← Chapters

အလုပ် ပြီးမြောက်ခြင်း၊ ရက်ရောသော ဆုလာဘ်များ...

Vol. 52 Ch. 777

အလုပ် ပြီးမြောက်ခြင်း၊ ရက်ရောသော ဆုလာဘ်များ...

Vol. 52 Ch. 777

~"အဲ့ဒီ မီးလျှံနီ မျိုးနွယ်ဝင်က ဘယ်သူလဲ။ သူ့နာမည် ဘယ်လိုခေါ်သလဲ။"

မီးလျှံစွန့်ခွာခြင်းဂိုဏ်းမှ အကြီးအကဲက မေးလိုက်ရာ သူ၏ အသံမှာ မျှော်လင့်ချက်တို့ဖြင့် အနည်းငယ် တုန်ယင်လျက်ရှိ၏။

လုရီသည် အနည်းငယ် မျက်နှာပူသွားသည်။ သူသည် သူ၏ ဘေးရှိ လီချင်းယီနှင့် လင်းယွဲ့ကို တစ်ချက် ကြည့်လိုက်ပြီး "ဒီအကြောင်းကိုတော့… တပည့် အကြီးအကဲနဲ့ နှစ်ယောက်တည်း သီးသန့်ဆွေးနွေးခွင့်ရဖို့ မျှော်လင့်ပါတယ်" ဟု ဆိုလိုက်သည်။

လီချင်းယီနှင့် လင်းယွဲ့တို့၏ မျက်နှာအမူအရာများ ပြောင်းလဲသွားပြီး လုရီကို ဒေါသတကြီး စိုက်ကြည့်လိုက်ကြသည်။

*ဒီကောင်စုတ်က ငါတို့ မီးလျှံစွန့်ခွာခြင်းဂိုဏ်းရဲ့ တားမြစ်နယ်မြေထဲကို ခိုးဝင်ရုံတင်မကဘူး၊ အခု ငါတို့ကိုတောင် ထွက်သွားစေချင်နေတယ်တဲ့လား။*

"အကြီးအကဲ။ ဒီကောင်လေးမှာ မသမာတဲ့ ရည်ရွယ်ချက်တွေ ရှိနိုင်ပါတယ်ဘုရား။"

လင်းယွဲ့က မီးလျှံစွန့်ခွာခြင်းဂိုဏ်းမှ အကြီးအကဲဘက်သို့ လှည့်ကာ လျှောက်တင်လိုက်သည်။

မီးလျှံစွန့်ခွာခြင်းဂိုဏ်းမှ အကြီးအကဲက အသာအယာ ခေါင်းခါပြလိုက်ပြီး လင်းယွဲ့နှင့် လီချင်းယီတို့ကို ကြည့်ကာ "မင်းတို့နှစ်ယောက် လောလောဆယ် အပြင်ထွက်နှင့်ကြ" ဟု အမိန့်ပေးလိုက်တော့၏။

လီချင်းယီနှင့် လင်းယွဲ့တို့၏ မျက်နှာအမူအရာများ ပြောင်းလဲသွားပြီးနောက် နှစ်ဦးစလုံးသည် လုရီကို ဒေါသတကြီး စိုက်ကြည့်လိုက်ကြသည်။

လုရီမှာမူ အပြစ်ကင်းစင်သော မျက်နှာထားဖြင့် ရှိနေခဲ့သည်။ မည်သို့ပင်ဆိုစေ ဤကိစ္စတွင် အင်မော်တယ်ဘုရင်နှင့် သူ၏ အမွေအနှစ်တို့ ပါဝင်နေသည်ဖြစ်ရာ သတိထားခြင်းက အမြဲတမ်း ပိုကောင်းသည် မဟုတ်လော။

*ဒီအကြီးအကဲက အင်မော်တယ်ဘုရင်ရဲ့ အရိပ်အကြွင်းအကျန် တည်ရှိနေတာကို တခြားသူတွေကို မသိစေချင်ရင် ဘယ်လိုလုပ်မလဲ။*

အကယ်၍သာ ဤမီးလျှံစွန့်ခွာခြင်းဂိုဏ်းမှ အကြီးအကဲသည် ထိုအင်မော်တယ်ဘုရင်၏ မျိုးနွယ်ဝင်တစ်ဦး မဟုတ်ခဲ့ပါလျှင် လုရီသည် ဤအကြောင်းအရာများကို ပြောပြရန်ပင် ဆန္ဒရှိမည် မဟုတ်ပေ။

လီချင်းယီနှင့် လင်းယွဲ့တို့ ခန်းမဆောင်မှ ထွက်ခွာသွားသောအခါ မီးလျှံစွန့်ခွာခြင်းဂိုဏ်းမှ အကြီးအကဲသည် သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ ပြင်းထန်သော မီးတောက်များ တောက်လောင်လာပြီး ခန်းမဆောင်တစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။

ထိုမီးလျှံများသည် မီးလျှံမူလဇာစ်မြစ်ကို ကျွမ်းကျင်ပိုင်နိုင်နေသော လုရီအပေါ်တွင် အာနိသင်သက်ရောက်ခြင်း မရှိသော်လည်း အခြားသူများ ချောင်းမြောင်းနားစွင့်ခြင်းကိုမူ ကာကွယ်နိုင်ပေသည်။

အကြီးအကဲ၏ မျက်လုံးများတွင် မျှော်လင့်ချက်အရောင်များ လင်းလက်လာပြီး သူက လုရီကို ကြည့်ကာ "လူငယ်လေး၊ အခု ပြောလို့ရပြီလား" ဟု မေးလိုက်သည်။

လုရီက အသာအယာ ခေါင်းညိတ်ကာ ခပ်ဖျော့ဖျော့ပြုံးရင်း ဆိုလိုက်သည်။

"ဟုတ်ကဲ့ပါ၊ တပည့်ကို ကျင့်ကြံခြင်းနည်းစနစ် သင်ပေးခဲ့တဲ့သူက မီးလျှံနီ

မျိုးနွယ်က အင်မော်တယ်ဘုရင် ကိုယ်တိုင်ပါပဲ။"

ဤစကားတစ်ခွန်းက မီးလျှံစွန့်ခွာခြင်းဂိုဏ်းမှ အကြီးအကဲကို မှင်သက်သွားစေပြီး သူ၏ ဇရာ အရေးအကြောင်းများဖြင့် ပြည့်နှက်နေသော မျက်နှာမှာ လုံးဝ သေနေသည့်အလား ခံစားချက်ကင်းမဲ့သွားတော့သည်။

သူသည် လုရီကို မယုံကြည်နိုင်သော အကြည့်များဖြင့် ကြည့်ရင်း

" မဖြစ်နိုင်ဘူး၊ အဲ့လို မဖြစ်နိုင်ဘူး။

ဘိုးဘေး အင်မော်တယ် ဘုရင်က ကျိုယိုငရဲမှာ ကွယ်လွန်သွားခဲ့တာ ကြာလှပြီ" ဟု အလိုလိုပင် ထုတ်ဖော်ပြောဆိုမိတော့သည်။

ဘိုးဘေး အင်မော်တယ် ဘုရင်သာ ကွယ်လွန်သွားခဲ့ခြင်း မရှိပါက သူတို့၏ မီးလျှံနီ မျိုးနွယ်သည် ယခုလက်ရှိ ဆိုးဝါးသော အခြေအနေသို့ အဘယ်ကြောင့်

ကျရောက်နိုင်မည်နည်း။

မီးလျှံ စွန့်ခွာခြင်းဂိုဏ်းမှ အကြီးအကဲသည် လုရီကို စူးစိုက်ကြည့်လိုက်ရာ သူ၏ အမူအရာမှာ အနည်းငယ် ပို၍ အေးစက်လာပြီး လုရီ သူ့ကို လှည့်ဖြားနေသည်ဟု ထင်မြင်သွားတော့သည်။

"အကြီးအကဲ၊ စိတ်မလောပါနဲ့ဦး။ တပည့် စကားမဆုံးသေးပါဘူး။ အဲ့ဒီအင်မော်တယ်ဘုရင်က ကျိုယို ငရဲကနေ အမှန်တကယ်ပဲ ပြန်မလာခဲ့ပါဘူး၊ ဒါပေမဲ့ သူက အမွေအနှစ် တစ်ခုနဲ့ အင်မော်တယ် ဘုရင်ကိုယ်တိုင်ရဲ့ မှတ်ဉာဏ်တွေအတိုင်း ရှိနေတဲ့ စွမ်းအား ပုံရိပ်ယောင် တစ်ခုကို ချန်ထားခဲ့ပါတယ်။ တပည့်ကို နေလောင် ကြယ်ကြွေသိုင်းနည်းစနစ်ကို သင်ပေးခဲ့တာက အဲ့ဒီပုံရိပ်ယောင်ပါပဲ၊ ပြီးတော့ မီးလျှံနီ မျိုးနွယ်ကို ရှာဖွေပေးဖို့လည်း တပည့်ကို တောင်းဆိုခဲ့ပါတယ်" ဟု လုရီက ဆက်လက် ရှင်းပြလိုက်သည်။

လုရီ၏ စကားများကို ကြားသောအခါ မီးလျှံစွန့်ခွာခြင်းဂိုဏ်းမှ အကြီးအကဲ၏

တဟုန်ထိုး တက်လာသော ဒေါသများမှာ ငြိမ်သက်သွားခဲ့၏။

သူသည် လုရီကို မျက်လုံးများ ပြူးကျယ်လျက် စိတ်လှုပ်ရှားစွာဖြင့် ဆိုလိုက်သည်။

"ဒါဆို ဘိုးဘေးကြီးက တကယ်ပဲ အမွေအနှစ်တစ်ခုနဲ့ ပုံရိပ်ယောင်တစ်ခုကိုတောင် ချန်ထားခဲ့တယ် ဟုတ်လား"

သူ၏ အသက်ရှူသံများမှာ မတည်ငြိမ်တော့ဘဲ သူက မေးလိုက်သည်။

"အဲ့ဒီအမွေအနှစ်နဲ့ ပုံရိပ်ယောင်က ဘယ်နေရာမှာလဲ။ မင်း ငါ့ကို ပြောပြနိုင်မလား"

လုရီသည် မီးလျှံစွန့်ခွာခြင်းဂိုဏ်းမှ အကြီးအကဲကို တစ်ချက်ကြည့်လိုက်ပြီး ခေတ္တမျှ ချီတုံချီတုံ ဖြစ်သွားသည်။

မည်သို့ပင်ဆိုစေ၊ မီးလျှံစွန့်ခွာခြင်းဂိုဏ်းမှ အကြီးအကဲ၏ အစွမ်းမှာ အင်မော်တယ်အရှင်သခင် အထွတ်အထိပ်တွင် ရှိနေပြီး အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသည်။ အကယ်၍ သူသာ မီးလျှံနီ အင်မော်တယ်ဘုရင်၏ အမွေအနှစ်အကြောင်းကို သိရှိသွားပြီး အင်အားသုံး၍ လုယူရန် ဆုံးဖြတ်လိုက်ပါက အတော်ပင် ဒုက္ခများပေလိမ့်မည်။

သို့သော် စဉ်းစားကြည့်ပြီးနောက် အကြီးအကဲ၏ အစွမ်းမှာ အားကောင်းသော်လည်း လုရီသည် မီးလျှံမူလဇာစ်မြစ်ကို ကျွမ်းကျင်ပိုင်နိုင်နေပေသည်။ အကယ်၍ တကယ်တမ်း အရေးယူဆောင်ရွက်ရမည်ဆိုလျှင် ယွီမျိုးနွယ် ဘိုးဘေးသည်လည်း လက်ပိုက်ကြည့်နေမည် မဟုတ်ပေ။ သူသာ အကြီးအကဲ၏ အစွမ်းထက်ဆုံး မီးလျှံစွမ်းအားကို ဖိနှိပ်ထားသမျှ ကာလပတ်လုံး အကြီးအကဲကဲ့သို့ အားကောင်းသော ပုဂ္ဂိုလ်တစ်ဦးပင်လျှင် စွမ်းရည်များ သိသိသာသာ အားနည်းသွားပေလိမ့်မည်။ ထိုအခါ အဆင့်တူ ယွီမျိုးနွယ် ဘိုးဘေးနှင့် ရင်ဆိုင်ရပါက အကြီးအကဲ လွတ်မြောက်နိုင်ရန်ပင် မလွယ်ကူလောက်ပေ။

အကြီးအကဲသည်လည်း ဤအချက်ကို သိရှိထားရပေမည်။

ဤသို့ တွေးမိသောအခါ လုရီသည် ခပ်ဖျော့ဖျော့ပြုံးရင်း "အမွေအနှစ်နဲ့ ပတ်သက်ပြီးတော့ တပည့်က အကြီးအကဲကို သဘာဝအတိုင်း အသိပေးနိုင်ပါတယ်။ အဲ့ဒါက ကောင်းကင် ကြယ်တာရာနယ်မြေမှာ တည်ရှိပါတယ်၊ ဒါပေမဲ့ တပည့်တို့ အနည်းငယ် တူးဖော်ပြီးသွားပါပြီ။ အရေးအကြီးဆုံးကတော့ အင်မော်တယ်ဘုရင်သိုင်းကျမ်းဖြစ်တဲ့ နေလောင် ကြယ်ကြွေသိုင်းနည်းစနစ်ပါပဲ။ တပည့် ထင်တာတော့ အကြီးအကဲ အဲ့ဒါကို အပြည့်အစုံ

မကျွမ်းကျင်သေးဘူး ထင်တယ်။ ကျွန်တော် ဒီသိုင်းကျမ်းကို အကြီးအကဲလက်ထဲ အပ်နှင်းဖို့ ဆုံးဖြတ်နိုင်ပါတယ်။ ဒါဆိုရင် အင်မော်တယ် ဘုရင်ရဲ့ ပုံရိပ်ယောင် ရှေ့ဆောင်ပုဂ္ဂိုလ်ကလည်း ကျွန်တော်တို့ကို အပြစ်တင်မှာ မဟုတ်လောက်ပါဘူး" ဟု ဆိုလိုက်၏။

ဤစကားကို ကြားသောအခါ မီးလျှံစွန့်ခွာခြင်းဂိုဏ်းမှ အကြီးအကဲ၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားသည်။

ထိုအရာသည် မီးလျှံနီ အင်မော်တယ်ဘုရင် ချန်ထားခဲ့သော အမွေအနှစ်ဖြစ်ပြီး သူတို့၏ မီးလျှံနီမျိုးနွယ်နှင့်သာ သက်ဆိုင်သင့်ပေသည်။

သို့သော် မီးလျှံစွန့်ခွာခြင်းဂိုဏ်းမှ အကြီးအကဲသည် လုရီကို ကြည့်ရင်း သူ၏ မျက်လုံးများမှာ တဖျပ်ဖျပ်လင်းလက်သွား၏။

*မီးလျှံမူလဇာစ်မြစ်ကို ထိန်းချုပ်ထားနိုင်စွမ်း…*

သူ၏ စိတ်ထဲတွင် အတော်လေး စိတ်အနှောင့်အယှက်ဖြစ်သွား၏။ မီးလျှံမူလဇာစ်မြစ်သည် သူ့အတွက် အလွန်အန္တရာယ်ရှိပြီး အကယ်၍ အခြားအင်မော်တယ်အရှင်သခင်တစ်ပါး ရောက်လာပါက အလွန် ဒုက္ခများပေလိမ့်မည်။

သို့သော် မကြာမီမှာပင် သူသည် တစ်ဖန် ဝမ်းမြောက်သွားပြန်သည်။

ပြီးပြည့်စုံသော နေလောင် ကြယ်ကြွေသိုင်းနည်းစနစ်သည် သူ နှစ်ပေါင်းများစွာ အာရုံစိုက်ခဲ့သော အရာဖြစ်ပြီး ဤမျှ လွယ်ကူစွာ ရရှိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။

သူသည် အနည်းငယ် ပြုံးလိုက်ပြီး

"ဒီလိုဆိုရင်တော့ လူငယ်လေးကို ကျေးဇူးတင်ပါတယ်။ နေလောင် ကြယ်ကြွေသိုင်းနည်းစနစ်ကို ငါက အမှန်တကယ်ပဲ အရေးတကြီး လိုအပ်နေတာပါ"

ထို့နောက် မီးလျှံစွန့်ခွာခြင်းဂိုဏ်းမှ အကြီးအကဲသည် ခေတ္တရပ်တန့်ကာ

မေးလိုက်သည်။

"ဒါပေမဲ့ မီးလျှံနီ အင်မော်တယ်ဘုရင်က နောက်ဆုံးတော့ ငါတို့ မီးလျှံနီ မျိုးနွယ်ရဲ့ အင်မော်တယ်ဘုရင်၊ ငါတို့ရဲ့ အင်မော်တယ်ဘိုးဘေးပဲလေ။ သူ့ရဲ့ အမွေအနှစ် နယ်မြေကို ငါ သွားလည်ပတ်လို့ ရနိုင်မလား"

လုရီက အသာအယာ ခေါင်းညိတ်လိုက်သည်။

"ရပါတယ်၊ ပြဿနာမရှိပါဘူး။"

ဤအဖြေကို ကြားမှ မီးလျှံစွန့်ခွာခြင်းဂိုဏ်းမှ အကြီးအကဲသည် သက်ပြင်းတစ်ချက်ကို ညင်သာစွာ ချနိုင်ခဲ့တော့သည်။

အကယ်၍သာ လုရီက အမှန်တကယ် ဆန္ဒမရှိခဲ့ပါလျှင် မီးလျှံစွန့်ခွာခြင်းဂိုဏ်းမှ အကြီးအကဲမှာ မည်သည့်နည်းလမ်းမျှ ရှိမည် မဟုတ်လောက်ပေ။

မည်သို့ပင်ဆိုစေ၊ လုရီကဲ့သို့သော ပါရမီရှင်တစ်ဦးတွင် လုံလောက်သော အစွမ်းထက်သည့် နောက်ခံ အသိုင်းအဝိုင်း ရှိရပေမည်။ အင်မော်တယ်အရှင်သခင်အဆင့် ကျွမ်းကျင်သူများလည်း ရှိကောင်းရှိနိုင်သည်။ အကယ်၍ သူတို့ သဘောမတူပါက သူသည် အင်အားသုံးခြင်းကိုသာ အားကိုးရပေတော့မည်။

သို့သော် မီးလျှံမူလဇာစ်မြစ်ကို ကျွမ်းကျင်ပိုင်နိုင်သော လုရီနှင့်ဆိုလျှင် အင်အားသုံးရန် ကြိုးစားပါက သူ၏ ရှုံးနိမ့်မှုသို့သာ ဦးတည်သွားဖွယ် ရှိသည်။

ဤသို့ တွေးမိသောအခါ မီးလျှံစွန့်ခွာခြင်းဂိုဏ်းမှ အကြီးအကဲသည် ခပ်ဖွဖွရယ်မောရင်း "ကျေးဇူးအများကြီးတင်ပါတယ် လူငယ်လေး" ဟု ဆိုလိုက်သည်။

"အကြီးအကဲက အားနာတတ်လွန်းနေပါပြီ။" လုရီက ခေါင်းညိတ်လိုက်သည်။

"မီးလျှံနီမျိုးနွယ်က လူတွေကို ရှာဖွေပြီး မီးလျှံနီ အင်မော်တယ်ဘုရင်ရဲ့ သတင်းစကားကို ပေးပို့ဖို့က တပည့်ရဲ့

တန်ရှ ကြယ်တာရာနယ်မြေကို လာခဲ့တဲ့ ရည်ရွယ်ချက်ပါပဲ။ အခု သတင်းစကားကို ပေးပို့ပြီးပြီဆိုတော့ တပည့်လည်း ထွက်ခွာသင့်ပါပြီ။"

ပြောပြောဆိုဆိုမှာပင် လုရီသည် အနီဖျော့ရောင် ကျောက်စိမ်းပေလွှာတစ်ခုကို ထုတ်ယူလိုက်သည်။

"ဒါက ပြီးပြည့်စုံတဲ့ နေလောင် ကြယ်ကြွေ သိုင်းနည်းစနစ်ပါပဲ၊ အကြီးအကဲ သေချာသိမ်းဆည်းထားပါခင်ဗျာ။"

All Chapters