← Chapters

တန်ရှ ကြယ်တာရာ နယ်မြေ၊ ချန်းယန်ကြယ် (၂)...

Vol. 51 Ch. 762

တန်ရှ ကြယ်တာရာ နယ်မြေ၊ ချန်းယန်ကြယ် (၂)...

Vol. 51 Ch. 762

~“…”

ကျင့်ကြံသူများသည် သူတို့၏ နတ်ဘုရား အာရုံများဖြင့် ဆက်သွယ် ပြောဆိုနေကြ၏။

တစ်ဦးစီတိုင်းက သူတို့၏ အသိမိတ်ဆွေများနှင့် သူငယ်ချင်းများကို တီးတိုး ပြောဆိုနေကြ၏။

သူတို့ထဲမှ အချို့၏ မျက်လုံးများထဲတွင် လောဘအရိပ်အယောင်များ တဖျပ်ဖျပ်လက်နေခဲ့သည်။

လုရီနှင့် သူ၏အဖော်များသည် ဤအရာကို အာရုံမစိုက်ခဲ့ကြပါ။ သူတို့ပတ်ပတ်လည်ကို ကြည့်လိုက်ပြီးနောက် လုရီက ဆိုလိုက်သည်။

"ဒီနေရာက အဲ့ဒီစီနီယာ ချန်ထားခဲ့တဲ့ ကြယ်တာရာမြေပုံနဲ့ မဝေးတော့ဘူး။ အရင်ဆုံး နေစရာ နေရာ တစ်ခု ရှာကြရအောင်၊ ပြီးမှ စုံစမ်း မေးမြန်းကြတာပေါ့"

လင်းလောင်တောင်ထိပ် သခင်မနှင့် အခြားသူများက ခေါင်းအသာညိတ်လိုက်ကြ၏။

ကျန်းရူယွီက မျက်မှောင်ကြုတ်လိုက်ပြီး လုရီထံသို့ သတင်းစကား တစ်စောင် ပေးပို့လိုက်သည်။

"တချို့လူတွေရဲ့ အကြည့်တွေက နည်းနည်း

မရိုးသားဘူးလို့ ထင်တယ်၊ ဘာပြဿနာမှ မရှိဘူးဆိုတာ သေချာရဲ့လား။ ထူးဆန်းတဲ့ ဂျူနီယာမောင်လေး"

လုရီက ရယ်မောလိုက်သည်။

"အဆင်ပြေပါတယ်၊ စိတ်မပူပါနဲ့၊ ကျွန်တော် ရှိပါတယ်။"

သူ့စကားအား ကြားသောအခါ ကျန်းရူယွီက ခေါင်းညိတ်လိုက်ပြီး ဆက်မပြောတော့ချေ။

သူမသည် လုရီအပေါ် အမြဲတမ်း ယုံကြည်မှု

ကြီးကြီးမားမား ရှိခဲ့၏။

မကြာမီမှာပင် သူတို့သည် တည်းခိုခန်း တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး ကြယ်တာရာခြင်ဆီဖြင့် ပေးချေပြီးနောက် ထိုနေရာတွင် တည်းခိုလိုက်ကြသည်။ သူတို့သည် အခန်း တစ်ခုကို ငှားရမ်းခဲ့၏။

အခန်းထဲသို့ ဝင်ရောက်လိုက်သည်နှင့် ကြွယ်ဝသော ဝိညာဉ်စွမ်းအင်ကို ခံစားလိုက်ရရာ သုန်းကုန်းမင်ယွဲ့က အံ့အားတသင့် အော်ဟစ်လိုက်မိသည်။

" ဒီက အခန်းတွေက ဒီလောက် ဈေးကြီးတာ၊

မအံ့သြတော့ပါဘူးဟယ်၊ ဒီလောက် အဆင့်မြင့်တဲ့ ဝိညာဉ်စုစည်းခြင်း အခင်းအကျင်း ရှိလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။"

လျိုနင်ရွှမ်းနှင့် အခြားသူများလည်း ခေါင်း

အသာညိတ်လိုက်ကြသည်။

ဤဝိညာဉ်စုစည်းခြင်း အခင်းအကျင်းသည် ကျောက်စိမ်းဖြူ ကောင်းကင်ယာဉ်ပျံပေါ်မှ

တစ်ခုကဲ့သို့ မကောင်းမွန်သော်လည်း များစွာနိမ့်ကျခြင်းမရှိခဲ့ပါ။

လင်းလောင်တောင်ထိပ်သခင်မကပင် သက်ပြင်းချလိုက်သည်။

"ငါအရင်က သတင်းအချက်အလက်တွေ

ဖတ်တုန်းက တန်ရှကြယ်တာရာ နယ်မြေက တကယ်ပဲ ဒီလောက် ခမ်းနားနိုင်မယ်လို့ သိပ်မယုံခဲ့ဘူး။ အမှန်တကယ် ဖြစ်လိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး၊ ဒီလိုမျိုး တည်းခိုခန်းက ကောင်းကင်ကြယ်တာရာ နယ်မြေထဲက နေရာအနည်းငယ်မှာပဲ တွေ့နိုင်တာ။"

လုရီက ပြုံးလိုက်သည်။

"ဘာပဲဖြစ်ဖြစ် ဒီနေရာမှာ အင်မော်တယ် အရှင်သခင် အဆင့် စွမ်းအားရှင်တွေ အတော်များများ ရှိတာကိုး... ဒီညတော့ အနားယူကြရအောင်၊ မနက်ဖြန်ကျရင် ငါတို့ အားလုံး အတူတူသွားပြီး စုံစမ်းကြတာပေါ့။"

ဤစကားကို ကြားသော် လျိုနင်ရွှမ်းနှင့် အခြားသူများက တစ်ဖန် ပြန်လည် ခေါင်းအသာညိတ်လိုက်ကြသည်။

ထို့နောက်တွင် လုရီသည် လျိုနင်ရွှမ်းနှင့် အခြားလေးယောက်ကို ကောက်ကျစ်သော အပြုံးဖြင့် အခန်းထဲသို့ ပြန်ဆွဲခေါ်သွားခဲ့ရာ လင်းလောင်တောင်ထိပ်သခင်မမှာမူ လေထဲတွင် တစ်ယောက်တည်း ရှက်ရွံ့ကာ စိတ်အနှောင့်အယှက်ဖြစ်စွာ ကျန်ရစ်ခဲ့လေသည်။

ဒီကောင်လေးက သူမကို တကယ်ပဲ သူစိမ်းတစ်ယောက်လို သဘောမထားတော့ပါလား။

...

နောက်တစ်နေ့ နံနက်စောစောတွင် အဖွဲ့သည် တည်းခိုခန်း၏ ပထမထပ်သို့ သွားရောက်ခဲ့ကြ၏။ ထိုနေရာတွင် ကြီးမားသော ထမင်းစားခန်းမတစ်ခု တည်ရှိသည်။

တည်းခိုခန်းတွင် အရသာရှိသော ဟင်းလျာများကို ကျွေးမွေးပြီး အားလုံးမှာ အဆင့်မြင့်

အင်မော်တယ် ရတနာများနှင့် အင်မော်တယ်အရက်များ ဖြစ်ကြပါ၏။

သို့သော် ဤအရာ အားလုံးထဲမှ တစ်ခုမျှ ဈေး

မပေါခဲ့ပါ။

သို့သော် လုရီ မရှားပါးဆုံးသော အရာမှာ ကြယ်တာရာခြင်ဆီ ဖြစ်ပြီး သူကိုယ်တိုင်မှာလည်း အင်မော်တယ် စားဖိုမှူး တစ်ဦး ဖြစ်သည့်အားလျော်စွာ အခြားဒေသများ၏ အထူးဟင်းလျာများကို မြည်းစမ်းလိုစိတ် ပြင်းပြနေခဲ့သည်။ စားပွဲအပြည့် အစာ အစုံအလင်ကို မှာကြားပြီးနောက် လုရီသည် သူ၏ ပတ်ပတ်လည်မှ ကျင့်ကြံသူများကို လေ့လာရင်း စတင် စားသောက်တော့သည်။

ဤတည်းခိုခန်း၏ စားသုံးမှု အဆင့်မှာ မြင့်မားလှရာ ဤနေရာတွင် နေထိုင်နိုင်သော ကျင့်ကြံသူများမှာ အားမနည်းကြပေ။ အားအနည်းဆုံးမှာ အနည်းဆုံး နက်ရှိုင်းခြင်း အင်မော်တယ် အဆင့်တွင် ရှိပြီး ရွှေအင်မော်တယ်အဆင့်မှ အားကောင်းသည့် ပုဂ္ဂိုလ်များစွာလည်း ရှိနေကာ လုရီသည် အင်မော်တယ် အရှင်သခင် အဆင့်ရှိသော အရှိန်အဝါ တစ်ခုကိုပင် မှိန်ဖျော့ဖျော့ ခံစားမိနေသည်။

ဤသို့သော စွမ်းအားရှင်မျိုးမှာ ကောင်းကင်ကြယ်တာရာ နယ်မြေတွင် ရှားပါးလှပြီး သူဤနေရာတွင် ဤမျှ စောစီးစွာ တစ်ဦးတစ်ယောက်နှင့် ကြုံတွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

လုရီ သူ၏ပတ်ပတ်လည်မှ ကျင့်ကြံသူများကို လေ့လာနေစဉ်မှာပင် သူတို့ကို ရံဖန်ရံခါ ကြည့်ရှုနေသော အနည်းငယ်ကို သတိပြုမိလိုက်၏။ သူ၏ အာရုံခံစားမှုမှာ မယုံနိုင်လောက်အောင် ထက်မြက်လှပြီး ဤကျင့်ကြံသူများသည် သူတို့အပေါ် မကောင်းသော စိတ်အချို့ ပိုက်ထွေးထားသည်ကို ခံစားနိုင်ခဲ့သည်။ ဤကျင့်ကြံသူများသည် ဖြစ်နိုင်သည်မှာ လွန်ခဲ့သော နေ့က ကျောက်စိမ်းဖြူ ကောင်းကင်ယာဉ်ပျံပေါ်တွင်

သူတို့ ရောက်ရှိလာသည်ကို မြင်တွေ့ခဲ့ပြီး ဤနေရာသို့ လိုက်လာခဲ့ကြခြင်း ဖြစ်မည်ဟု လုရီ ခန့်မှန်းမိ၏။

လုရီသည် ၎င်းကို များစွာ အာရုံမစိုက်ခဲ့ပါ။ ဤကျင့်ကြံသူများထဲမှ အနည်းငယ်မှာ ရွှေ

အင်မော်တယ် အဆင့် စွမ်းအားရှင်များဖြစ်သော်လည်း သူ၏ မျက်လုံးများထဲတွင်မူ သူတို့မှာ စိုးရိမ်စရာ မဟုတ်သေးပေ။

သူသည် ပစ်မှတ် တစ်ခုကို လျင်မြန်စွာ ရွေးချယ်လိုက်၏။ ၎င်းမှာ တစ်ယောက်တည်း သောက်သုံးနေသော တိတ်ဆိတ်သည့် ရွှေအင်မော်တယ်ကျင့်ကြံသူ တစ်ဦး ဖြစ်လေသည်။

ထိုလူမှာ အလယ်အလတ်အရွယ် ဖြစ်ပြီး

ဆံပင်ဖြူများနှင့် သူ၏ နဖူးပေါ်တွင် ရှည်လျားသော ဦးချိုနှစ်ချောင်း ရှိ၏။ မိစ္ဆာအရှိန်အဝါ တစ်ခုကို ထုတ်လွှတ်နေပြီး မိစ္ဆာမျိုးနွယ်ဝင်

တစ်ဦး ဖြစ်သည်မှာ ရှင်းလင်းနေသည်။

လုရီသည် အင်မော်တယ် အရက်အိုး တစ်လုံးဖြင့် ချဉ်းကပ်သွားပြီး မိစ္ဆာမျိုးနွယ်၏ ရွှေ

အင်မော်တယ်ရှေ့တွင် ထိုင်ချလိုက်ကာ ခပ်ဖွဖွပြုံးလိုက်သည်။

"ရောင်းရင်း၊ အတူတူတစ်ခွက်လောက် သောက်သုံးချင်ပါသလား။ ကျွန်တော် ဒကာခံပါ့မယ်။"

မိစ္ဆာကျင့်ကြံသူက လုရီကို မော့ကြည့်လိုက်ပြီးနောက် သူ၏လက်ထဲမှ အရက်အိုးကို ကြည့်လိုက်၏။ ၎င်းမှာ အလွန်အမင်း ကြွယ်ဝသော ရနံ့တစ်ခုကို ထုတ်လွှတ်နေသည်။ သူက မျက်ခုံးပင့်လိုက်၏။

"ကျောက်နှလုံးသား အရက်တဲ့လား၊ ရောင်းရင်းက တော်တော်လေး ရက်ရောတာပဲ။"

ကျောက်နှလုံးသားအရက်သည် အရက်ဆိုင်မှ ကမ်းလှမ်းသော အကောင်းဆုံးအရက် ဖြစ်သည်။ တစ်အိုးတည်းအတွက် ကြယ်တာရာခြင်ဆီ နှစ်သောင်း ကုန်ကျရာ အခြားကျင့်ကြံသူများအတွက်မူ ရွှေအင်မော်တယ် နယ်ပယ်မှ သူများပင်လျှင် မတွေးဝံ့လောက်အောင် ဇိမ်ခံပစ္စည်း တစ်ခု ဖြစ်ပေလိမ့်မည်။

သို့သော် လုရီအတွက်မူ ကြယ်တာရာ ခြင်ဆီမှာ ကိန်းဂဏန်း တစ်ခုမျှသာ ဖြစ်၏။ သူသည် ကျင့်ကြံမှုအတွက် ကြယ်တာရာ အမြုတေများကို အသုံးပြုသောကြောင့် ယခုအခါ ကြယ်တာရာ ခြင်ဆီကို ထုတ်သုံးစွဲနိုင်တော့သည်။

မိစ္ဆာကျင့်ကြံသူ၏ စကားကို ကြားသော် လုရီက ခပ်ဖွဖွ ရယ်မောလိုက်၏။

"ကောင်းမွန်တဲ့ဝိုင်က အဖိုးမဖြတ်နိုင်ပါဘူး။ ရောင်းရင်း တစ်ယောက်တည်း သောက်နေတာကို ကျွန်တော် သတိပြုမိတယ်၊ အဲ့ဒါက

နည်းနည်း အထီးကျန်နေပုံပဲ။ လူများများနဲ့အတူတူ သောက်တာက ပိုမကောင်းဘူးလား။"

မိစ္ဆာကျင့်ကြံသူက တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ညင်သာစွာ ရယ်မောကာ ဆိုလိုက်သည်။

"ဒီလို ဖြစ်မှတော့ ကျွန်တော်လည်း အားမနာတော့ပါဘူး။ ကျွန်တော့်နာမည်က လုံချန်းပါ။"

"ဒါဆို ရောင်းရင်းလုံကိုး။ ကျွန်တော်က လုရီပါ။"

လုရီက ဝိုင်နှစ်ခွက်အပြည့် ငှဲ့လိုက်ပြီး တစ်ခွက်ကို လုံချန်းအား ကမ်းပေးလိုက်ရာ နှစ်ဦးသား ခွက်ချင်းတိုက်ကာ တစ်ကျိုက်တည်းမော့ချလိုက်ကြသည်။

မျက်လုံးများကို မှိတ်ရင်း လုံချန်းသည် ဝိုင်၏ ရနံ့ကို အရသာ ခံလိုက်ပြီးနောက် အံ့ဩတကြီးဆိုလိုက်သည်။

"တကယ်ပဲ၊ ကောင်းမွန်တဲ့ ဝိုင်ပါပဲ။"

လုရီက ရယ်မောကာ ချီးကျူးလိုက်သည်။

"မဆိုးပါဘူး။"

လုရီ၏ အမြင်တွင်မူ ဝိုင်မှာ အသင့်အတင့်သာဖြစ်သည်။ သူ၏ ကျင့်ကြံမှု အခြေခံ တိုးတက်လာသည်နှင့်အမျှ သူသည် ကြီးမားသော ပမာဏရှိသော ကောင်းကင်နှင့် မြေကြီး ရတနာများကို သူ၏အတွင်းကမ္ဘာထဲသို့ ပစ်ထည့်ခဲ့၏။

ဤကောင်းကင်နှင့် မြေကြီး ရတနာများဖြင့် လုရီသည် အမျိုးမျိုးသော အင်မော်တယ် အရက်များကို စိတ်တိုင်းကျ စမ်းသပ်ပြုလုပ်နိုင်ခဲ့သည်။

သူ ယခု ပြုလုပ်နိုင်သော အင်မော်တယ် အရက်များမှာ အင်မော်တယ် အရှင်သခင် အဆင့်တွင် ရှိနေခဲ့ပြီဖြစ်သည်။ အင်မော်တယ် အရှင်သခင်များပင်လျှင် ၎င်းတို့ကို သောက်သုံးသည့်အခါ အာနိသင်ကို ခံစားရမည် ဖြစ်၏။ ဤကျောက်နှလုံးသားအရက်မှာမူ မဆိုးသော်လည်း

ရွှေအင်မော်တယ် အဆင့်တွင်သာ ရှိနေသည်။

ထို့အပြင် ၎င်းမှာ ရွှေအင်မော်တယ် အဆင့် ဖြစ်ပြီး လုရီသည် တစ်ကျိုက်တည်းဖြင့် ချို့ယွင်းချက်များစွာကို အရသာခံမိနိုင်သည်။

သူ၏အမြင်တွင် ဝိုင်မှာ အသင့်အတင့်သာ ဖြစ်သည်။

လုရီ၏ မှတ်ချက်များကို ကြားသော် လုံချန်း၏ တည်ငြိမ်သောမျက်နှာထက်တွင် အံ့ဩမှုအရိပ်အယောင်တစ်ခု ပေါ်လာသည်။ သူက မျက်ခုံးပင့်လိုက်ပြီး ရယ်မောလိုက်၏။

"ကြည့်ရတာ ရောင်းရင်းက ပိုကောင်းတဲ့ဝိုင်တွေကို မြည်းစမ်းဖူးပုံပဲ၊ ကျောက်နှလုံးသားအရက်တောင် ခင်ဗျားအတွက် 'မဆိုးပါဘူး' လို့ပဲ ထင်ရတဲ့အထိပဲ။"

ထိုအခါ လုရီက အသာအယာ ပြုံးလိုက်သည်။

"ဟုတ်ပါတယ်၊ ကျွန်တော် ပိုကောင်းတဲ့ ဝိုင်တွေကို မြည်းစမ်းခွင့် ရခဲ့ဖူးပါတယ်။ ညီနောင်လုံချန်းက ချန်းယန် ကြယ်တာရာ ဒေသကလား။ ဒီနေရာက တော်တော်လေး စည်ကားတာပဲ၊ ပိုကောင်းတဲ့ဝိုင်တွေ ရှိသင့်တယ်မဟုတ်လား။ အဲ့ဒါတွေကို မြည်းစမ်းကြည့်ဖို့ မခက်ခဲသင့်ဘူးလေ။"

"ဟားဟားဟား၊ ရောင်းရင်းလုက ကျွန်တော့်ကို အထင်ကြီးလွန်းနေပါပြီ။"

ဤစကားကိုကြားပြီးနောက် လုံချန်းက ခါးသက်သော အပြုံးဖြင့် ပြန်ဖြေလိုက်သည်။

"ဒီကျောက်နှလုံးသားအရက်တောင် ကြယ်တာရာခြင်ဆီ နှစ်သောင်းကုန်ကျတာ၊ ပိုကောင်းတဲ့ဝိုင်တွေအတွက်တော့ ပြောစရာမလိုတော့ဘူး။ ကြယ်တာရာခြင်ဆီက အဖိုးတန်ပြီး ရှားပါးတယ်၊ ကျင့်ကြံဖို့တောင် လုံလောက်တာ၊ ဒီလိုဇိမ်ခံပစ္စည်းတွေကို ခံစားဖို့ဆိုတာ ထားလိုက်ပါတော့။ ကျွန်တော် ဒီနေ့ ဒီကျောက်နှလုံးသားအရက်ကို သောက်ရတာနဲ့တင် ကျေနပ်နေပါပြီ။"

လုရီက ပြုံးလိုက်ကာ...

"ဒီလိုကိုး။ နောက်တစ်ခါ ကျွန်တော် ရောင်းရင်းလုံချန်းဆီကို ကောင်းမွန်တဲ့ ဝိုင်တချို့ ပို့ပေးပါ့မယ်ဗျာ။ ခင်ဗျား ကျေနပ်မှာ သေချာပါတယ်။"

ဤကမ်းလှမ်းမှုကို ကြားသော် လုံချန်းက မျက်ခုံးပင့်လိုက်ပြီး ရယ်မောလိုက်၏။

"ရောင်းရင်းလုက ရက်ရောလွန်းနေပါပြီ။"

သူက ဝိုင်တစ်ငုံထပ်မော့လိုက်ကာ...

"ကျွန်တော်ထင်တာတော့ ရောင်းရင်းလု ..

ကျွန်တော့်ဆီ ချဉ်းကပ်လာတာ အကြောင်းရင်းတစ်ခုခုရှိလို့ပဲ ဖြစ်မယ်၊ ဟုတ်တယ်မလား။ ဒီကျောက်နှလုံးသား အရက်ကြောင့် ဆိုတော့ ကျွန်တော်သိသမျှ မျှဝေနိုင်တာ မှန်သမျှ ပြောပြပါ့မယ်။"

လုရီက ခပ်ဖွဖွရယ်မောလိုက်သည်။

"ကျေးဇူးတင်ပါတယ် ရောင်းရင်း.. တကယ်တော့ ကျွန်တော် ခင်ဗျားကို မေးချင်တာလေးတစ်ခု ရှိလို့ပါ။"

ဤသို့ဆိုရင်း လုရီက လေထဲ၌ လက်ဟန်တစ်ခု ဖန်တီးလိုက်ရာ ဝိညာဉ်စွမ်းအင်က လိမ်ယှက်သွားပြီး အနီရောင် မျိုးနွယ် အကြွင်းအကျန်များမှ တစ်စုံတစ်ယောက်၏ ပုံရိပ်တစ်ခုကို ဖွဲ့စည်းလိုက်သည်။

သူက လုံချန်းကို ကြည့်ကာ သူ၏တုံ့ပြန်မှုကို စောင့်ကြည့်ရင်း စုံစမ်းမေးမြန်းလိုက်၏။

"ရောင်းရင်း.. ဒီမျိုးနွယ်ကို အရင်က မြင်ဖူးပါသလား။"

ပုံရိပ်ကို မြင်သော် လုံချန်းက အမှတ်ရဟန်ဖြင့် မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီးနောက် ခေါင်းခါလိုက်သည်။

"ကျွန်တော်...ရောင်းရင်းလုကို စိတ်ပျက်စေရတော့မှာပဲ၊ ကျွန်တော် ဒီမျိုးနွယ်ကို တကယ်ပဲ တစ်ခါမှ မမြင်ဖူးပါဘူး။"

ဤစကားကို ကြားသော် လုရီသည် အနည်းငယ် စိတ်ပျက်သွားသော်လည်း ရယ်မောလိုက်သည်။

"အရေးမကြီးပါဘူး၊ ဘာမှ မဟုတ်ပါဘူး။ သတင်းတစ်စုံတစ်ရာ မရခဲ့ရင်တောင် ရောင်းရင်း လုံချန်းနဲ့ သိကျွမ်းခွင့် ရတာက သူ့ဘာသာသူ ကံကောင်းခြင်းတစ်ခုပါပဲ။"

"ဟားဟားဟား၊ ရောင်းရင်းလုအတွက်တော့ ကျွန်တော် ပြန်ရောက်တာနဲ့ ကျွန်တော့်မျိုးနွယ်ကို စုံစမ်းခိုင်းလိုက်ပါ့မယ်။ ကျွန်တော့် ချန်းလုံ

မျိုးနွယ်က အနီးအနားဒေသတွေမှာ သြဇာအာဏာ နည်းနည်း ရှိတယ်။ ဒီမျိုးနွယ်သာ အနီးအနား ကြယ်တာရာဒေသတွေမှာ တကယ်ရှိနေခဲ့ရင် ကျွန်တော် သတင်းအချက်အလက်တချို့တော့ ရှာတွေ့နိုင်မှာပါ၊" ဟု လုံချန်းက အပြုံး တစ်ပွင့်ဖြင့် အာမခံလိုက်၏။

လုရီ၏ မျက်လုံးများ အရောင်တောက်သွားသည်။

"ဒါဆိုရင်တော့ ရောင်းရင်းကို ဒုက္ခပေးရတော့မှာပဲ။ ခင်ဗျားအတွက် တစ်ခွက်။"

"ဟားဟားဟား၊ ရောင်းရင်းလုက အားနာနေပြန်ပြီ"

လုံချန်းက သူ၏ခွက်ကို မြှောက်လိုက်သည်။

နှစ်ဦးသား သောက်ရင်း စကားစမြည်ပြောဆိုနေကြ၏။

လုရီသည် ချန်းယန်ကြယ် ပတ်ဝန်းကျင်မှ

ဒေသများ၏ အခြေအနေကို စုံစမ်းမေးမြန်းခဲ့ရာ မီးလျှံစွန့်ခွာခြင်းဂိုဏ်း၏ အခြေအနေနှင့် တန်ရှကြယ်တာရာနယ်မြေ၏ ယေဘုယျအခြေအနေကို လေ့လာသိရှိခဲ့၏။

၎င်း၏ အားကောင်းသော အင်အားနှင့် အစဉ်တစိုက် ကြားနေ ရပ်တည်မှုကြောင့်

တန်ရှ ကြယ်တာရာနယ်မြေ တစ်ခုလုံးမှာ ပြင်ပရန်သူများနှင့် ကြီးမားသော စစ်ပွဲများမှ ကင်းလွတ်နေခဲ့သည်။

တစ်ခုတည်းသော ဒုက္ခမှာမူ ကျိုယိုချီစစ်မြေပြင်သာ ဖြစ်ဖွယ်ရှိသည်။

ဤပြဿနာမှာ စကြဝဠာတစ်ခွင်လုံးမှ ကြယ်တာရာ နယ်မြေတိုင်းတွင် ရှိနေခဲ့ရာ လုရီ ဤအကြောင်းကို ကြားသော် အံ့ဩခြင်းမရှိခဲ့ပါ။

မီးလျှံစွန့်ခွာခြင်းဂိုဏ်း၊ ရွှမ်ပင်း အင်မော်တယ်ဂိုဏ်းနှင့် လော့မိသားစု၊ အဓိကအင်အားကြီးသုံးဖွဲ့မှာ ကောင်းမွန်သော ဆက်ဆံရေးရှိကြသည်။

သဘာဝအတိုင်း ပြိုင်ဆိုင်မှုများ ရှိပြီး သူတို့၏ အပြန်အလှန် ဆက်ဆံမှုများမှာ အတော်လေး ရှုပ်ထွေးလှသည်။

ချန်းလုံမျိုးနွယ်သည် ချန်းယန် ကြယ်တာရာဒေသမှ ဩဇာအရှိဆုံး အင်အားစုများထဲမှ တစ်ခုဖြစ်ပြီး အင်မော်တယ် ဧကရာဇ် အထွတ်အထိပ်အဆင့်မှ အကြီးအကဲတစ်ဦးကို ပိုင်ဆိုင်ထား၏။

လုံချန်းကိုယ်တိုင်မှာမူ ရွှေအင်မော်တယ်အထွတ်အထိပ်တွင်

ရှိပြီး အင်မော်တယ် ဧကရာဇ် နယ်ပယ်သို့ ဝင်ရောက်ရန် မျှော်လင့်ချက် ရှိပေသည်။ လုံချန်းသည်လည်း ချန်းလုံမျိုးနွယ်အတွင်းမှ အကြီးအကဲတစ်ဦး ဖြစ်လေသည်။

လုံချန်း၏ စုံစမ်းမေးမြန်းမှု အကူအညီ

ရရှိခြင်းဖြင့် လုရီသည် ချန်းယန် ကြယ်တာရာဒေသတွင် အနီရောင်မျိုးနွယ် အကြွင်းအကျန်များအကြောင်း လေ့လာသိရှိရန် အနည်းဆုံး မျှော်လင့်ချက် အချို့ ရှိသည်ဟု ခံစားမိလိုက်သည်။

All Chapters