ခင်ဗျား ဘာလုပ်ချင်တာလဲ
Vol. 59 Ch. 880
လုချန်းသည် ယခင်က လူသတ်လှံတံကို ကောင်းကင်သို့ ပစ်ခတ်ခဲ့သောကြောင့် ၎င်း၏ စွမ်းအားက ထင်ရှားခြင်းမရှိသော်လည်း ဤတစ်ကြိမ်တွင်မူ ကွဲပြားသည်။ ယခုတကြိမ်တွင် အလျားလိုက် ပစ်ခတ်ခဲ့ခြင်း ဖြစ်သောကြောင့် လှံတံ၏ အလင်းတန်းသည် ချွမ်နိုင်ငံတော် စစ်တပ်၏ ထက်ဝက်ကို ချေမှုန်းဖျက်ဆီးခဲ့သည်။
ချွမ်နိုင်ငံတော်၏ စစ်သားများလည်း သူတို့၏ ရဲဘော်များ ပြာအဖြစ်သို့ ပြောင်းလဲသွားသည်ကို မြင်သောအခါ အလွန်အမင်း ထိတ်လန့်သွားကြပြီး ချက်ချင်း ဒူးထောက်လိုက်ကြသည်။
တိုက်ခိုက်မှု တစ်ကြိမ်တည်းဖြင့် ချွမ်နိုင်ငံတော် စစ်တပ်၏ ထက်ဝက်မှာ ပျက်စီးသွားခဲ့သည်။ ထိုသို့သော စွမ်းအားမျိုးကို မည်သူက ခုခံရန် သတ္တိရှိမည်နည်း။
ထိုအခိုက်အတန့်တွင် လျှိုချင်းချိုနှင့် မုယန်စီတို့သည် လေထဲသို့ ပျံတက်သွားခဲ့ကြပြီး နှစ်ဦးစလုံး အလွန်ဆိုးရွားသော အခြေအနေတွင် ရှိနေကြသည်။
စောနက ပစ်ခတ်မှုကို တားဆီးရန် သူတို့၏ ကိုယ်ထဲရှိ အတွင်းအားအားလုံးကို နီးပါး ကုန်ဆုံးစေခဲ့ရသည်။ သို့တိုင်အောင် သူတို့ နှစ်ယောက်စလုံး အတွင်းဒဏ်ရာများ ရရှိခဲ့ကြပြီး အဝတ်အစားများလည်း အစုတ်အပြဲများဖြင့် ပြည့်နှက်နေကာ ဖြူဖွေးသော အသားရောင်များ ပေါ်လွင်နေသည်။
မုယန်စီက အနည်းငယ် ဒေါသထွက်စွာ ပြောလိုက်သည်။
“လျှို။ရှင်လုပ်လိုက်တဲ့ ပြဿနာကို ကြည့်စမ်း။ ဒီလူက အနည်းဆုံး အမျိုးသမီးတွေကို ညှာတာတတ်ပြီး ကျွန်မတို့ကို မထိခိုက်စေဘူး။ သူက ကျွန်မတို့ကို တိုက်ရိုက် မတိုက်ခိုက်ဘူး။ ဒါပေမဲ့ ရှင်ကအတင်းတွန်းအားပေးခဲ့တာ။ ရှင့်ကြောင့် ကျွန်မပါ သေတော့မလို့ပဲ။”
မုယန်စီ၏ မြည်တွန်တောက်တီးသံကို ကြားသောအခါ လျှိုချင်းချိုက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီးနောက် ပြောလိုက်သည်။
“သူ့ရဲ့ စွမ်းအားကို ကုန်အောင်မလုပ်ပဲ သူ့ကိုသတ်ဖို့ တခြားနည်းလမ်း ရှင့်မှာရှိလို့လား။”
ဒါက...
မုယန်စီ မျက်မှောင်ကြုတ်သွားပြီး ပြန်မဖြေနိုင်ခဲ့ပေ။
ဟုတ်ပါသည်။ လုချန်း၏ စွမ်းအားကို ကုန်ဆုံးအောင် မလုပ်နိုင်ပါက ထိုမြေအဆင့် စွမ်းအင်လက်နက် ပိုင်ဆိုင်ထားသော သူ့ကိုသတ်ရန် အလွန်ခက်ခဲပေမည်။
ထိုအချိန်တွင် မုယန်စီ ရုတ်တရက် အကြံတစ်ခုရသွားပြီးနောက် ပြောလိုက်သည်။
“ကျွန်မတို့ လုချန်းကို မသတ်နိုင်တာက သူ့အနားကို မကပ်နိုင်လို့ပဲ။ လုချန်းက ရှင့်ရဲ့အလှကို သဘောကျနေမှတော့ ရှင် လက်နက်ချလိုက်ရင် ဘယ်လိုလဲ။ ဒါဆိုရင် ရှင် လုချန်း အနားကပ်ဖို့ အခွင့်အရေးရမှာပေါ့။”
“ရှင် လုချန်းအနားကို ရောက်သွားတာနဲ့ သူ့ကို တိုက်ရိုက်လုပ်ကြံဖို့ ကြိုးစားလို့ရတယ်။”
ဤသို့ကြားသောအခါ လျှိုချင်းချိုက အေးစက်စွာ ပြောလိုက်သည်။
“ရှင်ဘာလို့ မလုပ်တာလဲ။ ရှင်လည်း တော်တော် ဆွဲဆောင်မှုရှိတာပဲ။ အဲ့ဒီ ကာမရူးက ရှင့်ရဲ့ခန္ဓာကိုယ်ကိုလည်း စိတ်ဝင်စားမယ်လို့ ကျွန်မယုံတယ်။”
သူတို့သည် လူမိုက်များမဟုတ်ကြပေ။ ယခုအခါ သူတို့အတွင်းရှိ စွမ်းအားများမှာ ကုန်ဆုံးလုနီးပါးနေပြီဖြစ်ပြီး ဤကမ္ဘာ၏ စွမ်းအင်မှာလည်း အလွန်ရှားပါးသောကြောင့် သူတို့၏ နဂိုအစွမ်းအစများ ပြန်လည်ရရှိရန် အချိန်မည်မျှကြာမည်ကို မသိနိုင်ပေ။
ယခု လုချန်းအနားသို့ ကပ်သွားပါက သူတို့၏ ကိုယ်ထဲတွင် ကျန်ရှိသော စွမ်းအားအနည်းငယ်ဖြင့် သူ့ကို တစ်ချက်တည်းဖြင့် အမှန်တကယ် သတ်နိုင်မည် မဟုတ်ပေ။
အကယ်၍ သူတို့သာ လုချန်းကို တစ်ချက်တည်းဖြင့် မနိုင်ခဲ့ပဲ သူပြန်လည် တုံ့ပြန်ရန် အခွင့်အရေးရသွားပါက သေရမည့်သူများမှာ သူတို့သာ ဖြစ်ပေလိမ့်မည်။
အမျိုးသမီးနှစ်ဦး အငြင်းပွားနေကြစဉ် ရုတ်တရက် သူတို့၏ မလှမ်းမကမ်း နောက်ကျောတွင် ပုံရိပ်နှစ်ခု ပေါ်လာခဲ့သည်။ လူနှစ်ဦး၏ တည်ရှိမှုကို ခံစားမိသောအခါ သူတို့ ချက်ချင်း ခေါင်းလှည့်လိုက်ကြသည်။
သူတို့ လှည့်ကြည့်လိုက်သောအခါ လုချန်းနှင့် မုဟုန်ကွမ်းတို့သည် ကျောက်တုံးတစ်တုံးပေါ်တွင် သူတို့နှစ်ဦးကို ရပ်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
ထိုအချိန်တွင် လုချန်းက ပြုံးလျက် ပြောလိုက်သည်။
“ခင်ဗျား အောက်ကိုဆင်းလာပြီး စကားပြောကြမလား။”
စကားပြောနေစဉ် လုချန်းက သူ၏ လက်နက်ပြောင်းဝကို မြှောက်ထားပြီးဖြစ်သည်။ မည်းနက်သော ပြောင်းဝကို မြင်သောအခါ အမျိုးသမီးနှစ်ဦး မှင်သက်သွားကြသည်။ သူတို့သည် စွမ်းအားပမာဏများစွာကို သုံးစွဲထားပြီးခါစဖြစ်သည်။ အကယ်၍ သူတို့ ယခု ထွက်ပြေးရန် ကြိုးစားပါက သူတို့၏ ထိုစွမ်းအင်လက်နက်မှ ထုတ်လွှတ်သော အလင်းတန်း၏ အရှိန်ကို ကျော်လွန်နိုင်မည်မဟုတ်ပေ။
အကယ်၍ သူတို့၏ အမြန်နှုန်းက မြေအဆင့် စွမ်းအင်လက်နက်မှ ထွက်ပေါ်လာသော အလင်းတန်း၏ သွားနှုန်းကို မကျော်လွန်နိုင်ပါက သူတို့ အပြင်းအထန် ဒဏ်ရာရပြီး အဆုံးသတ်သွားနိုင်သည်။
လုချန်းက သူတို့ကို လက်နက်ဖြင့် ချိန်ရွယ်ထားသောကြောင့် နောက်ဆုံးတွင် အမျိုးသမီးနှစ်ဦး အလျှော့ပေးလိုက်ရပြီး မြေပြင်ပေါ်သို့ ဆင်းသက်လာခဲ့ကြသည်။
လျှိုချင်းချိုက အေးစက်စွာ မေးလိုက်သည်။
“ရှင် ဘာလုပ်ချင်တာလဲ။”
သူတို့ လုံးဝရှုံးနိမ့် သွားခဲ့ပြီ ဖြစ်သည်။ ယခု သူတို့၏ ကံကြမ္မာကို ဆုံးဖြတ်ရန်မှာ လုချန်းအပေါ်တွင် မူတည်နေသည်။
သို့သော် ထိုကာမဂုဏ် လိုက်စားသူက သူ့ကို တကယ်ပဲ တစ်စုံတစ်ခုလုပ်လိုပါက လုချန်းနှင့် အတူတကွ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးပစ်ရန် လျှိုချင်းချို ဝန်မလေးပေ။
လုချန်းက ပြုံးလျက်
“ချွမ်နိုင်ငံတော်ရဲ့ စစ်တပ်တစ်ခုလုံး လက်နက်ချသွားပြီ။ ခင်ဗျားတို့ ရှုံးပြီ။”
ထိုသို့ကြားသောအခါ မုယန်စီက ပြုံးလျက် “ဒါဆို မင်းကြီးက ကျွန်မတို့နှစ်ယောက်ကို ဘယ်လို စီရင်ဖို့ စီစဉ်ထားလဲ။ ယွဲ့ဧကရာဇ်ကို စီရင်ခဲ့သလိုမျိုးလား။”
မုယန်စီ ကြည့်ရတာ လုံးဝမကြောက်ရွံ့ နေပုံမရပေ။ သူမ၏ အသံသည် နားဝင်ချိုကာ အလွန်သာယာသောကြောင့် လုချန်းလည်း သူမကို ထိုနေရာတွင်ပင် ကိုင်တွယ်ချင်စိတ် ပေါက်သွားသည်။
လုချန်းက ပြုံးလျက်
“ခင်ဗျားက ကျွန်တော် အဲ့ဒီလို ဆက်ဆံတာ ခံချင်တယ်ဆိုရင်လည်း မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။”
ဤအခိုက်အတန့်တွင် လျှိုချင်းချိုက
“ကျွန်မက အဆင့်မြင့် စွမ်းအားရှင်တစ်ဦးရဲ့ ကိုယ်ပွားဖြစ်တယ်။ ရှင်သာ ကျွန်မကို ဒီလိုကိစ္စမျိုးတွေ လုပ်ရဲမယ်ဆိုရင် ကျွန်မရဲ့ ပင်မကိုယ်က ကျွန်မရဲ့ ဆိုးရွားတဲ့ အခြေအနေကို သိသွားတာနဲ့ ရှင်လည်း အဆုံးမရှိတဲ့ လုပ်ကြံသတ်ဖြတ်မှုတွေကို သေချာပေါက် ရင်ဆိုင်ရလိမ့်မယ်။ အဲ့ဒီလို မလုပ်ခင် သုံးခါပြန်စဉ်းစားဖို့ ကျွန်မ ရှင့်ကို အကြံပေးချင်တယ်။”
လုချန်းက ဂရုမစိုက်ဟန်ဖြင့်
“ခင်ဗျား မပြောရင်တောင် ခင်ဗျား အဆင့်မြင့် စွမ်းအားရှင် တစ်ယောက်ရဲ့ ကိုယ်ပွားဆိုတာ ကျွန်တော် သိပြီးသားပါ။ ဒါပေမဲ့ ကိုယ်ပွားဖြစ်တော့ ဘာဖြစ်လဲ။ အခု ခင်ဗျားရဲ့ ပင်မကိုယ်နဲ့ အဆက်အသွယ်ပြတ်နေပြီဆိုတော့ ခင်ဗျားသေသွားရင်တောင် ခင်ဗျားရဲ့ ပင်မကိုယ်က ခံစားမိမှာမဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်။”
လုချန်း၏ စကားကို ကြားသောအခါ လျှိုချင်းချို မျက်မှောင်ကြုတ်သွားသည်။ ဤလူက သူမ၏ ပင်မကိုယ်နှင့် အဆက်အသွယ်ပြတ်နေသည်ကို အမှန်တကယ် သိနေသည်။
ဖြစ်နိုင်တာက...
ရုတ်တရက် မုယန်စီထံသို့ ခေါင်းလှည့်ကာ လျှိုချင်းချိုက အေးစက်စွာ မေးလိုက်သည်။
“ရှင် သူ့ကို ကျွန်မရဲ့ အခြေအနေ ပြောပြလိုက်တာလား။”
မုယန်စီက ပြုံးလျက်
“မဟာမိတ်တွေကို သစ္စာဖောက်တဲ့အကျင့် ကျွန်မမှာ မရှိပါဘူး။ ကျွန်မ အရင်ကတည်းက ပြောခဲ့တယ်လေ။ သူက သာမန်လူမဟုတ်ဘူး။သူက အများကြီးသိတယ်လို့။”
လုချန်းက ဆက်ပြောလိုက်သည်။ “ကျွန်တော် ဘယ်လိုသိလဲဆိုတာ ခင်ဗျားတို့ သိစရာမလိုပါဘူး။ အခု ကျွန်တော် ခင်ဗျားတို့ကို ရွေးချယ်စရာနှစ်ခုပေးမယ်။ တစ်ခုက ကျွန်တော့်ဆီမှာ လက်နက်ချတာ။ နောက်တစ်ခုက အရှင်ဖမ်းဆီးခံပြီး ကျွန်တော့်ရဲ့ အစေခံ ဖြစ်လာဖို့ပဲ။”
ဒါက...
မုယန်စီနှင့် လျှိုချင်းချိုတို့ နှစ်ဦးစလုံး ခဏခန့် မှင်တက်သွားကြသည်။ လုချန်းပေးမည့် ဒုတိယရွေးချယ်မှုမှာ သေခြင်းတရားဟု သူတို့ ထင်ခဲ့ကြသော်လည်း သူက သူတို့ကို ပိုင်ဆိုင်ရန် စိတ်ပိုင်းဖြတ်ထားသည်မှာ ထင်ရှားနေသည်။ ဤမျှ ကာမဂုဏ်လိုက်စားသော ဧကရာဇ်မျိုးကို သူတို့ မကြုံဖူး မကြားခဲ့ဖူးပေ။
ဤအချိန်တွင် မုယန်စီက
“ကျွန်မ တော်တော်လေး သိချင်လာတယ်။ အဲ့ဒီနှစ်ခုက ဘာကွာခြားလို့လဲ။”
လုချန်းက ပြုံးလျက်
“ကွာခြားတာပေါ့။ ခင်ဗျားတို့ သဘောဆန္ဒအလျောက် လက်နက်ချမယ်ဆိုရင် ကျွန်တော် ခင်ဗျားတို့ရဲ့ လွတ်လပ်ခွင့်ကို မကန့်သတ်ဘူး။ အနည်းဆုံးတော့ အနာဂတ်မှာ ခင်ဗျားတို့ သွားချင်တဲ့နေရာကို သွားနိုင်လိမ့်မယ်။”
“ဒါပေမဲ့ ခင်ဗျားတို့ ကျွန်တော့်လက်ထဲမှာ အဖမ်းခံရမယ်ဆိုရင်တော့ ခင်ဗျားတို့ တစ်သက်လုံး ကျွန်တော့်ရဲ့ နန်းတွင်းမှာ အကျဉ်းကျခံပြီး ကျွန်တော့်ရဲ့ ကစားစရာတွေ ဖြစ်လာရလိမ့်မယ်။”
လုချန်းထံမှ ထိုစကားကို ကြားသောအခါ လျှိုချင်းချိုက အေးစက်စွာ မဲ့ပြုံးပြုံးပြီး တစ်စုံတစ်ခု တုံ့ပြန်တော့မည် အပြုတွင် ရုတ်တရက် သူမ၏ ခေါင်းထဲတွင် မုယန်စီ၏ အသံကို ကြားလိုက်ရသည်။
“မိဖုရားခေါင်လျှို။ မဆင်မခြင် မလုပ်နဲ့ဦး။ ဒါက ကျွန်မတို့အတွက် အကောင်းဆုံးအခွင့်အရေးပဲ။ ကျွန်မတို့ သူ့ကို ဆင်ခြေတွေသုံးပြီး ကျွန်မတို့ခန္ဓာကိုယ်ကို မထိစေအောင် အချိန်ဆွဲထားလို့ရတယ်။ ပြီးတော့ ကျွန်မတို့ရဲ့ စွမ်းအားတချို့ပြန်ရတဲ့အထိ စောင့်ပြီး အဲ့ဒီအချိန်ကျမှ သူ့ကို လုပ်ကြံလို့ရတယ်။”
မုယန်စီ၏ စကားကို ကြားပြီးနောက် လျှိုချင်းချို စဉ်းစားကြည့်လိုက်ရာ မဆိုးလှသော အကြံဟု ခံစားလိုက်ရသည်။
မည်သို့ပင်ဖြစ်စေ သူမနှင့် မုယန်စီ နှစ်ဦးစလုံးသည် မူလအစကမ္ဘာ၏ နယ်ပယ် အဆင့်မှ ဖြစ်ကြသည်။ သူတို့ စွမ်းအားအနည်းငယ် ပြန်လည်ရရှိနိုင်ပါက ထွက်ပြေးရန်မှာ ပြဿနာမဟုတ်ပေ။
သူတို့ ယခု ထွက်မပြေးနိုင်သည့် တစ်ခုတည်းသောအကြောင်းရင်းမှာ လုချန်း၏ ရုတ်တရက်တိုက်ခိုက်မှုကို ခံလိုက်ရပြီး စွမ်းအားများစွာ ကုန်ဆုံးသွားသောကြောင့်ဖြစ်သည်။
ထို့နောက် လျှိုချင်းချိုက စကားစလိုက်သည်။
“ကောင်းပြီ။ ကျွန်မ ချွမ်နိုင်ငံတော်ကို ဦးဆောင်ပြီး ရှနိုင်ငံတော်ကို လက်နက်ချနိုင်တယ်။ ဒါပေမဲ့ ကျွန်မမှာ တောင်းဆိုချက်တချို့ရှိတယ်။”
ပြုံးလျက် လုချန်းက
“မိဖုရားခေါင်လျှို။ ခင်ဗျား ကိုယ့်နေရာကိုယ် သိဖို့လိုတယ်။ ခင်ဗျားတို့က လက်နက်ချတဲ့ သူတွေပါ။”
လျှိုချင်းချို၏ မျက်ခုံးများ တွန့်သွားပြီး တစ်စုံတစ်ခု ပြောတော့မည်အပြုတွင် မုယန်စီက ကြားဖြတ်ပြောလိုက်သည်။ လျှိုချင်းချို၏ စွက်ဖက်မှုကြောင့် လက်နက်ချရန် အခွင့်အရေးပင် ပျက်စီးသွားမည်ကို သူမ မလိုလားခဲ့ပေ။
“ကျွန်မတို့ ခြွင်းချက်မရှိ လက်နက်ချပါတယ်။ ဒါပေမဲ့ မင်းကြီးက ကတိတည်ပြီး ကျွန်မတို့ရဲ့ လွတ်လပ်ခွင့်ကို မကန့်သတ်ရဘူး။”
လုချန်းက ပြုံးလျက် ပြောသည်။
“ဟုတ်တာပေါ့။ ဧကရာဇ်ဆိုတာ ကတိမပျက်ရဘူး။”
“ဒါပေမဲ့ ခင်ဗျားတို့ လက်နက်မချခင် တစ်ခုခု သောက်ဖို့တော့လိုတယ်။”