← Chapters

အခန်း (၁၄၃)

Vol. 15 Ch. 143

အခန်း (၁၄၃)

Vol. 15 Ch. 143

မုန်ဇနီးမောင်နှံနှစ်ယောက်က ညှိနှိုင်းလိုက်ကြပြီး နောက်တစ်နေ့မှာ လီမင်နန်မှ မုန်ရှောင်ရှီကို အဆောက်အဦးတံခါးနားဆီသို့ လိုက်ပို့ပေးချိန်မှာ အန်တီမုန်က သူ့ကို ဒုတိယထပ်မှ လှမ်းတားလာတယ်။

“မင်နန် လာခဲ့ဦး.. အန်တီ မင်းကိုပြောစရာရှိတယ်”

လီမင်နန်က သူ့ရဲ့အဝတ်အစားတွေကို အလျှင်အမြန် သပ်ရပ်အောင်ပြင်ဆင်လိုက်ပြီး မုန်ရှောင်ရှီနှင့်အတူ အပေါ်ထပ်သို့ လိုက်သွားခဲ့တယ်။

အန်တီမုန်က လီမင်နန်ကို အပေါ်အောက် အကဲခတ်ကြည့်ပြီး ပိုကြည့်လေ၊ ပိုပြီးသဘောကျလေပဲ။ လူငယ်လေးရဲ့ စိတ်ဝိဥာဥ်အတွင်းပိုင်းကကို သူမရဲ့သမီးအပေါ် ကောင်းမွန်ပြီး မိသားစုအတွက်လည်း ဝန်ထုပ်ဝန်ပိုးများစွာ မရှိဘူး။ ဒီလိုအိမ်ထောင်ရေးကို ဘယ်လို မလိုချင်ဘဲနေမှာလဲ။

“မင်နန်၊ ဒီရက်ပိုင်း မင်းရဲ့မိသားစုက အဆင်ပြေကြရဲ့လား”

အန်တီမုန်က လီမင်နန်အတွက် ညစာစားပွဲမှ ခုံတစ်လုံးကို ဆွဲထုတ်ပေးလိုက်ပြီး သကြားရေနဲ့ ပြတ်ထားတဲ့ ကြက်ဥစွပ်ပြုတ်တစ်ပန်းကန် ထည့်ပေးလိုက်တယ်။

“တစ်ရက်လုံး အလုပ်လုပ်ထားရတာ ပင်ပန်းနေမှာပေါ့.. အဆာပြေသွားအောင် ကြက်ဥစွပ်ပြုတ် နည်းနည်းစားလိုက်ဦး”

လီမင်နန်က ပန်းကန်လုံးကြီးထဲကို ငုံ့ကြည့်လိုက်တော့ ကြက်ဥငါးလုံး လောက် ပါနေတာကို တွေ့လိုက်ရတယ်။

“အန်တီ၊ ဒါက အရမ်းများတယ်၊ တခြားပန်းကန်ထဲကို ခွဲထည့်လိုက်ပါဦး.. ရှောင်ရှီကို နှစ်လုံးကို ပေးလိုက်မယ်၊ သူလည်း နေ့လည်က သိပ်မစားထားဘူး”

လီမင်နန်က သူမရဲ့သမီးအကြောင်းကို တွေးနေတာကို မြင်တော့ အန်တီမုန်က ပျော်ရွှင်စွာ ပြုံးပြီး ပြန်ပြောလိုက်တယ်။

“သူမက အိမ်ကိုပြန်ရောက်နေပြီလေ.. ခဏနေရင် ညစာစားလို့ရတယ်”

လီမင်နန်က သူ့ရဲ့အရှေ့မှ ပန်းကန်ကို ဘေးတစ်ဖက်သို့ တွန်းလိုက်ပြီး အကျင့်ဖြစ်စွာနဲ့ ပြောလိုက်တယ်။

“မင်းအရင်စားလိုက်လေ.. ပြီးမှ ကိုယ်စားလိုက်မယ်”

မုန်ရှောင်ရှီက လီမင်နန်ကို ပြုံးပြပြီး ခေါင်းငုံ့ကာ ကြက်ဥတစ်လုံးနှင့် သကြားရေအနည်းငယ်လောက် သောက်လိုက်တယ်။ ပြီးနောက် ကျန်တဲ့ ကြက်ဥစွပ်ပြုတ်ပန်းကန်ကို ပြန်တိုးပေးလိုက်တယ်။ ထို့နောက် လက်နှစ်ဖက်ပေါ်မှာ မေးစေ့ကို တင်ပြီး လီမင်နန် စွပ်ပြုပ်ကို သောက်နေတာကို မျက်တောင်မခတ်ဘဲ ကြည့်နေခဲ့လေတယ်။

အန်တီမုန်က ရယ်မောချင်နေခဲ့တဲ့ လူငယ်လေးကို ကြည့်လိုက်ပြီး နောက်တစ်ဖက်သို့လှည့်ကာ သူမရဲ့အမေက ဘေးမှာရှိနေမှန်းကိုတောင်မေ့နေပြီး လီမင်နန်တစ်ယောက်တည်းကိုသာ မျက်လုံးထဲမှာရှိနေတဲ့ သမီးဖြစ်သူကို ပြန်ကြည့်လိုက်ပြန်တယ်။

လီမင်နန်က ကြက်ဥပြုတ်စားကာသကြားရေကို သောက်ပြီးနောက် ထရပ်ကာ ပန်းကန်ဆေးဖို့အတွက် မီးဖိုချောင်ကိုသွားဖို့လုပ်နေတာကိုမြင်တော့ အန်တီမုန်က သူ့ကို ဆွဲကိုင်ပြီး စားပွဲပေါ်မှာ ပြန်ထိုင်ခိုင်းလိုက်တယ်။

“အလုပ်ရှုပ်မနေနဲ့ .. အန်တီ မင်ကို အရေးကြီးတာပြောဦးမယ်.. တနင်္ဂနွေနေ့ကျရင် မင်းရဲ့မိသားစုကို ငါတို့အိမ်ကို လာပြီး ထမင်းစားဖို့ ဖိတ်ခေါ်လိုက်ပါဦး.. မင်းတို့နှစ်ယောက်ကို အတူရှိနေတာကြာပြီ.. သူတို့တွေ အခုထိ ဒီကိုမရောက်ဖူးဘူး”

သူ့ရဲ့ ယောက္ခမက သူ့အပေါ်ကို စိတ်ကျေနပ်ကြောင်း ကြားတော့ လီမင်နန်က အလွန်ပျော်ရွှင်သွားကာ ဝမ်းသာအားရ ခေါင်းညိတ်လိုက်တယ်။

“ကျွန်တော် အိမ်ကိုပြန်ရောက်ရင် အမေ့ကို ပြောပြလိုက်ပါ့မယ်”

“ကောင်းပြီ စောစောပြန်လိုက်တော့လေ.. ခဏနေရင် မှောင်တော့မှာ”

လီမင်နန်က ထရပ်ပြီး နှုတ်ဆက်လိုက်ကာ မုန်ရှောင်ရှီကို တွန့်ဆုတ်စွာနှင့် ကြည့်လိုက်တယ်။ မုန်ရှောင်ရှီက မတ်တပ်ထရပ်ပြီး နီရဲနေတဲ့မျက်နှာနှင့် ပြောလာတယ်။

“မင်နန်ကို လိုက်ပို့ပေးလိုက်ဦးမယ်”

ထို့နောက် သူမက မင်နန်ကို အိမ်ပြင်သို့တွန်းထုတ်လိုက်တယ်။

အန်တီမုန်ကတော့ လူငယ်လေးနှစ်ယောက်ရဲ့ နောက်ကျောကိုကြည့်ပြီး ဝမ်းသာဝမ်းနည်းနဲ့ တီးတိုးရေရွက်လိုက်မိတယ်

“သမီးလေး အသက်ကြီးတော့ ငါ့အတွက်နေရာမကျန်တော့ဘူး”

လီမင်နန်ရဲ့ ယောက္ခမဆီမှ စားသောက်ဖို့ ဖိတ်ခေါ်ချက်ကို ရရှိပြီးနောက် လီမိသားစုဟောင်းက ရုတ်တရက် အလုပ်ရှုပ်သွားခဲ့ကြတယ်။ မဒမ်လီက လျှပ်စစ်မီး ဖြုန်းတီးရဖို့အတွက် မကြောက်တော့ဘဲ ညဘက်အချိန်တွေမှာ သူမက သေတ္တာတွေနှင့် ဘီဒိုတွေကို ရှာဖွေမွှေနှောက်ကာ သူမရဲ့ သပ်ရပ်ကောင်းမွန်တဲ့ အဝတ်အစားတွေကို ထုတ်ယူပြီး အင်းဆက်ပိုးမွှားတွေ ကိုက်ခဲခံထားရခြင်းရှိမရှိကို သိရှိဖို့အတွက် တစ်ကြိမ်ပြီးတစ်ကြိမ် စစ်ဆေးခဲ့တယ်။

ကျန်းကျန်းက မဒမ်လီရဲ့ အိမ်ထဲမှ ခန်ပေါ်မှာထိုင်ကာ ချိုင်းထောက်နှင့်ကစားနေရင်းနှင့် မဒမ်လီကိုစနောက်လိုက်တယ်။

“အဖွား ဒီလောက်အလင်းရောင်မှိန်မှိန်လေးထဲမှာ မြင်နိုင်လို့လား”

မဒမ်လီက မျက်လုံးကိုစွေပြီးကြည့်လိုက်တယ်။

“မမြင်နိုင်ရင်တောင် ကြည့်ရဦးမှာပဲ.. တကယ်လို့ ပိုးကောင်တွေဘာတွေ ကိုက်ထားတာရှိနေရင် မြန်မြန်လေ့ပြန်ချုပ်ရမယ်.. မဟုတ်ရင် အပေါက်ကို ဆွဲမိသွားရင် အပေါက်က ပိုကြီးလာပြီး အမြန်မတော်ဖြစ်နေလိမ့်မယ်။

ဒါတွေက မင်းအစ်ကိုကြီးလက်ထပ်တုန်းက သုံးခဲ့တဲ့အထည်တွေပဲ ၊ နောက်ထပ်ပွဲတစ်ခုလုရှိလာရင်ဆိုပြီး သိမ်းထားခဲ့တာ၊ အခု မင်းရဲ့တတိယအစ်ကိုက လွန်ခဲ့တဲ့ လတွေကစေ့စပ်ထားခဲ့တာ ဒါတွေက အဲဒီပွဲအတွက် သုံးလို့ ရပါဦးမလားဆိုတာ မသိနိုင်ဘူး”

အဘွားလီက ပိုပြီးတွေးလေလေ ၊ ပိုပြီး စိုးရိမ်လာလေလေပဲ။ သူမရဲ့ဘေးမှာ ထိုင်နေတဲ့ ကျန်းကျန်းကလည်း သက်ပြင်းချလိုက်တယ်။ မဒမ်လီက ဝတ်စရာမရှိဘဲနေမှာကို သိတ်ပူနေတယ်။ ကျန်းကျန်းကတော့ သူမရဲ့ နေရာလွတ်ထဲမှ အဝတ်အစားတွေပို ဘယ်လိုဆင်ခြေမျိုးကို သုံးပြီးထုတ်ယူရမလဲဆိုတာကို တွေးတော စိတ်ပူနေခဲ့တယ်။

မဒမ်လီက သက်ပြင်းတစ်ချချလိုက်ရင် ကျန်းကျန်းက သက်ပြင်းတစ်ချက်လိုက်ချလိမ့်မယ်။ မဒမ်လီက သက်ပြင်း သုံး၊လေးခါလောက် ချလိုက်ပြီးနောက်မှတော့ တစ်ခုခုမှားနေပြီဆိုတာကို သဘောပေါက်သွားကာ ကျန်းကျန်းဆီကို လှမ်းကြည့်ပြီး မေးလာတယ်။

“မင်းက ဘာလို့ သက်ပြင်းချနေရတာလဲ.. တစ်မိသားစုလုံးက မင်းရဲ့အဝတ်အစားတွေက အများဆုံးပဲလေ”

“သမီးက အဝတ်အထည်တွေအကြောင်းကို တွေးနေတာမဟုတ်ဘူး”

ကျန်းကျန်းက သူမရဲ့ပါးကိုလက်နဲ့ထောက်ကိုင်ပြီး ပြောလာတယ်။

“တတိယအစ်ကို လက်ထပ်တဲ့အချိန်ကျရင် သူက ဆွေမျိုးတွေဆီက အစ်မမုန်ကိုသွားယူတဲ့အချိန် ကြည့်ကောင်းစေဖို့အတွက် တောက်ပတဲ့အဝတ်အစားတွေ ၀တ်ဖို့လိုသေးတယ်မလား.. နောက်ပြီး အိပ်ယာက အိပ်ယာအသစ် လုပ်ရဦးမယ်”

“အဲဒါကြောင့်ပဲ မဟုတ်ဘူးလား”

အိုမင်းနေတဲ့မဒမ်လီက ပိုလို့တောင် စိုးရိမ်လာတယ်။ သို့ပေမယ့် ကျန်းကျန်းက ရုတ်တရက် တစ်ခုခုကို သတိရသွားခဲ့တယ်။

“အဖွား အရင်တုန်းက လူတွေက အထည်ယက်နည်းကို သိတယ်မလား.. အဲဒါဆို စောင်ဖြစ်ဖြစ် ဘာဖြစ်ဖြစ် ယက်လို့ရတယ်ေလ”

မဒမ်လီက ဒီစကားကိုကြားတော့ အလွန် စိတ်သက်သာရာရပြီး ပြေလျော့သွားခဲ့တယ်။

“မင်းသာ ငါ့ကိုမပြောရင် ငါ ဒါကိုမေ့နေလောက်မှာ.. ငါတို့မှာ ဝါဂွမ်းတွေရှိနေတာပဲ.. ဒါပေမယ့် ငါတို့ရဲ့ယက်စင်အတွက် လည်ပတ်ဘီးက ကျိုးနေပြီ၊ ကိစ္စတော့မရှိပါဘူး၊ အဲဒါက ရှားပါးတဲ့ အရာမဟုတ်ဘူး၊ မင်းရဲ့ဦးလေး လက်သမားကို နောက်မှကူညီခိုင်းလိုက်မယ်၊ ပြီးရင် အလုပ် စလိုက်ကြတာပေါ့”

ဝမ်စုဖန်းက မဒမ်လီ ခြေထောက်ဆေးဖို့အတွက် ရေနွေးတစ်ဇလုံကို ယူလာတဲ့အချိန်မှာ ထိုစကားတွေကို ကြားလိုက်ရတာကြောင့် ဝင်မေးလိုက်တယ်။

“ဘာတွေ လုပ်ကြဦးမလို့လဲ”

“ချည်လှည့်ဘီးလုပ်မလို့လေ.. ကျန်းကျန်းက အိပ်ယာခင်းနဲ့ စောင်တွေကို ယက်လုပ်ချင်တယ်လို့ ပြောတယ်”

မဒမ်လီက ဝမ်စုဖန်းကိုအလျှင်အမြန် ပြောလိုက်တယ်။

“ငါ့ရဲ့ ဦးနှောက်ကို ကြည့်ပါဦး.. ကျန်းကျန်းက လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက ဝါဂွမ်းတွေစိုက်ပေးနေတာ.. ငါ ဒါကို လုံးဝမတွေးမိဘူး”

ဝမ်စုဖန်းလည်း ဒီစကားတွေကိုကြားတော့ စိတ်ဝင်စားသွားခဲ့တယ်။

“ချည်ကြိုးတွေ လှည့်မယ်ဆိုရင် ကောင်းတာပေါ့.. ဆောင်းတွင်းဆိုတော့ အိမ်အပြင်ကိုလည်း မထွက်ရဘူးလေ.. ပြီးရင် အိမ်မှာပဲ လှည့်ပြီး ယက်လို့ရလောက်မယ်”

မဒမ်လီက ဝမ်းသာအားရ ခေါင်းညိတ်ပြလာတယ်။

“ဝါဂွမ်းနှင့်ယက်လုပ်ထားတဲ့ အဝတ်တွေက နူးညံ့နေလိမ့်မယ်.. အနာဂတ်မှာ မင်နန်ရဲ့ ကလေးတွေအတွက် အနှီးလုပ်ဖို့လည်း ကောင်းလိမ့်မယ်”

မဒမ်လီက ပိုပိုပြီး ဝေးဝေးကို သွားနေပြီဆိုတာကိုမြင်တော့ ကျန်းကျန်းက အရင်ခေါင်းစဥ်ဆီကိုပြန်သွားဖို့ အတတ်နိုင်ဆုံးကြိုးစားလိုက်တယ်။

“ဒါဆို တတိယအစ်ကိုရဲ့ မင်္ဂလာဆောင်အတွက်အဝတ်အစားတွေက ဘယ်လိုလုပ်မှာလဲ”

“စုဆောင်းရမှာပေါ့.. ပြီးရင် သူများတွေဆီကနေ အထည်လက်မှတ်တွေ ချေးငှားကြည့်ရမယ်.. ဒီလိုပဲ လုပ်ရမှာ မဟုတ်ဘူးလား”

မဒမ်လီက သူမရဲ့ခြေထောက်တွေကို ရေနွေးဇလုံထဲမှာထည့်ကာ သက်သောင့်သက်သာရှိစွာ သက်ပြင်းတစ်ချက်ချရင်း ပြောလာတယ်။

“ငါ့အတွက် ရေနွေးတစ်အိုးလောက် ယူလာပေးပါဦး.. ငါကိုယ့်ဘာသာကိုယ် ခဏလောက်စိမ်ထားလိုက်မယ်”

ဝမ်စုဖန်းက မဒမ်လီရဲ့ ရေနွေးအိုးကိုယူပြီး အပြင်သို့ ပြန်ထွက်သွားခဲ့တယ်။

ကျန်းကျန်းကတော့ နောက်ဆုံးမှာ သူမပြောနိုင်တဲ့ ဆင်ခြေတစ်ခုကို တွေးလိုက်မိတယ်။

“ အဖွား.. သမီး အဝတ်အစားနည်းနည်းလောက်ရနိုင်တယ်”

မဒမ်လီက သူမကို မယုံကြည်နိုင်စွာ ကြည့်လာတယ်။

“အခုက အဝတ်အထည်တွေပြတ်လပ်နေတာလေ.. မင်းရဲ့ တတိယအန်တီက သူ့တူမရဲ့အတန်းဖော်မိသားစုက သမဝါယမမှာအထည်တွေ ရောင်းချတာ.. အခုဆို သူတို့ အဝတ်အထည်တွေ စုဆောင်းဖို့အတွက် လက်မှတ်တွေ လိုအပ်နေပြီလို့ ပြောတယ်”

“အဲဒါကို စိတ်မပူပါနဲ့”

ကျန်းကျန်းက သူမသာ စကားများများပြောခဲ့ရင် မဒမ်လီဆီမှ အဆုံးမဲ့တဲ့မေးခွန်းတွေ ရောက်လာမှာကို စိုးရိမ်တာကြောင့် ခန်ပေါ်မှ အမြန်ထပြီး အိပ်ငိုက်ချင်ယောင်ဆောင်ပြီး ပြောလိုက်တယ်။

“သမီးက အဲလိုဝယ်မဲ့ဟာကို ပြောတာမဟုတ်ဘူး.. ဘာပဲဖြစ်ဖြစ် နောက်မှဆက်ပြောကြရအောင်”

ကျန်းကျန်းက သူမရဲ့အိမ်ခန်းဆီသို့ပြန်သွားကာ တံခါးကိုလော့ချလိုက်ပြီး ခဏအကြာမှာပဲ အလင်းတစ်ချက်နှင့်အတူ သူမရဲ့ ခန္ဓာကိုယ်က နေရာလွတ်ဆီသို့ ရောက်ရှိသွားခဲ့တယ်။

သူမက ဘေးမှာရှိနေတဲ့ အနောက်တိုင်းပုံစံ အဆောက်အအုံထဲသို့ ဝင်သွားခဲ့ပြီး သူမ စုဆောင်းထားတဲ့ အထည်တွေကို ရှာဖွေဖို့ လုပ်ခဲ့တယ်။

ဒီနိုင်ငံခြားပုံစံအဆောက်အအုံတွေရဲ့ပိုင်ရှင်တွေအားလုံးက အရင်းရှင်တွေဖြစ်ကြပြီး အရင်းရှင်ရဲ့ဇနီးသည်တွေက သူတို့ရဲ့ အ၀တ်အစားတွေကို အကောင်းမွန်ဆုံးဖြစ်တဲ့ ချောင်စန်(ရိုးရာလည်ထောင်အမျိုးသမီးဝတ်စုံ)တွေကိုသာ အများဆုံးဝတ်ဆင်ကြတယ်။

သို့ပေမဲ့ လက်ရှိခေတ်ရေစီးကြောင်းအတွင်းမှာ ချောင်စန်ကို ဝတ်ဆင်တာကပဲ အရင်းရှင်အဖြစ် ပြစ်တင်ဝေဖန်ခံရမှာဖြစ်ရုံသာမကဘဲ အရောင်အသွေးစုံလင်တဲ့ အဝတ်အစားတွေကို ဝတ်ဆင်တာကလည်း “မမျှတမှု “ နှင့် “ပုတ်သိုး ဆွေးမြေ့”နေတဲ့ လူနေမှုပုံစံကို ထင်ရှားစေတယ်လို့ ပြောကြလိမ့်မယ်။

ကံကောင်းထောက်မစွာနှင့် ဒီလူတွေရဲ့အိမ်တွေမှာ အမျိုးသားတွေရဲ့အဝတ်အစားတွေမှာ အဓိကအားဖြင့် မီးခိုးရောင်၊ အနက်ရောင်နှင့် နက်ပြာရောင်တွေဖြစ်နေခဲ့ကြပြီး နူးညံ့ပြီး ထူထဲတဲ့ သိုးမွှေးထည်အစတွေ အများကြီးရှိတယ်။

ကျန်းကျန်းက အဝတ်အိတ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး မီးခိုးရောင်သိုးမွှေးထည်သုံးမီတာနှင့် နက်ပြာရောင်သိုးမွှေးထည်သုံးမီတာလောက်ကို ထည့်လိုက်ကာ အပြာရောင်ပိုးထည်ကိုလည်း ဆယ်ပေလောက်ယူပြီး အပေါ်ဆုံးမှာ တင်ထားလိုက်တယ်။

သိုးမွှေးထည်တွေကို ဆောင်းရာသီအတွင်းမှာ ကုတ်အင်္ကျီချုပ်လုပ်နိုင်ပေမဲ့ လီမင်နန် လက်ထပ်မဲ့ ရာသီက နွေရာသီဖြစ်နေတာကြောင့် ကျန်းကျန်းက အင်ပါယာမြို့တော်မှ အဝတ်အထည်ဆိုင်မှာ ရောင်းချဖို့ တွေးလိုက်တယ်။ ထိုနေရာမှာ ကောင်းမွန်တဲ့ချည်ထည်တွေလည်းအများကြီးရှိနေလိမ့်မယ်။

All Chapters