လန်ဆလော့၏ မှန်းဆချက်
Vol. 22 Ch. 327
အေးစက်သော မာနာ သူ၏ ကိုယ်ပေါ်သို့ စီးဆင်းသွားသည့်အခါ လန်ဆလော့သည် မှိန်ဖျော့သော မြေအောက်လောက ဥမင်လှိုဏ်ခေါင်း အထဲတွင် ရှိနေခဲ့သည်။
နံရံများမှာ မီးခိုးရောင် ဖြစ်ပြီး တောက်ပသော နွယ်ပင်များစွာ တစ်ခုနှင့် တစ်ခု ရစ်ပတ်နေကြကာ အချို့မှာ ဖြည်းညှင်းစွာ လှုပ်ရှားနေသည်ကိုပင် မြင်တွေ့ရသည်။
ဤမီးသီးကဲ့သို့ အပင်များသည် မှောင်မိုက်သော မြေအောက်လောက,ကို အလင်းရောင် ပေးနေခဲ့သည်။
၎င်းမှာ လန်ဆလော့ မြေအောက်လောကသို့ ပထမဆုံး အကြိမ် ရောက်ရှိဖူးခြင်း ဖြစ်သည်။ မိုက်ကယ်အိန်ဂျယ်လို မြေပေါ်လောကနှင့် ကောင်းကင်ဘုံ နိုင်ငံတို့ကို သိမ်းပိုက် အုပ်စိုးရန် ရှုံးနိမ့်ပြီးနောက် မြေအောက်လောကသည် လူမြင်ကွင်းမှ ပျောက်ကွယ် သွားခဲ့သည်။ မြေအောက်လောကသို့ ဝင်ပေါက် တစ်ခုခု ဖွင့်လှစ်ထားသည်ဟုလည်း သူ မကြားဖူးခဲ့ပေ။
လန်ဆလော့သည် မြေအောက်လောက အကြောင်း ဒဏ္ဍာရီများနှင့် စာအုပ်များမှသာ ကြားသိ နိုင်ခဲ့သည်။
"ဒါက... ရူးလောက်တယ်..."
လန်ဆလော့သည် ကမ္ဘာပျက်ကပ်ကဲ့သို့ မှိန်ဖျော့သော မြေအောက်လောက,ကို ကြည့်လိုက်စဉ် ကြောက်မက်ဖွယ် နောက်ခံတေးဂီတ သံစဉ်များ သူ၏ နားထဲတွင် မြည်ဟည်း လာခဲ့သည်...
"ကျေးဇူးပြုပြီး ဒီလို ဝီစီမျိုး မမှုတ်ပါနဲ့၊ ဟုတ်ပြီလား။ ကျွန်တော့် တစ်ကိုယ်လုံးပါ ကြက်သီးတွေ ထနေပြီ။"
"မင်းက အမှိုက်ပဲ။ ဆွေးနွေးခန်း ဖိုရမ်မှာ အလုံအလောက် မမြင်ဖူးဘူးလား။ ဘာကို ကြောက်နေစရာ ရှိလို့လဲ။"
"မင်း ဒီလောက် ကြောက်တတ်တာ ရယ်စရာပဲ။"
လန်ဆလော့သည် သူ၏ ဘေးမှ ဖြတ်လျှောက်သွားသော ကိုယ်တစ်ပိုင်း ဗလာကျင်း လူသား အနည်းငယ်ကို ကြည့်လိုက်သည်။ သူတို့တွင် စိတ်လှုပ်ရှားမှု သို့မဟုတ် ကြောက်ရွံ့မှု တစ်စုံတစ်ရာ မရှိဘဲ မြေပေါ်လောကတွင် ပျော်ရွှင်စွာ ကစားနေသည့် အလား ပေါက်နေခဲ့သည်။
"သွက်သွက်လက်လက် လျှောက်ကြ၊ တပ်စုနောက် ပြတ်မကျန်စေနဲ့။ မဟုတ်ရင် ဆုလာဘ် မရှိဘူး။"
ဘော့စ်အကြီး ဟမ်းစတား၏ အသံသည် တပ်စု ရှေ့ဆုံးမှ ထွက်ပေါ်လာခဲ့သည်။
လန်ဆလော့သည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး သူ၏ စိတ်လှုပ်ရှားမှုကို လျှော့ချစေကာ တပ်စုထဲသို့ ပြန်လည် ဝင်ရောက်သွားခဲ့သည်။
သူတို့ ဆယ်မိနစ်ခန့် ချီတက် ပြီးနောက် လမ်းဆုံ တစ်ခုသို့ ရောက်ရှိ ခဲ့ကြသည်။
ထိုနေရာတွင် လန်ဆလော့သည် မြို့စားကတော် လီလို ပြောကြားခဲ့သော ပစ္စည်းများကို တွေ့မြင်ခဲ့ရသည်။
သတ္တုရိုင်းများ၊ သေတ္တာများ၊ ပစ္စည်း ကိရိယာများနှင့် အခြားသော အထွေထွေ ပစ္စည်းများ ရှိနေခဲ့သည်။ အများစုမှာ မြေအောက်လောက သတ္တဝါများ၏ အသေကောင်များနှင့် ကိုယ်အင်္ဂါ အစိတ်အပိုင်းများ ဖြစ်ကြသည်။
မည်သူက သတ္တုရိုင်းများ တူးဖော်ပြီး ဤမြေအောက်လောက သတ္တဝါများကို မတွေ့ရှိဘဲ သတ်ဖြတ်နိုင်သည့် အစွမ်းအစ ရှိသနည်း။
လန်ဆလော့သည် ယခုအခါ ရှားလော့ခ်နှင့် မြို့စားကတော် လီလိုတို့၏ နောက်ခံနှင့် စွမ်းဆောင်ရည်ကို ပိုမို နားလည်လာခဲ့သည်။
အလုပ်လုပ်ရန် အချိန်တန်ပြီ။ သူ၌ မေးခွန်းများ ရှိနေလျှင်ပင် သူ ချုပ်တည်းထား ရမည်။ သူ မေးလျှင်ပင် မည်သူမျှ သူ့ကို ဘာမှ ပြောပြမည် မဟုတ်ပေ၊ စာထဲတွင် ပြောကြားထားသည့် အတိုင်းပင်။
နေဦး၊ အဲဒါ ဘာလဲ။
လန်ဆလော့သည် ဂိမ်းမာများ ကြိုးစား လုပ်ဆောင်နေသော ဧရိယာတွင် ခြေရာများကို တွေ့ရှိခဲ့သည်။ ထိုခြေရာများမှာ လူသားများ၊ ဖယ်ရီများ သို့မဟုတ် အက်လ်ဖ်များ ထံမှ မဟုတ်ပေ၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့က အလွန် ကြီးမားသော ကြောင့် ဖြစ်သည်။
လန်ဆလော့သည် လျှောက်သွားကာ ဒူးထောက်လိုက်ပြီး ကြီးမားသော သတ္တဝါများ၏ ခြေရာများဟု ထင်ရသော ခြေရာများကို စစ်ဆေး ကြည့်ရှုခဲ့သည်။ ၎င်းတို့ ပစ္စည်းများ သယ်ယူပို့ဆောင်ခဲ့သော သတ္တဝါများ ဖြစ်နိုင်မည်လော။ သူ နွေးထွေးသော ရွံ့ကဲ့သို့ အစုအပုံများကို တွေ့ရှိခဲ့ပြီး မျက်မှောင်ကြုတ်ကာ အနံ့ခံ ကြည့်လိုက်သည်။ ၎င်းတွင် စတော်ဘယ်ရီ အနံ့ရပြီး သူ သူ၏ သတ္တုလက်အိတ်ဖြင့် ထိုးကြည့်လိုက်သည်...
"အမ်ပီစီ၊ မင်း ဘာလို့ ဘီးတယ်လ်မွန် မစင်တွေကို ထိနေတာလဲ။"
"ငါသာ ဆွေးနွေးခန်းဖိုရမ်မှာ မစင်တွေကို မမြင်ဖူးခဲ့ရင် ငါလည်း ထိမိမှာပဲ။ မစင်တွေက စိုစွတ်နေတဲ့ မာရှမဲလို (အိတုန်အိတုန်မုန့်) တွေနဲ့ တူတယ်လို့ မင်း မထင်ဘူးလား။"
"မစင်တွေက ဆီးအိတ်ဗုံးတွေ လုပ်ဖို့ အရေးကြီးတဲ့ ပစ္စည်းပဲ။ ဒါက အရမ်း ဖြုန်းတီးရာ ကျတယ်နော်။"
"နေဦး၊ ဒီမှာ ဘာလို့ ဘီးတယ်လ်မွန် မစင်တွေ ရှိနေရတာလဲ။"
"ဖြစ်နိုင်တာက ဘီးတယ်လ်မွန်တွေ ဒီနေရာကို ခရီးသွားနေတာ ဖြစ်လိမ့်မယ်။"
လန်ဆလော့ မစင်များကို အနံ့ခံနေစဉ် မည်သူမျှ သူ့ကို သတိမပေးခဲ့ပေ။ သူတို့ သူ၏ နောက်သို့ ဘယ်အချိန်က ရောက်ရှိလာခဲ့ကြသနည်း။ သူတို့ သူ့ နောက်သို့ လိုက်လာခဲ့ ကြသလော။
ဟမ်းစတား သုံးကောင်သည် ဘေးတွင် ခါးထောက်ကာ ဂိမ်းမာများ ပစ္စည်းများကို မြေပေါ်လောကသို့ သယ်ယူ ပို့ဆောင် နေကြသည်ကို ကြီးကြပ် နေခဲ့ကြသည်။
"မင်းတို့ ဘာလုပ်နေကြတာလဲ။ မြန်မြန် လုပ်ကြ၊ လေဒီလီလိုက သူ့ အစေခံတွေကို အချောင်ခိုခွင့် ပြုမှာ မဟုတ်ဘူး။"
ဟမ်းစတား သုံးကောင် ရှေ့သို့ ထွက်လာပြီး ဂိမ်းမာများကို ဆူပူကြိမ်းမောင်း လိုက်ရာ သူတို့ လျင်မြန်စွာ အလုပ်ပြန်လုပ် ကြတော့သည်။
လန်ဆလော့သည် အတွေးနက်နက် ထဲတွင် နစ်မြုပ်နေပြီး စတော်ဘယ်ရီ အနံ့အကြောင်းကို ဆက်လက် စဉ်းစားနေခဲ့သည်။
အရေးကြီးသော အချက်မှာ ကြီးမားသော ခြေရာများ ပတ်လည်ရှိ သေးငယ်သော ခြေရာများ ဖြစ်သည်။ သေးငယ်သော ခြေရာများမှာ တိမ်သော်လည်း လန်ဆလော့သည် ၎င်းတို့ကို မကြာသေးမီကမှ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ပိုင်ရှင်များက စံနှုန်းမီ သတ္တုဖိနပ်များကို ဝတ်ဆင်ထားကြောင်း မှန်းဆနိုင်ခဲ့သည်။
ဤပစ္စည်းများကို ဤနေရာသို့ အခုလေးတင် သယ်ယူပို့ဆောင်ခဲ့ခြင်း ဖြစ်သော်လည်း ဥမင်လှိုဏ်ခေါင်း တစ်ခုသာ ရှိနေခဲ့သည်...
လန်ဆလော့သည် သူတို့ လျှောက်လှမ်းခဲ့သော လမ်းကို ကြည့်လိုက်သည်။ ဤသည်မှာ ဥမင်လှိုဏ်ခေါင်း၏ ပထမဆုံး လမ်းခွ ဖြစ်ပြီး လန်ဆလော့သည် လမ်းတစ်လျှောက် မည်သူနှင့်မျှ မတွေ့ဆုံခဲ့ကြောင်း သေချာခဲ့သည်။ ပစ္စည်းများ သယ်ယူပို့ဆောင်ခဲ့သော သတ္တဝါများသည် မြေအောက်လောကမှ ထွက်ခွာ မသွားခဲ့ကြပေ။ သူတို့ ပိုမို နက်ရှိုင်းသော နေရာသို့ ဝင်ရောက် သွားခဲ့ကြခြင်း ဖြစ်နိုင်သည်လော။
လန်ဆလော့သည် မြေအောက်လောကထဲသို့ နက်ရှိုင်းစွာ ဦးတည်နေသော ခြေရာများကို စုံစမ်း စစ်ဆေးခဲ့သည်။
သူသည် သံသယဖြစ်ဖွယ် ရှားလော့ခ် အကြောင်း၊ မာနာစွမ်းရည်များ ပြသခဲ့သော မြို့စားကတော် လီလို အကြောင်း စဉ်းစားမိခဲ့သည်။ သူ ပုံမှန် မဟုတ်သော လူသားများ၊ ဖယ်ရီများနှင့် အက်လ်ဖ်များအကြောင်း၊ များပြားလှသော ပစ္စည်းများ အကြောင်း၊ ပစ္စည်းများ သယ်ယူပို့ဆောင်ခဲ့သော အမည်မသိ သတ္တဝါများနှင့် မရေမတွက်နိုင်သော ခြေရာများ အကြောင်းကိုလည်း စဉ်းစားမိခဲ့သည်။ ချက်ချင်း ဆိုသလို သူ ၉၉% ဖြစ်နိုင်ခြေ ရှိသော ကောက်ချက် တစ်ခုသို့ ရောက်ရှိခဲ့သည်။
၎င်းမှာ...
ရှားလော့ခ်နှင့် လီလိုတို့သည် လူသားကမ္ဘာကို ချစ်မြတ်နိုးပြီး သူတို့၏ ခိုင်မာသော ယုံကြည်မှုဖြင့် မြေအောက်လောက,ကို ဆန့်ကျင် တိုက်ခိုက်နေခဲ့သော အစွမ်းထက် ဇာတ်ကောင်များ ဖြစ်ကြသည်။ သူတို့သည် အလင်းနှင့် ငြိမ်းချမ်းရေး မျိုးနွယ်စုများ အတွက် တိုက်ခိုက်ခဲ့ကြပြီး မြေအောက်လောက သတ္တဝါများကို သတ်ဖြတ်ပြီးနောက် ပစ္စည်းများ ရရှိခဲ့ကြသည်။ အသေကောင်များက သူ၏ ယူဆချက်ကို သက်သေပြ နေခဲ့သည်။
ပစ္စည်းများ သယ်ယူပို့ဆောင်ခဲ့သော အမည်မသိ သတ္တဝါများသည် သူတို့၏ တိုက်ပွဲကို ဆက်လက် ဆင်နွှဲရန် မြေအောက်လောကသို့ ပြန်သွားခဲ့ကြ ရမည်။
မြေပေါ်လောကသည် အာဏာ လွန်ဆွဲပွဲများဖြင့် ပြည့်နှက်နေပြီး အချစ်နှင့် ကမ္ဘာ့ငြိမ်းချမ်းရေး အတွက် တိုက်ခိုက်သော လူများစွာ ရှိနေသည်ဟု စိတ်ကူးကြည့်ရန်မှာ ခက်ခဲလှသည်။
လန်ဆလော့သည် သူ၏ မှန်းဆချက်ကို ယုံကြည် လက်ခံကာ စိတ်လှုပ်ရှား သွားခဲ့သည်။
အခြား အဘယ်အရာက ဖြစ်နိုင်ဦးမည်နည်း။
ရှားလော့ခ်သည် သူ၏ ကိုယ်ပိုင်ဒန်ဂျင် ရှိသော မြေအောက်လောက နတ်ဆိုးတစ်ဦး ဖြစ်ပြီး လီလိုမှာ သူ၏ စီမံခန့်ခွဲမှု ရုပ်သေးတစ်ရုပ် ဖြစ်နိုင်မည်လော။ ဤဗစ်တိုးရီးယား မြို့သားများသည် ဖုံးကွယ်ထားသော ဆိုးယုတ်သည့် ဂိုဘလင်များ၏ ဝိညာဉ်ကိုယ်များ ဖြစ်နိုင်မည်လော။ ရှားလော့ခ်သည် ဤ ညစ်ညမ်းသော မြေအောက်လောက သတ္တဝါများနှင့် ဘီးတယ်လ်မွန်များကို အသုံးပြု၍ ပစ္စည်းများကို ဤနေရာသို့ သယ်ယူ ပို့ဆောင်ပြီးနောက် ထွက်ခွာသွားခဲ့ခြင်း ဖြစ်နိုင်မည်လော။
လုံးဝ မဖြစ်နိုင်ပါ။