← Chapters

အခန်း (၁၄၇)

Vol. 15 Ch. 147

အခန်း (၁၄၇)

Vol. 15 Ch. 147

မဒမ်လီက လက်ထဲမှ သမင်သားကို ချလိုက်ပြီး လီမင်ပေရဲ့ခါးကို လိမ်ဆွဲကာ သူ့ကိုစိုက်ကြည့်လိုက်တယ်။

“ဒီတော့ မင်း ရေအားလျှပ်စစ်စက်ရုံမှာ ကျောင်းဝင်ခွင့်ရဖို့ အသေအလဲ ကြိုးစားခဲ့တာက အဲဒီကောင်မလေးနှင့် တစ်တန်းတည်းအတူတက်ရဖို့အတွက်ပေါ့လေ”

“အဲဒါပဲ မဟုတ်သေးဘူး”

လီမင်ပေက ခေါင်းညိတ်လာတယ်။

“သူမနှင့် စားပွဲချင်းကပ်ပြီးထိုင်ခွင့်ရအောင်လို့ အစ်ကိုကြီးပေးထားတဲ့ ဘောပင်ကိုတောင် သူမရဲ့ ထိုင်ခုံဖော်ကိုပေးပြီး လဲခဲ့သေးတယ်”

မဒမ်လီက ထိုစကားကိုကြားချိန်မှာတော့ မထိန်းနိုင်တော့ဘဲ ဆေးတံကိုကောက်ယူတော့တယ်။ သူမရဲ့မြေးဖြစ်သူက အဝေးကိုသွားရတော့မှာကိုသိပေမဲ့ ဒါကိုတော့ မရိုက်ဘဲမနေနိုင်ဘူး။

“မင်းရဲ့အစ်ကိုကြီး မင်းကိုပေးခဲ့တဲ့ဘောပင်က ဘယ်လောက်တောင်ကောင်းလိုက်သလဲ! မင်းက သူများကိုပေးလိုက်နိုင်သေးတယ်! မင်းကတကယ်ကိုလက်ဖွာတဲ့ ကလေးပဲ၊ ဒီတော့ မင်း သူ့ကိုဘောပင်ပေးလိုက်တော့ မင်းက ဘာကိုသုံးနေတာလဲ”

“သူလည့် ကျွန်တော့်ကို တစ်ခုပြန်ပေးတယ်လေ၊ အဲဒါက ဟောင်းနေပေမဲ့ မင်တွေကတော့ ချောချောမွေ့မွေ့ ထွက်နေသေးတယ်”

လီမင်ပေက ရယ်မောရင်းဖြေလာတယ်။

“အမ်.. ကျောင်းတက်တာက ဇနီးကောင်းကောင်းရပြီး အလုပ်ကောင်းကောင်းရဖို့ပဲမလား? ဒါကလည်း ဇနီးရဖို့အတွက် ရင်းနှီးလိုက်တာပဲလေ”

မဒမ်လီက အသက်ရှူတောင်ကြပ်လာရပြီး လီမင်ပေကိုဆက်မကြည့်တော့ဘူး။ သူမက ဘေးကိုလှည့်ကာ ကျန်းကျန်းကို ခေါ်လိုက်တယ်။

“ဒီတော့ အဲဒီယွီဝမ်ရှို့က ဘယ်လိုနေလဲ? သူမက ဘယ်သူလဲ”

ကျန်းကျန်းက မဒမ်လီဘေးမှာထိုင်လိုက်တယ်။

“အဲဒါက ရေအားလျှပ်စစ်စက်ရုံက ဝန်ထမ်းရဲ့ ကလေးတစ်ယောက်ပဲ၊ သူမက အကျင့်ကောင်းပြီး ရုတ်ရည်လည်း ချောမောတယ်၊ မဟုတ်ရင် စတုတ္ထမြောက်အစ်ကိုက သူမကို တစ်ချက်လောက်မြင်တွေ့ရုံနဲ့ ချစ်မိမှာ မဟုတ်ဘူးလေ

မဒမ်လီက စိတ်ဆိုးနေသေးတာကိုမြင်တော့ ကျန်းကျန်း ဆက်ပြောလိုက်တယ်။

“အဖွား၊ အဖွားရဲ့မြေးသုံးယောက်အတွက် ချွေးမတွေက တစ်ယောက်ထက် တစ်ယောက် ပိုလှကြတာပဲ၊ တယ်၊ ဒါက အရမ်းကောင်းတဲ့ ကိစ္စမဟုတ်ဘူးလား”

မဒမ်လီ အေးတိအေးစက်နှင့်နှာမှုတ်လိုက်တယ်။

“ပထမနှစ်ယောက်က ပြဿနာမရှိပါဘူး၊ ဒါပေမယ့် ယွီဝမ်ရှို့အတွက်ကတော့ ငါ့မြေးမ ဖြစ်လာပါ့မလားဆိုတာ ဘယ်သူသိမှာလဲ၊ တစ်ဖက်လူက သူ့ကိုတောင် အာရုံစိုက်ဖို့ တွန့်ဆုတ်နေလောက်တယ်”

“အဲဒါတော့ ကျွန်တော် သဘောမတူဘူး”

လီမင်ပေက စိတ်ရှုပ်ထွေးစွာနှင့် မျက်နှာကို ကုတ်လိုက်ပြီး ပြောလာတယ်။

“သူမ စကားမပြောရုံလောက်ပါပဲ၊ ကျွန်တော်ကတော့ သူမလည်း အဲဒါကို စဉ်းစားနေမယ်ထင်တာပဲ”

မဒမ်လီ သက်ပြင်းချလိုက်မိတယ်။

“မင်းတို့ အတူတူသွားလို့ရမှာ သေချာလို့လား? မင်းတို့ သွားရမယ့်နေရာကိုရော သိလား”

“ကျောင်းက မနက်ဖြန် အကြောင်းကြားမယ်လို့ပြောတယ်”

လီမင်ပေက ချက်ချင်းပြန်ပြောလာတယ်။

“ကျွန်တော်က သူနဲ့အတူ သွားခွင့်ရအောင်ကြိုးစားလိုက်မယ်၊ ဒါမှ နောင်တစ်ချိန်မှာ မြို့ကိုပြန်ရောက်ရင် ကျွန်တော့်ရဲ့ဇနီးကို လက်တစ်ဖက်မှာကိုင်ဆွဲပြီး သားကို နောက်တစ်ဖက်မှာ ဆုပ်ကိုင်ထားနိုင်မှာ”

ဒီခဏတာအတွင်း မဒမ်လီနှင့် ဝမ်စုဖန်းတို့ ငိုရမလား ရယ်ရမလားမသိဖြစ်သွားရတယ်။

ပါမောက္ခမှူးကြီးမှ ထုတ်ပြန်တဲ့ ရှင်းလင်းပြတ်သားတဲ့ ညွှန်ကြားချက်ကို နိုင်ငံတစ်ဝှမ်းလုံးက လျင်မြန်စွာ တုံ့ပြန်ခဲ့ကြတယ်။ လီမင်ပေက နောက်နေ့ နေ့ခင်းဘက်မှာ ကျောင်းကို ပြန်သွားကြည့်ပြီး ညနေဘက်ပြန်ရောက်လာချိန်မှာ အလွန်ပျော်ရွှင်နေခဲ့တယ်။

“အဖွား၊ ကျွန်တော်တို့ နေရာကို ရွေးပြီးသွားပြီ၊ ယွီဝမ်ရှို့နှင့်အတူ ပညာတတ်လူငယ်တွေအတွက်နေရာကို သွားရမယ်”

ထိုစကားကိုကြားပြီးနောက် မဒမ်လီက ချက်ချင်းပြန်မေးခဲ့တယ်။

“ဘယ်ပြည်နယ်ကို သွားရမှာလဲ၊ အိမ်နဲ့မဝေးဘူးမလား၊ အနောက်မြောက်ဘက်အထိ သွားရမှာ မဟုတ်ဘူးမလား”

“အဲဒီဘက် ဦးတည်ချက်လောက်ပဲ”

လီမင်ပေက ခေါင်းညိတ်ပြလာတာနှင့် မဒမ်လီရဲ့ခြေထောက်တွေက ပျော့ခွေသွားခဲ့ကာ လဲကျလုမတတ်ဖြစ်သွားရတယ်။

“ကျွန်တော်နှင့် ယွီဝမ်ရှို့တို့အပါအဝင် ပညာတတ်လူငယ်ဆယ့်နှစ်ယောက်ကို သွားကြရမှာ”

ကျန်းကျန်းက မဒမ်လီကို စိုးရိမ်တကြီးနဲ့ တွဲပေးရင်း လီမင်ပေကို လှမ်းပြောလိုက်တယ်။

“စကားကို တစ်ဝက်လောက်ဆီဖြတ်ပြောမနေနဲ့၊ ပညာတတ်လူငယ်ဆယ့်နှစ်ယောက်က ဘယ်နေရာကို သွားရမှာလဲ”

“အဲဒါက ငါတို့ပေရှားရဲ့ အနောက်မြောက်ဘက်မှာ”

လီမင်ပေက သိပ်ပြီး မရှင်းလင်းတဲ့ အမူအရာနှင့် ပြောလာတယ်။

“ရေအားလျှပ်စစ် စက်ရုံက အသေးစား မီးရထားလမ်းအတွက် အထူးလိုင်းတစ်ခု တည်ဆောက်နေတယ်၊ ဒါပေမယ့် သိပ်မမြန်နိုင်ဘူးဖြစ်နေတယ်လို့ ပြောခဲ့တယ်၊

ကျွန်တော်တို့ရဲ့ ပေရှားနဲ့ ဝေးတဲ့နေရာဆီကို သွားရမှာဆိုတော့ ကားကြီးတွေစီးသွားမှရမယ်တဲ့၊ နေရာက (12) ကီလိုမီတာလောက် ဝေးလိမ့်မယ်၊ အဲဒီနေရာမှာ ပညာတတ်လူငယ်ဆယ့်နှစ်ယောက်အတွက် နေရာတွေလုပ်ထားတယ်၊ အဲဒီကိုရောက်သွားပြီဆိုရင် ကျွန်တော်က နေ့တိုင်း အိမ်ကိုပြန်လာလို့မရဘူး၊ စက်ရုံက နှစ်ပတ်နေမှ တစ်ခါ ပြန်လာရမယ်လို့ပြောတယ်”

မဒမ်လီရဲ့ခြေထောက်တွေက ချက်ချင်းပဲ ခိုင်ခိုင်မြဲမြဲ ရပ်နိုင်သွားခဲ့တယ်။ သူမက ခန်ပေါ်မှ ဆေးတံကို ကောက်ယူလိုက်ပြီး လီမင်ပေရဲ့ ခေါင်းကို ခေါက်လိုက်တော့တယ်။

“မင်း အသည်းနှလုံးမပါတဲ့ကောင်၊ စကားကို ရှင်းရှင်းလင်းလင်းမပြောဘူး ၊ ဘောပင်အသစ်ကိုလည်း ကျိုးနေတဲ့ဘောပင်နဲ့ လဲလိုက်လိုက်သေးတယ်! မင်းရဲ့ခေါင်းက တကယ်ကိုပျက်စီးနေတာပဲဖြစ်ရမယ်!”

လီမင်ပေက ရိုက်နှက်ခံရပြီး ထွက်ပြေးသွားခဲ့တယ်။

“အဖွား ကျွန်တော်က စာရင်းပို့ဖို့သွားရတော့မှာ၊ ဘာလို့ ကျွန်တော့်ကိုရိုက်နှက်နေသေးတာလဲ၊ ကျွန်တော့်အတွက် စိတ်မကောင်း မဖြစ်ဘူးလား”

“ငါက မင်းအတွက် စိတ်မကောင်းဖြစ်တယ်”

မဒမ်လီက ထိုကောင်လေးတစ်ယောက်တည်း ဝက်သားတစ်ဝက်လောက် စားသွားတာကို တွေးပြီး ပိုလို့တောင်စိတ်မကောင်းဖြစ်လာတယ်။

“မင်းအစ်ကိုနဲ့မရီးကပြန်မလာသေးဘူး၊ ဒါပေမယ့် မင်းအတွက် ဝက်ကိုအရင်သတ်ပြီး ကျွေးထားခဲ့တာ၊ မင်းက အိမ်နဲ့ ကီလိုမီတာ ၂၀ လောက်ဝေးတဲ့နေရာလောက်ကိုသွားရမှာကို ငါတို့က စိတ်မကောင်းဖြစ်နေခဲ့တယ်၊ မျက်ရည်တွေကို အလကား ဖြုန်းတီးမိတာပဲ”

ဝမ်စုဖန်းက သူ့ဘေးမှာ ရပ်နေခဲ့ကာ ငိုနေရင်းကနေ ရယ်မောလာခဲ့ပြီး မဒမ်လီကိုမြှောက်ပေးနေခဲ့တယ်။

“အမေ၊ သူ့ကို ပြင်းပြင်းထန်ထန် ခေါက်လိုက်၊ ဒီဆိုးသွမ်းတဲ့ ကလေးက ကျွန်မကို သေတဲ့အထိ ကြောက်အောင်လုပ်နေတာပဲ”

“အိမ်နဲ့ ဒီလောက်နီးနေမယ်ဆိုတာ မသိခဲ့ဘူးလေ”

လီမင်ပေက မြေပြင်ပေါ်မှာထိုင်ချလိုက်ပြီး ခေါင်းကို လက်နဲ့ ပိုက်ထားရင်း အတွန့်တက်လာတယ်။

“ဒါဆိုလည်း အဖွားတို့ ဘာလို့ ကျောင်းနဲ့ စကားပြောပြီး နေရာမပြောင်းခိုင်းတာလဲ၊ ပညာတတ်လူငယ်အတွက် သွားရမဲ့နေရာက နှစ်ဆယ့်လေးနေရာတောင်ရှိတယ်”

“မင်းက တကယ်ကို ပြောရဲနေတာပဲ”

မဒမ်လီက ခန်ပေါ်မှာပြန်ထိုင်ရင်း ပြေးလွှားလိုက်ထားတဲ့အတွက် မောပန်းစွာအသက်ရှူရင်း လီမင်ပေကို စိုင်ကြည့်လာတယ်။

ထို့နောက် လီမင်ပေကို ဆေးတံနှင့်ညွှန်ပြီး ပြောလိုက်တယ်။

“နှစ်ပတ်တခါ ပြန်မလာနဲ့၊ မင်း စားသောက်ဖို့အတွက် မလုံလောက်ဘူး၊ ဟင်းချက်ရတာလည်း အဆင်မပြေဘူး၊ ဒီတော့တစ်လ နှစ်လလောက်နေမှ တစ်ခါ ပြန်လာခဲ့”

လီမင်ပေ: …

ဝမ်စုဖန်း : “အမေပြောတာ မှန်တယ်၊ အမေ ကျွန်မ ဝက်သားနဲ့ သမင်သားကို အေးခဲထားလိုက်တော့မယ်၊ တရုတ်နှစ်သစ်ကူးမတိုင်ခင် ရက်တွေအများကြီး လိုသေးတယ်”

“မရဘူးလေ”

လီမင်ပေတစ်ယောက် မကြာခင်ကမှ သူနှင့်ခွဲခွာရန် တွန့်ဆုတ်နေဆဲဖြစ်တဲ့အမေဖြစ်သူကို မယုံနိုင်စွာ ကြည့်ပြီး မေးလိုက်မိတယ်။

“အမေဘဲ ညနေဘက် ဝက်သားချက်မယ်လို့ မပြောဘူးလား”

မဒမ်လီက ဒီနေ့အတွက် ပထမဆုံးအကြိမ် ပြုံးပြလာတယ်။

“ဝက်သားက ဘာလုပ်မှာလဲ၊ မင်း ဂေါ်ဖီထုပ်စတူးနှင့် မစားနိုင်လို့လား? မင်တုန်ဆို တစ်ပတ်လုံးအသားတောင် မစားခဲ့ရဘူး၊ မင်း အသားတွေအားလုံးကို စားသွားရင် သူ့အတွက် အသီးအရွက်တွေပဲ ကျန်တော့မှာပေါ့၊ ဝက်သားတွေနှင့် သမင်သားတွေကို အအေးခံစားလိုက်မယ် သူ ပြန်လာမှ စားပါစေ”

လီမင်ပေတစ်ယောက် သူ့ရဲ့ ချောမွတ်နေတဲ့ ဗိုက်သားဖောင်းဖောင်းလေးကို ညှစ်လိုက်ပြီး မျက်ရည်တွေ မကျဘဲ ငိုမိမလိုဖြစ်နေခဲ့ရတယ်။

*

ပညာတတ်လူငယ်အဖြစ် သွားရမဲ့နေရာကို သတ်မှတ်ပြီးနောက်မှာ ရေအားလျှပ်စစ်စက်ရုံမှ ကျောင်းသားလူငယ်တွေက ပေရှားဒေသမှာရှိတဲ့ ထင်းရှူးတောရဲ့ အတော်လေး ဝေးကွာတဲ့ နေရာကို သွားရလိမ့်မယ်။ သူတို့သွားရမဲ့ ထိုနေရာမှာ လူနေထိုင်ခြင်းမရှိဘူး။ ဒါကြောင့် ပထမဦးဆုံး သူတို့နေထိုင်ဖို့ ရွေးချယ်ထားတဲ့ လူငယ်နေရာမှာ အိမ်အရင်ဆောက်ရလိမ့်မယ်။

ရေအားလျှပ်စစ်စက်ရုံဆိုတာက ရန်ပုံငွေပေါများတဲ့ စက်ရုံကြီးဖြစ်ပြီး အိမ်ဆောက်ရန်အတွက် လူငယ်တိုင်းအတွက် အုတ်နှင့်ဘိလပ်မြေတွေ အများကြီး ပံ့ပိုးပေးထားတယ်။

မူလတုန်းကတော့ လီမင်ပေက ပညာတတ်လူငယ်နေရာသို့ မသွားမီမှာ လုပ်ငန်းခွင်သို့မဝင်ခင် ရက်အနည်းငယ်လောက် အားလပ်ရက်ရရှိနိုင်လောက်ဦးမယ်လို့ ထင်နေခဲ့တယ်။

သို့သော်လည်း သူ့လိုမျိုး အထက်တန်းကျောင်းဆင်းတစ်ယောက်ကို အိမ်ဆောက်ရန်အတွက် လိုအပ်တဲ့အရာအားလုံးကို လုပ်ဖို့ တွန်းအားပေးလာခဲ့မယ်လို့ ထင်မထားခဲ့ဘူး။

ဒီလိုနဲ့ လီမင်ပေက မိုးမလင်းခင်မှာ အလုပ်အတွက်ထရပြီး ညမှောင်တဲ့အထိ ပြန်မလာနိုင်ခဲ့ဘူး။ တစ်ပတ်အတွင်းမှာ သူ့ရဲ့မျက်နှာက ပင်ပန်းနွမ်းနယ်မှုတွေပြည့်နေပြီး ကိုယ်အလေးချိန်လည်း အများကြီးကျသွားခဲ့တယ်။

လီမင်ပေဆိုတာက သူ ငယ်စဉ်အရွယ်ကတည်းက သူနှင့်အသက်အရွယ်တူကလေးတွေနှင့်စာရင် တကယ်ကို ကြမ်းတမ်းတဲ့အလုပ်တွေ မလုပ်ခဲ့ဖူးတဲ့သူပဲ။

သူ ဆယ်နှစ်မပြည့်ခင်မှာ မိသားစုက သူ့ကို တောရိုင်းဟင်းသီးဟင်းရွက်တူးထုတ်တာ၊ ထင်းခြောက်တွေကောက်ယူတာတွေလောက်ကိုသာ လုပ်ခိုင်းခဲ့တယ်။ တောင်ပေါ်မှ ကောက်ပဲသီးနှံတွေရိတ်သိမ်းတာတွေကိုတော့ လီမူဝူနဲ့ သူ့ဇနီးတို့တွေကပဲ အကုန် လုပ်ခဲ့ကြတယ်။

ကျန်းကျန်းကို မွေးဖွားပြီးနောက် နှစ်တွေမှာတော့ ကောက်ပဲသီးနှံစိုက်ပျိုးရန်အတွက် သူမရဲ့ သဘာဝလွန်စွမ်းအားတွေကို စတင်အသုံးပြုခဲ့တယ်။ နှစ်စဉ်နှစ်တိုင်း သူတို့တွေ စိုက်ပျိုးရေး လုပ်ကြတဲ့အချိန်မှာ မဒမ်လီနဲ့ ဝမ်စုဖန်းက သူ့ကို အိမ်မှာချက်ပြုတ်ဖို့၊ အိမ်သန့်ရှင်းရေးလုပ်ပြီး ကလေးတွေကို အိမ်မှာကြည့်နေဖို့ စတဲ့ အကြောင်းပြချက်တွေ တစ်ခုပြီးတစ်ခုပေးပြီး ချန်ထားခဲ့လေ့ရှိတယ်။

ကောက်ပဲသီးနှံများ ရိတ်သိမ်းတဲ့အချိန်မှာ ကျန်းကျန်း အာလူးနှင့် ဂေါ်ဖီထုပ်တွေကို လက်ကိုဝှေ့ရမ်းပြီး မြေပေါ်သို့ တက်လာစေကာ ပြောင်း၊ ဂျုံ၊ ဆန်စတာတွေကိုလည်း မြေပေါ်သို့ ကျသွားစေခဲ့တယ်။

ပြီးမှသာ မဒမ်လီက သူမရဲ့မိသားစုကို တောင်ပေါ်မှ ကောက်ပဲသီးနှံတွေသယ်ပို့ရန် အကူအညီတောင်းခဲ့လေ့ရှိတယ်။

နှစ်စဉ် ကောက်ပဲသီးနှံ ရိတ်သိမ်းတဲ့ပြီးတဲ့အချိန်မှာ အလုပ်တွေ အများကြီး လုပ်ရပေမယ့် မိသားစုက ပြည့်စုံနေတဲ့အတွက် မစ္စလီက ဂျုံမှုန့်ဖြူဘန်းမုန့်ကြီးတွေ၊ ရစ်ငှက်၊ ယုန် နဲ့ ငါးတွေကို နေ့တိုင်း ချက်ပြုတ် ပေးခဲ့တတ်တယ်။ဒါကြောင့် မိသားစုထဲကလူတွေက မပိန်ရုံတင်မကဘဲ နှစ်ပေါင်လောက်စီ တက်လာကြတယ်။

ဒီဘက်ခေတ်မှာ ဘန်းမုန့်ဖြူကြီးတွေကို စားဖို့နေနေသာသာ ဝဝလင်လင် မစားနိုင်လောက်တဲ့ လူတွေတောင် အများကြီးရှိတယ်။ ပွဲတော်အတွင်းမှာသာ လူတော်တော်များများက ဂျုံအစစ်နဲ့ လုပ်တဲ့ပန်ကိတ်ကို စားသုံးကြလေ့ရှိတာလေ။

အများအားဖြင့်တော့ ကန်စွန်းဥမှုန့်တွေအများကြီးနှင့် ရောစပ်ပြီးမှသာ ပေါင်းလေ့ရှိတယ်။

ပါးစပ်ကိုခြောက်သွေ့စေပြီး မာကြောပေမဲ့ ဆာလောင်မှုကို ခံနိုင်ရည်ရှိစေတယ်။ သန့်စင်ပြီးတဲ့ အစေ့အဆန်တွေကို လစဉ်ထောက်ပံ့ပေးတာက မိသားစုထဲရှိ ကလေးတွေ ဒါမှမဟုတ် သက်ကြီးရွယ်အိုတွေအတွက် သာ လုံလောက်တတ်တယ်။

ဒါကြောင့် များသောအားဖြင့် လီမင်ပေအရွယ်ကောင်လေးတွေဆိုတာက ဂျုံမှုန့်ဖြူရဲ့အရသာကိုရရှိဖို့ တရုတ်နှစ်သစ်ကူးအထိ စောင့်ဆိုင်းရလိမ့်မယ်။

All Chapters