← Chapters

အခန်း (၁၇၈)

Vol. 13 Ch. 178

အခန်း (၁၇၈)

Vol. 13 Ch. 178

ညသို့ ရောက်သည့် အချိန်မှာတော့ နုရှောင့်မြို့ဆီမှ ရွက်သင်္ဘောတစ်စီးသည် ကျင်းချန်ကျွန်း ဆီသို့ ဦးတည်လျက် ရှိနေ၏။ ပင်လယ်ဓားပြ ချောင်ထျန်းဝေသည် စစ်သည်တော်ပေါင်း ၅၀၀၀ ကျော်ကို ဦးဆောင်ပြီး ကျင်းချန်ကျွန်း၌ အခြေချ နေထိုင်ရန် ရောက်ရှိလာခဲ့၏။

ရှမ့်လန်၏ ဒုတိယမြောက် မဟာဗျူဟာ ပြီးဆုံးရန် အချိန် ရောက်ရှိလာပြီ ဖြစ်သည်။

………

နောက် မနက်ခင်းမှာတော့ ရှစ်ချင်းချင်းသည် မနက်ခင်း စောစောစီးစီးတွင် နိုးထလာခဲ့၏။ ပြီးနောက် သူမသည် မျက်နှာသစ်ပြီး မနက်စာစားကာဖြင့် သူမ၏ အလုပ်တည်နေရာဆီသို့ ရောက်ရှိလာခဲ့၏။ ခြံဝင်းကို တံမြက်စည်း လှဲရန် ဖြစ်၏။

မြေပေါ်သို့ သစ်ရွက် တစ်ရွက် ကျဆင်းလာသည့်နှင့် တပြိုင်နက် လှပလွန်းသော အမျိုးသမီး ဆယ်ဦးတို့သည် အလျင်အမြန် ထိုနေရာဆီသို့ ပြေးသွားပြီး သစ်ရွက်စ တစ်ဖက်ကို သိမ်းဆည်းကြသည်။

ရှစ်ချင်းချင်းသည် ကျောများပင် ယားယံလျက် ရှိနေ၏။ သူမသည် ယခင်တုန်းက ဤကဲ့သို့ အိပ်ရာအမာသား ပေါ်တွင် မအိပ်ဖူးချေ။ ထို့ကြောင့် ကျောများ ယားယံနေခြင်း ဖြစ်၏။

သူ နုရှောင့်မြို့ဆီသို့ ရောက်ရှိလာခဲ့ခြင်းမှာ ချောင်ယောင်းအာ၏ ယုံကြည်ရသည့် လူတစ်ယောက် ဖြစ်ရန်ပင်။ တံမြက်စည်း လှဲရန် မဟုတ်ချေ။ သို့ပေမည့် သူမ အနေနှင့် အခွင့်အရေးကို ရှာဖွေ မတွေ့ရှိသေးချေ။

သစ်ရွက် လှဲနေတုန်း ချောင်ယောင်းအာ ဝင်ရောက်လာသည်ကိုလည်း မမြင်ရချေ။ သူမသည် ချောင်ယောင်းအာ၏ အောက်တွင်ရှိနေသည့် တတိယမြောက် အဆင့်အတန်းနှင့် အစေခံ တစ်ယောက်ပင် ဖြစ်လို့ နေခဲ့၏။ သူမအနေနှင့် ချောင်ယောင်းအာ အနားဆီသို့ ရောက်ရှိရန် အလွန်အမင်း ကြိုးစားရပေဦးမည်။

သူမသည် ချောင်ယောင်းအာ၏ သီးသန့်အိမ်စေနှင့် ပတ်သက်၍ မျက်နှာလို မျက်နှာရ ပြုလုပ်ခြင်း မရှိချေ။ အဘယ်ကြောင့်ဆိုသော် သူမသည် သူမ၏ ဂုဏ်သိက္ခာကို တန်ဖိုးထားလျက် ရှိနေတုန်းပင်။ သို့ပေမည့် သူမ လက်ရှိ ရောက်ရှိနေသည့် အဆင့်အတန်းကို ရှမ့်လန်သည်သာ သိရှိပါက ကျိန်းသေပေါက် သေဆုံးလုမတတ် ရယ်မောနေမှာ သေချာ၏။

………..

နောက်တစ်နေ့ မနက်ခင်းမှာတော့ ဓားဘုရင် လီချင်းချိုးသည် ရှမ့်လန်ကို နုကျန့်မြို့ဆီမှ တစ်ဆင့် ရွှမ်ဝူအိမ်တော်ဆီသို့ လိုက်ပါ ပို့ဆောင်ခဲ့၏။

လမ်းမကြီးမှာတော့ ရုတ်တရက် မြင်းများ အသော့နှင် မောင်းနှင်လျက် ရှိနေလေ၏။ စစ်သည်တော် မြင်းစီး တပ်ဖွဲ့ပေါင်း တစ်ရာကျော်တို့သည် အလွန် ကြောက်မက်ဖွယ်ရာ ကောင်းသည့် အရှိန်မျိုးဖြင့် ရှမ့်လန်တို့၏ ရထားလုံးကို ကျော်တက်သွားခဲ့၏။ ဤလူများသည် ရွှယ်လီ၏ မြင်းစီးတပ်ဖွဲ့များပင် ဖြစ်သည်။

“ခွေးကောင်းဆိုတာ လမ်းကို ပိတ်မရပ်ဘူး။ သွားစမ်း” အမျိုးသမီး တစ်ယောက်၏ အသံ ထွက်ပေါ်လာခဲ့၏။ ထိုအသံသည် ရွှယ်လီ၏ အသံ မဟုတ်ချေ။ ရွှယ်လီ၏ ဘေးတစ်ဖက်တွင် အမြဲတမ်း ရှိနေတတ်သည့် အမျိုးသမီး အစောင့်အသံပင် ဖြစ်၏။

ရှမ့်လန်သည် ကြောင်အသွားခဲ့၏။ ဤလမ်းသည် ရွှမ်ဝူမြို့ဆီသို့ ဦးတည်နေသည့်လမ်း ဖြစ်၏။ သို့ပေမည့် ရွှယ်လီသည် အဘယ်ကြောင့် အနောက်ဘက်ဆီသို့ ပြန်လည်ကာ လာရသနည်း။ ထို့အပြင် ဤလမ်းမကြီးသည် တကယ်ကို ကျယ်ပြောလွန်း၏။ သူတို့၏ ရထားလုံးသည် လမ်းကို ပိတ်ရပ်မထားခဲ့ချေ။

ရှမ့်လန် ဘာတစ်ခုမှ မပြောခင်မှာပင် လီချင်းချိုးသည် ရုတ်တရက် သူ့၏ ရထားလုံးကို ဘေးတစ်ဖက်ဆီသို့ အသာ ဆင်းသက်ကာဖြင့် ဖြည်းဖြည်းချင်း မောင်းနှင်လျက် ရှိ၏။

ရွှယ်လီသည် အလွန် မြန်ဆန်သည့် နှုန်းထားဖြင့် မြင်းတပ် တစ်ရာကျော်တို့နှင့်အတူ အသော့နှင်ကာ သူ့ကို ကျော်ဖြတ်ကာ မောင်းသွားခဲ့သည်။

ထိုမြင်းများသည် တကယ့်ကို အသော့နှင်ကာ မောင်းနှင်သွားသောကြောင့် ရှမ့်လန်သည် ဖုန်များကိုပင် ရှူရှိုက်နေရ၏။

ဖွီး … ဖွီး ...။

သူသည် တကယ်ကို စိတ်ဝင်စားသွားမိသည်။

ရွှယ်လီတစ်ယောက် ရွှမ်ဝူမြို့ဆီ ဘာသွားလုပ်မည်နည်း။ လီချင်းချိုးသည် သူ့၏ ရထားလုံးကို ဖြည်းဖြည်းချင်းသာ အသာ မောင်းလိုက်၏။

သို့ပေမည့် မကြာခင်မှာပင် ရွှယ်လီ၏ မြင်းစီးတပ်ဖွဲ့များသည် ထပ်မံကာ ရောက်လာခဲ့ပြန်သည်။

“အင်း ခွေးကောင်း ဆိုတာ လမ်းကို မပိတ်ဘူး။ ဖယ်စမ်း” ရွှယ်လီ၏ အမျိုးသမီး အစေခံ အသံက ထပ်မံကာ ထွက်ပေါ်လာခဲ့၏။

“ချီးထဲမှ.. ရူးနေပြီလား။ ဒါ ငါ့ကို တမင်တကာ လုပ်နေတာပဲ”

ရှမ့်လန် နောက်ဆုံးတော့ နားလည်သွားခဲ့ပြီ ဖြစ်၏။ ရွှယ်လီသည် ရွှမ်ဝူအိမ်တော်ဆီသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။ သူ့အနေနှင့် ဤလမ်းဆီသို့ ပြန်လာရန် မသင့်ချေ။ သို့ပေမည့် ဤခရီးကို လာခဲ့ခြင်းမှာ ရှမ့်လန်ကို ဒုက္ခပေးရန်သာ ဖြစ်၏။ ခွေးကောင်းသည် လမ်းကို မပိတ်ရဟု အခေါက်တိုင်း အော်ဟစ်လျက်ရှိသည်။

ဤကဲ့သို့ ဆိုးဝါးလှသည့် အမျိုးသမီး တစ်ယောက် ယခု အချိန်ထိ အသက်ရှင်နေခြင်းမှာ မည်ကဲ့သို့သော ကုသိုလ်တရားနည်း။

လီချင်းချိုးသည် ထိုအရာကို လေးလေးနက်နက် မထားခဲ့ချေ။ အဘယ်ကြောင့် ဆိုသော် သူ ညက ပြုလုပ် ခဲ့သည့် အလုပ်နှင့် နှိုင်းယှဉ်မည်ဆိုလျှင် ဤအရာက ဘာမှမဟုတ်သောကြောင့်ပင်။ ထို့အပြင် စိတ် သက်တောင့်သက်သာလည်း ခံစားလာမိ၏။ ဆိုးသွမ်းသည့် လူများသည် ဆိုးသွမ်းသည့် လူများ၏ ဒုက္ခပေးခြင်းကို ခံရသည်မှာ သဘာဝပင် ဖြစ်၏။ ထို့ကြောင့် သူသည် ဘာတစ်ခုကိုမှ ဂရုမစိုက်တော့ဘဲ လမ်း၏ ဘေးတစ်ဖက်ဆီသို့ ရထားလုံးကို ရွှေ့ကာ မောင်းနှင်လေ၏။

ရွှယ်လီသည် မြင်းသည်တော် တစ်ရာကျော်တို့ကို ဦးဆောင်ကာဖြင့် ထွက်ခွာသွားခဲ့သည်။ “သမက်တော် နောက်ဆုံးတော့ အသိပညာ ရှိသေးတာပဲ။ ဒီနေ့တော့ လက်လွှတ်ပေးလိုက်မယ်”

ဤတစ်ကြိမ်မှာတော့ ရွှယ်လီသည် ထွက်ခွာသွားခဲ့ပြီ ဖြစ်၏။

.............

ရှမ့်လန်အား ရွှမ်ဝူအိမ်တော်ဆီသို့ ပြန်လည် ပို့ဆောင်ပြီးနောက် လီချင်းချိုးသည် ရေနွေးတစ်ခွက်ကိုပင် မသောက်ခဲ့ချေ။ ချက်ချင်း တောင်ဘက်ပိုင်းဆီသို့ ပြန်လည် ထွက်ခွာသွား၏။ ထို့အပြင် သူ့၏ ခြေလှမ်းများက အလျင်စလို နိုင်လွန်းလှသည်။

ရှမ့်လန်ပင်လျှင် အားတုံ့အားနာ ခံစားနေမိ၏။

ရှမ့်လန် မြို့စားအိမ်တော်ဆီသို့ ပြန်လာခဲ့သည့်အချိန်မှာတော့ တုန်လှုပ်စရာကောင်းသည့် သတင်းကို ကြားလိုက်ရ၏။ ပင်လယ်ဓားပြ ချောင်ထျန်းဝေသည် စစ်သည်တော်ပေါင်း ၅၀၀၀ ကို ဦးဆောင်ပြီး ကျင်းချန်ကျွန်းဆီသို့ ဦးတည်လျက် ရှိနေခြင်းပင်။

ရှမ့်လန်က ပျော်ရွှင်သွားခဲ့မိ၏။ ဤကဲ့သို့ အရေးအကြောင်း အခြေအနေမျိုးသည် နောက်ဆုံးတွင် ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။

“အဖေ မြန်မြန်.... ကျင်းချန်ကျွန်းဆီကို စစ်သည်တော် ၂၀၀၀ ဦးဆောင်ပြီးသွား။ မှတ်ထားအုံး။ သူတို့ ဒီကျွန်းကို သိမ်းထားတဲ့အချိန်မှာ ကျုပ်တို့ အရှုံးပေးရမယ်။ ပြန်ပြီးမတိုက်ခိုက်ဘူး။ စစ်သုံ့ပန်တွေအဖြစ် စစ်သည်တွေကို ထားခဲ့မယ်။ ပြီးတော့ ကျုပ်တို့ရဲ့ မိုင်းလုပ်သားတွေရောပဲ”

ဝမ်ကျားကျွန်း မဟာဗျူဟာ စတင်ရန် အချိန်ကျရောက်နေပြီ ဖြစ်၏။ ရှစ်ချင်းချင်း၏ အခြေအနေ မည်မျှ တိုးတက်နေပြီ ဆိုသည်ကို သူ သိချင်မိ၏။ ယခု မဟာဗျူဟာသည် အရေးကြီးသည့် အခြေအနေဆီသို့ တိုးတက်လာခဲ့ပြီ ဖြစ်သောကြောင့် ရှစ်ချင်းချင်း၏ဘက်တွင်လည်း မြန်မြန်ဆန်ဆန်နှင့် တိုးတက်ရန် လိုအပ်လာ၏။

ချောင်ယောင်းအာ အကြောင်းကို နားလည်မှသာလျှင် ရှမ့်လန်သည် ကောင်းမွန်စွာ ပြုလုပ်ဆောင်ရွက်နိုင်မှာ ဖြစ်သည်။ “ရှစ်ချင်းချင်း ငါ့ကို စိတ်မပျက်စေနဲ့။ မင်းသာ ကျဆုံးသွားပြီ ဆိုရင် ငါကိုယ်တိုင် လုပ်ရတော့မယ်။ ကျေးဇူးပြုပြီး ငါ အဲ့လိုမျိုးတွေ မလုပ်ချင်ဘူး”

............

ရွှယ်လီသည် မြို့တော်ဆီသို့ အလျင်အမြန် ပြန်လာခဲ့၏။ ညသို့ ရောက်သည့် အချိန်မှာတော့ အကောင်းဆုံး နားနေရာ တည်နေရာ တစ်ခုဆီ၌ အကောင်းဆုံးသော အခန်းတွင် ဝင်ရောက်ကာ နားခို၏။ သူမ၌ အဝတ်အစား တော်တော်များများ ရှိ၏။ ထို့ကြောင့် ရှမ့်လန် ပြင်ဆင်ထားသည့် ထူးခြားသည့် အတွင်းခံကို သူမ မဝတ်ရသေးချေ။

တတိယမြောက်နေ့သို့ ရောက်သည့်အချိန်မှာတော့ ရေမိုးချိုးပြီး သူမ အတွင်းခံကို ပြောင်းလဲ ဝတ်ဆင်၏။ အိပ်ရာဆီသို့ သွားပြီးသည့်နောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားခဲ့၏။ ညသို့ ရောက်သည့် အချိန်မှာတော့ သူမ အိပ်မက်ပင် မက်နေမိ၏။ အလွန် ရှက်ရွံ့စရာ ကောင်းသည့် အိပ်မက်ပင် ဖြစ်၏။

“ကျုံးနန်...ရှင် စိတ်တိုစရာပဲ။ မလုပ် .... မလုပ်ပါနဲ့။ ယားတယ်။ ယားတယ်”

ပြီးနောက် သူမက နိုးထလာခဲ့သည်။ ဤအရာသည် အိပ်မက် မဟုတ်ပေ။ တကယ် ဖြစ်ပျက်လျက် ရှိနေခြင်းပင်။ သူမသည် စောင်ကို အသာ မကာ ဖြင့် ကြည့်ရှုလိုက်၏။ ချက်ချင်း ဆိုသလိုပင် ဆိုးဆိုးရွားရွား ထကာ အော်ဟစ်လိုက်မိသည်။

အဘယ်ကြောင့် ဆိုသော် သူမ၏ အရေးကြီးဆုံးနေရာ၌ အနာများ ပေါက်လျက် ရှိသောကြောင့်ပင်။

“သခင်မလေး ဘာမှားလို့လဲ”

အပြင်ဘက်တွင် ရှိနေသည့် အမျိုးသမီးအစောင့်သည် အလန့်တကြားဖြင့် လှမ်းကာ မေးမြန်းလိုက်၏။ သူမသည် ဓားကို ဆွဲထုတ်ပြီး အချိန်မရွေး အထဲသို့ ဝင်ရောက်ရန် ပြင်ဆင်လိုက်၏။

ရွှယ်လီသည် သူမ၏ပါးစပ်ကို အုပ်ကာကာဖြင့် ပြောလိုက်သည်။ “ဘာမှ ဘာမှမဟုတ်ဘူး … ငါ အိပ်မက်ဆိုးတွေ မက်နေတာ”

သူမသည် မျက်လုံးကို မှိတ်လိုက်၏။ စောဏတုန်းက မြင်ခဲ့သမျှသည် အိပ်မက်ဆိုးများသာ ဖြစ်လိမ့်မည်ဟု သူမ မျှော်လင့်ခဲ့မိ၏။ သို့ပေမည့် မျက်လုံးကို ထပ်မံဖွင့်ကာ ကြည့်ရှုလိုက်သည့် အချိန်မှာတော့ ထိုနေရာတွင် အနီရောင် အနာများ ရှိနေကြောင်း မြင်လိုက်ရ၏။ ယားယံမှုကလည်း သူမ၏အရိုးများပေါ်သို့ ပုရွက်ဆိတ်များ တက်နေသကဲ့သို့ပင် အလွန်အမင်းယားယံလွန်းလှချေ၏။

သူမသည် အရှိန်အဝါကြီးကြီးနှင့် ဟိတ်ဟန်မူရာများကို ထုတ်ဖော်လျက် ရှိနေသည်ဆိုသော်လည်း မမောက်မာ ရဲတော့ချေ။ လက်ရှိဖြစ်နေသည့် အဖြစ်အပျက်သည် ကြောက်မက်ဖွယ်ရာကောင်းသည့် အရာတစ်ခုဖြစ်ပြီး မည်သူ့ကိုမှ အသိပေး၍ မသင့်ကြောင်း သူမ သိရှိ၏။ သူမသည် သန့်စင်ပြီး အပြစ်ကင်းစင်သူ တစ်ယောက်ဖြစ်၏။ သူမတွင် ဤကဲ့သို့ ညစ်ပတ်သော ရောဂါတစ်ခု ဖြစ်နေသည်ကို သိရှိသွားပါက အနာဂတ်တွင် သူမ၏ ချစ်သူသည် သူမကို ရွံရှာသလို ဆက်ဆံပေလိမ့်မည်။

“ကောင်းကင်ဘုံ ဘယ်လိုသောက်ကျိုးနည်း ကိစ္စတွေ ဖြစ်ကုန်တာလဲ။ ငါ ဘာမှားခဲ့တာလဲ။ နတ်ဘုရားတွေက ငါ့ကို ဘာ့ကြောင့် အပြစ်ပေးရတာလဲ”

သူမသည် တကယ့်ကို အသန့်ရှင်းဆုံးသော သူတစ်ယောက်ဖြစ်၏။ သန့်ရှင်းမှုကိုလည်း အနှစ်သက်ဆုံးသော သူတစ်ယောက်ဖြစ်၏။ အဘယ့်ကြောင့် ဤကဲ့သို့ ဆိုးရွားသောရောဂါတစ်ခု ဖြစ်လာခဲ့ရသနည်း။

နောက်တော့ ရွှယ်လီသည် တစ်ညလုံး ကောင်းကောင်းအိပ်စက်ခြင်း မရှိချေ။ နာကျင်မှု၊ နှိပ်စက်ခံရမှု များကို ခံစားနေရ၏။ နောက်တစ်ရက်မှာတော့ သူမသည် သူမ၏အမိန့်ကို ပြောင်းလဲခဲ့၏။ မြို့တော်ဆီသို့ ပြန်မည့်အစား တောင်ဘက်ပိုင်း ဝူအန်းမြို့ဆီသို့သာ ပြန်ခဲ့၏။

သူမသည် အိမ်ကိုပြန်ချင်၏။ ဤအချိန်တွင် သူမ၏ မိသားစုကသာလျှင် အယုံကြည်ရဆုံးအရာဖြစ်၏။ မိသားစု၏ သမားတော်သာလျှင် သူမကို ကုသပေးနိုင်လိမ့်မည်။

ထို့အပြင် သူမသည် မြင်းကိုပင် မစီးရဲတော့ချေ။ မြင်းစီးမည်ဆိုပါက သေချင်စိတ်ပင် ပေါက်သွားမှာ သေချာ၏။ ထို့ကြောင့် ရထားလုံးကိုသာ စီးနင်းခဲ့ရ၏။ ရထားလုံးကို စီးနင်းသည်ဆိုလျှင်တောင်မှ သေဆုံးချင်လောက်သည် အထိ နာကျင်မှုမျိုးကို ခံစားနေရ၏။ ဤခရီးစဉ်၏ အချိန်မိနစ် တစ်ခုချင်းစီတိုင်းသည် သူမကို နှိပ်စက်နေသည့် နှိပ်စက်ခန်းတစ်ခုကို ဖြတ်သန်းနေရသကဲ့သို့ပင်။

နေ့နှင့် ည … ဤအတောအတွင်း သူမ အိပ်စက်နိုင်ခြင်း မရှိခဲ့ချေ။ ရက်အနည်းငယ်အတွင်း သူမသည် အလွန်အမင်း ပိန်ချုံးသွားခဲ့သည်။ ငရဲသို့ ရောက်ရှိနေသကဲ့သို့ပင် ခံစားနေမိ၏။ သေဆုံးသွားချင်သည်အထိ နာကျင်မှုမျိုးကို ခံစားနေရ၏။

..............

ရှမ့်လန်သည် ကျင်းမူကုန်းကို ထပ်မံတွေ့ရသည့်အချိန်မှာတော့ ဤဝတုတ်သည် အနည်းငယ်ရင့်ကျက် လာသည်ကို ခံစားမိလိုက်သည်။

“ရော့ ဒီမှာ မင်းအတွက်ပဲ” ရှမ့်လန်သည် အတွင်းခံတစ်ထည်ကို လှမ်းကာ ကမ်းပေးလိုက်၏။

“ကျေးဇူးပါပဲ ယောက်ဖ”

ဝတုတ်သည် အမှတ်မထင်နှင့် လှမ်းကာ ယူလိုက်၏။ ပြီးနောက် အံ့အားသင့်စွာဖြင့် မေးလိုက်သည်။ “ဟင် ဒါက ဘာကြီးလဲ”

ရှမ့်လန်က ပြောလိုက်၏။ “ဒါ မင်းကြိုက်မဲ့ဟာမျိုးပေါ့။ ဒါ ရွှယ်လီဟာပဲ”

ကျင်းမူကုန်းက တုန်လှုပ်သွားခဲ့၏။ ချက်ချင်းပင် ထိုအရာကို ယူပြီး သေသေချာချာ ကြည့်ရှုလိုက်သည်။ “တကယ်လား”

ရှမ့်လန်က ပြောလိုက်၏။ “အမှန်ပဲ”

ကျင်းမူကုန်းက ပြောလိုက်သည်။ “ယောက်ဖ ဒါကို ဘယ်လို ဘယ်လိုလုပ် ယူလာတာလဲ။ ဒီမိန်းမနဲ့လည်း စပ်ယှက်ခဲ့ပြီးပြီလား”

“ချီးတဲ့မှ” ရှမ့်လန်သည် ဤဝတုတ်ကို ထကာ ရိုက်နှက်ချင်စိတ်ပင် ပေါက်သွားမိ၏။

“နောက်တာပါ၊ နောက်တာပါ” ကျင်းမူကုန်းသည် ရှက်ရွံ့စွာဖြင့် ပြုံးလိုက်၏။ ပြီးနောက် သူသည် အတွင်းခံဝတ်စုံကို ဘောင်းဘီအိတ်ထဲသို့ ထိုးထည့်လိုက်၏။

ထိုခဏအတွင်းမှာပင် သူပေးသည့် လက်ဆောင်သည် ဤဝတုတ်ကို စိတ်ကျေနပ်သွားစေမည်လား။ သို့မဟုတ် နာကျင်မှုများ ဖြစ်တည်စေနိုင် နိုင်မည်လားဆိုသည်ကို သေသေချာချာ မသိတော့ချေ။

ဤဝတုတ်သည် အနည်းငယ်ပိုမိုကာ မာကြောလာပုံပေါ်၏။ ပြီးနောက် ဝတုတ်သည် စာများကိုသာ စတင်ရေးသားရန် စီစဉ်လိုက်၏။

ရှမ့်လန်က ပြောလိုက်သည်။ “ဝတုတ် မင်း ဘာလုပ်နေတာလဲ”

ဝတုတ်က ပြန်လည်ကာ ဖြေ၏။ “စာတွေ ကူးရေးနေတာလေ”

“ဘာတွေ ကူးရေးနေတာလဲ”

ဝတုတ်က ပြန်လည်ကာ ဖြေဆိုသည်။ “အင်း... နိုင်ငံရေးရာစာတမ်း ၁၉ ခုနဲ့ ကဗျာတွေလေ။ ယောက်ဖပဲ ကျုပ်ကို သင်ပေးထားတာပဲ”

ရှမ့်လန်က ပြောလိုက်၏။ “ကျင်းချန်ကျွန်းတိုက်ပွဲက ပြီးသွားပြီလေ။ ဒါတွေက အသုံးမှမဝင်တော့တာ”

စာမေးပွဲဖြေဆိုပြီးနောက် ထိုစာအုပ်များကို မီးရှို့သင့်သည် မဟုတ်ပါလား။ သို့ပေမည့် ဝတုတ်သည် ထိုအရာများကို ကူးယူလျက် ရှိနေသေး၏။ စာကူးယူခြင်းအလုပ်ကို တကယ်ပင် စွဲလမ်းနေလေသလား။

ကျင်းမူကုန်းက ပြောလိုက်၏။ “ယောက်ဖ.. တကယ်လို့ အလုပ်မကြိုးစားဘူးဆိုရင် အနာဂတ်မှာ ကျုပ် ဘယ်လိုလုပ် မိန်းမရမှာလဲ”

ရှမ့်လန်က ပြောလိုက်သည်။ “အဲဒီတော့”

ကျင်းမူကုန်းက ပြန်လည်ကာ ပြောလိုက်၏။ “ဒါ့ကြောင့် ကျုပ် နန်းတွင်းစာမေးပွဲကို ဝင်ပြီးဖြေဆိုဖို့ အစီအစဉ် ရှိတယ်။ ထန်ယွင်လိုမျိုး ကျောင်းတော်သားတစ်ယောက် ဖြစ်ချင်တယ်”

ရှမ့်လန်က ပြောလိုက်သည်။ “ဝတုတ်... ငါ့ကို ကြောက်အောင်မလုပ်နဲ့။ မင်းက အနာဂတ်မှာ မြို့စားကြီး အိမ်တော်ကို အမွေဆက်ခံရမယ့်လူ။ မင်းဆီမှာ အကန့်အသတ်မဲ့ များပြားတဲ့ အောင်မြင်မှုတွေ၊ ချမ်းသာမှုတွေ ရှိတယ်။ ဘယ်လိုဖြစ်ပြီးတော့ ဒီကောင်တွေလိုမျိုး စာတွေ လေ့လာသင်ယူနေဖို့ အချိန်ရှိမှာလဲ”

ကျင်းမူကုန်းက ပြောလိုက်၏။ “ကျုပ် နန်းတွင်းစာမေးပွဲကို ဖြေဆိုသွားပြီဆိုတာနဲ့ ကျောင်းတော်သား တစ်ယောက် ဖြစ်လာမယ်။ ဒါဆိုရင် ကျုပ်ရဲ့ပါရမီကို မြင်တဲ့ မိန်းကလေးတွေက ကျုပ်ကို ကြိုက်လာမှာ မဟုတ်လား”

တခြားသောသူများသည် နန်းတွင်းစာမေးပွဲကို ဖြေဆိုကြသည်ဆိုခြင်းမှာ အရာရှိ ဖြစ်ချင်သောကြောင့်ပင်။ သို့ပေမည့် ဝတုတ်သည် မိန်းကလေးများ ကြိုက်နှစ်သက်အောင် စာမေးပွဲဖြေဆိုရန် အစီအစဉ်ဆွဲလျက် ရှိနေသည်။ သောက်ကျိုးနည်းလှချေသည်။

ကျင်းမူကုန်းက ပြောလိုက်၏။ “ဒီတော့ ယောက်ဖ မြန်မြန်လေး ကျုပ်အတွက် စကားပြေတွေ ရှာဖွေပေးပါအုံး။ ဖြစ်နိုင်မယ်ဆိုရင် စကားပြေပေါင်း ၇၀၀၊ ၈၀၀ လောက် ဖန်တီးပေးထားရင် ကောင်းမယ်။ ဒါမှ ကျုပ် သေသေချာချာ အလုပ်ကြိုးစားလို့ရမှာ”

ရှမ့်လန်သည် ဤဝတုတ်၏ ဇွဲနဘဲကို ကြည့်ရှု၍ ကြောင်အသွားမိသည်။ “ဝတုတ်... မင်းဆီမှာ ဒီလောက်ဇွဲရှိနေတာကို ကိုယ့်ဘာသာကိုယ် ဘာလို့မရေးရတာလဲ”

ကျင်းမူကုန်းက ပြောလိုက်၏။ “ယောက်ဖ... ယောက်ဖလိုမျိုး ဉာဏ်ကောင်းတဲ့လူတစ်ယောက်ကို ဘာဖြစ်လို့ ပေါက်ပန်းလေးဆယ်တွေ လျှောက်ပြောနေရတာလဲ။ ကျုပ်လိုမျိုး ကြောင်တောင်တောင်လူမျိုးက ဒီလိုစကားပြေတွေကို ဘယ်လိုလုပ် ရေးသားနိုင်မှာလဲ”

ရှမ့်လန်က ကြောင်အသွားမိ၏။ ကြည့်ရသည်မှာ ဤဝတုတ်သည် တကယ်ပင် ရင့်ကျက်လာသည့်ပုံပေါ်သည်။

All Chapters