← Chapters

အခန်း (၁၇၃)

Vol. 13 Ch. 173

အခန်း (၁၇၃)

Vol. 13 Ch. 173

ပြီးသည့်နောက် မြို့စားလေး ကျူးလန်ထင်သည် ရုတ်တရက် သူ၏ဓားကို ဆွဲထုတ်ကာ အော်ဟစ်လိုက်၏။ “တိုက်ခိုက်ကြစမ်း”

ဓားဘုရင်သည် သက်ပြင်းအသာချလိုက်၏။ ပြီးနောက် သူသည် ရထားလုံးဆီမှ အောက်သို့ အသာဆင်းလိုက်၏။ ဓားကို အသာဆွဲထုတ်လိုက်၏။ သူ၏ဓားက ထူးခြားလွန်းလှ၏။ သစ်သားဓားတစ်စင်းပင် ဖြစ်လေ၏။ ဟန်ထုတ်နေခြင်း မဟုတ်သလို ကြယ်ကြွေဓားကို တန်ပြန်တိုက်ခိုက်ရန် ဖန်တီးထားခြင်းလည်း မဟုတ်ပေ။

ဤနှစ်ပိုင်းအတွင်း သူသည် သစ်သားဓားကိုသာ သုံးလေ့သုံးထရှိ၏။ ထို့အပြင် သစ်သားဓားသည် လွယ်လွယ်ကူကူနှင့် ကျိုးသွားနိုင်သည့် သစ်သားဓားမျိုး မဟုတ်ချေ။ ထိုသို့ဆိုလျှင်တောင်မှ သာမန်သစ်သား များနှင့် ပြုလုပ်ထားသည့် အရာဖြစ်၏။

သစ်သားဓားကို မြင်သည့်အချိန်မှာတော့ တာဝန်ရှိသူ ရွှယ်ဖန်သည် ရုတ်တရက် တုန်ယင်သွားသည်။ “ကျုပ် ခင်ဗျား ဘယ်သူလဲဆိုတာကို မေးချင်တယ်”

ဓားဘုရင်က ပြောလိုက်၏။ “အင်း... ခင်ဗျား ထင်နေတဲ့လူပဲ”

ပြီးသည့်နောက် ဓားဘုရင် ဝတ်ဆင်ထားခဲ့သည့် ချည်ဝတ်စုံသည် မြေပေါ်သို့ ပြုတ်ကျသွားခဲ့ပြီး အစိမ်းရောင် ဝတ်စုံတစ်ခုက ပေါ်ပေါက်လာခဲ့၏။ ညှိုးနွမ်းစုတ်ပြတ်လျက် ရှိနေသည့် ခါးကုန်းကုန်းနှင့် လူတစ်ယောက်၏ ပုံစံမျိုး ပျောက်ကွယ်သွားခဲ့ပြီး ချောမောသည့် သက်လတ်ပိုင်းအရွယ် လူတစ်ယောက်၏ ပုံစံကပေါ်ပေါက်လာခဲ့၏။ ဤနေရာတွင် မတ်တပ်ရပ်လျက် ရှိနေသည် ဆိုလျှင်တောင် ၎င်းသည် ဖယ်ရှား၍ မရနိုင်သည့် တောင်ထွတ်ကြီးတစ်ခု ကဲ့သို့ပင်။

နွေဦးအိမ်တော်ဆီမှ တာဝန်ရှိသူ ရွှယ်ဖန်က တုန်ယင်စွာ ပြောလိုက်၏။ “ဆရာ… ဆရာလီ… ကျုပ်တို့ ဒီနေ့ ဖြစ်ခဲ့တဲ့ ကိစ္စရပ်တွေကို မမြင်ခဲ့ဘူးလို့ သဘောထားပေးနိုင်မလား”

“မရတော့ဘူး” ဓားဘုရင်က ပြောလိုက်သည်။

တာဝန်ရှိသူ ရွှယ်ဖန်က ပြောလိုက်၏။ “လီချင်းချိုး....ကျုပ်ရဲ့ နောက်မှာ ရှိနေတဲ့လူက ဆရာကြီး ရန်နန်းဖေးနော်။ ဝူအန်းမြို့စားအိမ်တော် ပြီးတော့ တတိယမင်းသား တို့တောင် ပါတယ်။ ခင်ဗျား ကျုပ်ကို သတ်ရဲ့လား”

ဓားဘုရင်က ပြောလိုက်သည်။ “ဒါက တောရိုင်းကြီးထဲမှာလေ။ ဘယ်သူမှ မသိဘူး”

တာဝန်ရှိသူရွှယ်ဖန်သည် အံကိုကြိတ်ကာဖြင့် ဒေါသတကြီး အော်ဟစ်လိုက်၏။ “ဒါဆိုရင်လည်း အားကုန်ထုတ်ပြီး တိုက်ခိုက်ကြတာပေါ့”

သူ့စကားဆုံးအောင် မပြောရသေးချေ။ သို့ပေမည့် သူ၏ ဦးခေါင်းမှာတော့ လွင့်စင်သွားခဲ့ပြီ ဖြစ်၏။ ပြီးနောက် နွေဦးအိမ်တော်ဆီမှ လုပ်ကြံသတ်ဖြတ်သူများသည် လီချင်းချိုးဆီသို့ တိုးဝင်လာခဲ့ကြ၏။ ၎င်းတို့သည် မီးထဲသို့ တိုးဝင်လျက် ရှိနေသည့် ပိုးဖလံများ ကဲ့သို့ပင်။ အမှန်ပင် ရဲရင့်ပြီး အကြောက်အလန့်လည်း ကင်းလှသည်။

ပြီးနောက် ရှမ့်လန်သည် ကြောက်မက်ဖွယ်ရာ ကောင်းသည့် မြင်ကွင်းမျိုးကို မြင်ခဲ့ရ၏။

ဓားဘုရင်သည် တည်နေရာတွင် မတ်မတ်ရပ်လျက် ရှိနေပြီး ခန္ဓာကိုယ်တစ်ခုလုံး လှုပ်ရှားမှု ကင်းမဲ့နေသည့် ဟန်ပန်မျိုးပင်။ သူ၏ ညာဘက်လက် တစ်ခုတည်းကသာလျှင် ဖြည်းဖြည်းချင်း လှုပ်ရှားနေ၏။ နှစ်မိနစ် အတောအတွင်းမှာပင် နွေဦးအိမ်တော်မှ လုပ်ကြံသတ်ဖြတ်သူ တစ်ဒါဇင်ကျော်တို့သည် သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။

ဤဓားသမားသည် တစ်ချက်ကလေးမှ အထင်ကြီးစရာပုံ မပေါ်ချေ။ သို့ပေမည့် အားလုံးသော သူတို့ကို လွယ်လွယ်ကူကူ သတ်ဖြတ်ပစ်နိုင်၏။ လက်ကလေးကို အသာမြှောက်လိုက်ရုံသာလျှင် ရှိ၏။ ကြည့်ရှုရသည်မှာ သေဆုံးသွားသည့် လုပ်ကြံသူများသည် တစ်ဖက်လူ၏ ဓားထဲသို့ အတင်းတိုးဝင်ကာ အသေခံခြင်းနှင့်ပင် ဆင်တူနေ၏။

ရှမ့်လန် ကြောင်အသွားမိ၏။ သူသည် မနေနိုင်ဘဲ မေးလိုက်မိသည်။ “စီနီယာ ဒါ… စီနီယာရဲ့ ဓားသိုင်းအသစ်လား”

ဓားဘုရင်က ပြောလိုက်၏။ “ဒါ ဓားသိုင်းတစ်ခု မဟုတ်ဘူး”

“ဓားသိုင်းမဟုတ်ဘူး ဟုတ်လား”

ဤလူများသည် ဓားဘုရင်တစ်ယောက် ဓားသိုင်းကွက်ကို ထုတ်ဖော်အသုံးပြုရန် ထိုက်တန်သည့် လူများ မဟုတ်ချေ။ သူ့အနေနှင့် ဓားသိုင်းကွက်ကို ထုတ်ခါ အသုံးပြုရန် အဘယ်ကြောင့် လိုအပ်နေမည်နည်း။

ရှမ့်လန်သည် အနည်းငယ် မနာလိုပင် ဖြစ်သွားမိ၏။ “စီနီယာ… ကျုပ် ဓားလေ့ကျင့်ချင် စိတ်တောင် ပေါက်သွားတယ်”

ဓားဘုရင်သည် ထူးမခြားနားသလို ပြောလိုက်သည်။ “အချိန်ဖြုန်းမနေပါနဲ့”

‘စီနီယာ...ခင်ဗျား စကားကို ဘယ်လိုပြောရမလဲ မသိဘူးလား’

ရှမ့်လန်က မေးမြန်းလိုက်၏။ “စီနီယာ… ကျုပ်မိန်းမက အနာဂတ်မှာ အားကောင်းလာနိုင်လား”

ဓားဘုရင်က ပြောလိုက်သည်။ “အင်း… ပုံမှန်အတိုင်း ဆိုရင်တော့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ မင်းရှိနေတယ်။ မင်းကြောင့် သူမက အနာဂတ်မှာ အရမ်းကို အားကောင်းလာလိမ့်မယ်။ အခြေအနေပေးမယ်ဆိုရင် ပိုပြီးတောင် အားကောင်းလာနိုင်သေးတယ်။ သိုင်းကွက်တွေကို ပြန်ပြီးတော့ သုံးသပ်တဲ့နေရာမှာ မင်းက အရမ်းကို အားကောင်းတဲ့ လူတစ်ယောက်ပဲ။ မင်းလိုမျိုး ပါရမီရှင်တစ်ယောက်ကို ငါ တစ်ခါမှ မမြင်ခဲ့ဖူးဘူး”

ရှမ့်လန်က ပျော်ရွှင်သွား၏။ “စီနီယာ… စီနီယာ ဓားဘုရင်… ခင်ဗျား စကားကို ဘယ်လိုပြောရမလဲ ဆိုတာ ကောင်းကောင်းသိတာပဲ”

ပြီးနောက် ဓားဘုရင်သည် အပြင်ဘက်သို့ လျှောက်ကာ ထွက်သွားသည်။

တစ်ချက်၊ နှစ်ချက်၊ သုံးချက်…

သူသည် ကျူးလန်ထင်၏ အနားတွင် ရှိနေသည့် စစ်သည်တော် အားလုံးကို သတ်ဖြတ်ပစ်လိုက်၏။

“ချီးတဲ့မှ” ပျင်းရိနေသည့် ဓားသမား၏ တိုက်ခိုက်ချက်ကဲ့သို့ပင် ဖြစ်၏။ အားအင်စိုက်ထုတ်မှု တစ်ချက် ကလေးမှပင် ရှိပုံ မပေါ်ချေ။ သို့ပေမည့် တစ်ခါတည်း သတ်ဖြတ်ပစ်ခဲ့သည်။

ကျူးလန်ထင်သည် မည်သို့မှ မတုံ့ပြန်ရသေးခင်မှာပဲ သူ၏ အနားတွင် သက်ရှိလူသားဟူ၍ တစ်ယောက်မှ မရှိတော့ချေ။ အားလုံးသော သူတို့က သေဆုံးသွားခဲ့ပြီ ဖြစ်၏။ သူ တစ်ယောက်တည်းသာလျှင် ကျန်ရှိတော့၏။ ဘာတွေ ဖြစ်နေသနည်း။ သူ၏ ရှေ့တွင် ရှိနေသည့် လူက မည်သူဖြစ်သနည်း။

ဓားဘုရင်က ပြောလိုက်၏။ “ရှမ့်လန်… ငါ ဒီလူကို သတ်လို့မရဘူး”

သူသည် သစ်သားဓားကို အသာချ ပြီးသည့်နောက် ကျူးလန်ထင်၏ ပုခုံးပေါ်သို့ တင်လိုက်၏။ ရှင်းလင်းစွာပင် ဤအရာသည် ပေါ့ပါးလွန်းသည့် သစ်သားဓားတစ်ခုသာ ဖြစ်၏။ သို့ပေမည့် အလေးချိန်အားဖြင့် ၁၀၀၀ ကီလိုဂရမ်ခန့် လေး၏။ ကျူးလန်ထင်သည် မြေပေါ်သို့ ဒူးထောက်ကာ ကျသွား၏။ မလှုပ်ရှားနိုင်ခဲ့တော့ချေ။

ရှမ့်လန်က မေးမြန်းလိုက်သည်။ “ဘာ့ကြောင့်လဲ”

လီချင်းချိုးက ပြောလိုက်၏။ “ငါက နိမ့်ကျစွာ မွေးဖွားလာတဲ့ လူတစ်ယောက်။ ဒါကြောင့် တော်ဝင် မျိုးနွယ်တွေကို မြင်တဲ့ အချိန်တိုင်းမှာ ငါ့စိတ်ထဲမှာ ခြားနားနေတဲ့ အရာတစ်ခုကို ခံစားရတယ်။ ငါ တော်ဝင်မျိုးနွယ်တွေကို သတ်မယ်လို့ စဉ်းစားလိုက်တိုင်း ကြောက်လန့်မှုကို ခံစားရတယ်။ တော်ဝင်မျိုးနွယ်တစ်ခုလုံးနဲ့ ရင်ဆိုင် တိုက်ခိုက်ရတော့မယ်လို့ ခံစားရတာ။ ဒါကြောင့် ငါ သူ့ကို မသတ်ရဲဘူး”

ရှမ့်လန်က တွန့်ခနဲ ဖြစ်သွားသည်။ “စီနီယာ ဓားဘုရင်… ခင်ဗျားလို သိုင်းပညာရှင်ကြီးတစ်ယောက်အနေနဲ့ ဘယ်လိုဖြစ်ပြီး ဒီလို ကြောက်တတ်တဲ့ အတွေးအခေါ်၊ အယူအဆမျိုး ရှိနေရတာလဲ။ ခင်ဗျား တစ်ယောက်တည်းပဲ ဒီလိုရှိတာလား။ ခင်ဗျား သူကို မသတ်ရဲဘူး ဆိုပေမဲ့ ကျုပ် သတ်ရဲတယ်”

မြို့စားလေးတစ်ယောက်ကို မဆိုနှင့်။ ကြီးကျယ်မြင့်မြတ်လှပါသည် ဆိုသောသူကိုပင်လျှင် သူသည် တစ်ချက် ကလေးမှ မျက်တောင်မခတ်ဘဲ သတ်ဖြတ်ပစ်နိုင်၏။ ရှမ့်လန်သည် ကျူးလန်ထင်၏ ရှေ့ဆီ၌ ဆောင့်ကြောင့် ထိုင်ချလိုက်၏။

“ရှမ့်လန်… ဘာ… ဘာလုပ်ချင်တာလဲ။ ငါက မြို့စားလေးနော်။ ဘုရင်မင်းမြတ်ရဲ့ အစိုးရအသစ်ဆီမှာ အလံတိုင်တစ်ခုလို ဖြစ်ခဲ့တာ။ မင်း ငါ့ကို သတ်လို့မရဘူး။ မင်း ငါ့ကို လုံးဝ သတ်လို့မရဘူး”

ရှမ့်လန်သည် ပုလင်းတစ်ခုကို ထုတ်ယူပြီးသည့်နောက် ကျူးလန်ထင်၏ ရှေ့ဆီ၌ ယမ်းခါပြလိုက်သည်။

ကျူးလန်ထင်သည် တုန်ယင်သွားခဲ့မိ၏။ သူ၏ စိတ်ထဲတွင် ရှိနေသည့် အမုန်းတရားများ၊ ဒေါသတရားများ အားလုံးက ကြက်ပျောက် ငှက်ပျောက် ပျောက်ကွယ်သွားခဲ့၏။ သူ၏ စိတ်ထဲတွင် အသက်ရှင်သန်ချင် စိတ်ထားလေးသာ အတိုင်းသား ပေါ်ပေါက်လာခဲ့၏။

“ရှမ့်လန်… ရှမ့်လန်… ငါ မင်းကို တောင်းပန်ပါတယ်။ ငါ့ကို မသတ်ပါနဲ့။ ငါ ကတိပေး… ကတိပေးပါတယ်။ ငါ မင်းရဲ့ ရန်သူ မလုပ်တော့ပါဘူး။ ဘယ်တော့မှ မင်းကို ငါ မပုန်ကန်တော့ပါဘူး။

ရှမ့်… ငါ မင်းကို အတိတ်တုန်းက ပြဿနာရှာခဲ့မိတဲ့အတွက် မျက်လုံးကန်းခဲ့ပါတယ်။ ငါ မှားခဲ့ပါတယ်။ ငါ တကယ့်ကို မှားခဲ့တာပါ။

ဆရာရှမ့်… ဒီနှစ်ပိုင်းအတွင်းမှာ ကျုပ်အတွက် အသက်ရှင်နေထိုင်ရဖို့ ဆိုတာ လွယ်ကူခဲ့တာ မဟုတ်ဘူး။ ဒီနေ့က စပြီးတော့ ခင်ဗျား ခိုင်းချင်တာ ခိုင်းပါ။ ကျုပ် အကုန် လုပ်ပေးပါ့မယ်”

ရှမ့်လန်သည် ကျူးလန်ထင်တစ်ယောက် ဤကဲ့သို့ တောင်းပန်နေသည်ကို မြင်ရသည့် အချိန်မှာတော့ ပိုမိုကာ ရွံရှာသွားခဲ့မိ၏။ ထျန်းဟန်သည် မာကျောသည့် သတ္တိတရားကို ပိုင်ဆိုင်၏။ မသေခင်ပင်လျှင် ကျယ်လောင်စွာ အော်ဟစ်ကာ ဆဲဆိုခဲ့သေးသည်။

ရှမ့်လန်က ပြောလိုက်၏။ “ကြောက်မနေနဲ့။ ခင်ဗျား ဆေးသောက်ဖို့ အချိန်ရောက်ပြီ”

ပြီးနောက် သူသည် ပုလင်းလေးကို အသာလှုပ်ခါ ပြလိုက်၏။ ပုလင်းထဲတွင် ရှိနေသည့် ဆေးများကို ကျူးလန်ထင်၏ ပါးစပ်ထဲသို့ ထည့်လိုက်၏။ ပုလင်းထဲတွင် ရှိနေသည့် အရာများသည် ဆာဖျူရစ်အက်ဆစ်များပင် ဖြစ်သည်။

ခဏလောက် ကြာပြီးနောက် ကျူးလန်ထင်၏ ပါးစပ်ထဲမှာ အငွေ့များ ထွက်ပေါ်လာခဲ့၏။

“အား… အား…”

မြို့စားလေး ကျူးလန်ထင်သည် နာကျင်လွန်းစွာဖြင့် ဆိုးဆိုးဝါးဝါး အော်ဟစ်လျက် ရှိ၏။ သူသည် ငရဲကြီး ၁၈ ထပ်ဆီသို့ ရောက်ရှိသွားသကဲ့သို့ပင် ခံစားနေမိ၏။ ၁၅ မိနစ်နီးပါးခန့် အကြီးအကျယ် အော်ဟစ်ပြီးသည့်နောက် နောက်ဆုံးတွင် သေဆုံးသွားခဲ့သည်။

.............

တစ်ချိန်တည်းမှာပဲ ရွှမ်ဝူအိမ်တော်သည် သူတို့၏ ရေရှည်မျှော်လင့် စောင့်စားနေရသည့် ဧည့်သည်တစ်ယောက်ကို ကြိုဆိုနေရ၏။ ထိုသူသည် ဝူအန်းမြို့စားအိမ်တော်ဆီမှ သမီးတော်၊ ကျင်းမူကုန်း၏ စေ့စပ်ထားသည့် မိန်းကလေး ရွှယ်လီပင် ဖြစ်၏။ မြို့စားကြီးကျင်းကျိုးသည် သူမကိုယ်တိုင် ရောက်ရှိလာမည်ကို မထင်မှတ်ခဲ့ချေ။

..........

တူညီစွာပဲ နုရှောင့်မြို့ထဲတွင် လေးရက်တိတိ စောင့်ဆိုင်းလျက် ရှိနေသည့် ရှစ်ချင်းချင်းသည် နောက်ဆုံးမှာတော့ ဒဏ္ဍာရီလာ နတ်ဆိုးမဟု ကျော်ကြားသော ချောင်ယောင်းအာ နှင့် တွေ့ခဲ့၏။

.........

“အင်း”

မြို့စားလေး ကျူးလန်ထင်၏ အလောင်းကို ကြည့်ရှုပြီး ရှမ့်လန်သည် သက်ပြင်းကို ချလိုက်မိ၏။ တစ်ဖက်လူ၏ အသွင်အပြင်အမူရာသည် ရွံရှာစရာပင် ကောင်းလှ၏။ ခန္ဓာကိုယ်တစ်ခုလုံးက အက်စစ်များ၏ စားသုံးခြင်းကို ခံလိုက်ရပြီး ၎င်း၏ မြင့်မားသည့်ခန္ဓာကိုယ်သည် ဘောလုံးတစ်လုံးကဲ့သို့ပင် ကွေးညွတ်သွားခဲ့သည်။

“စီနီယာ ဓားဘုရင်… လောကကြီးမှာ ရှိနေတဲ့ လူတွေ အကုန်လုံးကို ကံကြမ္မာက အရူးလုပ်ခဲ့တယ်နဲ့တူတယ်။ တစ်ခါတစ်ရံမှာ ယောက်ျားတွေက လုပ်ချင်တာကို လုပ်ကြတယ်။ ဒါပေမဲ့ နတ်ဘုရားကတော့ အရာအားလုံးကို ကြိုပြီး သိနေသလို ဖယ်ရှားပစ်တတ်တယ်”

ရှမ့်လန်က ပြောလိုက်၏။ “ကျုပ် အားတဲ့အချိန်မှ ဒီလူကို သတ်ဖို့ စဉ်းစားခဲ့တယ်။ ဒါပေမဲ့ မထင်မှတ်ထားလောက်အောင်ပဲ သူက ကျုပ်ဆီကို လာပြီး အသေခံခဲ့တာကိုး”

လီချင်းချိုးသည် မည်သို့ ပြန်လည်ပြောဆိုရမှန်း မသိခဲ့ချေ။ မူလအားဖြင့် ရွှမ်ဝူအိမ်တော် ဒုက္ခရောက်လျက် ရှိနေပြီး ရှောင်ရှား၍ မရနိုင်တော့ကြောင်း သူ တွေးတောမိ၏။ သို့ပေမည့် ယခု ဖြစ်နိုင်သည်မှာ သူ စိုးရိမ် ပူပန်လွန်နေခြင်းသာလျှင် ဖြစ်ပေလိမ့်မည်။

ပြီးနောက် ရှမ့်လန်သည် မြေပေါ်တွင် ရှိနေသည့် အလောင်းများကို နေရာစတင်ကာ ရွှေ့၏။ သူသည် လန်ရှန်မြို့စားလေး အိမ်တော်နှင့် နွေဦးအိမ်တော်တို့ ရင်ဆိုင်တိုက်ခိုက်ပြီး သေဆုံးသွားခဲ့သည်ဖြစ်ကြောင်း ဖန်တီးနေခြင်းပင် ဖြစ်၏။

“ဒီလိုမျိုး လူတွေကို အရူးလုပ်လို့ မရဘူး” လီချင်းချိုးက ပြောလိုက်သည်။

ရှမ့်လန်က ပြောလိုက်၏။ “အင်း… သဲလွန်စမရှိတဲ့ ပြစ်မှုဆိုတာ မရှိဘူးလေ။ ဒါပေမဲ့ တစ်စုံတစ်ယောက်ကိုတော့ စဉ်းစားဖို့ အခြေအနေတစ်ခု ဖန်တီးပေးရမှာပေါ့။ ဘာမှ မရှိတဲ့ အဖြေလွှာထက်စာရင် အဖြေလွှာ အတုကလည်း ကောင်းမွန်တဲ့ အရာတစ်ခုပဲလေ။ မဟုတ်ရင် ဒေသခံအရာရှိတွေက ခက်ခဲတဲ့ အရာမျိုးကို ရင်ဆိုင်ရမှာ မဟုတ်လား”

ဤအရာသည် စာမေးပွဲခန်းထဲ၌ မည်သည့် မေးခွန်းတစ်ခုကိုမှ မဖြေဆိုနိုင်ခြင်းနှင့် ဆင်တူလှ၏။ ထိုအရာအားလုံးကို မဖြေဆိုဘဲ စာရွက်အလွတ်တစ်ခုကို ပြန်လည်ကာ ပေးအပ်၍ မဖြစ်ချေ။ မရှိ ရှိသည့် အရာများကို လျှောက်ကာ ရေးခြစ်ရမှာ ဖြစ်၏။ မဟုတ်ပါက ပညာရေးဝန်ကြီးဌာနနှင့် အရာရှိများအားလုံးကို အထင်မြင်သေး ဆက်ဆံသလို ဖြစ်ပေလိမ့်မည်။

…….

ပြီးနောက် ရှမ့်လန်သည် ရထားလုံးပေါ်သို့ အသာတက်လိုက်၏။

လီချင်းချိုးသည်လည်း ခါးကုန်းကုန်းနှင့် အဘိုးအိုအဖြစ်သို့ ပြန်လည်ကာ ပြောင်းလဲကာဖြင့် လာရာခရီးဆီသို့ ပြန်လည်ကာ ခရီးနှင်သည်။

“စီနီယာ… ဓားဘုရင်… အရင်ဓားဘုရင်တိုင်းမှာ သမီးတွေ ရှိခဲ့တယ်။ ခင်ဗျားဆီမှာ …” ရှမ့်လန်သည် ထိုအရာကို ဆက်လက် မမေးမြန်းခင်မှာပင် တွန့်ဆုတ်သွားမိ၏။

လီချင်းချိုးက ပြောလိုက်သည်။ “ကျုပ်ဆီမှာလည်း ကလေးရှိတာပေါ့။ ဒါပေမဲ့ မထိန်းသိမ်းနိုင်ခဲ့ဘူးလေ”

“တောင်းပန်ပါတယ်” ရှမ့်လန်က ပြောလိုက်၏။ သူသည် စိတ်ထဲတွင် မသက်မသာ ခံစားသွားရ၏။

လီချင်းချိုးက ပြောလိုက်သည်။ “အင်း… နှစ်ပေါင်း ၂၀ လောက် နာကျင်ခဲ့ရတာလေ။ ကျုပ် အခုတော့ သည်းခံနိုင်နေပါပြီ”

ဤအကြောင်းအရာကြောင့်ပင် သူတို့နှစ်ယောက်ကြားသည် နှစ်နာရီကျော်ကြာ ပြန်လည်ကာ တိတ်ဆိတ်သွားခဲ့၏။ သူတို့သည် ရေကန်တစ်ခုကို ဖြတ်သွား၏။ အလွန်လှပသည့် မြင်ကွင်းကို ကြည့်ရှုရင်း စိတ်အပန်းဖြေရမည် မဟုတ်ပါလား။

ရှမ့်လန်က အသာပင် မေးမြန်းလိုက်၏။ “စီနီယာ ဓားဘုရင်… ပင်လယ်ဓားပြ ချောင်ယောင်းအာက အဲ့လောက် လှလား”

လီချင်းချိုးသည် ခဏလောက် တုံ့ဆိုင်းသွား၏။ ပြီးနောက် ပြောလိုက်သည်။ “ဘယ်လိုပြောရမလဲ ငါ မသိဘူး”

ရှမ့်လန်က ပြောလိုက်၏။ “သူမက မိန်းမတွေကို ကြိုက်တယ်လို့ ကြားခဲ့တယ်။ အဲတာ အမှန်ပဲလား”

လီချင်းချိုးသည် ခဏလောက် တုံ့ဆိုင်းသွားခဲ့သည်။ “အင်း… ငါ ဘယ်လိုပြောရမလဲ မသိဘူး”

ဓားဘုရင်သည် လိင်စိတ်ကို မှတ်ချက်ပေးသည့် နေရာတွင်လည်း ကောင်းမွန်သည့် လူတစ်ယောက် မဟုတ်ချေ။

သို့ပေမည့် ရှမ့်လန်မှာတော့ တကယ်ကို စကားများသည့် လူတစ်ယောက်ဖြစ်၏။ ထို့ကြောင့် လမ်းတစ်လျှောက်တွင် ရှမ့်လန်သည် စကားကို တော်တော် ပြောဆိုခဲ့၏။ ဓားဘုရင်မှာတော့ စကား နည်းနည်းပါးပါးသာ ပြောဆို၏။

အဆုံးသတ်မှာတော့ ဓားဘုရင်သည် ရထားလုံးမောင်းနေရင်း အတွင်းအား ကျင့်ကြံခြင်းကို ပြုလုပ်လျက် ရှိနေ၏။ ထန်ယင်ကို တပည့်အဖြစ် ခေါ်ဆိုခဲ့သည်ဖြစ်ခြင်းမှာ သံသယ ရှိစရာမလိုအပ်ခဲ့ခြင်းပင်။ အဘယ်ကြောင့် ဆိုသော် စကား ထွေထွေထူးထူးပြောနေစရာ မလိုအပ်သောကြောင့်ပင်။

.......

ဝူအန်းအိမ်တော်၏ သမီးတစ်ယောက် ဖြစ်သော ရွှယ်လီသည် ရွှမ်ဝူအိမ်တော်အတွင်းသို့ လှမ်းဝင်လာခဲ့၏။ မူလအားဖြင့် ဤဆယ်စုနှစ်နီးပါး ရှိသော အခြေခံများကို ပိုင်ဆိုင်သည့် တော်ဝင်မိသားစုဆီမှ အမျိုးသမီး များသည် သူတို့၏ မျိုးရိုးဗီဇအရ လှပလာကြ၏။

ဟုတ်ပေ၏။ တချို့သော ရုပ်ဆိုးသည့် မင်းသမီးငယ်လေးများလည်း ရှိသည်မှာ သဘာဝပင် ဖြစ်၏။ ပြောရမည် ဆိုလျှင် ရွှယ်လီသည် အလွန်လှပလွန်း၏။ ထို့အပြင် သူမသည် မောက်မာလွန်းသည့် အလှအပ တရားများကို ပိုင်ဆိုင်ပြီး အားလုံးသော သူတို့၏ အထက်တွင် တည်ရှိနေသည့် လူကဲ့သို့ပင်။ ပြောရမည် ဆိုလျှင် သူမသည် စိတ်တိုစရာကောင်းလောက်အောင် လှပသူတစ်ယောက် ဖြစ်သည်။

ရွှယ်လီသည် ရွှမ်ဝူအိမ်တော်ကို ဘာမှ မထူးခြားသလို ဟန်ပန်မျိုးနှင့်ပင် လှမ်းကာ ကြည့်ရှုလိုက်၏။

အချိန် ရေစီးကြောင်းက စီးဆင်းသွားခဲ့ပြီ ဖြစ်၏။ ယခင်တုန်းက ရွှယ်မိသားစုသည် ဓားပြများ၏ တိုက်ခိုက်မှုကို ခံခဲ့ရပြီးသည့်နောက် အလုံးစုံ သုတ်သင်ခံရလုနီးပါး ဖြစ်ခဲ့၏။ အဖွဲ့ဝင်တော်တော်များများသည်လည်း သတ်ဖြတ်ပစ်ခံရ၏။ ကျင်းကျူးမြို့စားကြီး ရောက်ရှိလာခဲ့ပြီး ကယ်တင်ခြင်းသာ မရှိပါက ရွှယ်အိမ်တော် တစ်ခုလုံးသည် သုတ်သင်ခြင်းကိုခံရမှာ ဖြစ်၏။ ယခင်တုန်းက ရွှယ်မိသားစု၏ တစ်ဦးတည်းသော ကလေး ရွှယ်ဖန်သည် ကျင်းကျူး၏ တိုက်ရိုက်တပည့် ဖြစ်လာခဲ့ပြီး အသက် ၄၀ အရွယ်တွင် သိုင်းဆရာကြီး တစ်ယောက် ဖြစ်လာခဲ့သည်။

ပြီးနောက် ရွှယ်မိသားစုသည် အင်အားစုနှစ်ခုအဖြစ် ပိုင်းခြားသွားခဲ့၏။ ဝူအန်းမြို့စားအိမ်တော်နှင့် တောင်ပင်လယ် ဓားဂိုဏ်းပင် ဖြစ်၏။ ရွှယ်မိသားစုသည် အသတ်ခံရမည်ကို တကယ်ပင် ကြောက်လန့်ခဲ့၏။ ထို့ကြောင့် အဆင့်မြင့် သိုင်းပညာများ ရှိမှသာလျှင် လုံခြုံမှုကို ခံစားရမည်ဟု သူတို့က ထင်မှတ်ခဲ့၏။

နှစ်ပေါင်းတစ်ရာကျော် ကြာမြင့်ပြီးနောက် ဝူအန်းမြို့စားအိမ်တော်နှင့် တောင်ပင်လယ် ဓားဂိုဏ်း တို့သည် တကယ့်ကို ကြီးမားသည့် အင်အားကြီး အဖွဲ့အစည်းအများအဖြစ် ဖြစ်တည်လာခဲ့၏။ သူတို့ မိသားစု တစ်ခုလုံးတွင် ပါရမီရှင်များနှင့် ပြည့်နှက်လာခဲ့သည်။

အခြားတစ်ဖက်က ကြည့်ရှုရမည် ဆိုလျှင် ရွှမ်ဝူအိမ်တော်မှာတော့ ပါရမီရှင်များကို ဆုံးရှုံးခဲ့၏။ နိမ့်ကျသည့် သမက်တော်တစ်ယောက်က ပြဿနာရှာသည့် အခြေအနေမျိုးဆီသို့ပင် ရောက်ရှိနေ၏။ မည်မျှ နာကျင်စရာ ကောင်းလိုက်သနည်း။

ကျင်းချန်ကျွန်း တိုက်ပွဲတွင် ကျင်းမိသားစုမှ အနိုင်ရယူခဲ့၏။ သို့ပေမည့် ထိုကဲ့သို့ အောင်ပွဲသည် ရှုံးနိမ့်သည် ထက်ပင် ပိုမိုကာ ဆိုးရွား၏။ သေးငယ်သည့် သမက်တော်လေးတစ်ယောက်သည် ကျင်းမိသားစု ဖျက်ဆီးခံရမည့် ကံကြမ္မာကို ပြောင်းလဲနိုင်မည်လား။ ကျိန်းသေပေါက် ပြုလုပ်နိုင်လိမ့်မည် မဟုတ်ချေ။

ထို့ကြောင့် ရွှယ်လီသည် သူ၏ စိတ်ထဲတွင် ရှိနေသည့် မောက်မာမှု၊ ဝင့်ကြွားမှုများကို အစွမ်းကုန် ထုတ်ဖော်လျက် ရှိနေ၏။ သူတို့၏ ရွှယ်မိသားစုသည် ကောင်းကင်ထက်တွင် ရှိနေသည့် နေလုံးတစ်စင်းကဲ့သို့ပင် ဖြစ်ပြီး ကျင်းမိသားစုမှာတော့ သုတ်သင်ခံရလုနီးပါး ဖြစ်နေသည့် အခြေအနေမျိုးပင်။

ဝူအန်းမြို့စားအိမ်တော်နှင့် တောင်ပင်လယ် ဓားဂိုဏ်းတို့သည် ကျင်းကျူးမြို့စားကြီး၏ ကြင်နာမှုအတွက် ကံကောင်းခဲ့ကြခြင်း ဖြစ်၏။ ထိုသို့ဆိုလျှင် ရွှယ်လီသည် ကျင်းကျူးမြို့စားကြီးကို ကျေးဇူးတင်ရမည်လား။ ဟုတ်ပေ၏။ သူမ ကျေးဇူးတင်၏။ သို့ပေမည့် တခြားသော စကားတစ်ခု ဖြစ်၏။ ထိုကဲ့သို့ ကျေးဇူးတင်တရားသည် ထာဝရကျေးဇူးတင်နေရမည့် အရာမျိုး မဟုတ်ချေ။ ပေးသင့်သည့် အရာများကို ပေးအပ်ပြီးနောက် ကျေးဇူးတရား ဆိုသည်မှာ ပျောက်ကွယ်သွားရမှာ ဖြစ်၏။

သူတို့၏ ရွှယ်မိသားစုသည် လက်ရှိအခြေအနေ၌ ရွှမ်ဝူအိမ်တော်နှင့် ခပ်ဝေးဝေးသည့် နေရာတွင် နေထိုင်ချင်၏။ အခြားတစ်ဖက်က ကြည့်ရမည် ဆိုလျှင်တော့ တစ်ဖက်မှ ကျင်းမိသားစုသည် အသိတရား မရှိကြချေ။ မိသားစုနှစ်စုကြားတွင် ရှိနေသည့် လက်ထပ်ပွဲသည် နှစ်အနည်းငယ်ကြာ နှောင့်နှေးသွားခဲ့ပြီ ဖြစ်၏။ ထိုသို့ဆိုလျှင် သူတို့၏ ရည်ရွယ်ချက်ကို ကြိုတင်ကာ မြင်သင့်သည် မဟုတ်ပါလား။ အဘယ့်ကြောင့် စာရေးသားကာဖြင့် စေ့စပ်ပွဲအကြောင်း မေးမြန်းခဲ့ရသနည်း။ ဂုဏ်သိက္ခာတရား တည်ရှိနေခြင်းသည် ကောင်းသောအရာ ဖြစ်၏။ မိမိဂုဏ်သိက္ခာတရားကို မိမိ ဖျက်ဆီးခြင်းမှာ မကောင်းလှပေ။

………..

All Chapters