← Chapters

ယွီမိသားစုမှ လက်ဆောင်တစ်ခု (၂)...

Vol. 51 Ch. 758

ယွီမိသားစုမှ လက်ဆောင်တစ်ခု (၂)...

Vol. 51 Ch. 758

~လုရီက ရုတ်တရက် နားလည်သဘောပေါက်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။

"ဒီလိုကိုး။"

"ဒါဆို ထျန်းယန် စံအိမ်က ဖရိုဖရဲကြယ်တာရာနယ်မြေထဲက အင်အားကြီးအဖွဲ့အစည်းတစ်ခုလား။"

လုရီ၏ မေးခွန်းအား ယွီရှင်းက မျက်ခုံးပင့်လိုက်ပြီး အတန်ငယ် လေးနက်သော အမူအရာဖြင့် ခေါင်းအသာခါလိုက်၏။

"အဲ့ဒီလိုတော့ မဟုတ်ဘူး။ ထျန်းယန်စံအိမ်က စကြဝဠာတစ်ခုလုံးမှာ ပျံ့နှံ့နေပြီး အလွန်အမင်း အစွမ်းထက်တဲ့ သြဇာအာဏာ ရှိတယ်။ သူ့ရဲ့ဌာနချုပ်က စကြဝဠာရဲ့ဗဟိုက ကောင်းကင်ဘုံမူလဇာစ်မြစ် ကြယ်တာရာ နယ်မြေမှာ တည်ရှိပြီး ထိပ်တန်းအင်အားကြီး အဖွဲ့အစည်းတွေထဲက တစ်ခုပဲ။ သူ့ရဲ့ ဌာနခွဲတွေက ကြားနေကြယ်တာရာနယ်မြေတိုင်းမှာ တည်ရှိပြီး ကြောက်စရာ ကောင်းတဲ့ အင်အားရှိတယ်။ ဒါက ရှေးခေတ်ကတည်းက လက်ဆင့်ကမ်းလာတဲ့ အမွေအနှစ်တစ်ခုလို့ ဆိုကြတယ်။"

ဤနေရာတွင် ယွီရှင်းက ခဏရပ်လိုက်ပြီး သူ၏အမူအရာမှာ အနည်းငယ် ထူးဆန်းသွားသည်။

"ငါက ကနဦးပိုင်းမှာတော့ မယုံခဲ့ဘူး၊ ဒါပေမဲ့ ဒီတစ်ခေါက် သူတို့က ရှေးဟောင်းကြယ်တာရာမြေပုံတစ်ခုကို ထုတ်ပြနိုင်ခဲ့တာက သူတို့ ရှေးခေတ်ကနေ တစ်ခုခုကို အမွေဆက်ခံခဲ့တာ၊ ဒါမှမဟုတ် အနည်းဆုံးတော့ အဲ့ဒီအကြောင်း သတင်းအချက်အလက် တချို့ကို ရယူခဲ့တာ ဖြစ်နိုင်ခြေတော်တော်များစေတယ်။ အခု စကြဝဠာထဲမှာ အင်မော်တယ်ဘုရင်တွေနဲ့ အင်ပါယာတွေ မရှိတော့ပေမယ့် အကယ်၍ တစ်ယောက်ယောက် အသက်ရှင်ကျန်ရစ်သေးတယ်လို့ ကောလာဟလတွေ ရှိခဲ့ရင် ထျန်းယန်

စံအိမ်က အဲ့ဒီပုဂ္ဂိုလ်တွေ ရှိနိုင်ချေ အရှိဆုံး အင်အားကြီး အဖွဲ့အစည်းတွေထဲက တစ်ခုဖြစ်လိမ့်မယ်။"

ဤစကားကို ကြားသော် လုရီလည်း အတော်လေး အံ့အားသင့်သွားပြီး ထျန်းယန်စံအိမ်က စကြဝဠာထဲတွင် ဤမျှ မြင့်မားသော ဂုဏ်သတင်းရှိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူတို့၏အင်အားမှာ အမှန်တကယ်ပင် ထူးကဲနေပုံရ၏။

လုရီက ခေါင်းညိတ်လိုက်သည်။

"ကျွန်တော်နားလည်ပါပြီ၊ အဲ့ဒီကြယ်တာရာမြေပုံရဲ့ စစ်မှန်မှုကို အတည်ပြုဖို့ နည်းလမ်းတစ်ခုခုများ ရှိပါသလား။"

ယွီရှင်းက ဤစကားကိုကြားသော် ရယ်မောလိုက်၏။

"အဲ့ဒီအတွက်တော့ စိတ်ပူစရာ မလိုပါဘူး။

ထျန်းယန်စံအိမ်က သတင်း အချက်အလက်တွေကို ကိုင်တွယ်ရောင်းဝယ်တာ ဖြစ်လို့ သဘာဝအတိုင်း ယုံကြည်မှုကို အရာအားလုံးထက် တန်ဖိုးထားတယ်။ မှားယွင်းတဲ့ သတင်းအချက်အလက်တွေကို မရောင်းဘူး။ အနည်းဆုံးတော့ ဒီနှစ်တွေ အားလုံးမှာ ထျန်းယန်စံအိမ်ကနေ ထွက်ပေါ်လာတဲ့ မှားယွင်းတဲ့ သတင်းအချက်အလက်ဆိုတဲ့ ဖြစ်ရပ်မျိုး မရှိခဲ့ဘူး။"

ယွီရှင်း၏ စကားကို ကြားပြီးနောက် လုရီသည် လုံးဝ စိတ်အေးသွားပြီး တောက်ပသော အပြုံးတစ်ခုကို ပြလိုက်သည်။

"ဒီကိစ္စအတွက် ဦးလေးယွီ ဒုက္ခခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။"

"ဟားဟားဟား၊ မင်းက ယွီမိသားစုအတွက် လုပ်ပေးခဲ့တာတွေနဲ့ နှိုင်းယှဉ်ရင် ဒါက ဘာမှ မဟုတ်ပါဘူး။ တခြားအရာတွေ မပြောဘဲနဲ့ ဟန်ကွမ်းနောက်ဆုံး တစ်ခေါက် ယူလာခဲ့တဲ့ ကြယ်တာရာတပ်မတော် အခင်းအကျင်း တစ်ခုတည်းနဲ့တင် ကြယ်တာရာ တပ်မတော်ကို အကြီးအကျယ် မြှင့်တင်ပေးနိုင်ခဲ့ပြီး ငါတို့ရဲ့အင်အားကို နှစ်ဆနီးပါး တိုးစေခဲ့တယ်။ အဲ့ဒီအတွက်တောင် ငါတို့ မင်းကို ကျေးဇူးမတင်ရသေးဘူး။"

"ဦးလေးယွီက အားနာနေပြန်ပြီ"

လုရီက ပြုံးလိုက်သည်။

"အဲ့ဒီ ကြယ်တာရာ မြေပုံက ဘယ်မှာလဲ။ ကျွန်တော် အခုပဲ ထွက်ခွာပြီး အဲ့ဒီစီနီယာ

အင်မော်တယ် ဘုရင်ရဲ့ မျိုးနွယ်မြေတွေကို သွားကြည့်လိုက်မယ်ဗျ။"

ယွီရှင်းက ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူကာ လုရီထံသို့ ကမ်းပေးလိုက်သည်။

"ဒါပဲ၊ ကြည့်လိုက်ဦး။"

သူက ကျောက်စိမ်းပြားကို အသက်သွင်းလိုက်ရာ ခန်းမထဲတွင် ကြယ်တာရာ ကောင်းကင် တစ်ခု ပေါ်လာပြီး တောက်ပစွာ ထွန်းလင်းနေတော့သည်။

ထို့နောက် ယွီရှင်းက ကြယ်တာရာကောင်းကင်၏ ထောင့်တစ်နေရာကို ညွှန်ပြကာ မေးလိုက်သည်။

"ရီအာ၊ မြင်လား။ ဒီဒေသက စီနီယာ ပေးခဲ့တဲ့ ကြယ်တာရာ မြေပုံနဲ့ အရမ်း မတူဘူးလား။"

လုရီက အရောင်ဖျော့သော အနီရောင်အရိပ်ယောင်၏ ကြယ်တာရာမြေပုံ ပုံရိပ်ကို ထုတ်ယူဖွင့်လှစ်လိုက်ပြီး သူ၏ နတ်ဘုရားအာရုံကို ဖြန့်ကျက်ကာ နှိုင်းယှဉ်ကြည့်လိုက်သည်။ မကြာမီမှာပင် သူ၏ မျက်နှာထက်တွင် အပြုံးရိပ် တစ်ခု တောက်ပလာခဲ့သည်။

၎င်းသည် အလွန်တူရုံမျှ မကဘဲ တစ်ထေရာတည်းနီးပါး တူညီနေခဲ့၏။

"ဒါက ဒီနေရာပဲ ဖြစ်ပုံ ရပါတယ်။ ဦးလေးယွီ၊ ဒီဒေသက အခု ဘယ်နေရာနဲ့ ကိုက်ညီလဲ ခင်ဗျ။"

ဤစကားကို ကြားသော် ယွီရှင်းက မျက်ခုံးအနည်းငယ် တွန့်လိုက်ပြီး အတန်ငယ် လေးလံသော အသံဖြင့်

"ဒါက... တန်ရှ ကြယ်တာရာနယ်မြေပဲ။ ဒါက

ငါတို့ထျန်းလော့ ကြယ်တာရာနယ်မြေကနေ အလင်းနှစ် တစ်သန်းနီးပါး ကွာဝေးတယ်ကွ၊ အတော်လေး အလှမ်းဝေးတာ။ ငါတို့

ထျန်းလော့ ကြယ်တာရာနယ်မြေရဲ့ ကြယ်တာရာတံခါးပေါက်တွေက အချင်းချင်း ချိတ်ဆက်ထားပေမယ့် တခြား ကြယ်တာရာ နယ်မြေတွေကို သွားဖို့ဆိုရင် ကြယ်တာရာ တံခါးပေါက်တွေက အသုံးမဝင်သလောက် ဖြစ်ပြီး နေရာလပ်ဖြတ်ကျော် မဟာအခင်းအကျင်းကိုပဲ အားကိုးရတာပေါ့၊ အဲ့ဒါက အရင်းအမြစ်တွေနဲ့ အချိန်တွေအများကြီး ကုန်ဆုံးစေတယ်ကွ။"

ဤစကားကို ကြားသော် လုရီလည်း အတန်ငယ် ဒုက္ခရောက်သွားသလို ခံစားမိသည်။

အရင်းအမြစ်များ ဖြုန်းတီးရခြင်းမှာ ပြဿနာမဟုတ်ပေ၊ မည်သို့ပင်ဖြစ်စေ သူသည် ကျိုယိုချီစစ်မြေပြင်ကို တစ်ကြိမ်သွားတိုက်လိုက်ရုံဖြင့် အရင်းအမြစ်များ ချက်ချင်းရရှိနိုင်သောကြောင့်ဖြစ်သည်။

သို့သော် အချိန်ဖြုန်းတီးရခြင်းမှာမူ စိတ်အနှောင့်အယှက်ဖြစ်စရာပင်။ ကောင်းကင်ယာဉ်ပျံပေါ်မှ ကျင့်ကြံခြင်းအခြေအနေများသည် ဂူစံအိမ်မှ အခြေအနေများနှင့် မယှဉ်နိုင်ဘူး မဟုတ်ပါလား။

သူ၏ လင်းလောင်တောင်ထိပ်ပေါ်မှ ဂူစံအိမ်သည် အင်မော်တယ်ဆေးပင်များဖြင့် ပြည့်နှက်နေပြီး အားကောင်းသော ဝိညာဉ်စုစည်းခြင်း အင်မော်တယ်အခင်းအကျင်းများဖြင့် ဝန်းရံထားသည်။ ဝိညာဉ်စွမ်းအင်၏ သိပ်သည်းမှုမှာ ကျောက်စိမ်းကြယ်နှင့် နှိုင်းယှဉ်နိုင်ပြီး မလျော့နည်းလျှင်ပင် ပတ်ဝန်းကျင်မှာ ပို၍ပင်ကောင်းမွန်သေးသည်။

ကောင်းကင်ယာဉ်ပျံပေါ်တွင်မူ အခြေအနေများမှာ ဤမျှ အဆင်ပြေလှမည် မဟုတ်ပေ။

သို့တိုင်အောင် ဤသည်မှာ သူ ပြီးမြောက်အောင်မြင်ရမည့် အလုပ် ဖြစ်လေသည်။ ယခုအချိန်တွင် လုရီထံ၌ နောက်ဆုတ်ရန် အတွေးများ မရှိတော့ချေ။

သူက ခေါင်းညိတ်လိုက်သည်။

"အဆင်ပြေပါတယ်၊ ကျွန်တော် လမ်းမှာ အမြန်ဆုံးသွားပါ့မယ်။"

လုရီကို မြင်သော် ယွီရှင်းက အကူအညီမဲ့စွာ သက်ပြင်းချလိုက်၏။

"အနှောင့်အယှက် အဖြစ်ဆုံးအပိုင်းက အကွာအဝေးမဟုတ်ဘူး၊ တန်ရှ ကြယ်တာရာ နယ်မြေနဲ့ ထျန်းလော့ ကြယ်တာရာ နယ်မြေကြားမှာ

ရာရှိုမွန် ကြယ်တာရာ နယ်မြေက တည်ရှိနေတာပဲ။ တန်ရှ ကြယ်တာရာ နယ်မြေကို အမြန်ဆုံးသွားဖို့ဆိုရင် ရီအာ..မင်းအနေနဲ့...ရာရှိုမွန် ကြယ်တာရာ နယ်မြေကို ဖြတ်သွားရလိမ့်မယ်။ ရာရှိုမွန် မျိုးနွယ်ရဲ့ ငါတို့ ထျန်းလော့ ကြယ်တာရာ နယ်မြေအပေါ် သဘောထားကို ထည့်စဉ်းစားရင် မင်းကိုသာ တွေ့ရှိသွားခဲ့ရင် နောက်က လိုက်အဖမ်းခံရပြီး ဆိုးဆိုးဝါးဝါး အန္တရာယ်နဲ့ ကြုံရနိုင်တယ်။"

လုရီသည် ဤစကားကိုကြားသော် အနည်းငယ် မှင်တက်သွားသည်။

သူ၏ နှုတ်ခမ်းများ အနည်းငယ်တွန့်သွား၏။

"တခြား နည်းလမ်း မရှိဘူးလားဗျ။"

"ရှိတာပေါ့၊ ဒါပေမဲ့ လမ်းပတ်သွားရလိမ့်မယ်။

ရာရှိုမွန်ကြယ်တာရာနယ်မြေက ငါတို့ထျန်းလော့ကြယ်တာရာနယ်မြေထက် မသေးငယ်ဘူး၊ လမ်းပတ်သွားရင် အချိန်အများကြီး ပိုကုန်လိမ့်မယ်။ ဒါပေမဲ့ အများကြီး ပိုလုံခြုံမှာတော့ သေချာတယ်။ ဒါကတော့ မင်းရွေးချယ်ရမှာပဲ၊" ဟု

ယွီရှင်းက ဆို၏။

ဤစကားကို ကြားသော် လုရီ၏ နှုတ်ခမ်းများ တစ်ဖန် တွန့်သွားပြန်သည်။

တစ်ခဏမျှ စဉ်းစားပြီးနောက် သူက ပြောလိုက်သည်။

"ဒါဆိုရင်တော့ ကျွန်တော် ရာရှိုမွန်ကြယ်တာရာနယ်မြေကိုပဲ ဖြတ်သွားလိုက်ပါ့မယ်။ မတွေ့အောင်တော့ သေချာဂရုစိုက်ပါ့မယ်။"

မည်သို့ပင်ဖြစ်စေ အချိန်က ပို၍ အရေးကြီးသည် မဟုတ်လော။

လုရီ၏ စကားကိုကြားသော် ယွီရှင်းက များများစားစားမပြောတော့ဘဲ ခပ်ဖွဖွရယ်မောကာ အသာခေါင်းညိတ်လိုက်သည်။

"အဟားဟား...,မင်း ဒီလမ်းကို ရွေးလိမ့်မယ်လို့ ငါ ခန့်မှန်းပြီးသားပါ။"

"ဒီလိုဖြစ်မှတော့ ယွီမိသားစုမှာ မင်းအတွက် လက်ဆောင်တစ်ခုရှိတယ်ကွ၊"

စကားပြောနေစဉ်မှာပင် ယွီရှင်းက လက်

တစ်ဖဝါးစာအရွယ် ကျောက်စိမ်းဖြူ ကောင်းကင်ယာဉ်ပျံတစ်စင်းကို ထုတ်ယူလိုက်သည်။

ဤကျောက်စိမ်းဖြူ ကောင်းကင်ယာဉ်ပျံသည် ထူထပ်စွာထုပ်ပိုးထားသော လျှို့ဝှက်ဆန်းကြယ်သည့် တာအိုပုံစံများဖြင့် ဖုံးလွှမ်းနေပြီး မမှန်းဆနိုင်လောက်အောင် နက်ရှိုင်းသော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည်။

လုရီ.. တစ်ခဏမျှ မှင်တက်သွားပြီး မှင်သက်စွာဖြင့် ရေရွတ်လိုက်၏။

"ဒါက... ဖန်တီးမှု ဝိညာဉ်ရတနာအဆင့် ကောင်းကင်ယာဉ်ပျံလား။"

လုရီသည် တုန်လှုပ်မှုအနည်းငယ်ကို ခံစားလိုက်ရသည်။

ဖန်တီးမှု ဝိညာဉ်ရတနာများမှာ အလွန်အဖိုးတန်ပြီး အင်မော်တယ် အရှင်သခင်များပင်လျှင် ထိုသို့သော ကျင့်ကြံခြင်း ရတနာများကို

မပိုင်ဆိုင်ကြရာ ဤသို့သော ကောင်းကင်ယာဉ်ပျံမျိုးအတွက်မူ ပြောစရာပင် မလိုတော့ချေ။

ကောင်းကင်ယာဉ်ပျံ တစ်စင်းသည် ကျင့်ကြံခြင်းရတနာအားလုံးတွင် ဈေးအကြီးဆုံးဟုပင် သတ်မှတ်နိုင်ပြီး ၎င်း၏ တည်ဆောက်မှုအတွက် လိုအပ်သော များပြားလှသော ပစ္စည်းများကို ထည့်မပြောသေးပေ။ ၎င်းပေါ်တွင် ထွင်းထုထားသော အခင်းအကျင်း ပုံစံများနှင့် တာအိုပုံစံများသည် အခင်းအကျင်း တာအိုတွင် မြင့်မားသော ကျွမ်းကျင်မှု လိုအပ်ပြီး သာမန်အခင်းအကျင်း ပညာရှင်များ မအောင်မြင်နိုင်ကြပေ။

ဤသို့သော အဆင့်ရှိ ကောင်းကင်ယာဉ်ပျံမှာ အလွန်ရှားပါးလှပြီး ယွီမိသားစုတွင်ပင် ဒုတိယတစ်စင်းရှိ၊ မရှိ မသေချာပေ။

လုရီ၏ အံ့ဩနေသော အမူအရာကို မြင်သော်

ယွီရှန်းယွင်က မနေနိုင်ဘဲ ပြုံးလိုက်သည်။

"မင်းဒီလောက်တောင် အံ့ဩသွားလိမ့်မယ်လို့

မထင်ထားဘူးမလား။ ဒီကျောက်စိမ်းဖြူ ကောင်းကင်ယာဉ်ပျံကို အလင်းနှစ် သန်းပေါင်းများစွာ အပြန်အလှန် ခရီးသွားရမှာကို ထည့်စဉ်းစားပြီး မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေ ဖြစ်လာနိုင်လို့ မင်းကို ပေးတာ။ သဘာဝအတိုင်းပဲ ကောင်းကင်ယာဉ်ပျံက ပိုမြန်လေ ပိုကောင်းလေပဲ၊ ဒါကြောင့် မင်းကိုလက်ဆောင်ပေးတာလေကွာ။"

လုရီသည် မထိန်းချုပ်နိုင်ဘဲ တုံ့ဆိုင်းသွားမိသည်။

ကောင်းကင်ယာဉ်ပျံမှာ အမှန်တကယ်ပင် ထူးချွန်ပြီး သူ အမှန်တကယ်ပင် လိုအပ်နေပါသည်။ သို့သော်လည်း ဤသည်မှာ ဖန်တီးမှု ဝိညာဉ်ရတနာအဆင့် ကောင်းကင်ယာဉ်ပျံဖြစ်ပြီး အလွန်အမင်း အဖိုးတန်လှသည်လေ။

ထိုသို့သော လက်ဆောင်ကို လက်ခံရန် လုရီ အနည်းငယ် အားနာမိသည်။

"ဦးလေးယွီ၊ အဒေါ်ယွီ၊ ဒါက တန်ဖိုးကြီးလွန်း

မနေဘူးလားဗျာ။"

"ရီအာ..မင်းက ဒီနှစ်တွေတစ်လျှောက် ငါတို့ယွီမိသားစုအတွက် အများကြီးလုပ်ပေးခဲ့တာပဲ၊ ကောင်းကင်ယာဉ်ပျံကို ယူသွားလိုက်စမ်းပါ၊" ဟု သူတို့က တိုက်တွန်းကြသည်။

ယွီရှင်းက ခပ်ဖွဖွရယ်မောလိုက်ပြီး သူ၏

အင်မော်တယ်ဝိညာဉ်ချီက ကောင်းကင်ယာဉ်ပျံကို လွှမ်းခြုံကာ လုရီထံသို့ ပျံသန်းသွားစေသည်။

ဤသည်ကို မြင်သော် လုရီသည် ရှည်ရှည်ဝေးဝေးမပြောတော့ဘဲ ကောင်းကင်ယာဉ်ပျံကို လက်ခံလိုက်ပြီး ၎င်း၏ချောမွေ့သော မျက်နှာပြင်ကို ချက်ချင်းပင် ခံစားလိုက်ရသည်။

သူက ရယ်မောလိုက်ကာ

"ဒါဆိုရင်တော့ ကျွန်တော် အားမနာတော့ဘူး၊ ကျေးဇူးတင်ပါတယ် ဦးလေးယွီ၊ ကျေးဇူးတင်ပါတယ် အဒေါ်ယွီ။"

"ကောင်းပြီ၊ အရင်ဆုံး ကောင်းကင်ယာဉ်ပျံကို သန့်စင်လိုက်ဦး၊ ပြီးမှ မထွက်ခွာခင် သေချာပြင်ဆင်" ဟု ယွီရှင်းက ပြုံးကာ သတိပေးလိုက်သည်။

လုရီက ခေါင်းညိတ်ပြီးနောက် ယွီမိသားစုတွင် နေထိုင်လိုက်၏။

ဖန်တီးမှု ဝိညာဉ်ရတနာ တစ်ခုကို သန့်စင်ခြင်းမှာ သူ့ဘာသာသူ ဒုက္ခများသော အလုပ် တစ်ခု ဖြစ်သော်လည်း ကံကောင်းစွာဖြင့် လုရီ၏ ကျင့်ကြံမှုအခြေခံမှာ မြင့်မားလာပြီး သူ၏ စွမ်းဆောင်ရည်မှာလည်း တိုးတက်လာခဲ့သည်။

ကျောက်စိမ်းဖြူ ကောင်းကင်ယာဉ်ပျံကို သန့်စင်ပြီး သူ၏ အတွင်းကမ္ဘာထဲသို့ ထည့်သွင်းရန် သူ့ကို တစ်လကျော်သာ အချိန်ယူခဲ့ရသည်။

သူ၏ အတွင်းကမ္ဘာထဲတွင် ယခုအခါ ကမ္ဘာငယ်ပုလဲ၊ ဟင်းလင်းပြင်ခြေလှမ်း မူလအစ ဖိနပ်၊ ထာဝရအလင်းဒိုင်းနှင့် ကြယ်လှိုင်းကောင်းကင်ထွင်းဓား အပါအဝင် ဖန်တီးမှု ဝိညာဉ်ရတနာများစွာ ရှိနေလေသည်။

ဤဖန်တီးမှု ဝိညာဉ်ရတနာများသည် သူ၏အတွင်းကမ္ဘာထဲတွင် ပျံဝဲနေပြီး တာအိုစွမ်းအင်နှင့် ဖရိုဖရဲချီတို့က သူတို့ပတ်လည်တွင် လှည့်ပတ်နေကြသည်။ ရံဖန်ရံခါတွင် တာအိုစွမ်းအင်အမျှင်တန်းတစ်ခု စီးဆင်းသွားပြီး ဤရတနာများထဲသို့ ပေါင်းစပ်ဝင်ရောက်ကာ သူတို့ကို ညင်သာစွာ တစ်စတစ်စ သန့်စင်ပေးနေသည်။

ဤဖြစ်စဉ်သည် အချိန်အတော်ကြာ ဆက်လက်ဖြစ်ပေါ်နေခဲ့သည်။

ယင်းအပေါ်တွင် လုရီသည် အလွန်ကျေနပ်နေခဲ့သည်။

ဖန်တီးမှု ဝိညာဉ်ရတနာတစ်ခု မွေးရာပါ ဝိညာဉ်ရတနာတစ်ခုဖြစ်လာရန်၊ ဖန်တီးမှုကို မွေးရာပါအဖြစ်သို့ ပြောင်းလဲရန် အမှန်တကယ်ပင် တာအိုစွမ်းအင်၏ ပေါင်းစပ်မှုနှင့် သန့်စင်မှုကို လိုအပ်လေသည်။

ပြီးတော့ လုရီ၏ အတွင်းကမ္ဘာသည် တာအိုစွမ်းအင်နှင့် ပြည့်နှက်နေပြီး ဖရိုဖရဲချီ၏ အရိပ်အယောင်များပင် ရှိနေရာ ၎င်းသည် မွေးရာပါ ဝိညာဉ်ရတနာများကို သွင်းလုပ်ရန် အကောင်းဆုံးမီးဖိုဟု ဆိုနိုင်လေသည်။

ဤဖန်တီးမှု ဝိညာဉ်ရတနာများသည် အချိန်ရှိပြီး လုံလောက်သော တာအိုစွမ်းအင်ကို စုပ်ယူသမျှကာလပတ်လုံး သူတို့သည် နောက်ဆုံးတွင် မွေးရာပါ ဝိညာဉ်ရတနာများ၊ ဖြစ်နိုင်လျှင် မွေးရာပါ ရတနာများပင် ဖြစ်လာကြလိမ့်မည်။

ထိုအချိန်ကျလျှင် မွေးရာပါ ရတနာများဝတ်ဆင်ထားသော လုရီကို အင်မော်တယ် အင်ပါယာ တစ်ပါးပင်လျှင် မနာလိုဖြစ်စွာ ကြည့်ရှုနေရပေလိမ့်မည်။

All Chapters