← Chapters

အခန်း (၁၆၉)

Vol. 13 Ch. 169

အခန်း (၁၆၉)

Vol. 13 Ch. 169

ရှစ်ချင်းချင်း၏ စကားကို နားထောင်ပြီးသည့်နောက် ရှမ့်လန်သည် ချက်ချင်းပင် မျက်လုံးကို မှိတ်လိုက်၏။ သူသည် မျက်လုံးကို မှိတ်နေရင်းမှပင် လက်ချောင်းများကို ဆန့်တန်းကာဖြင့် တစ်ခုပြီးတစ်ခု ရေတွက်လျက် ရှိနေ၏။

‘ဟမ်’

ရှစ်ချင်းချင်း၏ ဓမ္မတာလာရက်သည် နှစ်ရက်သာ လိုအပ်တော့သည် မဟုတ်ပါလား။

ဟုတ်ပေ၏။ ရှမ့်လန် မည်ကဲ့သို့ သိရှိသည် ဆိုသည်ကို မေးမြန်းရန် မသင့်ပေ။

ရှမ့်လန်သည် လေးလေးနက်နက်ဖြင့် ခေါင်းကို ညိတ်ကာ ပြောလိုက်သည်။ “အင်း ဖြစ်နိုင်တယ်။ ပြီးတော့ ကိုယ်ဝန်ဆောင်ထားတဲ့ မိန်းကလေးတစ်ယောက်ဆိုရင် ချောင်ယောင်းအာက တခြားသူတွေထက် ပိုပြီး ကြင်နာသနားစိတ် ရှိမှာပေါ့”

ပြီးနောက် ဤလူရမ်းကားသည် အိပ်ရာထက်တွင် အသာလှဲလျောင်းလိုက်၏။ ပြီးနောက် ပြောလိုက်၏။ “လာ ... အပေါ်က တက်ထိုင်တော့။ ကြိုက်သလို လုပ်တော့”

ရှစ်ချင်းချင်းသည် ရှေ့ဆီသို့ လှမ်းတက်ပြီးသည့်နောက် ရှမ့်လန်၏ ပေါင်ခွကြားနေရာဆီသို့ ခပ်ပြင်းပြင်း ကန်ချလိုက်သည်။

“အား”

ရှမ့်လန်သည် နာကျင်စွာဖြင့် တွန့်လိမ်လျက် ရှိနေ၏။ ချက်ချင်းပင် သူသည် ပုစွန်တုပ်တစ်ကောင် ကဲ့သို့ပင် ကွေး၍ အော်ဟစ်လျက် ရှိနေ၏။ ဤမိန်းမ၏ ကန်ချက်သည် တကယ်ကို ပြင်းထန်လွန်းလှချေ၏။

“ကျွန်မ သွားတော့မယ်။ ဒီည ပင်လယ်ပြင်ကို ထွက်တော့မယ်” ရှစ်ချင်းချင်းက ပြောလိုက်သည်။

ရှစ်ချင်းချင်း အနေနှင့် နုရှောင့်မြို့ဆီသို့ သွားဖို့ဆိုသည်မှာ တကယ်ကို လွယ်ကူသည့် အရာဖြစ်၏။ ထို့ကြောင့် ရှမ့်လန် အနေနှင့် စိုးရိမ်ပူပန်စရာ မရှိချေ။ ပြီးသည့်နောက် သူမက ထွက်ခွာသွားခဲ့၏။ တံခါးဝ ဆီသို့ ရောက်သည့် အချိန်မှာတော့ ရှစ်ချင်းချင်း၏ ခြေလှမ်းများသည် ခဏလောက် တန့်သွားခဲ့၏။ သို့ပေမည့် စက္ကန့်ဝက်လောက်မျှသာလျှင် ရှိ၏။

အဘယ့်ကြောင့်ဆိုသော် သူမ၏ မျှော်လင့်ချက်အရဆိုလျှင် ရှမ့်လန်သည် သူမကို တားဆီးပြီး တစ်စုံတစ်ခု ပြောရပေမည်။ ဤစကားစုသည် တကယ့်ကို အရေးကြီးသည့် အရာ ဖြစ်ရပေလိမ့်မည်။ သူမကို ချောင်ယောင်းအာ၏ ဘေးနားတွင် မည်ကဲ့သို့ နေထိုင်ရမည်ဆိုသည့် အကြောင်းကို သင်ကြားပေးခြင်း သို့မဟုတ် သူမ စွန့်စားကာ သွားရမည်ဖြစ်သောကြောင့် တချို့သော စိုးရိမ်ပူပန်သည့် စကားလုံးများကို ပြောဆိုခြင်း စသည့် တစ်စုံတစ်ခုကို ပြောဆိုသင့်သည်။

သို့ပေမည့် သူမနှင့် ရှမ့်လန်တို့သည် ရန်သူများသာလျှင် ဖြစ်၏။ ရှမ့်လန်သည် သူမကို မည်သည့် သတင်း အချက်အလက်မှ ပေးအပ်ခြင်း မရှိသလို သူမနှင့် ပတ်သက်၍ မည်သည့် ချည်နှောင်မှုများကိုလည်း မပြုလုပ်ချင်ပေ။

ရှစ်ချင်းချင်းအနေနှင့် သူ့ကို အလုပ်အကျွေး ပြုစုရန် လုံလောက်သည့် အရာအဖြစ် ထင်မှတ်နေသည်လား။

ရှစ်ချင်းချင်းအနေနှင့် သူ့ကို သစ္စာဖောက်လိမ့်မည်ကိုလည်း သူက နားလည်ထား၏။ သို့ပေမည့် ရှမ့်လန်သည် မည်သည့်စကားကိုမှ မဆိုချေ။ ရှစ်ချင်းချင်းကို ဤအတိုင်းသာ ထွက်ခွာသွားစေခဲ့၏။

ရှစ်ချင်းချင်းသည် တကယ်ပင် ထွက်ခွာသွားခဲ့၏။ သူမသည် ရုပ်ဖျက်ကာဖြင့် ရွှမ်ဝူအိမ်တော်ဆီမှ ပင်လယ်ကမ်းခြေဆီသို့ သွားခဲ့၏။ ပြီးနောက် လှေတစ်စင်းဆီသို့ တက်ကာဖြင့် နုရှောင့်မြို့ဆီသို့ ဦးတည်လိုက်သည်။

……

ကျင်းဟွေ့ ကယ်တင်ခဲ့သည့် အမျိုးသမီးကို မည်ကဲ့သို့ ခေါ်ဆိုရမည်နည်း။ သူမသည် တကယ့်ကို ရိုင်းစိုင်းပြီး စိတ်ဓာတ်မာကျောလွန်းသည့် မိန်းကလေး တစ်ယောက် ဖြစ်၏။ သူမကို လူကြမ်းမဟု ခေါ်ဆိုရမည်လား သို့မဟုတ် ကိုယ့်ကိုယ်ကိုယ် သတ်သေသည့် မိန်းကလေးဟု ခေါ်ဆိုရမည်လား။

ကျင်းဟွေ့၏ ခြံဝင်းထဲဆီသို့ ဤဂုဏ်ယူမောက်မာလွန်းလှသည့် မိန်းကလေးက အသာပင် လှမ်းဝင်လာခဲ့၏။ သူမ စိတ်ကူးထားခဲ့သည့် ယောကျ်ားတစ်ယောက်၏ ခြံဝန်းနှင့် အလုံးစုံ ကွာခြားလျက် ရှိနေ၏။ တန်ဖိုးကြီး အရာများ မရှိသည်ဆိုလျှင်တောင်မှ တကယ့်ကို သန့်ရှင်းသပ်ရပ်လျက် ရှိနေ၏။ အတွင်းတွင် ရှိနေသည့် အရာအားလုံးသည် စီစီရီရီနှင့် စနစ်တကျ သိမ်းဆည်းထားသည့် အရာများ ဖြစ်၏။

ထိုတင်သာမကသေးချေ။ ခြံဝန်းတစ်ခုလုံးကလည်း ပန်းများနှင့် ပြည့်နှက်လျက် ရှိနေ၏။ ခြံဝန်းထဲတွင် ကြောင်ကိုးကောင် မဟုတ်သေးချေ။ ကြောင်ဆယ်ကောင်ပင် ရှိ၏။ အဘယ့်ကြောင့်ဆိုသော် တစ်ကောင် သည် နက်မှောင်လျက် ရှိနေပြီး မျက်လုံးကို မှိတ်ထားသောကြောင့် ၎င်းကို မမြင်ရချေ။ ၎င်း၏ နာမည်သည် ကြောင်မီးသွေးပင် ဖြစ်ပေလိမ့်မည်။

မောက်မာလွန်းသည့် မိန်းကလေး၏ နှလုံးသားသည် ချက်ချင်းဆိုသလိုပင် အရည်ပျော်ကျသွားခဲ့၏။ ဤရက်စက်ပြီး ကြမ်းတမ်းလွန်းလှသည့်လူ၌ ကြင်နာလွန်းသည့် နှလုံးသား တစ်ဖက်ခြမ်း ရှိနေလိမ့်မည်ဟု သူမ မထင်မှတ်ခဲ့ချေ။

အမျိုးသမီးအား ခြံဝန်းထဲသို့ လိုက်ပါပို့ဆောင်ပြီးသည့်နောက် ကျင်းဟွေ့သည် တံခါးဝတွင် မတ်တပ်ရပ်၏။ သူသည် အထဲကို မဝင်လာရဲချေ။ ထို့အတူ ထိုအမျိုးသမီး၏ သုံးမီတာပတ်လည် အနီးနားဆီသို့လည်း မသွားရဲချေ။ သူ့၌ ထူးဆန်းသည့် ခံစားချက်မျိုး ရရှိနေ၏။

ဤအမျိုးသမီးသည် အလုံးစုံ ရူးသွပ်သွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် မိမိကိုယ်ကိုယ် သတ်သေသွားမည်ကို သူ စိုးရိမ်နေမိ၏။ သူသည် သန့်ရှင်းလွန်းသည့် လူတစ်ယောက် မဟုတ်ချေ။ ထို့ကြောင့် သူမ၏ နီးနီးကပ်ကပ်သို့ သွားသည် ဆိုပါက ကြောက်လန့်သွားမည်ကို စိုးရိမ်မိသည်။

ကျင်းဟွေ့သည် ကြမ်းတမ်းပြီး လက်ရဲဇက်ရဲလူတစ်ယောက် ဖြစ်သည်ဆိုလျှင်တောင်မှ အပြစ် ကင်းစင်လွန်းသည့် လူတစ်ယောက် ဖြစ်၏။ သူမနှင့် ပတ်သက်သော ကျင်းဟွေ့၏ အပြုအမူများ အားလုံးတို့သည် သူမကို ဘုရင်မတစ်ပါး ကဲ့သို့ပင် ဆက်ဆံနေခြင်းပင်။

ခဏလောက် ကြာပြီးနောက် ကျင်းကျန့်နန်က ရောက်ရှိလာခဲ့၏။

“ညီမလေး ဒီမိန်းကလေးကို သေသေချာချာ ဂရုစိုက်ပေးအုံး။ ကျုပ် အစားအစာတွေ သွားယူလိုက်အုံးမယ်” ကျင်းဟွေ့သည် အလောတကြီးဖြင့် ထွက်ပြေးသွားသည်။

ဤမောက်မာလွန်းသည့် မိန်းကလေး၏ရှေ့တွင် နေထိုင်ရသည့် ဖိအားသည် တကယ့်ကို ကြီးမားလွန်းလှချေ၏။ သူ့အနေနှင့် ဤနားတွင် နေရခြင်းသည် စိတ်သက်တောင့်သက်သာ ဖြစ်ခြင်းကို မခံစားရချေ။

ကျင်းဟွေ့ အစားအစာများနှင့် ပြန်လာချိန်မှာတော့ ခြံဝန်းထဲဆီမှ ငိုသံများကို ကြားလိုက်ရ၏။

ဤမောက်မာလွန်းသည့် မိန်းကလေးသည် ငိုယိုနေသည်သာမက ကျင်းကျန့်နန်ကလည်း ငိုယိုလျက် ရှိနေသည်။ “အစ်မ ဟုန်ရှန် … ကျွန်မ မနက်ဖြန် သမက်တော်ကို သွားရှာမယ်။ ပြီးရင် ကျူးမိသားစုကို တစ်ခါတည်း သုတ်သင်ရှင်းလင်းကြမယ်။ ကျူးလန်ထင်၊ ကျူးဝမ်ထိုင်၊ ကျူးဝမ်ဟွာ အားလုံးက ခွေးကောင်တွေပဲ။ သူတို့အားလုံးကို သတ်ပစ်ရမယ်”

.....

အခန်း၏ အတွင်းမှာတော့ ရှမ့်လန်သည် အိပ်ရာထက်၌ လဲလျောင်းလျက် ရှိနေ၏။ သူ၏ အဝတ်အစားများကို အသာလှန်ပြီးသည့်နောက် ပေါင်ခွကြားနေရာကို လှန်ကာ ကြည့်ရှုလိုက်၏။

“မိန်းမ ဒီနေရာက အဆင်ပြေသေးရဲ့လား” ရှမ့်လန်က မေးမြန်းလိုက်သည်။

မူလန်သည် ရှမ့်လန်၏ ခါးနေရာကို အသာပွတ်သပ်ကာဖြင့် ပြောလိုက်၏။ “အင်း ဒါ ကြွက်သားဒဏ်ရာ ရသွားတာပဲ ဖြစ်ပါလိမ့်မယ်။ အဆင်ပြေပါတယ်”

“ကောင်းပြီ။ ကောင်းပြီ။ ဒါ ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိသွားတာတော့ မဟုတ်သေးဘူးပဲ။ အင်း ဆရာကြီး ရှမ့်လန်ရဲ့ စွမ်းရည်က ဒီနေရာမှာ အားကောင်းတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ဒဏ်ရာ ရသွားပြီဆိုရင်တော့ အဆိုးဆုံး ဖြစ်သွားလိမ့်မယ်”

မူလန်က ပြောလိုက်သည်။ “ကောင်းပြီ။ ယောကျ်ား ဒီဟာက ဘယ်လိုလုပ် ဒဏ်ရာ ရသွားတာလဲ”

ရှမ့်လန်က ပြောလိုက်၏။ “ဟို အရှက်မဲ့တဲ့ မိန်းမ ရှစ်ချင်းချင်းပေါ့။ ငါ့ကို ဆွဲဆောင်ခဲ့တယ်လေ။ ငါ ငြင်းပယ်လိုက်တာနဲ့ တစ်ပြိုင်နက် ငါ့ကို လှမ်းပြီးတော့ ကန်လိုက်တာပဲ။ ဒီမိန်းမက တကယ့်ကို ကြမ်းတမ်း ရက်စက်လွန်းတယ်။ သူက ငါ့ကို ဘယ်လိုမှ ဆွဲဆောင်လို့ မရတာနဲ့ ဒေါသကြီးပြီးတော့ ကန်ကျောက်ခဲ့တာပဲ”

“ဪ”

ရှမ့်လန်က ပြောလိုက်သည်။ “ဟုတ်တယ်မလား။ ဒီမိန်းမက တကယ့်ကို အရှက်မဲ့တယ်လို့ ငါ ထင်တာပဲ။ အရှက်တရား ဆိုတာကိုတောင် ကောင်းကောင်း မသိဘူး။ ငါတို့က လင်မယား ဖြစ်ခဲ့ဖူးတယ် ဆိုပေမဲ့ အရာအားလုံးက ပြီးဆုံးသွားခဲ့ပြီ။ ငါက မိန်းကလေးတွေနဲ့ ပတ်သက်ပြီး စပ်စပ်ရှက်ရှက် နေတတ်တဲ့ လူတစ်ယောက် မဟုတ်ဘူး”

“ဪ”

“မိန်းမ .... မင်းရဲ့ လေသံကို ကြည့်ရတာ မယုံသလိုပါလား”

“ဟုတ်တယ်လေ။ ရှင်က နှာဗူး”

ရှမ့်လန်နှင့် ရှစ်ချင်းချင်းတို့ ပြောဆိုနေသည့် အရာအားလုံးကို သူမ အပြင်ဘက်မှ ကြားနေရ၏။ ထို့ကြောင့် အခြေအနေ တစ်ခုလုံးကို ကောင်းကောင်း သိ၏။

ရှမ့်လန်က ရုတ်တရက် ပြောလိုက်သည်။ “မိန်းမ ငါ့ရဲ့ နောက်ကျောမှာ နှာဗူးဆိုတဲ့ စာလုံးကို မင်း ရေးထားသေးလား”

. ......

နောက်တစ်ရက်မှာတော့ ကျင်းဟွေ့သည် ရှမ့်လန်ကို လာရောက်ကာ ရှာဖွေခဲ့၏။ “သခင်လေး … ဝမ်လျှံ သေပြီ”

ရှမ့်လန်သည် မည်သို့မှမနေနိုင်ဘဲ ကြောင်အသွားမိသည်။ မြန်လှချေသည်။ အသက်ရှင် ရပ်တည်ရန်အတွက် လအနည်းငယ် နေထိုင်နိုင်သေးသည် မဟုတ်ပါလား။

“ဘယ်လိုဖြစ်ပြီး သေသွားတာလဲ” ရှမ့်လန်က မေးမြန်းလိုက်၏။

ကျင်းဟွေ့က ပြန်လည်ကာ ဖြေဆိုလိုက်သည်။ “အခန်းထဲမှာ ကိုယ့်ကိုယ်ကိုယ် မီးရှို့ပြီး သတ်သေသွားတာပဲ”

ရှမ့်လန်က ကြောင်အသွားခဲ့၏။ ဝမ်လျှံသည် သေခြင်းတရားကို ကြောက်လန့်ပြီး ဘဝအတွက် အသက်ရှင် ရပ်တည်ဖို့ လိုချင်လောဘ ကြီးမားလွန်းသည့် လူတစ်ယောက် ဖြစ်၏။ အဘယ့်ကြောင့် ဤကဲ့သို့ ဆိုးဆိုးရွားရွား သေဆုံးသွားရသနည်း။

ကျင်းဟွေ့က ပြောလိုက်၏။ “တကယ်တော့ သူ ဒီတလောအတွင်း တော်တော်ကြီး ပြောင်းလဲသွားခဲ့တယ်။ သူက အဝတ်အစား လှလှလေးတွေကို ဝတ်ရတာ ကြိုက်တယ်။ ပြီးတော့ နှုတ်ခမ်းနီတွေလည်း ဆိုးနေသေးတယ်။ ဆိုးဝါးတဲ့ သေခြင်းတရားကို လက်မခံနိုင်ဘူးလို့လည်း ပြောတယ်။ သူက သူ့ဘဝကို အကောင်းဆုံး နည်းလမ်းနှင့် နှုတ်ဆက်ထွက်ခွာသွားမယ်လို့တောင် ပြောသေးတယ်”

ပြီးနောက် ကျင်းဟွေ့သည် ကဗျာစာရွက်တစ်ခုကို ထုတ်ယူကာ ပြောလိုက်၏။ “ဒါ သူ ချန်ထားခဲ့တဲ့ အရာပဲ”

ရှမ့်လန်သည် အသာယူကာဖြင့် ကြည့်ရှုလိုက်၏။ တကယ့်ကို ကောင်းမွန်လွန်းလှသည့် ကဗျာတစ်ပုဒ်ကို ရေးသားထားခဲ့ခြင်း ဖြစ်ပုံပေါ်သည်။ သို့ပေမည့် ထိုထက်တွင် ရှိနေသည့် စာလုံးတချို့သည် သူ နားလည်နိုင်သည့် အရာမျိုး မဟုတ်ချေ။ သူ၏ AI နှင့် စမ်းသပ်ကြည့်ရှုသည် ဆိုလျှင်တောင်မှ တချို့သော စာလုံးများကို သူက နားမလည်သလို ဖြစ်နေသည်။

စာလုံး၏ အစသည် ချောင်ပါပြီး တိုင်ဟူသော စာလုံးလည်း ပါဝင်၏။ မည်သည့်နေရာပဲ ဖြစ်ဖြစ် ရှမ့်လန်သည် ဤစာလုံးကို တစ်ခါမှ မမြင်ခဲ့ဖူးချေ။ ဝမ်လျှံသည် ဤရှုပ်ထွေးလှသည့် စာလုံးများကို အပျော် အနေနှင့် ရေးခဲ့ခြင်းတော့ မဖြစ်နိုင်ပေ။

“အင်း သူ့ရဲ့ ပြာတွေကို စုစည်းပြီးတော့ မြေမြှုပ်သင်္ဂြိုဟ်ပေးလိုက်”

ကျင်းဟွေ့က ပြောလိုက်၏။ “ကောင်းပါပြီ”

ဝမ်လျှံ၏ သေဆုံးခြင်းသည် ရှမ့်လန်ကို အနည်းငယ် စိတ်ထိခိုက်စေ၏။ သို့ပေမည့် သဗ္ဗေသတ္တာ ကမ္မသကာပင်။

..

ရှစ်ချင်းချင်းသည် သာမန် ကုန်သင်္ဘောတစ်စင်းပေါ်တွင် ရှိနေ၏။ ခရီးလမ်းတွင် ကုန်သည်သင်္ဘောများသည် အများအပြား တည်ရှိလို့ နေပြီး နုရှောင့်မြို့ဆီသို့ အသွားအပြန် ပြုလုပ်လျက် ရှိ၏။

ရှုပ်ထွေးသည့် ကုန်သွယ်ရေးဇုန်တစ်ခု ဖြစ်သောကြောင့် ကုန်သည်ပေါင်း မြောက်များစွာတို့ဖြင့် ရှုပ်ယှက်ခပ်လျက်ရှိသည်။ တရားမဝင် ပစ္စည်းများ၊ ခိုးယူထားသည့် ပစ္စည်းများ၊ မည်သည့်ပစ္စည်းကိုမဆို နုရှောင့်မြို့ထဲတွင် ကုန်သွယ်၊ ရောင်းဝယ်၍ ရ၏။ ဤမြို့သည် မည်သည့် နိုင်ငံ၏ ဥပဒေမှ သက်ရောက်ခြင်း မရှိချေ။ ပင်လယ်ဓားပြ ချောင်ထျန်းဝေသည်သာလျှင် ဥပဒေ ဖြစ်သည်။

“မင်းတို့ ကြားပြီးပြီလား။ နုရှောင့်မြို့ရဲ့ သခင်မလေး ချောင်ယောင်းအာက စကားနားမထောင်ဘဲ မလိုက်နာတဲ့ ဓားပြ ပင်လယ်ဓားပြအဖွဲ့ကို သုတ်သင်ရှင်းလင်းပစ်ခဲ့တယ်။ ရွက်သင်္ဘောပေါ်မှာ ရှိနေတဲ့ လူ တစ်ရာကျော်တို့ကို အရေခွံခွာပြီးတော့ သူတို့ရဲ့ အရေခွံတွေနဲ့ သင်္ဘောရွက် လုပ်ခဲ့သေးတယ်တဲ့”

“သူမရဲ့ လက်အောက်မှာ အနည်းဆုံး ရွက်သင်္ဘော တစ်ရာကျော်လောက်တော့ ရှိတယ်။ လူဦးရေက တစ်သောင်းနီးပါးလောက် ရှိမယ်။ ဒီအတိုင်းသာဆိုရင် နုရှောင့်မြို့ရဲ့ ဆက်ခံသူက ဘယ်သူဖြစ်မလဲ ဆိုတာတောင် ပြောဖို့ ခက်တယ်။ သခင်လေး ချောင်ရှောင်းက ယောကျ်ားတစ်ယောက်တော့ ယောကျ်ား တစ်ယောက်ပဲ။ ဒါပေမဲ့ အားအင်အဆင့်အရဆိုရင် သခင်မလေးကို ယှဉ်ပြိုင်နိုင်မှာ မဟုတ်ဘူးလေ”

“အင်း... ငါတို့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာလုပ်လို့ရလို့လဲ။ သခင်မလေးက အရမ်းကို ကြမ်းတမ်းတယ်။ သူက ဆက်တိုက် တိုက်ခိုက်ပြီး တခြား ပင်လယ်ဓားပြတွေ အားလုံးကို စုစည်းနေတယ်။ သူ့ရဲ့ အားအင် အဆင့်က တဖြည်းဖြည်း ပိုပြီးတော့ တိုးတက်လာတယ်။ အဖေဖြစ်သူ ချောင်ထျန်းဝေ တောင်မှ သူမကို ဖိနှိပ်နိုင်မှာ မဟုတ်ဘူး”

“ကြားတာက သူမရဲ့ သိုင်းပညာအဆင့်က ကြောက်မက်ဖွယ်ရာ ကောင်းတဲ့ အခြေအနေ တစ်ခုကို ရောက်ရှိ နေပြီတဲ့။ သူမက အသက် သုံးဆယ်တောင် မပြည့်သေးဘူးနော်။ ဒါပေမဲ့ တကယ့် ကျွမ်းကျင်သူ ဆရာကြီး ဖြစ်နေပြီ”

“ကြားတာတော့ သူမက အစောကြီးကတည်းက သိုင်းပညာ ကျွမ်းကျင်သူ တစ်ယောက် ဖြစ်နေပြီတဲ့”

“ပေါက်ပန်းလေးဆယ်တွေ မပြောနဲ့။ ရွှဲ့ပြည်နယ်တစ်ခုလုံးမှာ အဲ့လို ကျွမ်းကျင်သူ ဆရာကြီးဆိုတာ အနည်းငယ်ပဲ ရှိတယ်”

“မင်း သခင်မလေး ချောင်ယောင်းအာကို မြင်ဖူးလို့လား”

အားလုံးသော သူတို့သည် ခေါင်းခါယမ်းလိုက်၏။ “ဒီမိန်းကလေးက တိုက်ခိုက်ခြင်းနှင့် သတ်ဖြတ်ခြင်းကိုပဲ တာဝန်ယူထားတာ။ တခြား ကုန်သွယ်ရေး ကိစ္စရပ်တွေကို ဘာတစ်ခုမှ စိတ်မဝင်စားဘူး။ သူမကို မြင်တဲ့ ယောကျ်ားတိုင်း သူမရဲ့ နောက်လိုက် ဖြစ်လာရမယ်။ ဒါမှမဟုတ်ရင် အရေခွံခွာပြီးတော့ တစ်ခါတည်း သတ်ဖြတ်ခြင်းကို ခံရလိမ့်မယ်”

“ငါ ဒီနတ်ဆိုးမကို မတွေ့ချင်ဘူး”

သူတို့သည် ပင်လယ်ပြင်ထဲသို့ ရောက်ရှိသည့် အချိန်မှာတော့ တခြားသော လောကတစ်ခုဆီသို့ ရောက်ရှိသွားသကဲ့သို့ပင် ပြောဆိုလျက် ရှိနေ၏။ ကုန်းပေါ်တွင်တော့ အားလုံးသော သူတို့သည် ဘုရင်မင်းမြတ် အကြောင်းကို ပြောဆိုကြ၏။ သို့ပေမည့် ရေမျက်နှာပြင်ပေါ်မှာတော့ သူတို့သည် ပင်လယ်ဓားပြ ချောင်ထျန်းဝေနှင့် သခင်မလေး ချောင်ယောင်းအာတို့ အကြောင်းကိုသာ ပြောဆိုကြ၏။ အဘယ့်ကြောင့်ဆိုသော် ထိုသူတို့သည် ပင်လယ်ပြင်ကြီး၏ အုပ်စိုးသူများ ဖြစ်သောကြောင့်ပင်။

အထူးသဖြင့် သခင်မလေး ချောင်ယောင်းအာပင် ဖြစ်၏။ သူမသည် ဒဏ္ဍာရီလာ အကြောင်းအရာများနှင့် ပြည့်နှက်လျက် ရှိနေ၏။ ရှစ်ချင်းချင်း၏ နားသည် ထိုစကားများကို ကြားရပါများသော အခါမှာတော့ နားများပင် အူဝေလျက် ရှိနေ၏။

ဤလူအားလုံးတို့၏ ပါးစပ်မှ ထွက်ပေါ်နေသည့် အကြောင်းအရာများသည် ချောင်ယောင်းအာမှာ နတ်ဆိုးမ တစ်ပါး ဖြစ်ပြီး သေခြင်းတရား၏ နတ်မိမယ်ဟုပင်။ လွန်ခဲ့သည့် ဆယ်နှစ်အတွင်းတွင် များပြားလွန်းလှသည့် ပင်လယ်ဓားပြများသည် သူမ၏ လက်ထဲတွင် သေဆုံးခဲ့သည်မှာ မရေတွက်နိုင်အောင်ပင်။ မကြာခင်မှာပဲ ချောင်ကလန်သည် ရွှဲ့ပြည်နယ်၏ အရှေ့ဘက်ပိုင်း ဤနေရာတွင် တစ်ခုတည်းသော ပင်လယ်ဓားပြများအဖြစ် ကျန်ရှိခဲ့ပေတော့မည်။ ချောင်ကလန်သည် ပင်လယ်ဓားပြများ မဟုတ်တော့ချေ။ စစ်တပ်ကြီးတစ်ခု ကဲ့သို့ပင် ဖြစ်လို့ နေခဲ့၏။ ပင်လယ်ပြင်၏ အရှေ့ဘက်ပိုင်း ကုန်သွယ်ရေး ကုန်သွယ်ရေးဇုန် တစ်ခုလုံးကို ထိန်းချုပ်ထားခဲ့သည်။

ချောင်ယောင်းအာ အကြောင်းများကို ပိုမိုကာ ကြားမိလေ ရှစ်ချင်းချင်းက ပိုမိုကာ စိတ်ဝင်စားလေပင် ဖြစ်၏။ ထို့အပြင် သူမသည် မယုံကြည်နိုင်လောက်သည့် ကြောက်ရွံ့မှုများကိုလည်း ပြည့်နှက်လာခဲ့ပြီး စိတ်ဝင်တစားနှင့် နုရှောင့်မြို့ဆီသို့ ဦးတည်နေခဲ့၏။

သူမ၏ မိသားစု တစ်ခုလုံး သုတ်သင်ရှင်းလင်း ခံခဲ့ရသည်မှာ အချိန်အတော်ကြာပြီ ဖြစ်၏။ သူမ၏ အမုန်းတရားများကလည်း ပိုမိုကာ အခြေကျလာခဲ့၏။ သို့ပေမည့် ဤအမုန်းတရားများသည် သူမ၏ အရိုး၊ အသွေးအသားထဲတွင် တဖြည်းဖြည်းနှင့် စိမ့်ဝင်လျက် ရှိနေပြီ။ အလွန်ပင် အားကောင်းစွာလည်း ရှိနေသေး၏။ သို့ပေမည့် ခန္ဓာကိုယ် တစ်ခုလုံးသည် မီးကဲ့သို့ တောက်ပနေသည့် အရာမျိုးဖြင့် မဖြစ်တော့ချေ။

သူမ၏ နှလုံးသားထဲတွင်တော့ မလုံခြုံသည့် စိတ်ခံစားချက်များက အမြဲတမ်း ခံစားလျက် ရှိနေ၏။ သူမ၏ နှလုံးသားထဲမှ ထောက်ပံ့နိုင်သည့် ထောက်တိုင်သည် ရှမ့်လန်ပင် ဖြစ်လာခဲ့၏။ ကိုယ့်မြေကို စွန့်ခွာပြီး ပင်လယ်ပြင်သို့ ရောက်သည့် အချိန်မှာတော့ သူမသည် ရှမ့်လန်နှင့် ဆက်သွယ်ရမည့် အကြောင်း အရာများကို စတင်ကာ စဉ်းစားနေမိ၏။ ဤဆက်သွယ်ရမည့် နည်းစနစ်များက အလွန်ပင် ရှုပ်ထွေးလွန်း လှချေ၏။

ထို့အပြင် ရှမ့်လန်နှင့် သူမ၏ကြားတွင် ရှိနေသည့် ရင်းနှီးပတ်သက်မှုက ရှုပ်ထွေးလျက် ရှိ၏။ အမုန်းတရားများ၊ ထူးဆန်းသည့် မှီခိုမှုတစ်ခု၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ ရှုပ်ထွေးသည့် ခံစားချက်များ မျိုးစုံ ပါဝင်လျက် ရှိနေသည်။

ညသို့ ရောက်ရှိပြီး နောက်ထပ် နေ့တစ်ဝက်တိတိ ရွက်လွှင့်ခဲ့၏။

နေ့လယ်ခင်းအချိန်ကို ရောက်သည့် အချိန်မှာတော့ ရွက်သင်္ဘောပေါ်တွင် ရှိနေသည့် လူများသည် ရုတ်တရက် ထကာ အော်ဟစ်လိုက်သည်။ “ငါတို့ နုရှောင့်မြို့ကို ရောက်ပြီပဲ။ ငါတို့ နုရှောင့်မြို့ကို ရောက်လာကြပြီ”

ရှစ်ချင်းချင်းသည် မည်သို့မှ မနေနိုင်ဘဲ ရှေ့ဆီသို့ လှမ်းထွက်လိုက်၏။ ပြီးနောက် အပြင်ဘက်တွင် ရှိနေသည့် ရှုပ်ထွေးလွန်းသည့် ဆိပ်ကမ်းကြီး တစ်ခုကို လှမ်းကာ ကြည့်ရှုနေ၏။ ပင်လယ်ပြင်နှင့် မနီးမဝေးတွင် ရှိနေသော မြို့တစ်ခုကို သူမ မြင်လိုက်ရ၏။ “နုရှောင့်မြို့ ငါ လာပြီပဲ။ ချောင်ယောင်းအာ.. ငါ လာပြီ။ ရှင်က ဘယ်လောက်ထိ နတ်ဆိုးဆန်တယ် ဆိုတာကို မြင်ချင်တယ်။ သေခြင်းတရားရဲ့ နတ်မိမယ် ဆိုတာက ဘယ်လိုပုံစံမျိုးလဲ ဆိုတာ မြင်ချင်တယ်”

…….

All Chapters