← Chapters

ယွဲ့ဧကရာဇ်ကို ဧည့်ခံခဲ့သလိုမျိုးလား

Vol. 59 Ch. 877

ယွဲ့ဧကရာဇ်ကို ဧည့်ခံခဲ့သလိုမျိုးလား

Vol. 59 Ch. 877

အနုနည်းလမ်းများက လုချန်းကို ထိခိုက်နိုင်ခြင်း မရှိသည့်အတွက် ထိပ်တိုက် တိုက်ခိုက်ရန် အချိန်ကျရောက်လာခဲ့သည်။ လုချန်းက သူမကို ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲတွင် အနိုင်ယူနိုင်လိမ့်မည်ဟု လျှိုချင်းချို မယုံကြည်နိုင်ခဲ့ပေ။

နိုင်ငံ၏ အားကောင်းစေရန် ပြည်သူတို့၏ ထောက်ခံမှုကို လိုအပ်သောကြောင့် သူမ၏တပ်များကို ချထားခြင်းမှ ရှောင်ကြဉ်ခဲ့ခြင်းဖြစ်သည်။ သို့သော် ယခု ပြည်သူ့ထောက်ခံမှု ကျဆင်းလာပြီဖြစ်သဖြင့် ဟန်ဆောင်နေရန် မလိုအပ်တော့ဟု သူမ ခံစားရသည်။ စစ်ပွဲစတင်ရန် အချိန်တန်ပြီဖြစ်သည်။

တိုက်ပွဲတစ်ပွဲတည်းက အရာအားလုံးကို ဆုံးဖြတ်ပေလိမ့်မည်။ လုချန်းကိုသာ ဖြေရှင်းနိုင်မည်ဆိုပါက ချွမ်နိုင်ငံတော်သာမက သူ သိမ်းပိုက်ထားသော နယ်မြေအားလုံး အပါအဝင် ရှနိုင်ငံတော်တစ်ခုလုံးကို သူမပိုင်ဆိုင်လာလိမ့်မည်။

လျှိုချင်းချို၏ အမိန့်အရ ချွမ်စစ်တပ်သည် လျင်မြန်စွာ စုရုံးခဲ့၏။ လဝက်အကြာတွင် သူတို့သည် တန်ရှင်းမြို့သို့ တိုက်ရိုက်ချီတက်ခဲ့ကြပြီး ထိုနေရာတွင် ရှစစ်တပ်နှင့် အဆုံးအဖြတ်တိုက်ပွဲအတွက် ပြင်ဆင်ခဲ့ကြသည်။

လျှိုချင်းချိုက ဦးဆောင်တိုက်ခိုက်လာသည်ဟု ကြားသောအခါ လုချန်း အနည်းငယ် အံ့ဩသွားသည်။ ရှစစ်တပ် ချွမ်နိုင်ငံတော်၏ နေပြည်တော်တံခါးဝသို့ ရောက်မှသာ အဆုံးအဖြတ် တိုက်ခိုက်ပွဲ ဆင်နွှဲမည်ဟု လုချန်း ထင်မှတ်ထားခဲ့သည်။

ဤအမျိုးသမီးသည် စိတ်မရှည်တော့ပဲ စစ်ပွဲကို အမြန်ဆုံး အဆုံးသတ်ချင်နေပုံရသည်။ အမှန်စင်စစ် တော်ဝင်မိသားစုဝင်အချို့က ရှနိုင်ငံတော်သို့ သူတို့၏ သဘောဆန္ဒအလျောက် ဘက်ပြောင်းသွားခဲ့သည့်အတွက် လျှိုချင်းချို၏ ရာထူးသည် မတည်မငြိမ်ဖြစ်လာခဲ့ပြီး ယခုအခါ ချွမ်နိုင်ငံတော်၏ နန်းတွင်းတွင် အစိုးရအာဏာကို တော်ဝင်မိသားစုထံ ပြန်လည်အပ်နှင်းရန် တောင်းဆိုသည့် အသံအချို့ ထွက်ပေါ်လာခဲ့သည်။

သူမအနေနှင့် ထိုအသံများကို နှိမ်နင်းနိုင်သော်လည်း ထိုအတိုင်းအတာအထိ ဆက်သွားပါက ရေရှည်တွင် အလွန်အန္တရာယ်ရှိလာနိုင်သည်။

လုချန်းကတော့ အလျင်လိုခြင်း မရှိပဲ တန်ရှင်းမြို့တွင် စခန်းချနေပြီး လျှိုချင်းချို ရောက်လာမှာကို စောင့်ဆိုင်းနေခဲ့သည်။ ကောလာဟလများအရ မိဖုရားခေါင်လျှိုသည် အလွန်တရာ လှပတင့်တယ်ပြီး ကျက်သရေရှိလှသည်ဟု ဆိုကြသည်။

လျှိုချင်းချိုသည် ရမှတ် ကိုးဆယ်ရှိကျော်သော အမျိုးသမီးတစ်ဦး ဖြစ်နိုင်ခြေများကြောင်း လုချန်း တွက်ဆထားသည်။ သို့သော်လည်း သူမသည် ချွမ်ဧကရာဇ်၏ မိဖုရားခေါင်အဖြစ် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီးနောက်တွင် အပျိုစင်ဖြစ်နေသေးသလားဆိုသည်ကိုတော့ သူ မသေချာခဲ့ပေ။ အကယ်၍ သူမသည် ထိတွေ့ခံဖူးသူ မဖြစ်ပါက ချွမ်ဧကရာဇ်၏ စွမ်းဆောင်ရည် ညံ့ဖျင်းသည်ဟု ဆိုရပေမည်။

မကြာမီတွင် လျှိုချင်းချိုသည် ချွမ်စစ်တပ်ကို ဦးဆောင်ကာ တန်ရှင်းမြို့၏ အပြင်ဘက်သို့ ရောက်ရှိလာခဲ့သည်။ ထိုအချိန်တွင် တန်ရှင်းမြို့သည် ပြန်လည်အသက်ဝင်လာခဲ့ပြီး မြို့ရိုးများပေါ်တွင် ရှနိုင်ငံတော်၏ အလံများလွှင့်ထူထားကာ လမ်းများပေါ်တွင် အရပ်သားများဖြင့် စည်ကားနေပြီဖြစ်သည်

ကုန်သည်ယာဉ်တန်းများနှင့် မြင်းလှည်းအမြောက်အမြားသည် ဂိတ်တံခါးများတွင် ဥဒဟို ဝင်ထွက်သွားလာနေကြသည်။ လုချန်းသည် တန်ရှင်းမြို့သို့ ဝင်ရောက်ခဲ့သည့်အချိန်မှစ၍ ချွမ်နိုင်ငံတော်မှ ကုန်သည်ယာဉ်တန်းများသည် မြို့ထဲသို့ တစ်ဖန်ပြန်လည် စီးဝင်လာခဲ့ကြပြီး ရှနိုင်ငံတော်မှ ကုန်သည်များသည်လည်း ချွမ်နိုင်ငံတော်မှ ကုန်သည်များနှင့် စီးပွားရေးလုပ်ရန် ရောက်ရှိလာကြသည်။

ဤသို့ဖြင့် တန်ရှင်းမြို့သည် သေဆုံးနေသောမြို့တစ်မြို့မှ ယခုကဲ့သို့ စည်ကားသော မြင်ကွင်းအဖြစ် ပြောင်းလဲနိုင်ခဲ့ခြင်းဖြစ်သည်။

မြို့တံခါးဝရှိ သာမန်ပြည်သူများသည် လျှိုချင်းချိုက ချွမ်စစ်တပ်ကို ဦးဆောင်တိုက်ခိုက်လာသည်ဟု ကြားသောအခါ မကျေနပ်မှုများ ဖြစ်ပေါ်လာခဲ့သည်။

“ဒီမိစ္ဆာမိဖုရားက တန်ရှင်းမြို့ကို လာတိုက်ခိုက်ရဲတဲ့ သတ္တိရှိနေသေးတာပဲ။”

“ဟုတ်တယ်။ ဆွမ်ဧကရာဇ်သာ မရှိခဲ့ရင် ငါတို့အားလုံး ကပ်ရောဂါနဲ့ သေတာကြာပြီ။”

“ချွမ်နိုင်ငံတော်ရဲ့ စစ်သားတွေ ရူးသွားကြပြီ။ အဲ့ဒီမိစ္ဆာမိဖုရားနောက်ကို လိုက်နေကြတုန်းပဲ။”

“သူတို့ ပြုစားခံထားရတာ ဖြစ်နိုင်တယ်။”

မကျေမနပ် ပြောဆိုနေကြရင်း မြို့တံခါးဝမှ သာမန်ပြည်သူများသည် တန်ရှင်းမြို့ထဲသို့ စနစ်တကျ ပြန်လည်ဆုတ်ခွာသွားကြသည်။ သူတို့သည် ရှစစ်တပ်၏ အင်အားကို အလွန်ယုံကြည်ကြသည်။

သူတို့၏အမြင်တွင် မိစ္ဆာမိဖုရားသည် ပုန်ကန်သောသူဖြစ်ပြီး လုချန်းသည် ကံကြမ္မာ၏သားတော် ဖြစ်သဖြင့် မိစ္ဆာမိဖုရားက ကံကြမ္မာ၏သားတော်ကို မည်သို့မှ အနိုင်ယူနိုင်မည် မဟုတ်ပေ။

ထိုစဉ် လျှိုချင်းချို သူမ၏စစ်တပ်ကို ခေါင်းဆောင်ကာ တန်ရှင်းမြို့၏ဆင်ခြေဖုံးသို့ ရောက်ရှိလာကြောင်း လုချန်း ကြားသိလိုက်ရသည်။

ထို့နောက် သူ၏ သံချပ်ကာကို အလျင်အမြန် ဝတ်ဆင်ပြီး မြို့ရိုးပေါ်သို့ တိုက်ရိုက် တက်သွားခဲ့သည်။ မကြာမီတွင် မြင်းရှစ်ကောင်ဆွဲသော ခမ်းနားထည်ဝါသည့် ရထားလုံးတစ်စီး မြို့ရိုး အပြင်ဘက်တွင် ပေါ်လာခဲ့သည်။ ရထားလုံးကို မြင်သောအခါ လုချန်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ ထို့နောက် သူက သူ၏ အတွင်းအားကို ရင်ဘတ်တွင် စုစည်းပြီး အတွင်းရှိလူအား ပြောလိုက်သည်။

“လာနေတဲ့သူက ချွမ်နိုင်ငံတော်ရဲ့ မိဖုရားခေါင် လျှိုလား။”

“မိဖုရားခေါင်လျှိုက တုနှိုင်းမရတဲ့ အလှတရားကို ပိုင်ဆိုင်ပြီး မြို့ပြနိုင်ငံတွေကိုတောင် ပြိုလဲစေနိုင်တဲ့ ဂုဏ်ကျက်သရေရှိတယ်လို့ ကြားဖူးတယ်။ ဒီနေ့ ကျွန်တော် အဲ့ဒီအလှတရားကို မြင်တွေ့ခွင့်ရနိုင်မလား မသိဘူး။”

ထိုသို့ကြားသောအခါ ရထားလုံးအတွင်းမှ လျှိုချင်းချိုက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူမဘေးရှိ မုယန်စီအား ပြောလိုက်သည်။

“လုချန်းက ကာမဂုဏ်လိုက်စားတယ်လို့ ပြောကြတာ ဒီနေ့ သူ့ကိုတွေ့မှပဲ သေချာသွားတော့တယ်။”

စစ်ဖြစ်နေသည့် အချိန်တွင် ရန်သူနိုင်ငံ၏ ဧကရာဇ်ဖြစ်သော လုချန်းက ရန်သူ၏ မိဖုရားခေါင် မည်မျှလှပသည်ကို မြင်ချင်နေသေးသည်မှာ အသုံးမကျသော အာဏာပိုင်တစ်ဦးနှင့် မည်သို့ ကွာခြားမည်နည်း။

လျှိုချင်းချိုက ဆက်ပြောလိုက်သည်။

“ဒီလိုဘုရင်မျိုးက ဝူနိုင်ငံတော်နဲ့ ကျူးနိုင်ငံတော်ကို ချေမှုန်းနိုင်ခဲ့တယ်ဆိုတာ တကယ်ကို မယုံနိုင်စရာပဲ။”

မုယန်စီက ရယ်သံလွင်လွင်ဖြင့်

“သူ့ကို အထင်မသေးလိုက်နဲ့ဦး။ သူက အလှအပကို နှစ်သက်တာ မှန်ပေမဲ့ အဲ့ဒါက သူ့မှာ အင်အားမရှိဘူးလို့ ဆိုလိုတာ မဟုတ်ဘူး။”

မုယန်စီ၏ စကားကို လျစ်လျူရှုကာ လျှိုချင်းချိုလည်း အတွင်းအားကို သူမ၏ ဝမ်းဗိုက်တွင် စုစည်းပြီး တန်ရှင်းမြို့ရိုးပေါ်ရှိ လုချန်းအား အော်ပြောလိုက်သည်။

“ရှနိုင်ငံတော်က ချွမ်နိုင်ငံတော်တစ်လျှောက်လုံး ကပ်ရောဂါကို ဖြန့်ကျက်ခဲ့ပြီးတော့ အခု သူတို့က ကျွန်မတို့ ချွမ်နိုင်ငံတော်ကို တိုက်ခိုက်ဖို့ စစ်တပ်တွေ လွှတ်လိုက်ပြန်ပြီ။ ဒါက ကျွန်မတို့နိုင်ငံကို စော်ကားတာပဲ မဟုတ်လား။”

လျှိုချင်းချို၏ အသံထွက်ပေါ်လာပြီးနောက် လုချန်း ခဏခန့် မှင်တက်သွားသည်။ သူမ၏ အသံသည် မယုံနိုင်လောက်အောင် အေးမြပြီး ကြည်လင်ပြတ်သားနေသည်။ သူမ၏ အသံကို ကြားရုံဖြင့် သူမ မည်သို့သော အမျိုးသမီးမျိုးဖြစ်သည်ကို လုချန်း အကြမ်းဖျင်း ခန့်မှန်းနိုင်ခဲ့သည်။

လုချန်းက

“ရှနိုင်ငံတော်က ဘယ်ကပ်ရောဂါမှ မဖြန့်ခဲ့ပါဘူး။ ချွမ်နိုင်ငံတော်မှာ ကပ်ရောဂါ ဘာကြောင့်ဖြစ်ပွားခဲ့တယ်ဆိုတာကို မိဖုရားခေါင်လျှိုက ကောင်းကောင်းသိမှာပါ။”

“မိဖုရားခေါင်လျှိုက ထီးနန်းကို အဓမ္မလုယူပြီး ကောင်းကင်ဘုံကို အမျက်ထွက်စေခဲ့တယ်။ ကပ်ရောဂါက ကောင်းကင်ဘုံက တုံ့ပြန်တဲ့အနေနဲ့ ချမှတ်ခဲ့တာဖြစ်ပေမဲ့ မိဖုရားခေါင်လျှိုက ကပ်ရောဂါရဲ့ အပြစ်ကို တခြား နိုင်ငံတွေအပေါ် ပုံချဖို့ စဉ်းစားနေတယ်။ အဲ့ဒါက လောဘကြီးလွန်းရာ မကျဘူးလား။”

“ချွမ်နိုင်ငံတော်က ပြည်သူတွေအားလုံး လူမိုက်တွေလို့တော့ ကျွန်တော် မထင်ပါဘူး”

လုချန်း၏ စကားလုံးများကို ကြားသောအခါ လျှိုချင်းချို မဲ့ပြုံးပြုံးလိုက်သည်။ ချွမ်နိုင်ငံတော်၏ သာမန်ပြည်သူအများအပြားသည် လုချန်းပြောခဲ့သကဲ့သို့ပင် ထင်မြင်ယူဆကြ နေကြပြီဖြစ်သည်။

မိစ္ဆာမိဖုရားက သူတို့၏ အာရုံကို လွှဲပြောင်းရန် ကြိုးပမ်းနေပြီး သူတို့ကို ဆက်လက်ပြုစားနေသည်ဟု ယူဆကြသည်။ သို့သော် လျှိုချင်းချိုသည် ဤသည်က ရှနိုင်ငံတော်က ချွမ်နိုင်ငံတော်မှ ပြည်သူများကြား ထိုသို့ကောလာဟများ ဖြန့်ထားခဲ့ခြင်းဖြစ်ကြောင်း သူမ အလွန်ရှင်းလင်းစွာ သိထားသည်။

စကားဆက်ပြော၍ အကျိုးမရှိတော့ပေ။ လုချန်းကို ဖယ်ရှားခြင်းဖြင့်သာ ချွမ်နိုင်ငံတော် ပြည်သူများ၏ အသိအမှတ်ပြုမှုကို သူမ ပြန်လည်ရရှိနိုင်ပေမည်။ ထိုအတွေးဖြင့် လျှိုချင်းချိုက အေးစက်စွာ ပြောလိုက်သည်။

“ရှင့်ရဲ့ လက်တွေ့ အစွမ်းအစက ရှင့်ရဲ့ နှုတ်မှုရေးရာအစွမ်းလောက် ထက်မြက်ရဲ့လားဆိုတာ ကျွန်မ မြင်ချင်သေးတယ်။”

သူမ၏ စကားဆုံးသည်နှင့် လျှိုချင်းချိုက စစ်တပ်အား ချက်ချင်းအမိန့်ပေးလိုက်သည်။

“ပုံစံဖွဲ့။”

နောက်တစ်ခဏတွင် ချွမ်နိုင်ငံတော်၏ စစ်သည်များ လျင်မြန်စွာ လှုပ်ရှားလာကြပြီး မကြာမီတွင် အမြင့်ပျံနဂါး နည်းဗျူဟာ ပုံစံကို ဖွဲ့စည်းလိုက်ကြသည်။

ထိုအကျွမ်းတဝင်ရှိသော နည်းဗျူဟာ ပုံစံကို မြင်သောအခါ လုချန်းက ပြုံးလျက် ပြောလိုက်သည်။

“မိဖုရားခေါင်လျှိုရဲ့ ဘေးမှာ ကျွန်တော့်ရဲ့ မိတ်ဆွေဟောင်းတစ်ယောက် ရှိနေပုံပဲ။”

မုယန်စီ လျှိုချင်းချိုနှင့်အတူ ရှိနေသည်ကို သူ အစကတည်းက သိထားခဲ့သည်။ နည်းဗျူဟာ ပုံစံနှင့် ဆက်စပ်ပြီး မုယန်စီ ရှိနေကြောင်း ဖော်ပြလိုက်ခြင်းသာဖြစ်သည်။

ထိုသို့ကြားသောအခါ မုယန်စီ ဆိတ်ဆိတ်မနေနိုင်တော့ပေ။ သူမက ရယ်မောပြီးနောက်

“ မတွေ့ရတာကြာပြီနော် ဆွမ်ဧကရာဇ်။”

လုချန်းက

“မုမိန်းကလေးက အရင်တစ်ခါ အရမ်းအလျင်စလို ထွက်သွားခဲ့တော့ ကျွန်တော် ကောင်းကောင်းမွန်မွန် ဧည့်ခံဖို့ အခွင့်အရေးမရလိုက်ဘူး။ ဒီတစ်ခါတော့ အဲ့ဒီလောက်မြန်မြန် မပြေးပါနဲ့ဦး။”

မုယန်စီက ပြန်လည်ချေပလိုက်သည်။

“ဧည့်ခံတယ် ဟုတ်လား။ ယွဲ့ဧကရာဇ်ကို ဧည့်ခံခဲ့သလိုမျိုးလား။ အဲ့ဒီလို ဧည့်ဝတ်ကျေပွန်မှုမျိုးကိုတော့ ကျွန်မ တကယ် လက်မခံနိုင်ဘူး။”

လုချန်းက ယွဲ့ဧကရာဇ်ကို ဖမ်းဆီးပြီးကတည်းက သူမကို နေ့စဉ်နှင့်အမျှ နန်းတော်ခန်းမထဲတွင် အရှက်ခွဲနေသည်ဟု မုယန်စီ ကြားသိခဲ့သည်။ လုချန်း၏ လုပ်ရပ်ကြောင့် ယွဲ့ဧကရာဇ် ကိုယ်ဝန်ရနေပြီလားဟုပင် လုချန်း သံသယဝင်လာသည်။

သူတို့ နှစ်ဦးကြားမှ စကားအပြန်အလှန် ပြောဆိုမှုများကို ကြားရသောအခါ လျှိုချင်းချို စိတ်မရှည်တော့ပေ။ သူမက မုယန်စီကို တိုက်ရိုက်ပြောလိုက်သည်။

“အချိန်မဖြုန်းနဲ့တော့။ အရေးယူလိုက်တော့။”

ထို့နောက် မုယန်စီသည် ရထားလုံး၏ တံခါးကို ဖွင့်ကာ တိုက်ရိုက်ထွက်လာခဲ့၏။ သူမထွက်လာသည်နှင့် လုချန်းလည်း ရထား အတွင်းရှိ လျှိုချင်းချိုကို မြင်လိုက်ရသည်။

All Chapters