← Chapters

မီးလျှံ စွန့်ခွာခြင်းဂိုဏ်း (၂)...

Vol. 52 Ch. 768

မီးလျှံ စွန့်ခွာခြင်းဂိုဏ်း (၂)...

Vol. 52 Ch. 768

~လုံချန်းသည် လုရီကို ကြည့်ကာ ပါးစပ်ဟလိုက်ပြီး "ရောင်းရင်းလု… ခင်ဗျား မီးလျှံ စွန့်ခွာခြင်းဂိုဏ်း ကို သွားဖို့တော့ စဉ်းစားမနေဘူး မဟုတ်လား" ဟု စိုးရိမ်စွာ မေးမြန်းလိုက်သည်။

"ဟုတ်ပါတယ်၊ အဲ့ဒီအတိုင်းပါပဲ"

လုရီက အနည်းငယ် ပြုံးလိုက်ရင်း ခေါင်းညိတ်ပြ၏။

လုံချန်းမှာမူ "???"

သူ၏ နှလုံးသားထဲတွင် ရှုပ်ထွေးသော မေးခွန်းများဖြင့် ပြည့်နှက်သွားတော့သည်။

ရောင်းရင်းလုမှာ အင်မော်တယ်အရှင်သခင်အဆင့် ထိပ်တန်းအင်အားစုဖြစ်သော မီးလျှံ စွန့်ခွာခြင်းဂိုဏ်းကိုပင် ထည့်သွင်းစဉ်းစားရလောက်အောင် သတ္တိကောင်းလွန်းလှသည်တကား။

လုရီ၏ အစွမ်းအစမှာ အံ့ဩစရာကောင်းလှသည်ဟု လုံချန်း တွေ့ရှိခဲ့သော်ငြားလည်း လုရီက မီးလျှံ စွန့်ခွာခြင်းဂိုဏ်း သို့ တိုက်ရိုက်သွားဝံ့လိမ့်မည်ဟုတော့ သူ တစ်ခါမျှ မတွေးထင်ခဲ့ဖူးချေ။

"အဲ့ဒီမျိုးနွယ်စုရဲ့ ကိစ္စကြောင့်လား။ ကျွန်တော့်ရဲ့ တိုက်တွန်းစကားကို နားထောင်ပါ ရောင်းရင်းလု၊ ခင်ဗျား တခြားတစ်နေရာကနေ အစပြုပြီး ရှာဖွေလို့ရပါတယ်။ မီးလျှံ စွန့်ခွာခြင်းဂိုဏ်း ဆီ တန်းသွားဖို့ မလိုအပ်ပါဘူး။ မတော်တဆ တစ်ခုခုဖြစ်သွားရင် ခင်ဗျားတို့အားလုံး ဒုက္ခအကြီးအကျယ် ရောက်သွားနိုင်တယ်ဗျ" ဟု လုံချန်းက လေးနက်စွာ တိုက်တွန်းစကားဆိုလေသည်။

"ဒီလောက်ကြာအောင် ရှာဖွေပြီးမှ သဲလွန်စတစ်ခုကို အနိုင်နိုင် ရှာတွေ့ထားတာ၊ အခုမှ လမ်းကြောင်းပြောင်းလိုက်ရင် အချိန်အရမ်းနှောင့်နှေးသွားလိမ့်မယ်။ ရောင်းရင်းလုံ စိတ်မပူပါနဲ့။ ဒီကိစ္စက တကယ်တော့ ပြဿနာမဟုတ်လောက်ပါဘူး၊ မီးလျှံ စွန့်ခွာခြင်းဂိုဏ်း က ဂရုတောင် စိုက်ချင်မှစိုက်မှာပါ" ဟု လုရီက လက်ကို ဝှေ့ယမ်းကာ သက်သောင့်သက်သာ ပြုံးရင်း ဆို၏။

လုံချန်းကမူ "… ခင်ဗျား ဆုံးဖြတ်ပြီးမှတော့ ကျွန်တော်လည်း ထပ်မဖျောင်းဖျတော့ပါဘူး။ ခင်ဗျားရဲ့ ခရီးလမ်း ချောမွေ့ပါစေလို့ ဆုတောင်းပေးပါတယ်" ဟုသာ ဆိုနိုင်တော့သည်။

လုရီက ခေါင်းညိတ်ပြလျက် နှုတ်ဆက်လိုက်၏။

"ကျေးဇူးပါပဲ၊ ရောင်းရင်းလုံ၊ နောက်မှ ပြန်တွေ့ကြတာပေါ့"

လုရီနှင့် လျိုနင်ရွှမ်းတို့ အဖွဲ့သည် ကျောက်စိမ်းဖြူ ကောင်းကင်ယာဉ်ပျံပေါ်သို့ တက်ရောက်ကာ အာကာသ ဟင်းလင်းပြင်၏ နက်ရှိုင်းသော

အမှောင်ထုထဲသို့ တိုးဝင် ပျောက်ကွယ်သွားလေတော့၏။

လုံချန်းသည် ထွက်ခွာသွားသော အဖွဲ့ကို ကြည့်ရင်း သူ၏ မျက်နှာအမူအရာမှာ အလွန်ထူးဆန်းနေပြီး တိုးတိုးလေး ရေရွတ်လိုက်မိသည်။

" ဒါက ဒုက္ခအကြီးအကျယ်တော့ ဖြစ်မလာလောက်ပါဘူးနော် "

သို့သော် လုံချန်းသည် လျင်မြန်စွာပင် ခေါင်းကို ခါယမ်းလိုက်သည်။ ထိုနေရာကား မီးလျှံ စွန့်ခွာခြင်းဂိုဏ်း ဖြစ်သည်။ အဘယ်အရာများ မှားယွင်းနိုင်ဦးမည်နည်း။

သူသည် ထိုအကြောင်းကို ဆက်မတွေးရန် ဆုံးဖြတ်လိုက်ပြီး သူ၏ ကျင့်ကြံခြင်းထဲသို့ ပြန်လည် နှစ်မြှုပ်လိုက်တော့သည်။

…

မီးလျှံ စွန့်ခွာခြင်း ကြယ်တာရာစနစ်သည် မီးလျှံ စွန့်ခွာခြင်းဂိုဏ်း ၏ အမာခံနယ်မြေ ဖြစ်ပြီး မီးလျှံ စွန့်ခွာခြင်း ကြယ်တာရာ နယ်မြေ၏ အချက်အချာလည်း ဖြစ်ပါ၏။ မီးလျှံ စွန့်ခွာခြင်း ကြယ်တာရာနယ်မြေမှ မည်သည့် ကျင့်ကြံသူကို

မဆို မေးလိုက်ရုံဖြင့် ၎င်း၏ တည်နေရာကို အလွယ်တကူ သိရှိနိုင်သည်။

လုရီနှင့် သူ့အဖွဲ့သည် ဦးတည်ရာကို သိရှိထားပြီးသား ဖြစ်သည်။ ကျောက်စိမ်းဖြူ ကောင်းကင်ယာဉ်ပျံ၏ အမြန်နှုန်းနှင့်ဆိုလျှင် သိပ်မကြာမီမှာပင် သူတို့သည် မီးလျှံ စွန့်ခွာခြင်း ကြယ်တာရာနယ်မြေ၏ အပြင်ဘက်သို့ ရောက်ရှိလာခဲ့ကြသည်။ အဝေးမှ စကြဝဠာထဲမှ ပြင်းထန်သော အပူရှိန်တစ်ခု ပျံ့နှံ့လာရာ ကျောက်စိမ်းဖြူ ကောင်းကင်ယာဉ်ပျံအတွင်း၌ ကျင့်ကြံနေကြသော လုရီနှင့် သူ့အဖော်များပင် ကျင့်ကြံခြင်းမှ လန့်နိုးလာကြရသည်။

သူတို့သည် ခန်းမဆောင်သို့ ထွက်လာကြပြီး အဝေးမှ မြင်ကွင်းကို လှမ်းမြင်လိုက်ရသောအခါ မျက်နှာများတွင် အံ့ဩမှု အရိပ်အယောင်များ ထင်ဟပ်သွားကြသည်။

အဝေးမှ စကြဝဠာထဲတွင် ကျယ်ပြောလှသော ကြယ်တာရာ စနစ်တစ်ခု ရှိနေပြီး ဧရာမကြယ်ကြီး ကိုးလုံးက အလယ်ဗဟို နေရာ တစ်ခုကို စက်ဝိုင်းပုံသဏ္ဌာန် ဝန်းရံထားလေသည်။

လောင်ကျွမ်းမတတ် ပူပြင်းလှသော အပူရှိန်သည် အလယ်ဗဟိုမှ ဧရာမကြယ်ကြီး ကိုးလုံးထံမှ ထွက်ပေါ်နေခြင်း ဖြစ်ပါ၏။ ထိုကြယ်ကြီးများ၏ ပတ်လည်တွင် ဂြိုဟ် ဒါဇင်ပေါင်းများစွာ ရှိနေသော်လည်း ဧရာမ ကြယ်ကြီးများနှင့် နှိုင်းယှဉ်လျှင် လုံးဝ အရေးမပါသကဲ့သို့ ထင်ရသည်။

လုရီသည် သူ၏ နတ်ဘုရား အာရုံကို ဆန့်တန်း၍ မစူးစမ်းခဲ့ပေ။ ဤနေရာသည် မီးလျှံ စွန့်ခွာခြင်း ကြယ်တာရာစနစ်၊ အစွမ်းထက်သော ကျင့်ကြံသူများစွာ ရှိနေသည့် မီးလျှံ စွန့်ခွာခြင်းဂိုဏ်း၏ ဘိုးဘေးမြေ ဖြစ်သည်။ သူသည် ဤတစ်ကြိမ်တွင် အနီရောင် မျိုးနွယ် အကြွင်းအကျန်များအကြောင်းကို လာရောက် စုံစမ်းမေးမြန်းခြင်းသာ ဖြစ်ရာ သူ၏ နတ်ဘုရားအာရုံကို အာရုံခံမိသွားပြီး ပဋိပက္ခဖြစ်ပွားပါက အကောင်းဆုံး အခြေအနေတစ်ခုတော့ ဖြစ်လိမ့်မည် မဟုတ်ချေ။

အကောင်းဆုံး အခြေအနေမှာမူ လုရီက အနီရောင် မျိုးနွယ် အကြွင်းအကျန်များအကြောင်းကို အလွယ်တကူ သိရှိနိုင်ပြီး သူ၏ တာဝန်ကို ပြီးမြောက်အောင်မြင်ကာ အနီဖျော့ရောင် အရိပ်ထံသို့ ပြန်လည် သတင်းပို့နိုင်မည့် ငြိမ်းချမ်းသော ညှိနှိုင်းမှု တစ်ခု ဖြစ်ပေလိမ့်မည်။

သူတို့ မီးလျှံစွန့်ခွာခြင်း ကြယ်တာရာစနစ်သို့ ချဉ်းကပ်လာသည်နှင့် တစ်စုံတစ်ယောက်က သူတို့ကို သတိပြုမိသွား၏။

နေရာလပ်သည် လှိုင်းထသွားပြီး ဝတ်ရုံနီနှင့် ကျင့်ကြံသူအချို့သည် ဟင်းလင်းပြင်ထဲတွင် ပေါ်ထွက်လာကာ ကျောက်စိမ်းဖြူ ကောင်းကင်ယာဉ်ပျံ၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်ကြသည်။

ခေါင်းဆောင်ဖြစ်သူ ဆံပင်နီနှင့် ကျင့်ကြံသူမှာ ရွှေရောင်ဖျော့တော့သော ဒေါင်လိုက်မျက်ဆံများ ရှိသည်။ ကျောက်စိမ်းဖြူ ကောင်းကင်ယာဉ်ပျံပေါ်ရှိ နက်နဲသော အင်းကွက်များကို ကြည့်ပြီးနောက် သူ၏ မျက်ခုံးများ အနည်းငယ် ပင့်တက်သွားပြီး မျက်လုံးထဲတွင် ထက်ရှသော အလင်းရောင်တစ်ချက် လက်သွားသည်။

"ဒီနေရာက မီးလျှံစွန့်ခွာခြင်းဂိုဏ်းရဲ့ နယ်မြေပဲ။ မိတ်ဆွေတို့ ဒီကို ဘာအရေးကြီး ကိစ္စနဲ့ ရောက်လာတာလဲ"

ထိုအခိုက်အတန့်၌ နေရာလပ်သည် အနည်းငယ် လှုပ်ခတ်သွားပြီး လုရီသည် ကျောက်စိမ်းဖြူ ကောင်းကင်ယာဉ်ပျံ၏ အပြင်ဘက်သို့ ထွက်ပေါ်လာသည်။ သူက ခပ်ဖျော့ဖျော့ ပြုံးရင်း အရိုအသေပေးကာ "ကျင့်ကြံသူ တာအိုရောင်းရင်းများခင်ဗျာ၊ ကျွန်တော်က လုရီပါ၊ မီးလျှံစွန့်ခွာခြင်းဂိုဏ်းကို အလည်လာရင်း အကြီးအကဲများနဲ့ တွေ့ဆုံခွင့်ရဖို့ မျှော်လင့်ပါတယ်" ဟု ဆိုလိုက်၏။

ဝတ်ရုံနီနှင့် ကျင့်ကြံသူများမှာ အံ့အားသင့်သွားကြပြီး နားမလည်နိုင်သော အကြည့်များဖြင့် အချင်းချင်း ကြည့်လိုက်ကြ၏။

မီးလျှံစွန့်ခွာခြင်းဂိုဏ်း၏ အကြီးအကဲများအားလုံးသည် အင်မော်တယ် ဧကရာဇ်အဆင့် ကျင့်ကြံသူများ ဖြစ်ကြ၏။

သို့သော် ဤ ရွှေရောင် အင်မော်တယ်လေးက အကြီးအကဲများနှင့် တွေ့ဆုံရန် မျှော်လင့်နေသည်တဲ့လား။

အကယ်၍ အခြားသူသာ ဖြစ်ပါက သူတို့သည်

မဆိုင်းမတွပင် မောင်းထုတ်လိုက်လောက်ပြီ ဖြစ်သည်။

သို့သော်…

သူတို့အားလုံးသည် လုရီ၏ နောက်ရှိ ကျောက်စိမ်းဖြူ ကောင်းကင်ယာဉ်ပျံကို နောက်တစ်ကြိမ် ကြည့်လိုက်ကြသည်။ မီးလျှံ စွန့်ခွာခြင်းဂိုဏ်းကဲ့သို့ အင်အားကြီးမားသော ဂိုဏ်း၏ တပည့်များအနေဖြင့် ထို ကျောက်စိမ်းဖြူ ကောင်းကင်ယာဉ်ပျံသည် ထူးခြားပြီး ဖန်တီးမှု ဝိညာဉ်ရတနာအဆင့် ကောင်းကင်ယာဉ်ပျံ ဖြစ်ကြောင်း ချက်ချင်းပင် သိမြင်နိုင်ကြသည်။

ဤကဲ့သို့သော ကောင်းကင်ယာဉ်ပျံမျိုးကို

မည်သည့် အဖွဲ့အစည်းမဆို ပိုင်ဆိုင်နိုင်သည် မဟုတ်ချေ။ မီးလျှံစွန့်ခွာခြင်းဂိုဏ်းတွင်ပင် ထိုသို့သော ယာဉ်ပျံ နှစ်စင်းသာ ရှိသည်တကား။

ဤသို့သော ကောင်းကင်ယာဉ်ပျံကို ပေးနိုင်သော အင်အားစုသည်လည်း ထူးခြားရပေမည်။ သူတို့ရှေ့မှ လူကို မသိကြသော်လည်း၊ လုရီသည် ရွှေရောင်အင်မော်တယ် အဆင့်တွင်သာ ရှိနေသော်လည်း သူတို့သည် သူ့ကို ပေါ့ပေါ့ဆဆ သဘောထား၍ မဖြစ်ချေ။

ရှေ့ဆုံးမှ ကျင့်ကြံသူသည် လုရီကို အကဲခတ်ကြည့်ပြီးနောက် ခေတ္တမျှ စဉ်းစားကာ "တာအိုရောင်းရင်းက… ဘယ်ကလာတာလဲ။ ကျွန်တော်တို့ မီးလျှံစွန့်ခွာခြင်းဂိုဏ်းက အကြီးအကဲတစ်ယောက်ယောက်နဲ့များ သိကျွမ်းပါသလား" ဟု မေးလိုက်သည်။

လုရီက ခပ်ဖွဖွ ရယ်မောရင်း တုံ့ပြန်လိုက်၏။

"ကျွန်တော်က အဝေး တစ်နေရာက ကြယ်တာရာနယ်မြေက လာခဲ့တာပါ၊ တစ်စုံတစ်ယောက်ရဲ့ တာဝန်ပေးမှုနဲ့ မီးလျှံစွန့်ခွာခြင်း ဂိုဏ်းမှာ ကိစ္စအချို့ကို လာရောက် စုံစမ်းတာပါ။ အကြီးအကဲတစ်ယောက်ယောက်နဲ့ သိသလားဆိုရင်တော့…

မသိပါဘူး၊ တာအို ရောင်းရင်းကပဲ ကျွန်တော့်အတွက် မိတ်ဆက်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်"

"ဒါကတော့…"

လုရီသည် မည်သည့် အကြီးအကဲနှင့်မျှ

မသိကျွမ်းဘဲ တစ်စုံတစ်ခုကို စုံစမ်းရန် လာခဲ့သည်ဟု ကြားသောအခါ မီးလျှံစွန့်ခွာခြင်းဂိုဏ်းမှ တပည့်များသည် ရုတ်တရက် ဘာလုပ်ရမှန်း

မသိ ဖြစ်သွားကြသည်။

သူတို့က မည်သို့ မိတ်ဆက်ပေးနိုင်မည်နည်း။

အကယ်၍ အခြား ကျင့်ကြံသူ တစ်ဦးဦးက သူတို့ဂိုဏ်းသို့ တိုက်ရိုက် ချဉ်းကပ်လာပြီး အကြီးအကဲတစ်ဦးနှင့် တွေ့ဆုံ စုံစမ်းလိုသည်ဟု ပြောဝံ့ပါက သူတို့ ယခု အချိန်ဆိုလျှင် ဒေါသထွက်နေလောက်ပြီ ဖြစ်သည်။

ဤသည်မှာ သူတို့၏ မီးလျှံစွန့်ခွာခြင်းဂိုဏ်းကို အနည်းငယ် မလေးမစားပြုရာ ရောက်လွန်းသည်လေ။

ခေါင်းဆောင်ဖြစ်သူ ကျင့်ကြံသူသည် မျက်မှောင်ကြုတ်လိုက်ပြီး ကျောက်စိမ်းဖြူ ကောင်းကင်ယာဉ်ပျံကို တစ်ချက် ထပ်ကြည့်လိုက်ကာ ငြင်းဆန်စကားဆို၏။

"တာအိုရောင်းရင်း၊ အကြီးအကဲတွေအားလုံးက ကျင့်ကြံခြင်းနဲ့ အလုပ်များနေကြတော့ ခင်ဗျားကို ဧည့်ခံဖို့ အားလပ်မယ် မထင်ဘူး။ တာအိုရောင်းရင်းမှာ ကိစ္စ တစ်ခုခုရှိရင် ပြန်လှည့်သွားပါ"

ထိုအခါမှာတော့ လုရီသည် အနည်းငယ် အားမလိုအားမရ ဖြစ်သွားသည်။

မည်သို့ပင်ဆိုစေ သူသည် ရွှေရောင်အင်မော်တယ်အဆင့် ကျင့်ကြံသူ တစ်ဦးမျှသာ ဖြစ်သည်။ အင်မော်တယ် အရှင်သခင်အဆင့် အင်အားစုတစ်ခု၏ တံခါးဝသို့ ရောက်လာပြီး သူတို့၏ ဂိုဏ်းအကြီးအကဲနှင့် တွေ့ခွင့် တောင်းခြင်းမှာ အနည်းငယ် မသင့်လျော်သည်တော့ အမှန်ပင်။

သို့သော် သူသည် မီးလျှံစွန့်ခွာခြင်းဂိုဏ်းမှ

မည်သည့်အကြီးအကဲကိုမျှ အမှန်တကယ် မသိပေ။ အကယ်၍သာ သိခဲ့ပါလျှင် သူသည် ဦးတည်ရာမဲ့ ယင်ကောင် တစ်ကောင်ကဲ့သို့ လျှောက်သွားနေမည် မဟုတ်ပေ။

အတင်းအကျပ် ဝင်တိုးရမှာလား။

ဒါကတော့ တော်တော်လေးကို အားမကိုးရတဲ့ နည်းလမ်းပဲ။

လုရီသည် မီးလျှံစွန့်ခွာခြင်းဂိုဏ်းကို မကြောက်သော်လည်း အကြောင်းပြချက်ကောင်း မရှိဘဲ ဤသို့သော အင်အား ကြီးမားသည့်

အင်မော်တယ် အရှင်သခင်အဆင့် အဖွဲ့အစည်းတစ်ခုကို ရန်စရန်မှာ မိုက်မဲရာကျပေလိမ့်မည်။

ထို့အပြင် ထိုဂိုဏ်းတွင် မဟာမိတ် အင်မော်တယ်အရှင်သခင် အဆင့် အဖွဲ့အစည်း နှစ်ခုပင် ရှိသေးသည် မဟုတ်လော။

ထိုစဉ်မှာပင် လုရီ၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာပြီး သူ၏ မျက်လုံးများက လင်းလက်သွားကာ ပြုံးလျက်

"မီးလျှံစွန့်ခွာခြင်းဂိုဏ်းရဲ့ မီးလျှံ သိုင်းပညာတွေက ပြိုင်ဘက်ကင်းတယ်လို့ ကျွန်တော်ကြားဖူးတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း မီးလျှံ

သိုင်းပညာကို ကျင့်ကြံတဲ့သူတစ်ယောက်ပဲ။ မီးလျှံစွန့်ခွာခြင်းဂိုဏ်းက တာအိုရောင်းရင်းတစ်ယောက်ယောက်က ကျွန်တော်နဲ့ သိုင်းပညာဖလှယ်ပြီး တစ်ယောက်နဲ့ တစ်ယောက်ရဲ့ ထိုးထွင်းဉာဏ်တွေကို အတည်ပြုကြည့်ချင်စိတ်များ ရှိမလား" ဟု အကြံပြုလိုက်သည်။

ဤစကားများကို ကြားသောအခါ မီးလျှံစွန့်ခွာခြင်းဂိုဏ်းမှ တပည့်ခေါင်းဆောင်သည် ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်ပြီး

"ခင်ဗျားက ကျွန်တော်တို့ မီးလျှံစွန့်ခွာခြင်းဂိုဏ်း တပည့်တွေနဲ့ သိုင်းပညာ ဖလှယ်ချင်တယ် ဟုတ်လား" ဟု မေးလိုက်သည်။

"အတွေးအမြင် ဖလှယ်ရုံလေးပါပဲ"

လုရီက ပြုံးရွှင်စွာဖြင့် ပြန်လည်ဖြေကြားလိုက်၏။

ပြောပြောဆိုဆိုမှာပင် လုရီ၏ ကိုယ်ခန္ဓာပတ်လည်တွင် မီးလျှံစွယ်များ စတင်လောင်ကျွမ်းလာသည်။ မီးလျှံစွယ်များမှာ အသက်ဝင်နေသည့်အလား တဖျပ်ဖျပ် လှုပ်ခါန တော့၏။

လုရီနှင့် မျက်နှာချင်းဆိုင်နေသော မီးလျှံစွန့်ခွာခြင်းဂိုဏ်းမှ တပည့်များအားလုံးမှာ တုန်လှုပ်သွားကြပြီး သူ၏ ကိုယ်ပေါ်မှ မီးလျှံများကို မျက်လုံးများ ပြူးကျယ်လျက် လေးနက်စွာ စိုက်ကြည့်နေကြသည်။

"မီးနိယာမကို ကျွမ်းကျင်ပိုင်နိုင်မှုက အားကောင်းလိုက်တာ" ဟု မီးလျှံစွန့်ခွာခြင်းဂိုဏ်းမှ ခေါင်းဆောင်တပည့်က လုံးဝ အံ့အားသင့်စွာဖြင့် ချီးကျူးလိုက်သည်။

လုရီကို ကြည့်လိုက်သော သူ၏ မျက်လုံးများတွင် ယခုအခါ ပို၍ လေးနက်သော အရိပ်အယောင်များ ထင်ဟပ်နေလေပြီ။

လုရီက ခပ်ပြုံးပြုံးဖြင့် မေးလိုက်သည်။

"ဒီလို ဆိုရင်ရော၊ ကျွန်တော် မီးလျှံစွန့်ခွာခြင်းဂိုဏ်းက တာအို ရောင်းရင်းတို့နဲ့ အတွေးအမြင်ဖလှယ်ဖို့ အရည်အချင်း ပြည့်မီပြီလား"

မီးလျှံစွန့်ခွာခြင်းဂိုဏ်းမှ တပည့်များသည် အချင်းချင်း ကြည့်လိုက်ကြပြီးနောက် ရှေ့ဆုံးမှ ဆံပင်နီနှင့် လူငယ်သည် ရှေ့သို့ ပျံထွက်လာကာ

ဖြည်းညင်းစွာ ဆို၏။

"ကျွန်တော့်ရဲ့ ဒီဂျူနီယာ ညီအစ်ကိုတွေနဲ့ ညီအစ်မတွေက ခင်ဗျားရဲ့ ပြိုင်ဘက် မဟုတ်ဘူး။ ကျွန်တော်က ယန်ကျွယ်၊ မီးလျှံစွန့်ခွာခြင်းဂိုဏ်းရဲ့ အစစ်အမှန် တပည့်ပဲ။ ခင်ဗျားရဲ့ အစွမ်းအစကို ကျွန်တော် ကိုယ်တိုင် တွေ့ကြုံခံစားကြည့်ခွင့်ပြုပါ"

လုရီသည် မျက်ခုံးပင့်လိုက်သော်လည်း မည်သူက သူ့အား စိန်ခေါ်ရန် ထွက်လာသည်ကို အထူးတလည် ဂရုမစိုက်ပေ။

သူက ပြုံးလျက် ...ပြောဆိုလိုက်သည်။

"ဒါဆိုရင်တော့ တာအိုရောင်းရင်း ယန်ကျွယ်ပေါ့၊ ကျေးဇူးပြုပြီး"

နှစ်ဦးသား လေထဲတွင် မိုးလျက် ရပ်နေကြစဉ်

ယန်ကျွယ်၏ အနီရောင်ဆံပင်များက လေထဲတွင် လွင့်ခါနေပြီး အလားတူပင် မီးလျှံမျှင်တန်းများကို တောက်လောင်စေလိုက်သည်။ သူ၏ မီးလျှံများသည် ရွှေရောင်သန်းနေပြီး ပြင်းထန်သော အပူချိန် မြင့်မားမှု ရှိ၏။ လုရီ၏ ပတ်လည်မှ မီးလျှံများသည် ပို၍ အသက်ဝင်နေသော်လည်း သူ၏ မီးလျှံများတွင်မူ ဖျက်ဆီးခြင်းစွမ်းအား ပို၍ ပါဝင်နေလေသည်။

နောက်တစ်ခဏတွင် ယန်ကျွယ်၏ လက်များသည် လေထဲ၌ လက်ဟန် တစ်ခု ဆွဲသားလိုက်၏။ တစ်ဆက်တည်း၌ သူ၏ ပတ်လည်တွင် ကောင်းကင်မှ ကြယ်များကဲ့သို့ ရွှေရောင်မီးလုံးများ ဆက်တိုက်ပေါ်ထွက်လာ၏။ တစ်လုံးချင်းစီသည် အလင်းတန်းများအဖြစ် ပြောင်းလဲကာ လုရီထံသို့ ဦးတည် ပစ်လွှတ်သွားကြသည်။

အနီရောင် အလင်းတန်းများသည် ဖြတ်သန်းသွားရာ နေရာလပ်ကို လိမ်ကောက်သွားစေပြီး အချင်းချင်း ရောယှက် ပေါင်းစပ်ကာ လုရီထံသို့ ဦးတည်နေသော ဧရာမ ရွှေရောင်မီးလျှံတိုင်ကြီးတစ်ခုအဖြစ် ပေါင်းစပ်ဖွဲ့စည်းသွားလေ၏။

ဤပြင်းထန်လှသော စွမ်းအားကို နေရာလပ်ကပင် မခံနိုင်ဘဲ ပြင်းထန်မှုကြောင့် အက်ကွဲကြောင်းများ စတင် ပေါ်ပေါက်လာ၏။

လုရီသည် ဤမီးလျှံတိုင်ကြီး၏ ရှေ့မှောက်တွင် တည်ငြိမ်သော မျက်နှာထားဖြင့် ရပ်နေသည်။ ဤအင်မော်တယ် သိုင်းပညာ၏ စွမ်းအားသည် အလွန် ပြင်းထန်ပြီး ကြမ်းတမ်းသော်လည်း

လုရီ၏ အမြင်တွင်တော့ အားနည်းချက်များဖြင့် ပြည့်နှက်နေလေ၏။

အမှန်စင်စစ် သူ ထိန်းချုပ်ထားသော မီးလျှံမူလဇာစ်မြစ်နှင့်ဆိုလျှင် ဤမီးလျှံများကို ချက်ချင်းပင် ချေဖျက်ပစ်နိုင်ပေသည်။ သို့သော် သူသည် သူ၏ မီးလျှံ မူလဇာစ်မြစ်၏ စွမ်းအားကို ထုတ်ဖော်ရန် မရွေးချယ်ခဲ့ပေ။ သူသည် သူ၏ လက်ကို ဆန့်တန်းကာ လေထဲသို့ ခပ်ဖွဖွ တို့ထိလိုက်ရုံမျှဖြင့် သူ၏ ပတ်လည်မှ တောက်လောင်နေသော မီးလျှံများသည် အနီရောင် အလင်းတန်း တစ်ခုကဲ့သို့ ပစ်လွှတ်ထွက်သွား၏။

ဤအလင်းတန်းသည် အနီရောင် မီးလျှံတိုင်ကြီးကို ရစ်ပတ်လိုက်ပြီး ၎င်း၏ အလျားတစ်လျှောက် လျင်မြန်စွာ ပျံ့နှံ့သွားလေသည်။မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းသည် မီးလျှံတိုင်ကြီးကို လွှမ်းခြုံသွားတော့၏။ သူ၏ လက်ကို ဆုပ်လိုက်သည်နှင့် မီးလျှံတိုင်ကြီးသည် ပြင်းထန်စွာ ပေါက်ကွဲသွားပြီး အရပ်လေးမျက်နှာသို့ ပျံ့နှံ့ထွက်သွားသော အရိုင်းဆန်သည့် မီးလျှံ စီးကြောင်းအသွင် ပြောင်းလဲသွားလေသည်။

ဤမျှ အစွမ်းထက်သော စွမ်းအားများ ပြင်းထန်စွာ တိုက်ခတ်မိခြင်းကြောင့် ဖြစ်ပေါ်လာသော ဝိညာဉ်စွမ်းအင် လှိုင်းထန်မှုများကို မီးလျှံစွန့်ခွာခြင်းဂိုဏ်းအတွင်းရှိ ကျင့်ကြံသူများထံမှ ဖုံးကွယ်ထား၍ မရနိုင်ခဲ့ပေ။ လျင်မြန်စွာပင် လုရီသည် အရှိန်အဝါများစွာ ပေါ်ထွက်လာသည်ကို ခံစားလိုက်ရပြီး သူ့ထံသို့ လျင်မြန်စွာ ပျံသန်းလာကြသည်ကို တွေ့လိုက်ရတော့၏။ ၎င်းတို့အထဲတွင် အင်မော်တယ် ဧကရာဇ်အဆင့် အရှိန်အဝါများစွာသည်လည်း မသဲမကွဲ ရောယှက်ပါဝင်နေသည်ကို လုရီ ခံစားမိလိုက်သည်။ သူ၏ နှုတ်ခမ်းထောင့်များက အပေါ်သို့ ကွေးတက်သွားပြီး မသိမသာ အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။

All Chapters