← Chapters

အခန်း (၁၇၄)

Vol. 13 Ch. 174

အခန်း (၁၇၄)

Vol. 13 Ch. 174

ရွှမ်ဝူအိမ်တော်မှ မိသားစုလေးယောက်တို့သည် ရွှယ်လီကို လာရောက်ကာ ကြိုဆိုကြ၏။

“တူမလေး.. ဒီတစ်ခေါက် ဘာလာလုပ်တာလဲ” ကျင်းကျိုးမြို့စားကြီးက မေးမြန်းလိုက်သည်။

ရွှယ်လီက ပြောလိုက်၏။ “စေ့စပ်ပွဲကို လာပြီး ဖျက်သိမ်းတာပါ”

“ဘာ…”

မည်မျှ တိုက်ရိုက်ဆန်လှသနည်း။ ရန်နန်းဖေးသည် နည်းဗျူဟာကျကျ မည်ကဲ့သို့ ပြောဆိုရမည်ကို ကောင်းကောင်း နားလည်၏။ သို့ပေမည့် သူ၏ သမီးမှာတော့ မဟုတ်ချေ။

ကျင်းကျိုးမြို့စားကြီး၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့၏။ မျက်နှာပြင်ထက်တွင် တော်ဝင် မိသားစုများသည် တစ်ယောက်နှင့်တစ်ယောက် ရိုသေကိုင်းရှိုင်းခဲ့ကြ၏။ လေးစားသမှုလည်း ရှိကြသည်။ သို့ပေမည့် ရွှယ်မိသားစုသည် တကယ်ပင် စေ့စပ်ပွဲကို ဖျက်သိမ်းချင်သည်ဆိုပါက ကျိန်းသေပေါက် ပြုလုပ်စရာ ရှိသည်များကို သေသေချာချာ ပြုလုပ်ရမည် မဟုတ်ပါလား။

ဥပမာအားဖြင့် “ကျုပ်တို့ ရွှယ်မိသားစုရဲ့သမီး ရွှယ်လီက နေမကောင်းဖြစ်နေတယ်။ ဒါကြောင့် ခင်ဗျားတို့ သားအပေါ် ကူးစက်မှာ စိုးရတယ်။ ဒါကြောင့် စေ့စပ်ပွဲကို ကျုပ် ရွေးချယ်မှုမရှိဘဲ ဖျက်သိမ်းချင်ပါတယ်”

ထိုကဲ့သို့ ပြောဆိုပြီး နှစ်ဝက်လောက် နေမကောင်းဟန် ဆောင်လိုက်သည်ဆိုပါက အရာအားလုံး ပြီးဆုံးသွား မည်ဖြစ်၏။

သို့မဟုတ် “ကျုပ်ရဲ့သမီး ရွှယ်လီက ဗုဒ္ဓရဲ့လမ်းစဉ်ကို နှစ်သက်နေတယ်။ ဒါကြောင့် သူမက သီလရှင်ဝတ်ဖို့ စိတ်ဝင်စားနေတယ်။ ဘယ်သူနဲ့မှ စေ့စပ်ကြောင်းလမ်းမှာ မဟုတ်ပါဘူး”

ပြီးနောက် ရွှယ်လီသည် နှစ်ဝက်လောက် ဗုဒ္ဓဘာသာ၏ လမ်းစဉ်ကို ကျင့်ကြံရန်သာရှိ၏။ အနာဂတ်၌ သူမ လက်ထပ်ချင်သည်ဆိုပါက ဗုဒ္ဓဘာသာလမ်းစဉ်ကို လိုက်ရန် ကံကြမ္မာ မရှိဟု ပြောဆိုလိုက်ရုံနှင့် အရာအားလုံးက ပြီးဆုံးသွားပေမည်။

ရက်စက်လွန်းသည့် အရာရှိဖြစ်သော ကျန်းချုံးပင်လျှင် စေ့စပ်ပွဲကို ဖျက်သိမ်း၍ မဖြစ်နိုင်ကြောင်း ကောင်းကောင်းသိ၏။ ထို့ကြောင့်သာလျှင် သူသည် တစ်ဖက်လှည့်ဖြင့် ရှစ်ချင်းချင်းတို့ မိသားစုကို သတ်ဖြတ် ခဲ့ခြင်းဖြစ်၏။

တစ်ဖက် ရွှယ်မိသားစုမှတော့ တကယ့်ကို ကြမ်းတမ်းလွန်းလှချေ၏။ လူမြင်ကွင်းတွင် တိုက်ရိုက် ဗြောင်ကျကျဖြင့် စေ့စပ်ပွဲကို လာရောက်ဖျက်သိမ်းလျက် ရှိနေသည်။

ရွှယ်လီက ပြောလိုက်၏။ “ကျွန်မရဲ့မိဘတွေက ကျွန်မရဲ့လက်ထပ်ပွဲနဲ့ ပတ်သက်ပြီး နေ့စဉ်နေ့တိုင်း စိုးရိမ်ပူပန်နေရတယ်။ သူတို့က စေ့စပ်ပွဲကို ဖျက်ချင်တယ်။ ဒါပေမဲ့ ဘာအကြောင်းအရာကို ရှာဖွေရမှန်းလည်း မသိဘူး။ ဒါကြောင့် တစ်နှစ်ပြီးတစ်နှစ်နဲ့ ဒီအချိန်ထိ ရောက်လာခဲ့တာပေါ့။ ကျွန်မတော့ ဒီလို အဖြစ်မခံနိုင်ဘူး။ ဒါကြောင့် ဒီနေရာကို ရောက်လာပြီး ဗြောင်ကျကျနဲ့ စေ့စပ်ပွဲကို လာရောက်ဖျက်သိမ်းရတာပဲ”

ဤကဲ့သို့ ကိုယ်ရည်ကိုယ်သွေးနှင့် လူများ ရှိနေသေးသည်လား။ တခြားသူများ၏ ဂုဏ်သိက္ခာကို နင်းချေပြီး မိမိ လိုချင်တာကို ရယူနိုင်စွမ်း ရှိနေသည့် လူဟု မိမိကိုယ်ကိုယ် သတ်မှတ်ထားလေသည်လား။ တကယ့်ကို ရွံရှာဖွယ်ရာ ကောင်းလွန်းလှသည်။

“အင်း ဒီကိစ္စကြောင့်ပဲ ကျွန်မ နန်းမြို့တော်ကနေ ဒီကို ရောက်ရှိလာတာပဲ။ ကျွန်မ မိဘတွေကတော့ မသိသေးဘူး”

ရွှယ်လီက ပြောလိုက်၏။ “နှစ်ဖက်မိသားစုရဲ့ ဂုဏ်သိက္ခာတွေ မပျက်စီးစေဖို့ ၊ ကျွန်မ စေ့စပ်ပွဲကို ဖျက်သိမ်းပေးဖို့အတွက် ရွှမ်ဝူကို တောင်းဆိုချင်တယ်။ ဒီနည်းလမ်းနဲ့ နှစ်ဖက်မိသားစုတွေ အကုန်လုံးက ပျော်ရွှင်နိုင်လိမ့်မယ်”

ရွှမ်ဝူသည် ခန္ဓာကိုယ် တစ်ခုလုံး တုန်ယင်သွားခဲ့ပြီး သူ၏ မျက်နှာတစ်ခုလုံးတွင်လည်း အရှက်တရားများ ပေါ်ပေါက်လာခဲ့သည်။

တခြားတစ်ဖက်ကကြည့်ရမည်ဆိုလျှင် စုဖေ့ဖေ့မှာတော့ တည်ငြိမ်လျက် ရှိနေလေ၏။ သူမ၏ လက်သည်းများ သည် လက်ဝါးကို စိုက်သည်အထိ လက်သီးကို ဆုပ်ထား၏။

ကျင်းမူကုန်း၏ မျက်နှာတစ်ခုလုံးက နီရဲလျက် ရှိနေလေ၏။ မျက်လုံးများသည် သွေးကဲ့သို့ပင် နီရဲနေခဲ့၏။ သူသည် တကယ့်ကို ကြီးမားလွန်းသည့် အရှက်တရားကို ခံစားနေရသည့်ပုံပင်။

ရွှယ်လီသည် ကျင်းမူကုန်းကို လှမ်းကာ ကြည့်ရှုလိုက်၏။ “ရှင်က အသုံးမဝင်တဲ့ ဝက်တစ်ကောင်ပဲ။ ဘယ်လို ဖြစ်ပြီး ကျွန်မရဲ့ ယောက်ျားဖြစ်ချင်နေရတာလဲ။ အိမ်မက်မက်နေလိုက်။ ငန်းသားစားချင်တဲ့ ဖားပြုတ်လို ဖြစ်နေပြီ။ ကျွန်မ ရွှယ်လီက မိဘုရားကျူးရဲ့ မွေးစားသမီးတစ်ယောက်လည်း ဖြစ်တယ်။ ပြီးတော့ ချမ်းသာတဲ့ မိသားစုသမီးတွေထဲမှာမှ တော်ဝင်ဆန်လွန်းတဲ့ ပါရမီရှင် မိန်းကလေးတစ်ယောက်လည်း ဖြစ်တယ်။ ပြီးတော့ ကျွန်မမှာ စောစောစီးစီးတည်းက ချစ်သူရှိပြီးသား။ ကျွန်မရဲ့ မွေးစားအမေ မိဘုရားကျူး ကိုယ်တိုင် သဘောတူထားတာ။ နယ်စားတစ်ယောက်ရဲ့ သားဖြစ်သလို သိုင်းပညာမှာလည်း တကယ့်ကို ကျွမ်းကျင်တယ်။ သူ့ရဲ့ ဆံပင်မွေးတစ်မွေးလောက်ကိုတောင်မှ ရှင် ... ကျင်းမူကုန်း ယှဉ်ပြိုင်နိုင်မှာ မဟုတ်ဘူး”

ကျူးကလန် - ရွှဲ့ပြည်နယ်၏ ဒုတိယမြောက် အအိုမင်းဆုံးသော တော်ဝင်မျိုးနွယ်မိသားစုလည်း ဖြစ်၏။ စစ်တပ်တွင် ဒုတိယနေရာ၌ ရှိပြီး တကယ့်ကို ထိပ်တန်းစစ်သည်များ တည်ရှိနေသည့် အရာပင်။ ရွှဲ့ပြည်နယ်၏ အရှေ့ဘက် စစ်တပ်ကြီးသည် ချူပြည်နယ်နှင့် ရင်ဆိုင်တိုက်ခိုက်လျက် ရှိနေ၏။ ထိုအရာသည် ၎င်းတို့က ဦးစီးကာ တိုက်ခိုက်နေရခြင်း ဖြစ်၏။

ဤကဲ့သို့ အားကောင်းသည့် မိသားစုသည် ဘုရင်မင်းမြတ်ဆီမှ မူဝါဒသစ်မီးတောက်၏ ကျွမ်းလောင်ခြင်းကို မခံရချေ။ ထို့အပြင် မိဖုရားကျူးသည် အရှေ့ပိုင်းနယ်စားအိမ်တော်ဆီမှ ဆင်းသက်လာခဲ့သည့် သူတစ်ယောက်ဖြစ်ပြီး တတိယမင်းသား၏ အမေလည်း ဖြစ်၏။ ပြောရမည်ဆိုလျှင် ကျူးကလန်သည် တတိယမင်းသားကို ထောက်ပံ့နေရုံသာမက အိမ်ရှေ့စံမင်းသားကို ဆန့်ကျင်ရန်ပင် ယုံကြည်ချက် ရှိနေသည့် မျိုးနွယ်စုဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ရွှယ်လီသည် မိဖုရားကျူး၏ မွေးစားခြင်းကို ခံခဲ့ရပြီး ကျူးရှစ်ရှစ်နှင့်အတူ ကြီးပြင်းလာခဲ့သူ တစ်ယောက်ဖြစ်၏။ ထို့ကြောင့် ကျူးကလန်၏ အကြောင်းအရာအားလုံးကို သူမက အသားကျလျက် ရှိ၏။ ထို့ကြောင့် သူမသည် အလွန်အမင်း မောက်မာနေခြင်းပင် ဖြစ်၏။

အရှက်ကွဲမှုကို ခံရပြီးနောက် ကျင်းမူကုန်းသည် အချိန်အတော်ကြာမှ တုန့်ပြန်နိုင်ခဲ့၏။ သူသည် ခက်ခက်ခဲခဲဖြင့် စကားပြောလိုက်သည်။

“ရွှယ်လီ.. မင်း တစ်စုံတစ်ခုကို မှတ်မိနေလိမ့်မယ်လို့ ကျုပ် မျှော်လင့်မိတယ်” ကျင်းမူကုန်းသည် စကား တစ်ခုချင်းစီကို ခက်ခက်ခဲခဲ ပြောလိုက်၏။

ရွှယ်လီသည် အသာလှမ်းကြည့်ကာဖြင့် မေးလိုက်သည်။ “ဘာလဲ”

“ဘဝဆိုတာ အနိမ့်အမြင့် အတက်အကျတွေနဲ့ ပြည့်နှက်နေတာ။ လူငယ်တွေကို အနိုင်ကျင့်ဖို့ မဖြစ်နိုင်ဘူး”

ကျင်းမူကုန်းသည် အံကိုကြိတ်ကာဖြင့် ပြောလိုက်၏။ “ကျုပ်.. ကျုပ်ရဲ့ယောက်ဖက မင်းကို လက်လွှတ်ပေးမှာ မဟုတ်ဘူး”

ပြီးသည့်နောက် ကျင်းမူကုန်းသည် မျက်ရည်များ ကျဆင်းလာခဲ့၏။ ပြီးနောက် အထဲသို့ လှည့်ကာ ပြေးဝင်သွားခဲ့လေ၏။

‘သောက်တလွဲကောင်’

ရွှယ်လီသည် ကျင်းမူကုန်၏ နောက်ကျောကို လှမ်းကြည့်ရင်း စိတ်ထဲတွင် ပိုမိုကာ အထင်အမြင် သေးလာခဲ့သည်။

“အင်း ဒီစကားကို သေချာမှတ်သားထားပါ။ နှုတ်ဆက်ပါတယ်။ အခု နန်းမြို့တော်ကို ကျွန်မ ပြန်ရအုံးမယ်” ပြီးနောက် ရွှယ်လီက ချက်ချင်း ထွက်ခွာသွားခဲ့၏။

မူလန်သည် ဒေါသကြောင့် တုန်ယင်လျက် ရှိနေ၏။ သူမသည် ဤကဲ့သို့ ရုန့်ယင်းရိုင်းစိုင်းသော တော်ဝင်မျိူးနွယ် အမျိုးသမီးတစ်ယောက်ကို မြင်ရသည်မှာ ဒုတိယအကြိမ်သာလျှင်ဖြစ်၏။ ပထမတစ်ကြိမ်သည် ကျူးရှစ်ရှစ် ဖြစ်လေ၏။ ကျူးကလန်၏ သမီးတစ်ယောက်ပင်ဖြစ်၏။ ယခင်တုန်းက မူလန်၏ ရင်ဘတ်ကို ဒဏ်ရာရရှိအောင် ပြုလုပ်ခဲ့သူ ဆိုသည်မှာ သူမပင်။ ဒဏ်ရာ ပြန်လည်ကောင်းမွန်သွားခဲ့သည် ဆိုလျှင်တောင်မှ မကြာသေးခင်ကသာ ဖြစ်၏။ သူမ၏ ယောက်ျားသည် သူမ၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် အကြောနှင့် သွေးကြောများ၏ ထိခိုက်ဒဏ်ရာ ရရှိမှုများကို သေသေချာချာ ကုသပေးခဲ့ရသည်။

ရွှယ်လီသည် ကျူးရှစ်ရှစ်၏ အနောက်သို့ နှစ်ပေါင်းများစွာ လိုက်ခဲ့ပြီးသည့်နောက် သူမ၏ မောက်မာမှု၊ သူမ၏ ဆိုးရွားသည့် အမူအကျင့် အားလုံးကို သင်ယူလေ့လာနိုင်ခဲ့သည်ဟု ဆိုရပေမည်။ ကံဆိုးစွာဖြင့် ရွှမ်ဝူ အိမ်တော်သည် ဤကဲ့သို့ မောက်မာသည့် အမျိုးသမီးကို ခွန်းတုံ့ပြန်နိုင်ရန်အတွက် အရည်အချင်းမရှိသေးချေ။

ဤနေရာတွင် သူမ၏ ယောက်ျားသာ ဆိုပါက ဤမောက်မာသည့် ရွှယ်လီကို သင်ခန်းစာ ကောင်းကောင်း ပေးပေလိမ့်မည်။ ယောက်ျားသည် သူ၏ယောက်ဖကို ချစ်မြတ်နိုးသူဖြစ်၏။ သူတို့၏ မိသားစုသည် ကျင်းမူကုန်းကို အနိုင်ကျင့်ချင် ကျင့်ပေလိမ့်မည်။ သို့ပေမည့် ကျင်းမူကုန်းကို တခြားမည်သူမှ အနိုင်ကျင့်၍ မဖြစ်နိုင်ချေ။ သည်းလည်း သည်းခံလိမ့်မည် မဟုတ်ပေ။

.

နုရှောင့်မြို့တည်နေရာ လောကကြီးထဲတွင် မှားယွင်းသည့် နာမည်ပေးမှု၊ မှားယွင်းသည့် အမည်ပြောင် ပေးမှုများ ရှိ၏။ ဤအရာသည် လိမ်ညာလှည့်စားခြင်း မဟုတ်ချေ။ ချောင်ယောင်းအာတွင်လည်း နာမည်ပြောင်များ အများအပြား ရှိ၏။ နတ်ဆိုးမ၊ သတ်ဖြတ်ခြင်း နတ်မိမယ်၊ ဓားပြဘုရင် ထိုအရာများပင် ဖြစ်၏။

ရှစ်ချင်းချင်းသည် နုရှောင့်မြို့ထဲတွင် ရက်အနည်းငယ်ကြာ နေထိုင်ပြီးနောက် ချောင်ယောင်းအာနှင့် ပတ်သက်သည့် ကောလဟာလ သတင်းစကားပေါင်းများစွာကို ကြားခဲ့ရ၏။ သို့ပေမည့် သူမသည် ချောင်ယောင်းအာ ကို မမြင်ခဲ့ရချေ။ အဘယ်ကြောင့်ဆိုသော် ချောင်ယောင်းအာသည် အပြင်ဘက်သို့ ထွက်ကာ တိုက်ခိုက်လျက် ရှိနေသောကြောင့်ပင်။ ပင်လယ်ပြင်ထဲသို့ ရွက်လွှင့်လျက်ရှိနေသည်ကို ကြားရပြီးသည့်နောက် သူမ၏ ရွက်လှေသည် အချိန်တန်လျှင် ပြန်ရောက်လာမည် ဖြစ်၏။ ကျိန်းသေပေါက် တိုက်ခိုက်ပွဲများကို အနိုင်ရအောင်တိုက်ခိုက်လာမှာလည်း သေချာသည်။

တခြားသော ပင်လယ်ဓားပြများကို ဖမ်းဆီးခဲ့ပြီးနောက် သူမသည် အောင်ပွဲနှင့်အတူ ပြန်လာခဲ့ပြီ ဖြစ်၏။ ချောင်ယောင်းအာ၏ အမူအကျင့်နှင့် ပြုမူဆောင်ရွက်ပုံ အားလုံးကို အားလုံးသောသူတို့က ကျေးဇူးတင်၏။ ကုန်သည်အားလုံးကလည်း ကျေးဇူးတင်ကြ၏။ အံ့အားသင့်စရာပင်။ တခြားပင်လယ်ဓားပြအားလုံးကို သုတ်သင်ရှင်းလင်းခြင်းဆိုသည်မှာ ပင်လယ်၏ ကုန်သွယ်မှုကို ကောင်းမွန်စေသည့် အရာပင် မဟုတ်ပါလား။

တခြားသော ပင်လယ်ဓားပြများသည် သူမကို အရိုးထဲကအထိ မုန်းတီး၏။

“ခွေးမလေး မင်းကလည်း ပင်လယ်ဓားပြပဲလေ။ မင်းအဖေကလည်း ပင်လယ်ဓားပြဘုရင်ပဲ။ နုရှောင့်မြို့ရဲ့ မြို့တော်ဝန်အဖြစ် ကိုယ့်ကိုယ်ကို နာမည်ပေးလိုက်သေးတယ်။ ကိုယ့်ကိုယ်ကိုယ် စစ်သည်တွေလို့များ ထင်နေလား”

သို့ပေမည့် အရိုးထဲက မုန်းတီးခြင်းကသာလျှင် ရှိ၏။ ဘာတစ်ခုမှ မပြုလုပ်နိုင်ချေ။ အဘယ်ကြောင့်ဆိုသော် ချောင်ယောင်းအာ၏ သိုင်းပညာသည် အလွန့်ကို မြင့်မားလွန်းသောကြောင့်ပင်။ သူမ၏ လက်အောက်တွင် ရှိနေသည့် ပင်လယ်ဓားပြများကလည်း တကယ့်ကို ကြမ်းတမ်းလွန်းလှချေ၏။

ပိုမိုကာ အရေးကြီးမားသည်မှာ တိုက်ပွဲတိုင်းတွင် ချောင်ယောင်းအာသည် ရှေ့ဆုံးဆီမှ ဦးဆောင်ကာ တိုက်ခိုက်ပြီး ရန်သူသင်္ဘောများပေါ်သို့ ခုန်တက်ကာ သတ်ဖြတ်ခြင်းကို ပြုမူတတ်၏။ သူမသည် ဓားနှစ်လက်ကို ကိုင်ဆောင်ကာ တိုက်ခိုက်ခြင်း ဖြစ်၏။ ဤဓားများသည် ဓားကြီးများပင် ဖြစ်၏။ ပေါ့ပေါ့ပါးပါး မဟုတ်ချေ။ အလွန်လေးလံ လွန်းလှချေ၏။ ဓားကလည်း ၁.၆ မီတာလောက် ရှည်၏။ ယောကျာ်းတစ်ယောက်၏ အရပ်နီးပါးလောက်ပင် ရှိသည်။

ဓားနှစ်ဖက်ကို လက်ထဲတွင် ကိုင်ဆောင်ပြီး ဝှေ့ယမ်းတိုက်ခိုက်သည့် အချိန်မှာတော့ မည်သူမှ ခုခံ၍ မရနိုင်သည့် အခြေအနေမျိုးဖြစ်သို့ ပြောင်းလဲသွားခဲ့၏။ သူမသည် မည်သူမှ ရပ်တန့်၍ မရနိုင်သည့် တိုက်ခိုက်ရေးသမားမျိုးပင်။ ပင်လယ်ဓားပြများသည် မည်မျှကျွမ်းကျင်သည်ဖြစ်ဖြစ် လှုပ်ရှားမှုတစ်ခု အတွင်းမှာပဲ သတ်ဖြတ်ခြင်းကို ခံရတတ်၏။

သူမ၏ ဓားသွားအောက်တွင် အရာအားလုံးသည် အလောင်းကောင်ကဲ့သို့ ပြောင်းလဲလျက် ရှိနေ၏။ သူမ၏ သတ်ဖြတ်လိုခြင်း ဆန္ဒများသည် အားကောင်းလွန်းလျက် ရှိ၏။ သူမ၏ ၁၀ မီတာအနီးအနားတွင် မည်သူမှ လာရောက်ကာ မနေနိုင်ချေ။ ထို့အတူ သူမ၏ ၁၀ မီတာအနီးနားတွင်လည်း မည်သူမှ အသက်ကို ရဲရဲကြီး မရှူရဲကြချေ။

ပထမဦးဆုံးအကြိမ် ရှစ်ချင်းချင်းသည် သူမကို မြင်ရသည့်အချိန်မှာတော့ ချက်ချင်းပင် တွန့်ကနဲ ဖြစ်သွားမိ၏။

သူမ၏ ခြေထောက်အောက်တွင် သေဆုံးပြီးသား အလောင်းပေါင်း ၁၀၀ ကျော်တို့၏ ဦးခေါင်းများ တည်ရှိနေသောကြောင့်ပင်။ ဤမြင်ကွင်းသည် ရှစ်ချင်းချင်းကို တကယ်ပင် တုန်လှုပ်သွားစေ၏။ ပထမဦးဆုံး သူသည် ကြောက်လန့်မှုကို မခံစားရဘဲ ချီးကျူးချင်သည့် စိတ်ကိုသာ ခံစားရ၏။ တကယ့်ကို ဖိနှိပ်ဖျက်ဆီး၍ မရနိုင်သည့် တပ်မှူးတစ်ယောက်ကဲ့သို့ပင်။

သူမ၏ စိတ်ထဲတွင် စကားလုံးများက ပေါ်ပေါက်လာခဲ့၏။ ကျင်းမူလန်က အလွန်အားကောင်း၏။ သူမ၏ ယောကျာ်းဟောင်းကလည်း အားကောင်း၏။ ဟုတ်ပေ၏။ ကျန်းကျင်းကလည်း အားကောင်း၏။ သို့ပေမည့် ထိုသူအားလုံးတို့သည် ချောင်ယောင်းအာနှင့် နှိုင်းယှဉ်မည်ဆိုပါက ဘာတစ်ခုမှ ယှဉ်ပြိုင်နိုင်သည့် လူမျိုးများ မဟုတ်တော့ချေ။

ဤချောင်ယောင်းအာသည် တစ်ချက်ကြည့်ရှုလိုက်သည်နှင့် ရန်သူအား သေးပင်ထွက်ကျသည်အထိ ကြောက်လန့်စေမည့် လူမျိုးပင် ဖြစ်၏။ သူမ၏ သတ်ဖြတ်လိုခြင်း ဆန္ဒများသည် အရမ်းအားကောင်း၏။

ဓားဘုရင် လီချင်းချိုးသည် သူမအပေါ်တွင် အထင်အမြင် ကောင်းကောင်းရှိနေခြင်းမှာ အံ့အားသင့်စရာမရှိချေ။ သူမသည် အမျိုးသမီးတစ်ယောက်ဖြစ်ပြီး အသက် ၃၀ ပင် မပြည့်သေးချေ။ သို့ပေမည့် နှစ်အနည်းငယ်အတွင်း သိုင်းဆရာကြီးများနှင့် တူညီသည့် အဆင့်ဆီသို့ ရောက်ရှိလာပေလိမ့်မည်။ ဤအရာမှာ ကျိန်းသေပေါက် ကောင်းကင်မှ ငြင်းပယ်ရလောက်သည့် ပါရမီမျိုးပင် ဖြစ်လို့နေသည်။

ထို့အပြင် ရှစ်ချင်းချင်းသည် ဤကဲ့သို့ ခန္ဓာကိုယ် တောင့်တင်းလှပလွန်းသည့် အမျိုးသမီးတစ်ယောက်၏ ဟန်ပန်ကို တစ်ခါမှ မမြင်ခဲ့ဖူးချေ။ သူမ၏ ခန္ဓာကိုယ် ကောက်ကြောင်းသည် တကယ်ကို လှပလွန်းပြီး စကားလုံးများဖြင့် ဖော်ကျူး၍ပင် မရနိုင်သကဲ့သို့ပင်။ လှပမှုနှင့် အားအင် ယှဉ်တွဲကာ တည်ရှိနေသည့် အရာမျိုးပင်။

သူမသည် ကြွက်သားအမြောင်းမြောင်းနှင့် မိန်းမတစ်ယောက် မဟုတ်ချေ။ တောင့်တင်းလှပပြီး ပြည့်ဖြိုးသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်လို့နေ၏။ ကျင်းမူလန်၏ ခန္ဓာကိုယ်သည် ရှစ်ချင်းချင်း မြင်ရသမျှထဲတွင် ကြည့်၍ အကောင်းဆုံး ဖြစ်၏။ သူမနှင့် နှိုင်းယှဉ်ရလောက်သည့် အမျိုးသမီးသည် ချောင်ယောင်းအာပင် ဖြစ်ပေလိမ့်မည်။

ထို့အပြင် ချောင်ယောင်းအာ၏ ခန္ဓာကိုယ်သည် ကျင်းမူလန်ထက် ပိုမိုကာ အားကောင်း၏။ သူမ၏ ခန္ဓာကိုယ် ကောက်ကြောင်းများသည် ပိုမိုကာ အံ့အားသင့်စရာကောင်း၏။ သို့ပေမည့် သူမသည် အရပ်ရှည်လွန်း၏။ ရှမ့်လန်ထက်ပင် ခေါင်းတစ်ဝက်စာလောက် ရှည်လျား၏။

ကမ္ဘာမြေ၏ တိုင်းထွာမှုအရဆိုလျှင် သူမသည် ၁.၉ မီတာနီးပါးခန့် အရပ်ရှည်၏။ မည်သည့် ယောကျာ်းမှ သူမကို မနှစ်သက်ရဲသည်မှာ အံ့အားသင့်စရာ မရှိတော့ချေ။ အဘယ်ကြောင့်ဆိုသော် ဤအမျိုးသမီးကို ဖက်မည်ဆိုပါက လက်က အပေါ်သို့ ရောက်နေမည် မဟုတ်ပါလား။ ထို့အပြင် သူမ၏ မျက်နှာမည်သို့ ဖြစ်နေမည်ဆိုခြင်းကို ခေါင်းမော့ကာ ကြည့်ရှုရပေလိမ့်မည်။

ရှစ်ချင်းချင်း၏ မျက်လုံးထဲမှာတော့ သူမသည် တကယ်ကို လှပလွန်းပြီး ထူးခြားသည့် အလှပိုင်ရှင်ပင် ဖြစ်၏။ ရှမ့်လန်၏ မျက်လုံးထဲမှာတော ဆိုလျှင်လည်း သူမသည် တကယ်ကို လှပလွန်းသည့် လူတစ်ယောက် ဖြစ်မှာ သေချာ၏။ ထို့အပြင် ရှစ်ချင်းချင်းသည် ချောင်ယောင်းအာ၏ အသားအရေမှာ သူမထက် ပိုမိုကာ ကောင်းမွန်ကြောင်း သတိပြုမိ၏။ တကယ့်ကို ကျန်းမာစိုပြေနေသည့် အသားအရေမျိုးပင်။

ပိုမို၍ အရေးကြီးမားသည်မှာ သူမသည် ဆံပင်တိုများကို စည်းနှောင်ထားခြင်းပင် ဖြစ်၏။ ဤလောကကြီးတွင် အမျိုးသမီးပေါင်းများစွာတို့သည် ဆံပင်ရှည်ကိုသာ ထားတတ်၏။ ယောကျာ်းများသည်လည်း ဆံပင်ရှည်ထားခြင်း ဖြစ်၏။

သို့ပေမည့် ချောင်ယောင်းအာသည် ဆံပင်တိုကို ထား၏။ ထို့အပြင် အသားအရေနှင့် တူညီသည့် ဆံပင်အရောင် လည်း တည်ရှိလို့နေခဲ့၏။ အနှစ်ချုပ်ကာ ပြောဆိုရမည်ဆိုလျှင် ချောင်ယောင်းအာသည် တကယ်ကို ထိပ်တန်း မော်ဒယ် တစ်ယောက် ကဲ့သို့ပင်။

………

ကျန်းချွင်းဟွာသည် နောက်ဆုံးမှာတော့ ဤချောင်ယောင်းအာကို မြင်ခဲ့ရပြီ ဖြစ်၏။ ပထမဦးဆုံး သူမ ခံစားရသည်မှာ မနာလိုခြင်းပင်။ လောကကြီးထဲတွင် ဤကဲ့သို့ မိန်းမမျိုး တကယ်ရှိနေသည်လား။ အလွန်လှပပြီး အလွန်အားကောင်းသည့် အရာမျိုးအဖြစ် တွဲဖက်ကာ တည်ရှိနေသည့်ပုံပင်။ ယောကျာ်းများနှင့် မတူညီသည့် လှပမှု၏ အရိပ်ယောင်တစ်ခုကို ခံစားရရှိလိုက်သကဲ့သို့ပင်။

ရှမ့်လန်နှင့် ချောင်ယောင်းအာတို့ကိုသာ အတူတူယှဉ်ကာ ထားမည်ဆိုပါက ရှမ့်လန်သည် အမျိုးသမီးဖြစ်ပြီး ချောင်ယောင်းအာသည် ယောကျာ်းတစ်ယောက် ဖြစ်သင့်သည်ဟု ကျန်းချွင်းဟွာက သတ်မှတ်မိ၏။ ရှမ့်လန်သည် မိန်းမဆန်လွန်း၏။ မျက်နှာမှာ ချောမောလွန်းနေသောကြောင့်ပင်။

ချောင်ယောင်းအာသည် လူပေါင်းများစွာတို့ကို သတ်ပစ်ပြီး အားကောင်းလွန်းသည့် ဟိတ်ဟန်ကို ထုတ်ဖော်ထား၏။ သို့ပေမည့် သူမကို ကြည့်ရှုရသည်မှာ ရည်မှန်းချက် တစ်ခုခု ပိုင်ဆိုင်ပုံမရချေ။

လောကကြီးထဲတွင် ကြောက်မက်ဖွယ်ရာ အကောင်းဆုံးသော လူသည် မည်သည့်ရည်မှန်းချက်မှ မရှိသည့် လူပင် ဖြစ်၏။ ထိုသူတို့ကို မည်ကဲ့သို့ ဆွဲဆောင်ရမည်နည်း။ ရည်မှန်းချက် ရှိသည်ဆိုပါက ထိုရည်မှန်းချက်ကို ထုတ်ဖော်ပြသကာ ဆွဲဆောင်လိုက်ရုံသာ ဖြစ်ရှိ၏။

သို့ပေမည့် ကျန်းချွင်းဟွာသည် ချောင်ယောင်းအာ၏ ရဲတိုက်ဆီသို့ ရောက်ရှိလာခဲ့ပြီးနောက် သူမကို တွေ့ခွင့်တောင်းခဲ့သည်။

ရှင်းလင်းစွာဖြင့် သူမသည် နုကျန့်စစ်ရင်စု၊ ခရိုင်အုပ်ချုပ်ရေးမှူး ကျန်းချုံး၏ သမီးဖြစ်ကြောင်း မိတ်ဆက်ထားခဲ့၏။

နာရီဝက်ခန့် ကြာမြင့်ပြီးနောက် ကျန်းချွင်းဟွာသည် ချောင်ယောင်းအာကို မျက်မြင်တွေ့ခဲ့ရပြီ ဖြစ်၏။ သူမသည် ချောင်ယောင်းအာ၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လျက်ရှိနေသည့် အရှိန်အဝါသီးသန့်နှင့်ပင် တုန်လှုပ်နေမိသည်။

ချောင်ယောင်းအာသည် ရေမိုးချိုးပြီးနောက် အဖြူရောင် ပိုးထည်ညအိပ် ဝတ်စုံကို ဝတ်ဆင်ထား၏။ ဤညအိပ်ဝတ်စုံသည် တခြားသော မိန်းမများအတွက်ဆိုလျှင် ချောင်တိချောင်ချောင်နှင့် ဖြစ်နေပေလိမ့်မည်။ သို့ပေမည့် ချောင်ယောင်းအာ၏ ခန္ဓာကိုယ်ကောက်ကြောင်းမှာ အလွန်လှပသောကြောင့် သူ့အချိုးနှင့်သူ သင့်တော် လှပပြီး အနည်းငယ်ပင် ကျပ်လို့နေခဲ့၏။

ကျန်းချွင်းဟွာသည် သူမ၏ အသွင်အပြင် အမူအရာနှင့် ခန္ဓာကိုယ်ပုံပန်းကို အလွန်အမင်း ယုံကြည်ချက်ရှိသူ တစ်ယောက် ဖြစ်၏။ သို့ပေမည့် လက်ရှိအချိန်တွင်မှာတော့ သူမသည် သူမ၏ ရင်ဘတ်ကို အသာငုံ့ကြည့်ပြီး မချင့်မရဲပင် ဖြစ်လို့နေ၏။ ရှေ့တွင် ရှိနေသည့် အမျိုးသမီးသည် တကယ်ကို အထင်ကြီးလောက်ဖွယ်ရာပင်။

မိန်းမတစ်ယောက်ဖြစ်သည်ဆိုလျှင်တောင်မှ သူမ၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လျက်ရှိနေသည့် အရှိန်အဝါများ သည် တကယ်ကို ဖိနှိပ်နိုင်လွန်းအားကြီး၏။ သို့ပေမည့် သူမသည် အသွင်အပြင် အမူအရာချင်း နှိုင်းယှဉ်ချင်၍ ရောက်ရှိလာခဲ့ခြင်း မဟုတ်ချေ။

တစ်ဖက်လူနှင့် စကားပြောဆွေးနွေးရန်ပင် ဖြစ်၏။ ဉာဏ်ပညာသည် အရေးကြီးဆုံးသာလျှင် ဖြစ်၏။

ကျန်းချုံး၏ သမီးဖြစ်သော သူမသည် သူမအဖေ၏ နည်းဗျူဟာနှင့် ဉာဏ်ပညာကို အမွေဆက်ခံ ရရှိခဲ့၏။ ဤချောင်ယောင်းအာ၏ တုန်လှုပ်ဖွယ်ရာ အရှိန်အဝါများကို ရင်ဆိုင်ခဲ့ပြီးနောက် ကျန်းချွင်းဟွာသည် ပိုမိုကာ ယုံကြည်ချက်ရှိလာသည်။

“မမလေး ချောင်ယောင်းအာ ရှင့်အစ်ကို ချောင်ရှောင်း ကို အနိုင်ယူချင်လား။ နုရှောင့်မြို့ရဲ့ ပိုင်ရှင် ဖြစ်ချင်လား။ ကျွန်မရှင့်ကို ကူညီပေးနိုင်တယ်။ ကျွန်မရဲ့ အကူအညီနဲ့ဆိုရင် နှစ်ဝက်အတွင်း ရှင် နုရှောင့်မြို့ကို ပိုင်ရှင်ဖြစ်လာလိမ့်မယ်။

နှစ်နှစ်အတွင်းမှာ ရှင်က လေ့ကျိုးကျွန်းစုတစ်ခုလုံးကို ထိန်းချုပ်နိုင်လိမ့်မယ်။

သုံးနှစ်မှာ ရှင်က အရှေ့ဘက်ပင်လယ်တစ်ခုလုံးကို သိမ်းပိုက်နိုင်တဲ့ လူတစ်ယောက် ဖြစ်လာမယ်။ ငါးနှစ်ကြာပြီးရင် ရှင့်ကို အမျိုးသမီးနယ်စားတစ်ယောက် ဖြစ်လာစေဖို့ ကူညီပေးနိုင်တယ်”

ဤကဲ့သို့သော စကားလုံးများသည် ထိပ်တိုက်ပြောဆိုခဲ့သည့် စကားလုံးများပင် ဖြစ်၏။ ပြီးနောက် ကျန်းချွင်းဟွာသည် အသာထိုင်ချပြီးသည့်နောက် ချောင်ယောင်းအာ၏ တုံ့ပြန်မှုကို စောင့်မျှော်နေမိ၏။

“ကျွန်မ ဘာမှမလိုချင်ဘူး။ ဧည့်သည်ကို ပြန်ပို့လိုက်တော့” ချောင်ယောင်းအာသည် တိုက်ရိုက်ဆိုသလိုပင် ပြောဆိုလိုက်သည်။

ပြီးနောက် ကျန်းချွင်းဟွာသည် အမျိုးသမီးစစ်သည်တော်နှစ်ယောက်၏ ဆွဲခေါ်ခြင်းကို ခံရပြီး အပြင်ဘက်သို့ ရောက်ရှိသွားခဲ့၏။ အခန်းအပြင်ပင် မဟုတ်ချေ။ ရဲတိုက်ကြီး၏ အပြင်ဘက်ဆီသို့ စေလွှတ်ခံရခြင်းပင် ဖြစ်၏။

ကျန်းချွင်းဟွာသည် ပိတ်သွားခဲ့သော တံခါးကြီးကို တွေဝေငေးငိုင်စွာ ကြည့်ရှုနေ၏။ ခဏလောက် ကြာပြီးသည့်နောက် သူမက တီးတိုးရေရွတ်လိုက်မိသည်။ “ဘာ ..... ဘာတွေဖြစ်ကုန်တာလဲ”

All Chapters