← Chapters

အခန်း (၁၄၁)

Vol. 15 Ch. 141

အခန်း (၁၄၁)

Vol. 15 Ch. 141

တနင်္ဂနွေနေ့မှာတော့ နံနက်ခင်းကတည်းက ခွေးတစ်ကောင်လိုတက်ကြွနေတဲ့ လီမင်နမ်တစ်ယောက် အိမ်မှ စက်ဘီးကို ထုတ်စီးပြီး ထွက်လာခဲ့က် လမ်းတစ်ဝက်လောက်မှာ တစ်ဖက်မိသားစုမှလူတွေနှင့် တွေ့ဆုံခဲ့တယ်။ လီမင်နန် စက်ဘီးပေါ်မှ ခုန်ဆင်းကာ နီရဲနေတဲ့နားရွက်တွေနဲ့ နှုတ်ဆက်လိုက်ျယ်။

“အန်တီမုန်၊ သူနာပြုမုန်”

မုန်ရှောင်ရှီက ရှက်ရွံ့စွာနဲ့ခေါင်းညိတ်ပြခဲ့တယ်။ မုန်ရှောင်ရှီရဲ့ ရှက်ရွံ့တဲ့ အမူအရာကို ကြည့်ပြီး လီမင်နမ်တစ်ယောက် သက်တောင့်သက်သာ ရှိလာခဲ့တယ်။ သူက လမ်းလျှောက်ရင်းနှင့် လမ်းတလျှောက်မှာ အခြေအနေတွေကို ပြောပြခဲ့တယ်။

အိမ်တံခါးဝကိုရောက်တော့ သူတို့တွေ လှမ်းမခေါ်ခင်ကတည်းက မဒမ်လီနှင့် ဝမ်စုဖန်းတို့ အိမ်ထဲမှထွက်လာပြီး နှုတ်ဆက်ခဲ့ကြတယ်။

အခန်းထဲကို ဝင်လာခိုင်းရင်းနဲ့ မဒမ်လီက မုန်ရှောင်ရှီကို အကဲခတ်ကြည့်လိုက်တော့ သူမကအရပ်အမောင်း အလယ်အလတ်လောက်ရှိပြီး ကြက်ဥပုံမျက်နှာလေးရှိကာ မျက်လုံးဝိုင်းလေးတွေကိုပိုင်ဆိုင်ထားပြီး လူတွေကို သဘောကျစေတဲ့မျက်နှာမျိုးရှိတယ်။

“ဒါ မင်းရဲ့သမီးလေးလား၊ သူမက တကယ်အရပ်ရှည်ပြီး အရမ်းလှတာပဲ”

မဒမ်လီက ပြုံးပြီး မုန်ရှောင်ရှီရဲ့လက်ကို လှမ်းကိုင်လိုက်တယ်။

“မင်းက သူနာပြုတစ်ယောက်လို့ ကြားထားတယ်၊ အလုပ်မှာ အရမ်းပင်ပန်းမှာပေါ့”

“မပင်ပန်းပါဘူး၊ အဲဒါကို ကျင့်သားရနေပါပြီ”

မုန်ရှောင်ရှီက သူမရဲ့နှုတ်ခမ်းတွေကို ဖိရင်း ပြုံးပြခဲ့ကာ ပါးချိုင့်လေးနှစ်ခုကို ထုတ်ဖော်လာခဲ့တယ်။ မဒမ်လီက ပိုမိုသဘောကျသွားပြီး သူမရဲ့လက်ကို ပွတ်သပ်ကာ ချီးကျူးလိုက်တယ်။

အရှေ့ဘက်ခန်းရှိ ခန်ပေါ်မှာတော့ စားပွဲတစ်ဝိုင်း ခင်းကျင်းထားပြီးပြီ။ စားပွဲပေါ်မှာ သကြားတောင့်တွေ၊ သစ်သီးတွေနှင့် ဘီစကစ်တွေ ရှိနေခဲ့တယ်။ ဝမ်စုဖန်းက လူတွေကို အထဲသို့ ဝင်လာဖို့ ခေါ်ခဲ့တယ်။

ထို့နောက် သူမက မီးဖိုချောင်ကို သွားပြီး ပျားရည်နှစ်ခွက်ဖျော်ယူလာခဲ့တယ်။

သူမက နွေးထွေးစွာ ပြုံးလိုက်ပြီး :

“ဒါတွေက ကျွန်မတို့ တောထဲကနေ ယူလာတဲ့ တောပျားရည်တွေလေ.. အရသာက အရမ်းသန့်ပြီး ချိုတယ်.. မြည်းကြည့်လိုက်ပါဦး”

အန်တီမုန်က လီမိသားစုအိမ်ကို ရောက်တာနဲ့ အိမ်ကို လှည့်ပတ်ကြည့်ရှုခဲ့ပြီး အရာအားလုံးက သန့်ရှင်းသပ်ရပ်နေတာကို အကြည့်တစ်ချက်နဲ့တင်မြင်နိုင်ခဲ့တယ်။ ဒါတွေက မကြာခဏ သန့်ရှင်းရေးလုပ်ထားတဲ့ပုံစံပဲ။

ဘီဒိုပေါ်မှာ ရေဒီယိုကြီးတစ်ခု ရှိနေပြီး ရှန်ဟိုင်းအမှတ်တံဆိပ်ကို တွေ့မြင်နိုင်တယ်။ ဒါ့အပြင် အခုလေးတင် လီမင်နန်စီးလာတဲ့စက်ဘီးက အကောင်းဆုံးအမျိုးအစားပဲ။ အန်တီမုန်က လှည့်ပတ်ကြည့်ပြီး လီ မိသားစုရဲ့ အခနေအနေက အတော်လေးကောင်းကြောင်း တွေ့မြင်ခဲ့တယ်။ ခြံထဲမှာ ကြက်တွေအများကြီးနဲ့ ဟင်းသီးဟင်းရွက်စိုက်ခင်းတွေ လည်းရှိတယ်။

ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံက ဒီနေရာနဲ့ သိပ်မနီးတာကြောင့် ဝမ်စုဖန်းက သူနှင့်အတူ စကားပြောရင်း နေ့လည်စာချက်ရန်အတွက် မီးဖိုချောင်ဆီသို့သွားခဲ့တယ်။ တောင်ပေါ်မှ နှုတ်လာတဲ့ မှိုတွေကို ရေစိမ်ပြီးတဲ့အချိန်မှာပဲ ကျန်းကျန်းက ငါးကြင်းဖြူ လေး၊ငါးကောင်နှင့် ရစ်ငှက်တစ်ကောင်ကို သယ်ကာ အိမ်ထဲသို့ တိတ်တဆိတ် ဝင်လာခဲ့လေတယ်။

ကျန်းကျန်းက သူမရဲ့လက်ကိုဆေးကြောပြီး အိမ်ထဲမှ လူတွေကိုနှုတ်ဆက်ဖို့အတွက် ဝင်သွားလိုက်တော့ အန်တီမုန်ရဲ့ မျက်လုံးတွေက တောက်ပလာပြီး မဒမ်လီကိုမေးလိုက်တယ်။

“ဒါ အန်တီ့ရဲ့မြေးလား သူမက တကယ်ချောတာပဲ”

“ဒါ ငါ့ရဲ့မြေးမလေးလေ၊ သူ့နာမည်က ကျန်းကျန်းတဲ့”

ကျန်းကျန်းရဲ့အကြောင်းကိုပြောတော့ မဒမ်လီက ပါးစပ်မပိတ်နိုင်တော့ဘူး။

“ငါ့ရဲ့မြေးလေးမို့လို့ ချီးကျူးတာမဟုတ်ဘူး၊ သူမက ချောမောရုံမကဘူးနော် ဥာဏ်လည်းကောင်းတယ်၊ သူမက လူကြီးလေးတစ်ယောက်လို စကားပြောတတ်တယ်၊ ဒါပေမယ့် ပေါ့ပေါ့ပါးပါးနေတာ”

အန်တီမုန်က ခေါင်းညိတ်သဘောတူလာတယ်။

“အန်တီလီက ကောင်းချီးပေးခံထားရတာပဲ.. ကျွန်မလည်း အနာဂတ်မှာ သားသမီးမြေးတွေရဲ့ ကောင်းချီးကို စောင့်မျှော်နေမိတယ်”

မဒမ်လီက အလျှင်အမြန်ပဲ ပြောခဲ့တယ်။

“ ငါကတော့ တခြားဘာမှ မလိုတော့ပါဘူး.. ငါ့ရဲ့မြေးတွေ ဇနီးတစ်ယောက်စီလက်ထပ်တာကို မြင်ရင် ကျေနပ်ပြီ”

အန်တီမုန်က အဓိပ္ပါယ်ပေါက်စွာနဲ့ ပြုံးလာတယ်။ ထိုအခိုက်မှာ မီးဖိုချောင်မှ ဆီသံတွေ ထွက်ပေါ်လာခဲ့တယ်။ အန်တီမုန်က ပြုံးလိုက်ပြီး မုန်ရှောင်ရှီကို အသာတွန်းလိုက်တယ်။

“မင်းအန်တီနဲ့ သွားကူပြီး ချက်လိုက်ဦးလေ”

မဒမ်လီက ထိုစကားကိုကြားတော့ ပျော်ရွှင်သွားခဲ့တယ်။

မိဘတွေနှင့်တွေ့ပြီးနောက် မုန် မိသားစုက ဒီလက်ထပ်ပွဲနဲ့ ပတ်သက်ပြီး လိုအပ်ချက် သဘောထားတွေမရှိခဲ့ဘူး။

လီမိသားစုက သူတို့ရဲ့ သားသမီးတွေကို အလွန်အလေးထားတာကို တွေ့မြင်နိုင်တယ်။ ဒီနေ့မှာ ငံပြာရည်နှင့် ချက်ထားတဲ့ ရစ်ငှက်နှင့် ငါးကြင်းစတူးတွေဖြစ်ပြီး တရုတ်နှစ်သစ်ကူးအချိန်အခါထက်မဆိုးလှဘူး။

နေ့လည်စာစားပြီးတဲ့နောက်မှာ မဒမ်လီက ဖုံးကွယ်မထားဘဲ ပွင့်ပွင့်လင်းလင်းပြောခဲ့တယ်။

“တကယ်တော့ ငါတို့မိသားစုရဲ့ မင်နန်က ရှောင်ရှီကို အစောကြီးကတည်းက ချစ်မိသွားပေမယ့် ဒီကလေးက စကားပြောဖို့ ရှက်လွန်းနေခဲ့တယ်လေ.. ငါတို့သာ ဒီအကြောင်းကို စမမေးခဲ့ရင် တစ်ချိန်လုံးအမှောင်ထဲမှာပဲ ပျောက်ကွယ်နေခဲ့မှာ..

အဲဒါကိုသာ မမေးရင် ငါတို့တွေ ရှုပ်ထွေးနေခဲ့ရလိမ့်မယ် ၊လွန်ခဲ့တဲ့ နှစ်ရက်လောက်က ငါ မင်နန်ရဲ့ အဖေနဲ့ ဆွေးနွေးခဲ့တယ်..

နောက်နှစ် နွေဦးရာသီကျရင် ငါတို့ မင်နမ်နဲ့ မင်ပေအတွက် အိမ်ဝယ်ပေးမလို့.. ပြီးရင် ပရိဘောဂတွေလည်း ဝယ်ရမယ်.. အိမ်ထောင်ကျပြီးသွားရင် အိမ်မှာ လာစားလို့ရတယ်၊ ငါတို့က သူတို့တွေကို အနှောင့်အယှက်မပေးဘူး.. ရှောင်ရှီရဲ့ အမေ၊ မင်းမှာ စိတ်ကူးတွေရှိသေးလား”

အန်တီမုန်ကတော့ ပါးစပ်က မပိတ်နိုင်တော့ဘူး။

“အန်တီတို့မိသားစုက စီစဥ်ပြီးသွားပြီ၊ ကျွန်မက ဘာများပြောနိုင်မှာလဲ၊ ကျွန်မ အရမ်းကျေနပ်ပါတယ်”

သူမက စကားပြောပြီးနောက် ရှောင်ရှီဘက်ကိုပြန်ကြည့်လိုက်တယ်။

“သမီး၊ မင်းရောဘယ်လိုထင်လဲ”

မုန်ရှောင်ရှီက နီရဲနေတဲ့မျက်နှာနှင့် ခေါင်းကိုငုံ့ထားကာ လီမင်နမ်ရဲ့မျှော်လင့်တကြီးမျက်လုံးအောက်မှာ အနည်းငယ်ညိတ်ပြလာတယ်။

ပေရှားရဲ့ဧရိယာက ကျယ်ပြောပြီးလူဦးရေကတော့ကျဲပါးတယ်။ အများစုက ချင်မင်းဆက်နှောင်းပိုင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစပိုင်းလောက်မှာ ဒေသခံတွေဖြစ်လိမ့်မယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ပြီးနောက် ကျန်ရှိနေတဲ့ပြည်နယ်တွေမှ စက်ရုံတွေတည်ဆောက်ရန်နှင့် သစ်တောစီမံခန့်ခွဲမှုအတွက် စုဆောင်းလာခဲ့တဲ့ သူတွေလည်း ရှိကြတယ်။

လီမိသားစု နေထိုင်တဲ့ တောင်ခြေရှိ နယ်မြေက ကြီးမားရုံသာမကဘဲ မြေလွတ်တွေလည်း အများကြီးရှိတယ်။ လီမူဝူက ရုံးနေရာသို့သွားကာ သူ့ရဲ့သားဖြစ်သူက မိန်းကလေးတစ်ယောက်နှင့် လက်ထပ်တော့မဲ့အကြောင်း ပြောပြခဲ့ပြီး မြေပိုင်ရုံးကလည်း မြေကွက်တစ်ကွက်ကို ချက်ချင်း အတည်ပြုပေးခဲ့တယ်။

ဒီနေ့ခေတ်ကာလမှာ အိမ်ထောင်ပြုခြင်းနှင့် ကလေးယူခြင်းဆိုတာက ကြီးမားတဲ့ကိစ္စပဲ။ ပေရှားမှာ လူဦးရေအနည်းငယ်ပဲရှိတယ်လေ။ သူတို့ဒေသမှာ ကလေးတွေအများကြီးမရှိရင် ဆိုရှယ်လစ်လမ်းစဥ်တည်ဆောက်မှုကို ဘယ်လိုလုပ်ပံ့ပိုးနိုင်မှာလဲ။

မြေပိုင်ရုံးကလူတွေနဲ့ စကားပြောရတာ လွယ်ကူတဲ့အကြောင်းကိုမြင်တော့ လီမူဝူက တုံ့ဆိုင်းသွားပြီး ဆက်ပြောခဲ့တယ်။

“ကျွန်တော်ရဲ့ တတိယသားက နောက်နှစ် လက်ထပ်တော့မှာ၊ ဒါပေမယ့် စတုတ္ထသားကလည်း နောက်နှစ်မှာဘွဲ့ရတော့မှာဖြစ်ပြီး ကျွန်တော့်ရဲ့ ရဲ့ ဒုတိယသားကလည်း စစ်တပ်မှာ ရောက်နေပေမယ့် တစ်ချိန်ချိန်မှာ ပြန်လာရမှာဆိုတော့ မြေကို တစ်ခါတည်း အတူပေးလိုက်လို့ရမလား”

မြေပိုင်ရုံးမှလူတွေက သူ့ကို စိုက်ကြည့်ပြီး စကားအနည်းငယ်လောက် မပြောဘဲ မနေနိုင်တော့ဘူး။

“လောင်လီ၊ အိမ်ဆောက်ဖို့ ကုန်ကျစရိတ်က ဘယ်လောက်တောင်လိုအပ်လဲဆိုတာ သိရဲ့လား၊ မင်းရဲ့ လစာက မိသားစုကို ထောက်ပံ့ဖို့ လုံလောက်ပေမယ့် အိမ်ဆောက်ဖို့အတွက်က နည်းနည်းတော့ ခက်နေလိမ့်မယ်..

မင်း အရင်ဆုံး ပြန်ကြည့်လိုက်ဦး.. ငါတို့ဒေသမှာ နေရာအများကြီးရှိနေသေးတယ် ငါမင်းကိုပြောမယ်.. တခြားလူတွေက အိမ်မဆောက်ချင်တာမဟုတ်ဘူး၊ သူတို့က ဆောက်စရာ ပိုက်ဆံမရှိတာ.. နေရာမရှိဘဲနေမှာကို စိတ်မပူနဲ့ .. ငါနဲ့ချန်ထားလိုက်.. အချိန်ကျလာရင် ငါ မင်းအတွက် စကားပြောပေးမယ်”

လီမူဝူက စကားတွေကို ဘယ်လိုမျိုး လှည့်ပတ်ပြီးပြောရမလဲဆိုတာ မသိဘဲ ရိုးရိုးသားသား ပြုံးပြီး ရှင်းပြခဲ့တယ်။

“ကျွန်တော်က တတိယသားအတွက် အရင်ဆောက်ဖို့ တွေးထားပြီး နောက်နှစ်အကုန်လောက်ကျရင် စတုတ္ထထပ်သားအတွက်ဆောက်ဖို့ စိတ်ကူးထားတာ.. အိမ်ဆောက်ဖို့ ပိုက်ဆံက ကျွန်တော့်ရဲ့လစာတင်မဟုတ်ဘူး၊ ကျွန်တော့်အစ်ကိုနဲ့ စတုတ္ထညီက အမေ့ကို ပေးခဲ့တဲ့ ပင်စင်ငွေအပြင် ဒုတိယကလေးရဲ့ လစာကလည်း တော်တော်လေးများတယ်၊ မဟုတ်ရင် အိမ်သုံးလုံး ဆောက်ဖို့ ပိုက်ဆံအများကြီးရှိနေမှာ မဟုတ်ဘူး”

မြေပိုင်ရုံးမှ လူတွေက ထိုစကားကိုကြားတော့ လီမင်ရှီမှ နှစ်တစ်ဝက်အတွင်း ထောက်ပံ့ကြေး ယွမ် ၆၀၀ နီးပါးကို ပြန်ပေးလိုက်နိုင်ကို သတိရကြပြီး ချက်ချင်း မနာလိုဖြစ်သွားကြတယ်။

“မင်းရဲ့ ဒုတိယကလေးက အရမ်းတော်တာပဲ၊ ဘွဲ့ရပြီးတာနဲ့ လစာအရမ်းမြင့်တယ်၊ ဒါက ငါတို့ ဒေသမှ ပထမဆုံးဖြစ်လောက်မယ်၊ မင်းရဲ့ဒုတိယကလေးက စစ်တပ်မှာ ဘာလုပ်နေလဲ၊ ကြင်ဖက်တွေ့ပြီးပြီလား.. ငါ့မှာ အထက်တန်းကျောင်းပြီးထားတဲ့ အရမ်းချောတဲ့တူမတစ်ယောက်ရှိတယ်၊ မင်းရဲ့ ဒုတိယကလေးအတွက် မိတ်ဆက်ပေးစေချင်လား”

“သူ ဘာတွေလုပ်နေလဲဆိုတာ ကျွန်တော်လည်းမသိဘူး၊ အဲဒါက လျှို့ဝှက်ချက်ပဲ၊ နောက်ပြီး သူက အိမ်ကို ပြန်မလာတာ နှစ်အတော်ကြာနေပြီလေ၊ ခင်ဗျားက ဘယ်လိုလူနဲ့ မိတ်ဆက်ပေးချင်နေတာလဲ၊ တစ်ဖက်ကမိန်းကလေးတွေအတွက် အချိန်ဖြုန်းရာရောက်နေလိမ့်မယ်”

လီမူဝူက ရိုးရိုးသားသား ပြုံးလိုက်ပြီး ဆက်ပြောခဲ့တယ်။

“ဒါဆို ကျွန်တော့်ရဲ့မြေကို အတည်ပြုပေးလို့ရမလား”

“အတည်ပြုပေးမယ်!”

မြေပိုင်ရုံးရဲ့တာဝန်ခံက ချက်ချင်းပဲတရားဝင်တံဆိပ်ရိုက်ပေးလိုက်တယ်။

“ မင်းမှာ စွမ်းရည်တွေရှိနေမှတော့ ငါတို့လည်း သဘောတူရမှာပေါ့”

လီမူဝူက စာတတ်မြောက်ရေးသင်တန်းသို့ သွားခဲ့ဖူးတာကြောင့် စကားလုံးတချို့ကို သိတယ်။ သူက ခက်ခက်ခဲခဲဖတ်ခဲ့ပြီး ပြဿနာမရှိဘူးလို့ ထင်ခဲ့တာကြောင့် အတည်ပြုချက်စာရွက်ကို အလျင်အမြန်ခေါက်ပြီး အိတ်ကပ်ထဲသို့ထည့်လိုက်တယ်။ ထို့နောက် အိတ်ကပ်ထဲမှ စီးကရက်တစ်ဗူးကို ထုတ်ကာ အခန်းထဲမှ လူတွေဆီကိုပေးလိုက်တယ်။

“ဒါက မနှစ်က တရုတ်နှစ်သစ်ကူးတုန်းက ပင်းချန်က ကျွန်တော့်ရဲ့ စတုတ္ထညီလေး ပြန်ယူလာခဲ့တာလိ.. ဒီဘက်မှာ မရောင်းဘူး.. စမ်းသောက်ကြည့်ကြပါဦး”

အဲဒီလူတွေက အလျင်အမြန်ယူသွားပြီး ကျေးဇူးတင်စကားဆိုလာကြတယ်။

ကိစ္စပြီးသွားတဲ့နောက်မှာ လီမူဝူက အိမ်သို့ အမြန်ပြန်လာကာ မဒမ်လီကို ခွင့်ပြုချက်စာရွက် ပေးလိုက်တယ်။ မဒမ်လီက သူ့ကို စိုက်ကြည့်ရင်း သူ့ရဲ့တင်ပါးကို ဆေးတံနဲ့ ရိုက်လိုက်တယ်။

“မင်းအမေက စာမဖတ်တတ်ဘူးဆိုတာကို မေ့နေတာလား.. ငါ့ကိုလာပေးနေတယ်.. အဲဒါကို ပြန်ဖတ်ပြ.. မင်းပြောတာကို နားထောင်ပြီး အဆင်ပြေလားကြည့်မယ်”

လီမူဝူက စာလုံးတွေကို တစ်လုံးချင်း ဖတ်ပြပြီးတဲ့နောက်မှာ မဒမ်လီက ခွင့်ပြုချက်စာရွက်ကိုယူကာ သေတ္တာကိုဖွင့်ပြီး မှတ်စုစာအုပ်ထဲမှာညှပ်ပြီး သိမ်းဆည်းလိုက်တယ်။

ထို့နောက် ခန်ကို လက်ဖြင့်ပုတ်ကာ လီမူဝူကို ထိုင်ခိုင်းခဲ့တယ်။

“အခုကဆောင်းဦးကိုရောက်နေပြီ၊ ဒီလထဲမှာ နှင်းတွေကျလာလိမ့်မယ်.. အခု နေရာက လွတ်လွတ်ကင်းကင်းရှိနေတာကို အခွင့်ကောင်းယူပြီး ခြံခတ်ဖို့ တစ်ယောက်ယောက်ရှာပြီး လုပ်လိုက်.. မဟုတ်ရင် ချင်းမင်ပွဲတော်ပြီးတဲ့အချိန်ထိ စောင့်နေရလိမ့်မယ်..

ပြီးသွားရင် လက်သမားအိမ်ကို သွားပြီး အဝတ်ဗီရိုကြီးတစ်ခု၊ သေတ္တာကြီးနှစ်လုံးနဲ့ ဘီဒိုတစုခုလုပ်ခိုင်းလိုက်.. အခုဆောက်ခိုင်းမှ ဆောင်းရာသီတစ်ခုမှာ ပြီးလောက်မှာ”

လီမူဝူက တစ်ခုပြီးတစ်ခု မှတ်သားပြီး ထိုအလုပ်တွေကို သွားလုပ်ဖို့ ခန်ပေါ်မှ အမြန်ဆင်းကာ ထွက်သွားလိုက်တယ်။

All Chapters