← Chapters

အခန်း (၁၈၀)

Vol. 13 Ch. 180

အခန်း (၁၈၀)

Vol. 13 Ch. 180

ဤအချိန်မှာတော့ ယင်ယွမ် အဖွဲ့အစည်း၏ သံတမန် ရှုတင်းယုသည် ရွှမ်ဝူအိမ်တော်ဆီသို့ လာရောက်ကာ လည်ပတ်ခဲ့၏။ သူသည် လွန်ခဲ့သည့် နှစ် ၂၀ တုန်းက အကြွေးကို လာရောက်ကာ တောင်းခံခြင်းဖြစ်၏။ မူလအားဖြင့် အကြွေးသည် ရွှေဒင်္ဂါး တစ်သန်းသာလျှင် ရှိ၏။ နှစ် ၂၀ ကြာ အတိုးနှင့် ပေါင်းမည်ဆိုပါက တစ်သမ ၇ သန်း ဖြစ်လာခဲ့၏။ သို့ပေမည့် နှစ် ၂၀ အတွင်း ကျင်းကျိုးသည် ရွှေဒင်္ဂါး တစ်သန်းကို ပြန်လည် ပေးအပ်ခဲ့ပြီးသားဖြစ်၏။ ထို့ကြောင့် ရွှေဒင်္ဂါး ၇ သိန်းသာလျှင် ကျန်ရှိတော့၏။

ယခု ရွှမ်ဝူအိမ်တော်အား တာဝန် ယူထားသည့် လူများသည် ကျင်းမူလန်နှင့် ရှမ့်လန်ပင် ဖြစ်၏။ ကျင်းကျိုးမှာတော့ နာမကျန်းဖြစ်လို့ နေ၏။ အိပ်ရာထဲ ဘုန်းဘုန်းလဲနေခြင်းပင်။

မူလန်သည် ဝမ်းနည်းစွာ ပြောလိုက်၏။ “ကိုယ်စားလှယ်ရှု... ကျွန်မတို့ လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း ရွှေဒင်္ဂါး တစ်သန်းကို ပေးအပ်ခဲ့ပြီးပြီ။ ကျွန်မတို့ လုပ်နိုင်တာကို အကောင်းဆုံးလုပ်ခဲ့တယ်။ အခု ကျွန်မတို့ မိသားစုက လက်ထဲမှာ ရွှေဒင်္ဂါး နှစ်သောင်းကျော်ပဲ ရှိတယ်။ ရွှေဒင်္ဂါး ၇ သိန်းကျော်ကို မပေးနိုင်သေးပါဘူး”

ဤအရာမှာ အမှန်ပင်ဖြစ်၏။ လက်ရှိ ရွှမ်ဝူအိမ်တော်တစ်ခုလုံး သိုလှောင်ရုံများပါမကျန် ပြောင်သလင်း ခါအောင် ရှင်းမည်ဆိုလျှင်ပင် ရွှေဒင်္ဂါး နှစ်သောင်းကျော်သာလျှင် ရှိ၏။ အဘယ့်ကြောင့်ဆိုသော် ရွှေဒင်္ဂါးအားလုံးကို ရှမ့်လန်က အသုံးပြုခဲ့ပြီဖြစ်သောကြောင့်ပင်။

ရှမ့်လန်က ပြောဆိုလိုက်၏။ “ယင်ယွမ်အဖွဲ့အစည်းနဲ့ ကျုပ်တို့မိသားစုက နှစ်ပေါင်းရာချီ မဟာမိတ်တွေ ဖြစ်ခဲ့တာပါ။ ဒီတော့ ကျုပ်တို့အတိတ်က ခင်မင်ရင်းနှီးတာကို မျက်နှာထောက်ထားပြီး အချိန် အနည်းငယ်လောက် ပေးနိုင်မလား။ တစ်နှစ်လောက်ဆိုရင်ပေါ့”

ရှမ့်လန်သည် ဦးခေါင်းညွှတ်ကာ ပြောလိုက်၏။ “သံတမန်ရှု.. ကျုပ် ယင်ယွမ်အဖွဲ့အစည်းကို အချိန် နည်းနည်းလောက် အကန့်အသတ်တိုးပေးဖို့ တောင်းဆိုချင်ပါတယ်။ အများဆုံး တစ်နှစ်လောက်ပေါ့။ ကျုပ် ရှမ့်လန်က ဒီလိုကျေးဇူးတရားအတွက်လည်း ကျေးဇူးတင်ပါတယ်။ တောင်းပန်ပါရစေ”

ရှုတင်းယုက ပြောလိုက်၏။ “ကျုပ်အားနာပါတယ်။ ကျုပ်လည်း ခင်ဗျားတို့မိသားစုရဲ့ ကြုံနေရတဲ့ အခက်အခဲကို နားလည်ပါတယ်။ ဒါပေမဲ့ ကူညီလို့မရနိုင်ဘူး”

ကျင့်မူလန်သည် ဝမ်းနည်းစွာဖြင့် ပြောလိုက်သည်။ “ရှုတင်းယု.. ကျွန်မတို့ကို သေတဲ့အထိ ဖိအားပေးချင်လို့လား။ ရှင်တို့က ကျင်းမိသားစုမှာရှိတဲ့ လူတွေအကုန်လုံး ကိုယ့်ကိုယ်ကို ကြိုးဆွဲချပြီးတော့ သေဆုံးသွားတာမျိုးကိုတောင် လိုချင်နေကြတာလား မသိဘူး”

ရှုတင်းယုသည် အကူအညီမဲ့စွာဖြင့် ပြောလိုက်၏။ “တစ်လအတွင်းမှာ ကျုပ်တို့ကို စာချုပ်အတိုင်း ရွှေဒင်္ဂါး ခုနှစ်သိန်း ပေးဖို့ ပြင်ဆင်ထားပါ။ မဟုတ်ရင် ကျုပ်တို့ ယင်ယွမ်အဖွဲ့အစည်းက ဝမ်ကျားကျွန်းကို လက်လွှဲပြီး ရယူပါ့မယ်”

ကျင်းမူလန်က ဒေါသထွက်စွာဖြင့် ပြောလိုက်သည်။ “ကျွန်မတို့ ကျင်းချန်ကျွန်းကို ဆုံးရှုံးခဲ့ပြီးပါပြီ။ အခု ရှင့်တို့ ဝမ်ကျားကျွန်းကိုပါ ယူချင်နေသေးတာလား။ ကျွန်မတို့ သေမှပဲရမယ်။ ကျွန်မတို့ရဲ့ အလောင်းပေါ်ကို တက်သွားပြီးမှ ဝမ်ကျားကျွန်းကို ယူကြ”

ရှုတင်းယုက ပြောလိုက်၏။ “ဒီနှစ်ထဲမှာ စာချုပ်စာတမ်းကို သေသေချာချာ ပြန်ပြီးရေးထားပါတယ်။ တစ်လကျော်ပြီးသွားရင် ရွှေဒင်္ဂါး ခုနစ်သိန်းကို ပေးပါ။ မပေးနိုင်ဘူးဆိုရင် ကျုပ်တို့ ဘုရင်မင်းမြတ်ဆီကို စာတင်ပြီးတော့ ဝမ်ကျားကျွန်းကို ရယူဖို့အတွက် တောင်းဆိုရလိမ့်မယ်”

ပြီးနောက် ရှုတင်းယုက ပြောလိုက်သည်။ “သမက်တော် ရှမ့်လန်.. သမက်တော် ရှမ့်လန်က လုပ်ရည်ကိုင်ရည်ရှိတယ်။ ဒီပိုက်ဆံလောက်ကို ပြန်ပေးနိုင်ဖို့ စွမ်းဆောင်နိုင်မှာပါ”

ရွှေဒင်္ဂါး ခုနစ်သိန်းဆိုတာ မည်မျှများသနည်း။ ရွှမ်ဝူအိမ်တော်တစ်ခုလုံး၏ ဝင်ငွေ၊ အခွန်အခ၊ ဆား၊ သံနှင့် ပိုးအိမ်များကို ရောင်းချလျှင်ပင် တစ်နှစ်အတွင်း ရွှေဒင်္ဂါး ၇ သိန်းရဖို့ မလွယ်ချေ။ ထို့ပြင် ရွှေဒင်္ဂါး ခုနစ်သိန်း ဆိုသည်မှာ ရွှမ်ဝူအိမ်တော်တစ်ခုလုံး ဆယ်နှစ်နီးပါး စား၍သောက်၍ ရသည့် ပမာဏမျိုး ဖြစ်၏။

ရှစ်ကွမ်းယွမ်သည် ချမ်းသာသည့် လူတစ်ယောက်ဖြစ်သည်။ သို့ပေမည့် တစ်သက်လုံး ရှာဖွေထားသည့် အရာသည် ရွှေဒင်္ဂါး နှစ်သိန်းကျော်သာလျှင် ရှိ၏။ ထျန်းလန်စီရင်စုတစ်ခုလုံးရှိ အခွန်အခသည် ရွှေဒင်္ဂါး ခုနစ်သိန်းအောက်သာလျှင် ရှိ၏။ ထို့ကြောင့် တစ်လအတွင်း ဤမျှများပြားသည့် ရွှေဒင်္ဂါးများကို ရှာဖွေဖို့ဆိုသည်မှာ အရူးအိပ်မက်ကဲ့သို့ပင် ဖြစ်ပေလိမ့်မည်။

အားလုံး၏ မျက်လုံးထဲမှာတော့ ရွှမ်ဝူအိမ်တော်၏ ဝမ်ကျားကျွန်းသည် ယင်ယွမ်အဖွဲ့အစည်းဆီသို့ ရောက်ရှိသွားပြီ ဖြစ်သည်။ ဝမ်ကျားကျွန်းကို ဆုံးရှုံးပါက ကျင်းမိသားစုသည် ကျိန်းသေပေါက် သူတို့ ဝင်ငွေ၏ ၇၀ ရာခိုင်နှုန်းကို ဆုံးရှုံးမှာ ဖြစ်၏။ ထိုသို့ဆိုလျှင် ကိုယ်ပိုင်စစ်တပ်ကို ထောက်ပံ့ထားနိုင်ရန် လွယ်ကူတော့မည် မဟုတ်ချေ။ ကိုယ်ပိုင်စစ်တပ် မရှိပါက မြေပိုင်နက်ကို ကာကွယ်နိုင်ပါ့မည်လား။ ထို့ကြောင့် ဝမ်ကျားကျွန်းကို ဆုံးရှုံးပြီးသည့်နောက် အရာအားလုံးက ဖျက်ဆီးခံရပေလိမ့်မည်။

ရှုတင်းယု ထွက်ခွာသွားခဲ့ပြီးနောက် မူလန်သည် စိတ်သက်သာရာရသလို သက်ပြင်းချမိ၏။ သူမသည် မည်ကဲ့သို့ သရုပ်ဆောင်ရမည်ဖြစ်ကြောင်း မသိရှိချေ။ သို့ပေမဲ့ သူမ၏ ယောက်ျားက သူမကို အတင်း သရုပ်ဆောင်ခိုင်း၏။ တစ်စက္ကန့်မျှ သရုပ်ဆောင်ရခြင်းကပင် သူမကို နှိပ်စက်သလို ခံစားရစေ၏။

ရှမ့်လန်သည် သူမကို နမ်းရှိုက်ကာ ဆိုလိုက်သည်။ “မိန်းမ.. သေချာ သရုပ်ဆောင်ခဲ့တာပဲ”

မူလန်က ပြောလိုက်၏။ “ယောက်ျား … ကျွန်မတို့က သရုပ်ဆောင်နေတယ်ဆိုပေမဲ့ အရာအားလုံးက တကယ်ဖြစ်နေတာနော်။ တစ်လအတွင်း ရွှေဒင်္ဂါး ခုနစ်သိန်း ရှာဖို့ဆိုတာ လွယ်ကူတာမဟုတ်ဘူး။ အိမ်မက်ထဲတောင် မက်လို့ မဖြစ်နိုင်ဘူး”

ရှမ့်လန်က ပြောလိုက်သည်။ “မိန်းမ ငါ့ရဲ့စွမ်းရည်ကို မယုံကြည်ဘူးလား”

မူလန်က ပြောလိုက်၏။ “အင်း.. ယုံကြည်တာပေါ့။ ဒါပေမဲ့ မယုံကြည်စရာလည်း ရှိသေးတယ်။ ရွှေ ၇ သိန်းကို တစ်ခါတည်း ရှာနိုင်ဖို့ဆိုတာ ဘယ်မှာလွယ်ကူလို့လဲ။ ထျန်းလန်စီရင်စုတစ်ခုလုံးရဲ့ အခွန်အခ ကတောင်မှ ၇ သိန်းမရှိဘူးလေ။ ဒီတော့ ကောင်းကင်ပေါ် တက်တာထက် ခက်ခဲမယ် မဟုတ်လား”

ရှမ့်လန်က မေးလိုက်သည်။ “မိန်းမ ငါတို့ အလောင်းအစား လုပ်ကြရင်ရော”

မူလန်က ပြောလိုက်၏။ “ပြောလေ”

ရှမ့်လန်က ပြောလိုက်သည်။ “တစ်လအတွင်း ရွှေ ၇ သိန်းထက်ပိုပြီး ရှာနိုင်မယ်ဆိုရင် မင်း စပြီးတော့ ငါနဲ့ အတူတူ လာအိပ်မလား”

........

ကျင်းဟွေ့သည် အလွန်ဝမ်းနည်းနေသည့်မျက်နှာဖြင့် ခြံဝန်းထဲသို့ ပြန်လာခဲ့၏။

သူကယ်တင်ခဲ့သည့် ခေါင်းမာသော မိန်းကလေးသည် ရွှမ်ဝူအိမ်တော်ထဲရှိ သူ၏အိမ်ခြံဝန်းထဲတွင် နေထိုင်ခဲ့သည်မှာ တစ်လကျော်ပင် ရှိနေ၏။ သူမသည် မိသားစုတစ်ခု ဆိုးဝါးစွာ စုတ်ပြတ်သတ်သွားမှုကို ကိုယ်ပိုင် မျက်လုံးဖြင့် မြင်ရပြီး စာနာသနားလျက် ရှိနေသည်။

လွန်ခဲ့သည့် တစ်လကျော်တည်းက ကျင်းဟွေ့သည် သူမကို အလွန်မင်း ချစ်မြတ်နိုးခဲ့၏။ ထို့ပြင် သူမကို နတ်မိမယ်တစ်ပါးကဲ့သို့ပင် ဆက်ဆံခဲ့၏။ အကောင်းဆုံးသောအရာများကို ပေးအပ်ခဲ့၏။ သူမအနားသို့ တစ်ခါမှလည်း မချဉ်းကပ်ခဲ့ချေ။ သူမကို အဝေးမှသာလျှင် ကြည့်ရဲ၏။ ပြောရမည်ဆိုလျှင် မြင်နေရသည် ဆိုပါက ကျေနပ်နေသည်ဆိုသည့် အချစ်မျိုးနှင့် စောင့်ရှောက်ခဲ့၏။

ကျင်းဟွေ့နှင့် သူ့ ညီမတို့၏ ဂရုစိုက်မှုအောက်မှာတော့ ခေါင်းမာပါသည်ဆိုသော မိန်းကလေး၏ နှလုံးသားများသည် တဖြည်းဖြည်းနှင့် အရည်ပျော်သွားခဲ့၏။ သူမသည် ဤသေးငယ်သည့် ခြံဝန်းလေးထဲတွင် နေထိုင်ရသည်ကို ပျော်ရွှင်လာခဲ့၏။ သို့ပေမည့် ဤသို့သောပျော်ရွှင်မှုများသည် အဆုံးသတ်သို့ ရောက်ရှိလာခဲ့၏။ ကျင်းမိသားစုသည် ဖျက်ဆီးခံရတော့မည်။

ကျင်းဟွေ့သည် ရှေ့သို့ လှမ်းလျှောက်လာရင်း ပြောလိုက်၏။ “မိန်းကလေးဟုန်ရှန်.. ကျုပ် မင်းကို အိမ်ပြန်ပို့ပေးပါ့မယ်”

ခေါင်းမာသည့် မိန်းကလေးက အံ့အားသင့်သွားခဲ့သည်။ “ဘာ ..... အိမ်ကို ပြန်ပို့ပေးမယ် ဟုတ်လား”

ကျင်းဟွေ့က ပြောလိုက်၏။ “ကျင်းမိသားစု မကြာခင် ဒုက္ခတွင်းထဲရောက်တော့မယ်လို့ သမက်တော်က ပြောတယ်။ မင်းကို ဒီတိုင်း ကျုပ်တို့နဲ့အတူ ဒုက္ခခံစေလို့ မဖြစ်ဘူးလေ။ မင်းအိမ်ဘယ်မှာလဲ ပြောပြပါ။ ကျုပ် အိမ်ပြန်လိုက်ပို့ပေးမယ်။ မင်းက ဘာပဲဖြစ်ဖြစ် အပြစ်ကင်းစင်တဲ့လူတစ်ယောက်လေ။ ကျုပ်တို့နဲ့ သေဖို့ အကြောင်းအရင်းမရှိဘူး”

ခေါင်းမာသည့် မိန်းကလေး၏မျက်လုံးများက နီရဲသွားခဲ့၏။ သူမသည် ကျင်းဟွေ့ကို တွေဝေငေးငိုင်စွာ ကြည့်ရှုနေ၏။ ပြီးနောက် ပြောလိုက်သည်။ “ကျင်းဟွေ့.. ရှင် ကျွန်မကို ကြိုက်လား”

ကျင်းဟွေ့သည် ရုတ်တရက် ရှက်ရွံ့သွားခဲ့၏။ မည်သည့်စကားမှ မဆိုနိုင်ချေ။

ခေါင်းမာသည့် မိန်းကလေးက မေးလိုက်သည်။ “ကျွန်မရဲ့ ခန္ဓာကိုယ်က မသန့်စင်လို့ ရှင် ကျွန်မကို မနှစ်မြို့ဘူးလား”

ကျင်းဟွေ့သည် စိတ်လှုပ်ရှားစွာဖြင့် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “မဟုတ်ပါဘူး။ မဟုတ်ပါဘူး။ ကျုပ် မင်းကို အရင်တည်းက လေးစားမှုရှိပါတယ်။ ပြောရမယ်ဆိုရင် မင်းက ကျုပ်ထက်တောင် ပိုပြီး သန့်စင်သေးတယ်။ လုံးဝ အပြစ်ကင်းစင်တဲ့ မိန်းကလေးတစ်ယောက်ပါ”

မောက်မာလှသည့် မိန်းကလေးက ပြောလိုက်၏။ “ဒါဆိုရင် ဒီနေ့က စပြီး ကျွန်မက ရှင့်ရဲ့မိန်းမပဲ။ ဒီအခန်းကလည်း ကျွန်မတို့ရဲ့ မင်္ဂလာအိပ်ခန်းပဲ”

ကျင်းဟွေ့သည် ရုတ်တရက် ကြောင်သွားမိ၏။ သို့ပေမည့် စိတ်ထဲတွင်တော့ အလွန်အမင်း ပျော်ရွှင်သွားခဲ့၏။ သို့သော်ငြား ရုတ်တရက် သတိဝင်သွားပြီး လျင်လျင်မြန်မြန်ဖြင့် ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။ “ကျုပ် .... ကျုပ်က မထိုက်တန်ပါဘူး ခင်ဗျားက ချမ်းသာတဲ့မိသားစုကလို့ သမက်တော်က ပြောတယ်။ ကျုပ်နဲ့ မထိုက်တန်ပါဘူး”

သို့ပေမည့် ကျင်းဟွေ့သည် စကားဆုံးအောင် မပြောလိုက်ရချေ။ မိန်းကလေးသည် သူ၏ နှုတ်ခမ်းကို နမ်းရှိုက်ခဲ့သောကြောင့်ပင်။ ပြီးနောက် သူမသည် ကျင်းဟွေ့ကို အိပ်ရာထဲ ဆွဲလှဲကာဖြင့် အတူတူ ချစ်ပွဲဝင်ခဲ့လေသည်။

ကျင်းဟွေ့သည် အံ့အားသင့်စွာဖြင့် အံချီးနပမ်း ခံစားနေရ၏။

သူသည် ရှမ့်လန်ထက် စောစွာဖြင့် လူပျိုရည် ပျက်သွားခဲ့သည်။ သခင်လေးရှမ့်သာ သိပါက မိမိကိုယ်ကိုယ် သတ်သေမည်လား မသိနိုင်ချေ။

……..

မူလန်သည် အလျင်အမြန်ဖြင့် ပြေးထွက်သွားခဲ့၏။ ရှမ့်လန်တစ်ယောက်တည်း စာကြည့်ခန်းထဲတွင် ကျန်ရစ်ခဲ့၏။ သို့ပေမည့် သူမသည် ပြေးထွက်သွားတုန်းမှာပဲ အမှတ်မထင် ခေါင်းညိတ်ပြခဲ့သည်။

ရှမ့်လန်၏ နှလုံးခုန်နှုန်းများက မြန်ဆန်သွားခဲ့၏။ သူသည် စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်ရန် အချိန် အနည်းငယ် ကြာခဲ့၏။ သူသည် တကယ်ပင် မျှော်လင့်နေမိ၏။ သူ ကြိုးစားရပေမည်။ သူ၏ လူပျိုရည်ကို ဖျက်ဆီးရန် သူ အလွန်အမင်း အားစိုက်ရပေတော့မည်။

စစ်တုရင်ကစားပွဲက စတင်ပြီဖြစ်သည်။ အရှိန်အဟုန်ကလည်း မြန်ဆန်လွန်းလှချေ၏။ အရာအားလုံးသည် အစီအစဉ်အတိုင်း ဖြစ်လို့နေခဲ့၏။ မသေချာသည်မှာ နုရှောင့်မြို့ထဲတွင် ရှိနေသော ရှစ်ချင်းချင်း၏ အစိတ်အပိုင်း သာလျှင် ဖြစ်၏။ ပိုမို၍ အရေးကြီးမားသည်မှာ သူမ၏အခန်းကဏ္ဍသည် အရေးကြီးသည့်အခြေအနေအဖြစ်သို့ ရောက်ရှိလာခဲ့၏။ အောင်မြင်မှု၊ ရှုံးနိမ့်မှုများ၏ သော့ချက်ဟူ၍ပင် ပြောနိုင်ပေလိမ့်မည်။

သူမဆီမှာ ဘာသတင်းမှ မရရှိသေးချေ။ သူမ မည်သို့ဖြစ်နေသည်မှန်းလည်း သူ ကောင်းကောင်း မသိချေ။ သူမသည် ချောင်ယောင်းအာ၏ တိုင်ပင်ဖော်တိုင်ပင်ဖက် ဖြစ်လာမည်လား။ သူမ ဘက်ကသာ ထိရောက်သည့် လှုပ်ရှားမှုကို မလုပ်နိုင်လျှင် လိုအပ်သော ကွင်းစက်တစ်ခုကို ဆက်နိုင်ရန် သူကိုယ်တိုင် ချောင်ယောင်းအာ ဆီသို့ သွားရပေတော့မည်။

ဤချောင်ယောင်းအာသည် ယောက်ျားများနှင့်ပတ်သက်၍ မကောင်းသည့် စိတ်ဆန္ဒများရှိသည်ဟု ကြားဖူး ခဲ့၏။ ချောမောသည့် ယောက်ျားများကို မြင်ရသည့်အချိန်တွင် တစ်ခါတည်း သတ်ပစ်သည်ဟူသော ကောလဟာလ စကားများပင် ကြားရ၏။

ထိုအချိန်မှာပဲ ကျင်းဟွေ့သည် အထဲသို့ ပြေးဝင်လာကာ ပြောလိုက်သည်။ “သခင်လေး .. တစ်စုံတစ်ယောက်က ဒီကို အကြွေးလာတောင်းပါတယ်”

ရှမ့်လန်က ကြောင်အသွား၏။ “ယင်ယွမ်အဖွဲ့အစည်းက ရှုတင်းယုက ခုဏကတင် ထွက်သွားတာ မဟုတ်လား”

ကျင်းကျုံးက ပြောလိုက်သည်။ “ဒီတစ်ခါ လူကုံတန်ပွဲရုံက လင်းဝူပါ။ သခင်လေး သူ့ကို ရွှေဒင်္ဂါး တစ်ထောင် အကြွေးတင်ခဲ့တယ်လို့ ပြောနေတယ်။ လွန်ခဲ့တဲ့ လဝက်တုန်းကတဲ့ ။အခု စုစုပေါင်း ရွှေဒင်္ဂါး ၃,၀၀၀ ဖြစ်သွားခဲ့ပြီဆိုပဲ။ ချက်ချင်းပြန်ပေးဖို့ ပြောနေတယ်”

ရှမ့်လန်က ကြောင်အသွားခဲ့၏။ ယခင်တုန်းက သူ လင်းကျိုးကို သတ်သည့်အချိန်က လင်းဝူသည် ထွက်ပြေးသွားခဲ့သည်။ ရှမ့်လန်သည် ဤကဲ့သို့သော လူမျိုးကို စိတ်ထဲမထားခဲ့ချေ။ သို့ပေမည့် ဤစိတ်ထဲ မထားသော လူတစ်ယောက်သည် သူ၏တံခါးပေါက်ဆီသို့ ရောက်ရှိလာပြီး သူ၏မျက်နှာကို ပိတ်ရိုက်ရန် ပြင်ဆင်နေလေသည်လား။

တစ်ဖက်လူသည် ရူးသွပ်သွားခြင်းသာဖြစ်ပေလိမ့်မည်။ မည်သည့်အချိန်တုန်းက ရှမ့်လန်သည် ထိုသူ့ အပေါ်တွင် ရွှေဒင်္ဂါး တစ်ထောင် အကြွေးတင်သွားရသနည်း။ ပြောရမည်ဆိုလျှင် ကျားဒုက္ခရောက်သည့် အချိန်တွင် ခွေးများ လာကိုက်သကဲ့သို့ပင်။

ရွှမ်ဝူအိမ်တော်သည် အလုံးစုံဖျက်ဆီးခြင်းကို မခံရသေးချေ။ သို့ပေမည့် သေးငယ်သည့် စီးပွားရေးသမား တစ်ယောက်ကပင်လျှင် သူ့ကို လာရောက်ကာ အနိုင်ကျင့်ရဲနေ၏။ သေလမ်းရှာနေသည်လား။

သူ၏ပထမဦးဆုံး ရန်သူအနည်းငယ်ဖြစ်သည့် ထျန်းဟန်၊ ရှစ်ကွမ်းယွမ်နှင့် ကျူးလန်ထင်တို့ အားလုံးသည် လင်းဝူထက် ပိုမိုကာ အားကောင်းကြ၏။ အခု ထိုသူများအားလုံး သေဆုံးသွားခဲ့ပြီဖြစ်၏။ လင်းဝူက မသေသေးချေ။ မသေသေးသည်ကို ကျေနပ်စိတ်ဖြင့် အေးအေးဆေးဆေး မနေချေ။ အပြင်ဘက်သို့ ရင်ကော့ကာ ခုန်ထွက်လာခဲ့၏။

ကြီးမားလွန်းသည့် ဧည့်ခန်းအတွင်းမှာတော့ ...

ရှမ့်လန်သည် လင်းဝူကို ထွက်ကာ တွေ့ဆုံ၏။ လူကုံတန်ပွဲရုံ၏ သူဌေးသည် လူကိုယ်တိုင် ရောက်ရှိလာခဲ့ပြီဖြစ်၏။ သို့ပေမည့် သူ တစ်ယောက်တည်း လာခြင်း မဟုတ်ချေ။ သူနှင့်အတူ အရာရှိ တစ်ယောက်ပါ ပါလာခဲ့၏။ ကြည့်ရသည်မှာ ထိုအရာရှိသည် အဆင့်အတန်း မြင့်မားသည့် အရာရှိ ဖြစ်ပုံပေါ်သည်။

ရှမ့်လန်ကို မြင်ရသည့်အချိန်မှာတော့ လင်းဝူသည် နှလုံးသားထဲတွင် ရှိနေသည့် အမုန်းတရားများကို မထိန်းသိမ်းနိုင်ခဲ့ချေ။ သူ၏သား လင်းကျိုးသည် ရှမ့်လန်ကြောင့် သတ်ဖြတ်ခြင်းကို ခံခဲ့ရ၏။

“ရှမ့်လန်.. မင်း ဆိုးဆေးနည်းပညာကို ငါ့ကို ရောင်းချခဲ့ပြီးတော့ ရွှေဒင်္ဂါးတွေ ယူသွားခဲ့တယ်။ ဒီနည်းစနစ်က ရှစ်မိသားစု ဆီက ခိုးလာတာ။ ရှစ်မိသားစုက ငါ့ဆီက ဆိုးဆေးနည်းပညာကို ပြန်ယူသွားတယ်။ ငါက နေရင်းထိုင်ရင်း ရွှေဒင်္ဂါးတွေ ဆုံးရှုံးခဲ့ရတယ်။ အခု အဲဒီရွှေဒင်္ဂါး တစ်ထောင်ကို ပြန်ပေးဖို့ အချိန်ရောက်ပြီ”

ဘာ..... ခင်ဗျားက တကယ့်ကို သတ္တိကောင်းနေတာပဲ။ ဘယ်အချိန်တုန်းက ခင်ဗျားရဲ့ ရွှေဒင်္ဂါး တစ်ထောင်ကို ကျုပ်ယူသွားခဲ့တာလဲ။

ထိုအချိန်မှာပဲ တခြားသောရန်သူတစ်ယောက်ဖြစ်သည့် ကျူးဝမ်ဟွာသည် ဝင်ရောက်လာခဲ့၏။ သူနှင့်အတူ မြို့တော်ဝန်လျှိုဝူယမ်နှင့် နောက်ထပ် အဆင့်မြင့်အရာရှိတစ်ယောက် ပါလာ၏။ “ရှမ့်လန်.. မင်း ကိစ္စ ပေါ်ပေါက်သွားခဲ့ပြီ။ မင်းက ငါ့အဖေကို သတ်တဲ့ သံသယတရားခံပဲ။ ငါတို့နောက်လိုက်ခဲ့ပါ။ မြို့တော်ဝန်အိမ်ရာမှာ မင်းကို စစ်ဆေးမယ်”

ရှမ့်လန်သည် စိတ်ထဲတွင် ကြိတ်ကာ ပြောလိုက်၏။ ‘စိတ်ဝင်စားစရာကောင်းလာခဲ့ပြီ’

ပြပွဲသည် တကယ်ကို မြိုင်ဆိုင်လာခဲ့ပြီဖြစ်၏။

All Chapters