ရှားလော့ခ်၏ စာ
Vol. 22 Ch. 321
"မင်းက အဲဒီဂိမ်းမာတွေရဲ့ ကျန်းမာရေးကို အရမ်း ဂရုစိုက်တာပဲ။"
ရှားလော့ခ်သည် သူ၏ လက်နှစ်ဖက်ကို ယှက်ထားကာ သူ၏ မေးစေ့ကို ထောက်ထားပြီး ဖိုးဉာဏ်ကျယ်အား ဆိုလိုက်သည်။ "မင်းက ဂနိုမ်းတွေနဲ့ ခွေးခေါင်းလူသားတွေမှာ လိင်တူချစ်ကြိုက်တဲ့ အပြုအမူတွေနဲ့ မျိုးနွယ်စု မတူဘဲ ချစ်ကြိုက်တဲ့ ဆက်ဆံရေးတွေ ရှိတယ်လို့ သံသယ ရှိနေပြီး အသေးစိတ် သုတေသန လုပ်ချင်တယ်ပေါ့လေ။"
"ဟုတ်ကဲ့၊ ဒါက ကျွန်တော့် အတွက် အရေးကြီးတဲ့ သုတေသနခေါင်းစဉ် တစ်ခုပါပဲ။" ဖိုးဉာဏ်ကျယ်က ခေါင်းညိတ်ရင်း ဆိုလိုက်သည်။
"ငါ နားလည်တယ်၊ မင်း သုတေသနကို ဆက်လုပ်နိုင်တယ်။" ရှားလော့ခ်က ခေါင်းညိတ် လိုက်သော်လည်း ဖိုးဉာဏ်ကျယ်က ထွက်မသွားခဲ့ပေ။ သူက "မင်းမှာ တခြားကိစ္စတွေ ရှိသေးလား။"ဟု မေးလိုက်သည်။
"ကျွန်တော့်မှာ မေးခွန်း အနည်းငယ် ရှိပါတယ်။" ဖိုးဉာဏ်ကျယ်သည် သူ၏ မှတ်တမ်းစာအုပ်ကို ထုတ်ယူလိုက်ပြီး "ဂနိုမ်းတွေနဲ့ ခွေးခေါင်းလူသားတွေ အုပ်စုက မိုးလက်ဖက်ရည်လို့ ခေါ်တဲ့ ဂိုဘလင် တစ်ယောက်ကို ရှာနေကြတယ်။ သူက ဘာထူးခြားလို့လဲ။ ဘာလို့ သူတို့က သူ့ကို ဒီလောက်တောင် ဂရုစိုက်နေကြတာလဲ။ လမ်းတစ်လျှောက်မှာ ကျွန်တော်လည်း မိုးလက်ဖက်ရည် အကြောင်း မေးမြန်း စုံစမ်းမှုတွေ ရခဲ့ပါတယ်။"ဟု မေးလိုက်သည်။
"မိုးလက်ဖက်ရည်က အရမ်း တည်ငြိမ် အေးဆေးတဲ့ ဂိုဘလင် တစ်ယောက်ပဲ။ ငါ သူ့ကို မှတ်မိနေတယ်။ သူတို့ သူ့ကို ရှာနေကြတာက သူက အရေးကြီးတဲ့ အခန်းကဏ္ဍ ကနေ ပါဝင်နေလို့ မဟုတ်ဘဲ အကောင်းမြင်စိတ်တွေနဲ့ ပြည့်နှက်နေတဲ့ ဖြူစင်တဲ့ မေတ္တာနဲ့ အချစ်ကြောင့်ပဲ။" ရှားလော့ခ်က ခေါင်းညိတ်ရင်း ရှင်း ပြလိုက်သည်။
"သြော်၊ ဒီလိုကိုး။"
ဖိုးဉာဏ်ကျယ်က ခေါင်းညိတ်လိုက်သည်။ သူ ထွက်ခွာရန် ပြင်ဆင်နေစဉ် ရှားလော့ခ်က ဆိုလိုက်သည်။ "ဟုတ်သား၊ မင်း သုတေသနလုပ်တဲ့ အခါ ပိုပြီး နူးနူးညံ့ညံ့ ဆက်ဆံပါ၊ အကြမ်းဖက်မှု မသုံးနဲ့။ ဂိမ်းမာ တစ်ယောက်က မင်း သူတို့ကို အသရေ ဖျက်တယ်လို့ လာတိုင်ကြား ထားတယ်။"
"ကျွန်တော် နားလည်ပါတယ်။ ကျွန်တော့် အလုပ်ကို ဆက်လုပ်ပါ့မယ်။" ဖိုးဉာဏ်ကျယ်သည် ဦးညွှတ်ကာ ထွက်ခွာသွားခဲ့သည်။
"အရှင်ရှားလော့ခ်၊ ကျွန်တော် စစ်ဆေးပြီးပါပြီ၊ ဘယ်သူမှ ဂိုဏ်းခွဲ မပြောင်းကြပါဘူး။ မိုးလက်ဖက်ရည် အတွက်တောင် ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ ဂိမ်းမာ ၁၀ ယောက် အောက်ပဲ ဂိုဏ်းခွဲပြောင်းဖို့ မှော်ကျောက်တုံး ၁၀၀ ကြေးကို ပေးနိုင်ကြပါတယ်။" ဖိုးဉာဏ်ကျယ် ထွက်ခွာသွားစဉ် ဘရုက ဆိုလိုက်သည်။
"သူမ အိမ်မှာ ကိစ္စ တစ်ခုခု ရှိလို့ ဒီနေ့ အွန်လိုင်း မဖြစ်တာ ဖြစ်ရမယ်။ သူမ ဒီလောက် လူကြိုက်များလိမ့်မယ်လို့ ကျွန်တော် မမျှော်လင့်ထားဘူး။"
"အင်း၊ ငါ ရောပဲ။ ဂိမ်းမာတွေက လှပတဲ့ အိဗလင်းအပေါ်ကို ဘာတုံ့ပြန်မှုမှ မရှိခဲ့ကြဘူး၊ ဒါပေမဲ့ သူတို့က ဂိုဘလင် တစ်ယောက်ဖြစ်တဲ့ မိုးလက်ဖက်ရည်ကိုကျ အရမ်း ဂရုစိုက်ကြတယ်။ သူတို့ရဲ့ အလှအပ အာရုံခံစားမှုမှာ ပြဿနာ တစ်ခုခု ရှိနေတာလား။" ရှားလော့ခ်က စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။
"ဘာလို့လဲဆိုတော့ မိုးလက်ဖက်ရည်က အွန်လိုင်းအချစ် အတွက် သင့်တော်တဲ့ ကိုယ်စားလှယ်လောင်း တစ်ယောက် မို့လို့ပါ။ အိဗလင်းက လှပတဲ့ အမ်ပီစီ တစ်ယောက် သက်သက်ပဲ။"
ဘရုက "အရှင်ရှားလော့ခ်၊ ဒီကိစ္စတွေက ကျွန်တော်တို့ရဲ့ အစီအစဉ်နဲ့ မသက်ဆိုင်ပါဘူး။ ဗစ်တိုးရီးယားနဲ့ ထာဝရတိုင်းပြည် ကြားက ဥမင်လှိုဏ်ခေါင်းကို တည်ဆောက်ပြီး တစ်ဦးနဲ့တစ်ဦး အပြန်အလှန် အားဖြည့်နိုင်ဖို့က ပိုအရေးကြီးပါတယ်။ ပြီးရင် ကျွန်တော်တို့ အဂ္ဂိရတ်ပညာ၊ မှော်ပစ္စည်း တွေနဲ့ ပစ္စည်းကိရိယာတွေ အားလုံးကို ဂိမ်းမာတွေဆီ ရောင်းချဖို့ အဆက်မပြတ် ထောက်ပံ့နိုင် ပါလိမ့်မယ်။ ကျွန်တော်တို့မှာ မှော်ကျောက်တုံးတွေ အလုံအလောက်နဲ့ မြို့ရိုးဖြို လက်နက်ကြီးတွေ အရေအတွက် များများ ရှိလာတဲ့ အခါ ကျွန်တော်တို့ ကမ္ဘာကြီးကို သိမ်းပိုက်ဖို့ အစီအစဉ်ကို စတင်နိုင်ပါပြီ။ ကျွန်တော်တို့ စတင်နိုင်..."ဟု ဆိုလိုက်သည်။
"ငါ နားလည်တယ် ဟုတ်ပြီလား။ ငါ မြေအောက်လောက,ကို သိမ်းပိုက်ရာမှာ ဆောင်းတောင်ကုန်းမြို့ကနေ စတင်ပါ့မယ်။" ရှားလော့ခ်သည် သူ၏ မထီမဲ့မြင်ပြုသော လေသံကိုမူ မဖုံးကွယ်ခဲ့ပေ။
ဘရုသည် အနာဂတ် သိမ်းပိုက်ရေး အစီအစဉ်များကို ရေပက်မဝင် ဆက်လက် ရှင်းလင်း ပြောဆို နေခဲ့သည်။
...
ဝိညာဉ်ကောလိပ်၏ ပညာရေး ဌာနတွင်...
"နောက်မျိုးဆက်ကို ပိုပြီး ဂရုစိုက်ပြီး အနာဂတ် အတွက် ချွေးထွက်ကြ(အပင်းပန်းခံကြ)ပါ။ ဝိညာဉ်ပါရမီရှင်တွေကို ပညာသင်ကြားပေးဖို့ ကျောင်းကောင်း တစ်ခုကို စီမံခန့်ခွဲပါ။"
အနောက်တိုင်းဝတ်စုံနှင့် အနက်ရောင် ဦးထုပ် ဆောင်းထားသော အရိုးစုကောင် တစ်ကောင်သည် ဘေကွန်အား အလံ တစ်ခု ပေးအပ်လိုက်ပြီး "ပရော်ဖက်ဆာ ဘေကွန်၊ ကျွန်တော့် ကလေးကို ပညာ သင်ကြားပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ်။ သူ အခု ဘွဲ့ရပြီး အသုံးဝင်တဲ့ ဝိညာဉ်တစ်ယောက် ဖြစ်လာပါပြီ။ အားလုံးက ဆရာ့ရဲ့ လမ်းညွှန်မှုကြောင့် ပါပဲ။"ဟု ဆိုလိုက်သည်။
"ဟုတ်တယ် ဟုတ်တယ်၊ ပရော်ဖက်ဆာ ဘေကွန်။ ခင်ဗျားရဲ့ ပညာ သင်ကြားမှုသာ မရှိခဲ့ရင် သူ အဆင့် A ဘွဲ့လက်မှတ် ရရှိနိုင်မှာ မဟုတ်ပါဘူး။" တောက်ပသော အနီရောင် အပေါ်အင်္ကျီ ဝတ်ဆင်ထားသော ပြုံးနေသည့် အမျိုးသမီး အရိုးစုကောင် တစ်ကောင်က ဆိုလိုက်သည်။
"သား၊ ဆရာ့ကို မြန်မြန် ဦးညွှတ်လိုက်။"
အရိုးစုကောင် နှစ်ကောင်သည် အနက်ရောင် ဘွဲ့ဦးထုပ်နှင့် ဝတ်ရုံ ဝတ်ဆင်ထားသော အရိုးစု ကောင်ငယ်လေး တစ်ယောက်ကို ကြည့်လိုက်ကြသည်။ အရိုးစု ကောင်ငယ်လေးသည် ဒူးထောက်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ "ကျေးဇူးတင်ပါတယ် ပရော်ဖက်ဆာ ဘေကွန်။"
ထို့နောက် သူ "ဒုန် ဒုန် ဒုန်"ဟု ဦးညွှတ်လိုက်ရာ မြေပြင်ပေါ်တွင် အရိုးဖြူမှုန့်များ ကြဲပြန့်သွားခဲ့သည်။
"အိုက်ယား၊ တခမ်းတနားတွေ လုပ်မနေပါနဲ့။ ဒါက ကျွန်တော် လုပ်သင့်တာပါ။"
ပရော်ဖက်ဆာ ဘေကွန်သည် ဦးညွှတ်နေသော အရိုးစု ကောင်ငယ်လေးကို ကူညီ ထူပေးလိုက်သည်။ ဘေကွန်၏ နဖူးပေါ်တွင် သူ ပညာရေး ဝန်ဆောင်မှု ပေးခဲ့သည့် ရှည်လျားသော ကာလကို ညွှန်ပြနေသော ထာဝရ အက်ကွဲကြောင်းများ ရှိနေခဲ့သည်။
မိဘများက ကျေးဇူးတင်ကြောင်း ဖော်ပြပြီးနောက် သူတို့ အမှတ်တရ လက်ဆောင် တစ်ခု ချန်ထားခဲ့ပြီး သူတို့၏ သားကို ပရော်ဖက်ဆာ ဘေကွန်၏ ရုံးခန်းမှ ခေါ်ဆောင် ထွက်ခွာ သွားခဲ့ကြသည်။
စားပွဲပေါ်တွင် မှော်ကျောက်တုံး ကတ်တစ်ကတ်၊ အရိုးပါး ရောဂါ အတွက် အထူး ပရိုတင်းမှုန့်၊ ငါးဆားနယ် တစ်ခြင်း၊ သွေးဂန္ဓမာ လက်ဖက်ရည် ဘူးကြီး တစ်ဘူး၊ ဆောင်းတောင်ကုန်းမြို့ ဈေးဝယ်ကတ် အနည်းငယ်၊ မြေအောက်လောက မီးတောင် ခရီးစဉ် အတွက် တစ်သက်တာ ကူပွန်၊ တောကြက်ဥ တစ်ခြင်းနှင့် ဆောင်းတောင်ကုန်းမြို့ ဆံပင်ကောက်ကူပွန် တစ်ခု...
"အိုက်ယား၊ ပရော်ဖက်ဆာ ဘေကွန်၊ ကိုယ့်ကိုယ်ကိုယ် အရမ်း ဖိအားမပေးနေပါနဲ့။ ခင်ဗျား ရသင့်ရထိုက်တာတွေကို သိမ်းထားလိုက်ပါ။" အခြားဆရာတစ်ဦးက ပရော်ဖက်ဆာ ဘေကွန်အား ဆိုလိုက်သည်။
"အိုက်ယား၊ ငါတို့က ဒီအရာတွေကြောင့် သင်ကြားနေတာ မဟုတ်ပါဘူး။ ကျောင်းသားတွေ ကြိုးစားပြီး အသုံးဝင်တဲ့ ဝိညာဉ်တွေ ဖြစ်လာရင် ငါ ကျေနပ်ရုံထက်မက ဖြစ်နေပါပြီ။" ဘေကွန်က ပြုံးရင်း ဆိုလိုက်သည်။
"ပရော်ဖက်ဆာ ဘေကွန်ရဲ့ သင်ကြားမှု နဲ့မှပဲ ငါတို့ ဖိုးဉာဏ်ကျယ်လို ပါရမီရှင် ကျောင်းသား တစ်ယောက် ရရှိမှာပါ။" အခြားလစ်ခ်ျ ပရော်ဖက်ဆာ တစ်ဦးက ဘေကွန်ကို ချီးကျူး လိုက်သည်။
"ဟုတ်တယ်၊ ဟုတ်တယ်၊ ဖိုးဉာဏ်ကျယ်က ဆောင်းတောင်ကုန်းမြို့ကို ကယ်တင်ခဲ့တယ်လို့ ငါ ကြားတယ်။"
"ဘာရယ်။ ထာဝရတိုင်းပြည်က ဆောင်းတောင်ကုန်းမြို့ကို ကယ်တင်ခဲ့တယ်လို့ပဲ ငါ ကြားခဲ့တာပါ။"
"ဖိုးဉာဏ်ကျယ်က ထာဝရတိုင်းပြည်ရဲ့ အရေးကြီးတဲ့ လစ်ခ်ျပဲ။ ထာဝရတိုင်းပြည်က ဆောင်းတောင်ကုန်းမြို့ကို ကယ်တင်ခဲ့မှတော့ ဖိုးဉာဏ်ကျယ်က ဆောင်းတောင်ကုန်းမြို့ကို ကယ်တင်ခဲ့တာပဲပေါ့။"
လူတိုင်း စိတ်အားထက်သန်စွာ စကားစမြည် ပြောဆိုကြပြီး ဘေကွန်၏ ကြိုးပမ်းမှုများကို ချီးကျူးခဲ့ကြသည်။
ခေါင်းလောင်း ထိုးသောအခါ လူတိုင်း မိမိတို့၏ အတန်းများသို့ ထွက်ခွာ သွားကြသည်။ ဘေကွန်သည် သူ၏ ကျောင်းစာအုပ်များကို သေသေချာချာ စီစဉ်လိုက်ပြီး အတန်းသို့ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။ သို့သော် သူ မထွက်ခွာမီ မီးဖိုထဲမှ စာတစ်စောင် ပစ်ထွက်လာခဲ့သည်။
စာပေါ်တွင် စာသားများမှာ-
"အချစ်ဆုံး ပရော်ဖက်ဆာ ဘေကွန်— အရှင်ရှားလော့ခ်"