← Chapters

ယွဲ့ဧကရာဇ်လို အဆုံးမသတ်ပါစေနဲ့လို့ မျှော်လင့်ပါတယ်

Vol. 59 Ch. 874

ယွဲ့ဧကရာဇ်လို အဆုံးမသတ်ပါစေနဲ့လို့ မျှော်လင့်ပါတယ်

Vol. 59 Ch. 874

အစည်းအဝေးခေါ်ယူသည့်အခါ တပ်မှူးများအများဆုံးစိုးရိမ်နေသည့် ပြဿနာမှာ ကပ်ရောဂါကို မည်သို့ကိုင်တွယ်ရမည်နည်းဆိုသည့် အချက် ဖြစ်သည်။

လုချန်းက ဖြေရှင်းရန် နည်းလမ်းရှိသည်ဟု ပြောခဲ့သော်လည်း သူ၏ဖြေရှင်းချက်မှာ ရောဂါကူးစက်ခံရသူများနှင့် ထိတွေ့မှုမရှိအောင် ကာကွယ်ခြင်းမျှသာဖြစ်သည်။ ကပ်ရောဂါက သူတို့၏ တပ်များအတွင်း မတော်တဆ ကူးစက်သွားမည်ကို စစ်ဗိုလ်ချုပ်များ စိုးရိမ်နေကြသည်။

ယခုအခါ တပ်စခန်းတစ်ခု၏ တပ်မှူးဖြစ်နေပြီဖြစ်သော ရွှမ်ယွမ်ယွမ်ချီသည်လည်း ဤစိုးရိမ်မှုများကို မျှဝေခံစားနေရသည်။ သူမက စစ်ဗိုလ်ချုပ်များကိုကြည့်ရင်း လုချန်းအား တိုက်ရိုက်မေးလိုက်သည်။

“မင်းကြီး။ ရိုသေစွာဖြင့် မေးမြန်းခွင့်ပြုပါ။ ကပ်ရောဂါကို ဘယ်လိုကိုင်တွယ်ရမယ် ဆိုတာကို သိလိုပါတယ်။ စစ်မြေပြင်က စစ်သားတွေ ကြိုတင်ပြင်ဆင်ထားနိုင်ဖို့ ညွှန်ကြားပေးပါ။”

လုချန်း ပြုံးလိုက်သည်။

“ထူးဆန်းနေပါလား။ ကျွန်‌တော် ခင်ဗျားတို့အားလုံးကို ကပ်ရောဂါကို ကာကွယ်နည်း ပေးပြီးသား မဟုတ်ဘူးလား။”

“ခင်ဗျားတို့ မေ့သွားကြပြီလား။ သိပ်မကြာသေးခင်က ကျွန်တော် ခင်ဗျားတို့ကို ပေးခဲ့တဲ့ နတ်ဆိုးမြေမြုပ်ကျင့်စဉ်လေ။”

လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ သူတို့ အနည်းငယ် သံသယဖြစ်နေပုံရသည်။

လုချန်းက ဆက်ပြောလိုက်သည်။

“ချွမ်နိုင်ငံတော်မှာ ဖြစ်နေတာက သာမန်ကပ်ရောဂါမဟုတ်ဘူ။ မကောင်းဆိုးဝါး စွမ်းအားတစ်ခုကြောင့် ဖြစ်ပွားတာဖြစ်တယ်။ နတ်ဆိုးမြေမြုပ်ကျင့်စဉ်က ဒီမကောင်းဆိုးဝါးစွမ်းအားကို တန်ပြန်ဖို့ အထူးစီမံပြုလုပ်ထုတ်ထားတာ။”

ရွှမ်ယွမ်ယွမ်ချီက ချက်ချင်းပင် ပြဿနာအသစ်တစ်ခုကို ထုတ်ဖော်ပြောဆိုလိုက်သည်။

“မင်းကြီး။ နတ်ဆိုးမြေမြုပ်ကျင့်စဉ်ကို ကျင့်ကြံထားတဲ့ စစ်သားတွေက ကပ်ရောဂါကို ကာကွယ်နိုင်တယ် ဆိုပေမဲ့ စစ်တပ်ထဲက စစ်သားအများစုက သာမန်စစ်သားတွေပါ။”

စိတ်ဝိညာဉ်ဆန် ပျံ့နှံ့လာခြင်းက ရှနိုင်ငံတော် စစ်တပ်အတွင်း အဆင့်မြင့် သိုင်းပညာရှင် အရေအတွက် တိုးများလာစေခဲ့သော်လည်း စစ်တပ်သည် မြေအဆင့် ကျင့်စဉ်တစ်ခုဖြစ်သော နတ်ဆိုးမြေမြုပ်ကျင့်စဉ်ကို ကျင့်နိုင်စွမ်း မရှိသည့် သာမန်စစ်သားများဖြင့်သာ အဓိကအားဖြင့် ဖွဲ့စည်းထားဆဲဖြစ်၏။ လုချန်း သင်ကြားပေးသော မြေအဆင့်ကျင့်စဉ်များသည် ရိုးရှင်းအောင် ပြုလုပ်ထားသော်လည်း သူတို့အတွက်မူ လက်လှမ်းမမီနိုင်သေးပေ။

လုချန်းက

“ခင်ဗျားတို့ ဒီအတွက် စိတ်ပူစရာမလိုဘူး။ နတ်ဆိုးမြေမြုပ်ကျင့်စဉ်ရဲ့ အတွင်းအားစစ်စစ်က လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲက ကပ်ရောဂါကို တိုက်ရိုက် ချေဖျက်ပေးနိုင်တယ်။ စစ်စခန်းတစ်ခုမှာ ထိပ်သီးတဝက်အဆင့် ပညာရှင် တစ်ယောက်ရှိနေသရွေ့ အဲ့ဒီစခန်းက ကပ်ရောဂါအတွက် စိုးရိမ်စရာမလိုဘူး။”

“နောက်ပြီး ကျွန်တော့်မှာ ကပ်ရောဂါကို ရှင်းလင်းနိုင်တဲ့ စိတ်ဝိညာဉ်စွမ်းအင် ပစ္စည်းတစ်ခု ရှိတယ်။ အဲဒီပစ္စည်းက ကျွန်တော်တို့ စစ်မြေပြင်ရောက်တာနဲ့ ကပ်ရောဂါကို ကြိုတင်ရှင်းလင်းပေးလိမ့်မယ်။ ပြီးမှ စစ်သားတွေကို ရှေ့တက်ခိုင်းမယ်။”

စစ်ဗိုလ်ချုပ်များ အနည်းငယ် စိုးရိမ်နေကြဆဲဖြစ်သော်လည်း သူတို့၏ဧကရာဇ်က ဤမျှလောက် ရှင်းပြနေမှတော့ သူ့ကို အနေနှင့် ယုံကြည်ရန်သာ ရွေးချယ်နိုင်တော့သည်။

လုချန်းက ဆက်လက်၍

“ကပ်ရောဂါကိစ္စကို လောလောဆယ်ထားလိုက်ပြီး တိုက်ခိုက်မယ့်လမ်းကြောင်းတွေကို ဆွေးနွေးကြရအောင်။”

ထိုသို့ပြောပြီး လုချန်းက သူ၏ရှေ့မှ မြေပုံကို ကြည့်လိုက်သည်။ ထို့နောက် သူက တုတ်တံချောင်းတစ်ခုကို ကောက်ယူပြီး မြေပုံပေါ်ကို ထောက်ကာ တပ်မှူးအသီးသီးအား တာဝန်များ စတင်ခွဲဝေပေးတော့သည်။

……..

ထိုအတောအတွင်း။

ချွမ်နိုင်ငံတော် ။

နန်းတော်တွင်။

မိုးပြာရောင်ဝတ်ရုံ ဝတ်ဆင်ထားသော လျှိုချင်းချိုသည် ကြာကန်ဘေးတွင်ရပ်ကာ ဟိုဟိုဒီဒီ ကူးခတ်နေသော ငါးများကို ကြည့်နေသည်။ ထိုစဉ် သူမ၏ အနောက်မှ အသံတစ်ခု ပေါ်လာသည်။

“ရှင်က တကယ်ပဲ စိတ်တည်ငြိမ်နိုင်တာပဲ။ ရှနိုင်ငံတော်က တပ်တွေကို စုစည်းပြီးနေပြီ။ ရှင်ကတော့ ဒီမှာ ငါးကြည့်နေတုန်းပဲ။”

လျှိုချင်းချိုက

“ဆွမ်ဧကရာဇ်မှာ ကပ်ရောဂါ ပြဿနာကို ဖြေရှင်းဖို့ ဘယ်လိုနည်းလမ်းမျိုးတွေ ရှိသလဲဆိုတာ ကျွန်မ တော်တော်လေး သိချင်နေတယ်။”

မုယန်စီက ရယ်မောလျက်

“သူ့မှာ တကယ်တော့ ကပ်ရောဂါကို ရှင်းလင်းဖို့ နည်းလမ်းမရှိပဲ သူ့စစ်သားတွေရဲ့ အသက်ကို လျစ်လျူရှုထားတာမျိုး မဖြစ်နိုင်ဘူးလား။”

လျှိုချင်းချိုက

“သူက အဲ့ဒီလောက် မိုက်မဲတဲ့လူတစ်ယောက်လို့တော့ ကျွန်မမထင်ဘူး။”

လုချန်း၏ ယုံကြည်မှုက မည်သည့်နေရာမှ လာသည်ကို လျှိုချင်းချို မသေချာသော်လည်း ရှစစ်တပ် ချွမ်နိုင်ငံတော်သို့ ချဉ်းကပ်လာကတည်းက သူတို့ပြုလုပ်ခဲ့သော ကာကွယ်ရေးအစီအမံများကို သူမကြားသိထားသည်။

ရှနိုင်ငံတော်စစ်တပ်က ပြုလုပ်ခဲ့သော အစီအမံများသည် သူ၏စစ်သားများ၏ အသက်ကို လုချန်း အမှန်တကယ် တန်ဖိုးထားကြောင်း ပြသရန် လုံလောက်သည်။

မဟုတ်လျှင် သူက စစ်တပ်ကို ထိုအစီအမံများ ပြုလုပ်ခိုင်းမည် မဟုတ်ချေ။ သို့သော် ချွမ်နိုင်ငံတော်ထဲတွင် ထိုအစီအမံများတစ်ခုတည်းဖြင့် ကပ်ရောဂါပျံ့နှံ့မှုကို တားဆီးရန် လုံလောက်မည် မဟုတ်ပေ။

လျှိုချင်းချိုသည် ချွမ်နိုင်ငံတော်၏ နယ်မြေအတွင်း လှုပ်ရှားနေသော ရှနိုင်ငံတော်မှ လူများကို အစောကြီးကတည်းက သတိပြုမိခဲ့သည်။ လုချန်းလည်း ကပ်ရောဂါအခြေအနေအကြောင်းကို သိရှိရမည်ဟု သူမယုံကြည်သောကြောင့် ကပ်ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်ရန် အခြားနည်းလမ်းများ သူ့မှာ ရှိရမည်ဟု သူမ ခံစားမိသည်။

အမှန်တော့ ဒါတွေက သူမ၏ ထင်ကြေးမျှသာဖြစ်သည်။ ယခုအချိန်ကတော့ ရှစစ်သားများ ချွမ်နိုင်ငံကို တိုက်ခိုက်စဉ်အတွင်း ကပ်ရောဂါကူးစက်ခံရမည်လားဆိုသည်ကို စောင့်ကြည့်ရမည့်အချိန်ဖြစ်၏။ ထိုအခါမှ လုချန်းတွင် ကပ်ရောဂါကို ရှင်းလင်းရန် နည်းလမ်း အမှန်တကယ်ရှိမရှိ မြင်တွေ့ရလိမ့်မည်။

ထိုအခိုက်တွင် မုယန်စီက ပြုံးလျက်မေးသည်။

“ကပ်ရောဂါကိစ္စကို ခဏထားလိုက်ပြီး ကျွန်မတို့နှစ်ယောက် လုချန်းနဲ့ တိုက်ပွဲတစ်ခုမှာ ရင်ဆိုင်ရရင် အနိုင်ရနိုင်ခြေ ဘယ်လောက်ရှိမယ်လို့ ရှင်ထင်လဲ။”

လျှိုချင်းချိုက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“တစ်ရာ ရာခိုင်နှုန်း”

“အိုး။ ရှင်က ကျွန်မအပေါ်မှာ အဲ့ဒီလောက်တောင် ယုံကြည်မှုရှိတာလား”

ဟု မုယန်စီက မေးလိုက်သည်။

လျှိုချင်းချိုက နှာခေါင်းရှုံ့ ရယ်မောလိုက်ကာ

“ကျွန်မက ရှင့်ကို ယုံကြည်တာမဟုတ်ဘူး။ ကျွန်မရဲ့ ကိုယ်ပိုင်အစွမ်းကို ယုံကြည်တာ။”

“ရှင်မရှိရင်တောင် ကျွန်မက လုချန်းကို ချွမ်နိုင်ငံတော်ကို သိမ်းပိုက်ခွင့် ဘယ်တော့မှ ပေးမှာမဟုတ်ဘူး။”

လျှိုချင်းချို၏စကားကိုကြားသောအခါ မုယန်စီ ခပ်ဖျော့ဖျော့ပြုံးလိုက်၏။ သူမ စကား များများစားစား မပြောချင်တော့ချေ။

လျှိုချင်းချိုသည် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦး၏ ကိုယ်ပွားဖြစ်ရမည်။ ထို့ကြောင့် သူမဤမျှ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိနေခြင်း သို့မဟုတ် အထင်ကြီးနေ ခြင်းဖြစ်ပေမည်။

စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦး၏ ကိုယ်ပွားက အဆင့်နိမ့်ကမ္ဘာမှ တစ်စုံတစ်ယောက်ကို အထင်သေးခြင်းသည် သာမန်ပင်ဖြစ်သော်လည်း လုချန်းကို လျှော့တွက်ခြင်းသည် နောက်ဆုံးတွင် ဆုံးရှုံးမှု ကြီးကြီးမားမား ဖြစ်စေနိုင်သည်။

မုယန်စီသည် လျှိုချင်းချို၏ လှပသော ကိုယ်လုံးကို ကြည့်လိုက်ပြီး စိတ်ထဲတွင် တွေးလိုက်သည်။

“ အင်းသူ ယွဲ့ဧကရာဇ်လို အဆုံးမသတ်ပါစေနဲ့လို့ မျှော်လင့်ရတာပဲ။”

လျှိုချင်းချို ဤမျှ ကိုယ့်ကိုယ်ကို ထင်ကြီးနေသည်ကို မြင်ရပြီးနောက် လုချန်းက သူမ ဖမ်းဆီးသွားပြီး ညစဉ်ညတိုင်း စော်ကားနှိမ့်ချစေလိုသော ဆန္ဒတစ်ခု မုယန်စီ၏ စိတ်ထဲ ထူးဆန်းစွာ ဖြစ်ပေါ်လာခဲ့သည်။

ထိုအခိုက်တွင် လျှိုချင်းချိုက မုယန်စီနှင့် စကားပြောခြင်းကို ရပ်တန့်လိုက်ပြီး အစည်းအ‌ဝေး ခန်းမဘက်သို့ လှည့်လိုက်ကာ အစောင့်များကို ညွှန်ကြားလိုက်သည်။

“ရှနိုင်ငံတော်ကို ခုခံတွန်းလှန်ရေးကိစ္စ ဆွေးနွေးဖို့ အရပ်ဘက်နှင့် စစ်ဘက်မှူးမတ်အားလုံးကို ဆင့်ခေါ်လိုက်။”

လျှိုချင်းချို ထွက်ခွာသွားသော ပုံရိပ်ကိုကြည့်ရင်း မုယန်စီတွင် ရုတ်တရက် ထူးဆန်းသော အတွေးတစ်ခု ပေါ်လာသည်။ လျှိုချင်းချို၏ အလှတရားဖြင့် ထိုကာမစိတ်ကြီးသော လုချန်းကို ဆွဲဆောင်နိုင်လောက်သည် မဟုတ်ပါလား။

…….

ရက်အတော်အတန် ကြာပြီးနောက်။

ရှနိုင်ငံတော်သည် ချွမ်နိုင်ငံတော်ကို တိုက်ခိုက်ရန် တပ်များ တရားဝင် စေလွှတ်ခဲ့၏။ သူတို့ပထမဆုံး တိုက်ခိုက်သောမြို့မှာ တန်ရှင်းမြို့ဖြစ်သည်။

ဤတစ်ကြိမ်တွင် ချွမ်နိုင်ငံတော်၏ အခြေအနေ အမှန်တကယ် မည်သို့ရှိသည်ကို လေ့လာနိုင်ရန်အတွက် လုချန်း ကိုယ်တိုင်ပါဝင်ခဲ့သည်။

မကြာမီတွင် လုချန်းသည် သူ၏စစ်တပ်ကို တန်ရှင်းမြို့၏ မြို့ပြင်သို့ ဦးဆောင်သွားသည်။ သွားရာလမ်းတစ်လျှောက်တွင် လမ်းဘေး၌ လူအရိုးများစွာကို တွေ့မြင်ခဲ့ရသည်။

ချွမ်နိုင်ငံတော်တစ်ခုလုံးသည် အလွန်ခြောက်ကပ်နေပြီး ဖိနှိပ်မှုများဖြင့် ပြည့်နှက်နေပုံရသည်။ လုချန်းနှင့် သူ၏လူများ ရောက်ရှိသည်နှင့် အရာရှိအချို့က သူတို့၏ ရုံးတံဆိပ်များ၊ လက်နက်ချစာတမ်းများဖြင့် မြို့အပြင်ဘက်တွင် စောင့်ဆိုင်းနေသည်ကို တွေ့ရှိရသည်။

ခရိုင်အရာရှိ ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသားသည် ပိန်လှီနေပြီး အဆက်မပြတ် ချောင်းဆိုးနေ၏။ သူသည် ကပ်ရောဂါခံစားနေရပြီး အသက်ရှင်ရန် အချိန်များများစားစားမကျန်တော့ကြောင်း ထင်ရှားသည်။

ထိုအခိုက်တွင် လုချန်းက မြင်းပေါ်မှဆင်းလိုက်ပြီး ခရိုင်အရာရှိထံသို့ တိုက်ရိုက်လျှောက်သွားလိုက်သည်။ ထိုအချင်းအရာမြင်သောအခါ လုချန်းဘေးရှိ စစ်သူကြီးများ ကြောက်လန့်သွားပြီး သူ့ကိုတားဆီးရန် အလျင်အမြန် ပြေးလာကြသည်။

“မင်းကြီး ဒီလိုလုပ်လို့ မသင့်တော်ပါဘူး။”

“အဲ့ဒီလူက ကပ်ရောဂါကူးစက်ခံထားရတာ ထင်ရှားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့…”

လုချန်းသည် သူတို့ကို ဆက်မပြောရန် သူ၏လက်ကိုမြှောက်၍ တားဆီးလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

“ကျွန်တော်ကိုယ်တိုင် ကပ်ရောဂါကို ဘယ်လိုကာကွယ်ရမလဲဆိုတာ မပြရင် စစ်သားတွေက ကျွန်တော်ကပ်ရောဂါ ကာကွယ် ရှင်းလင်းနိုင်တယ်ဆိုတာကို ဘယ်လိုလုပ် တကယ် ယုံကြည်နိုင်မှာလဲ။”

စစ်သူကြီးများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး နောက်ဆုံးတွင် သူ့ကိုမတားဆီးရန် ဆုံးဖြတ်ကာ လမ်းရှင်းပေးလိုက်ကြသည်။

ထို့နောက် လုချန်း ခရိုင်အရာရှိထံသို့ တိုက်ရိုက်လျှောက်သွားလိုက်သည်။ အနက်ရောင်နှင့်ရွှေရောင်သံချပ်ကာ ဝတ်ဆင်ထားသော လူငယ်တစ်ဦး ချဉ်းကပ်လာသည်ကိုမြင်သောအခါ တန်ရှင်းမြို့ ခရိုင်အရာရှိက လုချန်းကို ရှနိုင်ငံတော်မှ တပ်မှူးတစ်ဦးဟု ထင်မှတ်လိုက်သည်။

လုချန်းသည် သူ့ထံမှ အတော် ဝေးဝေးတွင် ရှိနေခဲ့သည့်အပြင် အရာရှိသည်လည်း အသည်းအသန် နာမကျန်းဖြစ်နေသောကြောင့် ရှနိုင်ငံတော် စစ်သူကြီးများက လုချန်းကို “မင်းကြီး” ဟု ခေါ်ဝေါ်နေသည်ကို သူ မကြားလိုက်ချေ။

ထို့နောက် တန်ရှင်းခရိုင်အရာရှိက တုန်ယင်စွာ ပြောလိုက်သည်။

“တန်ရှင်းခရိုင်ရဲ့ အုပ်ချုပ်ရေးမှူးက လူကြီးမင်းကို ဂါရဝပြုပါတယ်…”

All Chapters