ကမ္ဘာဦးဘုံယိုတုမှ ကြည့်ပါက ဗြဟ္မဗုဒ္ဓသည် ထာဝရငြိမ်းချမ်းရေးအင်ပါယာ အလယ်ဗဟို၌ ထွန်းလင်းစွာ တောက်ပနေသော တောင်တန်းကြီးအလားပင်။ မိစ္ဆာနတ်ဘုရားများ မည်မျှပင် ပြေးဝင်လာသော်လည်း သူ၏ ခန္ဓာကိုယ်ကို လှုပ်ရှားစေနိုင်ခြင်း မရှိပေ။
သူ၏ ဦးခေါင်းအနောက်တွင် ဗုဒ္ဓရောင်ခြည်တော် ၁၇ ရောင်သည် လင်းလက်တောက်ပစွာ ဖြာထွက်နေပြီး ရောင်ခြည်တော်တစ်ခုချင်းဆီက ကောင်းကင်နန်းဆောင်တစ်ခုကို ကိုယ်စားပြုနေသည်။ ဗုဒ္ဓရောင်ခြည်တော်တို့က မိစ္ဆာ၊ မကောင်းဆိုးဝါးများစွာ၏ မိစ္ဆာသဘာဝနှင့် မိစ္ဆာအတွေးများကို ကယ်တင်အသွင်ပြောင်းကာ မိစ္ဆာကံကြွေးကို ဖြေဖျောက်ပေးနိုင်၏။
ဗြဟ္မဗုဒ္ဓကား ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ ယိုတု ကျူးကျော်မလာအောင် တားပေးနိုင်မည့် နောက်ဆုံးခံစစ်ဖြစ်လေသည်။
သူသာ ရှုံးနိမ့်သွားပါက ယိုတုနတ်ဘုရားမိစ္ဆာများသည် ဗြဟ္မဘုံသို့ ချက်ချင်း ရောက်လာပေလိမ့်မည်။ ဗြဟ္မဘုံမှစတင်၍ ဗုဒ္ဓဘုံ၏ ကောင်းကင်ဘုံအထပ်နှစ်ဆယ်လုံးအား အမှောင်ထုတို့ဖြင့် ဖုံးလွှမ်းသွားစေလိမ့်မည်။ ထို့နောက် မဟာမိုးခြိမ်းသံကျောင်းတော်နှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာတို့အပေါ် လွှမ်းမိုးသွားချေမည်။
ဗြဟ္မဗုဒ္ဓသည် မြင်းမိုရ်တောင်ကြီးပမာ တည်ငြိမ်နေပြီး ဖြည်းဖြည်းချင်း ကျိန်းစက်သွား၏။
သူ၏ ကျင့်ကြံခြင်းအခြေခံအား ပိုပို၍သုံးစွဲနေရသည်နှင့်အမျှ နတ်ဘုရားမိစ္ဆာများ သေဆုံးနှုန်းနှင့် ဒဏ်ရာရနှုန်းမှာလည်း မြင့်တက်လာသည်။ ဖြည်းဖြည်းချင်း ပြေးဝင်လာနေသည့် မိစ္ဆာနတ်ဘုရားအရေအတွက်မှာ လျော့ကျသွားတော့သည်။
“အရှင်ဘုရား”
ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာ၏။ ဗြဟ္မဗုဒ္ဓ အိပ်မက်မှ နိုးထလာသည်။ သူ မော့ကြည့်လိုက်သည့်အခါ အရေအတွက်ငါးသောင်းအောက် ရှိသည့် နတ်ဘုရားမိစ္ဆာစစ်တပ်တစ်တပ်ကို တွေ့လိုက်ရ၏။ သူတို့သည် တစ်ချိန်ချိန်တွင် ယိုတုမှ ဤနေရာသို့ ရောက်လာခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
“ကောင်းကင်နတ်ဘုံရဲ့ နတ်ဗျူဟာတပ်ဖွဲ့” ဗြဟ္မဗုဒ္ဓက ထရပ်တော်မူသည်။
ရှေ့ဆုံးမှဦးဆောင်လာသည့် တပ်မှူးက အနည်းငယ် ဂါဝရပြု၍ လျှောက်တင်သည်။ “နတ်ဗျူဟာတပ်ဖွဲ့ရဲ့ လက်ဝဲယံတပ်မှုး ယိုပိကျွင်းမှ ဂါ၀ရပြုပါတယ်… ကျွန်မ အရှေ့ဘက်ကနေ ချီတက်လာခဲ့ပြီး ဗြဟ္မဗုဒ္ဓကို လာရောက်နှုတ်ဆက်တာပါ.. အရှင်မင်းကြီးက ဗြဟ္မဗုဒ္ဓကို သတ်ဖြတ်ခိုင်းလိုက်ပါတယ်… အားလုံးပဲ နေရာယူကြ”
ကောင်းကင်နတ်ဘုံ နတ်ဗျူဟာလက်ဝဲစစ်တပ်၏ နတ်ဘုရားမိစ္ဆာငါးသောင်းက ၀င်္ကပါတစ်ခု ဖွဲ့တည်လိုက်ကြသည်။ ကောင်းကင်နန်းဆောင်တစ်ခုပြီးတစ်ခုက မြေပြင်ပေါ်မှ ထွက်ပေါ်လာ၏။ ကောင်းကင်နတ်အရှင်ရှုကိုယ်တိုင် ရောက်လာသည့်အလားပင်။
ဗြဟ္မဗုဒ္ဓက သက်ပြင်းချလိုက်သည်။ “ဗုဒ္ဓမည်သည် တန်းတူညီမျှသာ ဖြစ်၏။ အဆင့်သတ်မှတ်ချက်များဖြင့် မြင့်သည်နိမ့်သည် မရှိတန်ရာ။ သစ္စာလေးပါးတရားကို ထိုးထွင်းသိမြင်၍ တရားပေါက်သောသူသည် ဗုဒ္ဓပင် ဖြစ်၏။ တရားမသိလျှင် အဆုံးမဲ့သော သံသရာဝဋ်ဆင်းရဲ၌ ဒုက္ခ ခံရလိမ့်မည် ... ကျန်းခုံး ၊ သင် ဒီအချက်ကို နားလည်ပါစေ ... ကဲ အားလုံး လာကြပါ”
ယိုပိကျွင်းက ဦးညွှတ်အရိုအသေပေးကာ လျှောက်တင်သည်။ “ကျွန်မ ဟိုးအရင်တွေတုန်းက အရှင်ဘုရားအပေါ်မှာ ကျေးဇူးကြွေးတင်ခဲ့ဖူးပါတယ်… ဒီနေ့ အရှင်ဘုရားရဲ့ ရုပ်ကလာပ်ကို ပုံမပျက်စေရပါဘူး”
သူမက ခါးမတ်၍ အမိန့်အလံအား ပြသလိုက်သည်။
နတ်ဗျူဟာလက်ဝဲတပ်ဖွဲ့က ရုတ်တရက် ၀င်္ကပါတစ်ခု ဖွဲ့တည်၍ ဗြဟ္မဗုဒ္ဓအား လွှမ်းမိုးသွားချေသည်။
ချင်မူသည် ခွန်းလွန်တောင်ခြေရှိ တာအိုဂိုဏ်းထဲက လင်းကွမ်ခန်းမသခင် ရှေးဟောင်းနတ်ဘုရားကိုယ်ပွားကို သတ်ဖြတ်ပြီးသွား၏။ သို့သော် တာအိုဘိုးဘေးကြီးက ခွန်းလွန်တွင် မဟုတ်ချေ။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ထုတ်လုပ်ရေးစက်ရုံတွင် ဖြစ်ပြီး တာအိုသခင်လင်းရွှမ်နှင့်အတူ ကောင်းကင်လက်နက်တစ်ခုကို ဒီဇိုင်းရေးဆွဲနေလေသည်။
ချင်မူက ထာဝရငြိမ်းချမ်းရေးအင်ပါယာ ကမ္ဘာဦးသစ်ပင်ဆီသို့ တိုက်ရိုက်ဦးတည်သွားသည်။ သူ ပြေးနေစဥ် ယိုတုကောင်းကင်နတ်သိုင်းက ရုတ်တရက် ပေါက်ကွဲထွက်လာပြီး သူ့ထက် ခြေတစ်လှမ်းစော၍ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ကမ္ဘာဦးသစ်ပင်အထက် ကောင်းကင်ပေါ်တွင် ထွက်ပေါ်လာတော့သည်။
ကောင်းကင်နတ်သိုင်းက ရွှေရောင်အလင်းတန်းတို့ဖြင့် တောက်ပနေသော သေခြင်းရှင်ခြင်းစာအုပ်တစ်အုပ်အဖြစ် ပြောင်းလဲသွား၏။ သေခြင်းရှင်ခြင်းစာအုပ် လင်းကွမ်ခန်းမသခင်၏ ကိုယ်ပွားနှစ်ယောက်အား ပစ်မှတ်ထားလိုက်သည်နှင့် ချင်မူ့ပုံရိပ်က ရောက်လာသည်။ သူက မြေကမ္ဘာကောင်းမှုနန်းဆောင်အရှေ့ရှိ တာအိုဒဿနတက္ကသိုလ်မှ ရှေးဟောင်းနတ်ဘုရားတစ်ဦးကို သတ်ဖြတ်လိုက်ပြီး ဧကရာဇ်နန်းတွင်းထဲက နောက်ထပ်တစ်ယောက်ကိုလည်း သတ်လိုက်သည်။
သူ၏ ပုံရိပ်က အရှေ့ပင်လယ်သို့ ဦးတည်ပြေးထွက်သွားသည်။ ထိုအခိုက်အတန့်တွင် ဧရာမလှိုင်းလုံးကြီးများက ပင်လယ်မျက်နှာပြင်ပေါ်မှ ထွက်ပေါ်လာသည်။ လှိုင်းလုံးများထဲတွင် နဂါးတစ်သောင်းအသိုက်က ပေါက်ကွဲထွက်လာ၏။ ၎င်းသည် ဘိုးဘေးနန်းတော်မှ ထွက်ပေါ်လာသော အထွတ်အမြတ်နယ်မြေဖြစ်ပြီး စကြ၀ဠာ၏ ချီနှင့် သွေးတို့ဖြင့် ဖွဲ့တည်ထားလေသည်။
ကမ္ဘာဦးခေတ်တွင် ဖန်ဆင်းရှင်တို့သည် ထိုနေရာ၌ ယဇ်ပူဇော်ကိုးကွယ်ခဲ့ကြပြီး ချီနှင့်သွေးကို ထိန်းချုပ်နိုင်သည့် ရှေးဟောင်းနတ်ဘုရားတစ်ပါးဖြစ်သော အရှေ့နတ်မင်းချင်းလုံကို မွေးဖွားလာစေခဲ့သည်။
ယခု နဂါးတစ်သောင်းအသိုက် ပေါက်ကွဲသွားပြီ ဖြစ်ရာ ချီနှင့် သွေးတို့ ချက်ချင်းပင် လျှံကျလာပြီး ပင်လယ်မျက်နှာပြင်ကို ဖုံးလွှမ်းကာ ဧရာမအနီရောင်လှိုင်းလုံးကြီးများအဖြစ် ပြောင်းလဲ၍ ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီသို့ ဦးတည်လာတော့သည်။
ဧရာမလှိုင်းလုံးကြီးထဲတွင် နဂါးကြီးနှစ်ကောင် တိုက်ခိုက်နေကြသည်။ အစိမ်းရောင်နဂါးတစ်ကောင်က ရုတ်တရက် အပိုင်းပိုင်း စုတ်ပြဲ၍ သေဆုံးသွားတော့၏။
ချင်မူက လက်ချောင်းကို ခါလိုက်ရာ ကြာရွက်တစ်ရွက် ပေါ်လာသည်။ ကြာရွက် လှိုင်းများအပေါ်သို့ ဆင်းသက်သွားသည့်အခါ လှိုင်းအားလုံး ချက်ချင်း ငြိမ်ကြသွားတော့သည်။
ချင်မူက ပျံသန်းလာသော်လည်း ချင်းလုံကို မသတ်ဘဲ ကျန်းပိုင်ကွေ့ ဦးဆောင်နေသည့် စစ်တပ်သို့ တန်းပြေးသွားသည်။ ထိုနေရာ၌ များစွာသော ထာဝရငြိမ်းချမ်းရေးအင်ပါယာ နတ်ဘုရားမိစ္ဆာစစ်တပ်များက ၀င်္ကပါအခင်းအကျင်းကို ဖွဲ့တည်လျက် နဂါးဦးခေါင်းဖြင့် ရှေးဟောင်းနတ်ဘုရားကို ချုပ်ထိန်းနိုင်ရန် ကြိုးစားနေကြသည်။
ကျန်းပိုင်ကွေ့က ၀င်္ကပါ၏ အလယ်ဗဟိုတွင် နေရာယူထားသည်။ ပလ္လင်ခန်းမ ၇၂ ခုနှင့် ကောင်းကင်နန်းဆောင် ၃၆ ဆောင်တို့က တစ်ပြိုင်နက်တည်း ထွက်ပေါ်နေကြသည်။ ၎င်းတို့က စစ်တပ်များနှင့်ပူးပေါင်းကာ ပြီးပြည့်စုံသော မဟာကောင်းကင်နတ်ဘုံ၀င်္ကပါကို ဖွဲ့တည်၍ နဂါးဦးခေါင်းဖြင့် ရှေးဟောင်းနတ်ဘုရားကို သတ်ဖြတ်ရန် ကြိုးစားနေ၏။
ချင်မူက ချက်ချင်း ရပ်ကာ နဂါးတစ်ကောင်အား တိုက်ခိုက်လိုက်သည်။
“သခင်လေးခုနစ်၊ မင်း ဒီတိုက်ပွဲမှာ ရှုံးနေပြီးပြီ”
လင်းကွမ်ခန်းမသခင်၏ အသံက နဂါး၏ပါးစပ်မှ အော်ဟစ်လိုက်သည်။ “မြောက်နတ်မင်းနဲ့ ဝေစွေ့ဖုန်းကို ကယ်နိုင်ရင်တောင် အနောက်နတ်မင်းကို ကယ်နိုင်မှာ မဟုတ်ဘူး… တောင်ကောင်းကင်က သားရဲကမ္ဘာအရှင်သခင်ဆိုရင် ထည့်တွက်မနေနဲ့တော့… မင်းမှာ ရွေးချယ်စရာရှိရင်တောင် အားလုံးကို ကယ်နိုင်မှာ မဟုတ်ဘူး”
ဝုန်း…
သူ့မှာ ချင်မူ့ကြောင့် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွာချေပြီ။ ချင်မူက တစ်ခဏလေးပင် မရပ်တန့်ဘဲ ထွက်ခွာသွားသည်။ သူ မန်သီလူရိုင်းနယ်မြေသို့ ပြေးသွားနေစဉ် ဗုဒ္ဓဘုံ၏ ကောင်းကင်ဘုံအထပ် ၂၀ သည် ထာဝရငြိမ်းချမ်းရေးအင်ပါယာအလယ်ဗဟိုရှိ မဟာမိုးခြိမ်းသံကျောင်းတော် ကောင်းကင်အထက်တွင် ပေါ်လွင်လာသည်ကို တွေ့လိုက်ရ၏။ ကောင်းကင်ဘုံအထပ်နှစ်ဆယ်သည် မြင်းမိုရ်တောင်အား ဝန်းရံထား၏။ ကောင်းကင်က တမျှော်တခေါ် မြင့်မားနေပြီး တိမ်တိုက်များက ဖျော့တော့နေသည်။ ၎င်းက ခမ်းနားသော မြင်ကွင်းတစ်ခုဖြစ်လေသည်။
ရုတ်တရက် အနက်ရောင်မင်ရည်စက်တစ်ခုက မဟာဗြဟ္မာကောင်းကင်ဘုံတွင် မြင်သာလာသည်။ ၎င်းက ဆက်လက်ပျံ့နှံ့သွားပြီး မဟာဗြဟ္မာကောင်းကင်ဘုံတစ်ခုလုံးအား ပိတ်ပိတ်ပုန်း မှောင်မည်းသွားစေ၏။ ထို့နောက် ထိုအနက်ရောင်မင်ရည်တို့က သိကြားဘုံအထိ ပျံ့ကာ တစ်ထပ်ချင်းတစ်ထပ်ချင်း ကူးစက်သွားလေသည်။
မကြာမီ မြင်းမိုရ်တောင်ကို ၀န်းရံထားသည့် ကောင်းကင်ဘုံအထပ်နှစ်ဆယ်လုံး မည်းနက်သွားတော့၏။ အမှောင်ထုတို့က အောက်ရှိ မဟာမိုးခြိမ်းသံကျောင်းတော်သို့ ဆက်လက် ပျံ့နှံ့လာသည်။
ချင်မူ့ခန္ဓာကိုယ်မှာ တုန်ရီသွားပြီး သူက ဆက်မကြည့်တော့ပေ။ မြောက်နယ်စပ်သို့သာ ဆက်လက်ဦးတည်ပြေးသွားသည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ရွှေမြစ်စက်ရုံထဲတွင် တာအိုဘိုးဘေးကြီးက မဟာမိုးခြိမ်းသံကျောင်းတော်ရှိရာသို့ လှမ်းကြည့်လိုက်သည်။ ဗုဒ္ဓဘုံတစ်ဘုံလုံး အမှောင်ဖုံးသွားသော မြင်ကွင်းကို မြင်ရသည့်အခါ သူ၏ မျက်လုံးအိမ်မှ မျက်ရည်များ စီးကျလာတော့သည်။
သပိတ်ကို ကိုင်၍ သူ့ထံမှ ဆွမ်းခံခဲ့သော ဗုဒ္ဓအိုကြီးနှင့် သူနှင့် အတူ နှင့်တစ်သန်းကြာ အတူရှိခဲ့သည့် ဗြဟ္မဗုဒ္ဓ ... ယခုတွင် သက်တော်ထင်ရှား ရှိပါဦးမည်လော။
“တာအိုဘိုးဘေးကြီးဗျ..” လင်းရွှမ်က စူးစမ်းသော မျက်နှာအမူအရာဖြင့် ကြည့်နေသည်။
တာအိုဘိုးဘေးကြီးက အကြည့်လွှဲလိုက်၏။ “ဘာမှမဖြစ်ပါဘူး အလုပ်ဆက်လုပ်ကြ”
ထိုစဉ် ဗုဒ္ဓဘုံမှ ထွက်ခွာလာခဲ့သည့် ဗုဒ္ဓများမှာလည်း ပြန်လှည့်ကြည့်နေကြသည်။ တထာဂကျန်းခုံးက ဗုဒ္ဓဘုံ၌ ဖြစ်ပွားနေသည့် အခြေအနေကို လှည့်မကြည့်ပေ။ ထိုအစား တောင်ဝှေးဖြင့် ရှေ့သို့သာ ဆက်လျှောက်နေ၏။ သူက မပီမသ ရေရွတ်လိုက်သည်။ “အနောက်အရပ်ဆီ ကြွချီမယ်”