← Chapters

အခန်း (၁၇၇)

Vol. 13 Ch. 177

အခန်း (၁၇၇)

Vol. 13 Ch. 177

ကြည့်ရသည်မှာ သူမသည် ရွှမ်ဝူအိမ်တော်အပေါ်တွင် တကယ်ပင် မုန်းတီးနေပုံပေါ်၏။ ရှမ့်လန်သည် မင်းသမီးနင်လော့ကို မြင်ခဲ့ဖူး၏။ သူမသည် တကယ့်ကို ကျက်သရေရှိပြီး ယဉ်ကျေးမှုနှင့် ပြည့်စုံသည့် မိန်းကလေး တစ်ယောက်ဖြစ်၏။

ရွှယ်လီမှာတော့ မြို့စားကြီးတစ်ယောက်၏ သမီးသာသာလျှင် ရှိ၏။ အဘယ်ကြောင့် ဤမျှ မောက်မာ နေရသနည်း။ ကျုံးမိသားစုနှင့် ကျုံးဖေးတို့သည် သူမကို ဤကဲ့သို့သော အခြေအနေအထိအောင် မြှောက်စား မွေးမြူခဲ့လေသည်လား။

“သွားစမ်း။ သွားစမ်း”

ရွှယ်လီသည် လက်ကိုယမ်းခါပြီးသည့်နောက် ယင်ကောင်တစ်ကောင်ကို နှင်ထုတ်နေသကဲ့သို့ပင်။ “ရှင့်ရဲ့ ခွေးတွေကိုပါ ခေါပြီး ထွက်သွား”

ဓားဘုရင် လီချင်းချိုးသည် ဦးခေါင်းကို မော့ကာ ကြည့်လိုက်၏။ သူ့ကို ခွေးလို့ လာပြောနေသည်လား။

သတ်ဖြတ်ခြင်း ဆန္ဒများလည်း သူ၏မျက်လုံးထဲတွင် ဖြစ်တည်လာခဲ့၏။ သူ့ကို ခွေးဟု ဆူငေါက် လိုက်သောကြောင့် ဤကဲ့သို့ ဖြစ်ပျက်သွားခြင်း မဟုတ်ချေ။ သူ၏ရှေ့တွင် ရှိနေသည့် အမျိုးသမီးကို သူ အနည်းငယ် ရင်းနှီးနေ၏။ သူမသည် ရွှယ်ရွှယ်နှင့် တူညီလွန်းနေခဲ့၏။ ဟုတ်ပေ၏။ သူတို့သည် တူညီကြ၏။ အဘယ်ကြောင့်ဆိုသော် ဝမ်းကွဲညီအစ်မပင် ဖြစ်သောကြောင့်ပင်။

ဓားဘုရင်လီချင်းချိုးသည် သိုင်းပညာကျွမ်းကျင်သူတစ်ယောက်ဖြစ်၏။ သူသည် တခြားသောသူများ၏ အထင်အမြင်သေးခြင်းကို ဂရုစိုက်လိမ့်မည်မဟုတ်ချေ။ သို့ပေမည့် ရွှယ်ရွှယ်သည် သူ၏မိန်းမကို အဆိပ်ခတ် ခဲ့သည့်အတွက်ကြောင့် ပတ်သက်၍ ဘယ်တော့မှ မေ့ပျောက်လိမ့်မည် မဟုတ်ချေ။ ဤအကြင်နာကင်းမဲ့သည့် မိန်းကလေးသည် သူ၏မိန်းမကို ဒုက္ခရောက်အောင် ပြုလုပ်ခဲ့သည်။

သူ ဘယ်တော့မှ ခွင့်လွှတ်ပေးလိမ့်မည် မဟုတ်ချေ။

သူတို့သည် ထိုမိန်းကလေးအား ကိုယ်ပိုင်ကလေးငယ်ကဲ့သို့ပင် ပြုစုပျိုးထောင်ခဲ့ကြပြီး ရတနာတစ်ပါးကဲ့သို့ပင် ထိန်းကျောင်းခဲ့ကြ၏။ အဆုံးသတ်မှာတော့ သူမက ရက်စက်ကြမ်းကြုတ်ခဲ့၏။ ဓားသိုင်းကျမ်းကို ခိုးယူသွား ခဲ့သည် သာမက သူ၏ မိန်းမကိုပါ အဆိပ်ခတ်ခဲ့သည် မဟုတ်ပါလား။

ရှမ့်လန်က ပြောလိုက်၏။ “ခါးကုန်း... ခါးကုန်း သွားကြစို့”

“ကောင်းပါပြီ”

ဓားဘုရင်လီသည် အမှန်ပင် ပူးပေါင်းပါဝင်လိုက်၏။ သူ၏ခါးကို အသာကုန်းကာဖြင့် ရှမ့်လန်၏ အနောက်မှ လိုက်ပါလာခဲ့၏။ တကယ် ခါးကုန်းကြီးတစ်ယောက်ကဲ့သို့ပင်။ ၎င်းတို့၏ အပြုအမူသည် နိမ့်ချလွန်းလှချေသည်။

မထွက်ခွာသွားခင်မှာပင် ရှမ့်လန်သည် သူ၏ အဆင့်မြင့်တက်လာခဲ့ပြီဖြစ်သော X-Ray အမြင်ကို အသုံးပြုပြီး ရွှယ်လီ၏ ခါးအောက်ပိုင်းနေရာကို လှမ်းကာ ကြည့်ရှုလိုက်၏။ သူသည် နှာဘူးကဲ့သို့ တဏှာရူးစွာဖြင့် လှမ်းကာ ကြည့်ရှုခဲ့ခြင်း မဟုတ်ချေ။ X-Ray အမြင်ကို အသုံးပြုပြီး ကြည့်ရှုလိုက်သည်ဆိုခြင်းမှာ သူမ၏ အတွင်းခံ ဝတ်စုံကို လှမ်းကာ အတည်ပြုလိုက်ခြင်း ဖြစ်၏။

တစ်ဖက်မိန်းကလေး၏ အတွင်းခံကို ဖောက်ထွင်းကြည့်ရှုခဲ့သည်ဆိုသော်လည်း ဤတစ်ကြိမ်တွင်တော့ ရှမ့်လန်၌ တဏှာစိတ်ဟူ၍ မြူမှုံတစ်စပင် မရှိချေ။ သူ မူလန်နှင့် တိုင်တည်မိသည်။ လူပျိုရည် ပျက်ရပါစေသား။

ခြံဝင်းထဲသို့ ဝင်ရောက်ပြီးနောက် ရွှယ်လီသည် နှာခေါင်းကို အုပ်လိုက်၏။ ရှမ့်လန် အသုံးပြုခဲ့သည့် လေများပင်လျှင် အဆိပ်ရှိနေသကဲ့သို့ပင်။

“ဒီအခန်းက အဆင့်နိမ့်လွန်းတဲ့ သမက်တော် တစ်ယောက် နေထိုင်ခဲ့တာ။ ဒီအခန်းကို စည်းခတ်လိုက်။ ပြီးတော့ အထဲမှာ ရှိတဲ့ အရာအားလုံးကို လဲပစ်။ စောင်တွေ၊ အိပ်ရာခင်းတွေ၊ ခြင်ထောင်တွေ အကုန်လုံးကို ပြောင်း။ ဒီလိုက်ကာတွေကိုပါ ပြောင်းလိုက်။ ဖြစ်နိုင်မယ်ဆိုရင် ဒီနေရာမှာ ငါအသုံးပြုနေကြ ကုလားအုပ်အမွှေး လိုက်ကာတွေနဲ့ ပြောင်းလဲလိုက်။ ထိုင်ခုံတွေ အကုန်လုံးကိုလည်း ပိုးချည်ခင်းတွေနဲ့ ပြန်ပြီးတော့ လဲတပ်လိုက်။ ပြီးတော့ ရေချိုးခန်းတွေ အကုန်လုံးကိုလည်း သန့်ရှင်းပစ်”

မူလတုန်းက ရွှယ်လီကို မျက်နှာသာ လုပ်ချင်သောကြောင့် မြှောက်ပင့် ပြောဆိုရန် ပြင်နေသည့် အစိုးရ ဝန်ထမ်းအားလုံးတို့သည် ငိုချင်စိတ်ပင် ပေါက်သွားခဲ့ကြ၏။ ချက်ချင်းပင် နောက်သို့ပင် တွန့်သွားမိ၏။

“ထားလိုက်ပါတော့ ….. ဒီလို မောက်မာတဲ့ မိန်းကလေးကို သွားပြီးတော့ မြှောက်ပင့် ပြောဆိုနေမယ် ဆိုရင်လည်း ဘာတစ်ခုမှ အဓိပ္ပာယ် ရှိမှာ မဟုတ်ဘူး”

သူတို့အနေနှင့် ဤကဲ့သို့ မောက်မာသည့် လူမျိုးကို တစ်ခါမှ မမြင်ခဲ့ဖူးချေ။ ရှမ့်လန်သည် ဤရိပ်သာတွင် နေထိုင်ရန်အတွက် ငြင်းပယ်ခြင်းကို ခံခဲ့ရ၏။ သို့ပေမည့် ဓားဘုရင် လီချင်းချိုးမှာတော့ ပိုမိုကာ ကောင်းမွန် သလို ခံစားမိ၏။ သူသည် နောက်ဆုံးမှာတော့ ဇိမ်ကျကျနှင့် အိပ်နိုင်ပြီ ဖြစ်၏။ ဤကဲ့သို့ ရိုးရှင်းပြီး မည်သည့် အရာကိုမှ မက်မောခြင်းမရှိသည်က သူတို့ သိုင်းသမားများအတွက် အရေးကြီးဆုံး အရာပင် ဖြစ်သည်။

ထိုအချိန်မှာတော့ အခြားသောအခန်း တစ်ခုဆီသို့ ရောက်ရှိသွားခဲ့ပြီးသော ရှမ့်လန်သည် သူ၏ အိတ်ထဲတွင် ရှိနေသည့် ပုလင်းများကို အသာပင် ထုတ်ယူလိုက်၏။ သူသည် ပုလင်းတစ်ခုကို ထုတ်ယူပြီးနောက် ဆေးများကို အသာပင် မွှေနှောက်လိုက်၏။ ပြီးနောက် တခြားတစ်ခုနှင့် ရောစပ်၍ တစ်ခုပြီး တစ်ခုကို စမ်းသပ် ဖော်စပ်လျက် ရှိနေ၏။

ဆရာရှမ့်သည် အပြင်ဘက်သို့ ထွက်သည့် အချိန်တိုင်း အရာအားလုံးကို ကြိုတင် ပြင်ဆင်ခဲ့ပြီးသား ဖြစ်လေ၏။ ရွှေဒင်္ဂါးများ၊ အဝတ်အစားများ၊ မျက်နှာဖုံးများ၊ ဆပ်ပြာများ စသဖြင့် အရာအားလုံးမှာ မရှိမဖြစ်နေ လိုအပ်သည့် အရာ ဖြစ်သည်။

ပိုမိုကာ အရေးကြီးမားသည်မှာ သူ စုဆောင်းထားခဲ့သည့် ဤပုလင်းများပင် ဖြစ်၏။ ဤပုလင်းများထဲတွင် မူးယစ်ဆေး၊ ဆာလဖျူရစ်အက်ဆစ်၊ ဗိုင်းရပ်စ် စသဖြင့် အရာအားလုံး ပါဝင်လျက် ရှိ၏။ သူ အနေဖြင့် ရွေးချယ်ခွင့် မရှိချေ။ သူ့ကို ထိုသို့ ပြုလုပ်ရန်အတွက် တစ်စုံတစ်ယောက်သော သူက တွန်းအားပေးလျက် ရှိ၏။ ထို့ကြောင့် ရှမ့်လန်သည် ကျိန်းသေပေါက် ထိုအရာကို ပြုလုပ်ရပေလိမ့်မည်။ သူ့လောက် အန္တရာယ် များသည့် လူဟူ၍ ရှိလိမ့်မည် မထင်ချေ။ ထို့ကြောင့် ထိုအရာအားလုံးကို သေသေချာချာဖြင့် သိမ်းဆည်း ယူဆောင် လာခဲ့ခြင်း ဖြစ်၏။

ရွှယ်လီသည် သူမ၏ အပြစ်ဒဏ်အတွက် သေဆုံးရန် ထိုက်တန်သည့် လူတစ်ယောက် မဟုတ်သေးချေ။ အချိန်တော်ကြာ ရှာဖွေပြီးနောက် ရှမ့်လန်သည် အခြားသော ပုလင်းတစ်ခုကို ကောက်ယူလိုက်လေ၏။ ဤအရာသည် ရှမ့်လန် တစ်ယောက် သေသေချာချာ ကြိုးစားဖန်တီးထားသည့် ဝဲဆေးပင်ဖြစ်သည်။ ဝဲပျောက်ဆေး မဟုတ်ပေ။ ဝဲကဲ့သို့ ကြောက်စရာရောဂါကို ဖြစ်စေနိုင်သည့် ရောဂါပိုးမျိုးပင်။

ဤအပင်၏ အမြစ်၊ အရွက်အားလုံးတို့သည် ဖုများ၊ ထစ်များကဲ့သို့ပင် ရှိနေပြီး ဖားပြုတ်ကြီးတစ်ကောင်လိုပင်။ ထို့အပြင် အရွက်များသည် အဆိပ်ပြင်းလွန်း၏။ တစ်ချက် ထိတွေ့လိုက်ရုံနှင့် ကြောက်မက်ဖွယ်ရာ ကောင်းသည့် အရာပင်။ သူသည် ထိုအရာများကို သေသေချာချာဖြင့် သိမ်းဆည်းထားခဲ့ခြင်း ဖြစ်၏။ အလွန်ပင် ယားယံသည့် အပင်လည်း ဖြစ်၏။

ရှမ့်လန်သည် ဤအပင်ကို ဘာပင်မှန်း သေသေချာချာ မသိရှိချေ။ သို့ပေမည့် ထူးဆန်းသည့် အပင် တစ်ခု ဖြစ်သောကြောင့် သူသည် ထိုအရာကို ခူးယူလာခဲ့ခြင်း ဖြစ်သည်။ ထိုအရာကို သေသေချာချာ ဖန်တီး ပြုလုပ်ပြီးသည့်နောက် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် ရောဂါဆိုး တစ်ခုကို သူက ဖန်တီးနိုင်ခဲ့သည်။

ပြီးနောက် ရှမ့်လန်သည် ဘောပင်တစ်ခုကို ထုတ်ယူပြီးသည့်နောက် အတွင်းခံ ဝတ်စုံ ပုံစံမျိုးကို စတင်ကာ ဖန်တီး၏။ ရွှယ်လီ၏ အတွင်းခံ ဝတ်စုံနှင့် တူညီသည့် အရာမျိုးပင်။ ထို့အပြင် ဘဲပုံစံလေးကိုပင် အပေါ်မှ ထပ်ကာဖြင့် ပိုးချည် ထိုးလိုက်၏။ ထိုပိုးချည်နှင့် အဝတ်ထည်များကို သူသည် ပိုးထည်ဆိုင် တစ်ခုဆီသို့ သွားရောက်ကာ သေသေချာချာ ဝယ်ယူခြင်း ဖြစ်၏။

အရာအားလုံးသည် တစ်နာရီ မပြည့်ခင်မှာပင် ပြီးစီးသွားခဲ့ပြီ ဖြစ်၏။ ရွှယ်လီ၏ အတွင်းခံနှင့် တစ်ပုံစံတည်း တူညီသည်။

စားသောက်ဆိုင်ဆီသို့ ပြန်ရောက်ပြီးနောက် ရှမ့်လန်သည် ပိုးအတွင်းခံဝတ်စုံ၏ ဂွခြားတည်နေရာတွင် ဘာမှန်းမသိသည့် အဆိပ်ရည်များကို သေသေချာချာ သုတ်လိမ်းလျက် ရှိနေ၏။

သူသည် လက်အိတ်ကို သေချာဝတ်ပြီး ပြုလုပ်နေခြင်း ဖြစ်၏။ တကယ်ပင် ဒုက္ခများလှချေ၏။ ဤအဆိပ်များသည်သာ သူ၏လက်ကို ထိတွေ့သည်ဆိုပါက ဒုက္ခရောက်ပေလိမ့်မည်။ ပြီးနောက် ရှမ့်လန်သည် သူ့ လက်အိတ်ကို အသာ လွှတ်ပစ်ပြီး လက်ကို သေသေချာချာ ဆပ်ပြာနှင့် ဆေးကြောပြန်သည်။

ဟုတ်ပေ၏။ အရာအားလုံးကို ပြုလုပ်ပြီးသည့်နောက် အဆိပ်များသည် တကယ်ကို ကြောက်မက်ဖွယ်ရာ ကောင်းသည့် အခြေအနေဆီသို့ ရောက်ရှိသွားခဲ့၏။ ရှမ့်လန်သည် ယပ်တောင် တစ်ခုကို ထုတ်ယူပြီး ထိုအတွင်းခံကို ခြောက်အောင် သေသေချာချာ ခတ်၏။ နောက်ဆုံးမှာတော့ နှင်းဆီ ရနံ့ အမွှေးရည် တစ်ခုကို ထုတ်ယူကာဖြင့် ထိုအပေါ်သို့ ပက်ဖြန်းပြန်၏။

အရာအားလုံး ပြုလုပ်ပြီးသည့်နောက် ရှမ့်လန်သည် လီချင်းချိုး၏ တံခါးကို အသာ ခေါက်လိုက်သည်

“စီနီယာ ဓားဘုရင် ... ခင်ဗျား ကျုပ်ကို အကြွေး တစ်ခု တင်နေတယ်လို့ ပြောခဲ့တယ်မလား။ ကျုပ် ဘာခိုင်းခိုင်း ရပြီ ဆိုတော့ အခု ခိုင်းလို့ ရပြီလား”

..

ရှမ့်လန်၏ တောင်းဆိုမှုကို ကြားရသည့် အချိန်မှာတော့ လီချင်းချိုးသည် ဘယ်သို့မှ မနေနိုင်ဘဲ ကြောင်အ သွားခဲ့မိ၏။ တကယ်ကို ထိုက်တန်သည့် အရာတစ်ခု ဖြစ်နေလေသည်လား။

ရွှေ ပိဿာ တစ်ထောင် ထက်ပင် ပိုမိုကာ တန်ဖိုးကြီးမားသည့် သူ့ကဲ့သို့သော သိုင်းသမားကြီး၏ ကတိစကား။

တစ်ဖက်လူသည် မိုင်ထောင်ချီကို သွားရောက်ပြီး တစ်စုံတစ်ယောက်ကို သတ်ဖြတ်ပစ်စေခြင်း၊ တစ်စုံတစ်ယောက်ကို သွားရောက် ကယ်တင်စေခြင်း ဆိုလျှင်တောင်မှ သူ ကျိန်းသေပေါက် သဘောတူညီမှာ ဖြစ်၏။ သူ၏ကတိသည် ကျိန်းသေပေါက် တစ်စုံတစ်ယောက်၏ အသက်ကိုပင် ကယ်တင်နိုင်စွမ်း ရှိနေသည်။ သတ်ဖြတ်ပေးနိုင်စွမ်း ရှိနေသည့် အရာမျိုးပင်။

သို့ပေမည့် လက်ရှိအချိန်မှာတော့ အမျိုးသမီး တစ်ယောက်၏ အတွင်းခံဝတ်စုံကို သွားရောက် လဲလှယ်ရန် တောင်းဆိုလျက် ရှိနေ၏။ ထို့အပြင် သူသည် ဂုဏ်သိက္ခာ ကြီးမားသည့် ဓားဘုရင် တစ်ယောက် ဖြစ်၏။ အဘယ်ကြောင့် ထိုကဲ့သို့သော အလုပ်ကို ပြုလုပ်ရမည်နည်း။

ရှမ့်လန်က ပြောလိုက်၏။ “ကျုပ် အားနာပါတယ်။ သိုင်းပညာကို ကျုပ်က မသိဘူးလေ။ မဟုတ်ရင် ကျုပ် ကိုယ်တိုင် သွားတာကြာပေါ့။ ပိုပြီး အရေးကြီးတာက ရွှယ်လီဆီမှာ သိုင်းသမားပေါင်း တစ်ရာကျော်လောက် ရှိနေတယ်။ ဒီလိုလူအုပ်ကြီးထဲကို ဘယ်သူမှ မသိအောင် ဝင်သွားဖို့ ဆိုတာ ခင်ဗျားလို သိုင်းဆရာကြီး တစ်ယောက်ပဲ လုပ်နိုင်တဲ့ အလုပ် မဟုတ်လား”

လီချင်းချိုးသည် တကယ်ကို အံ့အားသင့်သွားမိ၏။ သူ သိုင်းပညာ လေ့ကျင့်ခဲ့ခြင်းမှာ ဘာအတွက်နည်း။ အမျိုးသမီး အတွင်းခံကို သွားရောက် လဲလှယ်ရန် အတွက်လား။

ရှမ့်လန်က ပြန်ပြောလိုက်သည်။ “ဟုတ်ပြီ။ တကယ်လို့ ခင်ဗျား သဘောမတူဘူး ဆိုလည်း အဆင်ပြေပါတယ်။ ခင်ဗျားက ကျုပ်ကို မိုင်တစ်ထောင်အထိတောင် လိုလိုချင်ချင်နဲ့ လိုက်ပါ ပို့ဆောင်ပေးပြီးပြီပဲ။ ဒီတော့ ဘာအကြွေးမှ မရှိတော့ဘူးလို့လည်း စိတ်ထဲမှာ ထားလို့ရတယ်။ အနာဂတ်မှာ ကျုပ် ခင်ဗျားရဲ့ မိန်းမ အသက်ကို ကျိန်းသေပေါက် ကယ်တင်ပါ့မယ်။ ဒီဟာနဲ့ ပတ်သက်ပြီး ဘာစိတ်စနိုးစနှောင့်မှုမျိုးမှ မရှိပါဘူး”

လီချင်းချိုးသည် ပိုမိုကာ ဆွံ့အသွားခဲ့၏။ ထိုကဲ့သို့ ပြောဆိုပြီးပြီ ဆိုမှတော့ အဘယ်သို့ စိတ်ပိုင်းဆိုင်ရာအရ စနိုးစနှောင့် မရှိရမည်နည်း။ သူ့ကို ကူညီပေးရန်အတွက် ရှမ့်လန်သည် မိုင်တစ်ထောင် အကွာအဝေးရှိ တောင်ဘက်ပိုင်း ဆီသို့ တစ်ချက်ကလေးမှ တွန့်ဆုတ်မှုမရှိဘဲ လိုက်ပါလာခဲ့၏။ ထို့အပြင် သူ့မိန်းမ၏ အဆိပ်ကိုပင် ကုသပေးရန် ကတိပေးခဲ့၏။

မူလအားဖြင့် လီချင်းချိုးသည် ရှမ့်လန် တစ်ယောက် အဆိပ်နှင့် ပတ်သက်၍ ကုသနိုင်လိမ့်မည်ဟု မျှော်လင့်ချက် ကြီးကြီးမားမား မရှိချေ။ သို့ပေမည့် လက်ရှိ အခြေအနေမှာတော့ မျှော်လင့်ချက် ဟူ၍ ရှိလာခဲ့၏။ ထို့အပြင် ရှမ့်လန်ကဲ့သို့သော အဆိပ်ပြင်းသည့် တစ်စုံတစ်ယောက် အနေနှင့် အဆိပ်ကို ကုသဖို့ ဆိုသည်မှာ မျှော်လင့်ချက် တကယ်ကို ရှိပေသည်။

ရှမ့်လန်က ပြန်လည်ကာ ပြောဆိုလိုက်၏။ “စီနီယာ ဓားဘုရင်... ရွှယ်လီက ရွှယ်ရွှယ်ရဲ့ ညီမငယ်လေးပဲ။ သူမက ကျိန်းသေပေါက် ကျုပ်ရဲ့ ယောက်ဖဆီကို သွားပြီးတော့ စေ့စပ်ပွဲ ဖျက်သိမ်းခဲ့တာပဲ ဖြစ်ရမယ်။ သူ.. ကျုပ်ကို အနိုင်ကျင့် ခြိမ်းခြောက်ခဲ့တာက တော်သေးတယ်။ ဒါပေမယ့် ကျုပ်ယောက္ခမကြီးရဲ့ မိသားစု တစ်ခုလုံးရဲ့ ဂုဏ်သိက္ခာကို ဖိနှိပ်ပြီးတော့ ချိုးနှိမ်ခဲ့တာက အဓိပ္ပာယ် မရှိဘူး”

လီချင်းချိုးသည် ခဏလောက် တိတ်ဆိတ် ငြိမ်သက်သွားသည်။

ရှမ့်လန်က ပြောဆိုလိုက်၏။ “အင်း... ခင်ဗျားက သိုင်းဆရာကြီး တစ်ယောက် ဆိုတာ သိပါတယ်။ ခင်ဗျားရဲ့ ဂုဏ်သိက္ခာကို နိမ့်ကျအောင် ဒီလိုကိစ္စမျိုး လုပ်မှာ မဟုတ်ဘူး။ ဒါပေမယ့် ဒီကိစ္စကို ဘယ်သူမှလည်း မသိဘူးလေ။ ဟုတ်တယ်မလား”

လီချင်းချိုးက ပြန်ပြောလိုက်သည်။ “ကျုပ်လို နိမ့်ကျတဲ့ လူတစ်ယောက်မှာ ဘယ်လို ဂုဏ်သိက္ခာ ဆိုတာ ရှိနေမှာလဲ”

ရှမ့်လန်က ပြန်ပြောလိုက်၏။ “ရွှယ်ကလန်မှာ ရှိတဲ့ အမျိုးသမီးတွေက တကယ်ကို ကြမ်းတမ်းတယ်။ ပြီးတော့ သင်ခန်းစာ ကောင်းကောင်း ပေးဖို့ လိုအပ်တယ်။ ဒီတော့ သူတို့ကို ကောင်းကောင်း သင်ခန်းစာ ပေးရမယ်”

လီချင်းချိုးသည် ရှမ့်လန်တစ်ယောက် ကျူးလန်ထင်၏ ပါးစပ်ထဲသို့ ကြမ်းကြမ်းတမ်းတမ်းဖြင့် ဆာလဖျူရစ် အက်ဆစ်များ လောင်းထည့်ပေးလိုက်သည့် မြင်ကွင်းကို ပြန်လည်ကာ မြင်ယောင်လာမိ၏။ ပြီးနောက် သူ မနေနိုင်ဘဲ ပြောလိုက်မိသည်။

“ဒီမိန်းကလေး ရွှယ်လီက သေဖို့တော့ မထိုက်တန်သေးဘူး မဟုတ်လား”

“သူ သေမှာ မဟုတ်ပါဘူး။ သူ့ရဲ့ အသက် အန္တရာယ် မရှိဘူး”

ရှမ့်လန်က ပြန်ပြောလိုက်၏။ “ကျုပ် သူ့ကို သင်ခန်းစာ အနည်းငယ်လောက် ပေးရုံလောက်ပဲ။ အနာဂတ်မှာ ဘယ်တော့မှ မမောက်မာရဲတော့အောင်ပေါ့”

လီချင်းချိုးက သဘောမတူသေးချေ။

ရှမ့်လန်သည် သက်ပြင်းချကာ ပြောလိုက်၏။ “ထားလိုက်ပါတော့။ ခင်ဗျားရဲ့ဆန္ဒ မပါဘဲနဲ့ ကျုပ် ဘာတစ်ခုကိုမှ တွန်းအားပေးမှာ မဟုတ်ပါဘူး။ ကျုပ်ဘာသာ ကျုပ် သွားတော့မယ်”

ပြီးနောက် ရှမ့်လန်သည် အပြင်ဘက်ဆီသို့ ဦးတည်သွားလိုက်၏။ ကိုယ့်ဘာသာကိုယ် သွားမည်လား။ တံခါးဝပင် မရောက်သေးချေ။ ရိုက်သတ်ခြင်းကို ခံရပေလိမ့်မည်။

လီချင်းချိုးက သက်ပြင်းချလိုက်၏။ သူသည် ရှမ့်လန်၏ လက်အိတ်ကို အသာ လှမ်းယူပြီး ဝတ်လိုက်၏။ ပြီးနောက် ပိုးထည်ကို ကိုင်ကာဖြင့် ခုန်ထွက်ကာ ပျောက်ကွယ်သွားခဲ့သည်။

ထိုအရာကို ရှမ့်လန် မြင်သည့်အချိန်မှာတော့ တကယ်ပင် မနာလို ဖြစ်သွားမိ၏။ သိုင်းပညာ လေ့ကျင့်ခြင်း၏ အကျိုးကျေးဇူးသည် ဤအရာ ဖြစ်နေသေးသည်လား။ ကိုယ်ဖော့ နည်းစနစ်သည် တကယ်ကို ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။ သိုင်းပညာသာ လေ့ကျင့်လိုက်သည် ဆိုပါက ကြိုက်သည့် အမျိုးသမီးများ၏ အခန်းဆီသို့ သူ ဝင်ရောက်ခွင့် ရှိပြီ မဟုတ်ပါလား။ ထိုသို့ ဆိုလျှင် မည်သည့် အမျိုးသမီး၏ အတွင်းခံကိုမဆို သူ ခိုးယူ၍ ရနိုင်၏။

တစ်နာရီ မပြည့်ခင်မှာပင် ဓားဘုရင်သည် လီချင်းချိုးက ပြန်ရောက်လာခဲ့၏။ ဤအရာသည် သူ့အတွက် တကယ်ကို လွယ်ကူသည့် အရာပင် ဖြစ်၏။ အဘယ်ကြောင့် ဆိုသော် ရွှယ်လီသည် ရေချိုးပြီးပြီးချင်း အပြင်ဘက်တွင် အဝတ်အစားများကို လှန်းထားသောကြောင့်ပင်။ လှမ်းထားသည့်အထဲတွင် ထိုပိုးထည် အတွင်းခံဝတ်စုံလည်း ပါဝင်သည်။

ဓားဘုရင်သည် တိတ်တဆိတ် ဆိုသလိုပင် ထိုအတွင်းခံနှင့် သူ ယူဆောင်လာသည့် အတွင်းခံကို လဲယူလိုက်၏။ ပြီးနောက် ရေစိုလက်စ ရှိနေသေးသော အတွင်းခံ ဝတ်စုံကို ရှမ့်လန်၏ လက်ထဲသို့ ထိုးထည့် ပေးလိုက်၏။ စောဏလေးတင်က ရွှယ်လီ လဲထားသည့် ဝတ်စုံပင် ဖြစ်၏။

ဓားဘုရင်သည် တစ်ခွန်းမှ စကားမဆိုဘဲ သူ၏ အခန်းဆီသို့ ပြန်သွားခဲ့၏။ သူ ဆုံးဖြတ်ချက် ချလိုက်ပြီ ဖြစ်၏။ မနက်ဖြန်တွင် သူ့သည် ရှမ့်လန်ကို ရွှမ်ဝူအိမ်တော်ဆီသို့ အလျင်အမြန် ပို့ဆောင်ပြီး အလျင်အမြန် ပြန်လည် ထွက်ခွာသွားပေလိမ့်မည်။

သူ ရှမ့်လန်နှင့် တစ်မိနစ်လောက်ပင် နေချင်စိတ် မရှိတော့ချေ။ အနာဂတ်တွင် ရှမ့်လန်နှင့် ထိတွေ့ဆက်ဆံခြင်း မရှိပါက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ မဟုတ်ပါက ညစဉ်ညတိုင်း ကောင်းကောင်းမွန်မွန် အိပ်ပျော် နိုင်လိမ့်မည် မဟုတ်ချေ။ သောက်ကျိုးနည်း .... သူ့ကဲ့သို့ တိုင်းသိပြည်သိ သိုင်းပညာရှင်ကြီးသည် မိန်းကလေး တစ်ယောက်၏ အတွင်းခံကို ခိုးခဲ့ရ၏။

လီချင်းချိုးသည် ထိုညက ကောင်းကောင်း အိပ်၍ပင် မပျော်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် သူ့၏ စိတ်ထဲတွင် မြင်ကွင်း တစ်ခုက ထပ်တလဲလဲ ပေါ်ပေါက်လာလျက် ရှိနေ၏။ ဤအရာသည် ညအိပ်မက်ဆိုးကဲ့သို့ပင် သူ့ကို ခြောက်လှန့်နေ၏။ သူ၏ မိန်းမသည် သူ့အား ပတ်ပတ်စက်စက် ပါးပိတ်ရိုက်နှက်သည့် မြင်ကွင်းကို အိပ်မက်မက်နေ သောကြောင့်ပင်။

“လီချင်းချိုး... ရှင် နိမ့်ကျလိုက်တဲ့ကောင်။ ဘယ်လိုဖြစ်ပြီးတော့ ဒီလို ရှက်စရာ ကောင်းတဲ့ ကိစ္စကို လုပ်ရတာလဲ။ ရှင်နဲ့ ကျွန်မနဲ့ ကွာမယ်” အ

ိပ်မက်ထဲမှာတော့ လီချင်းချိုးသည် ကြောက်လန့်လျက် ရှိနေ၏။

ရှမ့်လန်သည် ရေစိုလျက် ရှိနေသည့် အတွင်းခံ ဝတ်စုံကို မီးနှင့် အသာခြောက်အောင် ပြုလုပ်ပြီးနောက် သေသေချာချာ ခေါက်ထား၏။ သူသည် ထိုအရာကို ကျင်းမူကုန်းအား လက်ဆောင်အဖြစ်ပေးရန် စီစဉ်ထားခဲ့သည်။

All Chapters