← Chapters

အံ့ဖွယ်တစ်ပါးပင်

Vol. 59 Ch. 875

အံ့ဖွယ်တစ်ပါးပင်

Vol. 59 Ch. 875

လုချန်း၏ ဘေးတွင် ရပ်နေသော ပိုင်ချင်းချင်းက တန်ရှင်းခရိုင် အုပ်ချုပ်ရေးမှူးကို ချက်ချင်း ပြင်ပေးလိုက်သည်။

“ဒါက ကျွန်မတို့ရဲ့ မင်းကြီးပါ”။

ထိုစကားကို ကြားသောအခါ ခရိုင်အုပ်ချုပ်ရေးမှူး၏ မျက်လုံးများ မယုံကြည်နိုင်ပဲ ပြူးကျယ်သွားသည်။ ရှနိုင်ငံတော်၏ ဧကရာဇ်သည် ဤကဲ့သို့သော နေရာသို့ လာရဲလိမ့်မည်ဟု သူ မယုံနိုင်ပေ။ တန်ရှင်းမြို့တွင် ကပ်ရောဂါ မကူးစက်သေးသူ တစ်ယောက်မှ မကျန်တော့သလောက် ဖြစ်နေသည်။

ရှဧကရာဇ်က ရောဂါ ကူးစက်ခံရမည်ကို မကြောက်တာလား။

မည်သို့ပင်ဖြစ်စေ သေရတော့မည်ကို သိနေသောကြောင့် ခရိုင်အုပ်ချုပ်ရေးမှူးသည် လုချန်းကို မကြောက်တော့ပေ။ သူက ပါးစပ်ဖွင့်၍ ပြောလိုက်သည်။

“မင်းကြီးကို ဂါရဝပြုပါတယ်။အသက်ရှည်ပါစေ။”

“ကျွန်တော်က အပြင်းအထန် နေမကောင်းဖြစ်နေပါပြီ။ ဒူးထောက်ပြီး အရိုအသေမပေးနိုင်တာကို ခွင့်လွှတ်ပေးပါ မင်းကြီး”။

ခရိုင်အုပ်ချုပ်ရေးမှူး၏ မျက်နှာပေါ်မှ မျှော်လင့်ချက် ကင်းမဲ့နေသော အကြည့်ကိုမြင်လျှင် လုချန်းက

“အရေးမကြီးပါဘူး။”

ထို့နောက် လုချန်းက ဆက်လက်၍

“ကပ်ရောဂါမဖြစ်ခင်က တန်ရှင်းမြို့မှာ လူဘယ်လောက်ရှိခဲ့လဲ။”

ခရိုင်အုပ်ချုပ်ရေးမှူးက

“ လူတစ်သိန်းရှိခဲ့ပါတယ် မင်းကြီး”

ရှနိုင်ငံတော်အနီးတွင် တည်ရှိပြီး ကုန်သည်များအတွက် အရေးပါသော လမ်းကြောင်းတစ်ခုအဖြစ် တည်ရှိသောကြောင့် တန်ရှင်းမြို့သည် ကပ်ရောဂါမဖြစ်ပွားမီက အလွန်စည်ကားခဲ့သည်။

လုချန်းက ဆက်မေးလိုက်သည်။

“အခုရော ဘယ်လောက်ကျန်သေးလဲ။”

ခရိုင်အုပ်ချုပ်ရေးမှူးက ပြန်ဖြေသည်။

“တစ်ထောင်အောက်လောက်ပဲ ကျန်တော့မယ်ထင်တယ်။ ကျွန်တော် နောက်ဆုံးအကြိမ် စာရင်းမကောက်ယူခဲ့တော့ အရေအတွက် အတိအကျကို အခုမသိတော့ပါဘူး။”

ထိုစကားကို ကြားသောအခါ လုချန်း မျက်မှောင်ကြုတ်လိုက်သည်။ ကောင်းကင်ဘုံ အဆင့် နတ်ဆိုးတို့ သယ်ဆောင်လာသော ကပ်ရောဂါသည် အမှန်ပင် ကြောက်မက်ဖွယ်ကောင်းလှ၏။ လူဦးရေတစ်သိန်းရှိသော မြို့ကို တစ်ထောင်အောက်သာရှိသော မြို့အဖြစ် ပြောင်းလဲစေခဲ့သည်။

သူက ထပ်မံမေးမြန်းပြန်သည်။

“ခင်ဗျားတို့မြို့မှာ တပ်စွဲထားတဲ့ စစ်သားတွေကရော ဘယ်လိုလဲ။”

ဤနေရာသည် ကုန်သည်များအတွက် အရေးပါသော လမ်းကြောင်းဖြစ်သောကြောင့် ချွမ်နိုင်ငံတော်အတွက် အလွန်အရေးကြီး၏။ ယခင်က ဤနေရာတွင် ကြီးမားသော တပ်စခန်းတစ်ခု ချထားခဲ့သည်။ ခရိုင်အုပ်ချုပ်ရေးမှူးက

“ကပ်ရောဂါဖြစ်ပြီးတော့ သူတို့ ဆုတ်ခွာသွားကြပါတယ်။”

ခရိုင်အုပ်ချုပ်‌ရေးမှူး၏ အကြောင်းပြန်ချက်ကို ကြားသောအခါ လုချန်း အံ့အားသင့်ခြင်းမရှိခဲ့ပေ။ ချွမ်နိုင်ငံတော်သည် တန်ရှင်းမြို့ကို စွန့်ပစ်ခဲ့ပြီဖြစ်သည်။

ထို့နောက် လုချန်း မြို့ဘက်သို့ ကြည့်လိုက်ရာ မည်းနက်သောလေထုအလွှာတစ်ခု မြို့အပေါ်ဘက်တွင် မျှောနေသကဲ့သို့ ထင်ရသည်။ ယင်းသည် လေထု၏ သဘာဝ သက်သက်တော့ မဟုတ်ပေ။

သူ၏မျက်စိဖြင့်ကြည့်လျှင် အမှန်တကယ်ပင် မည်းနက်သောလေထုအလွှာများရှိနေ၏။ မော်တော်ကားများ၏နောက်တွင် လိုက်ပါနေသော မီးခိုးများနှင့် ဆင်တူသည်။

အနက်ရောင်လေထုကို မြင်သောအခါ ၎င်းသည် ကပ်ရောဂါ၏ အကြောင်းရင်းခံဖြစ်နိုင်သလားဟု လုချန်း တွေးမိသည်။ သူက သူ့ဘေးရှိ ပိုင်ချင်းချင်းကို မေးလိုက်သည်။

“ပိုင်။ တန်ရှင်းမြို့အပေါ်မှာ တစ်ခုခုမြင်လား။”

သူမ ကောင်းကင်ပေါ်ကို အမြန်တစ်ချက်ကြည့်လိုက်ရာ ကောင်းကင်ပြာနှင့် တိမ်ဖြူများ မပြောင်းမလဲ ရှိနေသည်ကို တွေ့ပြီးနောက် ပိုင်ချင်းချင်းက

“မင်းကြီး။ ကျွန်မ ဘာမှမတွေ့မိပါဘူး။”

ဒါက သူတစ်ယောက်တည်းသာ မြင်နိုင်ခြင်းလား သို့မဟုတ် အဆင့်မြင့် စွမ်းအား နယ်ပယ်မှ လူများသာ မြင်နိုင်ခြင်းလား ဟု လုချန်းက တွေးလိုက်သည်။ ထိုသို့တွေးလျက် လုချန်းက မုဟုန်ကွမ်းကို မေးလိုက်သည်။

“ဥက္ကဋ္ဌမု။ တန်ရှင်းမြို့အပေါ်မှာ ဘာများမြင်ပါသလဲ။”

လုချန်း၏ မေးခွန်းကို ကြားလိုက်ရသော အခါ မုဟုန်ကွမ်း၏ မျက်နှာပေါ်တွင် ရှုပ်ထွေးသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

တန်ရှင်းမြို့အပေါ်ဘက်တွင် တစ်စုံတစ်ရာ ရှိနေတာလား။

တစ်စုံတစ်ရာရှိ နေပါက အဘယ်ကြောင့် သူဘာကိုမှ မမြင်ရသနည်း။

သူက ရိုးသားစွာ ပြန်ဖြေလိုက်သည်။

“မင်းကြီး။ ကျွန်တော်လည်း ဘာမှမမြင်မိပါဘူး။”

ကောင်းကင်လူသား စွမ်းအားရှင်တစ်ဦးဖြစ်သော မုဟုန်ကွမ်းပင် ထိုသို့ဖြေသည်ကို မြင်သောအခါ သူမှလွဲ၍ မည်သူမှ လေထုမည်းများကို မမြင်နိုင်ကြောင်းကို လုချန်း သေချာသလောက်ဖြစ်သွားသည်။

အမည်းရောင်လေထုသည် အမှန်ပင် ပြဿနာတစ်ရပ်ဖြစ်နေသည်ဟု ထင်ရသည်။

ထို့နောက် လုချန်းက သူ၏စနစ်မှ နတ်ဆိုးနှိမ်နင်းရေး တံခွန်ကို တိုက်ရိုက်ထုတ်ယူလိုက်သည်။ နတ်ဆိုးနှင်တံခွန်ကို ထုတ်ပြလိုက်သည်နှင့်တပြိုင်နက် ရွှေရောင်အလင်များ ဖြာထွက်ပေါ်လာသည်။

နောက်တစ်ခဏတွင် လုချန်း၏ ပတ်ပတ်လည်ရှိ လေထုမည်းအားလုံး ပျောက်ကွယ်သွားသည်။

ထိုအချိန်တွင် တန်ရှင်းမြို့ရှိ လူများစွာ၏ ပတ်လည်မှ လေထုမည်းများလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို သတိပြုမိသည်။ လေထုမည်းများ ပျောက်ကွယ်သွားသည်နှင့် ကပ်ရောဂါကူးစက်ခံထားရသူများသည် သိသိသာသာ အသားအရေ ပြန်လည်စိုပြေလာပြီး မျက်နှာများတွင် သွေးရောင်ပြန်လွှမ်းလာသည်။

တန်ရှင်းခရိုင် အုပ်ချုပ်ရေးမှူးသည်လည်း ထိုပြောင်းလဲမှုကို သတိပြုမိပြီး သူ၏လက်များကို မယုံနိုင်စွာ ပြန်ကြည့်နေသည်။

ထိုအခိုက်အတန့်တွင် တန်ရှင်းမြို့မှ သာမန်ပြည်သူများသည် စကားမပြောနိုင်လောက်အောင် စိတ်လှုပ်ရှားနေကြသည်။ ရုတ်တရက် ခရိုင်အုပ်ချုပ်ရေးမှူးက ဒူးထောက်လိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“အံ့ဖွယ်တစ်ပါးပါပဲ။ ဒါဟာ တကယ့် အံ့ဖွယ်တစ်ပါးပါပဲ။”

“တန်ရှင်းခရိုင်က ပြည်သူတွေကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မင်းကြီး။”

ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူး၏ နောက်မှ သာမန်ပြည်သူများကလည်း လျင်မြန်စွာ ဒူးထောက်လိုက်ကြသည်။

“တန်ရှင်းခရိုင်က ပြည်သူတွေကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မင်းကြီး။”

တန်ရှင်းမြို့မှ သာမန်ပြည်သူများသာမက ရှစစ်သားများပင် အံ့အားသင့်သွားကြသည်။ သူတို့၏စိတ်ထဲတွင် သူတို့၏ဧကရာဇ်သည် ကပ်ရောဂါကို အမှန်တကယ် ရှင်းလင်းနိုင်ပါ့မလားဟု အမြဲတမ်း သံသယအချို့ရှိခဲ့ကြသည်။

သို့သော် အံ့အားသင့်စရာကောင်းစွာပင် အချိန်တိုအတွင်း သူသည် ကပ်ရောဂါကူးစက်ခံထားရသော လူအားလုံးကို ကုသပေးခဲ့သည်။

ထိုအချိန်တွင် လူတိုင်း၏အကြည့်များက လုချန်း၏ လက်ထဲရှိ နတ်ဆိုးနှင်တံခွန်ပေါ်သို့ ကျရောက်သွားသည်။ ဤအလံက ကပ်ရောဂါကို ပယ်ဖျက်ခဲ့ခြင်းဖြစ်ကြောင်းထင်ရှားသည်။ ဤအလံနှင့်ဆိုလျှင် ရှစစ်တပ်သည် ကပ်ရောဂါကို ကြောက်ရွံ့စရာလိုတော့သည် မဟုတ်‌တော့ပေ။

ခဏအကြာတွင် ရှတပ်၏ စိတ်ဓာတ်အလွန် မြင့်တက်လာသည်။

ထို့နောက် လုချန်းက သူ့နောက်မှ ဗိုလ်ချုပ်များကို ပြောလိုက်သည်။

“ကျွန်တော် ကပ်ရောဂါကို ရှင်းလင်းနိုင်တယ်လို့ ပြောခဲ့တာ အခု ခင်ဗျားတို့အားလုံး ယုံလောက်ပြီမလား။”

ထိုသို့ပြောပြီး သူက တန်ရှင်းမြို့ဘက်သို့ လျှောက်သွားရင်း ပြောလိုက်သည်။

“ဒီမှာဖြစ်ခဲ့တာတွေကို သတင်းဖြန့်လိုက်။”

ပိုင်ချင်းချင်းက

“ဟုတ်ကဲ့ မင်းကြီး။”

လုချန်းသည် ချွမ်နိုင်ငံတော်မှ ပြည်သူအားလုံးကို သူ့၌ ကပ်ရောဂါ ရှင်းလင်းနိုင်သောစွမ်းရည်ရှိကြောင်း သိစေလိုသည်။ ဤနည်းဖြင့် သူသည် အခြားမြို့များကို သိမ်းပိုက်လိုသောအခါ စစ်သည်တစ်ဦးတစ်ယောက်မှ မဆုံးရှုံးရပဲ အောင်နိုင်နိုင်မည်ဖြစ်သည်။ အချို့မြို့စောင့်တပ်များပင် သူ့ထံသို့ အလိုလျောက် လာရောက်အညံ့ခံကြလိမ့်မည်။

လုချန်း တန်ရှင်းမြို့ထဲသို့ ဝင်ရောက်ပြီးနောက် သူ၏ နတ်ဆိုးနှင်အလံကို ထပ်မံအသုံးပြုလိုက်၏။ ၎င်းသည် လေထဲသို့ ပျံတက်သွားပြီး တောက်ပသော ရွှေရောင်အလင်းတန်းများ ထုတ်လွှတ်လိုက်သည်။

တခဏအတွင်း ရွှေရောင်အလင်းများ ဖြာကျလာပြီးနောက် မြို့တစ်ခုလုံးကို ဖုံးလွှမ်းနေသော အမှောင်အငွေ့အသက်များ လုံးဝပျောက်ကွယ်သွားတော့သည်။

………

မျက်စိတစ်မှိတ် အတွင်းမှာပင် ရက်အနည်းငယ် ကုန်လွန်သွားသည်။

အထူးကိုယ်ရံတော်များ၏ သတင်း ဖြန့်ဝေမှုကြောင့် တန်ရှင်းမြို့၌ လုချန်း၏ လုပ်ဆောင်ချက်များသည် ချွမ်နိုင်ငံတော်၏ ခရိုင်အသီးသီးသို့ ပျံ့နှံ့သွားသည်။ ရှနိုင်ငံတော်တွင် ကပ်ရောဂါကို တိုက်ဖျက်နိုင်စွမ်းရှိကြောင်း ကြားသိရသောအခါ ခရိုင်များရှိ သာမန်ပြည်သူများနှင့် ထိပ်တန်းအရာရှိကြီးများပင် ရှနိုင်ငံတော်သို့ ဘက်ပြောင်းရန် စတင်စဉ်းစားလာကြသည်။

ထိုအချိန်တွင် လျှိုချင်းချိုသည် ချွမ်နိုင်ငံတော်၏ အခြေအနေကို မထိန်းချုပ်နိုင်တော့ပေ။ ရက်အနည်းငယ်အတွင်း ခရိုင်အုပ်ချုပ်ရေးမှူး အများအပြားသည် သူတို့၏ စစ်သားများနှင့်အတူ တန်ရှင်းမြို့သို့ လာရောက်၍ လုချန်းထံ တိုက်ရိုက်အညံ့ခံခဲ့ကြသည်။

လုချန်းက လာရောက်အညံ့ခံသူများရှေ့တွင် ကပ်ရောဂါကို မည်သို့နှင်ထုတ်ရမည်ကို သရုပ်ပြပြီးပေး၏။ ထိုလူများလည်း လုချန်းအား ကံကြမ္မာသားတော်အဖြစ် ချက်ချင်း ရိုသေလေးစားသွားကြသည်။

ရုတ်တရက် ဒေသအဆင့်မှ ချွမ်နိုင်ငံတော်၏ နန်းတွင်းအထိ အညံ့ခံရန် တောင်းဆိုသံများ ပိုမိုကျယ်လောင်လာသည်။

………

ချွမ်နိုင်ငံတော်။

နန်းတော်။

ချွမ်နင်းနန်းဆောင်။

လျှိုချင်းချိုသည် ထောက်လှမ်းရေး အစီရင်ခံစာများကို ကြည့်ရင်း ပို၍ပို၍ ဒေါသထွက်လာသည်။ ချွမ်နိုင်ငံတော်၏ နယ်မြေအများအပြား ရှနိုင်ငံ၏ လက်အောက်သို့ ဤမျှလျင်မြန်စွာ ကျရောက်သွားလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။

လုချန်းသည် စစ်သားတစ်ဦးတစ်ယောက်မှ မစေလွှတ်ပဲ ချွမ်နိုင်ငံတော်၏ နယ်မြေများစွာကို ဝါးမျိုခဲ့သည်။ အဓိကအချက်မှာ သူသည် သူ၏တပ်များကို တန်ရှင်းမြို့သို့ ဦးဆောင်သွားပြီးနောက် ထိုနေရာ၌သာ နေထိုင်ခဲ့ပြီး အခြားခရိုင်များကို တိုက်ခိုက်ရန် စစ်တပ်မစေလွှတ်ခဲ့ခြင်း ဖြစ်သည်။

အခြားခရိုင်များမှ အဆင့်မြင့်အရာရှိများသည် ချွမ်နိုင်ငံတော် စစ်သားများနှင့်အတူ တန်ရှင်းမြို့သို့ ပြေးလာပြီး သူ့ထံ အညံ့ခံခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ ချွမ်နိုင်ငံတော် မင်းမျိုးမင်းနွယ်များနှင့် မကြာမီ ဧကရီဖြစ်လာမည့် သူမကို လုံးဝဂရုမစိုက်ခြင်းနှင့် ထပ်တူညီပေသည်။

ထိုအခိုက်အတန့်တွင် မုယန်စီ လျှိုချင်းချို၏ အိပ်ဆောင်ထဲသို့ ရောက်လာပြီး တိုင်တစ်တိုင်ကို မှီလျက် ပြုံးနေသည်။

“ရှင့်ကို ဒီလိုမြင်ရတာ တော်တော်ရှားတာပဲ။ရှင်လည်း ဒေါသထွက်တတ်လိမ့်မယ်လို့ ကျွန်မထင်မထားဘူး။”

လျှိုချင်းချိုက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

“ကျွန်မ လုချန်းကို ရှင်းပစ်ပြီးတဲ့အထိ စောင့်ကြည့်လိုက်။ ပြီးရင် အဲ့ဒီသစ္စာဖောက်တွေကို ရှင်းပစ်မယ်။”

မုယန်စီက

“ဒါပေမဲ့ ရှင် လုချန်းကို မရှင်းနိုင်ပဲ ကိုယ့်ကိုယ်ကိုယ် စတေးလိုက်ရတဲ့အဖြစ်မျိုး ဖြစ်သွားနိုင်တယ်။”

“ဒါပေမဲ့ အဓိကအချက်သို့ ပြန်သွားရရင် ရှင်မှန်းတာမှန်တယ်။ လုချန်းမှာ ကပ်ရောဂါကို နှိမ်နင်းနိုင်တဲ့နည်းလမ်း တကယ်ရှိနေ တယ်။”

All Chapters