← Chapters

ချွမ်နေပြည်တော်သို့ ရောက်ရှိခြင်း

Vol. 59 Ch. 883

ချွမ်နေပြည်တော်သို့ ရောက်ရှိခြင်း

Vol. 59 Ch. 883

မူလက တည်ငြိမ်နေသော ပင်လယ်ရေပြင်သည် သင်္ဘောကြီးပေါ်မှ လူတစ်ယောက်ကြောင့် ချက်ချင်းဆိုသလို လှိုင်းထန်လာခဲ့ပြီး သင်္ဘောကြီးမှာလည်း တိမ်းမှောက်တော့မည့် အန္တရာယ်နှင့် ကြုံတွေ့နေရ၏။ တစ်ဖန် ထိုလူ၏အသံက သင်္ဘောကြီး၏ ကုန်းပတ်အတွင်းမှ ထွက်ပေါ်လာပြန်သည်။

“ကောင်းကင်နတ်ဆိုးသခင်။ ကျွန်တော် သူ့ကိုရှာဖို့ ခေါ်သွားပေးနိုင်ပါတယ်။”

“ကျွန်တော်သိထားသလောက် ကောင်းကင်နတ်ဆိုးသခင်က အခုထိ ပြန်မကောင်းသေးဘူးဆိုတော့ သခင့်အတွက် ခန္ဓာကိုယ်တစ်ခု ကျွန်တော် အထူးပြင်ဆင်ထားပါတယ်။”

သူစကားပြောနေစဉ်တွင် သင်္ဘောကြီး၏ အခန်းတံခါးတစ်ခု ပွင့်သွားသည်။ အခန်း အတွင်း၌ ကြိုးဖြင့်ချည်နှောင်ခံထားရသော လူငယ် အမျိုးသား အမျိုးသမီး ရာပေါင်းများစွာ ရှိနေ၏။

ပင်လယ်ပြင်ကို လွှမ်းမိုးနေသော အနက်ရောင်ရေပြင်ကို မြင်တွေ့လိုက်ရသည့် လူငယ် အမျိုးသား၊အမျိုးသမီးများ၏ မျက်နှာများ ကြောက်လန့်မှုကြောင့် ဖြူဖျော့သွားခဲ့ကြပြီး ကြောက်မက်ဖွယ် အော်ဟစ်သံများက အမှောင်ညကို ခဏတာမျှ ဖုံးလွှမ်းသွားခဲ့သည်။

ထိုအခိုက်တွင် အနက်ရောင်ပင်လယ်ရေသည် ကုန်းပတ်အတွင်းသို့ ရုတ်တရက် တိုးဝင်လာခဲ့ပြီး ချက်ချင်းဆိုသလိုပင် အမျိုးသားများနှင့် အမျိုးသမီးများလည်း ပင်လယ်ရေထဲ နစ်မြုပ်သွားကြတော့သည်။

အနက်ရောင်ပင်လယ်ရေများ ပြန်လည်ဆုတ်ခွာသွားသောအခါ ကုန်းပတ်အလယ်တွင် လူတစ်ယောက်သာ မတ်တပ်ရပ်လျက် ကျန်ရစ်ခဲ့၏။ သူ၏မျက်လုံးများက အပေါ်ဘက်ကို ငေးကြည့်နေပြီး ကြက်သွေးရောင် အလင်းတန်းများ ထုတ်လွှတ်နေ၏။

ထိုအချိန်တွင် အနက်ရောင်ဝတ်စုံနှင့် လူငယ်တစ်ဦးက လေးစားစွာ ဦးညွှတ်၍

“ကျွန်တော် ကောင်းကင်နတ်ဆိုးသခင်ကို ဂါရဝပြုပါတယ်။”

ထိုအချိန်တွင် ကုန်းပတ်အလယ်မှ လူမှာ ဒဏ္ဍာရီလာ ကောင်းကင်နတ်ဆိုး၏ ပူးကပ်ခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။

ကောင်းကင်နတ်ဆိုးက နက်ရှိုင်းသော အသံဖြင့်

“မင်းဆီက နတ်ဆိုးစွမ်းအားကို ငါခံစားမိတယ်။ မင်းက နတ်ဆိုးကျင့်စဉ်ကျင့်တဲ့သူလား။”

တိုင်ယင်ဂိုဏ်းချုပ်က

“ဟုတ်ပါတယ် သခင်။”

ကောင်းကင်နတ်ဆိုးက

“ငါဒီမှာရှိတာကို မင်းဘယ်လိုသိတာလဲ”

တိုင်ယင်ဂိုဏ်းချုပ်က

“ချွမ်နိုင်ငံတော်မှာ ကပ်ရောဂါဖြစ်တုန်းက ကျွန်တော် သခင့်ရဲ့တည်ရှိမှုကို အာရုံခံမိခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက သခင့်ရဲ့ စွမ်းအားက အရမ်း မှိန်နေတော့ သခင့်ရဲ့တည်နေရာကို ကျွန်တော် မဆုံးဖြတ်နိုင်ခဲ့ဘူး။”

ကောင်းကင်နတ်ဆိုးက ထိုအကြောင်းအရာကို ဆက်မပြောတော့ပဲ

“မကြာသေးခင်က ငါ့ရဲ့ အစာယူတဲ့နေရာ နှောင့်ယှက်ခံလိုက်ရတယ်။ ဘယ်သူ ဝင်ရှုပ်နေလဲဆိုတာ မင်းသိလား။”

ထိုစကားကိုကြားသောအခါ တိုင်ယင်ဂိုဏ်း၏ ခေါင်းဆောင်က ချက်ချင်းပြုံးလိုက်ပြီး

“ကောင်းကင်နတ်ဆိုးသခင်။ သခင့်ရဲ့အစာယူတဲ့နေရာကို ဘယ်သူနှောင့်ယှက်လဲဆိုတာ ကျွန်တော်သိပါတယ်။”

“ မကြာခင်‌သေးခင်က ရှဧကရာဇ်က သူ့ရဲ့တပ်တွေကို ဦးဆောင်ပြီး ချွမ်နိုင်ငံတော်ကို တိုက်ခိုက်ခဲ့တယ်။ သူသွားတဲ့နေရာတိုင်းမှာ ကပ်ရောဂါကို တိုက်ဖျက်ပေးခဲ့တယ်။ သူက အဆင့်မြင့်ကျင့်စဉ် ကမ္ဘာက ကျင့်စဉ်ကျင့်သူတစ်ယောက် ဖြစ်နိုင်ပါတယ်။”

“ကျင့်စဉ်ကျင့်သူ” ဟူသော စကားလုံးကြောင့် ကောင်းကင်နတ်ဆိုး၏ မျက်လုံးများမှ ချက်ချင်းဆိုသလိုပင် တောက်ပသော အနီရောင်အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။ သူအခု အလိုအပ်ဆုံးမှာ စွမ်းအားဖြစ်၏။ အကယ်၍ ထိုကျင့်စဉ်ကျင့်သူကို သူစားသုံးနိုင်ခဲ့လျှင် သူ၏စွမ်းအားမှာ သိသိသာသာ ပြန်လည်ကောင်းမွန်လာလောက်သည်။

ထိုအခါ စိတ်ဝိညာဉ်စွမ်းအင်မရှိသော ၌နေရာမှ သူထွက်သွားနိုင်မည်ဖြစ်သည်။

အဆင့်နိမ့်ကမ္ဘာတွင် ကျင့်စဉ်ကျင့်သူများ မပြောနှင့် ကောင်းကင်နတ်ဆိုးတစ်ယောက်ပင် မနေချင်ပေ။

သူသည် ဤကမ္ဘာသို့ ကျရောက်ခဲ့သည့် အချိန်မှစ၍ ပင်လယ်အောက်ခြေတွင် အိပ်စက်နေခဲ့ရပြီး နိုးထရန် မလွယ်ကူခဲ့ချေ။ ထို့နောက် လူသားများနှင့် တွေ့ဆုံပြီး ချွမ်နိုင်ငံတော်တွင် ကပ်ရောဂါ စတင်ပျံ့နှံ့စေရန် နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရသည်။

သို့သော် ဤနည်းဖြင့် စွမ်းအားပြန်လည်ရရှိအောင် လုပ်ရသည်က နှေးကွေးလွန်း၏။ ကျင့်စဉ်ကျင့်သူတစ်ဦးကို တိုက်ရိုက်စားသုံးခြင်းက ပို၍မြန်ဆန်သည်။

ကောင်းကင်နတ်ဆိုးက

“မင်းပြောတဲ့ ကျင့်စဉ်ကျင့်သူကို ရှာဖို့ ငါ့ကိုချက်ချင်းခေါ်သွား။”

တိုင်ယင်ဂိုဏ်းချုပ်က ပြုံး၍ ဦးညွှတ်ကာ

“ဟုတ်ကဲ့။ ကျွန်တော် ကောင်းကင်နတ်ဆိုးသခင်ကို အခုချက်ချင်း ခေါ်သွားပါ့မယ်။”

ဒါက ထိုထူးဆန်းသော သတ္တဝါကို ဖယ်ရှားရန် နောက်ဆုံးအခွင့်အရေးဟု တိုင်ယင်ဂိုဏ်း ခေါင်းဆောင်စိတ်ထဲတွေးလိုက်သည်။

သူတို့ ပုန်းအောင်းနေခဲ့သည့် အချိန်မှစ၍ လုချန်း၏ လူများက သူတို့ကို အဆက်မပြတ် လိုက်လံရှာဖွေနေခဲ့သည်။ အစပိုင်းတွင် သူတို့သည် အမှောင်ရိပ်ထဲမှနေ၍ လုချန်းအတွက် ဒုက္ခအမျိုးမျိုး အဆက်မပြတ် ဖန်တီးနိုင်မည်ဟု ထင်ခဲ့ကြ၏။

သူတို့ မမျှော်လင့်ထားသည်က လုချန်း၏ လူများသည် ကျင့်စဉ်နည်းစနစ် တစ်မျိုးမျိုးကို သင်ယူထားသဖြင့် သူတို့အပေါ်ရှိ နတ်ဆိုးစွမ်းအားကို ကြိုတင်၍ အာရုံခံနိုင်နေခြင်း ဖြစ်သည်။

တိုင်ယင်ဂိုဏ်း၏ အမာခံစခန်းများစွာလည်း ရှနိုင်ငံတော်မှ ရှင်းလင်းဖယ်ရှားခြင်း ခံခဲ့ရပြီး တိုင်ယင်ဂိုဏ်း၏ အဖွဲ့ဝင်များသည် နေဝင်ဆည်းဆာ ဓားဂိုဏ်းနှင့် တိုင်ချူးနတ်ဘုရားကျောင်းမှ တပည့်များနှင့် တွေ့ဆုံသောအခါ အများအားဖြင့် ထွက်ပြေးရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိခဲ့ပေ။

ဤဂိုဏ်းနှစ်ခုမှ ကျင့်ကြံသော ကျင့်စဉ်နည်းစနစ်များသည် နတ်ဆိုးကျင့်စဉ်ကျင့်သူများကို အထူးတန်ပြန်နိုင်စွမ်း ရှိသဖြင့် တိုင်ယင်ဂိုဏ်းကို ချွမ်နိုင်ငံတော်တွင်သာ ခိုလှုံရန် အခြေအနေက ဖိအားပေးခဲ့သည်။

သို့သော် မကြာမီပင် ရှနိုင်ငံတော်က ချွမ်နိုင်ငံတော်ကို နောက်တစ်ကြိမ် စစ်ရေးအရ တိုက်ခိုက်ခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ထိုအချိန်တွင် တိုင်ယင်ဂိုဏ်းချုပ်သည် ပင်လယ်ပြင်ထဲရှိ ထူထပ်သော နတ်ဆိုးစွမ်းအားများဖြင့် ပြည့်နေသည့် နေရာတစ်ခုကို တွေ့ရှိခဲ့သည်။

နတ်ဆိုးကျင့်စဉ်ကျင့်သူတစ်ဦး ဖြစ်သည်နှင့်အညီ ဤနတ်ဆိုးစွမ်းအားများ စုစည်းနေရခြင်း၏ အကြောင်းရင်းကို သူချက်ချင်း ခန့်မှန်းမိခဲ့၏။ ချွမ်နိုင်ငံတော်တွင် ဖြစ်ပွားနေသော ကပ်ရောဂါနှင့် ပေါင်းစပ်လိုက်သောအခါ ကောင်းကင်နတ်ဆိုးတစ်ပါးလည်း ဤကမ္ဘာတွင် ပေါ်ထွက်လာခဲ့သည်ဟု တိုင်ယင်ဂိုဏ်းချုပ် ကောက်ချက်ချလိုက်သည်။

ကောင်းကင်နတ်ဆိုးများသည် ကျင့်စဉ်ကျင့်သူများ၏ သဘာဝရန်သူများဖြစ်သောကြောင့် ကောင်းကင်နတ်ဆိုးအား ဤကမ္ဘာတွင် သူစားသုံးရန်အတွက် ကျင့်စဉ်ကျင့်သူများ ရှိကြောင်း ပြောပြရုံဖြင့် ကောင်းကင်နတ်ဆိုး သူ့နောက်သို့ လိုက်လာမည်မှာ သေချာသည်။

ဇွဲရှိသူများအတွက် ကြိုးစားမှုက အရာထင်မြဲ ဖြစ်၏။ သူတို့သည် နောက်ဆုံးတွင် ကောင်းကင်နတ်ဆိုးကို ရှာဖွေတွေ့ရှိခဲ့ပြီး အောင်မြင်စွာ ပူး‌ပေါင်းနိုင်ခဲ့သည်။

နောက်တစ်ဆင့်တွင် ကောင်းကင်နတ်ဆိုးကို လုချန်းရှိရာသို့ ခေါ်ဆောင်သွားရန်သာ လိုအပ်သည်။ သူတို့ဘက်တွင် ကောင်းကင်နတ်ဆိုး ရှိနေသဖြင့် လုချန်း၏နောက်တွင် ကောင်းကင်လူသား စွမ်းအားရှင်များစွာ၏ ထောက်ပံ့မှုရှိနေလျှင်ပင် သူတို့အား ယှဉ်နိုင်မည် မဟုတ်ပေ။

ထိုသို့တွေးမိသောအခါ တိုင်ယင်ဂိုဏ်းချုကပ်၏ မျက်နှာပေါ်မှ အပြုံးက ပို၍ပို၍ ထင်ရှားလာခဲ့သည်။

………

တန်ရှင်းမြို့တိုက်ပွဲအပြီးတွင် လုချန်းသည် လျှိုချင်းချို၊ မုယန်စီတို့နှင့်အတူ ချွမ်နိုင်ငံတော်၏ နေပြည်တော်သို့ ဦးတည်ခဲ့သည်။ သူတို့၏ခရီးစဉ်အတွင်း သူသည် ထိုအမျိုးသမီးနှစ်ဦးအား မည်သည့်အရာမှ မလုပ်ခဲ့ပေ။ အကြောင်းမှာ သူသည် ချွမ်နိုင်ငံတော်ကို သိမ်းပိုက်ပြီးခါစဖြစ်၍ လုပ်ဆောင်ရန် တာဝန်များစွာ ရှိနေသောကြောင့် ဖြစ်သည်။

ချွမ်နိုင်ငံတော်၏ နေပြည်တော်သို့ သွားရာလမ်းတွင်ပင် ရထားလုံးအတွင်း၌ နိုင်ငံတော်ရေးရာ အမျိုးမျိုးဖြင့် လုချန်း အလုပ်များနေခဲ့ရ၏။ လျှိုချင်းချိုနှင့် မုယန်စီတို့လည်း လုချန်းသည် ကာမဂုဏ်လိုက်စားသူတစ်ဦးဖြစ်သည်သာမက ရည်မှန်းချက်ကြီးသော ဧကရာဇ်တစ်ပါးလည်း ဖြစ်ကြောင်း သိရှိလာကြသည်။

ဆယ်ရက်ကျော်ကြာ ခရီးကြမ်းနှင်ပြီးနောက် ချွမ်နိုင်ငံတော်၏ နေပြည်တော်သို့ နောက်ဆုံးတွင် ရောက်ရှိလာခဲ့ကြသည်။ နေပြည်တော်မှ သာမန်ပြည်သူများသည် ရှဧကရာဇ် ရောက်ရှိလာကြောင်း ကြားသိသောအခါ မြို့ပြင်နှင့် လမ်းများပေါ်ထွက်၍ စောင့်ဆိုင်းနေခဲ့ကြသည်။

သူ၏ ချွမ်နိုင်ငံတော်ခရီးစဉ်အတွင်း လုချန်းသည် သာမန်ပြည်သူများအတွက် အကျိုးရှိသော မူဝါဒများစွာကို ချမှတ်ခဲ့ပြီး နေရာတိုင်းတွင်လည်း ကပ်ရောဂါကို တိုက်ဖျက်ရန် နတ်ဆိုးနှင်တံခွန်ကို အသုံးပြုခဲ့သည်။

ဤလုပ်ရပ်သည် နေပြည်တော်သို့ ပျံ့နှံ့သွားခဲ့ပြီးဖြစ်ကာ ချွမ်နိုင်ငံတော်တွင် လုချန်း၏ လူကြိုက်များမှုမှာ ယခင် ချွမ်ဧကရာဇ်ကို များစွာကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

ရထားလုံးထဲတွင် ထိုင်နေသော မုယန်စီတို့လည်း မြို့အပြင်ဘက်တွင် လုချန်းကို ကြိုဆိုနေကြသည့် လူပင်လယ်ကြီးကို မြင်တွေ့လိုက်ရ၏။ သူမက လျှိုချင်းချိုဘက်သို့ လှည့်ကာပြုံး၍

“ဒီမြင်ကွင်းကို မြင်ရတော့ ဘယ်လိုခံစားရလဲ။”

“ရှင် ချွမ်နိုင်ငံတော်မှာ ဒီလောက်နှစ်ပေါင်းများစွာ ရုန်းကန်ခဲ့ရတာတောင် ချွမ်ပြည်သူတွေရဲ့ ထောက်ခံမှုကို တစ်ခါမှ မရခဲ့ဘူး။ သူတို့က ရှင့်ကို မိစ္ဆာမိဖုရားလို့တောင် ခေါ်ကြတယ်။ လုချန်းကတော့ လပိုင်းလောက်အတွင်း ချွမ်ပြည်သူတွေရဲ့ နှလုံးသားကို ရသွားခဲ့ပြီ။”

လျှိုချင်းချို၏ အမူအရာ ဆက်လက်အေးစက်နေခဲ့ပြီး ဘာမှတုံ့ပြန်ခြင်းမရှိခဲ့ပေ။ သူမစိတ်မသက်မသာ ခံစားနေရသော်လည်း ဂရုမစိုက်တော့ချေ။ အကြောင်းမှာ ဤအရာအားလုံးသည် ယာယီမျှသာ ဖြစ်သောကြောင့်ဖြစ်သည်။

သူမ လုချန်းကို ဖြေရှင်းပြီးသည်နှင့် ထီးနန်းကို သိမ်းပိုက်၍ သူမကိုယ်သူမ ဧကရီ အဖြစ် ကြေညာမည်ဖြစ်သည်။ ထိုအခါ သူမလည်း ပြည်သူများအတွက် အကျိုးရှိသော မူဝါဒများကို ချမှတ်မည်ဖြစ်ပြီး ချွမ်ပြည်သူများ၏ နှလုံးသားများလည်း သူမထံသို့ တစ်ဖန်ပြန်လည် ရောက်ရှိလာပေမည်။

လုချန်း ရထားလုံးထဲတွင် တစ်ချိန်လုံး မနေခဲ့ပေ။ ချွမ်နေပြည်တော် အပြင်ဘက်သို့ ရောက်သောအခါ ရထားလုံးထဲမှ ထွက်၍ မြင်းတစ်စီးပေါ်သို့ တက်ကာ သာမန်ပြည်သူများအား သူတို့၏ဧကရာဇ်အသစ်မှာ မည်သို့သော ရုပ်ရည်ရှိသည်ကို မြင်တွေ့ခွင့်ပေးခဲ့သည်။

များသောအားဖြင့် ချွမ်နိုင်ငံတော်၏ ဧကရာဇ်များ တိုင်ခန်းလှည့်လည်သောအခါ ရထားလုံးအတွင်းသာ နေတတ်ကြပြီး သာမန်ပြည်သူအများစု၏ တစ်သက်တာတွင် သူတို့၏ဧကရာဇ်မှာ မည်သို့သော ရုပ်ရည်ရှိသည်ကို ဘယ်တော့မှ မသိခဲ့ကြပေ။

ချွမ်ပြည်သူများ လုချန်းကို မြင်သောအခါ အလွန် စိတ်လှုပ်ရှားခဲ့ကြသည်။ ရှဧကရာဇ် ဤမျှ ရင်းနှီးဖော်ရွေသောပုံစံဖြင့် ပေါ်လာလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။

လုချန်း နေပြည်တော်၏ တံခါးဝသို့ ရောက်ရှိသောအခါ ချွမ်နိုင်ငံတော်၏ အမတ်များက အညံ့ခံစာတမ်းများနှင့် ကျောက်စိမ်းတံဆိပ်တော်ကို ပြင်ဆင်ထားပြီး ဖြစ်သည်။

ဤအခိုက်တွင် လျှိုချင်းချို ရထားလုံးထဲမှ ထွက်လာပြီး စုဝေးနေသော အရာရှိများထံသို့ လျှောက်သွားခဲ့သည်။

မိစ္ဆာမိဖုရား လျှိုချင်းချိုကို မြင်သောအခါ သူမကို ယခင်က မြင်ဖူးသူအချို့က ချက်ချင်း ကျိန်ဆဲကြတော့သည်။

“မိစ္ဆာမိဖုရားဟေ့။ ဒီမိစ္ဆာမိဖုရားကြောင့်ပဲ ချွမ်နိုင်ငံတော်က ဒီလောက်ဒုက္ခရောက်ခဲ့ရတာ။”

“ဒီမိစ္ဆာမိဖုရားက ခုထိမသေသေးဘူး။”

“သူ့ကို ကွက်မျက်ပစ်။ သူ့ကို ကွက်မျက်ပစ်။”

All Chapters