← Chapters

အပိုင်း (၁၉၃၅)

Vol. 130 Ch. 1935

အပိုင်း (၁၉၃၅)

Vol. 130 Ch. 1935

ဘုန်း ဘုန်း

ကြယ်တာရာစိတ်ဝိညာဉ်လောကကြီးတစ်ခုလုံးသည် အဆက်မပြတ် တုန်ခါလျက်ရှိနေ၏။ ကြယ်များ၊ ဥက္ကာခဲ များပင်လျှင် ပြုတ်ကျလုမတတ်ပင်။ လူတစ်ယောက်သည် မျက်မှောက်ကုတ်ကာဖြင့် အနောက်ဘက်တွင် ရှိနေသောဂြိုဟ်ကြီးကို လှမ်းကာကြည့်ရှုလိုက်၏။ သူသည် အထဲတွင်ရှိနေသည့် ဂိုဏ်းချုပ်နှင့် ဂိုဏ်းတူ ရောင်းရင်းများ အားလုံး၏ လုံခြုံရေးကို စိုးရိမ်ပူပန်လာမိသည်။

နေဦး။ သူအဘယ့်ကြောင့် ဤနေရာသို့ရောက်ရှိနေရသနည်း။

မြင်ကွင်းကို ကြည့်ရမည်ဆိုလျှင် ရီရှင်းချန်သည် စကြဝဠာ၏ လေထုထဲ၌ မတ်မတ်ရပ်လျက်ရှိ၏။ သူ၏ ရှေ့ ကောင်းကင်ယံတွင် ရွက်သင်္ဘောအပိုင်းအစများနှင့် အလောင်းများ လွင့်မျောနေ၏။

ကြယ်တာရာစိတ်ဝိညာဉ်လောကကြီးထဲသို့ မူလအားဖြင့် အဆုံးအစမဲ့သောတပ်ကူများ ဝင်ရောက်လျက် ရှိနေ၏။ သို့ပေမဲ့ ထိုဝင်ရောက်လာသည့် တပ်ကူများသည် ရုတ်တရက် ရပ်တန့်သွားခဲ့၏။ ထိုသူတို့အား မည်သူက တားဆီးခဲ့သနည်း။

တိတိကျကျပြောရမည်ဆိုလျှင် ညအင်ပါယာရောက်ရှိလာခဲ့ခြင်းပင်။ သို့ပေမဲ့ ၎င်းသည် ကြယ်တာရာ စိတ်ဝိညာဉ်လောကထဲသို့ မဝင်ခဲ့ချေ။ အပြင်ဘက်တွင် တံခါးစောင့်တစ်ယောက်ကဲ့သို့ပင် စောင့်ကြပ်လျက် ရှိနေပြီး အထဲသို့ဝင်ရောက်ရန် ကြိုးစားနေသည့် ရွက်သင်္ဘောများအားလုံးကို ဖျက်ဆီးပစ်နေ၏။

“အမှိုက်”

လွင့်မျောလျက်ရှိနေသည့် ရွက်သင်္ဘောဆီမှ ဒေါသတကြီး အော်ဟစ်သံတစ်ခုက ထွက်ပေါ်လာသည်။ “မင်းဘယ်ကကောင်လဲ”

ရွှီး

ရီရှင်းချန်သည် သူ၏ ဝိုင်ဘူးသီးခြောက်ကြီးကို အသာမြှောက်ကာဖြင့် အရက်မူးအိမ်မက်ဝိုင်ကို မော့သောက် လိုက်၏။ ပြီးနောက် ကောင်းကင်ပုဆိန်ကြီးကို ဖြေးညင်းစွာ မြှောက်ကိုင်ပြီး အေးစက်စက်ပြောလိုက်၏။ “ပြိုင်စံရှားဂိုဏ်းရဲ့တပည့် ရီရှင်းချန်ပဲ”

လီချင်းယန်၊ ရှောင်ကျီနှင့် အခြားသောသူများ အားလုံးသည် ထိုအချင်းအရာကို ကြားသည်ဆိုပါက ကျိန်းသေပေါက် ငိုယိုသွားပေလိမ့်မည်။ ယခင်တုန်းက ဂျူနီယာညီလေးရီသည် သူတို့နှင့်တူညီသည့် အဆင့်သာရှိ၏။ လက်ရှိအချိန်မှာတော့ တိုက်ခိုက်နိုင်စွမ်းသည် အလုံးစုံ ပြောင်းလဲလို့နေသည်။

“ပြိုင်စံရှားဂိုဏ်းဟုတ်လား။ ကျုပ်သိပြီ” မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ တပ်ကူများ သည် အဘယ့်ကြောင့်ကြားဖြတ်တိုက်ခိုက် ခြင်းခံနေရသည်ကို နားလည်သွားခဲ့ပြီဖြစ်၏။

ဂလု ဂလု

ရီရှင်းချန်သည် အရက်မူးအိမ်မက်ဝိုင်ကို နှစ်ငုံမော့သောက်လိုက်၏။ ပြီးနောက် ဝိုင်ဘူးသီးခြောက်ကြီးကို နောက်ကျောဘက်သို့ အသာပို့ကာဖြင့် ပြောလိုက်သည်။ “ဒါ တားမြစ်ထားတဲ့တည်နေရာပဲ။ ဝင်တဲ့လူတွေ အကုန်လုံး အသေပဲ”

ပြောပြီးသည်နှင့်တစ်ပြိုင်နက် သူ၏မျက်လုံးထဲတွင် သတ်ဖြတ်လိုခြင်းများ ပြည့်နှက်သွား၏။ ညအင်ပါယာ၏ အရှိန်အဝါကြီးမားလွန်းလှသည့်အော်ရာများသည် အတိုင်းသား ထင်ပေါ်နေ၏။

သူသည် ဂြိုဟ်၏ရှေ့တွင် တစ်ယောက်တည်း မတ်မတ်ရပ်နေ၏။ သူ၏ရှေ့တွင်တော့ ရွက်သင်္ဘောပေါင်းရာချီတို့ တည်ရှိနေသည်။ ထိုအထဲတွင် စစ်သည်ပေါင်းတစ်သိန်းကျော်တို့ကလည်း စုဝေးလျက်ရှိနေ၏။ အစစ်အမှန် အံ့အားသင့် တုန်လှုပ်စရာပင်။

“သူ့ကိုသတ်ကြစမ်း”

ထိုအချိန်မှာတော့ အေးစက်စက်အော်ဟစ်သံတစ်ခုသည် ဦးဆောင်လာသည့် ရွက်သင်္ဘောကြီး၏ပေါ်မှ ထွက်ပေါ်လာ၏။

“သတ်ကြ၊ သတ်ကြတော့”

မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ စစ်သည်တစ်သိန်းကျော်တို့သည် ရှေ့ဆီသို့ လှမ်းတက်လိုက်ကြ၏။ ရွက်သင်္ဘောများအားလုံးသည်လည်း ၎င်းတို့၏အမြှောက်ကြီးများနှင့် စတင်ကာ ချိန်ရွယ်လိုက်သည်။

ဤကဲ့သို့သော အခြေအနေမျိုးနှင့် ရင်ဆိုင်သည့်နေရာတွင် ရီရှင်းချန်သည် ဝိုင်ဘူးသီးခြောက်ကြီးကို ထပ်မံမော့ကာ သောက်လိုက်ပြန်၏။ ဝိုင်များအားလုံးသည် သူ၏ဆံပင်နှင့် မျက်နှာကို ရွှဲစိုသွားခဲ့၏။ သူ၏ မျက်လုံးကျဉ်းများထဲ၌ အေးစက်ပြီး ထက်ရှလွန်းသည့်အော်ရာများ ထွက်ပေါ်လျက်ရှိနေ၏။

ယခင်ဘဝနှင့် လက်ရှိဘဝတွင် သူတွင် အလုံးစုံကို နားလည်ခဲ့ပြီးဖြစ်၏။ သူ၏ အားအင်အဆင့်သည် သိသိ သာသာတိုးတက်ခဲ့၏။ ဤကဲ့သို့ လူပေါင်းတစ်သိန်းကျော်တို့နှင့် ရင်ဆိုင်တိုက်ခိုက်သည့်နေရာတွင် တစ်ချက် ကလေးမှ စိုးရွံ့မနေချေ။ သူပြောခဲ့ပြီးဖြစ်၏။ ဤနေရာသည် တားမြစ်တည်နေရာဖြစ်သည်။ အထဲသို့ဝင်ရောက်ရန်ကြိုးစားသည့်လူများအားလုံးတို့သည်....

ရွှီး

ရီရှင်းချန်သည် ပုဆိန်ကြီးကိုကိုင်ကာ ဝှေ့ယမ်းလိုက်ချိန်မှာတော့ အနောက်ဘက်တွင် လွီပု၏ သူရဲကောင်းဝိညာဉ် ပေါ်ပေါက်လာ၏။ လွီပုသည် အေးစက်စက်ပြောလိုက်၏။ “အားလုံး ငရဲပြည်ကိုသွားတော့”

...............

ဘုန်း ဘုန်း

ကြယ်တာရာစိတ်ဝိညာဉ်‌လောကထဲတွင် ညီအစ်ကိုနှစ်ယောက်၏ ပေါင်းစပ်မှုသည် အရှိန်အဟုန်ပြင်းပြင်းနှင့် ဖြစ်တည်လျက်ရှိနေပြီး ကြီးမားလှသည့် စွမ်းအင်လုံးကြီးသည် တည်နေရာအနှံ့၌ တဝုန်းဝုန်းနှင့် ခုန်နေ၏။ ကြယ်တာရာစိတ်ဝိညာဉ်လောက၏ တည်နေရာ ဆယ်ပုံတစ်ပုံလောက်သည် ပျက်စီးလျက်ရှိနေပြီး အနီးအနားတွင်ရှိနေသောမြို့များသည် အပျက်အစီးပုံအဖြစ်သို့ရောက်ရှိကုန်သည်။

“...........”

ကျန့်ကွေ့ရှုသည် ဆွံ့အလျက်ရှိနေ၏။ တစ်ဖက်လူသည် လာရောက်ကာ ကူညီကယ်တင်ခဲ့ခြင်းရော ဟုတ်ပေရဲ့လား။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် တကယ့် နောက်လိုက်များကို စေလွှတ်ခဲ့ခြင်းပင် ဖြစ်ရမည်။

အချက်အလက်အားဖြင့် ဤညီအစ်ကိုနှစ်ယောက်တို့၏ အကြံအစည်သည် ရိုးရှင်းလွန်းလှ၏။ ပုန်ကန်သူ၏ ခေါင်းဆောင်ကို မြန်မြန်ဆန်ဆန် သတ်ဖြတ်ရပေလိမ့်မည်။ ထို့အတွက် မြို့အနည်းငယ်လောက် စတေးရခြင်းသည် ပြောပလောက်စရာမဟုတ်ပေ။

ပြောနေစရာပင်မလိုချေ။ ကျွင်းချောင်ရှောင်းသည် အနည်းငယ် ရှက်ရွံ့လို့နေခဲ့၏။ သူသည် အချိန်ကာလ တစ်ခုအတွင်း ဤနှစ်ယောက်ကို တိုက်ခိုက်နိုင်ခြင်းမရှိသောကြောင့် အချိန်တိုင်း ရှောင်ရှားနေခဲ့ရ၏။ တဖြည်းဖြည်းနှင့် ရှောင်ရှားရန်ပင် ခက်ခဲလာခဲ့၏။ သူ့အနေနှင့် ကံကောင်းသူတစ်ယောက်ဖြစ်သည် ဆိုလျှင်တောင်မှ အကြိမ်ပေါင်းများစွာကံကောင်းမနေနိုင်ချေ။

“ကောင်လေး... မင်း ဘယ်လိုပုန်းနေမလဲဆိုတာ ကြည့်မယ်”

ဤအချိန်မှာတော့ စွမ်းအင်လုံးဆီမှ လက်များထွက်ပေါ်လာပြီး မြေပြင်ကို တစ်ဘုန်းဘုန်းနှင့် ထုနှက်နေ၏။ အလွန်အားကောင်းလှသည့် ပေါက်ကွဲမှုများသည် တည်နေရာအနှံ့တွင် ဖြစ်တည်လျက်ရှိနေပြီး မြေပြင်၌ အက်ကွဲကြောင်းကြီးများ အလွန်ကြီးမားစွာဖြစ်ပေါ်လာခဲ့၏။

ထိခိုက်ပျက်စီးမှုတွေကလည်း ကြီးမားကျယ်ပြန့်လွန်းလှ၏။ ရှောင်ရှားလျက်ရှိနေသည့် ကျွင်းချောင်ရှောင်း သည် မျက်မှောင်ကုပ်လိုက်မိ၏။ သူသည် ဤညီအစ်ကိုနှစ်ယောက် ကြယ်တာရာ စိတ်ဝိညာဉ်လောကကို ရူးရူးမူးမူး ဖျက်ဆီးနေခြင်းနှင့်ပတ်သက်၍ ဂရုမစိုက်လှချေ။ သို့ပေမဲ့ သူစိတ်ပူနေသည်မှာ တပည့်များပင် ဖြစ်၏။ ဤကဲ့သို့သာ ဆက်လက်ဖြစ်တည်နေသည်ဆိုနေပါက ကျိန်းသေပေါက် တပည့်များကိုပါ သက်ရောက်လာပါလိမ့်မည်။ မဟုတ်သေးပေ။ သူ့အနေနှင့် ဖြစ်နိုင်သမျှ ဤကိစ္စကို ရှင်းမှဖြစ်ပေလိမ့်မည်။

သူတို့သည် တူညီသည့်အတွေး ရှိလှ၏။ တစ်ဖက်ကိုတစ်ဖက် အပြီးအပြတ် အမြန်ဆုံး ရှင်းလင်း ပစ်ချင်နေသည်။ ညီအစ်ကိုနှစ်ယောက်တို့၏ ပူးပေါင်းမှုနည်းလမ်းသည် အမှန်ပင်ကြမ်းတမ်းလွန်းလှပြီး နှစ်ယောက်ပေါင်းစပ်ခြင်းထက် ပိုမိုအားကောင်းသည့် တိုက်ခိုက်ရေးစွမ်းအင်ကို ထုတ်ဖော်နေ၏။

ဝုန်း

ကြီးမားလွန်းလှသော လက်သီးချက်ကြီးတစ်ခု ကျဆင်းလာခဲ့၏။ ကျွင်းချောင်ရှောင်းသည် ရှောင်လိုက် နိုင်သည်ဆိုသော်လည်း ဖြစ်တည်လာသည့် လှိုင်း၏အဟုန်ကြောင့် အနောက်ဘက် ခပ်ဝေးဝေးဆီသို့ လွင့်စင်သွားခဲ့၏။ သူသည် ဆိုးဆိုးဝါးဝါး အခြေအနေနှင့် ခန္ဓာကိုယ်ကို ဟန်ချက်ညီအောင် ထိန်းချုပ် လိုက်ရ၏။ ခန္ဓာကိုယ်ထဲ တွင်ရှိနေသော သွေးများသည် ဆူဝေလာခဲ့ပြီး လည်မြိုထဲမှ ပြန်လည်ထွက်ပေါ် လာတော့မည်သကဲ့သို့ပင်။

ဟား ဟား ဟား

ညီအစ်ကိုနှစ်ယောက်တို့သည် ထူးဆန်းစွာရယ်မောလိုက်၏။ “မင်းအမြန်နှုန်းသာ နည်းနည်းလေး နှေးသွားမယ်ဆိုရင်”

“..........”

ကျွင်းချောင်ရှောင်းသည် ခန္ဓာကိုယ်ကို ပြန်လည်ထိန်းချုပ်ပြီးနောက် ဦးခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။ “အင်း... ပေါင်းစပ်ပြီးတဲ့နောက်မှာ လုပ်ချင်တာလုပ်နိုင်မယ်လို့ ထင်နေတာလား”

“သိပ်မှန်တာပေါ့” ညီအစ်ကိုနှစ်ယောက်တို့သည် ဂုဏ်ယူဝံ့ကြွားစွာပြောလိုက်သည်။ တစ်ချိန်တည်းမှာပဲ ၎င်းတို့သည် လက်သီးများကို မြှောက်ကာဖြင့် ကြမ်းတမ်းလှသော စွမ်းအင်များကို စုစည်းကာ တိုက်ခိုက် ပြန်၏။

အကြိမ်အနည်းငယ် တိုက်ခိုက်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် တဆက်ဆက် ရှောင်ရှားနေရသောကြောင့် အရှိန်နှုန်း ကျဆင်းလာကြောင်း ၎င်းတို့က သတိပြုမိသည်။ ၎င်းတို့၏ ကြိုးစားတိုက်ခိုက်မှုသည် အောင်မြင်ပေတော့မည်။

“အားနာပါတယ်”

ကျွင်းချောင်ရှောင်းသည် မျက်လုံးကိုမှိတ်လိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “တကယ်တော့”

“သေစမ်း”

ကုန်းရှန့်စကားပြောနေသည်ကို အခွင့်အရေးယူပြီး ညီအစ်ကိုနှစ်ယောက်သည် ချက်ချင်း ဖိနိပ်တိုက်ခိုက်မှုကို ပြုလုပ်လိုက်သည်။ တည်နေရာတစ်ခုလုံးတွင် စည်းသင်္ကေတများ ဖြစ်တည်လာခဲ့ပြီး ကျွင်းချောင်ရှောင်းအား ရှောင်တိမ်းလို့မရနိုင်အောင် ဖမ်းဆီးလေ၏။

ဟူး ဟူး ဟူး

ကြီးမားလွန်းလှသော တောင်ကဲ့သို့သော ဖိအားကြီးသည် ပေါက်ကွဲဖြစ်တည်လာခဲ့ပြီး တည်နေရာကြီး တစ်ခုလုံးသည် တွန့်လိမ်ကုန်၏။ ကျွင်းချောင်ရှောင်းသည် တစ်ချက်ကလေးမှ မလှုပ်ရှားချေ။ မျက်လုံးကို စုံမှိတ်ထားလျက်ပင်။

ညီအစ်ကိုနှစ်ယောက်တို့၏ မျက်လုံးထဲမှာတော့ တစ်ဖက်လူသည် ကျိန်းသေပေါက် သေဆုံးရတော့မည့်လူပင်။ “အင်ပါယာနဲ့ ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်တဲ့ အကျိုးဆက်က မင်းရဲ့ဝိညာဉ်တစ်ခုလုံး ဖျက်ဆီး ခံရခြင်းပဲ ဖြစ်မယ်”

ဟူး ဟူး ဟူး

ကြီးမားလှသည့် လက်သီးကြီးနှစ်ခုနှင့် ခြေထောက်ကြီးနှစ်ခုတို့သည် ကျဆင်းလာခဲ့ပြီး ၎င်းတို့နှင့်အတူ ပါဝင် လာခဲ့သည့် အားအင်အဆင့်သည် ကြောက်ခမန်းလိလိပင်။

အဝေးတစ်နေရာတွင် ရှိနေသည့် ပြိုင်စံရှားဂိုဏ်းမှ တပည့်များနှင့် နတ်ဆိုးအင်ပါယာ၏ စစ်သည်များအားလုံးတို့သည် တိုက်ပွဲ၏ အရှိန်အဟုန် သက်ရောက်ခံရပြီး အနောက်ဘက်သို့ လွင့်စင်ကုန်၏။ ၎င်းတို့၏ မြင်ကွင်းထဲမှာတော့ လက်များ၊ ခြေများပါဝင်လျက်ရှိသည့် စွမ်းအင်လုံးကြီးများသည် နျူကလီးယားဗုံးကြီး ပေါက်ကွဲသကဲ့သို့ပင် ထုနှက်လျက်ရှိသည်။

“ဂိုဏ်းချုပ်ကျွင်း”

ကျန့်ကွေ့ရှု၏အမူအယာသည် ပြောင်းလဲသွား၏။ သူသည် ဓားကိုမြှောက်ကာဖြင့် ရှေ့ဆီသို့လှမ်းတက်ရန် ပြင်လိုက်၏။ သို့ပေမဲ့ သူသည် ချက်ခြင်းပဲ မျက်လုံးပြူးသွားမိ၏။

ဒွီး ဒွီး

စွမ်းအင်လှိုင်းသုံးခုတို့ ပေါက်ကွဲသွားသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်ဆီမှ ဓားဆန္ဒများ ဖြစ်တည်လာခဲ့သည်။ လက်ထဲတွင်ရှိနေသည့် ရွှမ်ယွမ်နတ်ဘုရားဓားသည် တောက်ပ သွားခဲ့၏။

ကျန့်ကွေ့ရှုသည် ဤဓားအသုံးပြုပုံကို မြင်ဖူးသည်။ ထို့ကြောင့် အံ့အားသင့်စရာမဟုတ်ပေ။ သူ အံ့အားသင့်နေသည်မှာ ဂိုဏ်းချုပ်ကျွင်း၏ အမဲရောင်ဆံနွယ်များသည် ရုတ်တရက် အစိမ်းရောင်အဖြစ်သို့ ပြောင်းလဲသွားသောကြောင့်ပင်။ ထို့ပြင် သူ၏မျက်ခုံးမွေးများလည်း စိမ်းလို့နေသည်။

“လာပြီ ကျွင်းနှင်းဆီ၊ ကျွင်းကျန်းရွှမ်”

ဟမ်

ညီအစ်ကိုနှစ်ယောက်တို့သည် တစ်ဖက်လူတစ်ယောက် အစိမ်းကောင်အဖြစ်သို့ပြောင်းလဲသွားကြောင်း သတိပြုမိ၏။ ထို့ကြောင့် မနှစ်မြို့စွာဖြင့် ပြောလိုက်မိသည်။ “ဆန်းကြယ်ချင်ယောင် လာပြီးတော့ဆောင် .....”

ဖြောက် ဖြောက်

ရုတ်တရက် အေးစက်လွန်းသော လေလှိုင်းများသည် လေထုတစ်ခုလုံးတွင် ပြည့်နှက်သွား၏။ လုချင်းချင်း သည် ကောင်းကင်ယံထက်တွင် လွင့်မျောလျက်၏။ သူမ၏ အနောက်ဘက်တွင်တော့ ပုံရိပ်ယောင် တစ်ခုပေါ်ပေါက်လာပြီး ထိုပုံရိပ်ယောင်သည် စည်းသင်္ကေတတစ်ခုကို ဖန်တီးကာဖြင့် အအေးစွမ်းအင်များကို ထုတ်ဖော်သည်။

တိုက်ခိုက်မှုသည် အနည်းငယ် နှေးကွေးသွား၏။ သို့ပေမဲ့ ကျွမ်းကျင်သူများ၏တိုက်ပွဲကြား တွင် ဤကဲ့သို့သော အချိန်အနည်းငယ် အလွန်ပဲသိသာစေ၏။

ခန္ဓာကိုယ်တစ်ခုလုံးအစိမ်းရောင်ပြောင်းလဲသွားခဲ့သော ကျွင်းချောင်ရှောင်းသည် ဓားကိုလက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာအော်ဟစ်လိုက်သည်။ “အရာအားလုံးက ဓားဖြစ်ခြင်း”

ဒွီး

ဝမ် .... ဝမ် .... ဝမ် .....

ကြယ်တာရာစိတ်ဝိညာဉ်လောကကြီးတစ်ခုလုံးသည် တုန်ခါလျက်ရှိ၏။ ကောင်းကင်ယံတွင် ဖုန်များ အလိမ့်လိမ့်တက်လာပြီး မြေပြင်တွင်ရှိနေသည့် သစ်ပင်အားလုံးတို့သည် ဓားချီများ၏ ဖြတ်တောက်မှုကိုခံရကာ အလုံးစုံ ပြိုလဲကုန်၏။ ပြီးနောက် အရာများအားလုံးတို့သည် ကျွင်းချောင်ရှောင်း၏ အနောက်ဘက်ဆီသို့ ရောက်ရှိလာကာ ရစ်သိုင်းနေ၏။ ထိုသစ်ကိုင်း၊ သစ်ရွက် အရာအားလုံးတို့သည် ဓားများဖြစ်လို့သွားခဲ့၏။

ကျန့်ကွေ့ရှု၏ မျက်လုံးများသည် မျက်စိသူငယ်အိမ်ထဲမှ ပေါက်ထွက်လုမတတ်ပင်။ ပြိုင်စံရှားဂိုဏ်း၏ တပည့်များနှင့် အထက်ပိုင်းအကြီးအကဲများအားလုံးတို့သည်လည်း အသက်ပင်မရူရဲကြချေ။ ၎င်းတို့၏ မြင်ကွင်းထဲမှာ‌တော့ ကျွင်းချောင်ရှောင်းသည် အလုံးစုံဒေါသထွက်လျက် ရှိနေ၏။ ခန္ဓာကိုယ်တစ်ခုလုံး ကလည်း ဆန်းကြယ်လွန်းလှသည့် ဓားစွမ်းအင်များနှင့် ရစ်သိုင်းလျက်ရှိနေပြီး ရှိရှိသမျှသော အရာအားလုံး တို့သည် ဓားကြီးတစ်ခုကဲ့သို့ ဖြစ်တည်လာခဲ့၏။ ထိုအရာသည် ဓားတစ်သောင်းမှသည် တစ်ခုတည်းအဖြစ်သို့ ထက် ပိုမိုကာ အားကောင်းလွန်းသည့်စွမ်းအင်များပင်။

အဆုံးသတ်မှာတော့ ကျွင်းချောင်ရှောင်းနှင့် ညီအစ်ကိုနှစ်ယောက်တို့၏ ကြားတည်နေရာကြီး၌ ဓားများဖြင့် ပြည့်နှက်သွားခဲ့၏။ ထက်ရှလွန်းလှသည့် ဓားအော်ရာများသည် အသားကြိတ် စက်ကြီးတစ်ခုကဲ့သို့ပင်။ တည်နေရာအနှံ့တွင်ရှိနေသည့် အရာများ အားလုံး၏ အရိုး၊ အရည်နှင့် အသွေးအသားများအားလုံးကို ဖျက်ဆီးနေလေသည်။ နာကျင်စွာအော်ဟစ်လိုက်သည့်အသံသည် ကြယ်ကောင်းကင်လောကကြီး တစ်ခုလုံးကို ပျံ့နှံ့သွား၏။

ဇွိ ဇွီ

ဓား၏စွမ်းရည်များသည် လုံးဝအားမလျှော့ခဲ့ချေ။ အရာအားလုံးကို ဖျက်ဆီးလျက်ရှိနေ၏။ သွေးများသည် နေရာအနှံ့သို့ ပျံ့နှံ့နေသည်။

ကျွင်းချောင်ရှောင်းသည် ဓားကိုလက်ထဲမှကိုင်ရင်း ကောင်းကင်၌ မတ်မတ်ရပ်နေ၏။ သူသည် ခေါင်းကိုမော့ကာဖြင့် သေဆုံးခြင်း၏ အော်ရာများကို အရသာခံလျက်ရှိ၏။

တစ်ဖက်လူများသည် နှစ်ယောက်ပေါင်းစပ်နိုင်၏။ သူ့မှာတော့ လုချင်းချင်းပါ ပေါင်းစပ်ပါဝင်သောကြောင့် လေးယောက်တစ်ယောက် ပေါင်းစပ်ခဲ့ခြင်းပင်။ ထို့ပြင် သူနှင့်ပေါင်းစပ်သည့် လူအားလုံးသည် မိန်းကလေးများချည်းသာဖြစ်သည်။

“အင်း”

စနစ်သည် အကူအညီမဲ့စွာဖြင့် သက်ပြင်းချလိုက်၏။ “တခြားသူတွေက မိန်းကလေးတွေကို ချစ်ခြင်းမေတ္တာအတွက် အသုံးပြုတယ်။ မိန်းကလေးတွေကတော့ အသုံးချခံဖြစ်လို့နေတယ်။ တကယ်ကို ဝမ်းနည်းစရာပဲ”

All Chapters