အခန်း (၄၇၀)
Vol. 21 Ch. 470
ယဲ့ယွီ၏ ရုတ်တရက် အလေးအနက်ထားသော အကြည့်ကို ရန်ကျင်းကျင်းက အနည်းငယ် မသက်မသာ ဖြစ်နေသည်။ ယဲ့ယွီသည် သူမအတွက် အမြဲတမ်း တိုးတက်အောင်ကြိုးစားချင်စိတ်များဖြစ်ပေါ်စေသည့် လှုံ့ဆော်မှု ဖြစ်နေခဲ့သည်။ ရန်ကျင်းကျင်းသည် နှုတ်ဖြင့် ချီးကျူးခြင်းက အကျိုးသက်ရောက်မှု မရှိဘူးဆိုတာ ရှင်းရှင်းလင်းလင်း သိနေသော်လည်း ဒါက တကယ်ကို စိတ်လှုပ်ရှားစရာကောင်းသည်။ သူမသည် ဘာမှ မရရင်တောင် အချိန်အကြာကြီး ပျော်ရွှင်နေနိုင်သေးသည်။ ဒါက သူတို့နှစ်ဦး ပထမဆုံး အလေးအနက်ထား ပြောဆိုခြင်းဖြစ်ပြီး အရင်က တစ်ခါမှ မရှိခဲ့ပေ။
ရန်ကျင်းကျင်းက " ဘာလို့ ရုတ်တရက် ဒီလိုမေးတာလဲရှင့်? " ဟု စူးစမ်းစွာ မေးလိုက်သည်။
ယဲ့ယွီက "ငါ မေးဖို့ လိုတယ်လို့ ထင်လာလို့လေ မင်းရဲ့ကြိုးစားမှုတွေကထိုက်တန်လာတယ်" ဟု ညင်သာစွာ ပြောလိုက်သည်။
"မင်း တစ်ချိန်က လက်စားမချေရသေးတဲ့ ကြီးမားတဲ့ ရန်ငြိုးတစ်ခု ရှိတယ်လို့ ပြောခဲ့ဖူးတယ် ဘာဖြစ်ခဲ့တာလဲ? "
ရန်ကျင်းကျင်း၏ မျက်နှာပေါ်ရှိ အပြုံးက ဖြည်းဖြည်းချင်း မှေးမှိန်သွားသည်။
သူမ စကားပြောတော့မယ့်အချိန်မှာ
ကြောက်မက်ဖွယ်ကောင်းတဲ့ ဖိအားတစ်ခု ရုတ်တရက် ပေါ်လာပြီး ချူယန်မြို့တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်!
ချက်ချင်းပဲ မိစ္ဆာအငွေ့သက်များပြည့်နှက်ကာ ဖိအားများစွာပါဝင်သော အသံတိုးတိုးလေး ထွက်ပေါ်လာသည်
"ရန်ကျင်းကျင်း၊ မင်း ဒီလို ဝေးလံခေါင်ဖျားတဲ့ နေရာမှာ ပုန်းနေရင် ဘယ်သူမှ ရှာမတွေ့နိုင်ဘူးလို့ တကယ် ထင်နေတာလား? "
ဒီစကားကို ကြားသောအခါ ရန်ကျင်းကျင်း၏ အမူအရာက လုံးဝ ပြောင်းလဲသွားသည်။ သူမသည် လှည့်ပြီး သင်းမိသားစု၏ ကောင်းကင်မှ ရုတ်တရက် ပျံထွက်သွားသည်။
ဒါကို မြင်သောအခါ ယဲ့ယွီသည် သူမ၏ နောက်သို့ အနီးကပ် လိုက်သွားသည်။
အပြင်သို့ ထွက်လာပြီးနောက် ကောင်းကင်တွင် ရပ်နေသော အသက်လတ်ပိုင်း အမျိုးသားနှစ်ဦး ရှိနေကြောင်း သူ တွေ့ရှိခဲ့သည်။
သူတို့ထဲက တစ်ဦးကို ယဲ့ယွီက အရင်က မြင်ဖူးခဲ့သည်။ သူက ရန်ကျင်းကျင်းက သောင်းအဆိပ် ကျောက်ရိုးရွက်နဲ့ မောင်းထုတ်ခဲ့တဲ့သူပဲ။
အခုတော့ ပြန်လာရုံသာမက
နောက်ထပ် အကူအညီပေးသူတစ်ဦးကိုပါ ခေါ်လာခဲ့သည်
ဘာမတွန့်ဆုတ်ဘဲ ယဲ့ယွီသည် သူ့သိုလှောင်လက်စွပ်ထဲမှ သောင်းအဆိပ် ကျောက်ရိုးရွက်ကို ထုတ်ယူပြီး ရန်ကျင်းကျင်းကို ပေးလိုက်သည်။
ဒါပေမယ့် အံ့အားသင့်စရာကောင်းတာက
ရန်ကျင်းကျင်းက မယူရုံသာမကဘဲ ပြန်တွန်းလိုက်သည်။
သူမက ခါးသက်သော အပြုံးတစ်ချက်ကို ပြုံးလိုက်ပြီး " အကြီးအကဲ၊ ဒါက အသုံးမဝင်ဘူး ကျွန်မ ဒီတစ္ဆေကျင့်ကြံသူနတ်ဘုရားလက်နက်ကို ရှင့်ကို ပေးလိုက်တာ ကျွန်မ မျှော်လင့်တာက ရှင့် ဒါကို တန်ဖိုးထားလိမ့်မယ် " ဟု စိတ်ထဲတွင် ပြောလိုက်သည်
ဒါက ယဲ့ယွီကို တစ်ခုခု မှားယွင်းနေကြောင်း သဘောပေါက်စေခဲ့သည်။
"ဘာဖြစ်နေတာလဲ? " ဟု လျင်မြန်စွာ မေးလိုက်သည်။
ရန်ကျင်းကျင်းသည် ခဏတာ တွေဝေပြီးနောက် "အကြီးအကဲ၊ သူတို့က လုကျုံးနဲ့ ကျောက်ကျင်းချီပဲ ဖြစ်နိုင်ရင် သူတို့ရဲ့ ပုံပန်းသဏ္ဌာန်တွေကို မှတ်ထားပါ ရှင့် ထိပ်ဆုံးကို ပြန်ရောက်ရင် ကျွန်မကို လက်စားချေဖို့ ကူညီပေးပါ!" ဟု စိတ်ဖြင့် ပို့လိုက်သည်။
ဒီစကားကို ကြားသောအခါ ယဲ့ယွီ၏ မျက်ခုံးများသည် အနည်းငယ် မြင့်တက်သွားသည်။
သူသည် လုကျုံး၏ နာမည်ကို မရင်းနှီးခြင်း မဟုတ်ပေ။
နယ်သာလောကတွင် တစ္ဆေကျင့်ကြံသူစွမ်းအင်များ ပြန်လည်နိုးထလာပြီးကတည်းက
တစ္ဆေကျင့်ကြံသူဘုံ၏ ဘုန်းကြီးကြီးက နိုးထလာသည်
လုကျုံးသည် လက်ရှိအချိန်အထိ အစွမ်းအထက်ဆုံးနဲ့ တန်ခိုးကြီးမားမှုအရှိဆုံး တစ္ဆေကျင့်ကြံသူ ဖြစ်နေသည်
တစ်နှစ်အတွင်းမှာပဲ သူသည် တစ္ဆေကျင့်ကြံသူမြို့ပေါင်း တစ်ရာကို ထိန်းချုပ်နိုင်ခဲ့ပြီး တကယ်ကို တိုးတက်လာခဲ့သည်!
တချို့ကတောင် တစ္ဆေကျင့်ကြံသူစွမ်းအင် ဆက်လက်နိုးထခြင်းရပ်တန့်သွားကာ တစ္ဆေကျင့်ကြံသူဘုရင်ဘုံအဆင့် သခင်တစ်ပါးမှ နိုးထမလာရင်
အများဆုံး အနှစ်သုံးဆယ်အတွင်း လုကျုံးသည် နယ်သာလောကတစ်ခုလုံးရဲ့ အမြင့်ဆုံး အုပ်စိုးရှင် ဖြစ်လာနိုင်ဖို့ အခွင့်အရေး အများကြီးရှိတယ်လို့ ခန့်မှန်းခဲ့ကြသည်
ဒီအကြောင်းကြောင့်ပင် ယဲ့ယွီသည် ချူယန်မြို့၏ အတွင်းပိုင်းတွင် နေထိုင်နေသော်လည်း သူ့နာမည်ကို ကြားခဲ့ရသည်
ရန်ကျင်းကျင်း၏ ရန်သူက ဒီလိုလူတစ်ယောက် ဖြစ်လိမ့်မယ်လို့ ကျွန်တော် တစ်ခါမှ မတွေးခဲ့ဖူးဘူး
ဒါက နယ်သာလောကက အခက်အခဲပဲ
ယဲ့ယွီသည် မျက်မှောင်ကြုတ်လိုက်မိသည်။
ဤအချိန်တွင် ရန်ကျင်းကျင်းက မောင်းထုတ်ခဲ့သော ကျောက်ကျင်းချီသည် လှောင်ပြောင်လိုက်ပြီး မင်းကို တစ်နှစ်လောက် မတွေ့ရတာ၊ မင်း ဒီတစ္ဆေကျင့်ကြံသူကောင်လေးနဲ့ ရှိနေသေးတယ်ဆိုတာ မယုံနိုင်ဘူး ဟု ပြောလိုက်သည်။
မင်းက သူ့ကို တိတ်တိတ်လေး ချစ်မိနေပြီး သူ့ရဲ့ လမ်းခရီးဖော် ဖြစ်ဖို့ ဆုံးဖြတ်လိုက်ပြီလား?
ရန်ကျင်းကျင်းသည် ဒီလို လှောင်ပြောင်မှုကို နားထောင်ပြီး ကျောက်ကျင်းချီကို လျစ်လျူရှုလိုက်သည်။ အစားထိုးအနေဖြင့် သူမသည် လုကျုံးကို ကြည့်ပြီး အခုတော့ ကျွန်မ ရှင့်နဲ့ နာခံစွာ ပြန်လိုက်လာဖို့ ဆန္ဒရှိပါတယ် ကျမပြောတာကိုဘယ်လိုသဘောရပါသလဲရှင့်? ဟု ညင်သာစွာ ပြောလိုက်သည်။
ကျောက်ကျင်းချီသည် မာနကြီးစွာကျောကိုဆန့်ပီး ရပ်လိုက်ပြီး " အိပ်မက်မက်မနေနဲ့! ငါ မင်းကို လုကျုံးဧကရာဇ်ကို ရှာဖို့အတွက် ငါဆီ ပြန်လာဖို့ အရင်ကတောက်လျောက်ပြောခဲ့တယ်လေ
ဒါပေမယ့် မင်းက တိုက်ရိုက်ငြင်းဆန်ခဲ့တယ်!
အခု နောင်တရဖို့ နောက်ကျသွားပြီ! " ဟု ပြင်းထန်စွာ ပြောလိုက်သည်။
ရန်ကျင်းကျင်း၏ အမူအရာသည် အေးခဲသွားပြီး "ကျောက်ကျင်းချီ၊ လုကျုံးသာ ဒီမှာ မရှိရင် ငါ မင်းကို သတ်ပစ်မှာ ငါ့ကို ယုံလား?" ဟု အသံနက်ကြီးဖြင့် ပြောလိုက်သည်။
ကျောက်ကျင်းချီ၏ အမူအရာသည် ရုတ်တရက် အဆင်မပြေဖြစ်သွားသည်။
ပြန်ပြောချင်ပေမယ့် ဘယ်လို ပြောရမှန်းမသိဘူး
သူနဲ့ ရန်ကျင်းကျင်းက တူညီသောနယ်သာတစ္ဆေကျင့်ကြံသူဘုံကျင့်ကြံမှုမှာ နှစ်ယောက်စလုံး ရှိနေသည်
သို့သော် သူ၏ အင်အားကို ရန်ကျင်းကျင်းက အမြဲတမ်း ကျော်လွန်နေသည်
ရန်ကျင်းကျင်း ပြောတာ မှန်သည်။ သူသည် လုကျုံးရဲ့ ရှိနေခြင်းကို အခွင့်ကောင်းယူပြီး ဒီလောက် မာနထောင်လွှားစွာ ပြုမူနေခဲ့ခြင်းသာ ဖြစ်သည်။
ဒါပေမယ့် လူအများရှေ့မှာ ဒီလိုမျိုး အပြန်အလှန်တုံ့ပြန်ခံရတာက ကျောက်ကျင်းချီကို တကယ်ကို စိတ်မသက်မသာ ဖြစ်စေခဲ့တယ်!
ထို့နောက် သူသည် သူ့ဘေးရှိ လုကျုံးကို ကြည့်ပြီး " သခင်၊ သူမ… " ဟု တိုးတိုးလေး ပြောလိုက်သည်
ကျောက်ကျင်းချီ စကားမဆုံးမီ
လုကျုံးသည် သူ၏ လက်ကို အနည်းငယ် မြှောက်လိုက်ပြီး အင်အားကြီးမားသော လေထုလှိုင်းတစ်ခုသည် ကျောက်ကျင်းချီကို ထောင်ပေါင်းများစွာသော မိုင်များအဝေးသို့ ချက်ချင်းနေရာရွှေ့ပြောင်းသည်ထက်ပင်မြန်ဆန်စွာ တွန်းထုတ်လိုက်သည်
ဆူညံလှုပ်ရှားနေသည်!
လုကျုံးသည် ယဲ့ယွီကို ကြည့်လိုက်ပြီး ရန်ကျင်းကျင်းကို ကြည့်လိုက်သည်
"ငါ နင့်ကို လွန်ခဲ့တဲ့ အချိန်အကြာကြီးကတည်းက ပြောခဲ့ပြီးသား နင် ငါတောင်းဆိုခဲ့တဲ့အရာတွေကို လွှဲပေးလိုက်ရင် ငါ နင့်ကို အပြစ်မတင်ရုံသာမကဘဲ နင့်ကို လက်ထပ်ပြီး ကောင်းမွန်တဲ့ ကံကြမ္မာတစ်ခုကို ပေးမယ် လို့အမြဲစဉ်းစားနေခဲ့တယ်" ဟု တိုးတိုးလေး ပြောလိုက်သည်
"ဒါပေမယ့် နင်က အခုထိ ခေါင်းမာနေတုန်းပဲ!
နင် တကယ်ပဲ ငါ့ရဲ့ သည်းခံမှုက ဘယ်တော့မှ မပြီးဆုံးနိုင်ဘူးလို့ ထင်နေတာလား? "
ရန်ကျင်းကျင်း၏ မျက်လုံးများ အနည်းငယ် နီရဲလာပြီး "လုကျုံး၊ ငါ အားလုံး သိနှင့်ပြီးသား!" ဟု အော်လိုက်သည်။
"နင်က ငါ့အဖေကို သတ်ခဲ့တယ်၊ ပြီးတော့ သူ့ရဲ့ ပိုင်ဆိုင်မှုတွေကို ခိုးယူချင်တယ်
ရယ်စရာကောင်းတာက နင်က ငါ့ကို လက်ထပ်ချင်နေတုန်းပဲ ဒါက ဘာကံကြမ္မာလဲ?
နင် မသေသေးတာကို ငါအစွမ်းစနည်းတဲ့ငါ့ကိုငါ တော်တော်လေး မုန်းတီးမိတယ်! "
ဒီစကားကို ကြားသောအခါ လုကျုံး၏ အေးခဲနေသော မျက်နှာတွင် စိတ်ခံစားမှု အနည်းငယ် ပေါ်လာသည်။
အချိန်သည် လွန်ခဲ့သော နှစ် ၃၀၀၀၀ သို့ ပြန်သွားသည်
ထိုအချိန်တွင် လုကျုံးသည် ကောင်းကင်တစ္ဆေကျင့်ကြံသူဘုံ၏ အစောပိုင်းအဆင့်တွင်သာ ရှိနေသေးသည်
ပြီးတော့ သူ့ရဲ့ သခင်က ရန်ကျင်းကျင်းရဲ့ အဖေ ရန်ခုံးကျီ ဖြစ်သည်
ထိုအချိန်တွင် ရန်ခုံးကျီသည် နယ်သာတစ္ဆေကျင့်ကြံသူအဆင့်၏ ထိပ်ဆုံးသို့ ရောက်ရှိနေနှင့်ပြီးသား ဖြစ်သည်
သူသည် လုကျုံးကို အလွန် အလေးထားပြီး သူ့ရဲ့ သမီး ရန်ကျင်းကျင်းနဲ့ လက်ထပ်ပေးဖို့တောင် ရည်ရွယ်ခဲ့သည်
ဒါပေမယ့် အဲဒီအချိန်မှာ ရန်ကျင်းကျင်းက အရမ်းကို ကလေးဆန်သောသဘောထားနှင့် ကစားတတ်ပြီး အချစ်ရေးကို စိတ်မဝင်စားခဲ့ဘူး၊ ဒါကြောင့် သူမ ဘယ်တော့မှ သဘောမတူခဲ့ဘူး
နောက်ပိုင်းတွင် လုကျုံးနဲ့ ရန်ခုံးကျီတို့သည် လျှို့ဝှက်နေရာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်
သူတို့နှစ်ဦးစလုံး အတူတူ ဝင်ရောက်ခဲ့ကြသည်
ဒါပေမယ့် တစ်လခွဲကြာပြီးနောက် လုကျုံးတစ်ယောက်တည်းသာ ထွက်လာသည်
သူသည် ကြီးမားသော ကျောက်တုံးကြီးတစ်ခုကို ရရှိခဲ့ပြီး ၎င်းက လျှို့ဝှက်ဘုံရဲ့ ရတနာဖြစ်ကြောင်း၊ သူ့ရဲ့ သခင် ရန်ခုံးကျီက လျှို့ဝှက်ဘုံမှာ သေဆုံးသွားကြောင်း ပြောခဲ့သည်
ဒီသတင်းကို ကြားပြီးနောက် ရန်ကျင်းကျင်း၏ နှလုံးသားက ကွဲကြေသွားခဲ့သည်။
လုကျုံးသည် သူမကို ဂရုစိုက်ဖို့ ထပ်မံ ကမ်းလှမ်းခဲ့သည်
ဒါပေမယ့် ရန်ကျင်းကျင်းက ငြင်းပယ်ခဲ့သည်
လုကျုံးသည် သူ ဆက်လက် ကြိုးစားနေသရွေ့ ရန်ကျင်းကျင်း၏ အချစ်ကို ရရှိနိုင်လိမ့်မယ်လို့ အစက ထင်ခဲ့သည်
ဒါကြောင့် သူသည် သူမကို တိုက်ခိုက်ဖို့ အလျင်စလို မလုပ်ခဲ့ဘူး
သို့သော် လုကျုံး မမျှော်လင့်ခဲ့သည်မှာ
နှစ်ရက်ကြာပြီးနောက် သူ ကျောက်တုံးရဲ့ လျှို့ဝှက်ချက်ကို နားမလည်ခင်မှာ
ရန်ကျင်းကျင်းသည် ရုတ်တရက် ပစ္စည်းကို ခိုးယူပြီး အဝေးသို့ ထွက်ပြေးခဲ့သည်။
ဒါက လုကျုံးကို အရမ်း ဒေါသထွက်စေခဲ့တယ်
အခုအချိန်အထိ ရေဆုံးမြေဆုံး နယ်သာလောကတစ်ခုလုံးရဲ့ အစွန်ဖျားပါမကျန်အောင် ရှာဖွေနေခဲ့သည်
ရန်ကျင်းကျင်း၏ ပြစ်တင်ရှုံ့ချမှုကို ရင်ဆိုင်ရသောအခါ လုကျုံးသည် အလျော့မပေးသေးပဲ
" နင် ဘာအဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ? ငါ သခင်ကို ဘယ်လိုလုပ် သတ်နိုင်မှာလဲ? " ဟု အသံနက်ကြီးဖြင့် ပြောလိုက်သည်
ရန်ကျင်းကျင်းသည် သူမ၏ သိုလှောင်လက်စွပ်ထဲမှ လူတစ်ယောက်လောက် အရပ်ရှည်သော ကြီးမားသော ကျောက်တုံးကို ထုတ်ယူလိုက်သည်
မျက်ရည်များဖြင့် သူမ၏ လက်တစ်ဖက်ကို ၎င်းပေါ်တွင် တင်လိုက်သည်
နောက်တစ်စက္ကန့်တွင် ကျောက်တုံးသည် မျက်စိကျိန်းစရာ အလင်းရောင် ထုတ်လွှတ်လိုက်ပြီး လုံးဝ ကွဲကြေသွားသည်
အလင်းရောင် မှေးမှိန်သွားသောအခါ
အရိုးဓားတစ်လက်သည် တဝှိးဝှီးတုန်ခါနေသော အပြာရောင် ရောင်စဉ်မနျားကိုထုတ်လွှတ်ကာ လူတိုင်း၏ ရှေ့တွင် ပေါ်လာသည်
ယဲ့ယွီသည် ၎င်းမှ အလွန်ကြောက်မက်ဖွယ်စွမ်းအားများဖြာထွက်နေကာ ပတ်ဝန်းကျင်လေဟာနယ်တခုလုံးကို အစွမ်းကုန် ဖိနှိပ်မှုကို ခံစားမိနိုင်သည်
၄၇၁ ဆက်ရန်