← Chapters

ဤလမ်းမဖြတ်နိုင်။ လင်ကျင်ထိုင်နှင့် ပြန်လည်ဆုံတွေ့ခြင်း

Vol. 6 Ch. 88

ဤလမ်းမဖြတ်နိုင်။ လင်ကျင်ထိုင်နှင့် ပြန်လည်ဆုံတွေ့ခြင်း

Vol. 6 Ch. 88

ယွမ်လင်ပင်။

ရင့်မှည့်နေသော ယွမ်လင်သီးများ။

ရှဲ့ဟန်၏စကားကို ကြားလိုက်ရသောအခါ လော့ချန်၏ မျက်ဝန်းများထဲတွင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။

ရောင်စဉ်ကိုးသွယ်ရတနာက ဝိညာဉ်ဆေးများကို သန့်စင်နိုင်ကြောင်း သိရှိထားသည့်အတွက် လော့ချန်က ဝိညာဉ်ဆေးများနှင့် ပတ်သက်သော စာအုပ်များစွာကို ဖတ်ရှုလေ့လာခဲ့ဖူးပြီး ယွမ်လင်သီးအကြောင်းကိုလည်း တွေ့မြင်ဖူးသည်။

ယွမ်လင်သီးက ကြယ်လေးပွင့်ဝိညာဉ်ဆေးတစ်မျိုးဖြစ်ပြီး သိုင်းပညာရှင်တစ်ဦး၏ သွေးနှင့် စွမ်းအင်ကို ပေါင်းစည်းပေးနိုင်သည်။

ထုံရွှမ်နယ်ပယ်ရှိ သိုင်းပညာရှင်များအတွက် ယွမ်လင်သီးကို သုံးစွဲခြင်းဖြင့် ဒျန်တန်၏ စွမ်းအင်အိမ်တော်ကို ချဲ့ထွင်နိုင်ကာ စွမ်းအင်ကို သန့်စင်ပြီး စွမ်းအားအဆင့်ကို မြှင့်တင်ပေးနိုင်သည်။

အကယ်၍ လူသာမန်ဘဝဖြတ်ကျော်အဆင့်ခြောက်ရှိ သိုင်းပညာရှင်တစ်ဦးက ယွမ်လင်သီးကို သုံးစွဲမည်ဆိုပါက စွမ်းအင်အိမ်တော်နှင့် ဒျန်တန်ကို ဖွင့်လှစ်ရန်သုံးမှသာ ငါးဆယ်ရာခိုင်နှုန်းအထိ အခွင့်အလမ်းရရှိပြီး ထုံရွှမ်တတိယနယ်ပယ်သို့ ဖြတ်ကျော်နိုင်သည်။

ဤအကြောင်းကြောင့်ပင် ယွမ်လင်သီး၏ တန်ဖိုးက သာမန်ကြယ်လေးပွင့်ဝိညာဉ်ဆေးများထက် များစွာမြင့်မားပြီး တစ်လုံးလျှင် ငွေကျပ်နှစ်သန်းနီးပါး တန်ဖိုးရှိသည်။

“ဒါဆို လူအားလုံး ဗဟိုတောင်ထွဋ်ဆီ သွားနေတာလည်း အံ့ဩစရာမရှိတော့ဘူးပေါ့…”

လော့ချန်က ဗဟိုတောင်ထွဋ်ဆီ တစ်ချက်လှမ်းကြည့်လိုက်ပြီး ရှဲ့ဟန်ကို ပြုံးကာ ပြောလိုက်သည်။

“မင်းကရော ဘာလို့မသွားတာလဲ…”

ရှဲ့ဟန်က ခေါင်းခါလိုက်ပြီး ပြန်ဖြေသည်။

“မသွားတော့ပါဘူး… ဆယ်ယောက်မြောက်ဆုရှင်လောင်းတွေ သတင်းကြားပြီး အဲဒီကို အကုန်ရောက်နေကြပြီ… သူတို့အပြင် လူသာမန်ဘဝဖြတ်ကျော်အဆင့်ငါးရှိတဲ့ သိုင်းပညာရှင်တွေလည်း အနည်းဆုံး အယောက်နှစ်ဆယ်လောက်ရှိတယ်… နောက်ခံအင်အားရော စွမ်းအားရော ကြည့်မယ်ဆိုရင် ငါ့လိုလူမျိုးက ဘယ်လိုလုပ် ဝင်ပြိုင်နိုင်မှာလဲ…”

လော့ချန်က ပြုံးလိုက်သည်။ ရှဲ့ဟန်က အလွန်ဆင်ခြင်တုံတရား ရှိသူဖြစ်ပြီး အကျိုးအမြတ်ကြောင့် မျက်စိမှုန်ဝါးသွားခြင်းမျိုး မရှိပေ။

ဤကဲ့သို့ ရေထဲတွင် ရောထွေးနေရမည့် အခြေအနေမျိုးတွင် လုံလောက်သော စွမ်းအားမရှိပါက သွားရောက်ခြင်းက အသက်ကို အလဟဿပစ်ပြီး သေဆုံးရုံသာ ဖြစ်လိမ့်မည်။

“ငါကတော့ အဲဒီမှာသွားပြီး စည်ကားတာလေး သွားကြည့်အုံးမယ်… မင်းလည်း လိုက်မလား…”

ယွမ်လင်သီး မရှိလျှင်တောင်မှ လင်ကျင်ထိုင်တစ်ဦးတည်း ရှိနေသည်ကိုပင် လော့ချန်အတွက် သွားရောက်ရမည့် အကြောင်းပြချက်တစ်ခု ဖြစ်သည်။

“ဆရာအစ်ကို သွားမှာလား…”

ရှဲ့ဟန်တစ်ယောက် မင်သက်မိသွားပြီး တားဆီးရန် အကြံရှိခဲ့သော်လည်း လော့ချန်က လူများစွာ၏ ဝိုင်းရံတိုက်ခိုက်မှုအောက်တွင်ပင် ဒဏ်ရာတစ်စုံတစ်ရာ မရှိသည်ကို သတိရသွားသဖြင့် စကားကို ရပ်တန့်လိုက်ပြီး ပြောလိုက်သည်။

“ကောင်းပြီ… ဒါဆိုလည်း ငါလည်းလိုက်ပြီး စည်ကားတာကြည့်မယ်…”

“သွားစို့…”

ရှဲ့ဟန်က လမ်းကိုသိထားသဖြင့် ရှေ့မှ ဦးဆောင်လျှောက်လှမ်းသွားသည်။

တစ်နာရီခန့်အကြာတွင် ၎င်းတို့နှစ်ဦးက ကျွန်းဗဟိုသို့ ရောက်ရှိလာသည်။ အနီးကပ် ရောက်ရှိလာချိန်တွင် ဗဟိုတောင်ထွဋ်က ကြီးကျယ်ခမ်းနားပြီး အန္တရာယ်များ ပြည့်နှက်နေသည့် ခံစားချက်ကို ပေးစွမ်းသည်။ ထို့နောက် တွေ့မြင်ရသည်မှာ ကျောက်သားနံရံတစ်ခုက မြေပြင်မှ ထောင်မတ်ထရပ်တည်နေပြီး မိုးကုတ်စက်ဝိုင်းထဲသို့ ထိုးဆောက်ထားသည့် ရတနာဓားတစ်လက်ကဲ့သို့ တင့်တယ်သော အရှိန်အဟုန်ကို ဖော်ညွှန်းလျက် ရှိသည်။

ရှဲ့ဟန်က လော့ချန်ကို ဦးဆောင်ကာ တောင်ထွဋ်ကို အနှံ့လှည့်ပတ်သွားပြီး အမြင့်ပေ ရာပေခန့်ရှိသော ဘေးဘက်တောင်ထွဋ်တစ်ခုသို့ ရောက်ရှိလာသည်။ ထိုတောင်ထွဋ်က သုံးဖက်လုံးတွင် ကျောက်သားနံရံများဖြင့် ဝိုင်းရံထားပြီး အရှေ့ဘက်တွင်သာ တောင်ပေါ်သို့ တက်ရောက်နိုင်သည့် ကျဉ်းမြောင်းသော လမ်းကြောင်းတစ်ခု ရှိသည်။

ယခုအချိန်က ထိုလမ်းကြောင်းတစ်ဝိုက်တွင် လူရာကျော်ခန့် စုရုံးနေကြပြီး လမ်းကြောင်းကို လုံးဝပိတ်ဆို့ထားကာ မည်သူမျှ ဖြတ်သန်းခွင့် မပြုပေ။

“အဲဒီလူတွေက ဆယ်ယောက်မြောက်ဆုရှင်လောင်းတွေရဲ့ လက်အောက်ခံတွေပဲ… ဒီလိုဆိုရင် ငါတို့ တောင်ပေါ်တက်လို့ မရတော့ဘူးထင်တယ်…”

ရှဲ့ဟန်က အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။ သူက စည်ကားသည့် မြင်ကွင်းကို သွားရောက်ကြည့်ရှုရန် ရည်မှန်းထားခဲ့သည်။

ထူးချွန်သူများ စုဝေးပြီး ထူးခြားရတနာများအတွက် ယှဉ်ပြိုင်နေကြသည့် မြင်ကွင်းက အလွန်စိတ်လှုပ်ရှားဖွယ်ရာ ဖြစ်မည်မှာ သေချာသည်။

“ငါ သွားကြည့်လိုက်ဦးမယ်…”

လော့ချန်က မထီမဲ့မြင် ပြုသည့်ဟန်ဖြင့် ပြောလိုက်သည်။

“လော့ချန်ဆရာအစ်ကို… လူတွေ ဒီလောက်များနေတာ…”

ရှဲ့ဟန်က တားဆီးရန် ကြိုးစားခဲ့သော်လည်း လော့ချန်က လမ်းကြောင်းဆီသို့ လျှောက်လှမ်းသွားပြီးဖြစ်သဖြင့် လိုက်ပါလာရုံသာ တတ်နိုင်သည်။

“ရပ်စမ်း…”

သူတို့နှစ်ဦး လမ်းကြောင်းနားသို့ ရောက်လာချိန်တွင် ကိုယ်လုံးကိုယ်ထည်သန်မာသော အလုပ်သင်တပည့်တစ်ဦးက ချက်ချင်း ထွက်လာပြီး အော်ဟစ်လိုက်သည်။

“ဒီနေရာကို ပိတ်ဆို့ထားပြီးပြီ… ဘယ်သူမှ တောင်ပေါ်တက်ခွင့်မရှိဘူး…”

ထိုအချိန်တွင် တောအုပ်ထဲမှ နောက်ထပ် လူတစ်ဦး ထွက်လာပြီး လမ်းကြောင်းကိုဖြတ်ကာ တောင်ပေါ်သို့ တက်သွားသည်။

လော့ချန်က မျက်ခုံးတစ်ချက်ပင့်လိုက်ပြီး မေးလိုက်သည်။

“ဘာလို့ သူကတော့ တက်လို့ရတာလဲ…”

ထိုသန်မာသောလူငယ်က မထီမဲ့မြင် ပြုသည့်ဟန်ဖြင့် ပြန်ဖြေသည်။

“ဟွမ်ဆရာအစ်ကိုက လူသာမန်ဘဝဖြတ်ကျော်အဆင့်ငါးရှိတဲ့ သိုင်းပညာရှင်ဖြစ်ပြီး စွမ်းအားက ထူးချွန်တယ်… သူကတော့ တက်လို့ရတာပေါ့… အခု တောင်ပေါ်မှာ ရတနာတွေရှိတယ်ဆိုတာ လူတိုင်းသိပြီးပြီ… ဒါပေမဲ့ ဘယ်သူမဆို ရတနာတွေကိုလုယူဖို့ အရည်အချင်းရှိတာမဟုတ်ဘူး… သေချင်မှသာ တက်ခဲ့ပေါ့... မသေချင်ရင် အမြန်ထွက်သွားစမ်း…”

“ဟာ... ဒါ လော့ချန်ပဲ…”

ရုတ်တရက် အံ့အားသင့်သံတစ်ခု ထွက်ပေါ်လာသည်။

“သူ့ကို သတ်လိုက်ရင် အပြင်စည်းတပည့်အဖြစ်တပည့်အဖြစ် တိုက်ရိုက်ရောက်သွားနိုင်တယ်…”

ထိုအခါ ထိုနေရာရှိ လူအားလုံး၏ အကြည့်များက လော့ချန်ဆီသို့ တစ်ပြိုင်နက်တည်း ရောက်လာပြီး ၎င်းတို့၏ အကြည့်များက သတ်ဖြတ်ရန် ပြင်ဆင်ထားသော သိုးသူငယ်တစ်ကောင်ကို ကြည့်နေသည့်အလား ဖြစ်သည်။

ထိုသန်မာသောလူငယ်၏ မျက်ဝန်းများထဲတွင်လည်း ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာပြီး လော့ချန်ကို စူးစိုက်ကြည့်ရင်း မျက်လုံးများထဲတွင် လောဘစိတ်များ ထင်ဟပ်နေသည်။

ရှဲ့ဟန်၏ နှလုံးသားထဲတွင် တစ်ချက်တုန်လှုပ်သွားပြီး ဤအခြေအနေကို သူက ကြိုတွေးမိခဲ့သည်။

လော့ချန်ဆီသို့ တဖြည်းဖြည်း ချဉ်းကပ်လာသည့် လူအုပ်ကို ကြည့်ရင်း လော့ချန်က မျက်နှာအမူအရာ မပြောင်းလဲဘဲ အကြည့်တစ်ချက်ဖြင့် အေးစက်စွာ ပြောလိုက်သည်။

“အသက်သုံးကြိမ်ရှူစာ အချိန်ပေးမယ်… လမ်းဖယ်ကြစမ်း… မဟုတ်ရင် အကျိုးဆက်ကို ကိုယ့်ဘာသာကိုယ် ခံစားကြရလိမ့်မယ်…”

“ဟား... ဟား... ဟား…”

လော့ချန်၏လမ်းကို ပိတ်ဆို့ထားသူများက ဤစကားကြောင့် ရယ်မောသွားကြပြီး တစ်ဦးက အော်ပြောလိုက်သည်။

“အားလုံး ကြားတယ်မဟုတ်လား… အသုံးမကျတဲ့ကောင်တစ်ကောင်က ငါတို့ကို ခြိမ်းခြောက်နေတယ်… အသက်သုံးကြိမ်ရှိုက်စာ အချိန်ပေးတယ်ဆိုပြီး… ငါကတော့ ဘယ်လိုအကျိုးဆက်ဖြစ်မလဲ သိချင်လိုက်တာ…”

ထိုသန်မာသော လူငယ်ကမူ ပို၍ပင် မထီမဲ့မြင် ပြုသည့်ဟန်ဖြင့် ပြောလိုက်သည်။

“အချိန်ဆွဲဖို့ ကြံစည်တာမျိုး အသုံးမဝင်ဘူး… မင်း ဒီနေရာကို ရောက်လာတဲ့အချိန်ကစပြီး မင်းမှာ လမ်းတစ်လမ်းပဲ ရှိတယ်… အဲဒါကတော့ သေလမ်းပဲ…”

လော့ချန်၏ ခြိမ်းခြောက်မှုကို ထိုသန်မာသော လူငယ်က လုံးဝ ဂရုမစိုက်ပေ။

သူတို့လူများစွာ ရှိနေသည့်အတွက် အသုံးမကျသူတစ်ဦးကို မကြောက်သလို လူသာမန်ဘဝဖြတ်ကျော်အဆင့်ငါးရှိ သိုင်းပညာရှင်တစ်ဦးပင်လျှင် သူတို့ကို ရင်ဆိုင်ရန် အနည်းငယ် ချိနဲ့ရမည်ဖြစ်သည်။

သူသည် ယခုအခါ လော့ချန်ကို သတ်ဖြတ်ပြီး ထိုဂုဏ်ပကာသနကို တစ်ဦးတည်း သိမ်းပိုက်ရန်သာ စဉ်းစားနေသည်။

အခြားသူများလည်း ချက်ချင်း မတိုက်ခိုက်ဘဲ ထိုကိစ္စကိုပင် စဉ်းစားနေကြသည်။

အသက်သုံးကြိမ်ရှူသည့်အချိန်က တစ်ခဏအတွင်း ကုန်လွန်သွားသည်။

ထိုသန်မာသော လူငယ်က လော့ချန်ကို စူးစိုက်ကြည့်ရင်း အေးစက်စွာ ပြောလိုက်သည်။

“အချိန်ပြည့်သွားပြီ…”

“သေစမ်း…”

လော့ချန်က ချက်ချင်းဆိုသလို သုံးလှမ်းကျော်လှမ်းလိုက်ပြီး လက်သီးတစ်ချက်ကို ပြင်းထန်စွာ ထိုးထုတ်လိုက်သည်။

ထိုသန်မာသော လူငယ်က ထိတ်လန့်မှုအစား ဝမ်းမြောက်သွားပြီး လော့ချန်က သူ့ကို ဦးစွာတိုက်ခိုက်လာသဖြင့် သူက လော့ချန်ကို သတ်ဖြတ်ပြီး ဂုဏ်ပကာသနကို အခြားသူများနှင့် မျှဝေစရာမလိုတော့ပေ။

“မင်းက ငါ့အဆင့်နဲ့ နည်းနည်းတောင် မနီးစပ်ဘူး…”

ထိုသန်မာသောလူငယ်က အေးစက်စွာ အော်ဟစ်လိုက်ပြီး လက်သီးတစ်ချက်ဖြင့် တိုက်ရိုက် ရင်ဆိုင်လိုက်သည်။

“ဘုန်း…”

တိမ်ညို့သော အသံတစ်ခုနှင့်အတူ ထိုသန်မာသော လူငယ်က အော်ဟစ်သံတစ်ခုမျှ မထွက်နိုင်ဘဲ ကိုယ်လုံး၏ တစ်ဖက်တစ်ခြမ်းက ပြိုကျသွားပြီး လူပုံစံပင် ပျက်သွားတော့သည်။

ထိုနေရာရှိ လူအားလုံးက မျက်လုံးများ ပြူးကျယ်သွားကြသည်။

လူသာမန်ဘဝဖြတ်ကျော်အဆင့်လေးရှိ သိုင်းပညာရှင်တစ်ဦးက လက်သီးတစ်ချက်တည်းဖြင့် သတ်ဖြတ်ခံလိုက်ရသည်။

“အားလုံး အတူတက်ကြစမ်း… သူ့ကို သတ်ပစ်ကြစို့…”

“သတ်စမ်း…”

အော်ဟစ်သံတစ်ခုနှင့်အတူ အနီးရှိ အလုပ်သင်တပည့်များက လော့ချန်ဆီသို့ တစ်ပြိုင်နက်တည်း ပြေးဝင်လာကြသည်။

“ကောင်းကင်ယံကျဆုံးခြင်း ဒုတိယပုံစံ - တိမ်ယံတည်မြဲခြင်း…”

လော့ချန်၏ မျက်ဝန်းများထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီး ကြယ်ကျဆုံးဓားကို ဓားအိမ်မှဆွဲထုတ်ကာ လူအုပ်ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားသည်။

“ဖျတ်… ဖျတ်… ဖျတ်…”

ဓားအလင်းတန်းများ တောက်ပလက်လျက် သွေးများနှင့် အသားများက လေထဲသို့ ပြန့်ကျဲထွက်သွားသည်။

တစ်ခဏအတွင်း ပြေးဝင်လာသူ ဆယ်ဦးကျော်က အားလုံး သတ်ဖြတ်ခံလိုက်ရပြီး ၎င်းတို့၏ ခန္ဓာကိုယ်များက အပိုင်းပိုင်းကွဲသွားကာ ပြင်းထန်သော သွေးနံ့သည် လူများ၏ ဦးရေပြားကို ထုံကျဉ်စေသည်။

ထိုနေရာရှိ လူအားလုံးက မင်သက်မိသွားပြီး ငြိမ်သက်လျက် ရပ်တန့်နေကြသည်။

လော့ချန်က အကြည့်တစ်ချက် လှမ်းကြည့်လိုက်သည်။

သူ၏အကြည့်နှင့် ထိတွေ့မိသူတိုင်း မထိန်းနိုင်ဘဲ ခေါင်းငုံ့သွားကြပြီး ခန္ဓာကိုယ်များ အနည်းငယ် တုန်ယင်နေကာ လမ်းကြောင်းကို ဖယ်ပေးလိုက်ကြသည်။

လူဆယ်ဦးကျော်သော အလောင်းများက မျက်စိရှေ့တွင် ရှိနေသေးသည့်အတွက် ၎င်းတို့တွင် မည်သူမျှ ပိတ်ဆို့ရန် သတ္တိမရှိကြတော့ပေ။

လော့ချန်က ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်ကာ တောင်ပေါ်သို့ လျှောက်လှမ်းသွားသည်။

သူက ရှဲ့ဟန်ကို မခေါ်ဆောင်သွားပေ။

ဤနေရာ၏ အခြေအနေကိုကြည့်လျှင် လုံလောက်သော စွမ်းအားမရှိဘဲ တောင်ပေါ်တက်ခြင်းက အန္တရာယ်ကို ဖိတ်ခေါ်ရုံသာ ဖြစ်လိမ့်မည်။

လော့ချန်၏ အရိပ်က ပျောက်ကွယ်သွားသည်အထိ ထိုနေရာရှိ လူများ၏ ရင်ထဲတွင် ဖိထားသော ကျောက်တုံးတစ်တုံးက မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

“လူသာမန်ဘဝဖြတ်ကျော်အဆင့်လေးရှိတဲ့ သိုင်းပညာရှင်ကို တစ်ချက်နဲ့ သတ်ပစ်နိုင်တယ်… လူသာမန်ဘဝဖြတ်ကျော်အဆင့်ငါးရှိတဲ့ သိုင်းပညာရှင်တောင် ဒီလောက်မသန်မာဘူး မဟုတ်လား… သူက တကယ်ပဲ အသုံးမကျတဲ့ သိုင်းဝိညာဉ်နိုးထလာတဲ့ အသုံးမကျသူလား…”

“ငါကြည့်ရတာဆို ဆယ်ယောက်မြောက်ဆုရှင်လောင်းတွေပဲ သူ့ကို အနိုင်ယူနိုင်မယ်ထင်တယ်…”

မြေပြင်ပေါ်ရှိ အလောင်းများကို ကြည့်ရင်း လူအုပ်ထဲတွင် မျက်နှာချင်းဆိုင် ကြည့်နေကြသည်။

တောင်ထိပ်သို့ တက်လာစဉ်တွင် နတ်ဆိုးသားရဲများက ရှင်းလင်းပြီးဖြစ်သဖြင့် လမ်းတစ်လျှောက် အဆင်ပြေချောမွေ့ပြီး လော့ချန်က မကြာမီ တောင်ထိပ်သို့ ရောက်ရှိသွားသည်။

တောင်ထိပ်တွင် ထင်းရှူးတောတစ်ခုနှင့် ကျယ်ဝန်းသော မြေပြင်တစ်ခု ရှိသည်။ မြေပြင်၏ အဆုံးတွင် ကိုယ်လုံးတစ်ခုလုံး သိုးမွှေးကျောက်စိမ်းကဲ့သို့ ဖြူစင်သော သစ်ပင်ကြီးတစ်ပင် ပေါက်ရောက်နေသည်။ သစ်ပင်ပေါ်တွင် မြစိမ်းကဲ့သို့ အရွက်များနှင့် ဆယ်လုံးခန့်ရှိသော ကလေးလက်ဖဝါးပုံစံ အသီးများက အလွန်ထင်ရှားလှသည်။

သစ်ပင်ကြီးအောက်တွင် အကြေးမရှိသော ဧရာမမြွေတစ်ကောင် ရစ်ပတ်လျက် ရှိသည်။ ထိုဧရာမမြွေက အရှည်ဆယ့်ငါးမီတာခန့်ရှိပြီး ရွှေမီးခိုးရောင်ရှိကာ ကိုယ်လုံးကို ရစ်ပတ်ထားရင်း ပါးစပ်မှ မီးခိုးရောင် မြူခိုးများကို မပြတ်ထုတ်လွှတ်နေသည်။ ၎င်း၏ သွေးနီရဲနေသော မျက်လုံးများက အလွန်ထိတ်လန့်ဖွယ်ရာ ဖြစ်သည်။

ထင်းရှူးတောထဲတွင် လူသာမန်ဘဝဖြတ်ကျော်အဆင့်ငါးရှိ သိုင်းပညာရှင်များဖြင့် လူနှစ်ဆယ်ကျော် စုဝေးနေသည်။ ၎င်းတို့က စက်ဝိုင်းတစ်ခုအဖြစ် ဝိုင်းရံထားပြီး အလယ်တွင် ကူးလင်ဖုန်းအပါအဝင် ဆယ်ယောက်မြောက်ဆုရှင်လောင်းများက မျက်နှာများ တည်ကြည်စွာ တစ်ခုခုကို ဆွေးနွေးနေကြသည်။

“လူတစ်ယောက်ထပ်ရောက်လာပြီ…”

လှုပ်ရှားမှုသံကို ကြားလိုက်ရသဖြင့် လူအားလုံး နောက်သို့ လှည့်ကြည့်လိုက်ကြသည်။

“လော့ချန်…”

ထိုသို့ ရောက်လာသူကို မြင်လိုက်ရသောအခါ လူအများအပြား၏ မျက်နှာအမူအရာများက ပြောင်းလဲသွားသည်။

“ဟမ်… တကယ်မထင်ထားဘူး… မင်းလို ကောင်က အသက်ရှင်နေတုန်းပဲလား…”

လင်ကျင်ထိုင်က အံ့အားသင့်နေသည့် မျက်နှာအမူအရာဖြင့် လူအုပ်ထဲမှ ထွက်လာသည်။

All Chapters