← Chapters

မာကိုပိုလို၏ ထူးဆန်းသော ကြုံတွေ့မှု မစ်ရှင်

Vol. 22 Ch. 318

မာကိုပိုလို၏ ထူးဆန်းသော ကြုံတွေ့မှု မစ်ရှင်

Vol. 22 Ch. 318

ထာဝရတိုင်းပြည်၏ နေရာရွှေ့ပြောင်း ဝင်ပေါက် ခန်းမဆောင်တွင်။

တောက်ပမှု တစ်ခု လင်းလက်သွားပြီး ဂိမ်းမာ ၁၅ ဦးသည် ဝင်ပေါက်များမှ ဆူညံစွာ ထွက်လာကြသည်။ ဂိမ်းမာ အနည်းငယ်သည် ဘာဖြစ်သွားသည်ကို သိရှိရန် စုဝေးလာကြသည်။

ဂိမ်းမာ ၁၅ ဦးမှာ ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့မှ ပထမ ဘီတာဂိမ်းမာများ ဖြစ်ကြသည်။

ဝိညာဉ်ကောလိပ်ရှိ လူ ၁၅ ဦးပါ ကန့်သတ်ဒန်ဂျင်နယ်မြေ စတင်ချိန်မှ စ၍ ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့သည် ၎င်းကို ပထမဆုံး အောင်နိုင်သည့် အဖွဲ့ ဖြစ်လာရန် ကြိုးပမ်းနေခဲ့သည်။

၎င်းမှာ ခက်ခဲလှသည်။ ရက်ပေါင်း နှစ်ဆယ် ကြာမြင့်ခဲ့သော်လည်း မည်သည့် အစည်းအရုံးမျှ ကန့်သတ်ဒန်ဂျင် နယ်မြေကို အောင်နိုင်ခြင်း မရှိခဲ့ပေ။ သူတို့ ပြီးမြောက် အောင်မြင်နိုင်သော်လည်း အချိန် ကုန်သွားခဲ့သည်။ ပြဿနာမှာ အကြိမ်တိုင်း ကြုံရသည့် ဘော့စ်မှာ မတူညီခြင်းပင်။ အကြိမ် ဆယ်ဂဏန်းမျှ သေဆုံးပြီးနောက် ဘော့စ်ကို မည်သို့ အနိုင်တိုက်ရမည်ကို သိရှိသည့်အခါ သူတို့ သတ်မှတ်ချိန် ကုန်သွားခဲ့သည်။

ဂိမ်းမာများကို အားဖြည့်ပေးပြီး ကုသပေးရန် ဆေးဝါးများ မရှိခဲ့ပေ။ အစားအစာ များတွင် အကျိုးသက်ရောက်မှု အချို့ ရှိသော်လည်း သေးငယ်သော တိုးတက်မှုမှာ များစွာ အသုံးမဝင်ခဲ့ပေ။

ဂိမ်းမာများ အကောင်းဆုံး အခြေအနေတွင် ရှိနေစေရန် ဘော့စ်တစ်ဦးကို အနိုင်တိုက်ပြီးနောက် သူတို့သည် အလှည့်ကျ မိမိကိုယ်ကို သတ်သေပြီး ပြန်လည် ရှင်သန်ကြရာမှ အမြင့်ဆုံး အခြေအနေသို့ ရောက်ရှိခဲ့ကြသည်။ ဤသည်မှာ သူတို့၏ ဂုဏ်သတင်း ရမှတ်များနှင့် တန်ဖိုး ရှိသော အချိန် နှစ်မျိုးစလုံးကို လျော့နည်းစေခဲ့သည်။ အချိန်တစ်ဝက်မှာ ကန့်သတ်ဒန်ဂျင်နယ်မြေတွင် ပြန်လည် ရှင်သန်ခြင်းနှင့် ပြေးလွှားခြင်းတို့ဖြင့် ကုန်ဆုံးခဲ့ရသည်။

အကယ်၍ ဂိမ်းမာများကို လုံးဝ ကုသပေးနိုင်သော သို့မဟုတ် အချိန်တိုအတွင်း သူတို့၏ အစွမ်းကို တိုးမြှင့်ပေးနိုင်သော ဆေးဝါးများ ရှိခဲ့ပါက ကန့်သတ်ဒန်ဂျင် နယ်မြေကို ပိုမိုလွယ်ကူစွာ အောင်နိုင်,နိုင်မည် ဖြစ်သည်။

ဂိမ်းမာများ၏ လက်ရှိ အဂ္ဂိရတ်ပညာ စွမ်းရည်များအရ ၎င်းမှာ မဖြစ်နိုင်ခဲ့ပေ။ ဖယ်ရီမလေးက မိုးလက်ဖက်ရည်ကို ကြွားဝါသည့်အခါ ထိုသို့သော ဆေးဝါးများ ရှိသည်ဟုတော့ သူမ ပြောခဲ့သည်။ သို့သော် ဘေးထွက်ဆိုးကျိုးများမှာ ၂၄ နာရီ အကြာတွင် သေဆုံးခြင်း၊ တစ်နှစ်အကြာတွင် ကိုယ်ခန္ဓာ လုပ်ဆောင်ချက်များ ချို့ယွင်းခြင်းနှင့် အသက်ကြီးပိုင်းတွင် ဆီးမထိန်းနိုင်ခြင်း တို့ကဲ့သို့ ကြောက်မက်ဖွယ် ကောင်းလှသည်။

၎င်းမှာ ဟာသ တစ်ခုပင်။ စတုတ္ထကပ်ဘေးဟု တံဆိပ်ကပ် ခံထားရသော ဂိမ်းမာများသည် ဘေးထွက်ဆိုးကျိုးများကို အဘယ်ကြောင့် ကြောက်ရွံ့နေမည်နည်း။ အကယ်၍ ဂိမ်းမာများ သုံးရက်အတွင်း မသေဆုံးပါက သူတို့ အရှုံးပေး ဝန်ခံလိမ့်မည်။

ဂိမ်းမာများ မကြောက်ရွံ့လျှင်ပင် သူတို့တွင် ပစ္စည်းများ မရှိသောကြောင့် ဆေးဝါးများကို မထုတ်လုပ်နိုင်ခဲ့ပေ။ ဖယ်ရီမလေးက "ဟမ့်။ ငါသာ နေသာတဲ့ အခြေအနေမှာ လောကသစ်ပင်မှာ အပင်တွေ စိုက်ပျိုးနိုင်ရင် သုံးရက်အတွင်း ကုသရေး ဆေးရည်တွေ ထုတ်လုပ်ပေးနိုင်တယ်။ သေဆုံးတာက လွဲလို့ ဒဏ်ရာ အများစုကနေ ပြန်လည် သက်သာလာနိုင်တယ်။ ငါ အသက်စွမ်းအား ပြန်လည် ရှင်သန်စေပြီး ကိုယ်ခန္ဓာကို လျင်မြန်စွာ ကုသပေးနိုင်တဲ့ အသက်ချုံ့ ဘီစကွတ်မုန့်တွေလည်း ထုတ်လုပ်နိုင်တယ်။ ဒါပေမဲ့ ဒီမှာ လောကသစ်ပင် ဒါမှမဟုတ် နေရောင်ခြည် မရှိဘူး။"ဟု ဆိုလိုက်သည်။

ထို့နောက် ဂိမ်းမာများသည် လောကသစ်ပင် တစ်ခုကို တိုက်ခိုက်သိမ်းယူရန် စူးစမ်းရှာဖွေရေးအဖွဲ့ တစ်ခု ဖွဲ့စည်းလုနီးပါး ဖြစ်သွားခဲ့သည်။

"အလိုလေး၊ ငါတို့ ရှုံးပြန်ပြီ။ ငါတို့ ဘော့စ်ကို အနိုင်တိုက်ပြီး ကန့်သတ်ဒန်ဂျင်နယ်မြေကို အောင်နိုင်ခါနီးပဲ။" ရင်မွှေးမီးလောင်က ဒေါသတကြီး အော်ဟစ်လိုက်စဉ် ဂနိုင်သားက သူ၏ ပခုံးကို ပုတ်လိုက်ပြီး စကြဝဠာကို သူ၏ လက်ချောင်းထိပ်များတွင် ဆုပ်ချေနေသည့် အမူအရာ ပြုလုပ်လိုက်သည်။

"ရင်မွှေးအစ်ကို၊ မင်းရဲ့ 'တော်သေးတယ်' ဆိုတာ ဘော့စ်တစ်ဝက်ကို ဆိုလိုတာလား။"

"အိုက်ယား၊ ၁၂ နာရီကြာ ကစားပြီးလို့ ပင်ပန်းလိုက်တာ။ ငါ ပြီးပြီ။ အော့ဖ်လိုင်း ဖြစ်ပြီး အနားယူ၊ မျက်နှာ ပေါင်းတင်လိုက်ဦးမယ်။ အာသာအစ်ကို၊ နောက်မှ ဝီချက်မှာ စကားပြောကြရအောင်။"

ဆယ်ဗားနပ်စ်သည် အာသာ၏ ဘေးတွင် ရပ်နေသော်လည်း သူက ခေါင်းခါလိုက်ပြီး "မဟုတ်ဘူး၊ ငါ အော့ခ်မျိုးနွယ်ကို ဘယ်လို ပြောင်းရမလဲ သုတေသန လုပ်ရမယ်။ ဆွေးနွေးခန်း ဖိုရမ်မှာ အော့ခ်တွေ အကြောင်း သတင်း အချက်အလက်တွေ ရှိနေမှတော့ ပြောင်းလဲဖို့ နည်းလမ်း တစ်ခုခု ရှိရမယ်။ မစ်ရှင်တွေ လက်ခံနိုင်မလားဆိုတာ သိရအောင် အမ်ပီစီတွေနဲ့ စကားပြောကြည့် လိုက်ဦးမယ်။"ဟု ဆိုလိုက်သည်။

"ငါ မင်းနဲ့အတူ လိုက်ခဲ့မယ်။ ငါ မျိုးနွယ်ပြောင်းလဲခြင်းနဲ့ ပတ်သက်တဲ့ နည်းဗျူဟာလမ်းညွှန် တစ်ခု ရေးတော့မယ်။ ငါ ခုတလော နည်းဗျူဟာ လမ်းညွှန်တွေ မဖန်တီးဖြစ်ဘူး။" ဘောင်းဘီမဝတ်သူက ဆိုလိုက်သည်။

"ငါ ရောသွားမယ်။ ငါ ရောသွားမယ်။" ဂနိုင်သားက အော်ဟစ်လိုက်သည်။

"ဗားနပ်စ်၊ မင်း ငါတို့ မပါဘဲ အော့ဖ်လိုင်း ဖြစ်တော့မှာလား။" ရင်မွှေးမီးလောင်က ဆယ်ဗားနပ်စ်ကို ပြောလိုက်သည်။ ကျန်ဂိမ်းမာများကလည်း သူတို့ အော့ခ် ဖြစ်လာရန် မစ်ရှင်အကြောင်း ပိုမို သိရှိလိုကြောင်း ဖော်ပြခဲ့ကြသည်။

ဆယ်ဗားနပ်စ်သည် သူမ ဖယ်ကျဉ်ခံနေရသည်ကို သတိပြုမိပြီး ဒေါသထွက်လာခဲ့သည်။ သူမ ရင်မွှေးမီးလောင်၏ လည်ပင်းကို ဆုပ်ကိုင်ကာ ပြုံးလိုက်ပြီး "အာသာအစ်ကို သွားရင် ငါ သေချာပေါက် လိုက်ခဲ့မှာပေါ့။ ငါက အာသာနဲ့ အတွဲအညီဆုံးပဲ။"ဟု ဆိုလိုက်သည်။

"မင်း မျက်နှာပေါင်းတင်တော့မှာ မဟုတ်ဘူးလား။ မတင်ရင် မင်း မျက်နှာက အမွှေးတွေ အရမ်း ရှည်လာရင် ဘယ်လို လုပ်မလဲ။ အဲ့ကျ မင်း ချစ်စရာ ကောင်မလေး မဖြစ်နိုင်တော့ဘူး။"

ရင်မွှေးမီးလောင်၏ လည်ပင်းကို ဆုပ်ကိုင်ရာမှ ဆယ်ဗားနပ်စ်သည် သူ့ကို လည်ပင်း ထညှစ်တော့သည်။

ဂိမ်းမာများသည် ဆူညံပွက်လော ရိုက်လာကြပြီး ကန့်သတ်ဒန်ဂျင် နယ်မြေတွင် ရှုံးနိမ့်ခဲ့ခြင်းကို လုံးဝ မေ့သွားကြသည်။

အာသာသည် ပျော်ရွှင်မှု မရှိဘဲ အနီးအနားရှိ ပန်းခင်းကို ကြည့်နေခဲ့သည်။ ထိုနေရာတွင် ဂိမ်းမာများစွာ စုဝေး နေကြပြီး မြေဆီလွှာတွင် အပင်များ စိုက်ပျိုးရန် တန်းစီ စောင့်ဆိုင်း နေကြသည်။ အာသာ ပတ်ပတ်လည် ကြည့်ရှု ခဲ့သော်လည်း မိုးလက်ဖက်ရည်၏ ပုံရိပ်ကိုမူ မမြင်တွေ့ခဲ့ရပေ။

အာသာသည် သစ်ပင်အိမ် တစ်လုံးတွင် လဲလျောင်းနေပြီး အနီးသို့ ကပ်လာသော သို့မဟုတ် သစ်ပင်တက်လာသော ဂိမ်းမာများထံ တံတွေးများ တဖျစ်ဖျစ် ထွေးနေသော ဖယ်ရီမလေးကို ကြည့်နေခဲ့သည်။ မြင်ကွင်းမှာ အဓိကရုဏ်းနှိမ်နင်းရေး ရေပိုက်ကြီးဖြင့် ပစ်ခတ်ကာ လူအုပ်ကို လူစုခွဲနေသည်နှင့်ပင် တူနေခဲ့သည်။

အာသာ စဉ်းစားနေစဉ် ဂိမ်းမာ တစ်ဦးသည် နေရာရွှေ့ပြောင်း ဝင်ပေါက်မှ ထွက်လာပြီး "မြန်မြန် လာကြ။ ငါ ဗစ်တိုးရီးယားရဲ့ ထူးဆန်းသော ကြုံတွေ့မှု မစ်ရှင် ရထားတယ်။"ဟု အော်ဟစ်လိုက်သည်။

ထိုဂိမ်းမာမှာ မာကိုပိုလို ဖြစ်သည်။

"အလိုလေး၊ မာကိုပိုလိုက ဇာတ်လမ်းပိုင်း အသစ် တစ်ခု ထပ်ပြီး ဖန်တီးလိုက် ပြန်ပြီ။" ဂနိုင်သားက အာမေဋိတ် ပြုလိုက်စဉ် ဆယ်ဗားနပ်စ်၏ လည်ပင်းညှစ်ခြင်း ခံနေရသော ဘောင်းဘီမဝတ်သူသည် မိမိကိုယ်ကို လွတ်မြောက်အောင် ပြုလုပ်ကာ ရှေ့သို့ ပြေးထွက် သွားခဲ့သည်။ အာသာနှင့် ကျန်ဂိမ်းမာများလည်း နောက်မှ လိုက်ပါ သွားကြသည်။

မကြာမီ မာကိုပိုလို ရှေ့တွင် လူအုပ်ကြီး စုဝေး ရောက်ရှိလာကြသည်။

သူသည် ဘောင်းဘီတို ဝတ်ဆင်ထားပြီး ၎င်းမှာ သူ ပြန်လည် ရှင်သန်လာခဲ့ကြောင်း ညွှန်ပြနေသည်။ လူအုပ်ကြီးကို မြင်သောအခါ သူ သူ၏ ထူးဆန်းသော ကြုံတွေ့မှု မစ်ရှင်အကြောင်း သူတို့ကို ပြောပြခဲ့သည်။

မာကိုပိုလို ဗစ်တိုးရီးယားကို ရှာဖွေနေစဉ် အစိမ်းရောင် အလင်းတန်း တစ်ခု ပေါ်ပေါက် လာခဲ့သည်။ သို့သော် မာကိုပိုလိုသည် သက်ရှိ သတ္တဝါတစ်ဦး ရှိ၊မရှိ မသေချာခဲ့ပေ။ အလင်းထဲမှ သတ္တဝါက မိမိကိုယ်ကို ပရောဖက်(ရှေ့ဖြစ်ဟောဆရာ)တစ်ဦးဟု အခိုင်အမာဆိုခဲ့သည်။

ထိုသတ္တဝါက မာကိုပိုလိုအား "မင်းရဲ့ ဦးတည်ရာက မှားနေတယ်၊ ဒါပေမဲ့ မင်းရဲ့ စွန့်စားလိုစိတ်ကြောင့် ငါ စိတ်ထိခိုက်မိတယ်။ အကြောင်း အမျိုးမျိုးကြောင့် ငါ ထာဝရတိုင်းပြည်နဲ့ နီးစပ်နိုင်ခြင်း မရှိဘူး။ ကျေးဇူးပြုပြီး အရှင်ရှားလော့ခ်ကို ဗစ်တိုးရီးယားမြို့နဲ့ ပတ်သက်လို့ သတိထားဖို့ အကြောင်းကြားပေးပါ။ ငြိမ်းချမ်းရေးဖြစ်စေ၊ ပျက်စီးခြင်း ဖြစ်စေ၊ ရွေးချယ်မှုက ငါတို့ လက်ထဲမှာပဲ ရှိတယ်။"ဟု ပြောကြားခဲ့သည်။

၎င်းမှာ လျှို့ဝှက် ဆန်းကြယ်သော စကားဝိုင်း ဖြစ်ခဲ့သည်။

၎င်းမှာ ထူးဆန်းသော ကြုံတွေ့မှု မစ်ရှင် တစ်ခု ဖြစ်သည်။ မာကိုပိုလိုသည် အလွန် စိတ်လှုပ်ရှားသွားပြီး သူ၏ အထုပ်အပိုးများကိုပင် စွန့်ပစ်ကာ မိမိကိုယ်ကို သတ်သေခဲ့သည်။ သူ သူ၏ ထူးဆန်းသော ကြုံတွေ့မှု မစ်ရှင်ကို အမြန်ဆုံး ပြီးမြောက် အောင်မြင်စေရန် ထာဝရတိုင်းပြည်သို့ ပြန်သွား လိုခဲ့သည်။

All Chapters