← Chapters

အမည်

Vol. 69 Ch. 1101

အမည်

Vol. 69 Ch. 1101

ချန်လွေ့က တိတ်တဆိတ် ထိတ်လန့် သွားလေသည်။ [နတ်ဆိုးယင်ကောင် ပြောင်းလဲခြင်း]ကို ထားလိုက်ဦး။ သူက အရိပ်လေပြေ ဖိနပ်ကို‌‌တောင် ထွင်းဖောက်မြင်နိုင်တယ်တဲ့လား။

“ရှင်ကိုး။” တီဇန်နီယာ၏ အသံက ရုတ်တရက် အေးစက်သွားသည်။ သူ၏ မျက်လုံးက လက်ခနဲ ဖြစ်သွားပြီး ကြယ်စွမ်းအားနှင့် ဝိညာဉ်ကို ခဲသွား စေနိုင်သည့် ယခင် ကြောက်မက်ဖွယ် ခံစားချက်က ချန်လွေ့၏ စိတ်ထဲတွင် တစ်ဖန်ပြန်လည် ပေါ်ပေါက်လာသည်။

ချန်လွေ့က ချက်ချင်းပင် အပြည့်အဝ သတိထားနေလိုက်သည်။ သူသည်လည်း နတ်ဘုရား-ယောင် အထွတ်အထိပ်အဆင့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ မိုက်ကယ်နှင့် စေတန်နှင့် နှိုင်းယှဉ်လျှင် တီဇန်နီယာက ‘ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု’ ပုံစံဘက်သို့ ပိုအားသန်သည်။ အရှိန်အဝါ စွမ်းအားက သူ၏ ခန္ဓာကိုယ်နှင့် အပြည့်အဝ ပေါင်းစပ်နေသော်လည်း သူတွင် အချိန် စွမ်းအား [သစ်တောလိုနှေးကွေး]ကိုပင် အချည်းနှီး ဖြစ်သွားစေသည့် အလွန် ကြောက်မက်ဖွယ်ကောင်းသော ထူးဆန်းသည့် စွမ်းအား တစ်ခုလည်း ရှိနေသေးသည်။ ထိုအရာက စစ်ပွဲမာန် ခန္ဓာ သို့မဟုတ် သူတော်စင် တိုက်ခိုက်ရေး နှလုံးသား၏ ပါရမီကြောင့် ဖြစ်နိုင်ခြေ အများဆုံးပင်။

လက်ရှိတွင် တီဇန်နီယာသည် သူ ရင်ဆိုင်ခဲ့ဖူးသမျှထဲတွင် အခက်ခဲဆုံးသော ပြိုင်ဘက်ဖြစ်၏။

ယခုအခါ [နတ်ဆိုးယင်ကောင် အသွင်ပြောင်းခြင်း] နှင့် [ကြေးမုံခန္ဓာျ] တို့ကို သုံးပြီးပြီဖြစ်ရာ အချိန်စွမ်းအားကို ဖိနှိပ်ခံရသည်နှင့် အသက်အန္တရာယ် ကြုံတွေ့လာပါက လွတ်မြောက်ရန် [ကြယ်ဂိတ်]ကို ဖွင့်ရန်ပင် အတော်လေး ခက်ခဲပေလိမ့်မည်။

“ရှင့်ရဲ့ ကြယ်ကြွေဓား ဘယ်မှာလဲ။” တီဇန်နီယာ၏ အေးစက်သော အသံက ချွန်ထက်သော ဓားတစ်စင်းနှင့် တူနေ၏။ ၎င်းအသံက ယခင်ကထက် များစွာ သာလွန်သော ကြမ်းကြုတ်သည့် အရှိန်အဟုန်ဖြင့် ပြည့်နှက်နေသည်။

“ကြယ်ကြွေဓား ဟုတ်လား။” ချန်လွေ့ မျက်မှောင်ကြုတ်လိုက်သည်။ “ခင်ဗျား လူမှားနေပြီ။”

ထိုအခိုက်အတန့်တွင် ချန်လွေ့၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲ သွား၏။ တီဇန်နီယာ၏ စွမ်းအားကြောင့် မဟုတ်ဘဲ သူ၏ လက်ထဲရှိ မီးစုစည်း သလင်းကျောက်သဲကြောင့်ပင်။ မီးစုစည်း သလင်းကျောက်သဲတွင် တဖြည်းဖြည်း ပျောက်ကွယ်လုနီးပါး ဖြစ်နေသော အလင်းတန်းလေးက ရုတ်တရက် ထူးဆန်းသော ပုံစံ အမှတ်အသား တစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြီး ငွေရောင်နှင့် အနက်ရောင် လျှပ်စီးတန်းများ ထုတ်လွှတ်နေသည်။ မီးစုစည်း သလင်းကျောက်သဲသည် လျင်မြန်စွာပင် တစ်ဖန် ပြန်လည် ပျက်စီးပျောက်ကွယ် သွားတော့သည်။

ချန်လွေ့ [ကြယ်ဝါးမျိုခြင်း] စွမ်းအားကို အစွမ်းကုန် သုံးရန် ကြိုးစားခဲ့သော်လည်း မီးစုစည်းသလင်းကျောက်သဲ ပျောက်ကွယ်သွားခြင်းကို နှေးကွေးသွားအောင်သာ လုပ်နိုင်ခဲ့သည်။

ထိုကဲ့သို့ ပါလာသော စွမ်းအားမျိုးနှင့် ဆိုလျှင် သူက ၎င်းကို သိုလှောင်ခန်းထဲ သိမ်းဆည်းထား၍ မရနိုင်ပေ။

“မဒမ်-တီဇန်နီယာ” ချန်လွေ့က မျက်လုံးများတွင် စူးရှသော နာကျင်မှု ရှိနေသော်လည်း မျက်တောင်တစ်ချက် မခတ်ဘဲ ငွေ-နီ မျက်လုံးကို တည့်တည့် စိုက်ကြည့်နေလိုက်သည်။ “ဒါက ဘာကို ဆိုလိုတာလဲ။”

“ကျွန်မ ဒီလိုပုံစံနဲ့ လူတွေကို စကား မပြောတတ်ဘူး။” တီဇန်နီယာက အေးစက်စွာ ပြောလိုက်သည်။ “ရှင့်ရဲ့ မျက်နှာဖုံးကို ချွတ်လိုက်။”

ချန်လွေ့ မျက်မှောင်ကြုတ်လိုက်သည်။ ကြယ်ချပ်ကာ၏ မျက်နှာကာ နတ်ဘုရား-ဝါးမျိုမျက်နှာဖုံးနှင့်အတူ တပြိုင်နက် ပျောက်ကွယ်သွားပြီး ချန်လွေ့၏ သာမန် ရုပ်သွင်ကို ဖော်ပြလိုက်လေသည်။

“ကိုယ့်ရဲ့ မျက်နှာအမှန် ကိုတောင် မပြရဲဘူးလား။” တီဇန်နီယာက သူ၏ မျက်နှာကို တစ်ချက်သာ ကြည့်ပြီးနောက် မထီမဲ့မြင်ပြုသော အမူအရာ ပြလိုက်၏။

“ဒါက ကျုပ်ရဲ့ သရုပ်မှန်…”

“အပိုတွေ မပြောနဲ့။” တီဇန်နီယာ၏ လက်ထဲရှိ ခရုပတ်ဓားကို ကောင်းကင်သို့ ချိန်လိုက်ရာ အိုအေစစ် တစ်ခုလုံး၏ ကောင်းကင်က မှောင်မိုက်သွားသည်။ ကောင်းကင်ယံရှိ မိုးတိမ်မည်းများတွင် ငွေရောင်နှင့် အနက်ရောင် လျှပ်စီးများ လက်နေပြီး မီးစုစည်း သလင်းကျောက်သဲ အပေါ်ရှိ အမှတ်အသားနှင့် တစ်ထေရာတည်းတူနေသော ဧရာမ အမှတ်အသားကြီး တစ်ခု ပေါ်ထွက် လာခဲ့သည်။

ချန်လွေ့၏ ခံစားချက်များက ပို၍ ပို၍ ထင်ရှားလာခဲ့သည်။ ထိုဓားတွင် ပါဝင်နေသည်မှာ တီဇန်နီယာ၏ ဒြပ်စင်လေးမျိုး ပါရမီမဟုတ်ဘဲ အလင်း ဒြပ်စင်နှင့် အမှောင် ဒြပ်စင်၏ အငွေ့အသက်များ ဖြစ်သည်။

အလင်းဒြပ်စင်နှင့် အမှောင်ဒြပ်စင် စွမ်းအားများက အလွန် သန့်စင်ပြီး အားကောင်းလှသည်။ လူသား လောကတွင် ထိုမျှ အားကောင်းသော အမှောင်ဒြပ်စင်စွမ်းအား ရှိနေသည်မှာ ယုံရခက်ခက်ပင်။ ဒါက ဓားရဲ့ ကိုယ်ပိုင် စွမ်းအားပဲ ဖြစ်ရမယ်။

“မီးစုစည်းသလင်းကျောက်သဲပေါ်က အမှတ်အသားက ဒီ‘ဟင်းလင်းပြင် ခုတ်ချက်’နဲ့ တသားတည်းပဲ။ အဲဒီ အမှတ်အသားကို ပယ်ဖျက်ချင်ရင် ဒီဓားချက်ကို ခံလိုက်။” အေးစက်သော အသံက ကောင်းကင်ယံတွင် ရုတ်တရက် ပေါ်ထွက်လာသည်။ တီဇန်နီယာက ခရုပတ်ဓား မြှောက်လိုက်ရာ ကောင်းကင် တစ်ခုလုံးနှင့် ပေါင်းစပ် သွားသကဲ့သို့ ဖြစ်နေသည်။ သူ၏ ပုံပန်းသဏ္ဌာန်လည်း ပြောင်းလဲသွား၏။ သူ၏ နောက်တွင် ငွေရောင် တောင်ပံ (၆)စုံ ပေါ်ထွက်လာပြီး သူ၏ စွမ်းအားအငွေ့အသက်သည်လည်း တဖန် ထိုးတက်သွားပြန်သည်။

သူက အသေအချာပင် အမြင့်ဆုံး အဆင့်ဖြစ်သည့် တောင်ပံ၁၂ဖက်နှင့် ကောင်းကင်တမန်ပင်။

အချိန်တို အတွင်းမှာပင် ဓားပေါ်ရှိ ပြင်းထန်လှသော အလင်းနှင့် အမှောင် စွမ်းအားတို့ကြောင့် ဓားက အဆပေါင်း ရာနှင့်ချီ ကြီးမားသွားသလို ဖြစ်သွား၏။ ၎င်းက အဖြူနှင့် အနက် လျှပ်စီးများ ရစ်သိုင်းသော မိုးထိလုနီးပါး ကြီးမားသည့် ခရမ်းရောင် မဟာဓား အဖြစ်သို့ ပြောင်းလဲကာ ချန်လွေ့ကို ခုတ်ချ လိုက်တော့သည်။

၎င်းမှာ ဓားတစ်စင်းတည်း မဟုတ်ဘဲ ဓားသိန်းပေါင်းများစွာ၏ အနှစ်သာရကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ထားခြင်း ဖြစ်သည်။ ဓားချက် မကျရောက်မီမှာပင် အနီးအနားရှိ မြေပြင်က ထိုကြီးကျယ် ခမ်းနားသော အရှိန်အဟုန်ကြောင့် အက်ကွဲသွားခဲ့သည်။

ချန်လွေ့တွင် စဉ်းစားရန် အချိန် မရှိတော့ပေ။ မျက်စိတစ်မှိတ် အတွင်း သူ၏ လက်ထဲ ဓားတစ်စင်း ပေါ်လာပြီး ခုခံလိုက်သည်။

ဓားကိုယ်ထည်က နှင်းလို ဖြူဖွေးနေပြီး ထူးဆန်းသော အမှတ်အသား နှစ်ခုကို ထွင်းထုထားသည်။ ဓားလက်ကိုင်ကာက ကျောခိုင်းထားသော တမန်တော် နှစ်ပါးပုံ ဖြစ်ပြီး ရိုးရှင်း၍ လျို့ဝှက်နက်နဲသော အငွေ့အသက်ကို ထုတ်လွှတ်နေ၏။

ထိုအရာက ကြယ်ကြွေတမန်ဓားပင်။

ထိုဓားက တီဇန်နီယာ ပြောခဲ့သည့် ကြယ်ကြွေဓား ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ ချန်လွေ့ ယခု လုပ်ရမည့် တစ်ခုတည်းသော အရာက အားကောင်းသော အလင်းဒြပ်စင်နှင့် အမှောင်ဒြပ်စင် စွမ်းအားတို့ ပါဝင်သော ‘ဟင်းလင်းပြင်ခုတ်ချက်’ကို ခံယူရန်ပင်။

မျက်စိတစ်မှိတ် အတွင်းမှာပင် လွှမ်းမိုး ဖိစီးနေသော အရှိန်အဝါက ချန်လွေ့ကို ရစ်ပတ်လိုက်ပြီး အိုအေစစ် တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားခဲ့လေသည်။ ကြီးမားသော စွမ်းအား၏ လှုံ့ဆော်မှု အောက်တွင် ကျောက်တုံးကြီးများက မြေဆွဲအားကို လွန်ဆန်ကာ လေထဲသို့ ပျံတက်သွားကြသည်။

အချိန်အတော် ကြာပြီးနောက်တွင် တိမ်တိုက်မည်းများနှင့် လျှပ်စီးများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ကောင်းကင် မူလပုံစံအတိုင်း ပြာလဲ့ သွားလေသည်။

မြေပြင်ပေါ်ရှိ အက်ကြောင်းများမှာမူ ကောင်းကင်ကဲ့သို့ ပြန်ကောင်းမွန်လာခြင်း မရှိပေ။ ထိုနေရာက သံမဏိမြေပြင်ကဲ့သို့ ခိုင်မာသော အထူး တိုင်းပြည်တစ်ခု ဖြစ်သော်လည်း ဥက္ကာခဲတစ်ခု မြေပေါ် ကျရောက်သွား သလိုပင် ကြီးမားသော ချိုင့်ခွက်ကြီးတစ်ခု ဖြစ်ပေါ်နေသည်။

ဖုန်မှုန့်များ ငြိမ်သက်သွားပြီးနောက် တီဇန်နီယာက ခရုပတ်ဓားကို ကိုင်ကာ အောက်သို့ ခုတ်ချနေသော ဟန်ပန် အတိုင်း ရှိနေပြီး တစ်ဖက်တွင် ဓားကို အလျားလိုက် ခုခံထားသော ချန်လွေ့၏ ပုံရိပ်က လေတိုက်၍ လွင့်ပါသွားသော သစ်ရွက်ခြောက်များလို ဝေဝါးသွား၏။

တီဇန်နီယာ၏ မျက်လုံးများက ရှေ့တည့်တည့်ကို စူးစိုက်ကြည့်နေပြီး ထိုနေရာတွင် ချန်လွေ့၏ ပုံရိပ်သည် တစ်ဖန်ပြန်လည် ထင်ရှားလာသည်။

တီဇန်နီယာက စကားလုံးနှစ်လုံးကို အေးစက်စွာ ပြောလိုက်လေသည်။ “[လေခန္ဓာ]”

[လေခန္ဓာ] — အရိပ်လေပြေ ဖိနပ်၏ စွမ်းရည်များထဲမှ တစ်ခု ဖြစ်သည်။ ၎င်းက အသုံးပြုသူကို ပြိုင်ဘက်၏ တိုက်ခိုက်မှု အားအပေါ် မူတည်၍ နောက်သို့ လျှောတိုက်သွားစေပြီး ထိခိုက်ပျက်စီးမှုကို များစွာ လျှော့ချပေးနိုင်သည်။ အချိန် ကာလမှာ ၁၀မိနစ် ဖြစ်သည်။

တီဇန်နီယာက ထိုသို့ ပြောလိုက်စဉ် သူ၏ အေးစက်သော မျက်လုံးများက ချန်လွေ့၏ လက်ထဲရှိ ကြယ်ကြွေ တမန်ဓားကို လှမ်းကြည့်လိုက်လေသည်။ ကြယ်ကြွေတမန်ဓားကို ကိုင်ထားသော ချန်လွေ့၏ ညာလက်က ရုတ်တရက် တုန်ခါသွားပြီး ပေါက်ကွဲသံ တစ်ခု ထွက်ပေါ်လာသည်။ လက်မောင်းကို ဖုံးအုပ်ထားသော ကြယ်ချပ်ကာ တစ်စစီ အက်ကွဲသွားပြီး အက်ကွဲကြောင်းများ အကြားမှ နီရဲသော သွေးများ ထွက်ပေါ် လာခဲ့သည်။

ချန်လွေ့က ထိုအရာကို သတိမပြုမိ သကဲ့သို့ ဖြစ်နေသည်။ သူ၏ အာရုံ တစ်ခုလုံးသည် သူ၏ ဘယ်လက်ထဲရှိ မီးစုစည်း သလင်းကျောက်သဲ တစ်စ အပေါ်တွင်သာ ရှိနေသည်။ မီးဒြပ် သလင်းကျောက်သဲ၏ သုံးပုံ တစ်ပုံခန့် ကျန်ရှိနေသေးသည်။ တီဇန်နီယာက ဆက်လက်၍ မတိုက်ခိုက်တော့ပေ။ ‘ဟင်းလင်းပြင်ခုတ်ချက်’ ပျောက်ကွယ် သွားသည်နှင့် မီးစုစည်း သလင်းကျောက်သဲပေါ်ရှိ အမှတ်အသားလည်း ပျောက်ကွယ်သွားသည်။

ချန်လွေ့က စိတ်အာရုံကို လွှဲပြောင်းပြီး ၎င်းကို သိုလှောင်ခန်းထဲသို့ ထည့်လိုက်၏။ သူ၏ စိတ်ထဲ နောက်ဆုံး၌ သက်ပြင်းချ နိုင်သွားသည်။ သော်သော် လိုအပ်နေတဲ့ မီးစုစည်း သလင်းကျောက်သဲကို နောက်ဆုံးတော့ ရခဲ့ပြီ။

ချန်လွေ့ စိတ်သက်သာရာ ရသွားပြီး နောက်တွင် သူ၏ ညာလက်မောင်းမှ ပြင်းထန်သော ဒဏ်ရာကြောင့် ဖြစ်လာသည့် နာကျင်မှုကို ခံစားလိုက်ရ၏။ သူသည် ခုနက ပြင်းထန်သော တိုက်ခိုက်မှုကို တိုက်ရိုက် ခံယူခဲ့ခြင်း ဖြစ်သည်။ တီဇန်နီယာ၏ အစွမ်းနှင့်ဆိုလျှင် စေတန်နှင့် မိုက်ကယ်ပင် ထိုတိုက်ခိုက်မှုကို ထိုသို့ ခံနိုင်မည် မဟုတ်သော်လည်း သူကမူ ထိုအတိုင်း လုပ်နိုင်ခဲ့သည်။

အကြောင်းရင်းမှာ တစ်ခုတည်းသာ ရှိသည်။ ကြယ်ကြွေတမန်ဓားကြောင့်ပင်။

ကြယ်ကြွေတမန်ဓားတွင် စွမ်းရည် သုံးမျိုး ရှိသည်။ [ဝိညာဉ်လောင်မြိုက်]၊ [ဓားထိန်းချုပ်] နှင့် [မီးလျှံတောင်ပံ] တို့ ဖြစ်ကြသည်။

ချန်လွေ့က ဝိညာဉ်ကို သတ်ဖြတ်ရန် [ဝိညာဉ်လောင်မြိုက်]ကို အသုံးများပြီး၊ [ဓားထိန်းချုပ်]က ထိခိုက်မှုကို နှစ်ဆ ဖြစ်စေနိုင်ကာ ဓားကို အဝေးမှ ထိန်းချုပ် နိုင်သည်။ တိုက်ခိုက်ခြင်းအပြင် အခြား သူများကို အထင်ကြီး စေရန်လည်း ရံဖန်ရံခါ အသုံးပြုနိုင်သည်။ [မီးလျှံ တောင်ပံ]ကိုမူ အသုံးနည်း၏။

[မီးလျှံတောင်ပံ] – အသုံးပြုချိန်အတွင်း အလင်းဒြပ်စင်နှင့် အမှောင်ဒြပ်စင် တိုက်ခိုက်မှုများကို လုံးဝ ခုခံကာကွယ် နိုင်သည်။ တစ်နာရီလျှင် တစ်ကြိမ်သာ အသုံးပြုနိုင်၏။

ခုနက ‘ဟင်းလင်းပြင်ခုတ်ချက်’၏ အကြီးမားဆုံးသော လျှို့ဝှက်ချက်မှာ အလင်းဒြပ်စင်နှင့် အမှောင်ဒြပ်စင်တို့ အချင်းချင်း ရောနှောပြီး ပေါက်ကွဲမှု ဖြစ်စေခြင်း ဖြစ်ပြီး ၎င်းက ဇိုလာ၏ [ဒြပ်စင်အမျက်] နှင့် ဒြပ်စင်ဘုရင်၏ ‘စကြဝဠာပျက်သုဉ်း’တို့နှင့် အနည်းငယ် ဆင်တူသည်။ သို့သော်လည်း စွမ်းအားက အထွတ်အထိပ်သို့ မပေါက်ကွဲမီမှာပင် [မီးလျှံတောင်ပံ] အထူးအာနိသင်ကြောင့် ထိန်းချုပ်ခံလိုက်ရသည်။

ချန်လွေ့ ခံစားလိုက်ရသော ရိုက်ခတ်မှုက ထိုအဆုံးစွန်တိုက်ကွက်၏ စွမ်းအားကို စစ်ထုတ်ပြီး ဖြစ်သော တီဇန်နီယာ၏ ကိုယ်ပိုင် စွမ်းအားသာ ဖြစ်သည်။ မှန်ပေသည်။ နတ်ဘုရား-ယောင် အထွတ်အထိပ် စွမ်းအားက သေးငယ်သော အရာ မဟုတ်ပေ။ အထူးသဖြင့် တီဇန်နီယာကဲ့သို့ သူမျိုး အတွက် ဖြစ်သည်။ တိုက်ခိုက်မှု၏ အများစုကို [လေခန္ဓာ] စွမ်းအားဖြင့် ဖယ်ရှားလိုက်သော်လည်း ကျန်ရှိသော စွမ်းအားသည် သူ၏ ညာလက်မောင်းကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သည်။ သူက ကြယ်ကြွေတမန်ဓားကို မနည်း ကိုင်ထား ခဲ့ရသည်။

“ဒါက ကြယ်ကြွေဓား ဆိုတာ သေချာတယ်။ ခုနက [မီးလျှံတောင်ပံ]ရဲ့ စွမ်းအားကို သုံးခဲ့သေးတယ်။ ရှင် အခုထိ ငြင်းချင်သေးလား။” တီဇန်နီယာက ရှေးဟောင်း အဆောင်ပစ္စည်း (၇)ခုကို အလွန် ရင်းနှီးပုံရသည်။ သူက ချန်လွေ့ ခုနက အသုံးပြုခဲ့သော စွမ်းရည်ကို ရွတ်ဆိုလိုက်၏။ ချန်လွေ့၏ နှလုံးသားကို အတုန်လှုပ်ဆုံး ဖြစ်စေသည်မှာ ငွေ-နီ မျက်လုံးသူငယ်မှ ထုတ်လွှတ်နေသော မမြင်နိုင်သည့် အဟန့်အတားပင် ဖြစ်၏။ ထို ‘ခဲသွားစေသော’ ကြောက်မက်ဖွယ် ခံစားချက်က သူ၏ ခေါင်းပေါ်တွင် ချိတ်ဆွဲထားသော ဓားတစ်စင်းကဲ့သို့ ဖြစ်နေပြီး သူ့ကို အချိန်မရွေး သတ်ပစ် နိုင်ပေသည်။

“ငြင်းတယ်လား။” တီဇန်နီယာက သူ့ကို ကြယ်ကြွေတမန်ဓား အသုံးပြု ဖြေရှင်းအောင် တွန်းအားပေးရန်အတွက် ‘ဟင်းလင်းပြင်ခုတ်ချက်’ကို သုံးခဲ့ကြောင်း ချန်လွေ့ ခပ်ရေးရေး နားလည်လိုက်သည်။ အရိပ်လေပြေဖိနပ် သို့မဟုတ် နတ်ဘုရား- ဝါးမျိုမျက်နှာဖုံးတို့ကြောင့် သူ့တွင် ကြိုတင်ယူဆချက် အချို့ ရှိခဲ့သောကြောင့် သူ့ကို စမ်းသပ်ခဲ့ခြင်း ဖြစ်နိုင်၏။

“ကျုပ် ဘာမှ ပြောစရာ မရှိပါဘူး။” ချန်လွေ့ သက်ပြင်းချလိုက်ပြီး ကြယ်ကြွေ တမန်ဓားက ပျောက်ကွယ်သွားကာ သူ ခေါင်းခါလိုက်သည်။ “ကျုပ်ကို လူမှားတာ ခင်ဗျားက ပထမဆုံး မဟုတ်ပါဘူး။ ဒါပေမဲ့ ကျုပ် ရှင်းပြရင်တောင် အသုံးဝင်မယ့်ပုံ မပေါ်ဘူး။”

“ကျွန်မ ရှင့်ကို ဒီအတိုင်း သတ်ပစ် ချင်ခဲ့တာ။ ဒါပေမဲ့ ရှင်က ကိစ္စတွေ တော်တော်များများကို မေ့နေတဲ့ပုံပဲ။ ဒါမှမဟုတ် မမှတ်မိသေးတာ ဖြစ်မယ်…” တီဇန်နီယာက သူ့ကို ခဏမျှ စိုက်ကြည့် ပြီးနောက် မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်သည်။ ထို‘ခဲသွားစေသော’ အဟန့်အတား ပျောက်ကွယ်သွားရာ ချန်လွေ့က ရုတ်တရက် သက်သာရာ ရသွား၏။ တီဇန်နီယာကလည်း ဝတ်စုံ အဖြူ အသစ်ကို ဝတ်ဆင်ထားပြီး ဖြစ်သည်။ သူ၏ နောက်ကျောရှိ ငွေရောင် တောင်ပံ ၆စုံလည်း ပျောက်ကွယ်သွားပြီး ကြောက်မက်ဖွယ် လှည့်ပတ်နေသော ဓားလည်း မရှိတော့ပေ။

“ဒီလို အခြေအနေမျိုးမှာ ရှင့်ကို သတ်ရတာ ကျွန်မရဲ့ သိဒ္ဓိတေးသံဓားကို စော်ကားရာ ကျလိမ့်မယ်။ ကျွန်မ စိတ်မပြောင်းခင် သွားတော့။”

ချန်လွေ့ အံ့အားသင့်သွားသည်။ သူက သတိထားနေပြီး [ကြယ်ဂိတ်]နှင့် ကျက်သရေ မျှော်စင်ကို အသုံးပြုရန် ပြင်ဆင်ထားခဲ့သော်လည်း တီဇန်နီယာက သူ့ကို ထိုမျှ လွယ်ကူစွာ လွှတ်ပေး လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

သို့သော်လည်း သူက ယခု ထွက်သွား၍ မဖြစ်သေးပေ။

“အမ်.. မဒမ်-တီဇန်နီယာ၊ နောက်ထပ် ကိစ္စတစ်ခု ရှိပါသေးတယ်။”

“ကျွန်မရဲ့ သည်းခံနိုင်စွမ်းက အတိုင်းအတာ ရှိတယ်။ အထူးသဖြင့် အခြေအနေမသိတဲ့ လူတွေအတွက်ပေါ့။”

“ကျေးဇူးပြုပြီး တစ်မိနစ်လောက်ပဲ အချိန်ပေးပါ။ မဒမ်-တီဇန်နီယာ။ ကျုပ် အရင်ဆုံး မေးပါရစေ။ ဒီအိုအေစစ်မှာ တစ္ဆေရေခဲစမ်း ရှိလားမသိဘူး။”

“တစ္ဆေရေခဲစမ်း ဟုတ်လား။” တီဇန်နီယာက အေးစက်စွာ ပြောသည်။ “တစ္ဆေစမ်းရေကတော့ တကယ်ရှိတယ်။ ဒါပေမဲ့ ရှင် ဒီမှာ ရှာတွေ့မှာ မဟုတ်ဘူး။ ကျွန်မရဲ့ တိုင်းပြည်ထဲမှာဆိုရင် တကယ့် ရေခဲစမ်း ဖြစ်ပေါ်လာဖို့ အနည်းဆုံး ၃ နှစ်လောက် အချိန်ယူရတယ်။”

“၃နှစ် ဟုတ်လား။” ချန်လွေ့က စိတ်ထဲ ဝမ်းသာသွား၏။ လန်ဘို့စ်က အလွန်ဆုံး ၅နှစ်သာ အသက်ရှင်နိုင်မည် ဖြစ်သည်။ တစ္ဆေရေခဲစမ်း ဖြစ်ပေါ်ရန် နှစ်ပေါင်း ရာနှင့်ချီ၍ ကြာနိုင်ကြောင်း ရီဂီယာထံမှ သိခဲ့ရစဉ် အချိန်မမီမည်ကို သူ စိုးရိမ်ခဲ့သည်။ ယခု တီဇန်နီယာက ၃နှစ်သာ ကြာမည်ဟု ပြောရာ ရေဒြပ်စင် ဘုရင်ကို အချိန်မီ ကယ်တင်ရန် လုံးဝ လုံလောက်ပေသည်။

တီဇန်နီယာ၏ အသံက သူ၏ အတွေးများကို ဖြတ်တောက်လိုက်သည်၊ “အိပ်မက်မမက်နဲ့။ တစ္ဆေရေခဲစမ်းရဲ့ တန်ဖိုးက မီးစုစည်း သလင်းကျောက်သဲလို မဟုတ်ဘူး။ ကျွန်မရဲ့ လေ့ကျင့်မှုအတွက် မရှိမဖြစ် လိုအပ်တယ်။ ကျွန်မ ဒီနေရာကို တိုင်းပြည်အဖြစ် ရွေးချယ်ခဲ့တဲ့ အကြောင်းရင်းတွေထဲက တစ်ခုက တစ္ဆေရေခဲစမ်းကြောင့်ပဲ။”

ချန်လွေ့က အစမ်းသဘောမျိုးဖြင့် မေးလိုက်သည်။ “တန်ဖိုးတူတဲ့ အရာ တစ်ခုခုနဲ့ လဲမယ်ဆိုရင်ကော။”

“ရှင့်မှာ စက္ကန့် ၃၀ ပဲ ကျန်တော့တယ်။” တီဇန်နီယာ၏ ဆိုလိုရင်းမှာ ရှင်းလင်း လှပေသည်။

“ပြန်လည်ရှင်သန်ခြင်းဆေးရည်လား။ အသက်ရှည်ဆေးရည်လား။ မှော်ပစ္စည်းလား။ သိဒ္ဓိအလင်း အမွေအနှစ်လား။”

“စက္ကန့် ၂၀...”

သူက စိတ်ပင် မဝင်စားသည်ကို မြင်သောအခါ ချန်လွေ့ စိုးရိမ်လာသည်။ ရုတ်တရက် တစ်စုံတစ်ခုကို သတိရ သွားပြီး သူ၏ လက်ထဲတွင် ပန်းတစ်ပွင့် ပေါ်လာခဲ့သည်။ “ဒါဆိုရင်ကော။”

ထိုပန်းက ဖြူဖွေးပြီး သလင်းကျောက် သဖွယ် ကြည်လင်နေသည်။ ၎င်းသည် ထွင်းထုထားသော ကျောက်မျက် ရတနာကဲ့သို့ နူးညံ့လှပြီး မြင့်မြတ်သော အငွေ့အသက်ကို ထုတ်လွှတ်နေ၏။

မျက်လုံးများကို မှိတ်ထားသော်လည်း တီဇန်နီယာက ထိုပန်း၏ ဇာစ်မြစ်ကို မှတ်မိသည်။ “နှင်းဒဲလက်ပန်းလား။”

“ဟုတ်တယ်။ ဒါက သိဒ္ဓိပန်းပါ။”

တီဇန်နီယာက မထီမဲ့မြင်ပြုသော လေသံဖြင့် ဆိုသည်။ “ရှင် ဒီပန်းကို ဘယ်က ရလာလဲ မသိဘူး။ ဒါပေမဲ့ ဒါက ကျွန်မအတွက် ရှားပါးတဲ့ ပစ္စည်း လုံးဝ မဟုတ်ဘူး။ သဒ္ဓိအလင်းတောင်တန်းမှာ နှင်းဒဲလက်ပန်းပင် သုံးပင်ရှိတယ်။ ကျွန်မ လိုသလောက် ရနိုင်တယ်။”

“မဒမ်-တီဇန်နီယာနဲ့ သိဒ္ဓိအလင်း တောင်တန်းရဲ့ ဆက်ဆံရေးက တကယ်ကို ထူးခြားတာပဲ။” ချန်လွေ့က ယုံကြည်မှု ရှိသော အပြုံးဖြင့် ပြုံးလိုက်သည်။ “ဒါပေမဲ့ မဒမ်က အိပ်နေတာ အတော်လေး ကြာသွားတဲ့ပုံပဲ။ သိဒ္ဓိအလင်းတောင်မှာ ဘာဖြစ်ခဲ့လဲ ဆိုတာတောင် မသိဘူးပဲ။ သိဒ္ဓိအလင်းတောင်မှာ သိဒ္ဓိပန်း မရှိတော့ဘူး။”

“ဘာပြောတယ်။” တီဇန်နီယာ တုန်လှုပ်သွားပြီး မယုံကြည်နိုင်သော အမူအရာကို ပြလိုက်သည်။ ထိုသို့ တုန်လှုပ်မှု အတိုင်းအတာက ချန်လွေ့၏ မျှော်လင့်ချက်ထက် ကျော်လွန်နေသည်။

ထို့နောက် ‘သဲကန္တာရနတ်ဘုရားမ’က တစ်မိနစ် အချိန် ကန့်သတ်ချက်ကို ဂရုမစိုက်တော့ပေ။ သူက လျှို့ဝှက် ပညာရပ်ကို ချက်ချင်းကို အသုံးပြု၍ အမှတ်အသားတစ်ခု ရေးဆွဲလိုက်သည်။

အမှတ်အသားက နေရာလွတ်ထဲသို့ ပျောက်ကွယ်သွားသည်။ မကြာမီတွင် အလင်းတန်းများ တစ်ဖန် ပြန်လည် စုစည်းပြီး အမှတ်အသား ပျောက်ကွယ် သွားသော နေရာတွင် ပုံရိပ် တစ်ခု ပေါ်ထွက်လာခဲ့သည်။

ချန်လွေ့ အံ့အားသင့် သွား၏။ အကြောင်းမှာ ထိုပုံရိပ်မှာ သူ၏ ‘အသိ’ ဖြစ်နေသောကြောင့်ပင်။

ကောင်းကင်တမန်သုံးပါးထဲမှ တစ်ပါး ဖြစ်သည့် ရာဖယ်ရယ် ဖြစ်နေ၏။

သေချာသည်မှာ ၎င်းက စိတ်ပုံရိပ် တစ်ခုသာဖြစ်ပြီး စွမ်းအား မရှိပေ။ ဆက်သွယ်ရေးအတွက်သာ အသုံးပြုခြင်း ဖြစ်ပေမည်။

ရာဖယ်ရယ်၏ ပထမဆုံး စကားကြောင့် ချန်လွေ့ ထိတ်လန့် သွားရ၏။ “‌ဂေဘရီရယ်၊ နောက်ဆုံးတော့ မင်း အိပ်မောကျရာကနေ နိုးလာပြီလား။”

All Chapters