အခန်း ၇၆၃ - မီးမူလဇာစ်မြစ်၏ စွမ်းအား...
Vol. 51 Ch. 763
~လုံချန်း ထွက်ခွာသွားပြီးနောက်တွင် လုရီသည် တစ်ကိုယ်တည်းဖြစ်စေ၊ အုပ်စုဖွဲ့၍ဖြစ်စေ ကျင့်ကြံသူအချို့ကို ထပ်မံ၍ စုံစမ်းမေးမြန်းခဲ့သေး၏။
သို့သော် သူ မည်သူ့ကိုပင် မေးမြန်းပါစေ၊
အနီရောင်မျိုးနွယ်ကို မှတ်မိသူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ချေ။
ဤအပေါ်တွင် လုရီသည် စိတ်ပျက်အားငယ်ခြင်းကို မထိန်းချုပ်နိုင်ခဲ့ပေ။
ထို့နောက်တွင် လုရီနှင့် လျိုနင်ရွှမ်းတို့သည် အခြားသူအနည်းငယ်နှင့်အတူ တည်းခိုခန်းမှထွက်ခွာကာ အခြားနေရာများတွင် သွားရောက်မေးမြန်းခဲ့ကြသော်လည်း နောက်ဆုံးတွင်မူ လက်ဗလာဖြင့်သာ ပြန်လာခဲ့ကြရသည်။
သူတို့တည်းခိုခန်းသို့ ပြန်ရောက်သည့်အချိန်တွင် ညနေပင်စောင်းနေခဲ့ပြီ ဖြစ်လေသည်။
လုရီနှင့် သူ့အဖော်များသည် ဧည့်ခန်းထဲတွင် ထိုင်ချလိုက်ကြပြီး အားလုံး၏ မျက်နှာများတွင် အကူအညီမဲ့သော အမူအရာများ ထင်ဟပ်နေခဲ့၏။
"ကျွန်မတို့ လူတွေ အများကြီးကို မေးခဲ့ပြီးပြီ၊ ဘယ်သူမှ အနီရောင် မျိုးနွယ်ကို မသိကြဘူး။ ဖြစ်နိုင်တာက သူတို့ ပျက်စီးသွားခဲ့ကြပြီလား။" ဟု သုန်းကုန်းမင်ယွဲ့က သူမ၏ အတွေးအား
ထုတ်ဖော်လိုက်သည်။
အခြားသူများလည်း ဤအတွေးကို စိတ်ထဲတွင် ပိုက်ထွေးထားကြပြီး သဘောတူညီစွာဖြင့် ခေါင်းအသာညိတ်လိုက်ကြသည်။
လုရီသည်လည်း မျှော်လင့်ချက်များ စတင်ဆုံးရှုံးလာပြီး ဆိုလိုက်လေ၏။
"နောက်ထပ် ရက်အနည်းငယ်လောက် ရှာဖွေကြည့်ကြရအောင်။ ချန်းယန် ကြယ်တာရာဒေသမှာ သူတို့ကို ရှာမတွေ့ရင် အနီးအနားက ကြယ်တာရာ ဒေသတွေကို ကြည့်ကြတာပေါ့။ ဖြစ်နိုင်တာက သူတို့ ပြောင်းရွှေ့သွားခဲ့ကြတာပဲ။"
ကြယ်တာရာမြေပုံအရ အနီရောင် အင်မော်တယ်ဘုရင်၏ မျိုးနွယ်၏ မူလနယ်မြေမှာ ဤဒေသတွင် ဖြစ်၏။ အကယ်၍ ဤနေရာတွင် ရှာမတွေ့နိုင်ခဲ့လျှင် သူတို့ကို ရှာဖွေတွေ့ရှိရန်မှာ အလွန်ခက်ခဲပေလိမ့်မည်။
အနီရောင်မျိုးနွယ်တို့သည် သမိုင်းမြစ်ရေ အလျဉ်ထဲတွင် ပျောက်ကွယ်သွားခဲ့ခြင်း သို့မဟုတ် အမည်မသိတစ်နေရာသို့ ပြောင်းရွှေ့သွားခဲ့ခြင်းသာ ဖြစ်ရမည်။
သမိုင်းမြစ်ရေအလျဉ်ထဲတွင် ပျောက်ကွယ်သွားခြင်းမှာ လိုက်လံရှာဖွေရန် ခြေရာတစ်စုံတစ်ရာမျှ ချန်မထားခဲ့ဘဲ၊ ပြောင်းရွှေ့သွားခြင်းမှာမူ... စကြဝဠာကြီး အလွန်ကျယ်ပြောလှရာ ရှာဖွေခြင်းမှာ ကောက်ရိုးပုံထဲတွင် အပ်ရှာသကဲ့သို့ပင် ဖြစ်ပေလိမ့်မည်။
လုရီသည် အတော်လေး စိတ်ဓာတ်ကျမိလေသည်။ ဤသည်မှာအနီရောင်မျိုးနွယ်အင်မော်တယ်ဘုရင်အား နေလောင်ကြယ်ကြွေသိုင်းနည်းစနစ်ကို သင်ကြားပေးခဲ့သည့်အတွက် ကျေးဇူးဆပ်ရန် သူ လက်ခံခဲ့သော အလုပ် တစ်ခုဖြစ်သော်လည်း အလုပ် ဆုလာဘ်မှာ အလွန်ဆွဲဆောင်မှုရှိသည်ကို သူ ဝန်ခံရမည် ဖြစ်ပါသည်။ ၎င်းကို မပြီးမြောက်ခြင်းမှာ ဆုံးရှုံးမှုတစ်ခုကဲ့သို့ ခံစားရပါသည်။
သူသည် အနည်းငယ်ကြာကြာ ကြိုးစားကြည့်ရန် ကြံရွယ်လိုက်၏။
ဘယ်သူသိနိုင်မလဲ။
ဖြစ်နိုင်သည်မှာ သူက သူတို့ကို ရှာတွေ့နိုင်ကောင်းတွေ့နိုင်ပေမည်။
------
နောက်ဆက်တွဲရက်များတွင် လုရီနှင့် သူ၏အဖော်များသည် အနီရောင် မျိုးနွယ်၏ ခြေရာများအတွက် ချန်းယန်ကြယ်ကို စူးစမ်းရှာဖွေခဲ့ကြသည်။ သို့သော်ငြားလည်း တိုးတက်မှုတစ်စုံတစ်ရာ မရှိခဲ့ပါ။
ခြောက်ရက်အကြာတွင် လုရီနှင့် အခြားသူများ လက်လျှော့တော့မည်အပြုတွင် အလှည့်အပြောင်းတစ်ခု ဖြစ်ပေါ်လာခဲ့၏။
အရက်ဆိုင်တစ်ခုတွင် လုရီသည် သူ၏ အရှေ့မှ လူကို မျက်ခုံးပင့်ကာ အနည်းငယ် အံ့အားသင့်စွာဖြင့် မေးလိုက်၏။
ထိုသူက တစ်ကိုယ်လုံးမှာ အညိုရောင် အကြေးခွံများဖြင့် ဖုံးလွှမ်းနေပြီး သုံးမီတာကျော် အရပ် အမောင်း မြင့်သော ရွှေအင်မော်တယ် အဆင့် ကျင့်ကြံသူပင် ဖြစ်လေ၏။
"ခင်ဗျား ဒီမျိုးနွယ်ရဲ့ နေရာကို တကယ် သိလို့လား။"
အရပ်ရှည်သော ထိုကျင့်ကြံသူ၏ မျက်နှာမှာ
မြွေတစ်ကောင်နှင့် အနည်းငယ် ဆင်တူပြီး သူ၏ ဒေါင်လိုက်မျက်ဆံများမှာ အနည်းငယ် ဝါကျင့်ကျင့်ဖြစ်နေလေသည်။ ထိုသူက ခေါင်း
အသာညိတ်လိုက်ပြီး ပြုံးလိုက်သည်။
"ကျွန်တော် ၊ ဒီမျိုးနွယ်ကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက တွေ့ခဲ့ဖူးလို့ သူတို့ ဘယ်နေရာမှာ တည်ရှိနေလဲဆိုတာ အကြမ်းဖျင်း သိပါတယ်။ ဒါပေမယ့်..."
သူက လုရီကို ကြည့်ကာ မေးလိုက်၏။
"အကယ်၍ ကျွန်တော် ခင်ဗျားကို ဒီမျိုးနွယ်ကို ရှာဖို့ခေါ်သွားရင် ခင်ဗျား ဘာများ ပေးအပ်ဖို့ဆန္ဒရှိပါသလဲ။"
ထိုအခါ လုရီက မျက်ခုံးပင့်လိုက်ပြီး ရယ်မောလိုက်သည်။
"ဟားဟား...ရောင်းရင်း ဘာလိုချင်လို့လဲ။ ကြယ်တာရာခြင်ဆီလား။ ကျင့်ကြံခြင်း ရတနာတွေလား။ ဒါမှမဟုတ် အင်မော်တယ်သိုင်းကျမ်းလား။"
လုရီအတွက်မူ လူများကိုသာ ရှာတွေ့နိုင်လျှင် တစ်စုံတစ်ခု ပြန်ပေးရခြင်းမှာ သင့်တော်သောအရာတစ်ခုသာ ဖြစ်သည်။ မည်သို့ပင် ဖြစ်စေ
သူ့အတွက်မူ ဤအရာများမှာ ကိန်းဂဏန်းများမျှသာဖြစ်ပြီး သူ အပေါဆုံးသော အရာများ ဖြစ်သည်။
အရပ်အမောင်း မြင့်မားသော ထိုကျင့်ကြံသူမှာ လုရီ၏ ခန့်ညားထည်ဝါမှုကြောင့် မှင်တက်သွားပုံရပြီး တစ်ခဏမျှ ကြောင်တောင်တောင်ဖြစ်သွားသည်။
သူသည် လျင်မြန်စွာ သတိပြန်ဝင်လာပြီး သူ၏မျက်လုံးများမှာ အရောင်တောက်လာကာ လုရီကို စူးစိုက်၍ ကြည့်လိုက်၏။
"ကျွန်တော် ကြယ်တာရာခြင်ဆီ တစ်သိန်း၊ အဆင့်မြင့်အင်မော်တယ်လက်နက်တစ်ခု... ပြီးတော့ ရွှေအင်မော်တယ်နည်းစနစ်တစ်ခု လိုချင် တယ်။"
"ပြဿနာမရှိဘူး"
လုရီက ခေါင်းညိတ်လိုက်သည်။
အရပ်ရှည်သော ထိုကျင့်ကြံသူမှာ တစ်ဖန်ပြန်လည် ကြက်သေသေသွားပြန်သည်။
လုရီ၏ အလေးမထားသော ဟန်ပန်ကို မြင်သော် သူသည် သူ တောင်းဆိုခဲ့သည်မှာ အလွန် နည်းပါးသွားသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရသည်။
သို့သော် ယခုအခါတွင်မူ သူ နောက်ဆုတ်ရန် အခွင့်အရေး မရှိတော့ချေ။
ထို့နောက် သူက ဆိုလိုက်၏။
"ကောင်းပြီလေ၊ ကျွန်တော်တို့ ဘယ်တော့ ထွက်ခွာကြမလဲ။"
"အခုဆိုရင်ရောဗျ"
လုရီက ပြန်ဖြေလိုက်သည်။
အရပ်ရှည်သော ထိုကျင့်ကြံသူက ရယ်မောလိုက်ပြီး ဆို၏။
"ဟားဟား၊ ကောင်းပြီလေ၊ ခင်ဗျား ဈေးပြောတာပဲ၊ ခင်ဗျားက သူဌေးပဲ။"
လုရီသည် လျိုနင်ရွှမ်းနှင့် အခြားသူများနှင့်အတူ အရပ်ရှည်သော ထိုကျင့်ကြံသူနောက်သို့လိုက်ကာ ဆိပ်ကမ်းသို့ သွားရောက်ခဲ့သည်။
ထို့နောက်တွင် အရပ်ရှည်သော ထိုကျင့်ကြံသူသည် သူ၏ ကိုယ်ပိုင် ကောင်းကင်ယာဉ်ပျံကို ထုတ်ယူလာခဲ့၏။ ၎င်းမှာ ထူထပ်သော အကြေးခွံများဖြင့် ဖုံးလွှမ်းနေသော အညိုရောင်ရေယာဉ် တစ်စင်း ဖြစ်ပြီး သက်ရှိ အိမ်မြှောင်
တစ်ကောင်နှင့် ဆင်တူသည်။
"ကျွန်တော့် ကောင်းကင် ယာဉ်ပျံပေါ် တက်မလား။ ဒါမှမဟုတ် ကျွန်တော့်နောက်က လိုက်ခဲ့
မလား။"
"ကျွန်တော်တို့ ခင်ဗျားနောက်က လိုက်ခဲ့မယ်"
လုရီအနေနှင့် ကျောက်စိမ်းဖြူ ကောင်းကင်ယာဉ်ပျံကို အသုံးမပြုနိုင်ပေ။ ထိုအစား နေနီလှေပျံကိုသာ ရွေးချယ်လိုက်သည်။
သူသည် မည်သို့ပင် ဖြစ်စေ ၊ တစ်စုံတစ်ယောက်ကို ရှာဖွေရန် အလုပ်ဖြင့် လာခြင်း ဖြစ်သည့်အလျောက် အလွန်အမင်း မျက်စိကျစရာ ဖြစ်နေဖို့က မိုက်မဲပေသည်။
အနီရောင် အင်မော်တယ်ဘုရင် မျိုးနွယ်၏ လက်ရှိ အခြေအနေကို မည်သူသိနိုင်မည်နည်း။
သူသာ ကျောက်စိမ်းဖြူ ကောင်းကင်ယာဉ်ပျံကို အသုံးပြုခဲ့လျှင် မလိုလားအပ်သော အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ပြီး ၎င်းမှာ ကောင်းသော အရာတစ်ခု မဖြစ်နိုင်ပေ။
အရပ်ရှည်သော ထိုကျင့်ကြံသူက လုရီ၏ နေနီလှေပျံကို တစ်ချက် ကြည့်လိုက်ပြီး သွားဖြဲပြုံးလိုက်ကာ ဆိုလိုက်၏။
"ဒါဆို သွားကြစို့။"
သူသည် သူ၏ ကိုယ်ပိုင် ကောင်းကင်ယာဉ်ပျံပေါ်သို့ တက်ရောက်သွားပြီး ၎င်းမှာ ကောင်းကင်သို့ ထိုးတက်ကာ ကြယ်တာရာ လေဟာနယ်ဆီသို့ ဦးတည်သွားတော့သည်။
တစ်ချိန်တည်းမှာပင် လုရီနှင့် လျိုနင်ရွှမ်းတို့သည် နေနီလှေပျံပေါ်သို့ တက်ရောက်ပြီး နောက်မှလိုက်ပါသွားကြတော့သည်။
နေနီလှေပျံပေါ်တွင် လင်းလောင်တောင်ထိပ်သခင်မက ရှေ့မှ ကောင်းကင်ယာဉ်ပျံကို ကြည့်ရင်း မေးလိုက်၏။
"အဲ့ဒီကောင်က အနီရောင်မျိုးနွယ်အကြွင်းအကျန်တွေရဲ့ နေရာကို တကယ်သိလို့လား။ သူ ငါတို့ကို လှည့်စားနေတာတော့ မဟုတ်ဘူးမလား။"
လျိုနင်ရွှမ်းလည်း အနည်းငယ် ခေါင်းညိတ်လိုက်သည်။
"ဆရာ...ဂျူနီယာ မောင်လေးက ရက်ရောလွန်းတာ၊ ပြီးတော့ လူတွေက ကျောက်စိမ်းဖြူ ကောင်းကင်ယာဉ်ပျံကို အရင်က မြင်ဖူးထားတော့ ကျင့်ကြံသူအများအပြား ကျွန်မတို့ကို မျက်စိကျနေမှာကို စိုးရိမ်မိပါတယ်။ သူတို့ ချန်းယန်ကြယ်မှာ လှုပ်ရှားလို့ မရပေမယ့် အပြင်ဘက်ရောက်ရင်တော့ မထိန်းချုပ်နိုင်ဘဲ ဖြစ်သွားနိုင်တယ် နော်။"
လုရီကလည်း စီနီယာ အစ်မစကားအား ခေါင်းညိတ်လိုက်၏။
"ဆရာနဲ့ စီနီယာအစ်မ ပြောတာ မှန်ပါတယ်... ဒါပေမဲ့ ကျွန်တော်တို့ စိတ်ပူစရာ မလိုပါဘူး။
ကျွန်တော်တို့ကို ပြသနာရှာတဲ့ သူက အင်မော်တယ် အရှင်သခင်တစ်ပါး မဟုတ်သမျှ ကာလပတ်လုံး အန္တရာယ်ထဲမှာ မကျနိုင်ပါဘူးဗျာ။"
လျိုနင်ရွှမ်းနှင့် အခြားသူများက တုံ့ပြန်သည့်အနေဖြင့် ခေါင်းအသာညိတ်လိုက်ကြ၏။
သူတို့အားလုံးသည် လုရီကို နားလည်ပြီး ဤကိစ္စတွင် လုရီက အတော်လေး သတိကြီးစွာ
ထားကြောင်းကို သိရှိကြပါသည်။ ထို့အပြင်
သူတို့သည် လုရီ၏ အင်အားကို ယုံကြည်မှုရှိကြသည်။
လမ်းတစ်လျှောက်တွင် ကြီးမားသော ထို
ကျင့်ကြံသူ၏ ကောင်းကင် ယာဉ်ပျံသည် ကြယ်တာရာ တံခါးပေါက်အချို့ကို ဖြတ်သန်းသွားခဲ့သည်။
သူတို့သည် အတော်အတန် လူသူကင်းမဲ့သော ကြယ်တာရာ ဒေသ တစ်ခုသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့၏။ ထိုနေရာတွင် ကြယ်များအလွန်နည်းပါးကာ အများစုမှာ အဆုံးမဲ့သော အမှောင်လေဟာနယ် ဖြစ်၏။ ရံဖန်ရံခါ လှည့်လည်သွားလာနေသော ဥက္ကာခဲများနှင့် အခြားကောင်းကင်ဘုံ ကိုယ်ထည်များ ရှိနေလေသည်။
အကြေးခွံများဖြင့် ဖုံးလွှမ်းနေသော ကောင်းကင်ယာဉ်ပျံသည် ရှေ့မှ တိတ်ဆိတ်စွာ ပျံသန်းနေပြီး သိပ်မကြီးမားသော ဥက္ကာခဲ စနစ် တစ်ခုဆီသို့ ဦးတည်နေခဲ့သည်။
လုရီက သူ လိုက်ပါနေစဉ် နေနီလှေပျံကို ထိန်းချုပ်နေခဲ့၏။
ထိုအခိုက်အတန့်တွင် လုရီက မျက်ခုံးပင့်လိုက်ပြီး ပတ်ဝန်းကျင် အနေအထားကို လေ့လာလိုက်ရာ သူ၏ မျက်နှာထက်တွင် နားလည် သဘောပေါက်ရိပ်တစ်ခု ပေါ်လာသည်။
မျှော်လင့်ထားသည့် အတိုင်းပင်၊ ဤသည်မှာ ထောင်ချောက် တစ်ခု ဖြစ်နေပါ၏။