မီးမူလဇာစ်မြစ်၏ စွမ်းအား (၂)...
Vol. 51 Ch. 764
~လုရီ၏ မျက်လုံးများတွင် လျှို့ဝှက်ဆန်းကြယ်သော တာအိုပုံစံများ တဖျပ်ဖျပ်လက်နေပြီး သူ၏အမြင်အာရုံထဲ၌ နေရာလပ်၏ မျဉ်းကြောင်းများမှာ ရှင်းလင်းပြတ်သားနေ၏။
သို့သော်ငြားလည်း ထိုနေရာလပ်မျဉ်းကြောင်းများ၏ ဧရိယာအချို့တွင် ပုံမှန်မဟုတ်သော ပုံပျက်ယွင်းမှုများ ရှိနေခဲ့သည်။ သူ၏ နေရာလပ်နိယာမ အသုံးချမှုကို နက်ရှိုင်းစေလိုက်သည့်အခါ လုရီသည် နေရာလပ်မတူညီခြင်းကို လျင်မြန်စွာ ထိုးဖောက်မြင်နိုင်ခဲ့ပြီး ၎င်း၏နောက်ကွယ်တွင် ပုန်းအောင်းနေသော ကောင်းကင်ယာဉ်ပျံဆယ်စီးကျော်ကို တွေ့ရှိလိုက်ရသည်။
ရန်သူများသည် သူတို့၏ ကောင်းကင်ယာဉ်ပျံများကို မတူညီသော နေရာလပ် အတွင်း၌ ကျောက်ချ ရပ်နားထားရန် နည်းလမ်း တစ်ခုခုကို အသုံးပြုခဲ့ပြီး သူတို့၏ အရှိန်အဝါကို ဖုံးကွယ်ထားကာ လုရီနှင့် သူ့အဖော်များ နီးကပ်လာမည်ကိုသာ စောင့်ဆိုင်းနေကြသည်။
လုရီ၏ ကြောက်မက်ဖွယ် ကောင်းသော အာရုံခံနိုင်စွမ်းအောက်တွင် ထိုကောင်းကင် ယာဉ်ပျံများအတွင်းမှ သူများ၏ အရှိန်အဝါများမှာ ယခုအခါ အပြည့်အဝ ထုတ်ဖော်ပြသခြင်း ခံလိုက်ရပြီဖြစ်သည်။
"အင်မော်တယ် ဧကရာဇ် နှစ်ယောက်... တခြားသူတွေကတော့ ရွှေအင်မော်တယ်အဆင့် စွမ်းအားရှင်တွေချည်းပဲ။ တော်တော်လေး ကောင်းမွန်တဲ့ အစီအစဉ်ပဲ၊ ဖြစ်နိုင်တာကတော့ ကျောက်စိမ်းဖြူ ကောင်းကင်ယာဉ်ပျံကို ပစ်မှတ်ထားနေတာပဲ၊"
လုရီ အနည်းငယ် အံ့အားသင့်သွားသည်။
ေ
လုရီ၏ ကောက်ချက်နချမှုကိုကြားသော်
လျိုနင်ရွှမ်းနှင့် အဖော် လေးယောက်အပြင်
လင်းလောင်တောင်ထိပ်သခင်မပါ အမူအရာ အနည်းငယ် ပြောင်းလဲသွားကြသည်။
"အင်မော်တယ် ဧကရာဇ်တွေက ချောင်းမြောင်းတိုက်ခိုက်တယ်တဲ့လား။"
မည်သည့်နေရာတွင်မဆို အင်မော်တယ် ဧကရာဇ်များသည် အတော်အတန် အဆင့်အတန်းရှိသော ပုဂ္ဂိုလ်များဖြစ်လေ၏။ ယခုအခါတွင်မူ သူတို့က ချောင်းမြောင်းတိုက်ခိုက်နေကြလေသည်။
ဤအချက်က ကျောက်စိမ်းဖြူ ကောင်းကင်ယာဉ်ပျံ မည်မျှလောက် ဆွဲဆောင်မှုရှိသည်ကို ပြသနေခဲ့ပါ၏။
လင်းလောင်တောင်ထိပ်သခင်မက လုရီကို ကြည့်ကာ မေးလိုက်သည်။
"ကောင်လေး၊ ပြဿနာရှိလို့လား။"
လုရီက ပြုံးလိုက်၏။
"ပြဿနာမရှိပါဘူး၊ ဒါက အံကိုက်ပဲ။ ကျွန်တော်လည်း လက်ရှိအင်အားကို စမ်းသပ်ကြည့်ချင်နေတာဗျာ..။"
သူသည် အနည်းငယ် ကြိုးစားကြည့်ချင်စိတ်ပြင်းပြနေခဲ့သည်။
ရွှေအင်မော်တယ်နယ်ပယ်သို့ တက်လှမ်းပြီးနောက် သူသည် အင်အားအပြည့်ဖြင့် မတိုက်ခိုက်ရသေးဘဲ၊ ဤသည်မှာ သူ မည်မျှ သန်မာလာသည်ကို မြင်တွေ့ရန် အကောင်းဆုံးအခွင့်အရေးပင် မဟုတ်ပါလော။
ထိုအခိုက်အတန့်၌ပင် အဝေးမှ ကောင်းကင်ယာဉ်ပျံများ ရပ်တန့်သွားကြပြီး အရပ်အမောင်း မြင့်မားလှသော အညိုရောင် ချီလင်ကျင့်ကြံသူက ပျံထွက်လာကာ သူ၏ နတ်ဘုရားအာရုံမှာ အရှိန်အဟုန်ပြင်းစွာ ထွက်ပေါ်လာရင်း ရယ်မောလိုက်သည်။
"ဟီးဟီးဟီးဟီး...တကယ့်ကို ဘာမှမသိနားမလည်တဲ့ သခင်လေးပဲ၊ ရတနာတွေအများကြီးနဲ့ စွန့်စားထွက်လာပြီးတော့ ဒီလောက်တောင်
ပေါ့ဆနေသေးတယ်၊ 'သေ' ဆိုတဲ့ စကားလုံးကို ဘယ်လိုရေးရမှန်းတောင် တကယ်မသိဘူးပဲ။"
သူ စကားပြောနေစဉ်မှာပင် သူတို့ပတ်လည်မှ နေရာလပ်သည် လိမ်ယှက်လာပြီး များပြားလှသော လျှို့ဝှက်ဆန်းကြယ်သည့် အခင်းအကျင်းပုံစံများက ဝိုးတဝါးလင်းလက်လာကာ နေရာလပ်တစ်ခုလုံးကို အတွင်း၌ လွှမ်းခြုံသွားတော့သည်။
"ကျွန်တော်တို့ကို ထွက်မပြေးနိုင်အောင် လုပ်ဖို့နဲ့ သတင်းစကား ပို့နိုင်စွမ်းကို ဖြတ်တောက်ဖို့အတွက် နေရာလပ် ပိတ်ဆို့ခြင်းအခင်းအကျင်းပဲ၊"
လုရီက တစ်ချက်ကြည့်လိုက်ပြီး သူ၏လက်ရှိ အခင်းအကျင်းတာအို နားလည်နိုင်စွမ်းဖြင့် မဟာအခင်းအကျင်း၏ အကျိုးသက်ရောက်မှုကို အလွယ်တကူ နားလည်သွား၏။ အမှန်တကယ်တွင် သူသည် အခင်းအကျင်းကို အားစိုက်စရာ
မလိုဘဲ ချိုးဖျက်နိုင်ပြီး အခက်အခဲမရှိ ထွက်ခွာသွားနိုင်၏။
ထိုသို့သော အခင်းအကျင်းမျိုးမှာ သူ့ကို လုံးဝ ထောင်ချောက်ဆင်နိုင်မည် မဟုတ်ပါ။
မဟာအခင်းအကျင်း ရုပ်လုံးပေါ်လာသည်နှင့် ယခင်က မတူညီသော နေရာလပ်ထဲတွင် ပုန်းအောင်းနေခဲ့သော ကောင်းကင်ယာဉ်ပျံများသည် နေရာလပ်၏ လက်တွေ့ဘဝထဲသို့ ပြန်လည်ရောက်ရှိလာပြီး နေနီလှေပျံကို ခိုင်မာစွာ ဝန်းရံထားလိုက်သည်။
ကောင်းကင်ယာဉ်ပျံတစ်စင်းစီတိုင်းမှ ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာ ပြေးထွက်လာကြ၏။
ခေါင်းဆောင်များမှာ ပုဂ္ဂိုလ်နှစ်ဦးဖြစ်ပြီး တစ်ဦးမှာ လူသားမျိုးနွယ်မှဖြစ်ကာ အခြားတစ်ဦးမှာမူ ခန္ဓာကိုယ်ကို မီးခိုးရောင်ရင့်ရင့် အမွှေးများဖြင့် ဖုံးလွှမ်းထားသော လူသား ပုံသဏ္ဌာန် မျိုးစိတ်တစ်ခု ဖြစ်သည်။
ကျင့်ကြံသူ နှစ်ဦးလုံးမှာ အင်မော်တယ် ဧကရာဇ် နယ်ပယ်တွင် ရှိနေကြပြီး သူတို့၏ အားကောင်းသော အရှိန်အဝါများမှာ အရှိန်အဟုန်ပြင်းစွာ ထွက်ပေါ်နေလေသည်။ တစ်ဦးမှာ မီးတောက်များဖြင့် ဝန်းရံထားပြီး အခြားတစ်ဦးမှာမူ အဆုံးမဲ့သော မီးခိုးရောင်မြူခိုးများဖြင့် ဝန်းရံထားလေသည်။
အင်မော်တယ် ဧကရာဇ် နယ်ပယ်သို့ ရောက်ရှိပြီးဖြစ်ရာ နားလည်သဘောပေါက်ထားသော နိယာမများကို သူတို့၏အတွင်းကမ္ဘာများထဲတွင် ထွင်းထုထားခဲ့ကြ၏။ သူတို့၏နိယာမရုပ်လုံးဖော်မှုများက သူတို့၏စကားလုံးနှင့် လှုပ်ရှားမှုတိုင်းကို ကြီးမားသော စွမ်းအားများဖြင့် ပြည့်နှက်စေခဲ့သည်။
ထိုစဉ် လူသားကျင့်ကြံသူက မာရေကျောရေ ဆို၏။
"ထွက်ခဲ့ကြစမ်း၊ မင်းတို့ရဲ့ ဖန်တီးမှု ဝိညာဉ်ရတနာ ကောင်းကင်ယာဉ်ပျံတွေကို အပ်စမ်း၊
ဒါဆို ငါတို့ မင်းတို့ကို မြန်မြန်ဆန်ဆန် သေဆုံးခွင့်ပေးမယ်။ မဟုတ်ရင်တော့ မင်းတို့ရဲ့နတ်ဘုရားဝိညာဉ်တွေကို ထုတ်ယူပြီး နှစ်တစ်သောင်းကြာအောင် နှိပ်စက်ပစ်မယ်။"
လူသားကျင့်ကြံသူ၏ အသံကျဆင်းသွားသည်နှင့် နေရာလပ်သည် အနည်းငယ်လိမ်ယှက်သွားပြီး လုရီ၊ လျိုနင်ရွှမ်းနှင့် အခြားသူများ နေရာလပ်၏ လေဟာနယ်ထဲတွင် ပေါ်လာခဲ့ကြသည်။
သူတို့၏ မျက်နှာအမူအရာများမှာ စွမ်းအားရှင်များ မျှော်လင့်ထားသကဲ့သို့ ထိတ်လန့်တကြားဖြစ်ခြင်း သို့မဟုတ် ကြောက်ရွံ့ခြင်းမရှိဘဲ အတော်အတန် တည်ငြိမ်နေခဲ့၏။
ဤအချက်က အင်မော်တယ် ဧကရာဇ်အဆင့် စွမ်းအားရှင်နှစ်ဦးကို အနည်းငယ် မျက်ခုံးများပင့်တက်သွားစေပြီး သူတို့အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
"ဒီကောင်တွေရဲ့ ဟန်ပန်အရဆိုရင် သူတို့တော်တော်လေး ယုံကြည်မှုရှိပုံပဲ... သူတို့နောက်ကွယ်မှာ တစ်ယောက်ယောက်များ ရှိနေသလား။"
မီးခိုးရောင်ရင့်ရင့် အမွှေးများဖြင့်
အင်မော်တယ် ဧကရာဇ်က စိတ်ဖြင့်ဆက်သွယ်ပြောဆိုလိုက်သည်။မော်တယ် ဧကရာဇ်က စိတ်ဖြင့်ဆက်သွယ်ပြောဆိုလိုက်သည်။
သူ၏ဘေးမှ လူသားမျိုးနွယ် အင်မော်တယ်အရှင်သခင်ကမူ အထင်တသေး နှာမှုတ်လိုက်သည်။
"ဟန်ဆောင်နေတာပဲဖြစ်မှာပါ။ ငါတို့ခရီးလမ်းမှာ အသေအချာ သတိထားခဲ့ကြပြီးသားပဲ။ ငါတို့နှစ်ယောက်လုံးရဲ့အင်အားနဲ့ဆိုရင် အင်မော်တယ် အရှင်သခင် တစ်ပါးမဟုတ်ရင် ငါတို့ရဲ့အာရုံခံစားမှုကနေ လွတ်မြောက်ဖို့ မဖြစ်နိုင်ဘူး။ အင်မော်တယ် အရှင်သခင် တစ်ပါးက မဖြစ်စလောက် ဂျူနီယာလေးတွေကို ကာကွယ်ပေးဖို့ စိတ်အနှောင့်အယှက်ခံမလား မင်း စဉ်းစားလေ။"
ဤအချက်က မီးခိုးရောင်ရင့်ရင့် အမွှေးအမျှင်များဖြင့် အင်မော်တယ် ဧကရာဇ်ကို တစ်ဖန်ပြန်လည် စိတ်အေးသွားစေခဲ့သည်။
သူတို့သည် လုံလောက်စွာ သတိထားခဲ့ကြပြီးဖြစ်သည်။ သူတို့ လုံးဝဘေးကင်းသည်ဟု
မယုံကြည်ခဲ့လျှင် ပိတ်ဆို့မှုမှ ထွက်ပေါ်လာမည်မဟုတ်ပေ။ တစ်စုံတစ်ရာ မမှန်ကန်မှုအရိပ်အယောင်မျှကိုပင် ခံစားမိသည်နှင့်
သူတို့သည် အဝေးသို့ ထွက်ပြေးသွားကြမည်
ဖြစ်ပြီး ဘယ်သောအခါမျှ ရစ်ဝဲနေမည် မဟုတ်ပေ။
ယခုအခါ သူတို့ကိုယ်သူတို့ ထုတ်ဖော်ပြသခဲ့ပြီးဖြစ်ရာ သူတို့သည် ပြတ်သားသော ထိုးနှက်ချက်တစ်ခုကို ပေးအပ်ရန် ရည်ရွယ်ထားကြသည်။
"မြန်မြန်လုပ်ကြရအောင်၊" ဟု မီးခိုးရောင်ရင့်ရင့်အမွှေးများဖြင့် အင်မော်တယ် ဧကရာဇ်က
အေးစက်စွာ ဆို၏။
လူသားမျိုးနွယ် အင်မော်တယ် ဧကရာဇ်က ခေါင်းညိတ်လိုက်သည်။
သူတို့ လှုပ်ရှားတော့မည်အပြုတွင် ရုတ်တရက် အေးစက်မှု တစ်ခု သူတို့၏ နှလုံးသားအောက်ခြေတွင် အရှိန်အဟုန်ဖြင့် တိုးဝင်လာခဲ့သည်။
လူသားမျိုးနွယ် အင်မော်တယ် ဧကရာဇ်
နှစ်ဦးလုံးအပြင် ပတ်ပတ်လည်မှ ရွှေ
အင်မော်တယ်များပါ အလွန်ကြောက်မက်ဖွယ်ကောင်းသော တစ်စုံတစ်ခု နိုးထလာသည်ကို ခံစားလိုက်ရသည်။ ယင်းက သူတို့၏အရိုးများထဲတွင် နက်ရှိုင်းစွာ စွဲထင်နေသော နှစ်သောင်းပေါင်းများစွာ သို့မဟုတ် သန်းပေါင်းများစွာသော ကျင့်ကြံမှုမှ ဖြစ်ပေါ်လာသည့် ဘေးအန္တရာယ်ခံစားမှုတစ်ခုပင်။
၎င်းမှာ သေခြင်းတရား၏ ခံစားမှုတည်း။
အင်မော်တယ် ဧကရာဇ်နှစ်ဦးပင်လျှင် ခြွင်းချက်မရှိခဲ့ပါ။
မျက်လုံးများ ပြူးကျယ်သွားကြပြီး ဤခံစားမှုထွက်ပေါ်လာရာ ဦးတည်ရာဘက်သို့ ကြည့်လိုက်ကြသည်။
ထိုနေရာမှာ အရှေ့ဆုံးမှ လုရီမှ လွဲ၍ အခြား
ဖြစ်နိုင်ပါရိုးလား။
လုရီသည် ရိုးရှင်းစွာ ရပ်နေရုံမျှသာ
ဖြစ်သော်လည်း သူ၏ အရှိန်အဝါမှာ တစ်စတစ်စ ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော ဖိအားမှာ အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားသည်။
ဤအခိုက်အတန့်တွင် အင်မော်တယ် ဧကရာဇ်များနှင့် ရွှေအင်မော်တယ်များအားလုံး
သူတို့၏ နှလုံးသားများထဲတွင် အေးစက်မှုကို ခံစားလိုက်ရကာ ထိတ်ပျာသွားကြသည်။
ယခုအခါတွင်မှ အညိုရောင်ချီလင် ကျင့်ကြံသူ၊ အင်မော်တယ် ဧကရာဇ် နှစ်ဦးနှင့် အခြား
ရွှေအင်မော်တယ်များက ဤလူငယ်များသည် သူတို့ထင်မြင်ခဲ့သကဲ့သို့ အလိုလိုက်ခံထားရသော သခင်လေး၊ သခင်မလေးများ မဟုတ်ကြောင်းကို သိရှိသွားကြသည်။
သူတို့ မပုန်းအောင်းဘဲ ဤမျှ ထင်ပေါ်အောင် ပြုမူခဲ့သည့်အကြောင်းရင်းမှာ ဖြစ်နိုင်သည်မှာ သူတို့သည် ကြောက်ရွံ့မှုကင်းမဲ့လောက်အောင် အင်အားကြီးမားသောကြောင့်သာ ဖြစ်ပေလိမ့်မည်။
"ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။"
အင်မော်တယ် ဧကရာဇ်အဆင့်ရှိသော လူသားကျင့်ကြံသူက မထိန်းချုပ်နိုင်ဘဲ မျက်လုံးများ
မယုံကြည်နိုင်စွာ ပြူးကျယ်သွားခဲ့ရသည်။
"ရွှေအင်မော်တယ် တစ်ယောက်လေးပဲ... ရွှေအင်မော်တယ် တစ်ယောက်လေးသာ ဖြစ်ပါရက်နဲ့ သူက ဒီလောက် ကြောက်စရာ ကောင်းတဲ့ အရှိန်အဝါကို ပိုင်ဆိုင်ထားတယ်တဲ့လား။ ငါတောင်မှ အဲ့ဒါကြောင့် ခြိမ်းခြောက်ခံနေရတယ်လို့ ခံစားနေရတာလား။"
အညိုရောင် အမွှေးများနှင့် အင်မော်တယ် ဧကရာဇ်က အသံ အက်ကွဲစွာဖြင့် ပြောလိုက်ပြီး သူ၏ ခန္ဓာကိုယ်မှာ မည်သည့် အချိန်မဆို ထွက်ပြေးရန် အသင့်အနေအထားဖြင့်
မျက်စိမျက်နှာ ပျက်နေခဲ့သည်။မျက်နှာ ပျက်နေခဲ့သည်။
ထိုအခိုက်အတန့်၌ပင် လုရီက ခြေ
တစ်လှမ်းလှမ်းလိုက်ပြီး သူ ရှိနေသော နေရာမှ ပျောက်ကွယ်သွား၏။ နောက်တစ်ခဏတွင် သူသည် အင်မော်တယ် ဧကရာဇ် နှစ်ဦးနှင့် မလှမ်းမကမ်းတွင် ပေါ်လာခဲ့သည်။
လုရီ၏ ကျင့်ကြံမှုအခြေခံမှာ မမြင့်မားဘဲ ရွှေအင်မော်တယ် နယ်ပယ်တွင်သာ ရှိနေသေးသော်လည်း သူ ထုတ်လွှတ်သော အရှိန်အဝါကြောင့် အင်မော်တယ် ဧကရာဇ် နှစ်ဦးမှာ
သူတို့၏နှလုံးသားများမှ ထွက်ပေါ်လာသော ကြောက်ရွံ့မှုကြောင့် ပင်ကို အသိစိတ်ဖြင့် ရူးသွပ်မတတ် တန်ပြန် တိုက်ခိုက်မှုကို စတင်လိုက်ကြသည်။
သူတို့သည် ဒေါသတကြီး ဟိန်းဟောက်လိုက်ကြပြီး မီးခိုးရောင် မြူခိုးများ အရှိန်အဟုန်ပြင်းစွာ ထွက်ပေါ်လာကာ အနီရောင် မီးတောက်များ လူးလွန့်နေခဲ့သည်။
၎င်းမှာ တည်ငြိမ်သော ကြယ်များ ပေါက်ကွဲသွားသကဲ့သို့၊ ကြယ်တာရာကောင်းကင် တိုက်မိသကဲ့သို့ဖြစ်ပြီး ပြင်းထန်သော အင်အားများက လုရီအပေါ်သို့ ဖိနှိပ်ကျဆင်းလာခဲ့၏။
ထိုအခိုက်အတန့်တွင် ကြက်သွေးရောင်-
ရွှေရောင်အလင်းတန်း တစ်ခုသည် ထွန်းလင်းတောက်ပနေသော မီးလျှံများထဲမှ ပစ်လွှတ်
ထွက်လာပြီး စင်ကြယ်သော စွမ်းအား၏ စုစည်းမှုနှင့် ဆင်တူသည်။ ကြက်သွေးရောင်-ရွှေရောင်လက်သီး အလင်းတန်းသည် ကြယ်စုငယ် တစ်ခုကိုပင် ချေမွနိုင်စွမ်း ရှိသော တောက်ပမှုကို ထိုးဖောက်သွားပြီး အညိုရောင် အမွှေးများနှင့်
အင်မော်တယ် ဧကရာဇ်ကို ချက်ချင်းပင် မျိုချသွားတော့သည်။
အညိုရောင် အမွှေးများနှင့် အင်မော်တယ်အရှင်သခင်သည် အလင်းတိုင်ကြီးအတွင်း၌ တစ်ဝက်တစ်ပျက် အော်ဟစ်ဟိန်းဟောက်လိုက်၏။ သူ၏ အသံမှာ ရုတ်တရက် ရပ်တန့်သွားကာ သူ၏ စုတ်ပြတ်နေသော ခန္ဓာကိုယ်မှာ အလင်းတိုင်ကြီးထဲမှ ပန်းထွက်လာခဲ့သည်။
ထိုစုတ်ပြတ်နေသော ခန္ဓာကိုယ်မှာ တစတစ ပြိုကွဲသွားပြီး သူ၏ နတ်ဘုရားဝိညာဉ်မှာမူ လုံးဝပျက်စီးသွားခဲ့ပြီဖြစ်သည်။
ဤမြင်ကွင်းကို မြင်သော် ထိုလူသားကျင့်ကြံသူ၏ ဦးရေပြားမှာ ထုံကျင်သွားသည်။
အညိုရောင် အမွှေးများနှင့် အင်မော်တယ် ဧကရာဇ်၏ အင်အားမှာ သူ၏အင်အားထက်
မနိမ့်ကျပေ။ သို့သော်လည်း လှုပ်ရှားမှုတစ်ချက်တည်းဖြင့် သူသည် အရေးမပါသော ပိုးကောင် တစ်ကောင်ကဲ့သို့ မည်သည့် ခုခံနိုင်စွမ်းမျှမရှိဘဲ ချေမွခံလိုက်ရသည်။
သို့ဆိုလျှင် သူ၏ ကံကြမ္မာမှာလည်း ထို
အင်မော်တယ် ဧကရာဇ်ထက် များစွာ ကောင်းမွန်မည် မဟုတ်ပေ။
ဤသည်မှာ သူတို့၏ ရပ်တည်ချက် ဖြစ်သင့်သည် မဟုတ်လော။
ဤအခိုက်အတန့်တွင် ရှုထောင့်မှာ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
လူသားအင်မော်တယ် ဧကရာဇ်သည် သူ့ကိုယ်သူ ကြက်သွေးရောင် မီးတောက်အဖြစ်သို့ ပြောင်းလဲစေ၍ နေရာလပ်ကို ချက်ချင်းဆွဲဖြဲကာ
မတူညီသောမှ နေရာလပ် တစ်ဆင့် ထွက်ပြေးရန် ကြိုးစားလိုက်သည်။
သို့သော်ငြားလည်း ခဏအကြာတွင် လူသား
အင်မော်တယ်ဧကရာဇ်က ဆွဲဖြဲခဲ့သော နေရာလပ်နှင့် မလှမ်းမကမ်းတွင် နောက်ထပ်နေရာလပ်အက်ကွဲကြောင်း တစ်ခု ပေါ်လာပြီး
အင်မော်တယ် ဧကရာဇ်မှာ ၎င်းထဲမှ ပြေးထွက်လာခဲ့သည်။
လုရီကို မြင်ပြီးနောက် သူသည် ခဏတာရပ်တန့်သွားပြီးနောက် မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်သည်။
"မဖြစ်နိုင်ဘူး.... ငါ ဒီကြယ်တာရာ နေရာလပ်ကနေ လွတ်မြောက်ခဲ့သင့်တာ။"
ထိုအခါ လုရီက တစ်ချက်ရယ်ကာ ခပ်အေးအေး လိုက်သည်။
"ဘာလို့လဲ ဆိုတော့ ငါ မင်းရဲ့ နေရာလပ်ကို လိမ်ယှက်ပစ်လိုက်လို့ပဲ။"
ဤစကားကိုကြားသော် လူသားအင်မော်တယ်ဧကရာဇ်မှာ တစ်ခဏမျှ ရှုပ်ထွေးသွားပြီးနောက် သူ၏ကျောရိုးထဲတွင် အေးစက်မှုတစ်ခု စီးဆင်းသွားကာ မယုံကြည်နိုင်စွာဖြင့် မေးလိုက်သည်။
"နေရာလပ်နိယာမတဲ့လား။ အနည်းဆုံးတော့ နေရာလပ်နိယာမမှာ မဟာ အောင်မြင်မှု ရှိရမယ်မလား။"
လုရီက ပြုံးကာ ဆိုလိုက်သည်။
"မင်း မှန်တယ်၊ ဒါကြောင့် မင်းကို နာကျင်မှုနည်းတဲ့ သေဆုံးခြင်းတစ်ခု ငါပေးမယ်။"
ထိုအခါ လူသားအင်မော်တယ်ဧကရာဇ်က ဟိန်းဟောက်လိုက်၏။ သူ၏ခန္ဓာကိုယ်မှာ မီးတောက်များဖြင့် ပေါက်ကွဲထွက်သွားကာ ကြယ်တာရာမြစ်ကို မီးရှို့ပစ်လိုသည့်အလားပင်ဖြစ်ပြီး ဟစ်အော်လိုက်သည်။
"မင်းဘယ်လို လူစားမျိုးလဲ။ ရွှေအင်မော်တယ်တစ်ယောက်သာဖြစ်ပါလျက်နဲ့ မင်းမှာ
ဘာလို့ ဒီလို အင်အားမျိုး ရှိနေသလဲ..."
ထိုအခါ လုရီက ရယ်မောကာ ဆိုလိုက်သည်။
"ငါက သာမန် ရွှေအင်မော်တယ် တစ်ယောက်ပါပဲ။"
သူ စကားပြောနေစဉ်မှာပင် သူ၏ လက်ကို ဆန့်တန်းလိုက်ရာ အင်မော်တယ်ဧကရာဇ်ကို ဝန်းရံထားသော မီးတောက်များမှာ ရုတ်တရက် မျက်စိရှေ့မှ ပျောက်ကွယ်သွားသည်။
လူသားအင်မော်တယ်ဧကရာဇ်မှာ တစ်ဖန်ပြန်လည် မှင်တက်သွားပြီး သူသည် မီးတောက်များကို မခံစားနိုင်တော့ကြောင်း ရှာဖွေတွေ့ရှိလိုက်ရ၏။
ဤသည်မှာ သူ စတင်ကျင့်ကြံခဲ့သည့် နှစ်သန်းပေါင်းဆယ်ဂဏန်းများ တစ်လျှောက် သူတစ်ခါမျှ မကြုံတွေ့ခဲ့ဖူးသော အရာ တစ်ခုတည်း။
မီးလျှံ နိယာမက သူ့ကို စွန့်ပစ်သွားသည့်အလားပင်။
လူသားအင်မော်တယ်ဧကရာဇ်မှာ တစ်ခဏမျှ ကြောင်တောင်တောင်ဖြစ်သွားပြီးနောက် သူ၏မျက်လုံးများမှာ မကြုံစဖူးသော လှုပ်ခတ်မှုများဖြင့် ပြူးကျယ်သွားကာ သူ၏ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ယင်နေပြီး လုရီကို ကြည့်လိုက်သည်။
"...မူလဇာစ်မြစ်စွမ်းအင်။ မီးမူလဇာစ်မြစ်ပဲ"
မူလဇာစ်မြစ် စွမ်းအင်ဖြင့်သာလျှင်
အင်မော်တယ်ဧကရာဇ်တစ်ဦးကို မီးဓာတ်နိယာမကို လုံးဝ မခံစားနိုင်အောင် ပြုလုပ်နိုင်ပေမည်။
လုရီက သူ၏မျက်လုံးများကို မှေးစင်းလိုက်ပြီး ပြုံးလိုက်သည်။
"ဟမ့်...မင်းက မီးနိယာမကို ကျင့်ကြံမှတော့ ငါမီးကိုသုံးပြီး မင်းကို နောက်ဆုံးခရီး ပို့ပေးလိုက်မယ်။"
သူ စကားပြောနေစဉ်မှာပင် လုရီက လက်ဖျောက်တစ်ချက်တီးလိုက်သည်။
ယခင်က မီး၏ သခင်ဖြစ်ခဲ့သော လူသား
အင်မော်တယ်ဧကရာဇ်မှာ ယခုအခါ သူ၏တစ်ကိုယ်လုံးကို ရူးသွပ်နေသော ငရဲမီးတစ်ခုက မျိုချသွားသည်ကို တွေ့ရှိလိုက်ရသည်။
ဤမီးမှာ သူ၏ကောင်းကျိုး ဖြစ်သင့်သော်လည်း ယခုအခါ သူ၏အသားနှင့် ဝိညာဉ်ကို စားသုံးနေခဲ့လေသည်။
လူသားအင်မော်တယ်ဧကရာဇ်သည် မီးတိုင်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး တစ်ခဏအတွင်းမှာပင် သူသည် ပြာကျသွားကာ စကြဝဠာလေဟာနယ်ထဲသို့ လုံးဝပျောက်ကွယ်သွားတော့သည်။