← Chapters

အဆုံးအဖြတ်တိုက်ပွဲ စသင့်ပြီ

Vol. 59 Ch. 876

အဆုံးအဖြတ်တိုက်ပွဲ စသင့်ပြီ

Vol. 59 Ch. 876

မုယန်စီ၏ စကားကို ကြားပြီးနောက် လျှိုချင်းချို၏ ယခင်က တင်းမာနေသော မျက်နှာအမူအရာ ပျော့ပြောင်းသွားပြီး သူမ၏ စိတ်နှလုံးလည်း တည်ငြိမ်လာသည်။

“လုချန်းရောက်လာတဲ့အခါ ချွမ်နိုင်ငံတော်က ကပ်ရောဂါက ဘယ်လိုဖြစ်ပြီး ယူပစ်လိုက်သလို ပျောက်ကွယ်သွားရတာလဲ ဆိုတာကိုတော့ ကျွန်မတော်တော်လေး သိချင်မိတယ်။”

“ဒီကပ်ရောဂါက အစကတည်းက ရှနိုင်ငံတော်က လုပ်ကြံဖန်တီးထားတာတော့ မဖြစ်နိုင်လောက်ပါဘူး။”

ထိုစကားကို ကြားသောအခါ မုယန်စီက ရယ်မောလိုက်သည်။

“ရှင်က လူတွေကို အကွက်ဆင်ပြီး ချောက်ချတာကို တကယ်ကျွမ်းကျင်တာပဲ။ ဒီကပ်ရောဂါက တောင်ပိုင်းပင်လယ်ကနေ လာတယ်ဆိုတာ ကျွန်မတောင်သိတယ်။ ဒါတောင် ရှင်က လုချန်းအပေါ် ပုံချရဲသေးတယ်။”

လျှိုချင်းချိုက

“ဘယ်သူလုပ်တာလဲဆိုတာ အရေးမကြီးဘူး။ အဓိကက ရလဒ်ပဲ။”

ထို့နောက် သူမက တံခါးဝရှိ အစောင့်ကို ပြောလိုက်သည်။

“ဒုဝန်ကြီးလီကို သွားခေါ်ခဲ့။”

မုယန်စီက သိချင်စိတ်ဖြင့် မေးလိုက်သည်။

“ရှင်က ကပ်ရောဂါကို ရှနိုင်ငံတော်က ဖြန့်တာပါလို့ ကောလာဟလလွှင့်ပြီးတော့ လူထုရဲ့ဒေါသကို ရှနိုင်ငံတော်ဘက် လှည့်ခိုင်းမလို့လား။”

ကပ်ရောဂါသည် တစ်နှစ်ကျော်ကြာမြင့်ခဲ့ပြီး အိမ်ထောင်စုတိုင်းနီးပါးတွင် တစ်စုံတစ်ယောက် ဆုံးရှုံးခဲ့ရသည်။ အကယ်၍ ရှနိုင်ငံတော်သာ ကပ်ရောဂါပြန့်ပွားရခြင်း၏ တရားခံဖြစ်ကြောင်း သတင်းပျံ့သွားပါက ချွမ်နိုင်ငံတော် ပြည်သူလူထု၏ အမုန်းတရားကို သေချာပေါက် နှိုးဆွပေးလိမ့်မည်ဖြစ်သည်။

လျှိုချင်းချိုက ခံစားချက်ကင်းမဲ့သော မျက်နှာဖြင့် ပြောလိုက်သည်။

“လုချန်းမရောက်ခင်က ကပ်ရောဂါက တစ်နှစ်ကျော်ကြာ တည်ရှိနေပြီး ပပျောက်အောင် မလုပ်နိုင်ခဲ့ဘူး။ ဒါပေမဲ့ လုချန်းရောက်လာတာနဲ့ ကပ်ရောဂါက ချက်ချင်းပျောက်သွားတယ်။ ဒါက တိုက်ဆိုင်လွန်းတယ်လို့ ရှင်မထင်ဘူးလား။”

“မကြာခင်မှာ ချွမ်နိုင်ငံတော်က ပြည်သူတွေလည်း ဒါက အကျိုးကြောင်း ဆီလျော်မှုမရှိဘူးဆိုတာ တွေ့လာလိမ့်မယ်လို့ ကျွန်မယုံတယ်။”

ထိုစကားကို ကြားသော် မုယန်စီက ခပ်ရေးရေးပြုံးကာ

“ရှင့်ရဲ့ နည်းလမ်းက ချွမ်နိုင်ငံတော်က ပြည်သူတွေရဲ့ နှလုံးသားကို ပြန်အနိုင်ရနိုင်ပါစေလို့ ကျွန်မမျှော်လင့်ပါတယ်။”

သူမက ထိုသို့ပြောခဲ့သော်လည်း စိတ်ထဲတွင်မူ ထိုနည်းလမ်း အလုပ်ဖြစ်မည်ဟု မယုံကြည်ပေ။ သူတို့က ကောလာဟလ ဖြန့်လျှင် ရှနိုင်ငံတော်ကလည်း ထိုသို့ပင် ဖြန့်နိုင်၏။

အဓိကအချက်မှာ ရှနိုင်ငံတော်ဘက် ရပ်တည်ခြင်းဖြင့် ကပ်ရောဂါကို ရှောင်ရှားနိုင်ခြင်းပင်ဖြစ်သည်။ လူမိုက်တစ်ယောက်အတွက်ပင် သိသာထင်ရှားသော ရွေးချယ်မှုဖြစ်သည်။

ဟုတ်ပါသည်။ လျှိုချင်းချို၏ မဟာမိတ်တစ်ဦးအနေနှင့် သူမကို စိတ်အားလျှော့စေ၍ မဖြစ်ပေ။

……..

ရက်အနည်းငယ်အကြာတွင်။

ချွမ်နိုင်ငံတော် နယ်နိမိတ်အတွင်း၌ ကောလာဟလတစ်ခု စတင်ပျံ့နှံ့လာသည်။ ထိုကောလာဟလအရ ကပ်ရောဂါ၏ နောက်ကွယ်တွင် ချွမ်နိုင်ငံတော်ကို သိမ်းပိုက်ရန် ရည်ရွယ်သည့် ရှဧကရာဇ် ရှိနေကြောင်း စွပ်စွဲထားသည်။

သက်သေမှာ သူရောက်လာမှသာ ကပ်ရောဂါ ပျောက်ကွယ်သွားခြင်းဖြစ်ပြီး ၎င်းမှာ တိုက်ဆိုင်မှု မဖြစ်နိုင်ဟု ဆိုသည်။ ကပ်ရောဂါကို ရှနိုင်ငံတော်က ဖန်တီးမှသာ ကုသနည်းကို ဤမျှ လွယ်ကူစွာ သိနိုင်မည်ဖြစ်ကြောင်း ကောလာဟလက နိဂုံးချုပ်ထားသည်။

……..

တန်ရှင်းမြို့။

သူ၏ ယာယီစာကြည့်ခန်းတွင် လုချန်း ရန်ခရိုင်မှ အစီရင်ခံစာများကို ကြည့်နေစဉ် သူ၏လက်ထောက် ပိုင်ချင်းချင်းက

“မင်းကြီး။ တပ်မှူးချင် ပြန်ရောက်ပါပြီ။”

လုချန်းက သူ၏လက်ထဲမှ အစီရင်ခံစာကို ချလိုက်သည်။

“ဝင်ခဲ့ပါ။”

ကပ်ရောဂါကို စုံစမ်းစစ်ဆေးနေသော ချင်ယူရှန် အလျင်အမြန်ဝင်လာပြီး ဦးညွှတ်လိုက်သည်။

“မင်းကြီးကို ဂါရဝပြုပါတယ်။ထာဝရအသက်ရှည်ပါစေ။”

လုချန်းက ခေါင်းညိတ်လိုက်သည်။

“ထုံးစံတွေ လုပ်မနေနဲ့တော့။”

ချင်ယူရှန်က အစီရင်ခံလိုက်သည်။

“မင်းကြီး။ ကျွန်တော်ရဲ့ အရည်အချင်းမပြည့်ဝမှုကို ခွင့်လွှတ်ပါ။ ချွမ်နိုင်ငံတော်က ကပ်ရောဂါရဲ့ တိကျတဲ့အကြောင်းရင်းကို ကျွန်တော် ရှာမတွေ့ခဲ့ပါဘူး။”

ချွမ်နိုင်ငံတော်ကပ်ရောဂါသည် သေတ္တာတစ်လုံးနှင့်ဆက်စပ်နေကြောင်း ရှာဖွေတွေ့ရှိခဲ့သော်လည်း ယခုထိုသေတ္တာ မည်သည့်နေရာတွင်ရှိနေပြီး အဘယ်ကြောင့်ကပ်ရောဂါဖြစ်ပွားစေခဲ့သနည်းဆိုသည်ကို အထူးကိုယ်ရံတော်များ မသိနိုင်‌သေးပေ။

လုချန်းက

“ကိစ္စမရှိပါဘူး ကျွန်တော် အဲဒါရဲ့ဇစ်မြစ်ကို သိထားပြီးပါပြီ။ အခုကော ချွမ်နိုင်ငံတော်ကနေ ထောက်လှမ်းရေးသတင်းအသစ်တွေ ရသေးလား။ ချွမ်မိဖုရားဘက်က လှုပ်ရှားမှုတစ်ခုခု ရှိနေလား။”

ချင်ယူရှန်က

“မင်းကြီး။ မကြာသေးခင်က ချွမ်မိဖုရားက နေရာအနှံ့ ကောလာဟလတွေ ဖြန့်နေပါတယ်။ ကပ်ရောဂါကို မင်းကြီးက ဖြန့်တာပါလို့ စွပ်စွဲပြီး ချွမ်နိုင်ငံတော်က ပြည်သူတွေကို ရှနိုင်ငံတော်ကို ဆန့်ကျင်ဖို့ လှုံ့ဆော်နေပါတယ်။”

လုချန်း ပြုံးလိုက်သည်။ သူမျှော်လင့်ထားသည့်အတိုင်းပင်ဖြစ်သည်။

သူက ချင်ယူရှန်ကို ချက်ချင်းပြောလိုက်သည်။

“ချွမ်နိုင်ငံတော်မှာ ကပ်ရောဂါဖြစ်ရတဲ့ အကြောင်းရင်းက မိစ္ဆာမတစ်ယောက်က နန်းတွင်းအစိုးရကို အုပ်ချုပ်နေလို့ ကောင်းကင်ဘုံကနေ ချမှတ်တဲ့ ပြစ်ဒဏ် ဖြစ်တယ်လို့။ အခု ကံကြမ္မာရဲ့ သားတော် အစစ်အမှန်ဖြစ်တဲ့ ကျွန်တော် ရောက်လာပြီဖြစ်လို့ ကပ်ရောဂါကို ရှင်းလင်းပြီးသွားပြီ။ နမိစ္ဆာမကို ကျွန်တော်တစ်ယောက်တည်းသာ နိုင်နင်းနိုင်တယ်။ ကျွန်တော် မိစ္ဆာမကို နိုင်နင်းပြီးတာနဲ့ ချွမ်နိုင်ငံတော်က ကပ်ရောဂါကို ရှင်းသွားလိမ့်မယ်။အခုချက်ချင်း အဲ့ဒီ သတင်းစကားဖြန့်ပါ။”

ချင်ယူရှန်က ချက်ချင်းတုံ့ပြန်လိုက်သည်။

“ဟုတ်ကဲ့ပါ မင်းကြီး။ ကျွန်တော် ချက်ချင်းဆောင်ရွက်ပါ့မယ်။”

ချွမ်နိုင်ငံတော်မှ သာမန်ပြည်သူများသည် လျှိုချင်းချိုကို မိစ္ဆာမအဖြစ် တွေးမြင်ကြလိမ့်မည်ကို သူသိသည်။ အမျိုးသမီးတစ်ဦး၏ အုပ်ချုပ်မှုက ကောင်းကင်ဘုံ၏ ပြစ်ဒဏ်ကို ဆောင်ကြဉ်းနိုင်သည်မှာ အဖြစ်များသော ယုံကြည်ချက်တစ်ခုဖြစ်သည်။ ဤကောလာဟလသည် ဖြန့်ရန်လွယ်ကူပြီး ယုံကြည်ရန် ပို၍ပင် လွယ်ကူလိမ့်မည်ဖြစ်သည်။

ခန့်မှန်းထားသည့်အတိုင်းပင် လူထုသည် ကပ်ရောဂါက ရှနိုင်ငံတော်ကြောင့် ဖြစ်သည်ထက် မိစ္ဆာမတစ်ဦး၏ အုပ်ချုပ်မှုကြောင့်ဟု ယုံကြည်ရန် အလားအလာ ပိုများလာသည်။ မကြာမီ ချွမ်နိုင်ငံတော်တွင် နေရာတိုင်း၌ မကျေနပ်မှုများ ဖြစ်ပွားလာပြီး အားလုံးက ကပ်ဘေးအတွက် မိစ္ဆာမိဖုရားခေါင် လျှိုချင်းချိုကို အပြစ်တင်ကြသည်။

ရလဒ်အနေဖြင့် ပို၍များပြားသောလူများကလုချန်းထံ အညံ့ခံရန် တန်ရှင်းမြို့သို့ လာရောက်ကြ၏။ အညံ့ခံသူများထဲတွင် ချွမ်နိုင်ငံတော် မင်းမျိုးမင်းနွယ် အချို့ပင် ပေါ်လာသည်။

မင်းမျိုးမင်းနွယ်များသည် လူမိုက်များမဟုတ်ကြပေ။ သူတို့သည် ချွမ်နိုင်ငံတော်၏ နေ့ရက်များ ကုန်ဆုံးနေပြီဖြစ်ကြောင်း သိမြင်ကြပြီး မိဖုရားခေါင်၏ ဖိနှိပ်မှုကိုလည်း ခံနေရသည်။

ချွမ်နိုင်ငံတော် မင်းမျိုးမင်းနွယ်များ၏ ထောက်ခံမှုဖြင့် လုချန်းသည် သူတို့ကို ချက်ချင်းအသုံးချကာ ဝါဒဖြန့်မှုကို တိုးမြှင့်လိုက်၏။ မင်းမျိုးမင်းနွယ်များပင် မိစ္ဆမိဖုရား၏ဒဏ်ကို မခံနိုင်တော့ပဲ ကောင်းကင်ဘုံ၏ ဘက်တော်သားဖြစ်သော ရှနိုင်ငံတော်နှင့်အတူ ရပ်တည်ရန် ရွေးချယ်ခဲ့ကြောင်း ပြည်သူများအား ပြောကြားခဲ့သည်။

……..

ချွမ်နင်နန်းဆောင်။

နောက်ဆုံးတွင် လျှိုချင်းချို သည်းမခံနိုင်တော့ပေ။ သူမသည် လက်ထဲရှိ ထောက်လှမ်းရေးသတင်းများကို ကြည့်ရင်း သူမ၏ ဒေါသ အထွတ်အထိပ်သို့ ရောက်နေသည်။ သူမ၏ ခန္ဓာကိုယ်မှ စိတ်ဝိညာဉ်စွမ်းအင်များက စာရွက်များကို အစိပ်စိပ်အမွှာမွှာ ဖြစ်သွားစေခဲ့သည်။

လျှိုချင်းချို၏ ဒေါသပမာဏကို မြင်သောအခါ မုယန်စီက ပြုံးလျက်

“ဒီနည်းလမ်းက လုချန်းကို ယှဉ်နိုင်မှာ မဟုတ်ဘူးလို့ ကျွန်မရှင့်ကို အစကတည်းက ပြောခဲ့တယ်လေ။”

“ရှနိုင်ငံတော်နဲ့ လုချန်းကို အနိုင်ယူချင်ရင် တကယ့် စွမ်းအားကိုပဲ အားကိုးရမှာ။ ဒီလို ပေါ့ပေါ့ပျက်ပျက် လှည့်ကွက်တွေက ဘာအသုံးဝင်မှာလဲ။”

မုယန်စီ၏ စကားကို ကြားသောအခါ လျှိုချင်းချိုက အေးစက်စွာ ပြောသည်။

“ရှင်ပြောတာမှန်တယ်။ ဒီလောကမှာ စွမ်းအားကိုပဲ အားကိုးရတယ်။ ကျွန်မတို့ ရှနိုင်ငံတော်နဲ့ လှည့်ကွက်တွေ ကစားနေတာ ကြာပြီ။ တကယ့်အဆုံးအဖြတ်တိုက်ပွဲအတွက် အချိန်ကျလာပြီ။”

All Chapters