← Chapters

ကျေးဇူးပြုပြီး!ကျွန်မယောင်းမကို ညင်သာပါ

Vol. 8 Ch. 114

ကျေးဇူးပြုပြီး!ကျွန်မယောင်းမကို ညင်သာပါ

Vol. 8 Ch. 114

ခဏအကြာတွင် ဟင်းပွဲများ အဆင်သင့် ဖြစ်တာကြောင့် စားပွဲပေါ်တွင် တင်လိုက်သည်။

ပုံမှန်အိမ်ချက်ဟင်းပွဲများဖြစ်ပေမဲ့ ကောင်းမွန်တဲ့ အရောင်နဲ့ ရနံ့ရှိပြီး အရသာကောင်းတာကိုတော့ ပြောစရာမလိုပေ။

“အစ်ကို လာပြီး ညစာ စားပါ”

လျူယောင် ခေါ်သံကိုကြားတဲ့အခါ ဆဲလ်ဖုန်းကို ချက်ချင်းချလိုက်ပြီး ဝိုင်နီပုလင်းတစ်လုံးကို ယူလာခဲ့သည်။ စားပွဲပေါ်မှ ဟင်းပွဲများကို မြင်တဲ့အခါ ချီးကျူးလိုက်သည်။

“ကောင်းလိုက်တာ လျူလန်ရဲ့လက်ရာနဲ့ မတူဘူး”

လျူလန် အလျင်အမြန် ပြောလိုက်သည်။

“ကျွန်မက လက်ထောက်ပဲ လုပ်တာပါ ယောင်းမ က တာဝန်ယူတာ အစ်ကို မြည်းကြည့်ပါလား”

လျူယောင် ဟင်းပွဲတိုင်းကို တူတစ်စုံဖြင့် မြည်း စမ်းပြီးနောက် လက်မထောင်ကာ ချီးကျူးလိုက်သည်။

“စားကောင်းတယ် မဆိုးဘူး တကယ်အရသာရှိတယ် ”

ချီးကျူးပြီးနောက် လျူယောင် ထပ်ပြောလိုက်သည်။

“လဲ့လဲ့ရဲ့လက်ရာက ဒီလောက်ကောင်းလိမ့်မယ်လို့ ကိုယ်မထင်ခဲ့ဘူး။ နောက်ဆို ကိုယ်တော့ အရသာရှိတာတွေခံစားရတော့မယ်”

လျူယောင့်စကားကြောင့် လီချန်လဲ့ရဲ့ စိတ်ထဲတွင် ဝမ်းသာနေခဲ့သည်။

လျူလန်က “အစ်ကို၊ ခယ်မက ဧည့်ခန်းမှာရော မီးဖိုချောင်မှာပါ ကျွမ်းကျင်တယ်၊ ဒီတစ်ကြိမ် အကိုက ရတနာတစ်ခုကို ရှာတွေ့ခဲ့တာပဲ”

လီချန်လဲ့က နှိမ့်ချစွာ ပြောလိုက်တယ်၊ “ဘယ်ကသာ ကျွန်မ က အဲ့လောက် မကောင်းပါဘူး "

“မင်းတို့ နှစ်‌ယောက်ချက်တာ တကယ်ကောင်းတယ်။ ဒီနေ့ ငါ့ ကို အံ့ဩစရာကောင်းတဲ့ အရ သာကို ပေးခဲ့တယ်” ဟု လျူယောင်က ပြောလိုက်သည်။

“လာ ထိုင်ပါ စားကြရအောင်”

ပြောပြီးတဲ့အခါ သူတို့တစ်ဦးစီကို ဝိုင်နီတစ်ခွက်စီ လောင်းထည့်ခဲ့ ပြီး"!စားသောက်နေစဉ် စကားပြောကာ ဝိုင်နီသောက်ခဲ့ကြသည်။ အချိန်အတိုင်းအတာတစ်ခုအထိ သူတို့သုံးဦး အတူတူ သောက်ကြပြီး ဖန်ခွက်များကို ပေါ့ပေါ့ပါးပါး တိုက်လိုက်ကြသည်။

ညစာစားပြီးနောက် သူတို့ အပြင်ဘက်ကို လမ်း လျှောက်ထွက်ခဲ့ကြပြီး ခဏကြာအောင် လမ်း လျှောက်ခဲ့ကြသည်။ ပြန်လာပြီးနောက် သုံးယောက်စလုံး ဧည့်ခန်းမှ ဆိုဖာပေါ်တွင် တီဗီ ခဏ ကြည့်ခဲ့ကြသည်။

ညဉ့်နက်လာတဲ့အခါ လျူလန်က ရေချိုးရန် ရေချိုးခန်းကို သွားလိုက်ပြီး အိပ်တော့မှာပဲဖြစ်သည်။

လျူယောင် စနောက် လိုက်သည်။

“လဲ့လဲ့ ကိုယ်တို့လည်း ရေမချိုးသင့်ဘူးလား”‌

ဆောက်ထားတဲ့ ဗီလာတွင် သုံးထပ်ရှိသည်။ အိပ်ခန်းက ဒုတိယထပ်တွင်ရှိပြီး ထိုနေရာတွင် ရေချိုးခန်း တစ်ခုရှိသည်။ လျူလန်က ပထမထပ်တွင် နေပြီး ပထမထပ်ရှိ ရေချိုးခန်းတွင် ရေချိုးနေသည်။

လီချန်လဲ့ အနည်းငယ်ရှက်သွားပြီး လျူယောင့်ကို အမူအရာတစ်မျိုးဖြင့် ကြည့်လိုက်သည်။

“ကျွန်မ ရှင်နဲ့အတူ မချိုးချင်ပါဘူး၊ ကျွန်မတစ်ယောက်တည်း အရင်ရေသွားချိုးမယ်”

လျူယောင် ပြုံးလိုက်ပြီး လီချန်လဲ့က သူနဲ့အတူ ရေချိုးလိမ့်မှာမဟုတ်ကြောင်း သိလိုက်သည်။ လီချန်လဲ့က ရေချိုးရန် အပေါ်ထပ်သို့ တက်သွားတာကို မြင်တဲ့အခါ “သွားပါ၊ ကိုယ် က မင်းကို အပေါ်ထပ်က အိပ်ခန်းဆီ လိုက်ပို့ပေးပါ့မယ်” ဟု ပြောလိုက်သည်။

လျူယောင်သည် လီချန်လဲ့ရဲ့လက်ကိုကိုင်ပြီး ဒုတိယထပ်ရှိ ရေချိုးခန်းသို့ ခေါ်သွားကာ သန့်ရှင်းတဲ့ရေချိုးပဝါ၊ မျက်နှာသုတ်ပုဝါနဲ့အခြားအရာများကို ရှာပေးလိုက်သည်။

“ရှင်အရင်ထွက်သွားပါ”

လီချန်လဲ့က မထွက်ချင်တဲ့ လျူယောင်ကို ရေချိုးခန်းမှ ညင်သာစွာ တွန်းထုတ်ပြီးနောက် ရေချိုးခန်းရဲ့မှန်တံခါးကို ပိတ်လိုက်သည်။

ဒီရေချိုးခန်းက အိပ်ခန်းကြီးနဲ့ နီးသည်။ ရေချိုးခန်းမှ တွန်းထုတ်ခံရပြီးနောက် လျူယောင် အိပ်ခန်းမှ အိပ်ရာကြီးပေါ်တွင် ထိုင်ပြီး ဝါးနေတဲ့ မှန်မှတစ်ဆင့် လီချန်လဲ့ရဲ့မှုန်ဝါးဝါးပုံရိပ်ကို မြင်လိုက်ရသည်။

လီချန်လဲ့သည် အထဲတွင် ရေချိုးနေတာကို တွေးမိတဲ့အခါ လျူယောင် စိတ်ထဲတွင် ပူထူနေပြီး တံခါးကိုဖွင့်ပြီးအတူတူ ရေချိုး ချင်သိတ်များ ပေါ်လာခဲ့သည်။

မနေနိုင်တော့ဘဲ သူ အဝတ်နဲ့ဘောင်းဘီကို ချွတ်လိုက်ပြီး အတွင်းခံဘောင်းဘီတစ်ထည်သာ ဝတ်ထားကာ နောက်ဆုံးတွင် ရေချိုးခန်း တံခါးကို ဖွင့်လိုက်တဲ့အခါ လီချန်လဲ့ ရှက်ရွံ့စွာ အော်လိုက်တော့သည်။

(××××××)

စကားလုံး ၁၀၀,၀၀၀ ကို ချန်ခဲ့လိုက်သည်။

နောက်တစ်နေ့တွင်

နှစ်ဦးသား အလွန်နောက်ကျမှ နိုးလာခဲ့ကြသည်။ လျူယောင် လက်ကို မြှောက်ပြီး အချိန် လိုက်ရာ နံနက်ဆယ်နာရီကျော်နေပြီကို မြင်လိုက်ရသည်။လျူယောင် သူ့ရဲ့ လက်ထဲတွင် အိပ်နေတဲ့ လီချန်လဲ့ကို ကြည့်လိုက်သည်။ပြီးခဲ့တဲ့ ညက ဖြစ်ပျက်ခဲ့တာများကို ပြန်အမှတ်ရသွားပြီး တစ်ညတာအတွင်း သုံးကြိမ် ကားမောင်းခဲ့တာကို စိတ်ထဲတွင် တွေးလိုက်မိသည်။

အထူးသဖြင့် ကားအသစ်တစ်စီးမောင်းတာက လေ့ကျင့်မှု့မျိုးစုံကြောင့် ပိုလို့တောင် ပင်ပန်းခဲ့သည်။

ဒါပေမဲ့ အဲ့ဒါက ပျော်စရာကောင်းလှသည်။

သူ့ရဲ့လက်ထဲတွင် ထိုမျှလှပသောမိန်းကလေးကို ကြည့်ရင်း လျူယောင်က

“ဒါက ငါ့ရဲ့အနာဂတ်ဇနီးပဲ။ တာဝန်ယူမှု့ရှိတဲ့ယောက်ျားတစ်ယောက်အနေနဲ့ ငါ အဆုံးအထိ တာဝန်ယူဖို့ လိုအပ်တယ်” ဟု စိတ်ထဲတွင် တွေးလိုက်သည်။

“အစ်ကိုယောင် နိုးပြီလား” ဟု ပြောပြီး လီချန်လဲ့လည်း နိုးလာခဲ့သည်။

လျူယောင် က “မင်း ပင်ပန်းနေသေးလား ထပ်အိပ်ချင်သေးလား” ဟု မေးလိုက်သည်။

ဆယ်နာရီကျော်နေတာကို မြင်တဲ့အခါ လီချန်လဲ့ အလျင်အမြန် ပြောလိုက်သည်။

“ကျွန်မတို့ ဆက် အိပ်လို့မရဘူး မဟုတ်ရင် လျူလန်က ကျွန်မတို့ကို ရယ်လိမ့်မယ်”

လျူယောင်က “ သူမက ရဲရင့်တဲ့ မိန်းခလေးတစ်ယောက်ပါကွာ ” ဟု ပြောလိုက်သည်။

ဘယ်လိုပဲဖြစ်ဖြစ် နှစ်​ယောက်သားထပြီး အောက်ထပ် ဆင်းလာတဲ့အခါ လျူလန် အိမ်တွင်မရှိတာကို တွေ့ခဲ့ရသည်။ လျူယောင် ဖုန်းထုတ်ပြီး WeChat ကို ကြည့်လိုက်တဲ့အခါ မရယ်ဘဲ မနေနိုင်ပေ။

လျူလန်က မက်ဆေ့ခ်ျတစ်စောင် ချန်ထားခဲ့သည်။

“အစ်ကို! ညီမလေး ကျောင်းပြန်သွားပြီ ကျေး ဇူးပြုပြီး ကျွန်မရဲ့ယောင်းမကို ညင်သာပါ”

“ဒီကောင်မလေး”

လျူယောင် ပျော်ရွှင်စွာ ပြုံးလိုက်ပြီး လီချန်လဲ့ကို ပြောလိုက်သည်။

“လျူလန်က ကျောင်းပြန်သွားပြီ အခု ကိုယ်တို့နှစ်ယောက်ရဲ့ ကမ္ဘာပဲ လဲ့လဲ့ ဘာစားချင်လဲ”

လီချန်လဲ့က “ကျွန်မကို သာခိုင်းပါ ကျွန်မရှင့်စားချင်တာ ဘာပုံစံဖြစ်ဖြစ် လုပ်ပေးပါ့မယ်” ဟု ပြောလိုက်သည်။

လျူယောင် ဆိုးဆိုးရွားရွား ပြုံးလိုက်သည်။

လီချန်လဲ့ ချက်ချင်းပဲ သူမ ပြောလိုက်တဲ့ စကားက က အဓိပ္ပာယ်နှစ်မျိုး ဖြစ်နေတာကို သဘောပေါက်သွားသည်။

“အစ်ကိုယောင် ရှင်အရမ်း ဆိုးတာပဲ”

“မင်း ကြိုက်လား” ဟု လျူယောင်က လီချန်လဲ့နားတွင် တိုးတိုးလေးပြောလိုက်သည်။

လီချန်လဲ့ရဲ့ပါးများသည် အနည်းငယ်ရဲနေပြီး သူမက ဒီလိုပုံစံကို အနည်းငယ် မခံနိုင်ပုံရကာ အလျင်အမြန် ပြောလိုက်သည်။

“ကျွန်မ ခေါက်ဆွဲအချို့ကို သွားမှာလိုက်ဦးမယ် ရှင် ဒီမှာထိုင်နေပါ”

“ကိုယ် လုပ်လိုက်ပါ့မယ်” ဟု လျူယောင် စဉ်းစားဟန်ဖြင့် ပြောလိုက်သည်။

ဒီအချိန်တွင် အပြင်ဆိုင်များတွင် နံနက်စာမရှိနိုင်တာကြောင့် လျူယောင် ကိုယ်တိုင်ချက်ပြုတ် ပြီး ဝက်သားအမျှင်ပါတဲ့ ခေါက်ဆွဲနှစ်ပန်းကန်ကို ယူခဲ့သည်။

နံနက်စာအတွက် နှစ်ယောက်သား ဝက်သားအမျှင်ပါတဲ့ ခေါက်ဆွဲကို စားခဲ့ကြသည်။

လျူလန်မှာတော့ နှောင့်ယှက်ခံရခြင်းမရှိဘဲ ကျောင်းပြန်သွားခဲ့သည်။

ခေါက်ဆွဲစားပြီးနောက် နှစ်ယောက်သား အတူတကွ ပင်ပန်းနွမ်းနယ်ခဲ့ကြပေမဲ့ အလွန်ချိုမြိန်ခဲ့သည်။

နေ့လယ်ပိုင်းတွင် အတူတူ လမ်းလျှောက်ထွက်ခဲ့ကြကာ အပြင်ဘက်တွင် ညစာစားခဲ့ပြီး ညဆယ်နာရီခန့်တွင် ပြန်လာခဲ့ကြသည်။

လီချန်လဲ့က စနေ၊ တနင်္ဂနွေညများတွင် လျူယောင်နဲ့အတူ တစ်ပတ်တာလုံး နေခဲ့သည်။

တနင်္လာနေ့နံနက်တွင် လျူယောင် ကားဖြင့် လီချန်လဲ့ ကျောင်းကို ပို့ပေးခဲ့သည်။

လီချန်လဲ့ ကားပေါ်မှဆင်းပြီးနောက် ရှားရှားပါးပါး သူမက ပါးပေါ်တွင် မဟုတ်ဘဲ နှုတ်ခမ်းပေါ်တွင် လျူယောင့်ကို အနမ်းပေးခဲ့သည်။

“လဲ့လဲ့ ကိုယ် ကျောင်းဆင်းရင် လာကြိုမယ်နော်”

" ဟုတ်ကဲ့ အကိုယောင် ကျွန်မ ကျောင်းမှာ ရှင့်ကို စောင့်နေပါ့မယ်”

လီချန်လဲ့ ကားပေါ်မှဆင်းပြီး ခြေလှမ်းသုံးလှမ်း လှမ်းတိုင်း လှည့်ကြည့်သည်။ သောကြာနေ့တွင် နှသ်ယောက်သား နောက်ဆုံးကာကွယ်ရေးမျဉ်းကို ကျော်ဖြတ်ပြီးနောက် လီချန်လဲ့က သူ့အပေါ် ပိုတွယ်တာလာတာကို လျူယောင် ရှင်းရှင်း လင်းလင်း ခံစားမိသည်။

သူရဲ့ရည်းစားက ကျောင်းဝင်းထဲ ဝင်သွားတာကို ကြည့်ပြီးနောက် လျူယောင် ကုမ္ပဏီကို ကားမောင်းသွားခဲ့သည်။

ရုံးခန်းထဲရောက်ပြီး မကြာမီ ကျိုးယန် တံခါးခေါက်ကာ ဝင်လာခဲ့သည်။ သူ လျူယောင့်ကို သတင်းပို့ရန် အကြောင်းအရာများစွာရှိနေခဲ့သည်။

“သူ​ဋေးရဲ့ညွှန်ကြားချက်အတိုင်း ကျွန်တော် ချီဒုံသင်္ဘောကျင်းနဲ့ တရားဝင်သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးပါပြီ ကျွန်တော်တို့ မှာထားတဲ့ သင်္ဘောတွေရဲ့ တည်ဆောက်မှု့က မကြာမီ စတင်ပါတော့မယ်”

လျူယောင် ခေါင်းညိတ်ပြလိုက်သည်။

ကျိုးယန် ဆက်သတင်းပိုလိုက်သည်။

“တန် ၂၀၀,၀၀၀ ပင်လယ်ကူးရေနံတင်သင်္ဘောနှစ်စင်းကို လက်ခံဖို့ပဲ ကျန်ပါတော့တယ် မကြာမှီ ဒီနှစ်စီးကို ကျွန်တော်တို့ရဲ့ကုမ္ပဏီက ပိုင်ဆိုင်ပါလိမ့်မယ်”

ကျိုးယန် နာရီဝက်ခန့် သတင်းပို့ပြီးနောက် လျူယောင်ရဲ့ရုံးခန်းမှ ထွက်သွားပြီး ရုံးခန်းရဲ့တံခါးကို ဂရုတစိုက်ပိတ်ပေးခဲ့သည်။

လျူယောင် ရုံးခန်းထဲတွင် တစ်ယောက်တည်းရှိနေသည်။

လက်ဖက်ရည်တစ်ခွက်ဖျော်ပြီးနောက် စားပွဲပေါ်တွင် မကြာသေးမီက တင်ထားတဲ့ စာရွက်စာတမ်းများနဲ့ အစီရင်ခံစာအချို့ကို ကြည့်လိုက်သည်။ ထို့နောက် လိပ်ကြီးကို သတိရသွားပြီး အိမ်မွေးတိရစ္ဆာန်ချပ်ပြားကို ဖွင့်လိုက်သည်။

လိပ်ကြီးကို ရက်အနည်းငယ်ကြာအောင် မမြင်ရပေမဲ့ သူကတော့ ထပ်မံကြီးထွားလာခဲ့သည်။ သူ့ရဲ့အလေးချိန်က တန် ၆၀ နီးပါးရှိပြီး ၂၅ မီတာကျော်ရှည်ကာ အမျိုးမျိုးသော ဂုဏ် သတ္တိများလည်း သိသိသာသာ တိုးတက်လာခဲ့သည်။

လိပ်ကြီးက အစာ စားလျက်ရှိသည်။

သူက တန်ရာပေါင်းများစွာရှိတဲ့ ငါးကြီးတစ်ကောင်ကို ဖမ်းမိပြီး ပျော်ရွှင်စွာ စားနေသည်။ လိပ်ကြီး ကောင်းကောင်းနေနေတာကို မြင်တဲ့အခါ လျူယောင် စိတ်သက်သာရာရသွားသည်။

လိပ်ကြီး စားနေတာကို မနှောင့်ယှက်ပဲ ခဏ ကြည့်ပြီးနောက် အိမ်မွေးတိရစ္ဆာန်ချပ်ပြားကို လျူယောင် ပိတ်လိုက်သည်။

လျူယောင် မဆက်သွယ်ခဲ့ပေမဲ့ မိနစ် ၂၀ မှ ၃၀ အကြာတွင် လိပ်ကြီးက သူ့ကို တိုက်ရိုက်ဆက်သွယ်လာခဲ့သည်။

All Chapters