← Chapters

မင်းအတွက် စက္ကူပိုက်ဆံတွေ ပိုပြီးမီးရှို့ပေးမယ်

Vol. 6 Ch. 78

မင်းအတွက် စက္ကူပိုက်ဆံတွေ ပိုပြီးမီးရှို့ပေးမယ်

Vol. 6 Ch. 78

လော့ချန်က သူတို့နှစ်ဦး၏ မျက်နှာအမူအရာကို သတိမထားမိခဲ့ပေ။ သူတို့အချင်းချင်း နာမည်မိတ်ဆက်ပြီးနောက် မြေပေါ်ရှိ နတ်ဆိုးဝံပုလွေအလောင်းများကို ကြည့်လိုက်ပြီး ဆိုသည်။

“ဒီ နတ်ဆိုးဝံပုလွေတွေရဲ့ အမှတ်တွေ…”

သူ စကားမပြီးဆုံးမီ မင်သက်မိနေရာမှ ပြန်လည်သတိရလာသည့် ဝမ်ရှမ်းက ချက်ချင်း ပြုံးလျက် ပြောလိုက်သည်။

“ဟုတ်ပါတယ်… ဒါတွေက မင်းအတွက်ပါ…”

လော့ချန်က ခေါင်းညိတ်ပြီး အထောက်အထားတံဆိပ်ပြားကို ထုတ်ယူကာ အမှတ်များကို စုဆောင်းရန် ရှေ့သို့ လျှောက်သွားသည်။

ထိုအခါ ဝမ်ရှမ်းက ကျိုးကျင်ချွမ်အနားသို့ တစ်လှမ်းတိုးကပ်လာပြီး တိုးညှင်းစွာ ပြောလိုက်၏။

“သူက လော့ချန်လား…”

ကျိုးကျင်ချွမ်က အနည်းငယ် ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်… သူပဲ ဖြစ်ရမယ်…”

ဝမ်ရှမ်း၏ လှပသော မျက်ဝန်းများက တဖြည်းဖြည်း တောက်ပလာပြီး လော့ချန်၏ ကျောပြင်ကို စိုက်ကြည့်ကာ နီရဲသော နှုတ်ခမ်းများကို ဖွဖွကိုက်ရင်း တိုးညှင်းစွာ ရေရွတ်သည်။ “သူ့ခေါင်းကို ယူလိုက်ရင် အပြင်စည်းတပည့်အဖြစ် ချက်ချင်း ဝင်ရောက်နိုင်မှာ…”

“ဒါက မသင့်လျော်ဘူးလေ…”

ကျိုးကျင်ချွမ်၏ မျက်ဝန်းထဲတွင် ရှုပ်ထွေးသော အရိပ်အယောင်တစ်ခု ဖျတ်ခနဲ ဖြတ်သန်းသွားပြီး ဝမ်ရှမ်းကို ခေါင်းခါပြသည်။

“ဟင်း…”

ဝမ်ရှမ်းက နှာခေါင်းကို တစ်ချက်ရှုံ့ပြီး အေးစက်စွာ ဆိုသည်။

“ဒီသတင်းက လူတိုင်းသိပြီးသား… ငါတို့လက်နဲ့ မလုပ်ရင်တောင် တခြားသူတွေက လုပ်မှာပဲ… အလွန်ဆုံးဆိုရင် နောက်နှစ်တိုင်း သူ့အတွက် စက္ကူပိုက်ဆံတွေ ပိုပြီးမီးရှို့ပေးမယ်လေ…”

ထိုသို့ပြောရင်း ဝမ်ရှမ်းက တစ်ချက်လှမ်းကြည့်ကာ မဲ့ပြလိုက်သည်။

“ကျိုးကျင်ချွမ်… မင်း တစ်သက်လုံး အလုပ်သင်တပည့်အဖြစ်နဲ့နေပြီး နောက်ဆုံး ရွှမ်ယွမ်ဂိုဏ်းက ထုတ်ပယ်ခံရတာကို စိတ်ကျေနပ်နေတာလား… မင်းက ငါ့ကို ထူးချွန်တဲ့သူဖြစ်အောင် ကူညီပေးမယ်လို့ ကတိပေးခဲ့တာမဟုတ်လား… အခု အခွင့်အရေးက မင်းရှေ့မှာ ရှိနေတယ်…”

ထိုအချိန်တွင် လော့ချန်က နတ်ဆိုးဝံပုလွေများ၏ အမှတ်များကို စုဆောင်းပြီးစီးပြီး သူတို့နှစ်ဦးဘက်သို့လှည့်ကာ ပြောလိုက်၏။

“မင်းတို့ ဘာမှမဖြစ်တော့ဘူးဆိုရင် ဒီမှာ ငါတို့ လမ်းခွဲလိုက်ကြတာပေါ့…”

သူ၏ရည်မှန်းချက်မှာ ချီယွမ်စမ်းသပ်မှု၏ ထိပ်ဆုံးဆယ်ဦးထဲ ဝင်ရောက်ရန်ဖြစ်ပြီး ဤနေရာ၌ အချိန်များစွာ ကုန်ဆုံးခဲ့ပြီး ဖြစ်သည်။

“လော့ချန်… ခဏလောက်နေပါဦး…”

ဝမ်ရှမ်း၏ သိမ်မွေ့လှပသော မျက်နှာပေါ်တွင် ပြုံးယောင်သန်းပြီး ဖြည်းညှင်းစွာ လျှောက်လာကာ ဆိုသည်။

“ဒီချီယွမ်ကျွန်းက အန္တရာယ်များလွန်းတယ်… ကြယ်နှစ်ပွင့်အဆင့် နတ်ဆိုးသားရဲတွေလည်း ရှိတယ်လို့ကြားဖူးတယ်… ငါတို့ အဖွဲ့လိုက်လုပ်ပြီး အတူသွားရင် ပိုကောင်းမယ် မထင်ဘူးလား… အမဲလိုက်ရတဲ့ အမှတ်တွေကိုလည်း သုံးယောက်သုံးပုံခွဲမယ်… ဘယ်လိုလဲ…”

လော့ချန်က ပြတ်ပြတ်သားသား ခေါင်းခါပြသည်။

“မလိုပါဘူး… ငါ တစ်ယောက်ထဲ သွားလာနေကျပါ…”

သူက အနားတွင် လူအပိုရှိနေပါက သားရဲဝိညာဉ်ကို မည်သို့ ဝါးမျိုနိုင်မည်နည်း။ ထို့အပြင် သူတို့နှစ်ဦးမှာ လူသာမန်ဘဝဖြတ်ကျော်အဆင့်လေးရှိသူများသာဖြစ်ပြီး သူနှင့် အဖွဲ့ဖွဲ့ရန် အရည်အချင်းမပြည့်မီခဲ့ပေ။

“မင်းတို့ သတိထားနေကြဦး… ငါသွားပြီ…”

ထိုသို့ပြောပြီး လော့ချန်က ထွက်ခွာရန် ပြင်ဆင်သည်။

“ခဏလေး…”

ဝမ်ရှမ်းက လော့ချန်၏ ပြတ်သားစွာ ငြင်းဆိုမှုကို မမျှော်လင့်ထားခဲ့ရာ အလျင်အမြန် လက်ဆန့်ကာ တားလိုက်သည်။

လော့ချန်က မျက်ခုံးတွန့်ကာ မေးလိုက်သည်။

“ဘာကိစ္စရှိသေးလဲ…”

ဝမ်ရှမ်းက မျက်ဝန်းတစ်ချက် လှည့်ကြည့်ပြီး ပြုံးလျက် ဖြည်းဖြည်းခြင်း ဆိုသည်။

“မင်းက ငါတို့ရဲ့ အသက်ကို ကယ်တင်ပေးခဲ့တာ… ငါတို့က ပြန်ပြီးကျေးဇူးဆပ်ဖို့ ဘာမှမရှိဘူး… ဒီလိုလုပ်ရင် ဘယ်လိုလဲ… ငါတို့ အရင်က အမဲလိုက်လို့ရထားတဲ့ အမှတ်တွေကို မင်းကို အကုန်လွှဲပေးမယ်… ဒါဆိုရင် မင်းရဲ့ကယ်တင်မှုအတွက် ကျေးဇူးဆပ်တယ်လို့ ယူဆလို့ရမယ်လေ…”

“အို့…”

လော့ချန်က သူတို့၏ယဉ်ကျေးမှုကို မျှော်လင့်မထားခဲ့ရာ ငြင်းဆိုရန် အကြောင်းမရှိသဖြင့် ခေါင်းညိတ်ပြီး ဆိုသည်။

“ဒါဆိုလည်း ကောင်းပါတယ်…”

ဝမ်ရှမ်းက လော့ချန်၏ အထောက်အထားတံဆိပ်ပြားကို လှမ်းယူပြီး လက်ချောင်းဖျားဖြင့် တစ်ချက်ညှစ်ကာ သွေးတစ်စက် ထုတ်ယူလိုက်သည်။ ထိုသွေးစက်က တံဆိပ်ပြားပေါ်သို့ ကျဆင်းသွားသည်။ ထို့နောက် ချက်ချင်းဆိုသလို တံဆိပ်ပြားပေါ်တွင် နံပါတ် သုံးဆယ့်ငါးဟူသော အမှတ်ပေါ်လာသည်။

ဝမ်ရှမ်း ရရှိထားသည့် အမဲလိုက်အမှတ် သုံးဆယ့်ငါးမှတ်က လော့ချန်ထံသို့ အကုန်လွှဲပြောင်းသွားသည်။ ဤသည်ကို လုပ်ဆောင်နေစဉ် ဝမ်ရှမ်းက လော့ချန်နောက်တွင် ရပ်နေသော ကျိုးကျင်ချွမ်ကို မကြာခဏ လှမ်းကြည့်ပြီး မျက်လုံးထဲတွင် မြန်မြန်လုပ်ရန် တိုက်တွန်းသည့် အရိပ်အယောင်ပြသည်။

ကျိုးကျင်ချွမ်က မျက်ခုံးများ တွန့်ကွေးနေပြီး ဓားလက်ကိုင်ကို ကိုင်ထားသည့် လက်ယာမှာ တင်းသွားလိုက် လျှော့သွားလိုက်၊ လျှော့သွားလိုက် တင်းသွားလိုက်ဖြင့် အဆုံးမသတ်နိုင်ဘဲ လက်ကို မလှုပ်ရှားနိုင်ခဲ့ပေ။ သူက လုပ်ဆောင်ရန် အလွန်ချီတုန်ချတုန်ဖြစ်လျက် တွေဝေနေသည်။

ဝမ်ရှမ်းက မျက်ဝန်းထဲတွင် စိတ်ဆိုးမှုတစ်ခု ဖြတ်သန်းသွားပြီး တံဆိပ်ပြားကို ကျိုးကျင်ချွမ်ထံ လှမ်းပေးကာ အနည်းငယ် ပြင်းထန်သည့် လေသံဖြင့် ဆိုလိုက်၏။

“မင်း လုပ်လိုက်… မင်းမှာ အမှတ်ဘယ်လောက်ရှိလဲ ကြည့်လိုက်ဦး…”

ကျိုးကျင်ချွမ်က တံဆိပ်ပြားကို လှမ်းယူပြီး ခဏတုံ့ဆိုင်းကာ ချင်းခနဲ အသံဖြင့် ဓားကို ဓားအိမ်ထဲမှ ဆွဲထုတ်လိုက်သည်။ ထို့နောက် လက်ချောင်းပေါ်တွင် အနည်းငယ် ခြစ်ရာတစ်ခု ဖြစ်ပေါ်စေပြီး သွေးစက်ထွက်လာသည်။ သွေးစက်ကျဆင်းသည်နှင့် တံဆိပ်ပြားပေါ်တွင် နံပါတ် လေးဆယ့်ခြောက်ဟူသော အမှတ်ပေါ်လာသည်။

ကျိုးကျင်ချွမ်၏ လေးဆယ့်ခြောက်မှတ်နှင့် ဝမ်ရှမ်း၏ သုံးဆယ့်ငါးမှတ်ပေါင်းလိုက်သည့်အခါ အမဲလိုက်အမှတ် တစ်ရာနီးပါး တစ်ခါတည်း တိုးလာသည်။

ဤသည်က လော့ချန်ကို အနည်းငယ် ဝမ်းမြောက်စေပြီး ဤတစ်ကြိမ် လူကယ်မိသည်မှာ အချည်းအနှီး မဖြစ်ခဲ့ပေ။ ထိုအခါ ရုတ်တရက် ထူးခြားသည့် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာသည်။

လော့ချန်နောက်သို့ ရောက်လာသည့် ဝမ်ရှမ်းက မျက်ဝန်းထဲတွင် အေးစက်သော အလင်းတစ်ခု ဖြတ်သန်းသွားပြီး ဓားကိုဆွဲထုတ်ကာ လော့ချန်၏ ကျောပြင်သို့ ပြင်းပြင်းထန်ထန် ထိုးစိုက်လိုက်သည်။

“မဟုတ်တာ…”

လော့ချန်၏ အာရုံခံစားမှုက ထက်ထက်မြက်မြက်ရှိသဖြင့် ချက်ချင်း သတိပြုမိပြီး ခန္ဓာကိုယ်ကို ဘေးသို့ အလျင်အမြန် ရှောင်တိမ်းလိုက်သည်။

“လော့ချန်… တောင်းပန်ပါတယ်…”

ထိုအချိန်မှာပင် ကျိုးကျင်ချွမ်က အေးစက်စွာ အော်ဟစ်ပြီး လက်ထဲရှိ ဓားရှည်ကို ဝှေ့ယမ်းကာ ဓားရောင်တန်းတစ်ခု ဖြစ်ပေါ်စေပြီး လော့ချန်ထံသို့ ဦးခေါင်းပေါ်မှ ခုတ်ဖြတ်လိုက်သည်။

“ဘုန်း…”

ရှေ့နောက်ညှပ်တိုက်ခိုက်ခံရသဖြင့် လော့ချန်၏ မျက်ဝန်းထဲတွင် ပြင်းထန်သော အရိပ်တစ်ခု ဖြတ်သန်းသွားပြီး လက်သီးတစ်ချက်ကို ဓားရောင်တန်းသို့ ပြင်းပြင်းထန်ထန် ထိုးထုတ်လိုက်သည်။

“ဘုန်း…”

ကျိုးကျင်ချွမ်က ဓားရှည်ကို ဆုပ်ကိုင်ထားရန်ပင် မတတ်နိုင်တော့ဘဲ အနောက်သို့ ခြေလှမ်းပေါင်းများစွာ ဆုတ်သွားရသည်။ လော့ချန်က ထိုအရှိန်ကို အသုံးချပြီး ဘေးသို့ ခုန်ဆုတ်လိုက်သော်လည်း အနည်းငယ် နောက်ကျသွားသည်။

“ဘုန်း…”

ဓားအရိပ်တစ်ခု ဖြတ်သန်းသွားပြီး သွေးရောင်တန်းတစ်ခု လွင့်ထွက်သွားကာ လော့ချန်၏ ဘယ်ဖက်လက်မောင်းတွင် တစ်လက်မကျယ်သော ဒဏ်ရာတစ်ခု ပေါ်လာသည်။

လော့ချန်၏ မျက်နှာက သံမဏိရောင်ဖြင့် ညှိုးငယ်သွားပြီး သူတို့နှစ်ဦးကို စိုက်ကြည့်ကာ မျက်လုံးများကို အနည်းငယ် မှေးကျဉ်းလိုက်သည်။

“မင်းတို့က အသက်ကယ်တင်တာကို ဒီလိုမျိုး ကျေးဇူးဆပ်လိုက်တာလား…”

ကျိုးကျင်ချွမ်၏ မျက်နှာက အနည်းငယ် တောင့်တင်းသွားပြီး စကားတစ်ခွန်းမှ မပြောနိုင်ခဲ့ပေ။

ဝမ်ရှမ်းက မျက်ခုံးများ တစ်ချက်ပင့်ကာ အေးစက်စွာ မဲ့ပြပြီး ဆိုသည်။

“ဒါက ငါတို့ကို အပြစ်တင်လို့ မရဘူး… မင်းရဲ့ အသက်က တန်ဖိုးကြီးလွန်းလို့ပဲ… ငါတို့ မလုပ်ရင်တောင် တခြားသူတွေက လုပ်မှာပဲ…”

“အို့…”

လော့ချန်က မျက်ခုံးတွန့်ကာ မေးသည်။

“ငါ့အသက်က တန်ဖိုးကြီးတယ်ပေါ့…”

ဝမ်ရှမ်းက လျှို့ဝှက်တိုက်ခိုက်မှု မအောင်မြင်ခဲ့သော်လည်း လော့ချန်ထံမှ လွတ်မြောက်ရန် အခွင့်အလမ်းမရှိဟု ယူဆထားပြီး ပြန်ဖြေသည်။

“ဟုတ်တယ်… မင်းက ဘယ်သူ့ကို ရန်စခဲ့လဲ မသိဘူး… အဲ့ဒီသူက ကတိပေးထားတယ်… ချီယွမ်ကျွန်းပေါ်မှာ မင်းကို သတ်လိုက်ရင် စမ်းသပ်မှုရလဒ်ဘယ်လိုပဲဖြစ်ဖြစ် အပြင်စည်းတပည့်အဖြစ် ချက်ချင်း ဖြစ်လာနိုင်တယ်တဲ့…”

“ငါ့ကို သတ်လိုက်ရင် အပြင်စည်းတပည့်အဖြစ် ဖြစ်လာနိုင်တယ်ပေါ့…”

လော့ချန်၏ နှလုံးသားက ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။

ကွင်းပြင်တွင် ရှိစဉ်က နှလုံးထက်တွင်ဆောင့်နေသည့် ထူးဆန်းသော ခံစားချက်မှာ အဘယ်ကြောင့် ဖြစ်ပေါ်ခဲ့သည်ကို ယခုမှ နားလည်လိုက်သည်။ ထိုခံစားချက်သည် မမှားခဲ့ပေ။

ဝမ်ရှမ်းနှင့် ကျိုးကျင်ချွမ်က လော့ချန်၏ ရှေ့နောက်တွင် ရပ်တည်ကာ သူ၏ထွက်ပေါက်ကို ပိတ်ဆို့ထားသည်။

ဝမ်ရှမ်းက ဆက်လက် ပြောလိုက်သည်။

“လူသာမန်ဘဝဖြတ်ကျော်အဆင့်သုံးနဲ့အထက်ရှိတဲ့ အလုပ်သင်တပည့်တိုင်း ဒီသတင်းကို သိထားကြတယ်… ငါတို့ မလုပ်ရင်တောင် တခြားသူတွေက လုပ်မှာပဲ… မင်း ချီယွမ်ကျွန်းပေါ် ခြေချလိုက်တဲ့အချိန်ကစပြီး မင်းက သေသူတစ်ယောက်ဖြစ်သွားပြီးသား… တခြားသူတွေကို အကျိုးပြုပေးမယ့်အစား ငါတို့ကိုပဲ အကျိုးပြုပေးလိုက်တာပိုကောင်းတယ်…”

“အသက်ကယ်တင်တဲ့ကျေးဇူးကိုတော့ ငါတို့ နှလုံးသားထဲမှာ အမြဲမှတ်ထားမယ်… နောက်နှစ်တိုင်း ပွဲတွေမှာ မင်းအတွက် စက္ကူပိုက်ဆံတွေ ပိုပြီးမီးရှို့ပေးမယ်လေ..."

"ဟား... ဟား... ဟား…”

လော့ချန်က ဒေါသထွက်လာပြီး ရယ်မောလိုက်သည်။

“နှလုံးသားထဲမှာ မှတ်ထားမယ်ပေါ့… ကောင်းလိုက်တဲ့ နှလုံးသားထဲမှာ မှတ်ထားမှုပဲ… ဟား... ဟား... ဟား… မင်းလည်း ဒီလိုပဲတွေးနေတာလား…”

လော့ချန်က ကျိုးကျင်ချွမ်ကို လှမ်းကြည့်လိုက်သည်။

ကျိုးကျင်ချွမ်က ခဏတာ စကားမပြောနိုင်ဖြစ်သွားပြီး ဝမ်ရှမ်းကို တစ်ချက်ကြည့်ကာ သွားများကို ကြိတ်ရင်း ဆိုသည်။

“လော့ချန် မင်းရဲ့ကံကြမ္မာကို လက်ခံလိုက်တော့…”

“ကံကြမ္မာကို လက်ခံရမယ်ပေါ့… ငါက မင်းတို့ အသက်ကို ကယ်တင်ပေးခဲ့တာ… ဒါပေမယ့် မင်းတို့က ငါ့ကိုပြန်သတ်ဖို့ ကြံစည်ပြီး ကံကြမ္မာကို လက်ခံဖို့ ပြောနေတယ်… ဟား... ဟား... ဟား… စိတ်ဝင်စားစရာပဲ… တကယ်ကို စိတ်ဝင်စားစရာပဲ…”

လော့ချန်က အားရပါးရ ရယ်မောလိုက်၏။

ဝမ်ရှမ်းက မျက်ခုံးများ အနည်းငယ် တွန့်ကွေးသွားပြီး လော့ချန်၏ လှောင်ပြောင်မှုကို မခံနိုင်သဖြင့် အေးစက်စွာ ဆိုသည်။

“ကျင်ချွမ် သူနဲ့ အချိန်မဖြုန်းနဲ့တော့…”

“ရွှမ်…”

လော့ချန်က ကြယ်ကြွေဓားကို ဆွဲထုတ်လိုက်ပြီး တည်ငြိမ်အေးစက်သော လေသံဖြင့် ဆိုလိုက်သည်။

“မိုးကောင်းကင်က မင်းတို့ကို အသက်ရှင်ဖို့ အခွင့်အရေးပေးခဲ့ပြီးပြီ… ဒါပေမယ့် မင်းတို့က တန်ဖိုးမထားဘူး… ကောင်းပြီလေ… ငါကိုယ်တိုင် မင်းတို့ကို ကယ်တင်ခဲ့တာဆိုတော့ ငါကိုယ်တိုင်ပဲ မင်းတို့ကို လမ်းမှန်ပြန်ပို့ပေးလိုက်မယ်…”

“ဟား... ဟား… ဟား... မင်းတစ်ယောက်တည်းနဲ့လား…”

ဝမ်ရှမ်းက မျက်ဝန်းထဲတွင် မထီမဲ့မြင် ပြုမှုတစ်ခု ဖြတ်သန်းသွားပြီး ကျိုးကျင်ချွမ်ကို လှမ်းကြည့်ကာ ဆိုသည်။

“တခြားသူတွေက တွေ့သွားရင် ဒုက္ခရောက်လိမ့်မယ်… အတူတူလုပ်ပြီး သူ့ကို မြန်မြန်သတ်ပစ်လိုက်…”

“သေစမ်း…”

ကျိုးကျင်ချွမ်၏ မျက်ဝန်းထဲတွင် သတ်ဖြတ်လိုစိတ် ပြည့်လျှံလာပြီး ဓားတစ်ချက်ကို လော့ချန်၏ ဦးခေါင်းသို့ ပြင်းပြင်းထန်ထန် ခုတ်ဖြတ်လိုက်သည်။

“ဝှစ်... ဝှစ်…”

ဓားသွားက လေထုကို ဖြတ်တောက်လျက် အသံတစ်ခု ထွက်ပေါ်လာသည်။

လော့ချန်၏ မျက်နှာထက်တွင် ခံစားချက်များ မပြဘဲ လက်သီးတစ်ချက်ကို ထိုးထုတ်လိုက်သည်။

“ဘုန်း…”

ဧရာမစွမ်းအားဖြင့် ဓားရှည်ကို တိုက်ရိုက်ထိုးလိုက်သဖြင့် ကျိုးကျင်ချွမ်၏ မျက်စံများက ပြူးကျယ်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံး ထိန်းမထားနိုင်ဘဲ နောက်သို့ ယိုင်ထိုးလဲကျသွားသည်။

ထို့နောက် လော့ချန်က ကြယ်ကြွေဓားကို တစ်ချက် လှုပ်ရှားလိုက်သည်။

“ချီ…”

ဓားရောင်တစ်ချက် ဖြတ်သန်းသွားပြီး ကြယ်ကြွေဓားက မိုးကြိုးတစ်ချက်ကဲ့သို့ ထိုးစိုက်ထွက်သွားကာ ကျိုးကျင်ချွမ်၏ နဖူးအား ဖောက်ထွင်းလိုက်သည်။

All Chapters