ရှေးဟောင်း ကြယ်တာရာမြေပုံ (၂)
Vol. 51 Ch. 754
~"နင် ဘာတွေ့ခဲ့လို့လဲ။"
လင်းလောင်တောင်ထိပ်သခင်မက သူမ၏ စူးစမ်းလိုစိတ်ကို ထိန်းမထားနိုင်တော့ဘဲ မေးလိုက်သည်။
လုရီက မျက်လုံးများကို မှေးလိုက်ပြီး ရယ်မောလိုက်၏။
"အင်မော်တယ်ဘုရင် သိုင်းကျမ်းတစ်ခုပေါ့။"
လင်းလောင်တောင်ထိပ်သခင်မသည် တစ်ခဏမျှ နားမလည်နိုင်ဖြစ်သွားပြီးနောက် လုံးဝကြက်သေသေကာ မှင်တက်မိသွားတော့သည်။
"ဆရာ၊ ဆရာ အဆင်ပြေရဲ့လား။"
သုန်းကုန်းမင်ယွဲ့က လင်းလောင်တောင်ထိပ်သခင်မ၏ ကြောင်တောင်တောင်ဖြစ်နေသော အမူအရာကို မြင်သော် ဉာဏ်များသော အပြုံးဖြင့် မေးလိုက်၏။
"ဆရာ ကြောက်ပြီး တောင့်သွားတာတော့ မဟုတ်ဘူးမလား။"
အသိစိတ်ပြန်ဝင်လာသောအခါ လင်းလောင်တောင်ထိပ်သခင်မသည် သုန်းကုန်းမင်ယွဲ့၏
စနောက်ခြင်းကို လျစ်လျူရှုလိုက်ပြီး လုရီကို
မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။
"အင်မော်တယ် ဘုရင်အဆင့် သိုင်းကျမ်းတဲ့လား။ အလိုလေး... ကောင်စုတ်လေး၊ နင် တကယ်ပြောနေတာလား။"
လုရီက ရယ်မောကာ ခေါင်းညိတ်လိုက်၏။
"ကျွန်တော် ဆရာ့ကို ဘယ်တုန်းက လိမ်ဖူးလို့လဲဗျာ။"
လင်းလောင်တောင်ထိပ် သခင်မ၏ အသက်ရှူသံများမှာ သိသိသာသာ ပိုမိုပြင်းထန်လာခဲ့သည်။
သူမသည် ယွီမိသားစု၏ တိုက်ရိုက်မျိုးဆက်တစ်ဦး၊ ရွှေဇွန်းကိုက်ပြီး မွေးဖွားလာသူတစ်ဦး ဖြစ်လင့်ကစား ဤအခိုက်အတန့်တွင် အလွန်အမင်း တုန်လှုပ်ခြောက်ခြားနေမိသည်။
ယွီမိသားစုမှ ဖြစ်သောကြောင့် သူမသည်
အင်မော်တယ်ဘုရင်နယ်ပယ် သိုင်းကျမ်းတစ်ခု မည်မျှအဖိုးတန်သည်ကို ကောင်းကောင်းသိပါ၏။
ယွီမိသားစုက ကောင်းကင်ကြယ်တာရာ နယ်မြေကို အုပ်စိုးခဲ့သည့် နှစ်ပေါင်းများစွာတစ်လျှောက် ယွီမိသားစုဘိုးဘေးများသည် အင်မော်တယ်ဘုရင်အဖြစ်သို့ အဆင့်ချိုးဖြတ်ရန်
ဘယ်သောအခါမျှ လက်မလျှော့ခဲ့ကြပေ။
သူတို့သည် နည်းလမ်းမျိုးစုံကို ကြိုးစားခဲ့ကြပြီး၊ ယခင် အင်မော်တယ်ဘုရင်များနှင့် အင်ပါယာတို့၏ ဂူစံအိမ်အကြွင်းအကျန်များကို ရှာဖွေခဲ့ကြသလို အင်မော်တယ်ဘုရင်နယ်ပယ် သိုင်းကျမ်းများကိုလည်း ရှာဖွေခဲ့ကြသည်။
သို့သော် သူတို့သည် သိသာထင်ရှားသော ရလဒ်တစ်ခုမျှ မရရှိခဲ့ကြရှာပါ။
ဘယ်သူက ထင်မှာလဲ။
ဒီတစ်ခေါက်မှာ ဒီကောင်လေးက အင်မော်တယ်ဘုရင်နယ်ပယ် သိုင်းကျမ်းတစ်ခုကို အမှန်တကယ် ရှာတွေ့ခဲ့သည်တဲ့လား။
ဤသို့သော ကံကောင်းခြင်းမျိုးမှာ မယုံနိုင်လောက်အောင် ကောင်းမွန်လှသည်။
သို့သော်ငြားလည်း လင်းလောင်တောင်ထိပ်သခင်မသည် လျင်မြန်စွာ သတိပြန်ဝင်လာပြီး အံ့ဩစွာဖြင့် စစ်ဆေးလိုက်၏။
"ဒါက နင် ကြယ်နီဂြိုဟ်ကို သွားတဲ့ခရီးနဲ့များ သက်ဆိုင်နေသလား။"
ထိုအခါ လုရီက ခေါင်းညိတ်လိုက်သည်။
"ဆရာက တကယ်ကို ထက်မြက်တာပဲ။"
ထို့နောက်တွင် လုရီက သူ၏ ကြယ်နီဂြိုဟ်မှ အတွေ့အကြုံများကို အကျဉ်းချုံး ပြန်လည်ပြောပြလိုက်ပြီး၊ အဓိကအားဖြင့် အရောင်ဖျော့သော အနီရောင် အရိပ်ယောင်ထံမှ ရရှိခဲ့သော ကျိုယိုချီသတင်းအချက်အလက်များ၊ ကံကြမ္မာ အင်မော်တယ်ဘုရင်နှင့် ချောက်နက်ကြီးအပျက်အစီးတို့၏ ဆက်နွယ်မှု၊ အင်မော်တယ်ဘုရင်နှင့်
အင်မော်တယ် အင်ပါယာတို့ ပျောက်ကွယ်သွားရသည့် အကြောင်းရင်းများကို ဆွေးနွေးပြောပြခဲ့သည်။
လုရီ၏ ဇာတ်ကြောင်းကို နားထောင်ပြီးသည့်တိုင် လင်းလောင်တောင်ထိပ် သခင်မသည် တုန်လှုပ်စွာဖြင့် ရပ်နေဆဲ ဖြစ်သည်။
ယနေ့ ထုတ်ဖော်ချက်များမှာ အလွန်ကြီးမားလှရာ သူမ အနည်းငယ် မခံနိုင်အောင် ဖြစ်နေသည်ဟု ခံစားမိပါ၏။
လင်းလောင်တောင်ထိပ် သခင်မမှာ မယုံကြည်နိုင်စွာဖြင့် မပီမသ ရေရွတ်လိုက်မိသည်။
"အံ့ဩစရာမရှိဘူး အင်မော်တယ်ဘုရင်နဲ့ အင်ပါယာတွေ ရှေးခေတ်ပြီးနောက် ပျောက်ကွယ်သွားတာ အဲ့ဒီအကြောင်းကြောင့်ကိုး။ ကျိုယိုချီက အဲ့ဒီတုန်းက အင်မော်တယ်ဘုရင်နဲ့ အင်ပါယာတွေရှိနေတုန်းတောင် စကြဝဠာကို တိုက်စားနိုင်လောက်အောင် အားကောင်းခဲ့တာလား။ ချောက်နက်ကြီးအပျက်အစီးက ကံကြမ္မာ အင်မော်တယ်ဘုရင်ရဲ့ တာအိုနယ်မြေဖြစ်နိုင်တယ်တဲ့လား။ အံ့ဩစရာမရှိဘူး ငါတို့ဘိုးဘေးက အဲ့ဒီကနေ ကံကြမ္မာနည်းစနစ်ကို ရခဲ့တာ ...။"
လင်းလောင်တောင်ထိပ်သခင်မသည် မိမိကိုယ်ကို ရေရွတ်လိုက်ပြီးနောက် လုရီကို ကြည့်လိုက်သည်။
"ကောင်စုတ်လေး..ဒါဆို နင်က အင်မော်တယ်ဘုရင်သိုင်းကျမ်းကို အဲ့ဒီစီနီယာဆီက ရခဲ့တာပေါ့။"
လုရီက ခေါင်းညိတ်ကာ သူ၏အပြုံးမှာ ကောက်ကျစ်နေသည်။
"ဟုတ်တယ်လေ၊ ကျွန်တော့်လောက် ပါရမီကောင်းတဲ့သူ ဘယ်သူရှိသေးလို့လဲ။ အဲ့ဒီ
အင်မော်တယ်ဘုရင်ဘိုးဘေးက အရမ်းတုန်လှုပ်သွားပြီး ကျွန်တော့်ကို စမ်းတောင် မစမ်းသပ်တော့ဘူး၊ ကျွန်တော် လက်မခံမှာကို ကြောက်နေတဲ့ပုံစံနဲ့ နည်းစနစ်ကို ဒီအတိုင်းပဲ ပေးလိုက်တာဗျ။"
လင်းလောင်တောင်ထိပ်သခင်မသည် စိတ်ပျက်စွာဖြင့် မျက်လုံးလှန်လိုက်သည်။
ဒီကောင်လေးရဲ့ ပါရမီက တကယ်ကို မတော်မတရားကောင်းလွန်းပြီး မာနကြီးသော အင်မော်တယ်ဘုရင်ပုဂ္ဂိုလ်များကိုပင် မှင်တက်သွားစေခဲ့သည်။
မည်မျှလောက် ချဲ့ကားပြောဆိုနေသည်ကို စိတ်ကူးကြည့်နိုင်ပါ၏။
သို့သော်လည်း လင်းလောင်တောင်ထိပ်သခင်မသည် လုရီ၏ ပါရမီနှင့် ကောင်းစွာ အကျွမ်းတဝင်ရှိပြီးဖြစ်ရာ သူမ၏ တည်ငြိမ်မှုကို မဆုံးရှုံးအောင် ထိန်းနိုင်ခဲ့သည်။
ထို့နောက် သူမက အနည်းငယ် နှမြောတသစွာဖြင့် ရေရွတ်မိသည်။
"နှမြောစရာပဲ၊ ဒါက မီးဓာတ်မူလဇာစ်မြစ်နည်းစနစ်တစ်ခုဖြစ်နေတာ..."
ယွီမိသားစုသည် အဓိကအားဖြင့် ပုံရိပ်ယောင်နိယာမကို ကျင့်ကြံကြပြီး အိပ်မက်နှင့် လက်တွေ့ကြားတွင် ကူးပြောင်းကာ သူတို့၏ ခိုင်မာသော နတ်ဘုရားအာရုံဖြင့် စိတ်ကူးယဉ် စကြဝဠာငယ်များကိုလည်း ဖန်တီးကြသည်။ ၎င်းမှာ ထူးဆန်းပြီး အလွန်အမင်း စွမ်းအားကြီးမြတ်သော နိယာမ
တစ်ခု ဖြစ်သတည်း။ အခြားတာအိုများမှ သိုင်းကျင့်စဉ်များကို ကျင့်ကြံခြင်းမှာ ယွီမိသားစုအတွင်း ရှားပါးလှပါသည်။
ပြီးတော့ ယွီလင်းလောင်သည် သဘာဝကျကျပင် ယွီမိသားစု၏ အဓိကနိယာမကို ကျင့်ကြံရာ၊ ယခုအခါ သူမ၏ ကျင့်ကြံခြင်းနည်းစနစ်ကို ပြောင်းလဲရန်မှာ လက်တွေ့မကျတော့ချေ။
လင်းလောင်တောင်ထိပ်သခင်မသာမက ယွီမိသားစု၏ အစွမ်းထက်သော ကျင့်ကြံသူများစွာသည် ပုံရိပ်ယောင်နိယာမကို ကျင့်ကြံကြပြီး၊ မီးနိယာမ၌ ကျွမ်းကျင်သူ အလွန်နည်းပါးကာ အင်မော်တယ် အရှင်သခင် ဘိုးဘေးများထဲတွင် မီးနိယာမကို ကျင့်ကြံသူ တစ်ဦးတစ်ယောက်မျှ
မရှိပေ။
မဟုတ်လျှင် လုရီယူဆောင်လာသော တာအိုဒီရေလှိုင်းနှင့် အင်မော်တယ်ဘုရင်နည်းစနစ်၏ အကိုးအကားတို့ဖြင့် သူတို့သည် အင်မော်တယ်ဘုရင်နယ်ပယ်သို့ အဆင့်ချိုးဖြတ်ရန် အခွင့်အရေး ပိုကောင်းလာမည်မှာ သေချာသည်။
လုရီသည် လင်းလောင်တောင်ထိပ် သခင်မ၏ အချက်ကို နားလည်ပြီး ရယ်မောကာ
"စိတ်မပူပါနဲ့၊ ကျွန်တော် နေလောင်ကြယ်ကြွေသိုင်းနည်းစနစ်ကို ကျွမ်းကျင်သွားတာနဲ့ မူလဇာစ်မြစ်စွမ်းအင်ရဲ့ ဉာဏ်အလင်းတွေကို ပေါင်းခံပြီး ဘိုးဘေးတွေနဲ့ ဆွေးနွေးမှာပါ၊ အဲ့ဒါက သူတို့အတွက် ပိုကောင်းတဲ့ ရလဒ်တွေတောင် ရနိုင်လောက်ပါတယ်။"
ဤစကားများသည် လင်းလောင်တောင်ထိပ်သခင်မ၏ မျက်နှာပေါ်မှ စိတ်ပျက်အားငယ်မှုကို ပျောက်ကွယ်သွားစေသည်။
"ဟုတ်တယ်၊ တကယ်ပဲ၊ နင်က ငါတို့မျိုးနွယ်ရဲ့ အိပ်မက်နိယာမကိုတောင် အလွန်နက်ရှိုင်းတဲ့အဆင့်အထိ နားလည်ထားပြီး မီးနိယာမကိုလည်း ကျင့်ကြံထားတာပဲ။ နင်သာ မီးမူလဇာစ်မြစ်ကို ဆုပ်ကိုင်နိုင်ခဲ့ရင် နင့်ရဲ့ မူလဇာစ်မြစ်အပေါ် နားလည်မှုက သေချာပေါက် ပိုရှင်းလင်းလာမှာပဲ၊ ပြီးတော့ အိပ်မက်မူလဇာစ်မြစ်ကို ဘယ်လိုနားလည်ရမလဲဆိုတဲ့ ဉာဏ်အလင်းတွေလည်း ရလာလိမ့်မယ်။"
သူမက ပြုံးကာ ထပ်မံ ပြောလိုက်လေ၏။
"ဒါဆိုရင်တော့ အဲ့ဒီအချိန်ကျရင် နင့်ကိုပဲ အားကိုးရတော့မှာပဲ နော်။"
လုရီက ခေါင်းညိတ်လိုက်သည်။
"ဟုတ်ကဲ့၊ စိတ်မပူပါနဲ့။ ဒါနဲ့ ယွီမိသားစုမှာ မီးတာအိုကို ကျင့်ကြံရာမှာ ပါရမီရှိတဲ့ ကျင့်ကြံသူတွေရှိရင် သူတို့ ကြယ်နီဂြိုဟ်မှာ အခွင့်အရေးတွေ သွားရှာတာ ကောင်းမယ်ဗျ။"
လုရီအတွက်မူ သူသည် ယွီမိသားစုမှ ကျင့်ကြံသူများနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိပါသည်။ ယွီမိသားစုမှ စွမ်းအားရှင်များက
ထိုစီနီယာ၏ အမွေအနှစ်ကို ရရှိနိုင်ပါက သူက စိတ်ထဲ မထားပေ။
ဆန့်ကျင်ဘက်အားဖြင့် သူသည် စွမ်းအားရှင်များ ပိုမိုများပြားလာရန်၊ ဖြစ်နိုင်လျှင် အင်မော်တယ်ဘုရင်နှင့် အင်ပါယာများ အများအပြား ပေါ်ထွက်လာရန် မျှော်လင့်သည်။ သို့မှသာ
ကျိုယိုချီ ပြန်လည်ထကြွလာလျှင်ပင် သူတို့တွင် တွန်းလှန်နိုင်မည့် အင်အားရှိနေမည် မဟုတ်ပါလော။
လုရီ၏ စကားကို ကြားသော် လင်းလောင်တောင်ထိပ်မက ခေါင်းအသာညိတ်လိုက်ကာ..
"ကောင်းပြီ၊ ငါမျိုးနွယ်ထဲက လူတွေကို အကြောင်းကြားလိုက်မယ်။"
လုရီက ခေါင်းညိတ်ပြီးနောက်
"ဒါ့အပြင် ကျွန်တော့်မှာ ယွီမိသားစုရဲ့ အကူအညီလိုတဲ့ ကိစ္စတစ်ခုရှိပါသေးတယ်။"
"ဘာကိစ္စလဲ။"
လင်းလောင်တောင်ထိပ်သခင်မက နားမလည်နိုင်စွာ မေးလိုက်သည်။
လုရီက သူ့ကိုပေးခဲ့သော အရောင်ဖျော့သော ပန်းရောင်အရိပ်ယောင်ကြယ်တာရာမြေပုံကို ထုတ်ယူလိုက်ပြီး ရှင်းပြလိုက်တော့သည်။
"ဒီလိုပါ၊ အဲ့ဒီအင်မော်တယ်ဘုရင် စီနီယာက သူ့ရဲ့ဆွေမျိုးတွေ ရှိနေသေးလားဆိုတာ သိချင်လို့ ကျွန်တော့်ကို စုံစမ်းကူညီခိုင်းတယ်။ ကျွန်တော်လည်း သဘောတူခဲ့တယ်။ ဒါပေမဲ့ သူပေးတဲ့ ကြယ်တာရာမြေပုံက လက်ရှိကြယ်တာရာမြေပုံနဲ့ လုံးဝကွဲပြားနေပြီး တိကျတဲ့နေရာကို ကျွန်တော်ရှာမတွေ့သေးဘူး။ ယွီမိသားစုက ရှာပေးနိုင်
မလား။"
လုရီ၏ စကားကို ကြားသော် လင်းလောင်တောင်ထိပ်သခင်မ၏ မျက်နှာပေါ်တွင် နားလည်သဘောပေါက်ဟန်တစ်ခု ပေါ်လာသည်။
"ဒီလိုကိုး..."
ထို့နောက် သူမက ခပ်တိုးတိုး ရယ်မောလိုက်သည်။
"စကြဝဠာက ထာဝရမပြောင်းလဲဘူးလို့ မထင်နဲ့။ တကယ်တမ်းမှာ သူက အချိန်တိုင်း ပြောင်းလဲနေတာ။ အချိန်တိုအတွင်းမှာတော့ မသိသာပေမယ့် အချိန်အလုံအလောက်ကြာသွားရင် သူက အရင်ကနဲ့ လုံးဝမတူဘဲ ပုံစံအသစ်ကို လုံးဝပြောင်းလဲသွားလိမ့်မယ်။ နင် ရှာမတွေ့တာက သဘာဝပဲ။"
သူမက ကြယ်တာရာမြေပုံကို ကြည့်လိုက်ပြီးနောက် ဆက်လက်၍ ပြောလိုက်၏။
"ငါတို့ ကျောက်စိမ်းကြယ်တာရာကို အတူတူပြန်ကြရအောင်။ ငါတို့မျိုးနွယ်မှာ ကောင်းကင်ကြယ်တာရာနယ်မြေနဲ့ အနီးအနားက ကြယ်တာရာဒေသတွေရဲ့ ပြောင်းလဲမှုတွေကို အထူးမှတ်တမ်းတင်တဲ့ နက္ခတ်တာရာကြည့်စင်တစ်ခုရှိတယ်။ အဲ့ဒီမှာ နှစ်ပေါင်း သန်းနဲ့ချီတဲ့ ကြယ်တာရာမြေပုံတွေ ရှိနေသေးတယ်။ ငါတို့ သက်ဆိုင်ရာနေရာကို ရှာတွေ့နိုင်လောက်တယ်။ တကယ်လို့ ရှာမတွေ့ရင်တောင် ငါတို့က သလင်းဝိညာဉ်မျိုးနွယ်နဲ့ တခြားအင်အားကြီးအဖွဲ့အစည်းတွေကို ကြယ်တာရာမြေပုံတွေ ငှားခိုင်းလို့ရတယ်၊ ဒါမှမဟုတ် ဖရိုဖရဲကြယ်ကိုသွားပြီး သတင်းအချက်အလက်တွေ စုဆောင်းလို့လည်းရတယ်။ နည်းလမ်းတစ်ခုတော့ အမြဲရှိမှာပါ။"
လင်းလောင်တောင်ထိပ်သခင်မ၏ စကားကိုကြားသော် လုရီ၏ မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာသည်။
"ဒါဆိုကောင်းတာပေါ့၊ ပြန်သွားလည်ကြရအောင်။ ဘိုးဘေးကြီးသာ တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာရင် ကျွန်တော် သူနဲ့ တာအိုဆွေးနွေးပြီး အဲ့ဒီအင်မော်တယ်ဘုရင်စီနီယာနဲ့ ဆွေးနွေးမှုကနေရတဲ့ ဉာဏ်အလင်းတွေကို မျှဝေလို့ရတာပေါ့။"
လင်းလောင်တောင်ထိပ်သခင်မက ခပ်ဖွဖွရယ်မောလိုက်သည်။
"ဘိုးဘေးကြီးကတော့ အဲ့ဒီလိုအခွင့်အရေး ရမယ်မထင်ဘူး၊ သူက ဒီရက်ပိုင်းတွေမှာ တံခါးပိတ်ကျင့်ကြံနေတာ။"
"ဒါဆိုလည်း ထားလိုက်ပါတော့၊"
လုရီက သူ၏နှမြောမှုကို ထုတ်ဖော်ပြောလိုက်သည်။
အဖွဲ့သည် ယခုလေးတင် ပြန်ရောက်လာပြီး
လင်းလောင်တောင်ထိပ် သခင်မကိုပါ ခေါ်ဆောင်ကာ ဆက်လက်ထွက်ခွာသွားကြသည်။
သူတို့သည် ယွီဟန်ကွမ်းနှင့် ယွီယွမ်ဝူတို့ကို ခေါ်မသွားခဲ့ကြပေ။ အကြောင်းမှာ နှစ်ဦးလုံးသည် ဤရက်ပိုင်းများတွင် တံခါးပိတ်ကျင့်ကြံနေကြပြီး လေးလေးနက်နက် ကျင့်ကြံရန် လိုအပ်သောကြောင့်ဖြစ်လေ၏။
သို့နှင့် နေနီလှေပျံသည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ကြယ်တာရာတံခါးပေါက် တစ်ခုပြီးတစ်ခုကို ဖြတ်သန်းကာ ကျောက်စိမ်းကြယ်တာရာသို့ မြန်ဆန်စွာ ပြန်ရောက်သွားတော့သည်။
ယွီလင်းလောင်၏ အိမ်တော်သို့ ဝင်ရောက်သော် သူတို့ကို ယွီမိသားစု၏ သခင်မကြီး ယွီရှန်းယွင်က ကြိုဆိုခဲ့ပြီး ယွီမိသားစုသခင် ယွီရှင်းမှာမူ မရှိနေခဲ့ပေ။
သူမ၏မျက်နှာထက်တွင် နူးညံ့သော အပြုံးတစ်ခုဖြင့် ယွီရှန်းယွင်က တိတ်ဆိတ်စွာ ရှင်းပြသည်။
"မင်းအဖေက တံခါးပိတ်ကျင့်ကြံနေတယ် ၊
လင်းလောင်။ ဘာများအရေးကြီးလို့ ငါတို့ကို အလျင်အမြန် လာရှာရတာလဲ။ ရီအာတောင် ပြန်ရောက်လာတယ်၊ မင်းတို့ ပုံမှန်ဆို ပြန်လာလေ့မရှိပါဘူး။"
ယွီရှန်းယွင်က လုရီကို ကြည့်ကာ ခပ်ဖွဖွစနောက်လိုက်ရာ လုရီ အနည်းငယ် ရှက်သွားသည်။
သူက အိုးတိုးအမ်းတမ်း ရယ်မောလိုက်သည်။
"ဟဲဟဲ၊ တကယ်တော့ ဒီတစ်ခေါက် ယွီမိသားစုရဲ့ အကူအညီလိုတာ ကျွန်တော်ပါ။"
ယွီရှန်းယွင်က မျက်ခုံးပင့်လိုက်ပြီး လုရီကို အံ့ဩစွာဖြင့် တစ်ချက်ကြည့်လိုက်သည်။
"ရီအာက အကူအညီ လိုတယ်လို့တော့ ငါ မထင်ထားခဲ့ဘူး။"
မည်သို့ပင် ဖြစ်စေ လုရီ၏ ပါရမီမှာ အင်မော်တယ် အရှင်သခင်နယ်ပယ်ရှိ ယွီမိသားစုဘိုးဘေးပင်လျှင် မမီနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းပြီး သူ၏တိုက်ခိုက်ရေးစွမ်းအားမှာလည်း ပြိုင်ဘက်ကင်းလှ၏။
ထို့အပြင် ယခုအခါ မျက်လုံးသုံးလုံးကြယ်တာရာနယ်မြေမှ စွမ်းအားရှင်တိုင်းနီးပါးသည် လုရီနှင့် ယွီမိသားစု၏ ဆက်ဆံရေးကို သိရှိကြရာ လုရီကို မလေးမစားပြုဝံ့သူ အခြေခံအားဖြင့် မရှိတော့ပေ။
လုရီက ဘာများ အကူအညီလိုနိုင်မည်နည်း။
"ပြောသာ ပြောပါ ရီအာ။ မင်းက ငါတို့ယွီမိသားစုအတွက် အများကြီး ပံ့ပိုးပေးခဲ့တာ၊ မင်းရဲ့ကိစ္စတွေက ငါတို့ယွီမိသားစုရဲ့ ကိစ္စတွေပဲ။ ငါကတော့ မင်းကို အမြန်ဆုံး ယွီမိသားစုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာစေချင်နေတာကွယ်"
ယွီရှန်းယွင်က ထိုသို့ ဆိုရင်း သူမ၏ဘေးမှ
လင်းလောင်တောင်ထိပ် သခင်မကို တစ်ချက်ကြည့်လိုက်ပြီးနောက် လုရီကို ပြုံးတစ်ဝက်မျက်နှာဖြင့် စနောက်လိုက်သည်။
ထိုအခါမှာ လင်းလောင်တောင်ထိပ်သခင်မ၏ မျက်နှာထက်တွင် ကြောက်ရွံ့မှု အရိပ်အယောင်တစ်ခု ပေါ်လာ၏။ ယွီရှန်းယွင်၏ လွှမ်းမိုးမှုကို ခံရမည်ကို ကြောက်ရွံ့နေသည့်အလား ထင်ရလေသည်။
လုရီက ခပ်ဖွဖွ ချောင်းဆိုးလိုက်ပြီး တုန်လှုပ်ခြင်းမရှိခဲ့ပေ။
ယွီရှန်းယွင်က ဤအပေါ်တွင် ဆက်မပြောတော့ဘဲ အတည်ပေါက်မေးလိုက်တော့သည်။
"ရီအာ၊ ဆက်ပြောလေ၊ ဘာကိစ္စလဲ။"