ဆက်နွှယ်မှု...
Vol. 52 Ch. 771
~ ဝတ်ရုံနီနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ပျံသန်းဝင်ရောက်လာပြီး ယွင်မူ၏ ဘေးတွင် ရပ်တန့်လိုက်လေသည်။
သူသည် အနည်းငယ် စိတ်ဓာတ်ကျနေသော ယွင်မူကို တစ်ချက်ကြည့်လိုက်ပြီး သူ၏ ပခုံးကို ပုတ်ကာ ဖြည်းညင်းစွာ ဆို၏။
"ယွင်မူ၊ မင်း လုပ်ဆောင်ခဲ့တာ အရမ်းကောင်းနေပါပြီ။ ဒီလူငယ်လေးကပဲ အစွမ်းထက်လွန်းနေတာပါ၊ ဒီအတွက် မင်းကို အပြစ်တင်လို့ မရပါဘူး။"
ယွင်မူသည် သတိပြန်လည်ဝင်လာပြီး လူလတ်ပိုင်းအရွယ် အမျိုးသားကို ကြည့်လိုက်သည်။ သူ၏ မျက်နှာမှာ အနည်းငယ် ဖြူဖျော့နေဆဲဖြစ်သော်လည်း သူ၏ မူလ မှိန်ဖျော့နေသော မျက်လုံးများတွင်မူ အလင်းရောင် အရိပ်အယောင်တစ်ခု ပြန်လည်ထွက်ပေါ်လာခဲ့သည်။
သူက အသာအယာ ခေါင်းညိတ်လိုက်ပြီး "တပည့် နားလည်ပါပြီ၊ အကြီးအကဲလီကို ကျေးဇူးတင်ပါတယ်" ဟု ဆိုလိားုက်၏။
အကြီးအကဲလီက အနည်းငယ် ပြုံးလိုက်ပြီးနောက် သူ၏ ဘေးရှိ လုရီထံသို့ ခေါင်းလှည့်ကြည့်လိုက်လေသည်။
အကြီးအကဲလီ၏ အကြည့်များမှာ ရှုပ်ထွေးနေပြီး ထိတ်လန့်မှု၊ ဒေါသ၊ ချီးကျူးမှု နှင့် အခြားသော ခံစားချက်များစွာဖြင့် ပြည့်နှက်နေလေသည်…
ဤခံစားချက်များအားလုံး ရောယှက်နေသဖြင့် လုရီအနေဖြင့် နားလည်ရန် အနည်းငယ် ခက်ခဲနေတော့သည်။
မည်သို့ပင်ဖြစ်စေ၊ သူသည် များစွာ
ဂရုမစိုက်ခဲ့ပေ။
လုရီသည် အကြီးအကဲလီ ဆိုသော လူကို ရိုသေစွာ ဦးညွှတ်လိုက်ပြီး ပြုံးလျက် နှုတ်ခွန်းဆက်လိုက်သည်။
"တပည့်နာမည် လုရီပါ၊ စီနီယာလီနဲ့ တွေ့ဆုံရတာ ဂုဏ်ယူပါတယ်"
အကြီးအကဲလီက ခေါင်းညိတ်ကာ ခပ်ဖွဖွရယ်မောရင်း ဆို၏။
"လူငယ်လေး လုရီရဲ့ ပါရမီက တကယ်ပဲ ထူးခြားလှပါတယ်။ ရွှေအင်မော်တယ်အဆင့်လေးနဲ့တင် ပြီးပြည့်စုံခြင်း အဆင့်ရဲ့ မီးလျှံနိယာမနဲ့ စွမ်းအားနိယာမကို ကျွမ်းကျင်ပိုင်နိုင်နေပြီဆိုတော့ ကိုယ်တိုင်
မမြင်ရရင် မယုံနိုင်လောက်စရာ ပါရမီမျိုးပါပဲ။"
"စီနီယာက မြှောက်ပင့်လွန်းနေပါပြီ" ဟု
လုရီက ပြန်လည် တုံ့ပြန်လိုက်သည်။
"မြှောက်ပင့်နေတာ မဟုတ်ပါဘူး၊ လူငယ်လေးလည်း ကျိုးနွံနေဖို့ မလိုပါဘူး။ မင်းရဲ့ ဆရာသခင်က ဘယ်သူများလဲဆိုတာ ကျုပ် သိချင်မိတယ်။ မီးလျှံတာအိုလမ်းစဉ်မှာတော့ ကျုပ်တို့မီးလျှံစွန့်ခွာခြင်းဂိုဏ်းက အမြဲတမ်း ယုံကြည်မှုရှိပြီး အောင်မြင်မှုတွေ ရခဲ့ပါတယ်။ ကျုပ်တပည့်တွေထဲမှာ ထူးချွန်တဲ့သူတွေ အများကြီးရှိပေမဲ့ ဘယ်သူမှ မင်းရဲ့အဆင့်ကို မရောက်ကြသေးဘူး။ ဒီလို ဆရာသခင်မျိုး ရှိနေတယ်ဆိုတာ အံ့ဩစရာပါပဲ၊ မီးလျှံစွန့်ခွာခြင်းဂိုဏ်းက တကယ်ပဲ ကိုယ့်ကိုယ်ကို အထင်ကြီးနေခဲ့မိတာပဲ"
အကြီးအကဲလီက သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပွင့်လန်းကာဖြင့် ပြောကြားလိုက်ရာ သူ၏ သဘောထားမှာ သိပ်မတင်းမာလှပါချေ။
အင်မော်တယ် ဧကရာဇ် အဆင့် ကျင့်ကြံသူတစ်ဦးအနေဖြင့် သူသည် လောကကြီးအကြောင်းကို များစွာ မြင်တွေ့ခဲ့ပြီးဖြစ်၍ လုရီက ဂိုဏ်းအပြင်ဘက်တွင် မီးလျှံစွန့်ခွာခြင်းဂိုဏ်းမှ တပည့်များကို သိုင်းပညာဖလှယ်ရန် ရှာဖွေနေခြင်းကို စိတ်ထဲတွင်
မထားခဲ့ပေ။
လုရီသည် မူလက စကားပြောဆိုနိုင်ရန် သူ၏ အစွမ်းကို ပြသရန် ဤအကြီးအကဲနှင့် သိုင်းပညာ ဖလှယ်ရန် လိုအပ်လိမ့်မည်ဟု ထင်ထားခဲ့သည်။ သို့သော် အကြီးအကဲ၏ ဖော်ရွေသော သဘောထားကို မြင်သောအခါ သူသည်လည်း သဘာဝအတိုင်း အပြုံးဖြင့် ပြန်လည်တုံ့ပြန်လိုက်သည်။
"တပည့်က တန်ရှ ကြယ်တာရာ နယ်မြေက ကျင့်ကြံသူ တစ်ဦး မဟုတ်ဘဲ အဝေး
တစ်နေရာက ကြယ်တာရာ နယ်မြေက လာခဲ့တာပါ။ ဒီတစ်ခေါက် မီးလျှံစွန့်ခွာခြင်းဂိုဏ်းကို လာရောက် လည်ပတ်တာက အကြီးအကဲ တစ်ပါးရဲ့ တာဝန်ပေးချက်အရ မီးလျှံ စွန့်ခွာခြင်း ဂိုဏ်းက စီနီယာများထံမှာ ကိစ္စ တစ်ခုကို လမ်းညွှန်မှု တောင်းခံဖို့ပါပဲ။"
"အိုး။"
ဤစကားများကို ကြားသောအခါ အကြီးအကဲလီသည် မျက်ခုံးအနည်းငယ် ပင့်လိုက်ပြီး သူ၏ အကြည့်များမှာ ခေတ္တမျှ တောက်ပသွားသည်။
သူသည် အဝေးတွင် မလှမ်းမကမ်း၌ ရှိနေသော ယန်ကျွယ်နှင့် ယွင်မူကို တစ်ချက် လှမ်းကြည့်လိုက်ပြီး ဤလူငယ်သည် အဘယ်ကြောင့် ဤနေရာတွင် မီးလျှံစွန့်ခွာခြင်းဂိုဏ်းမှ တပည့်များနှင့် သိုင်းပညာဖလှယ်နေခဲ့သည်ကို ချက်ချင်း နားလည်လိုက်တော့သည်။
*အကြီးအကဲတွေနဲ့ စကားပြောဖို့အတွက်လား။*
အကြီးအကဲလီသည် မျက်လုံးများကို မှေးလိုက်ပြီး လုရီကို နက်ရှိုင်းစွာ စိုက်ကြည့်လိုက်၏။ သူသည် လုရီက ဤမျှလောက်အထိ အပင်ပန်းခံကာ ဘာများ ဆွေးနွေးလိုသည်ကို အလွန် သိချင်သွားသည်။
ဤသို့ တွေးမိသောအခါ အကြီးအကဲလီသည် ခပ်ဖွဖွရယ်မောရင်း "ဒါကိုး… အဲ့ဒီအကြီးအကဲက ကျုပ်တို့ မီးလျှံစွန့်ခွာခြင်းဂိုဏ်းနဲ့ ဘယ်လိုများ ပတ်သက်နေပါသလဲ" ဟု ဆိုလိုက်တော့၏။
လုရီက ချီတုံချီတုံဖြင့် ဖြေကြားလိုက်သည်။
"အဲ့ဒါကတော့… တပည့်လည်း သိပ်
မသေချာသေးဘူး။ စီနီယာလီကို မေးပြီးသွားရင်တော့ စီနီယာ နားလည်သွားလောက်ပါတယ်"
"ဟားဟားဟား၊ ကောင်းပြီလေ လူငယ်လေး၊ ဒါဆိုရင် လိုက်ခဲ့ပါ။ မင်းလို ပါရမီရှင်တစ်ယောက်ကို ဒီကို လာပြီး စုံစမ်းမေးမြန်းစေတဲ့ ကိစ္စက ဘာများလဲဆိုတာ ကျွန်တော်လည်း တော်တော်လေး သိချင်နေပြီ" ဟု အကြီးအကဲလီက အားရပါးရ ရယ်မောလိုက်ပြီးနောက် လုရီကို မီးလျှံစွန့်ခွာခြင်း ကြယ်တာရာ စနစ်အတွင်းသို့ ဝင်ရောက်ရန် ဖိတ်ခေါ်လိုက်တော့သည်။
လုရီသည် အသာအယာ ခေါင်းညိတ်လိုက်ပြီးနောက် လျိုနင်ရွှမ်းနှင့် အခြားသူများနှင့်အတူ အကြီးအကဲလီ၏ နောက်သို့ လိုက်ပါကာ မီးလျှံစွန့်ခွာခြင်းဂိုဏ်း၏ အတွင်းပိုင်းသို့ ပျံသန်းသွားလေသည်။
ဘေးဘက်တွင်မူ လုရီနှင့် သူ့အဖွဲ့ မီးလျှံ စွန့်ခွာခြင်း ကြယ်တာရာစနစ်ထဲသို့ ဝင်ရောက်သွားသည်ကို ကြည့်နေသော မီးလျှံစွန့်ခွာခြင်းဂိုဏ်းမှ တပည့်များသည် ဒေါသထွက်လုမတတ် ဖြစ်နေကြသည်။
သူတို့၏ အရိပ်များ ပျောက်ကွယ်သွားသည်နှင့် မီးလျှံစွန့်ခွာခြင်းဂိုဏ်းမှ တပည့်အုပ်စုသည် သူတို့၏ နတ်ဘုရား အာရုံများဖြင့် အချင်းချင်း ဆက်သွယ်ပြောဆိုကြတော့သည်။
"အကြီးအကဲလီက ဒီရိုင်းစိုင်းတဲ့လူကို ပြင်းပြင်းထန်ထန် အပြစ်မပေးဘူးတဲ့လား။ အဲ့ဒီအစား ငါတို့ဂိုဏ်းထဲကိုတောင် ဖိတ်ခေါ်လိုက်တယ်တဲ့ဟေ"
"ဟုတ်တယ်၊ ဒီအရူးက ငါတို့ မီးလျှံစွန့်ခွာခြင်းဂိုဏ်း အပြင်ဘက်မှာ ငါတို့ကို စိန်ခေါ်နေတာ၊ ဒါက ငါတို့ကို သိသိသာသာ
မလေးစားတာပဲ။ ငါတို့ မီးလျှံစွန့်ခွာခြင်းဂိုဏ်းရဲ့ မျက်နှာကို လာရိုက်တာနဲ့ တူတူပဲ။ အကြီးအကဲလီက ဘယ်လိုလုပ် ဒီလို
လုပ်နိုင်ရတာလဲ။”
"ဒါပေမယ့်… ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီ
လုရီက တကယ်ပဲ အားကောင်းတယ်။ အကြီးအကဲလီတောင် သူ့ရဲ့ မီးလျှံတာအိုနဲ့ စွမ်းအားတာအို နှစ်ခုလုံးက ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်နေပြီလို့ ပြောခဲ့တယ်လေ။ သူက ရွှေအင်မော်တယ်အဆင့်လေးပဲ ရှိသေးတာ၊ ဒီလို ပါရမီမျိုးက ကြောက်စရာကောင်းလွန်းတယ်ဟ။"
အခြားသူများလည်း အသာအယာ ခေါင်းညိတ်လိုက်ကြပြီး တပည့်အုပ်စုသည်လည်း ယွင်မူနှင့် ယန်ကျွယ်ထံသို့ ကြည့်လိုက်ကြသည်။
ယွင်မူနှင့် ယန်ကျွယ်တို့၏ မျက်နှာများမှာ သိပ်မကောင်းလှဘဲ အလွန်တရာ အုံ့မှိုင်းကြသည်။
သူတို့နှစ်ဦးစလုံး နားလည်သည်မှာ လုရီ၏ အစွမ်းနှင့်ဆိုလျှင် သူတို့နှစ်ဦး
အင်မော်တယ်ဧကရာဇ်များ ဖြစ်လာချိန်တွင် သူက အင်မော်တယ်ဧကရာဇ် အဆင့်သို့ မတက်လှမ်းနိုင်ဘဲ ကျရှုံးသွားခြင်း မရှိပါက သူတို့သည် သူ့ကို ယှဉ်နိုင်မည့် အခွင့်အရေး မရှိတော့ပေ။
ဤသို့ တွေးမိသောအခါ နှစ်ဦးသားမှာ တော်တော်လေး စိတ်ဓာတ်ကျသွားကြသည်။
ယွင်မူသည် စကားမပြောဘဲ မီးလျှံတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ လုရီနှင့် သူ့အဖွဲ့ ထွက်ခွာသွားသော လားရာဘက်သို့ ပျံသန်းထွက်ခွာသွားလေသည်။
ယန်ကျွယ်မှာမူ မျက်လုံးကို လှိမ့်လိုက်ပြီး အမိန့်ပေးလိုက်၏။
"ကဲ လူစုခွဲကြတော့"
မီးလျှံစွန့်ခွာခြင်းဂိုဏ်းမှ တပည့်အုပ်စုသည်လည်း ကြည့်စရာ ပြဇာတ် မရှိတော့သည်ကို သဘောပေါက်သွားကြပြီး အားလုံး လူစုခွဲလိုက်ကြတော့သည်။
……
အခြား တစ်နေရာတွင် လုရီနှင့် သူ့အဖွဲ့သည် အကြီးအကဲလီ၏ နောက်သို့ လိုက်ပါကာ မီးလျှံစွန့်ခွာခြင်း ကြယ်တာရာစနစ်အတွင်းသို့ ဝင်ရောက်ခဲ့ကြသည်။
နောက်ဆုံးတွင် အကြီးအကဲလီသည် သူတို့ကို အတွင်းရှိ ဂြိုဟ်တစ်လုံးထံသို့ ခေါ်ဆောင်လာခဲ့သည်။ မြင့်မားသော အပူချိန်ကြောင့် ဤဂြိုဟ်၏ မျက်နှာပြင်သည် ခြောက်ကပ်နေပြီး ပြင်းထန်သော အပူရှိန်ကြောင့် နေရာလပ်သည် အဆက်မပြတ် လိမ်ကောက်နေသည်။ မြေပြင်သည် အပြာရောင်မီးခိုးများကို ထုတ်လွှတ်နေပြီး ကျောက်တုံးများပင် အငွေ့ပျံသွားနိုင်သည့်အလား ထင်ရ၏။
လုရီသည် သူ၏ ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်ပြီး ဤနေရာရှိ အပူချိန်သည် ကြယ်နီဂြိုဟ်ပေါ်မှ အပူချိန်ထက်ပင် ပို၍ မြင့်မားသည်ကို မှတ်သားလိုက်သည်။ သို့သော် ဤဂြိုဟ်ပေါ်မှ ကျောက်တုံးများသည် အခင်းအကျင်းများဖြင့် အားဖြည့်ထားပုံ ရပြီး နှစ်များတစ်လျှောက် အပူဒဏ်ကို ပိုမို ခံနိုင်ရည်ရှိလာခဲ့ရာ ချော်ရည်များဖြင့် ပြည့်နှက်နေသော ကြယ်နီဂြိုဟ်နှင့် မတူညီတော့ပေ။
ဤနေရာသည် တန်ရှ ကြယ်တာရာနယ်မြေတစ်ခုလုံး၏ မီးလျှံ ကျင့်ကြံသူများအတွက် မြင့်မြတ် နယ်မြေဟု ခေါ်ဆိုထိုက်ပေသည်။ မီးလျှံ ဝိညာဉ်ချီမှာ အလွန်ကြွယ်ဝလှရာ သာမန်လူ တစ်ဦးပင်လျှင် ဤနေရာတွင် မီးလျှံတာအိုကို နားလည်သဘောပေါက်မှု တိုးတက်လာနိုင်ပေသည်။
လုရီနှင့် သူ့အဖွဲ့ ပတ်ပတ်လည်ကို ကြည့်ရှုနေသည်ကို မြင်သောအခါ အကြီးအကဲလီက ပြုံးရွှင်စွာဖြင့် မေးလိုက်သည်။
"ဒီနေရာကို ဘယ်လို သဘောရလဲ"
လုရီက ခေါင်းညိတ်ကာ ပြုံးလျက်
"မီးလျှံစွန့်ခွာခြင်းဂိုဏ်းဖြစ်ဖို့ ထိုက်တန်လှပါပေတယ်၊ တကယ်ပဲ မီး အခြေပြုကျင့်ကြံသူတွေအတွက် မြင့်မြတ်နယ်မြေတစ်ခုပါပဲ" ဟု ပြန်လည် သုံးသပ်ပြလိုက်လေသည်။