← Chapters

အခန်း (၁၄၈)

Vol. 15 Ch. 148

အခန်း (၁၄၈)

Vol. 15 Ch. 148

မဒမ်လီက အစားအသောက်တွေကို ကောင်းမွန်စွာ ချက်ပြုတ်စားသောက်စေခဲ့တယ်။ ဒါကြောင့် လီမိသားစုမှ ယောက်ျားလေးတွေက အရပ်လည်းရှည်ပြီး အစာစားချင်စိတ်တွေကလည်း ပိုပြီးကြီးမားကြတယ်။

လီမင်ပေအနေနဲ့ ကျောင်းတက်ခဲ့တဲ့အချိန်တွေမှာလည်း မနက်ပိုင်းနှင့် ညနေပိုင်းတွေမှာ အိမ်မှာ အပြည့်အချှံစားသောက်ခဲ့ပြီးနေ့လည်စာအတွက်လည်း အလူမီနီယံဘူးကြီးတစ်လုံးအပြည့် ယူလာလေ့ရှိတယ်။

ဒါပေမယ့် လက်ရှိမှာ ပညာတတ်လူငယ်အိမ်ရာအတွက် အိမ်ဆောက်ဖို့လုပ်နေခဲ့ရချိန်မှာတော့ အခက်အခဲတွေအများကြီး ကြုံတွေ့ခဲ့ရတော့တယ်။ မနက်မိုးလင်းတဲ့အချိန်ကတည်းကအိမ်က ထွက်ခွာသွားရပြီး ညမှောင်တဲ့အထိ အေးစက်လှတဲ့လေတွေကြားမှာ အလုပ်ကို မနားမနေကြိုးစားခဲ့ရတယ်။

နေ့လည်ဘက် လေအေးတွေကြားထဲမှာ တဆတ်ဆတ်တုန်နေခဲ့ရတဲ့အချိန်မှာ အနွေးဒဏ်အနည်းငယ်လောက်တောင် မရှိတော့ဘဲ ကန်စွန်းဥမှုန့်နဲ့လုပ်ထားတဲ့ မုန့်ပေါင်းခြောက်တစ်ခုကိုသာ ရရှိခဲ့ပြီး ပါးစပ်ထဲကို အခြောက်တိုက်ထည့်ခဲ့ရတယ်။

လီမင်ပေတစ်ယောက် သဘာဝဘေးအန္တရာယ်ဖြစ်ခဲ့တဲ့ကာလအတွင်း အစောပိုင်းနှစ်နှစ်လောက်မှာသာ ဒီလိုအစာခြောက်တွေကို စားခဲ့ဖူးပြီး အခုအချိန်မှာ မစားဖူးတာ ခုနစ်နှစ် ၊ ရှစ်နှစ်လောက်ရှိနေပြီဖြစ်လို့ ဒီကို မာတောင့်နေတဲ့အစာခြောက်ကို မျိုမချနိုင်တော့ဘူး။

အိမ်က ဆောက်လို့ မပြီးသေးတာကြောင့် ရေနွေးတည်ဖို့အတွက် နေရာမရှိတာ ပုံမှန်ပဲ။ အခုချက်ပြုတ်ဖို့အတွက်နေရာက မီးဖိုအတွက် ယာယီတည်ဆောက်ထားပြီး သံအိုးတစ်လုံးကိုသာ ထိုမီးဖိုပေါ်မှာ ယာယီတပ်ဆင်ထားခဲ့တယ်။

လီမင်ပေတစ်ယောင် သန့်ရှင်းတဲ့နေရာမှ နှင်းတစ်ဆုတ်ကိုသာ ဆုပ်ကိုင်လိုက်ပြီး ပါးစပ်ထဲကို ထည့်လိုက်ရတယ်။ ကန်စွန်းဥမုန့်ပေါင်းက အလွန်မာကြောလွန်းလှပြီး လည်ပင်းမှာနင်နေခဲ့ကာ မျိုချဖို့ရန် ခက်ခဲလွန်းတယ်။

ညဘက် သူ အိမ်ကို ပြန်ရောက်တဲ့အချိန်မှာ လီမင်ပေတစ်ယောက် ပန်ကိတ်အိုးတစ်ဝက်ကို တစ်ယောက်တည်း စားနိုင်တဲ့အထိ ဆာလောင်နေခဲ့ရတယ်။ သူက ပန်းကန်ထဲမှာ အသားအနည်းငယ်လောက်သာ ကျန်ရှိနေတော့ရင်တောင် ဟင်းသီးဟင်းရွက်နှင့်ဟင်းရည်တွေအားလုံးကို အကုန်မော့သောက်ချင်နေခဲ့တယ်။

သူမရဲ့ သားငယ်လေး အလွန်အမင်း ဗိုက်ဆာနေခဲ့တာကို မြင်တွေ့နေရပြီး နေ့လည်ဘက်မှာ ကောင်းကောင်းမစားခဲ့ရဘူးလို့ ပြောတဲ့စကားသံတွေကြားတော့ ဝမ်စုဖန်းတစ်ယောက် အလွန် စိတ်မသက်မသာ ခံစားခဲ့ရတယ်။

ဒါကြောင့် တစ်မိသားစုလုံး ညဘက်အိပ်ပျော်သွားပြီးနောက်မှာ သူမက မဒမ်လီရဲ့ အိမ်သို့ တိတ်တဆိတ်သွားကာ လီမင်ပေအတွက် အစားအသောက်တစ်ခုခု ထည့်ပေးလိုက်နိုင်မလားလို့ ဆွေးနွေးခဲ့တယ်။

သို့ပေမယ့် မဒမ်လီက ဝမ်စုဖန်းရဲ့စကားကို ချက်ချင် ငြင်းဆိုလိုက်ပြီး နှစ်ယောက်လုံး အရှေ့ခန်းမှာရှိတဲ့ ခန်ပေါ်မှာ ထိုင်လိုက်ကြတယ်။

မဒမ်လီ: “ငါတို့မိသားစုက ဘာလို့ ဘဝကို ကောင်းကောင်းနေထိုင်နေရတာလဲဆိုတာကို မင်းမသိဘူးလား၊ တခြားအိမ်တွေအကြောင်းကို မပြောနဲ့ဦး၊ မူစန်းတို့ မိသားစုအိမ်ကိုပဲ ကြည့်လိုက်၊ သူတို့တွေ ဘယ်လိုအစားအသောက်တွေကို စားသောက်နေရလဲဆိုတာ မင်း မသိဘူးလား၊

ငါတို့မိသားစုက ဒီနှစ်တွေမှာ အချိန်ကောင်းတွေရှိခဲ့ပြီး ငါတို့ရဲ့ ကလေးတွေကို နည်းနည်းတော့လောက် ပိုပြီး အလိုလိုက်ထားခဲ့ကြတယာ? အခု (18) နှစ်အရွယ်ရောက်နေပြီဖြစ်တဲ့ မင်ပေကို မင်းကြည့်လိုက်လေ၊ သူ့ကို ရင့်ကျက်လာတယ်လို့ ထင်လား?”

ဝမ်စုဖန်းက ထပ်ပြီး မျက်ရည်တွေ မကျနေတော့တာကိုမြင်တော့ မဒမ်လီက သူမရဲ့ ဆေးတံကို ဆုတ်ကိုင်လိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်တယ်။

“တကယ်တော့၊ ဒီအချိန်မှာ တောင်တန်းတွေနှင့် ကျေးလက်တောရွာကို သွားရတာ အတော်လေးကောင်းတယ်လို့ ငါထင်တယ်၊ သူက အိမ်နဲ့ခွဲနေရမှာဆိုပေမဲ့ လဝက်လောက်နေပြီးတိုင်း အိမ်ကို တစ်ခေါက်ပြန်လာနိုင်တယ်လေ၊

ဒီတစ်ကြိမ်မှာ မင်ပေလည်း အလေးအနက်ထားပြီး ကိုယ့်ကိုယ်ကို ထက်လာအောင်သွေးရင်း လေ့ကျင့်လို့ရနိုင်လိမ့်မယ်၊ ပြီးတော့ အပြင်ဘက်မှာရှိတဲ့ ဘဝတွေက ဘယ်လိုမျိုးလဲဆိုတာကို သိလာနိုင်လိမ့်မယ်၊

အခု ငါတို့တစ်မိသားစုလုံးက ကျန်းကျန်းအပေါ်မှာမှီခိုပြီး စားသောက်နေထိုင်နေကြတာ၊ ဒါပေမယ့် တစ်ဘဝလုံးအတွက် မှီခိုနေလို့ ရမှာလား?

မင်နမ်နှင့် မင်ပေတို့ရဲ့ အသက်အရွယ်ကိုကြည့်လိုက်ရင် သူတို့က လက်ထပ်ရတော့မဲ့ အရွယ်မှာရောက်နေပြီ၊ တောင်ပေါ်ကိုတက်ပြီး လယ်ယာမြေတွေကို သူတို့ညီအကိုတွေဆီကို လွှဲပေးရမဲ့အချိန်ကိုရောက်နေပြီ၊

အခု ကျန်းကျန်းက ကောက်ပဲသီးနှံတွေကို အထွက်များအောင်လုပ်ပေးနိုင်တယ်ဆိုရင်တောင် နောက်ပိုင်းမှာ သူတို့ကိုယ်တိုင် အလုပ်လုပ်ရဦးမှာပဲ၊

တကယ်လို့ မင်းသာ သူတို့ကို ခက်ခက်ခဲခဲပင်ပင်ပန်းပန်း မသင်ယူခိုင်းဘူးဆိုရင် အနာဂတ်မှာ သူတို့တွေ ဘယ်လိုရှင်သန်မှာလဲ?

မင်နန်အတွက်ရောပဲ၊ နောက်နှစ်မှာ သူ့အတွက် ကိုယ်ပိုင်လယ်မြေဖွင့်ခိုင်းပြီး အပင်တွေစိုက်ခိုင်းရလိမ့်မယ်၊ အဲဒီအချိန်မှာ ဘယ်သူမှ အကူအညီမပေးရဘူး”

ဝမ်စုဖန်းက ခေါင်းညိတ်လိုက်ပြီး မဒမ်လီအတွက် ဆေးတံမှာဆေးရွက်ကြီးတွေ ထည့်ပေးလိုက်တယ်။

“အမေပြောတာ မှန်ပါတယ်၊ ဒီနှစ်တွေ သူတို့ ညီအစ်ကိုတွေကို ကျွန်မ အရမ်းအလိုလိုက်ထားပြီး အသုံးမကျအောင် လုပ်ထားမိတယ်”

မဒမ်လီက သက်ပြင်းချပြီး ခေါင်းကို ဖြည်းညှင်းစွာ ခါရမ်းလိုက်တယ်။

“ငါမင်းကို အပြစ်မတင်ပါဘူး၊ တကယ်တော့ ငါလည်းပဲ သူတို့ကို အလိုလိုက်ပေးခဲ့တာပဲလေ၊

အဓိကကတော့ သဘာဝဘေးအန္တရာယ်တွေဖြစ်ခဲ့တုန်းက နှစ်တွေမှာ မိသားစုက အရမ်းခက်ခဲခဲ့တော့ အခုလို အခြေအနေတွေ ပိုကောင်းလာတဲ့အချိန်မှာ ငါတို့ရဲ့သားသမီးတွေကို ကောင်းကောင်းစားသောက်ပြီး ကောင်းကောင်းနေထိုင်စေချင်ခဲ့တယ်၊ ထပ်ပြီး ဒုက္ခဆင်းရဲတွေကို မခံစားစေချင်ခဲ့ဘူး၊

ဒါပေမယ့် ထိုင်ခုံတစ်နေရာရဖို့အတွက် သူ့ရဲ့ ဘောပင်အသစ်ကိုကျိုးနေတဲ့ဘောပင်နှင့်တောင် ဘယ်လိုလဲရဲသလဲဆိုတာကို ကြည့်လိုက်လေ၊

အဲဒီဘောပင်က မင်တုန် သူတို့အတွက် သူ့ရဲ့ပထမဆုံးရတဲ့လစာနဲ့ မသုံးမစွဲရက်ပဲ စုဆောင်းပြီး ဝယ်ပေးခဲ့တာ၊ သူက ပိုလို့တောင် အထိန်းအကွပ်မဲ့လာခဲ့ပြီ”

မဒမ်လီက ပြောရင်းနှင့် ဒေါသပိုထွက်လာခဲ့တယ်။

“ဒီနှစ်ရက်လုံးလုံး သူ အရမ်းပင်ပန်းနေတာကြောင့်သာ မဟုတ်ဘူးဆိုရင် ငါ သူ့ကို တစ်နေ့ သုံးကြိမ်လောက် ရိုက်မိမှာ”

ဒါကို ပြန်တွေးလိုက်မိတော့ ဝမ်စုဖန်းလည်း ဒေါသမထွက်ဘဲ မနေနိုင်ခဲ့ဘူး။

“အဲဒါက တကယ်ကိုဆိုးရွားတယ်၊ မင်ပေက တစ်ခါတလေကျရင်တကယ်ကို ဒေါသထွက်စရာကောင်းလွန်းတယ်၊ မင်နန်နှင့် သူ့ကိုကြည့်လိုက်ပါဦး၊ အသက်က နှစ်နှစ်လောက်ပဲကွာတာဆိုပေမဲ့ မင်နန်ကအမျာ့ကြီး စဥ်းစားတွေးတောပေးတတ်တယ်”

“နှစ်နှစ်လောက်ကြီးတာကိုပဲမကြည့်နဲ့ မင်နန်က တကယ့် အစ်ကိုကြီးတစ်ယောက်လိုပဲ”

မဒမ်လီက လီမင်နန်ရဲ့အကြောင်းကိုတွေးမိတော့ ပြုံးလိုက်မိတယ်။

“သူက နောက်နှစ်မှာလက်ထပ်တော့မှာဆိုတော့ စိတ်ပူစရာမရှိတော့ဘူး၊ မင်ပေ့ကိုပဲ..”

မဒမ်လီ မျက်မှောင်အနည်းငယ်ကြုတ်လိုက်တယ်။

“လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတည်းက ငါ ဒါကို တွေးနေတာ၊ သူ့ကို နောက်နှစ်နှစ်လောက်ကြာမှ လက်ထပ်ခွင့်ပေးလိုက်တာ မကောင်းတဲ့အရာမဟုတ်လောက်ဘူး၊

သူအနေနဲ့ ခက်ခဲကြမ်းတမ်းမှုတွေကို ရင်ဆိုင်လိုက်ရပြီးမှ ဘဝဆိုတာ ဘယ်လိုအရာမျိုးလဲလို့ သဘောပေါက်သွားနိုင်လိမ့်မယ်၊ ငါတို့က သူ့ကို အလိုလိုက်ထားလွန်းလို့ သူက အတော်လေးပျင်းရိနေပြီလို့ ငါတွေးမိတယ်၊

မင်းရဲ့မျက်စေ့ရှေ့က ကျန်းသယ်ဖူရဲ့အိမ်ကိုပဲ ကြည့်လိုက်လေ၊ ပျင်းရိပြီး အလုပ်လုပ်ဖို့ကို မသိတတ်တော့လို့ ဘယ်လိုဖြစ်နေသလဲဆိုတာ၊ ငါတို့ရဲ့ ကလေးတွေကို ဒီလိုမျိုး ဖြစ်သွားစေလိုက်လို့မရဘူး”

ဝမ်စုဖန်းတစ်ယောက် ကျန်းသယ်ဖူရဲ့ လူယုတ်မာပုံစံကို တွေးကြည့်လိုက်မိပြီး ထိတ်လန့်သွားခဲ့ကာ ခေါင်းကို အလျှင်အမြန်ညိတ်လိုက်တယ်။

“ကျွန်မ အမေပြောတာကို နားထောင်ပါ့မယ်”

အိမ်ဆောက်ရန်အတွက် အထူးပန်းရံဆရာတွေရှိရှိပြီး လီမင်ပေလိုမျိုး အရွယ်ကောလေးတွေက အလုပ်ကြမ်းတွေအများကြီးကို ကူညီပေးခဲ့ရတယ်။ တစ်လကြာအောင် အလုပ်များပြီးတဲ့နောက်မှာတော့ ပညာတတ်လူငယ်ဆယ့်နှစ်ယောက် နေထိုင်ဖို့အတွက်အိမ်က ဆောက်လုပ်ပြီးစီးသွားခဲ့တယ်။

ပညာတတ်လူငယ်နေရာမှာ စုစုပေါင်း အခန်းကြီး ခုနစ်ခန်းရှိတယ်။ အလယ်မှာရှိတဲ့ အခန်းနှစ်ခန်းကို မီးဖိုခန်းနှင့် ချိတ်ဆက်ထားပြီး အရှေ့ဘက်မှ အခန်းသုံးခန်းကို အမျိုးသား ပညာတတ်လူငယ်တွေအတွက် သီးသန့်ထားကာ အနောက်ဘက်မှာရှိတဲ့ အခန်းနှစ်ခန်းကိုတော့ အမျိုးသမီး ပညာတတ်လူငယ်တွေအတွက် သီးသန့်ထားရှိတယ်။ အရှေ့နှင့်အနောက်ကို ဝင်ရောက်ဆက်နွယ်ခြင်းမရှိစေရန် အထူးတံခါးတွေတပ်ဆင်ထားတယ်။

အိမ်ဆောက်ပြီးတာနဲ့ ရေအားလျှပ်စစ်စက်ရုံက ယာဉ်တွေကို ပြင်ဆင်ပြီး ပညာတတ်လူငယ်တွေကို ပညာတတ်လူငယ်တွေအတွက်အိမ်ဆီသို့ ခေါ်ဆောင်သွားခဲ့တယ်။

ဝမ်စုဖန်းက အံကိုတင်းတင်းကြိတ်ရင်း လီမင်ပေအတွက် အစားအစာတွေ ထည့်ပေးခဲ့ခြင်းမလုပ်ခဲ့ဘူး။ သို့ပေမယ့် ထူထဲတဲ့စောင်တွေနှင့် နေ့စဉ်သုံးပစ္စည်းတွေဖြစ်တဲ့ ရေဘူး၊ ထမင်းဘူးနှင့် ရေဇလုံတို့ကို ပြင်ဆင်ပေးခဲ့တယ်။

လီမင်ပေတို့ အိမ်ဆောက်တုန်းက သစ်သားတွေ အမြောက်အမြားဆွဲယူခဲ့ကြတယ်။ ဒါကြောင့် အခုအချိန်မှာ ပညာတတ်လူငယ်တွေအတွက် ပိုပြီးဆင်ပြေလာခဲ့ကြပြီး ထိုပိုနေတဲ့သစ်တွေကို ထင်းအဖြစ်ခုတ်ထစ်ကာ ခန်တွေနီင့် မီးဖိုတွေကို အလျှင်အမြန် မီးဖိုခဲ့ကြတယ်။

ဒီအုပ်စုအတွင်းမှာရှိ လူငယ်အများစုက ရေအားလျှပ်စစ်စက်ရုံရဲ့ကျောင်းမှာ တက်နေခဲ့ကြတဲ့ လူငယ်တွေပဲ။

သူတို့တွေ အထက်တန်းကျောင်းတက်နေတာ သုံးနှစ်တောင်ရှိပြီဖြစ်လို့ တစ်ယောက်နဲ့တစ်ယောက် အလွန်ရင်းနှီးနေခဲ့ကြတယ်။ သူတို့တွေ အခန်းခွဲပြီးနောက် ပုံမှန်အတိုင်း အိပ်ယာကိုဆွဲယူပြီး အိပ်ယာခင်းခဲ့ကြတယ်။

ခန်က အကြီးဆောက်ထားတာဖြစ်ပြီး လူဆယ်ယောက်လောက် အိပ်လို့ရတယ်။ အိမ်ရဲ့ တောင်နှင်မြောက်ဘက်မှ ခန်ကိုအတူစုပေါင်းလိုက်ရင် အခန်းတစ်ခုမှာ လူနှစ်ဆယ်အပြည့်ရှိနေခဲ့တယ်။

ဒီလောက်ထိ ကြီးမားတဲ့ခန်ပေါ်မှာ မအိပ်ဖူးတဲ့ ပညာတတ်လူငယ်တွေအားလုံးက ပထမဆုံးညမှာ စိတ်လှုပ်ရှားနေခဲ့ကြတယ်။

ဒီလူငယ်နေရာကို တာဝန်ယူထာစတဲ့ခေါင်းဆောင်က ရေအားလျှပ်စစ် စက်ရုံရဲ့ ရုံးဝန်ထမ်း လီမုန်ဝေ့ပဲ။

သူက နေအိမ်တွေကို တစ်လုံးပြီးတစ်လုံး စစ်ဆေးကြည့်လို့တော့ ထိုပညာတတ်လူငယ်တွေအားလုံးက စိတ်ကျေနပ်စွာရှိနေကြသေးပြီး လူတိုင်းက ပျော်ရွှင်နေခဲ့ကြကာ ပဋိပက္ခတွေ ဒါမှမဟုတ် ငြင်းခုံမှုတွေ မရှိဘဲ ကောင်းကောင်းနေနိုင်တာကို တွေ့လိုက်ရတယ်။

မိန်းကလေးတွေဘက်ကို ရောက်တဲ့အချိန်မှာတော့ လီမုန်ဝေ့ မိန်းကလေး အယောက် (၄၀)ကို အတူစုစည်းဖို့ခေါ်ပြီး မေးခဲ့တယ်။

“မင်းတို့ထဲက ဘယ်သူက ဟင်းချက်တာ ပိုကောင်းလဲ”

ဒီခေတ်က မိန်းကလေးတော်တော်များများက မိသားစုအတွက် ထမင်းဟင်းချက်တတ်ပြီး၊ အိမ်သန့်ရှင်းရေး၊ မောင်ငယ်တွေကို ပြုစုစောင့်ရှောက်ဖို့ စတာတွေကို ကူညီပေးလေ့ရှိတာကြောင့် အများစုက လက်ထောင်ပြလာကြပြီး ခုနစ်ယောက်၊ရှစ်ယောက်ကသာ ခေါင်းငုံ့ကာ ဘာမှမပြောဘဲ ရှက်ရွံ့စွာ ပြုံးနခဲ့တယ်။

လီမုန်ဝေ့က လက်ထောင်ပြတဲ့အထဲက သပ်ရပ်သပ်ရပ်တဲ့ မိန်းကလေး ရှစ်ယောက်ကို ရွေးထုတ်ပြီး သူတို့ရဲ့ နာမည်တွေကို မေးကာ သူယူလာတဲ့ တန်းစီလူဇယားမှာ အမှတ်ခြစ်လိုက်ျယ်။

“မင်းတို့တွေက နောက်ကျရင် ဒီမှာရှိနေတဲ့လူငယ်တွေအတွက် အစားအစာတွေ ချက်ပြုတ်ဖို့ တာဝန်ယူပေးရလိမ့်မယ်၊ ဒီတစ်ပတ်အတွက် အစားအသောက်နဲ့ ဟင်းသီးဟင်းရွက်တွေကို မီးဖိုချောင်ထဲမှာ ထည့်ထားတယ်၊ အခု မင်း တို့တွေထမင်းသွားချက်လိုက်ကြ၊ ညစာစားပြီးရင် ငါ သူတို့ကို တောင်ပေါ်တက်ခိုင်းရမယ်”

ရွေးချယ်ခံရတဲ့ အမျိုးသမီး ပညာတတ်လူငယ်တွေကတော့ ထိုစကားကို ကြားလိုက်ရပြီးနောက် တိတ်တဆိတ် ဝမ်းသာမဆုံးဖြစ်နေကြတယ်။

မြောက်ဘက်မှလေတွေ တိုက်ခတ်နေတဲ့ အချိန်မှာ အပြင်မှာ အလုပ်လုပ်ဖို့ နေနေသာသာ သွားလာရတာတောင်ခက်ခဲတယ်။ မီးဖိုချောင်မှာ ထမင်းချက်ဖို့ဆိုရင် ရေအေးနဲ့ထိရမှာဆိုပေမယ့် အနည်းဆုံးတော့ လေပြင်းတွေ တိုက်ခတ်မခံရနိုင်သလို နှင်းတွေကြားထဲမှာလည်း အလုပ်လုပ်ရမှာ မဟုတ်ဘူး။

ယှဉ်လိုက်ရင် သိသိသာသာပိုကောင်းတယ်လေ။

**

All Chapters