မီးလျှံနီ မျိုးနွယ်၏ ဘိုးဘေး (၂)....
Vol. 52 Ch. 776
~*အဲ့ဒီလူရဲ့ နောက်ကွယ်က တည်ရှိမှုက သူနဲ့အတူ အမြဲရှိနေခဲ့ပြီး မီးလျှံစွန့်ခွာခြင်းဂိုဏ်းထဲကို ဝင်ရောက်လာပြီးတော့ ငါတို့နှစ်ယောက်နောက်ကို မျိုးနွယ်ရဲ့ နယ်မြေအထိ လိုက်လာခဲ့တယ် ဟုတ်လား။*
သူတို့၏ နှလုံးသားများမှာ ခဲဆွဲထားသည့်အလား လေးလံသွားခဲ့၏။ လီချင်းယီမှာမူ ဒေါသတို့ဖြင့် ပြည့်နှက်နေတော့သည်။
အားကောင်းလှသော မီးလျှံနီ မျိုးနွယ်ဝင်၏ ဖိအားပေးတိုက်ခိုက်မှုအောက်တွင် လုရီသည် သူ၏ စွမ်းအားအပြည့်ကို ထုတ်ဖော်ရန်မှတပါး အခြားရွေးချယ်စရာ မရှိတော့ဘဲ နေရာလပ်ခြားအတွင်း၌ ဆက်လက်ပုန်းကွယ်မနေနိုင်တော့ပေ။
သူသည် နေရာလပ်ခြားထဲမှ ပေါ်ထွက်လာခဲ့၏။ သူ၏ အရှိန်အဝါများက ပတ်ပတ်လည်တွင် လှိုင်းထန်နေပြီး ချက်ချင်းပင် ကောင်းကင်နှလုံးသား နည်းစနစ်ကို အသုံးပြုလိုက်သည်။
နိယာမစွမ်းအားများမှ ပေါက်ကွဲထွက်လာသော အားအင်တို့က လုရီ၏ အရှိန်အဝါကို ကောင်းကင်သို့ တဟုန်ထိုး တက်သွားစေပြီး သူ၏ ကိုယ်ဟန်မှာ တဖျပ်ဖျပ်လင်းလက်သွားကာ မီးလျှံနီ မျိုးနွယ်ဝင်၏ ဖမ်းဆုပ်မှုကို ရှောင်တိမ်းလိုက်လေသည်။
လုရီကို မြင်လိုက်ရသောအခါ မူလကတည်းက တုန်လှုပ်ခြောက်ခြားနေခဲ့ပြီးသော လီချင်းယီနှင့် လင်းယွဲ့တို့သည် ယခုအခါ နေရာတွင်ပင် တောင့်တင်းသွားကြတော့သည်။
သူတို့သည် မယုံကြည်နိုင်သော မျက်လုံးများဖြင့် ဟင်းလင်းပြင်ထဲမှ ရုတ်တရက် ပေါ်ထွက်လာသော လုရီကို ကြည့်ရင်း
သူတို့၏ မျက်ဝန်းများမှာ အံ့ဩမှုများဖြင့် ပြည့်နှက်နေခဲ့သည်။
"သူ… ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။"
"သူ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။"
နှစ်ဦးစလုံး၏ ဦးရေပြားများ ထုံကျင်သွားပြီး သူတို့၏ ကျောရိုးထဲမှ အေးစိမ့်သော ခံစားချက်တစ်ခု စီးဆင်းသွားကာ သူတို့၏ စိတ်အစဉ်များမှာ လုံးဝ မယုံကြည်နိုင်အောင် ဖြစ်သွားကြသည်။
ဤ ကောင်လေးသည် ရွှေအင်မော်တယ် အဆင့်တွင်သာ ရှိနေသည်ကို သိထားရမည် ဖြစ်သည်။
သို့ပါလျက် ဤကောင်လေးသည် အင်မော်တယ် ဧကရာဇ်များဖြစ်သော သူတို့နှစ်ဦးပင် သတိမထားမိဘဲ မျိုးနွယ်နယ်မြေ၏ ကာကွယ်ရေးအခင်းအကျင်းကို ဖြတ်ကျော်ဝင်ရောက်လာပြီး ဘိုးဘေး ကျင့်ကြံနေသော ဗိမာန်တော်အတွင်းသို့ ဝင်ရောက်လာခဲ့သည်တဲ့လား။
ဘိုးဘေးပင်လျှင် နတ်ဘုရားအာရုံကို ထုတ်လွှတ်ပြီးမှသာ ကောင်လေးကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
*ဒါ တကယ်ပဲ ရွှေအင်မော်တယ် ကျင့်ကြံသူတစ်ယောက် ဟုတ်ရဲ့လား။*
*ဒီ ကောင်လေးက ဘီလူး တစ်ကောင်ပဲ ဖြစ်ရမယ်။*
သူတို့နှစ်ဦးသာမက မီးလျှံနီမျိုးနွယ်မှ
အဘိုးအိုပင်လျှင် လုရီကို မြင်လိုက်ရသောအခါ သူ၏ နောက်ကျိနေသော မျက်ဝန်းများတွင် အံ့ဩမှုလှိုင်းတစ်ခု ဖြတ်ပြေးသွားသည်ကို ခံစားလိုက်ရသည်။
သူသည် မရေမတွက်နိုင်သော ခေတ်ကာလများတစ်လျှောက် အသက်ရှင်ခဲ့ပြီး မြင်ကွင်းများစွာကို တွေ့ကြုံခဲ့ဖူးသော်လည်း ဤသို့သော အရာမျိုးကိုတော့ တစ်ခါမျှ မမြင်ဖူးခဲ့ပေ။
ရွှေအင်မော်တယ်တစ်ဦးမျှသာက သူ၏
နှာတဖျားအောက်တွင်ပင် သူတို့၏ မြင့်မြတ်ဗိမာန်တော်အတွင်းသို့ တိတ်တဆိတ် ခိုးဝင်လာခဲ့သည်တဲ့လား။
ပြီးတော့ အင်မော်တယ်ဘုရင်အဆင့် စုံစမ်းစစ်ဆေးရေးအခင်းအကျင်းကိုတောင် ရှောင်တိမ်းနိုင်ခဲ့သေးသည်။
ထိုအခင်းအကျင်းမှာ အနည်းငယ် ပျက်စီးနေနိုင်သော်လည်း သာမန်လူတစ်ဦး ရှောင်တိမ်းနိုင်သည့်အရာ မဟုတ်သေးပေ။ ရွှေအင်မော်တယ်များကို မဆိုထားနှင့်၊
အင်မော်တယ် အရှင်သခင်အဆင့်ရှိသူ အများစုပင်လျှင် ထိုသို့ မစွမ်းဆောင်နိုင်ကြပေ။
ဘိုးဘေးသည် လျှပ်တစ်ပြက်အတွင်း ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပြီး သူ၏ မျက်လုံးများတွင် အေးစက်သော အလင်းရောင်တစ်ချက် လင်းလက်သွားကာ ဟွန့်ခနဲ နှာခေါင်းရှုံ့လိုက်သည်။ နောက်တစ်ခဏတွင် ဗိမာန်တော်တစ်ခုလုံးကို လွှမ်းခြုံထားသော မီးလျှံများသည် အသက်ဝင်လာသည့်အလား မီးလျှံလှိုင်းများအဖြစ်သို့ ပြောင်းလဲကာ လုရီကို ဝါးမြိုရန်အလို့ငှာ တိုးဝင်သွားကြတော့သည်။
သို့သော် ဒေါသတကြီး တိုးဝင်လာသော မီးလျှံလှိုင်းများကို ရင်ဆိုင်ရင်း လုရီသည် ထူးခြားစွာ တည်ငြိမ်နေသည်ကို ခံစားလိုက်ရ၏။
သူ၏ မျက်လုံးများတွင် လျှို့ဝှက်ဆန်းကြယ်သော တာအိုအင်းကွက်များ
မသဲမကွဲ တဖျပ်ဖျပ်လင်းလက်လာပြီး နောက်တစ်ခဏတွင် မီးလျှံလှိုင်းများသည် နေရာတွင်ပင် ရပ်တန့်သွားကြ၏။ ထို့နောက်… မီးလျှံနီမျိုးနွယ်ဝင်၊ လီချင်းယီနှင့် လင်းယွဲ့တို့၏ မှင်သက်မိနေသော မျက်လုံးများအောက်တွင် အလင်းတန်းအမျှင်များအဖြစ်သို့ ကြေပျက်သွားကြလေသည်။
လီချင်းယီနှင့် လင်းယွဲ့တို့၏ ပါးစပ်များမှာ အဟောင်းသားဖြစ်သွားပြီး သူတို့၏ စိတ်အစဉ်များမှာ မေးခွန်းအမှတ်အသားများဖြင့် ပြည့်နှက်သွားတော့သည်။
*ခုနက ဘယ်လိုဖြစ်သွားတာလဲ။*
သူတို့၏ အမြင်တွင် အင်မော်တယ်အရှင်သခင် အထွတ်အထိပ်အဆင့် ဘိုးဘေးအတွက် ရွှေရောင်အင်မော်တယ် ကျင့်ကြံသူတစ်ဦးကို ဖမ်းဆီးရန်မှာ ရွှေရောင်အင်မော်တယ်တွင် မည်မျှပင် မယုံနိုင်စရာ နည်းလမ်းများ ရှိနေပါစေ၊ ရိုးရှင်းသော အလုပ်တစ်ခု ဖြစ်သင့်ပေသည်။
သို့သော် ဘိုးဘေး၏ မီးလျှံများ အဘယ်ကြောင့် ရုတ်တရက် ပြိုကွဲသွားခဲ့သည်ကို သူတို့ နားမလည်နိုင်ခဲ့ကြပေ။
သူတို့နှစ်ဦးစလုံး သိသည်မှာ ဘိုးဘေးသည် အင်မော်တယ်အရှင်သခင် အထွတ်အထိပ်တွင် ရှိနေပြီး မရေမတွက်နိုင်သော နှစ်များတစ်လျှောက် ရှိနေခဲ့ရာ အင်မော်တယ်ဘုရင်အဆင့်နှင့် သိပ်မဝေးတော့ချေ။
သူ၏ အတွင်းလောကသည် အစစ်အမှန်စကြဝဠာနှင့် အတိုင်းအတာတစ်ခုအထိ ပေါင်းစပ်မှု ရှိနေပြီးဖြစ်ရာ ဤနေရာသည် အစစ်အမှန်စကြဝဠာ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သော်လည်း အတိုင်းအတာတစ်ခုအထိ ဘိုးဘေး၏ အတွင်းလောက၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်နေပေသည်။
ဘိုးဘေး၏ အတွင်းလောကထဲတွင် မီးလျှံများသည် သူ၏ ထိန်းချုပ်မှုအောက်တွင် လုံးဝ ရှိနေသင့်သည်။ သို့ဆိုလျှင် ၎င်းတို့သည် အဘယ်ကြောင့် ရုတ်တရက် ပျောက်ကွယ်သွားနိုင်သနည်း။
အင်မော်တယ် ဧကရာဇ်နှစ်ဦး တုန်လှုပ်ခြောက်ခြားနေဆဲမှာပင် သူတို့၏ ဘေးမှ အိုမင်းသော မီးလျှံနီမျိုးနွယ်ဝင်သည် မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီး မယုံကြည်နိုင်စွာဖြင့် ကြွေးကြော်လိုက်သည်။ "မူလဇာစ်မြစ်စွမ်းအား။ မီးလျှံမူလဇာစ်မြစ်။ … မဖြစ်နိုင်ဘူး။"
ရွှေအင်မော်တယ်တစ်ဦးတည်းက မူလဇာစ်မြစ်စွမ်းအားကို ပိုင်ဆိုင်ရန်မှာ အင်မော်တယ်ဘိုးဘေး မပျောက်ကွယ်သေးမီနှင့် လောကကြီး မပြောင်းလဲသေးမီ အချိန်ကပင် မဖြစ်နိုင်ဟု ဆိုကြသည်။
လက်ရှိစကြဝဠာတွင် ဆိုဖွယ်ရာမရှိတော့ပေ။
သို့သော် ဤသို့သော ပုဂ္ဂိုလ်တစ်ဦးသည် ယခုအခါ မီးလျှံနီမျိုးနွယ်ဝင်၏ ရှေ့မှောက်တွင် ပေါ်ထွက်လာခဲ့ရာ သူ၏ ဘဝတစ်လျှောက် အတွေ့အကြုံများကိုပင် သံသယဝင်သွားမိသည်။
မီးလျှံနီမျိုးနွယ်မှ အဘိုးအိုကို ရင်ဆိုင်ရင်း လုရီသည် မူလဇာစ်မြစ်စွမ်းအားဖြင့် မီးလျှံများကို ကြေပျက်စေခဲ့သော်လည်း အလွန်သတိထားနေဆဲ ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ၊ ဤသို့သော ပုဂ္ဂိုလ်မျိုးသည် မီးလျှံများကိုသာ အသုံးပြုမည် မဟုတ်သည်မှာ သေချာသည်။ အကယ်၍ သူသာ သန့်စင်သော အင်မော်တယ်ဝိညာဉ်စွမ်းအင်ဖြင့် တိုက်ခိုက်လာပါက သူသည် ထိုတိုက်ခိုက်မှုကို မီးလျှံမူလဇာစ်မြစ်ဖြင့် မကြေပျက်စေနိုင်ဘဲ သူ့အတွက် အန္တရာယ်ရှိသော အခြေအနေတစ်ခု ဖြစ်နေဦးမည် ဖြစ်သည်။
အမှန်တကယ်တွင် သူသည် ထွက်ခွာရန် အစီအစဉ်များ ရှိနေပြီးဖြစ်သည်။ သူ၏ လက်ရှိ နေရာလပ်နိယာမ ကျွမ်းကျင်ပိုင်နိုင်မှုနှင့်ဆိုလျှင် သူသာ သွားလိုပါက မီးလျှံနီမျိုးနွယ်မှ အဘိုးအိုပင်လျှင် သူ့ကို မတားဆီးနိုင်ဟု သူ ယုံကြည်သည်။
သို့သော် သူသည် မီးလျှံနီမျိုးနွယ်ဝင်နှင့် လွယ်လွယ်ကူကူ ကြုံတွေ့ခဲ့ရခြင်း မဟုတ်ရာ ယခု ထွက်ခွာသွား၍ မဖြစ်နိုင်သေးပေ။
ဤတစ်ကြိမ် ထွက်ခွာသွားပြီးပါက ဤပုဂ္ဂိုလ်ကြီးကို ရှာဖွေရမည့် အခက်အခဲမှာ ကောင်းကင်သို့ တက်ရန်လောက်ပင် ခက်ခဲသွားဖွယ် ရှိသည်။
မီးလျှံနီမျိုးနွယ်မှ ဘိုးဘေး နောက်
တစ်ကြိမ် မတိုက်ခိုက်မီမှာပင် လုရီက တောင်းပန်လိုက်လေ၏။
"စီနီယာ၊ ကျေးဇူးပြုပြီး လက်ကို ထိန်းပါဦး။ တပည့်ကို စကားအနည်းငယ် ပြောခွင့်ပြုပါ။"
ထိုအခါ လီချင်းယီသည် သူ၏ လက်သီးများကို တင်းတင်းဆုပ်ထားပြီး လုရီကို ဒေါသဖြင့် ပြည့်နှက်နေသော အေးစက်သည့် မျက်နှာထားဖြင့် ကြည့်ကာ ကြိမ်းမောင်းလိုက်၏။
"လုရီ။ မင်း ငါ့နောက်ကို ငါ့ရဲ့ မီးလျှံစွန့်ခွာခြင်းဂိုဏ်း နယ်မြေတွေအထိ လိုက်လာရဲတယ်လို့ ငါ မယုံနိုင်ဘူး။ မင်း ဘယ်လောက်တောင် သတ္တိကောင်းနေလဲ။"
လုရီသည် အနည်းငယ် မျက်နှာပူသွားသည်။ လီချင်းယီသည် သူ့ကို ယခင်က ဧည့်ဝတ်ကျေပွန်စွာ ဧည့်ခံခဲ့သည်ကို ထည့်သွင်းစဉ်းစားရမည် မဟုတ်လော။
သူက ပြုံး၍ "စီနီယာလီ၊ တပည့်မှာ တကယ်ပဲ တခြားရွေးချယ်စရာ မရှိခဲ့လို့ပါ" ဟု ဆိုလိုက်ရ၏။
ဤအခိုက်အတန့်တွင် မီးလျှံနီမျိုးနွယ်မှ ဘိုးဘေး (ဝါ)အကြီးအကဲသည် လုရီကို စူးစိုက်ကြည့်ကာ မေးလာသည်။
"ကောင်လေး၊ မင်း မီးလျှံမူလဇာစ်မြစ်ကို ကျွမ်းကျင်ပိုင်နိုင်နေပြီလား"
စကားပြောရန် ဟန်ပြင်နေသော လင်းယွဲ့နှင့် လီချင်းယီတို့သည်လည်း သူတို့၏ အကြည့်များကို လုရီထံသို့ လှည့်လိုက်ကြပြီး သူတို့၏ မျက်လုံးများမှာ ဖော်ပြ၍ မရသော အမူအရာများဖြင့် ပြည့်နှက်နေသည်။
လုရီက ပြုံးရွှင်စွာ ခေါင်းညိတ်လိုက်သည်။
"ဟုတ်ကဲ့ပါ စီနီယာ၊ မှန်ပါတယ်။ တပည့် မီးလျှံ မူလဇာစ်မြစ်ကို အမှန်တကယ်ပဲ ကျွမ်းကျင်ပိုင်နိုင်နေပါပြီ။"
*ထင်တဲ့အတိုင်းပဲ။*
သူတို့ ယခင်က သံသယများ ရှိခဲ့သော်လည်း မီးလျှံနီ မျိုးနွယ်မှ အကြီးအကဲ၊ လင်းယွဲ့နှင့် လီချင်းယီတို့အားလုံး၏ အသက်ရှူသံများမှာ ယိမ်းထိုးသွားကြပြီး သူတို့၏ စိတ်အစဉ်များတွင် ရှုပ်ထွေးသော အတွေးများ စီးကြောင်းတစ်ခု စီးဆင်းသွားတော့သည်။
အကြီးအကဲ၏ ခန္ဓာကိုယ်တွင် ဝိညာဉ်စွမ်းအင်များ လှိုင်းထန်လာသော်လည်း သူ တိုက်ခိုက်ခြင်း မပြုခဲ့ပေ။ သူ၏ နောက်ကျိနေသော မျက်ဝန်းများက လုရီအပေါ်တွင် စူးစိုက်နေပြီး ဖြည်းညင်းစွာ ဆိုလိုက်၏။
"ကောင်လေး၊ မင်း ဘာပြောစရာ ရှိလဲ"
လုရီသည် မီးလျှံနီမျိုးနွယ်မှ အကြီးအကဲကို ရိုသေစွာ ဦးညွှတ်လိုက်သည်။
"စီနီယာ၊ တပည့်က မီးလျှံနီမျိုးနွယ်က လူတွေကို အမှန်တကယ်ပဲ သိပါတယ်။ တပည့် ဒီကို မီးလျှံနီမျိုးနွယ်ကို ရှာဖွေဖို့ လာခဲ့တာက မကောင်းတဲ့ ရည်ရွယ်ချက်
မရှိပါဘူးဗျ၊ စီနီယာ မထိတ်လန့်ဖို့ မျှော်လင့်ပါတယ်။"
မီးလျှံနီမျိုးနွယ်မှ အကြီးအကဲက နှာခေါင်းရှုံ့လိုက်သည်။
အင်မော်တယ်ဝိညာဉ်စွမ်းအင်များက သူ၏ ပတ်ပတ်လည်တွင် ဝေ့ဝဲနေပြီး သူ၏ သတိထားမှုကို မလျှော့ချသေးပေ။
"ငါ့ရဲ့ မီးလျှံနီမျိုးနွယ်က မျိုးတုံးလုနီးပါး ဖြစ်နေပြီ၊ အပြင်မှာ မျိုးနွယ်ဝင်တွေ ဘယ်လိုလုပ် အသက်ရှင်နေနိုင်မှာလဲ။"
မည်သို့ပင်ဖြစ်စေ၊ သူ တိုက်ခိုက်ခြင်းကို မစတင်ခဲ့ပေ။
အကြီးအကဲသည် လုရီ၏ စကားများကို
မယုံကြည်ဘဲ အပြင်ဘက်တွင် မီးလျှံနီ
မျိုးနွယ်ဝင်များ ရှိနိုင်မည်ဟု မထင်သော်လည်း သူ၏ ရှေ့မှောက်မှ လူငယ်ကျင့်ကြံသူသည် ဤမျှ ငယ်ရွယ်သော အသက်အရွယ်ဖြင့် မီးလျှံမူလဇာစ်မြစ်ကို ကျွမ်းကျင်ပိုင်နိုင်နေပြီး အလွန်အစွမ်းထက်လွန်းသော မီးလျှံပါရမီကို ပြသနေခဲ့သည် လေ။
လူငယ်၏ ပါရမီနှင့်ဆိုလျှင် မီးလျှံနီ
အင်မော်တယ်ဘုရင်၏ အမွေအနှစ် မရှိဘဲနှင့်ပင် သူသည် အနာဂတ်တွင် အင်မော်တယ်ဘုရင်အဆင့်သို့ သေချာပေါက် တက်လှမ်းနိုင်ပေလိမ့်မည်။
ဤသို့သော ပါရမီရှင်တစ်ဦးအတွက်
အင်မော်တယ်ဘုရင်တစ်ပါး၏ အမွေအနှစ်သည် မိမိကိုယ်တိုင်နှင့် ရင်ဆိုင်ရမည့် အန္တရာယ်နှင့် မထိုက်တန်သင့်ပေ။
မီးလျှံနီမျိုးနွယ်၏ များပြားလှသော ရန်သူများထဲမှ မည်သူကမျှ ဤမျှ ပါရမီရှိသော ပုဂ္ဂိုလ်တစ်ဦးကို မီးလျှံနီမျိုးနွယ်အကြောင်း သတင်းအချက်အလက် စုဆောင်းရန် စေလွှတ်မည် မဟုတ်ပေ။ ဤသို့ အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦး၏ ကျဆုံးမှုသည် မည်သည့်အင်အားစုအတွက်မဆို လက်မခံနိုင်သော ဆုံးရှုံးမှုတစ်ခု ဖြစ်ပေလိမ့်မည်။
ဤသည်မှာ အသေအချာပင် အနာဂတ်၏ အင်မော်တယ်ဘုရင်အဆင့် စွမ်းအားရှင်လောင်းတစ်ဦးပင်တည်း။
ဤပါရမီရှင်သည် သူ့ကို ရှာဖွေရန် အခြားအကြောင်းပြချက်တစ်ခုခု ရှိရပေမည်။
မီးလျှံနီမျိုးနွယ်မှ အကြီးအကဲသည် လုရီအပေါ်တွင် သူ၏ အကြည့်များကို စူးစိုက်ထားရင်း နက်ရှိုင်းစွာ တွေးတောဆင်ခြင်နေခဲ့သည်။
အကြီးအကဲ တိုက်ခိုက်ခြင်း မပြုသည်ကို မြင်သောအခါ လုရီသည် သက်ပြင်းတစ်ချက် ချလိုက်ပြီး စကားပြောဆိုရန် အခွင့်အလမ်း ရှိနေသေးသည်ကို ခံစားလိုက်ရသည်။
သူ ခဏစဉ်းစားလိုက်ပြီး အကြီးအကဲကို သူ့အား ယုံကြည်လာအောင် မည်သို့ လုပ်ရမည်ကို မကြာမီ သိရှိသွားသည်။
လုရီသည် အနည်းငယ် ပြုံးလိုက်ပြီးနောက် သူ၏ ပတ်ပတ်လည်တွင် နီရွှေရောင်မီးလျှံများ တောက်လောင်စေလိုက်၏။ ဤမီးလျှံများသည် မယုံနိုင်လောက်အောင် ပြင်းထန်ပြီး ကြောက်မက်ဖွယ် ဖျက်ဆီးခြင်းစွမ်းအားကို သယ်ဆောင်ထားသည်။ လောင်ကျွမ်းနေသော အပူရှိန်သည် ပတ်ဝန်းကျင်မှ အရာအားလုံးကို လောင်ကျွမ်းသွားစေမည့်အလား ထင်ရပြီး အကြီးအကဲပင်လျှင် သူ၏ အတွင်းလောကထဲမှ မီးလျှံများ ကုန်ဆုံးသွားတော့မည်ဟု ခံစားလိုက်ရသည်။
သူသည် ရင်းနှီးနေသော မီးလျှံများကို ကြည့်ရင်း သူ၏ မျက်ဆံများ ကျုံ့သွားသည်။ သူ လုရီ၏ ပါရမီကို ပထမဆုံးမြင်တွေ့စဉ်က များများစားစား တုံ့ပြန်မှု မပြခဲ့သော်လည်း ယခုအခါ သူ၏ စိတ်အစဉ်တွင် ပြင်းထန်လှသော ခံစားချက်လှိုင်းလုံးကြီးတစ်ခု ရိုက်ခတ်သွားသည်ကို ခံစားလိုက်ရတော့သည်။
အသက်ရှူသံများ လေးလံစွာဖြင့် သူသည် မီးလျှံများကို စိုက်ကြည့်ကာ မှင်သက်စွာ ဟစ်ကြွေးလိုက်သည်။
"နေလောင် ကြယ်ကြွေ သိုင်းနည်းစနစ်။ ဒါ… ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။"
သူ၏ အသံမှာ အနည်းငယ် ရှတတဖြစ်နေပြီး သူသည် လုရီကို စူးစိုက်ကြည့်ကာ
"ကောင်လေး၊ မင်း နေလောင် ကြယ်ကြွေသိုင်းနည်းစနစ်ကို ဘယ်ကနေ သင်ယူခဲ့တာလဲ" ဟု ဆိုလိုက်၏။
*တကယ်ပဲ အသုံးဝင်လှပါလား။*
လုရီ ရင်တွင်း အော်ဟစ်လိုက်ပြီး ခပ်ဖျော့ဖျော့ ပြုံးကာ အကြီးအကဲကို ကြည့်ရင်း ဆိုလိုက်သည်။
"စီနီယာ၊ တပည့်ကို မီးလျှံနီမျိုးနွယ်က အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တစ်ဦးက သင်ကြားပေးခဲ့တာပါ။ အခုဆိုရင် စီနီယာ တပည့်ကို ယုံလောက်ပြီထင်တယ်၊ ဟုတ်တယ်မလား။ တခြားကြယ်တာရာနယ်မြေက လာခဲ့တာဆိုတော့ တပည့်က ဒီအင်မော်တယ်ဘုရင်သိုင်းကျမ်းကို တခြားဘယ်လိုနည်းနဲ့ သိနိုင်မှာလဲ။"
မီးလျှံနီမျိုးနွယ်မှ အကြီးအကဲသည် တုန်လှုပ်ခြောက်ခြားနေဟန်ဖြင့် တိတ်ဆိတ်သွားတော့သည်။
နေလောင် ကြယ်ကြွေသိုင်းနည်းစနစ်သည် မီးလျှံနီမျိုးနွယ်၏ အမြတ်တနိုးထားရာ ဘိုးဘေးစဉ်ဆက် သိုင်းကျမ်းဖြစ်ပြီး မျိုးနွယ်၏ ထိပ်တန်းပါရမီရှင်များနှင့် အဆင့်မြင့်အဖွဲ့ဝင်များသာ သင်ယူခွင့်ရှိသည်။ သူကိုယ်တိုင်ပင်လျှင် ၎င်းကို အပြည့်အစုံ မသင်ယူခဲ့ရပေ။
သို့မဟုတ်ပါက သူသည် အင်မော်တယ်အရှင်သခင် အထွတ်အထိပ်တွင် နှစ်ပေါင်းများစွာ ပိတ်မိနေမည် မဟုတ်ပေ။
ယခုအခါ သူသည် အခြားတစ်ယောက်က နေလောင် ကြယ်ကြွေသိုင်းနည်းစနစ်ကို အသုံးပြုနေသည်ကို မျက်မြင်ကိုယ်တွေ့ တွေ့မြင်လိုက်ရသည်တကား။
သူပင်လျှင် အပြည့်အစုံ မသင်ယူခဲ့ရသော အမွေအနှစ်ကို အပြင်လူတစ်ဦးက လုံးဝ ကျွမ်းကျင်ပိုင်နိုင်နေသည်။ အကယ်၍ မျိုးနွယ်ဝင်တစ်ဦးတည်းက သင်ပေးခဲ့ခြင်းမဟုတ်ပါက ဤတိုင်းတပါးသားသည် မည်သို့ သင်ယူနိုင်မည်နည်း။
အကြီးအကဲ၏ နှလုံးသားထဲတွင် ကြီးမားလှသော စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်သွားခဲ့သည်။
မီးလျှံနီမျိုးနွယ်တွင် သူတစ်ယောက်တည်း ကျန်ရစ်သည် မဟုတ်သေးပေတကား။
အပြင်လောက၌ အခြားသော မျိုးနွယ်ဝင်များလည်း ရှိသေး၏။
မည်သူများ ဖြစ်နိုင်မည်ပါလိမ့်။ ပြီးပြည့်စုံသော နေလောင်ကြယ်ကြွေသိုင်းကျမ်းကို တတ်မြောက်ထားသည်ဆိုတော့... မီးလျှံနီမျိုးနွယ်၏ ထိပ်သီးစွမ်းအားရှင်တစ်ဦး သို့မဟုတ် အဆင့်မြင့်အဖွဲ့ဝင်တစ်ဦး ဖြစ်ရပေမည် မဟုတ်လော။
အကြီးအကဲသည် သူ၏စိတ်နှလုံးထဲ၌ မျှော်လင့်တကြီး ဖြစ်နေမိတော့၏။